ဇမ့်ရဲ့အနောက်ကနေနောင်အသံတိတ်လိုက်လာရင်း
အိမ်ထဲရောက်တော့ ဝေ့ပတ်ကြည့်မိသည်။ ဘာမှထူးထူးခြားခြားအပြင်အဆင်ရယ်လို့မရှိပဲအိမ်လေးကသပ်ရပ်သည်။
အနည်းငယ်ဟထားတဲ့တံခါးကြီးရဲ့အနောက်မှာတော့
ပန်းချီကားချပ်အမျိူးမျိူးက ကြမ်းပြင်မှာတချို့က
ပြန့်ကျဲနေပြီးတချို့ကနံရံမှာချိတ်လျက်သားရှိသည်။
"အခန်းထဲဝင်ကြည့်ချင်လို့လား... "
ဇမ်မေးလာတော့ ထိုကောင်လေးကဘာမှမဖြေပဲသူ့အိမ်သူ့ယာလိုအခန်းထဲသို့တန်းတန်းမတ်မတ်ဝင်သွားသည်။
ဇမ် နှုတ်ခမ်းတွေကိုအနည်းငယ်တွန့်ကွေးလိုက်ရင်း
လက်ကဒဏ်ရာကိုဆေးထည့်ပေးဖို့အတွက် ဆေးသေတ္တာကိုသာသွားရှာရန်ထွက်သွားလိုက်၏။
နောင့်အနေနဲ့လဲ ထိုလူရဲ့အမေးသဘောဆောင်သောစကားအရပြန်ဖြေဖို့မလိုဘူးဟုထင်တာဖြစ်သည်။ဝင်ကြည့်ချင်လို့လားဟုမေးလိုက်တဲ့ပုံစံအရဆိုရင် သူဝင်ကြည့်လဲကိစ္စမရှိဘူးဆိုသည့်သဘောနှင့်တူတူပဲမလား။ဒါကြောင့် ဘာမှမဖြေတော့ပဲအခန်းထဲသို့သာ တန်းတန်းမတ်မတ်ဝင်သွားလိုက်သည်။
"ဒါတွေအကုန်လုံး ခင်ဗျားကိုယ်တိုင်ဆွဲထားတာပေါ့"
"ငါကလွဲပြီးဘယ်သူရှိဦးမှာလဲ.. "
ဇမ်ကအခန်းထဲကပန်းချီဆွဲတဲ့ထိုင်ခုံမှာ နောင့်ကိုဝင်ထိုင်ဖို့အချက်ပြလိုက်တော့သဘောပေါက်စွာအလိုက်သင့်ထိုင်သည်။
ထို့နောက် ယူလာတဲ့ဆေးသေတ္တာကိုကြမ်းပြင်သို့
ချလိုက်ရင်း ဇမ်ကပါထိုကောင်လေးရှေ့ဒူးထောက်ထိုင်ချရင်း လက်ကိုဆွဲယူလိုက်သည်။
"ကျစ်... ကျစ်... တော်တော်ရှသွားတာပဲ..
ဆေးခန်းပဲသွားလိုက်သင့်လား.."
"ဒီလောက်နဲ့ကဘာမှမဖြစ်ဘူး မြန်မြန်လုပ်ပေး..."
"အရက်ပျံအရင်လောင်းပြီးသန့်ရမယ်..တော်ကြာပိုးဝင်နေမှာစိုးလို့...."
"အင်း... "
ပြောပြီးသည်နှင့်ဒဏ်ရာပေါ်သို့အရက်ပြန်လောင်းချလိုက်ရာ နောင့်မှာလက်ကိုပြန်ရုပ်လိုက်ရင်း အံကြိတ်ထားမိတော့သည်။
"ငါပြောသားပဲ.. နည်းနည်းစပ်မယ်လို့.. "
"ခင်ဗျား...ကျွန်တော့်ကိုဆေးထည့်ပေးနေတာရော
ဟုတ်ရဲ့လား...ဒါအရက်ပြန်တော့ဟုတ်ပါတယ်နော်
အက်ဆစ်မဟုတ်ဘူးလား..."
"အက်ဆစ်သာဆိုမင်းလက်ကြီးရွတ်တွနေလောက်ပြီ.."
ဇမ် ခပ်သွက်သွက်ပဲဆေးနီထည့်ပေးလိုက်ရင်း ပတ်တီး
စည်းပေးဖို့ရာကြိုးစားလိုက်သည်။ နောင်သူ့လက်ကို
ကိုင်ထားရင်း ဂရုတစိုက်လုပ်ပေးနေတဲ့ထိုလူ့ကိုအပေါ်စီးကနေကြည့်နေရင်း အာခေါင်တွေတောင်ခြောက်လာသလိုခံစားရတာကြောင့် မျက်နှာလွှဲလိုက်မိသည်။
"မင်းဒဏ်ရာတစ်ခါမှ မရဖူးဘူးလား.."
"ရန်မဖြစ်တက်ဘူး..."
သူပြောတော့ ဇမ်ကရယ်လိုက်ကာ တစ်ချက်မော့ကြည့်လာရင်းခနဲ့သလိုပြောသည်။
"ရန်မဖြစ်တက်တာလား... ရန်မဖြစ်ရဲတာလား..."
"လေးလေးကရန်ဖြစ်တာမကြိုက်လို့..."
လေးလေးဆိုသည့်အကြောင်းကြားလိုက်တာနဲ့ထိုလူရဲ့
လက်တွေကခဏတော့ တန့်သွားရင်း နောက်မှ
ဒီလူ့ကိုကြည့်ရတာ လေးလေးကိုတော်တော်စိတ်နှစ်ထားပုံပဲ ဘာကြောင့်များသူကဒါကိုဒေါသထွက်ရင်းအသက်ရှုမဝချင်တော့သလိုတောင်ဖြစ်လာရတာလဲ...။
"ပြီးသွားပြီ... ဆိုတော့.. ပြန်လို့ရပြီ... "
"ခင်ဗျား.. ကျွန်တော့်ကိုကျေးဇူးတင်ဖို့အစီအစဥ်မရှိဘူးလား"
"မင်းကရော ငါ့ကိုတောင်းပန်ဖို့အစီအစဥ်ခုထိမရှိဘူးမလား"
". ......"
သူပြောလိုက်တော့ တိတ်ဆိတ်နေတဲ့ကောင်လေးကို
ကြည့်ရင်း ဇမ်နှုတ်ခမ်းတို့တွန့်ကွေးကာပြုံးလိုက်သည်။
"ထမင်းစားပြီးပြီလား.... "
"မစားရသေးဘူး "
"မင်းပြန်ရင်အချိန်က၁၂ထိုးသွားလိမ့်မယ် အခုပဲဖြစ်ဖြစ်စားသွားလိုက် ဟင်းကတော့အကောင်းကြီးမဟုတ်ပေမဲ့လဲ
.... "
"အင်း... "
ထပ်ပြီးသာစကားပြောလို့တောင်မဆုံးသေးခင် အနောက်ဖေးသို့တန်းဝင်သွားကာ အုပ်ဆောင်းကို
လှန်လိုက်သည်။
ဇမ် ဘာမျှပြောမနေတော့ပဲ သူစားဖို့ခူးထည့်ပေးလိုက်ရင်းမျက်နှာချင်းဆိုင်မှာထိုင်ရင်း ခပ်တည်တည်ပဲ ဝင်ထိုင်စားသည်။ တစ်ယောက်တည်းနေတာဆိုတော့ ဇမ်ကအခြောက်အခြမ်းလေးတွေဝယ်သိုလှောင်ထားတဲ့အကျင့်ရှိတာအဆင်ပြေသွားသည်။
"ကျွန်တော်ဒီမှာပဲ အိပ်သွားလိုက်လို့ရမလား..."
သူပြောတော့ ဇမ် ခဏကြောင်အမ်းသွားရင်း နောက်မှ
အနည်းငယ်ရှက်သွားသလိုခံစားလိုက်ရသည်။ ဒီကောင်လေးနဲ့ကသူတစ်ညတာတောင်ကုန်ဆုံးခဲ့ဖူးတာမလား။
"ဘာတွေလျှောက်တွေးနေတာလဲ.. ဒီအတိုင်းအိပ်ပြီး
မနက်စောစောပြန်မှာပါ.. ခင်ဗျားကိုဘာမှမလုပ်ဘူး.. "
"ပေါက်ကရတွေပြောမနေနဲ့...မင်းကဒီလိုနေရာမှာအိပ်နိုင်မှာမလို့လား.."
သူပြောတော့ အိမ်ကိုတစ်ချက်ဝေ့ကြည့်လိုက်ရင်း
"အင်း.. မဆိုးပါဘူး.. အိမ်ကဘာပြဿနာရှိလို့လဲ.."
"အိမ်ကပြဿနာမဟုတ်ဘူး..."
"ဘာကပြဿနာလဲ..."
"ကုတင်ကတစ်ခုတည်းရှိတယ်လေ..."
"ဒါဆို ခင်ဗျားအောက်မှာဆင်းအိပ်လိုက်လေ..."
ထိုစကားပြောတဲ့အချိန် နောင်ကခပ်ပြုံးပြုံးဖြစ်နေပြီးသူ့ကိုစနောက်နေမှန်းသိလို့ အထူးတလည်စိတ်ဆိုးနေတာမျိုးဇမ်မဖြစ်မိတော့ပေ။
နောက်တော့လဲ အိပ်ရာဝင်တဲ့အချိန်ရောက်လာတော့
ဇမ်က ကုတင်အောင်ကြမ်းပြင်မှာမွေ့ယာတစ်ထပ်ခင်းပေးလိုက်ရင်း နောင့်ကိုအိပ်စေလိုက်၏။
အခန်းထဲအမှောင်ကျနေပေမဲ့ အိမ်အပြင်ခြံထဲကမီးအရောင်ကြောင့်တစ်ယောက်မျက်နှာကိုတော့တစ်ယောက်ဝေဝေဝါးဝါးမြင်လ်ို့ရနေသေးသည်။
"မင်းလက်ကဒဏ်ရာအတွက် အိမ်ကသိရင်ဘယ်လိုပြန်ပြောမှာလဲ"
"လေးလေးသိရင်လား..? "
"အင်း..."
"ဘာကိုပြောနေရဦးမှာလဲ.. လေးလေးကရန်ဖြစ်တာမကြိုက်လို့အမှန်ပြောနေစရာမလိုဘူး..မတော်တဆထထိမိတယ်လို့ပဲပေါ့"
"ဒါလဲကောင်းတာပဲ..."
ထိုကောင်လေးဘက်ကဘာမှပြန်မပြောလာတာကြောင့်
ဇမ်ကျောခိုင်းလိုက်ရင်း အိပ်ဖို့ပြင်တော့မှ တိုးဖွဖွအသံလေးကထွက်လာသည်။
"ခင်ဗျား.. ကျွန်တော့်သူငယ်ချင်းရဲ့အလုပ်အတွက်
လက်ခံပေးလိုက်တယ်ဆို..."
"အင်း..."
"ဘာဘဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်.. "
"ကိစ္စမရှိဘူး မင်းပြောတာမှန်တယ် အလုပ်နဲ့ပြဿနာကိုခွဲခြားနိုင်ရမှာပေါ့ ငါကသဘောထားသေးသိမ်တဲ့လူမဟုတ်ဘူး..."
"ပြီးတော့..."
"မအိပ်သေးဘူးလား.. မင်း..."
သူပြောလိုက်တော့ ခန္ဓာကိုယ်ကိုအနည်းငယ်လှုပ်ရှားလိုက်တဲ့အသံကိုဇမ်ကြားလိုက်ရသည်။ နောက်ဆုံးတော့ အိပ်သွားပြီပဲ...
"တောင်းပန်ပါတယ်... "
"ဟမ်...?"
ဇမ် မျက်နှာကိုထိုကောင်လေးရှိရာဘက်အခြမ်းသို့ပြန်လှည့်လိုက်တော့ သူ့ကိုကျောပေးသွားတဲ့အရိုင်းအစိုင်းလေးကိုကြောင်အအကြည့်နေမိသည်။
တောင်းပန်တယ်.. ဘာအတွက်လဲ...!
"အရင်က ခင်ဗျားအပေါ်ရိုင်းပြခဲ့တာအတွက်
တောင်းပန်တယ်ပြောချင်တာ..."
"သြော်...ခုတော့သိပြီပေါ့..."
"ဟုတ်တယ်.. !"
သူလှောင်သလိုခနဲ့လိုက်တော့ သူ့ကိုဆောင့်အောင့်ဖြေလာတဲ့အသံကိုကြားလိုက်ရသည်။ ဇမ်မထိန်းနိုင်ပဲ ဟက်ခနဲရယ်ချမိလိုက်တော့တယ်..။
"ခင်ဗျားကဘာကိုရယ်တာလဲ....ကျွန်တော့်စကားကရယ်စရာဖြစ်နေတာလား...".
"အမ်...မဟုတ်ပါဘူးကွာ မင်းကလဲဒေါသကြီးပဲ...
စိတ်လျှော့...."
ကိုယ်ကတော့အရဲစွန့်ပြီးသူ့ကိုတောင်းပန်စကားပြောမိတာကိုသူကတော့ ရယ်နေသည်တဲ့လား...။
ဒီလူကတကယ်သည်းခံပေးလို့မရပဲ ကိုင်ပေါက်ချင်စရာကောင်းလှသည်။
"ဒါဆို... ငါလဲမင်းကိုကျေးဇူးတင်ရမှာပေါ့...ဟုတ်တယ်မလားဒီနေ့အတွက်လေ.. မင်းသာရှိမနေရင်ငါဒုက္ခရောက်တော့မလို့"
"အင်း..."
"ငါလဲမင်းကိုကျေးဇူးတင်ပါတယ်..."
"အင်း...."
တဖြေးဖြေးတိုးတိမ်သွားတဲ့အသံလေးနဲ့အတူ ဘာစကားတစ်ခွန်းမှလဲထပ်မံထွက်ကျလာခြင်းမရှိတော့
ဒီကောင်လေးတကယ်အိပ်ပျော်သွားတာကို ဇမ်လက်ခံလိုက်ရသည်။
အအိပ်ကလဲမြန်ချက်ပါလား...။
You are reading the story above: TeenFic.Net