3

Background color
Font
Font size
Line height

Unicode

"ရှောင်းကျန့်ကလာမှာသေချာလား"

"ရှောင်းကျန့်က သူပြောပြီးတဲ့စကားကို ဘယ်တုန်းက
ဖျက်ဖူးလို့လဲ"

အဲ့ဒါတော့ဟုတ်သည်။ ရှောင်းကျန့်က သူပေးပြီးတဲ့
ကတိတွေစကားတွေကို ဘယ်တော့မှဖျက်ခဲ့ဖူးသည့်
သူမဟုတ်..စကားတစ်ခွန်းကိုလဲလွယ်လွယ်နဲ့ ဘယ်တော့
မှမပြော...။

ရှောင်းကျန့်ဆိုသည်မှာ အသက်24နှစ်အရွယ်ထဲနဲ့
ကုမ္ပဏီပိုင် စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်လို့ အားကျတဲ့
သူတွေရှိသလို မနာလိုတိုက်ခိုက်တဲ့သူတွေလဲရှိသည်။
ဒါတွေကိုရှောင်းကျန့်ကဂရုမစိုက်ပဲ သူ့အလုပ်ကိုပဲ
သူလုပ်သည်။ ဒါကြောင့်ဒီကောင် ရှောင်းကျန့်က
လိုချင်တဲ့ဘယ်ဟာမဆို လက်ညှိုးထိုးယူနိုင်သည်။
ချမ်းသာရုံတင်မက ပျိုမဒီတွေရဲ့ဝိုင်းဝိုင်းလဲခြင်းကိုပါ
ခံနေရတဲ့ သူဌေးလေးရှောင်းကျန့်ရယ်ပါ။

"ဟိုမှာ လာပြီ"

ဆိုင်ကယ်ဦးထုပ်ကို ညာလက်၌ပိုက်ထားရင်း
သူတို့နှစ်‌ယောက်စီကို ကျော့မော့စွာလျှောက်လှမ်းလာတဲ့
ရှောင်းကျန့်..ဆံပင်ရှည်တို့ကို နောက်မှာစည်းထားပြီး
သူ့ရဲ့ပုံစံအတိုင်း မျက်မှောင်ကိုကျုံ့ထားလျက် ရုပ်ကလဲ
ခပ်တည်တည်ပင်...။

"ရှောင်းကျန့်လာပြီဆိုတော့ တို့သုံးယောက်ဆိုင်ကယ်
စီးကြတာပေါ့"

"အင်းအင်း ဆိုင်ကယ်စီးပြီးသွားရင် ငါတို့ကို
တစ်ဝိုင်းလိုက်တိုက်နော် ဘောစိ"

ချမ်မုရဲ့အပြောကြောင့် ရှောင်းကျန့်မျက်နှာရှုံ့လိုက်
သည်။ ဘာရယ်တော့မဟုတ်၊ သူငယ်ချင်းအချင်းချင်းကို
ဘောစိလို့လာခေါ်နေလို့ပင်။

"အပိုတွေပြောမနေနဲ့ အမြဲတမ်းငါပဲတိုက်နေကြမလား"

"ဟဲဟဲ ဒါကတော့မင်းကဘောစိလေ ဘောစိရဲ့"

"တော်စမ်းပါကွာ ဘောစိဆိုတာကြီးကိုခေါ်မနေစမ်းပါနဲ့
နားကြားရခတ်တယ်၊ ကဲ စစီးမယ်"

ရှောင်းကျန့်က ဆင်းရဲရာကနေချမ်းသာလာခဲ့ရတယ်
ဆိုပေမဲ့ သူများတွေလို မာန်တက်ခြင်းမရှိ။

သုံးယောက်လုံး ဆိုင်ကယ်ပေါ်တက်ပြီးမောင်းဖို့အဆင်
သင့်ဖြစ်တာနဲ့ ထွက်မဲ့အချိန်မှာ မင်ယွဲ့ကစကားဆိုလာ
သည်။

"အော် ရှောင်းကျန့်၊ မင်းဟိုဘွားတော်ကြီးကို ဘယ်လို
စီစဉ်ထားလဲ"

အတိတ်ကိုအတိတ်မှာပဲထားခဲ့ဖို့ပြောလိုက်တိုင်း အမြဲ
ဒေါသထွက်တတ်သည့် ရှောင်းကျန့်ကြောင့် မင်ယွဲ့တို့လဲ
သူ့ကိုထပ်မပြောကြတော့ပါ။ ‌တစ်ကယ်ဆို ရှောင်းကျန့်
ဘက်ကကြည့်ရင်လဲ နာကျည်းစရာပင်၊ ‌

နောက်ပြီး ‌‌ရှောင်းကျန့်က ဟိုအန်တီကြီးကို
မုန်းနေသည်မှာ တော်ရုံတန်ရုံမဟုတ်။

"အဟင်း ဘာမှမခဲရင်းပါဘူးကွာ၊ ဘွားတော်ကြီးက
သူ့သားကိုသိပ်ချစ်တာဆိုတော့လဲ သူ့သားကိုနဲနဲလေး
ချေမွှပစ်ချင်မိတယ်"

"ဟမ် မင်းကဘယ်လိုချေမွှမှာလဲ"

"စကားများတယ်ကွာ..ဆိုင်ကယ်စီးဖို့လာတာ တစ်ခြား
အကြောင်းတွေမပြောချင်ဘူး.."

စကားအဆုံး‌ ဝူးခနဲ မောင်းထွက်သွားတဲ့ရှောင်းကျန့်ရဲ့
ဆိုင်ကယ်နောက် မင်ယွဲ့နဲ့ ချမ်မုကနောက်ကနေ မောင်း
လိုက်ခဲ့ရတော့သည်။

__________________________

"ညည်း ဒီကိစ္စကိုဘယ်လိုလုပ်မလဲ"

"ရှူးတိုးတိုးပြောဟ ငါ့သားကြားသွားမယ်"

"ညည်းသားက ဒီနေ့ဂိုက်သွားမသင်ဘူးလား"

"မသင်ဘူး သူသင်ပေးနေတဲ့ကောင်လေးကဖျားနေလို့တဲ့
အဲ့ဒါထားစမ်းပါ အခုကိစ္စကို ဘယ်လိုဖြေရှင်းရမလဲ
အကြံဉာဏ်လေးဘာလေးပေးပါဦး သူငယ်ချင်းရယ်
ငါတော့ ရေတွေနစ်နေပြီ"

ဝမ်လီ သူမတစ်ကယ်ကိုအခတ်ခဲဖြစ်နေလေသည်။
အခုဆိုဖဲရှုံးပြီး သူမ သူများတွေကိုပေးရမည့်အကျွေး
တွေက ဒီအိမ်နဲ့ခြံကိုရောင်းလိုက်လို့ ရလာမည့်ပိုက်ဆံ
တွေလောက်ရှိသည်ပြောရမည်။

သူမက ဒီလောင်းကစားအလုပ်ကလွဲရင် တစ်ခြားဘာမှ
မလုပ်ဘူး။ အခုထိ ယောကျာ်းရှာထားတဲ့ပိုက်ဆံတွေနဲ့
သုံးနေခြင်း၊ သားလေးကိုယ်တိုင်က သူ့အဖေအလုပ်တွေ
ကိုလက်လွှဲယူဖို့ လုပ်နေပေမဲ့ သူမကလက်မခံခဲ့ဘူး။

ပြောရမယ်ဆိုရင် သားဝမ်က အိမ်ကပိုက်ဆံကို
ဘယ်တုန်းကမှ မသုံးခဲ့ဖူးဘူး၊ သူ့ဂိုက်သင်လို့ ရတဲ့ပိုက်ဆံ
ကိုသာသုံးသည်။

"အာ ငါသိပြီ.ငါ့အသိတစ်ယောက်ရဲ့သမီး အလုပ်လုပ်တဲ့

ကုမ္ပဏီရဲ့ သူဌေးစီမှာ လှဲ့ကြည့်ပါလား"

"ဟဲ့ မဖြစ်နိုင်တာတွေပါအေ ညည်းကလဲ"

"အို ဘာလို့မဖြစ်နိုင်ရမှာလဲ၊ ငါကြားရသလောက်က
အဲ့သူဌေးက ငယ်ငယ်ရွယ်ရွယ်နဲ့ အတော့်ကိုချမ်းသာတာ
တဲ့တော်၊ နောက်ပြီး အဲ့သူဌေးလေးက အလုပ်မှာဆို
မျက်နှာခပ်တည်တည်ကြီးနဲ့မို့ အားလုံးကကြောက်ရပေမဲ့
စိတ်ကောင်းအရမ်းရှိတာတဲ့နော်.."

"ညည်းက ဒါတွေဘယ်လိုသိတုန်း"

"‌တို့အသိတစ်ယောက်ရဲ့ သမီးကအဲ့သူဌေးလေးရဲ့
ကုမ္ပဏီမှာ အလုပ်လုပ်ပါတယ်ဆို,အဲ့ဒါကြောင့် ညည်းကို
ကျွန်မပြောပြနေတာ နောက်ပြီးဒီလောက်များတဲ့ပိုက်ဆံ
တွေကို ဒီအနီးနားမှာသူပဲကူညီနိုင်လိမ့်မယ်"

"ဟုတ်ပါပြီ ဒါဆိုကျွန်မကို သူနဲ့တွေ့ဖို့စီစဉ်ပေးလို့
ရမလား"

"ရပါတယ် ဟိုကောင်မလေးကို ငါပြောထားပေးမယ်"

"ကူညီပေးလို့ ကျေးဇူးတင်ပါတယ်"

သူမအခုမှပဲ စိတ်သက်သာရာရသွားသလိုလို။
သားလေးကတော့ ဒီကိစ္စတွေကိုလုံးလုံးမသိ၊ သိခဲ့ရင်
သူမကို စိတ်ဆိုးမှာအသေချာပင်...ဒါကြောင့်ဒီကိစ္စကို
သူမတိုးတိုးတိတ်တိတ်လုပ်ဖို့သာ တွေးထားသည်။


________________________

"သူဌေး ဧည့်သည်ရောက်နေပါတယ်"

ဝန်ထမ်းတစ်ယောက်ကလာပြောသောအခါ သူတစ်ချက်
မျက်မှောင်ကျုံ့လိုက်သည်။ ဒီနေ့သူချိန်းထားတဲ့
ဧည့်သည်မရှိပါဘူး။

"အင်း လာခိုင်းလိုက်"

"ဟုတ်ကဲ့"

ဝန်ထမ်းကပြန်ထွက်သွားတာနဲ့ သူလဲသူ့အလုပ်သူ
ပြန်လုပ်နေလိုက်သည်။

ဒေါက် ဒေါက်!

"ဝင်ခဲ့"

သူ့ခွင့်ပြုချက်ရတာနဲ့ ရုံးခန်းထဲဝင်လာသည့်သူကို
သူမော့ကြည့်လိုက်ချိန်။    ဟင် မာဝမ်လီ!
ထိုမိန်းမရဲ့မျက်နှာကိုမြင်လိုက်ရတဲ့ ရှောင်းကျန့်ဟာ
ချက်ခြင်းဆိုသလို ဒေါသကြောင့် မျက်နှာတွေကနီတက်
လာခဲ့တော့သည်။ သူမုန်းသည်၊သိပ်ကိုမုန်းသည်...
သူ့အမေကိုသေစေခဲ့တဲ့ ဒီမိန်းမကြီးကို သူမုန်းလှသည်

ဒါနဲ့ဒီဘွားတော်ကြီးက သူ့စီကိုဘာကိစ္စနဲ့လာရတာပါလိမ့်
ဘွားတော်ကြီးကိုကြည့်ရတာ သူ့ကိုမှတ်မိပုံမပေါ်

မမှတ်မိဆို အဲ့တုန်းက သူလဲအတော်ငယ်သေးသည်ကို
ဒါပေမဲ့ရှောင်းကျန့်ကတော့ ဒီမိန်းမကြီးရဲ့မျက်နှာကို
ဘယ်တော့မှ မေ့နိုင်မည်မဟုတ်၊

"ဘာကိစ္စများရှိလို့ပါလဲ"

စိတ်ရှိတိုင်းသာဆို ထပြီးသူဝုန်းဒိုင်းကြဲမိမှာပေမဲ့
စိတ်ကိုအတက်နိုင်ဆုံးချုပ်တည်းကာ သူမလုပ်။
မဟုတ်ရင် သူစွဲထားတဲ့အစီစဉ်တွေက အလကားဖြစ်
ကုန်မှာပင်။

"အန်တီ့နာမည်က ဝမ်လီပါ ဒီကသူဌေးလေးကို
အကူညီတောင်းစရာရှိလို့"

"ဘာများကူညီပေးရမလဲအန်တီ"

"ဟို..ဟိုလေ "

"ပြောပါဗျ"

"အန်တီဘယ်ကနေ ဘယ်လိုစပြောရမလဲ
မသိပါဘူးလူလေးရယ်"

"ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ်"

"အန်တီပိုက်ဆံနဲနဲလောက်လိုချင်လို့"

ဝမ်လီရဲ့စကားအဆုံး ဘောပင်ကိုကိုင်ထားတဲ့
ရှောင်းကျန့်ရဲ့လက်တွေကတင်းခနဲ။ တစ်ချိန်ကသူ့ကို
ဆက်ဆံခဲ့သလိုမျိုး ပြန်ချေပလို့ရတဲ့အချေအနေပေမဲ့
အဲ့လိုသာလုပ်လိုက်ရင် အရမ်းကိုပျင်းစရာကောင်းနေမှာ
လေ ဟက်၊ နောက်ပြီးသူ့အမေအတွက်လည်းမတရား
သလိုခံစားရသည်။

ထို့နောက်မှာတော့ ရှောင်းကျန့်ဟာ မဲ့ပြုံးပြုံးလိုက်ရင်း
စကားတစ်ခွန်းကို ပြတ်သားစွာဆိုလိုက်သည်

"အန်တီဘယ်လောက်လိုချင်ပါသလဲ၊ ကြိုက်သလောက်
တောင်းဆိုလို့ရတယ်"

ချက်ခြင်းဆိုသလို ပြုံးရွှင်သွားတဲ့ မာဝမ်လီရဲ့မျက်နှာကို
သူစိုက်ကြည့်လိုက်ပြီး ခပ်မဲ့မဲ့ပြုံးလိုက်သည်၊

တစ်ချိန်က သူတို့အိမ်ရှေ့ထိသွားပြီး ဒူးထောက်ကာ
မအေ အတွက်ဆေးဖိုးကို အသနားခံကာ တောင်းမိတော့
ပြစ်ပြစ်ခါခါပြောဆိုကာ နှင်ထုတ်ခဲ့တဲ့ လူတစ်ယောက်က
အခုတော့ သူစီမှာပိုက်ဆံလာချေးသတဲ့။

ကံတရားကြီးက သူ့ကိုမျက်နှာသာပေးရန်ကော။


_______________________

ပျင်းနေပြီလား အစပဲရှိသေးတယ်နော်🤭

zawgyi

"ေရွာင္းက်န႔္ကလာမွာေသခ်ာလား"

"ေရွာင္းက်န႔္က သူေျပာၿပီးတဲ့စကားကို ဘယ္တုန္းက
ဖ်က္ဖူးလို႔လဲ"

အဲ့ဒါေတာ့ဟုတ္သည္။ ေရွာင္းက်န႔္က သူေပးၿပီးတဲ့
ကတိေတြစကားေတြကို ဘယ္ေတာ့မွဖ်က္ခဲ့ဖူးသၫ့္
သူမဟုတ္..စကားတစ္ခြန္းကိုလဲလြယ္လြယ္နဲ႔ ဘယ္ေတာ့
မွမေျပာ...။

ေရွာင္းက်န႔္ဆိုသည္မွာ အသက္24ႏွစ္အရြယ္ထဲနဲ႔
ကုမၸဏီပိုင္ စီးပြားေရးလုပ္ငန္းရွင္ႀကီးျဖစ္လို႔ အားက်တဲ့
သူေတြရိွသလို မနာလိုတိုက္ခိုက္တဲ့သူေတြလဲရိွသည္။
ဒါေတြကိုေရွာင္းက်န႔္ကဂရုမစိုက္ပဲ သူ႔အလုပ္ကိုပဲ
သူလုပ္သည္။ ဒါေၾကာင့္ဒီေကာင္ ေရွာင္းက်န႔္က
လိုခ်င္တဲ့ဘယ္ဟာမဆို လက္ၫွိုးထိုးယူႏိုင္သည္။
ခ်မ္းသာရံုတင္မက ပ်ိဳမဒီေတြရဲ့ဝိုင္းဝိုင္းလဲျခင္းကိုပါ
ခံေနရတဲ့ သူေဌးေလးေရွာင္းက်န႔္ရယ္ပါ။

"ဟိုမွာ လာၿပီ"

ဆိုင္ကယ္ဦးထုပ္ကို ညာလက္၌ပိုက္ထားရင္း
သူတို႔ႏွစ္‌ေယာက္စီကို ေက်ာ့ေမာ့စြာေလ်ွာက္လွမ္းလာတဲ့
ေရွာင္းက်န႔္..ဆံပင္ရွည္တို႔ကို ေနာက္မွာစည္းထားၿပီး
သူ႔ရဲ့ပံုစံအတိုင္း မ်က္ေမွာင္ကိုက်ံဳ႔ထားလ်က္ ရုပ္ကလဲ
ခပ္တည္တည္ပင္...။

"ေရွာင္းက်န႔္လာၿပီဆိုေတာ့ တို႔သံုးေယာက္ဆိုင္ကယ္
စီးၾကတာေပါ့"

"အင္းအင္း ဆိုင္ကယ္စီးၿပီးသြားရင္ ငါတို႔ကို
တစ္ဝိုင္းလိုက္တိုက္ေနာ္ ေဘာစိ"

ခ်မ္မုရဲ့အေျပာေၾကာင့္ ေရွာင္းက်န႔္မ်က္ႏွာရႈံ႔လိုက္
သည္။ ဘာရယ္ေတာ့မဟုတ္၊ သူငယ္ခ်င္းအခ်င္းခ်င္းကို
ေဘာစိလို႔လာေခၚေနလို႔ပင္။

"အပိုေတြေျပာမေနနဲ႔ အၿမဲတမ္းငါပဲတိုက္ေနၾကမလား"

"ဟဲဟဲ ဒါကေတာ့မင္းကေဘာစိေလ ေဘာစိရဲ့"

"ေတာ္စမ္းပါကြာ ေဘာစိဆိုတာႀကီးကိုေခၚမေနစမ္းပါနဲ႔
နားၾကားရခတ္တယ္၊ ကဲ စစီးမယ္"

ေရွာင္းက်န႔္က ဆင္းရဲရာကေနခ်မ္းသာလာခဲ့ရတယ္
ဆိုေပမဲ့ သူမ်ားေတြလို မာန္တက္ျခင္းမရိွ။

သံုးေယာက္လံုး ဆိုင္ကယ္ေပၚတက္ၿပီးေမာင္းဖို႔အဆင္
သင့္ျဖစ္တာနဲ႔ ထြက္မဲ့အခ်ိန္မွာ မင္ယြဲ႔ကစကားဆိုလာ
သည္။

"ေအာ္ ေရွာင္းက်န႔္၊ မင္းဟိုဘြားေတာ္ႀကီးကို ဘယ္လို
စီစဉ္ထားလဲ"

အတိတ္ကိုအတိတ္မွာပဲထားခဲ့ဖို႔ေျပာလိုက္တိုင္း အၿမဲ
ေဒါသထြက္တတ္သၫ့္ ေရွာင္းက်န႔္ေၾကာင့္ မင္ယြဲ႔တို႔လဲ
သူ႔ကိုထပ္မေျပာၾကေတာ့ပါ။ ‌တစ္ကယ္ဆို ေရွာင္းက်န႔္
ဘက္ကၾကၫ့္ရင္လဲ နာက်ည္းစရာပင္၊ ‌

ေနာက္ၿပီး ‌‌ေရွာင္းက်န႔္က ဟိုအန္တီႀကီးကို
မုန္းေနသည္မွာ ေတာ္ရံုတန္ရံုမဟုတ္။

"အဟင္း ဘာမွမခဲရင္းပါဘူးကြာ၊ ဘြားေတာ္ႀကီးက
သူ႔သားကိုသိပ္ခ်စ္တာဆိုေတာ့လဲ သူ႔သားကိုနဲနဲေလး
ေခ်မႊပစ္ခ်င္မိတယ္"

"ဟမ္ မင္းကဘယ္လိုေခ်မႊမွာလဲ"

"စကားမ်ားတယ္ကြာ..ဆိုင္ကယ္စီးဖို႔လာတာ တစ္ျခား
အေၾကာင္းေတြမေျပာခ်င္ဘူး.."

စကားအဆံုး‌ ဝူးခနဲ ေမာင္းထြက္သြားတဲ့ေရွာင္းက်န႔္ရဲ့
ဆိုင္ကယ္ေနာက္ မင္ယြဲ႔နဲ႔ ခ်မ္မုကေနာက္ကေန ေမာင္း
လိုက္ခဲ့ရေတာ့သည္။

__________________________

"ညည္း ဒီကိစၥကိုဘယ္လိုလုပ္မလဲ"

"ရႉးတိုးတိုးေျပာဟ ငါ့သားၾကားသြားမယ္"

"ညည္းသားက ဒီေန့ဂိုက္သြားမသင္ဘူးလား"

"မသင္ဘူး သူသင္ေပးေနတဲ့ေကာင္ေလးကဖ်ားေနလို႔တဲ့
အဲ့ဒါထားစမ္းပါ အခုကိစၥကို ဘယ္လိုေျဖရွင္းရမလဲ
အႀကံဉာဏ္ေလးဘာေလးေပးပါဦး သူငယ္ခ်င္းရယ္
ငါေတာ့ ေရေတြနစ္ေနၿပီ"

ဝမ္လီ သူမတစ္ကယ္ကိုအခတ္ခဲျဖစ္ေနေလသည္။
အခုဆိုဖဲရႈံးၿပီး သူမ သူမ်ားေတြကိုေပးရမၫ့္အေကြၽး
ေတြက ဒီအိမ္နဲ႔ၿခံကိုေရာင္းလိုက္လို႔ ရလာမၫ့္ပိုက္ဆံ
ေတြေလာက္ရိွသည္ေျပာရမည္။

သူမက ဒီေလာင္းကစားအလုပ္ကလြဲရင္ တစ္ျခားဘာမွ
မလုပ္ဘူး။ အခုထိ ေယာက်ာ္းရွာထားတဲ့ပိုက္ဆံေတြနဲ႔
သံုးေနျခင္း၊ သားေလးကိုယ္တိုင္က သူ႔အေဖအလုပ္ေတြ
ကိုလက္လႊဲယူဖို႔ လုပ္ေနေပမဲ့ သူမကလက္မခံခဲ့ဘူး။

ေျပာရမယ္ဆိုရင္ သားဝမ္က အိမ္ကပိုက္ဆံကို
ဘယ္တုန္းကမွ မသံုးခဲ့ဖူးဘူး၊ သူ႔ဂိုက္သင္လို႔ ရတဲ့ပိုက္ဆံ
ကိုသာသံုးသည္။

"အာ ငါသိၿပီ.ငါ့အသိတစ္ေယာက္ရဲ့သမီး အလုပ္လုပ္တဲ့

ကုမၸဏီရဲ့ သူေဌးစီမွာ လွဲ႔ၾကၫ့္ပါလား"

"ဟဲ့ မျဖစ္ႏိုင္တာေတြပါေအ ညည္းကလဲ"

"အို ဘာလို႔မျဖစ္ႏိုင္ရမွာလဲ၊ ငါၾကားရသေလာက္က
အဲ့သူေဌးက ငယ္ငယ္ရြယ္ရြယ္နဲ႔ အေတာ့္ကိုခ်မ္းသာတာ
တဲ့ေတာ္၊ ေနာက္ၿပီး အဲ့သူေဌးေလးက အလုပ္မွာဆို
မ်က္ႏွာခပ္တည္တည္ႀကီးနဲ႔မို႔ အားလံုးကေၾကာက္ရေပမဲ့
စိတ္ေကာင္းအရမ္းရိွတာတဲ့ေနာ္.."

"ညည္းက ဒါေတြဘယ္လိုသိတုန္း"

"‌တို႔အသိတစ္ေယာက္ရဲ့ သမီးကအဲ့သူေဌးေလးရဲ့
ကုမၸဏီမွာ အလုပ္လုပ္ပါတယ္ဆို,အဲ့ဒါေၾကာင့္ ညည္းကို
ကြၽန္မေျပာျပေနတာ ေနာက္ၿပီးဒီေလာက္မ်ားတဲ့ပိုက္ဆံ
ေတြကို ဒီအနီးနားမွာသူပဲကူညီႏိုင္လိမ့္မယ္"

"ဟုတ္ပါၿပီ ဒါဆိုကြၽန္မကို သူနဲ႔ေတြ့ဖို႔စီစဉ္ေပးလို႔
ရမလား"

"ရပါတယ္ ဟိုေကာင္မေလးကို ငါေျပာထားေပးမယ္"

"ကူညီေပးလို႔ ေက်းဇူးတင္ပါတယ္"

သူမအခုမွပဲ စိတ္သက္သာရာရသြားသလိုလို။
သားေလးကေတာ့ ဒီကိစၥေတြကိုလံုးလံုးမသိ၊ သိခဲ့ရင္
သူမကို စိတ္ဆိုးမွာအေသခ်ာပင္...ဒါေၾကာင့္ဒီကိစၥကို
သူမတိုးတိုးတိတ္တိတ္လုပ္ဖို႔သာ ေတြးထားသည္။


________________________

"သူေဌး ဧၫ့္သည္ေရာက္ေနပါတယ္"

ဝန္ထမ္းတစ္ေယာက္ကလာေျပာေသာအခါ သူတစ္ခ်က္
မ်က္ေမွာင္က်ံဳ႔လိုက္သည္။ ဒီေန့သူခ်ိန္းထားတဲ့
ဧၫ့္သည္မရိွပါဘူး။

"အင္း လာခိုင္းလိုက္"

"ဟုတ္ကဲ့"

ဝန္ထမ္းကျပန္ထြက္သြားတာနဲ႔ သူလဲသူ႔အလုပ္သူ
ျပန္လုပ္ေနလိုက္သည္။

ေဒါက္ ေဒါက္!

"ဝင္ခဲ့"

သူ႔ခြင့္ျပဳခ်က္ရတာနဲ႔ ရံုးခန္းထဲဝင္လာသၫ့္သူကို
သူေမာ့ၾကၫ့္လိုက္ခ်ိန္။    ဟင္ မာဝမ္လီ!
ထိုမိန္းမရဲ့မ်က္ႏွာကိုျမင္လိုက္ရတဲ့ ေရွာင္းက်န႔္ဟာ
ခ်က္ျခင္းဆိုသလို ေဒါသေၾကာင့္ မ်က္ႏွာေတြကနီတက္
လာခဲ့ေတာ့သည္။ သူမုန္းသည္၊သိပ္ကိုမုန္းသည္...
သူ႔အေမကိုေသေစခဲ့တဲ့ ဒီမိန္းမႀကီးကို သူမုန္းလွသည္

ဒါနဲ႔ဒီဘြားေတာ္ႀကီးက သူ႔စီကိုဘာကိစၥနဲ႔လာရတာပါလိမ့္
ဘြားေတာ္ႀကီးကိုၾကၫ့္ရတာ သူ႔ကိုမွတ္မိပံုမေပၚ

မမွတ္မိဆို အဲ့တုန္းက သူလဲအေတာ္ငယ္ေသးသည္ကို
ဒါေပမဲ့ေရွာင္းက်န႔္ကေတာ့ ဒီမိန္းမႀကီးရဲ့မ်က္ႏွာကို
ဘယ္ေတာ့မွ ေမ့ႏိုင္မည္မဟုတ္၊

"ဘာကိစၥမ်ားရိွလို႔ပါလဲ"

စိတ္ရိွတိုင္းသာဆို ထၿပီးသူဝုန္းဒိုင္းႀကဲမိမွာေပမဲ့
စိတ္ကိုအတက္ႏိုင္ဆံုးခ်ဳပ္တည္းကာ သူမလုပ္။
မဟုတ္ရင္ သူစြဲထားတဲ့အစီစဉ္ေတြက အလကားျဖစ္
ကုန္မွာပင္။

"အန္တီ့နာမည္က ဝမ္လီပါ ဒီကသူေဌးေလးကို
အကူညီေတာင္းစရာရိွလို႔"

"ဘာမ်ားကူညီေပးရမလဲအန္တီ"

"ဟို..ဟိုေလ "

"ေျပာပါဗ်"

"အန္တီဘယ္ကေန ဘယ္လိုစေျပာရမလဲ
မသိပါဘူးလူေလးရယ္"

"ပြင့္ပြင့္လင္းလင္းေျပာလို႔ရပါတယ္"

"အန္တီပိုက္ဆံနဲနဲေလာက္လိုခ်င္လို႔"

ဝမ္လီရဲ့စကားအဆံုး ေဘာပင္ကိုကိုင္ထားတဲ့
ေရွာင္းက်န႔္ရဲ့လက္ေတြကတင္းခနဲ။ တစ္ခ်ိန္ကသူ႔ကို
ဆက္ဆံခဲ့သလိုမ်ိဳး ျပန္ေခ်ပလို႔ရတဲ့အေခ်အေနေပမဲ့
အဲ့လိုသာလုပ္လိုက္ရင္ အရမ္းကိုပ်င္းစရာေကာင္းေနမွာ
ေလ ဟက္၊ ေနာက္ၿပီးသူ႔အေမအတြက္လည္းမတရား
သလိုခံစားရသည္။

ထို႔ေနာက္မွာေတာ့ ေရွာင္းက်န႔္ဟာ မဲ့ၿပံဳးၿပံဳးလိုက္ရင္း
စကားတစ္ခြန္းကို ျပတ္သားစြာဆိုလိုက္သည္

"အန္တီဘယ္ေလာက္လိုခ်င္ပါသလဲ၊ ႀကိဳက္သေလာက္
ေတာင္းဆိုလို႔ရတယ္"

ခ်က္ျခင္းဆိုသလို ၿပံဳးရႊင္သြားတဲ့ မာဝမ္လီရဲ့မ်က္ႏွာကို
သူစိုက္ၾကၫ့္လိုက္ၿပီး ခပ္မဲ့မဲ့ၿပံဳးလိုက္သည္၊

တစ္ခ်ိန္က သူတို႔အိမ္ေရ႔ွထိသြားၿပီး ဒူးေထာက္ကာ
မေအ အတြက္ေဆးဖိုးကို အသနားခံကာ ေတာင္းမိေတာ့
ျပစ္ျပစ္ခါခါေျပာဆိုကာ ႏွင္ထုတ္ခဲ့တဲ့ လူတစ္ေယာက္က
အခုေတာ့ သူစီမွာပိုက္ဆံလာေခ်းသတဲ့။

ကံတရားႀကီးက သူ႔ကိုမ်က္ႏွာသာေပးရန္ေကာ။


_______________________

ပ်င္းေနၿပီလား အစပဲရိွေသးတယ္ေနာ္🤭


You are reading the story above: TeenFic.Net