အပိုင်း( ၁၈ )

Background color
Font
Font size
Line height

"အခုမှဘဲ လာတော့တယ်"

အဆောင်မှူးဦးသိန်းလွင်က စကားဆိုတော့
စွဲမြဲက သွားတန်းလေးတွေပေါ်အောင် ပြုံး
နေသည်။ဦးသိန်းလွင်သည် စွဲမြဲအနားမှာ
ကပ်ရပ်နေသော ဥပဓိအရုပ်နှင့် ထိုလူကို
အကဲခတ်ကာ ကြည့်၏။

ထိုလူက မျက်နှာကိုမော့ကာ ဦးသိန်းလွင်ကို
ခပ်ပါးပါးပြုံးပြလေသည်။ဦးသိန်းလွင် လှစ်
ခနဲ သတိတစ်ခုဝင်လာသည်။ပါမောက္ခမျိုး
သူရနှင့် ရံဖန်ရံခါ တွဲလာတတ်သော ထိုလူ။
ဟုတ်သည်။ထိုလူမှ ထိုလူ။

နို့ ... ဒီကောင်လေးနှင့်ဒီလူက ဘယ်လိုများ
ပတ်သတ်ကြသနည်း ...

ဦးသိန်းလွင်သည် ထိုလူ့ကို တစ်ချက်မော့
ကြည့်သည်။

"သြော် ... ဒီကဆရာကို တွေ့ဖူးတယ် မှတ်
ပါတယ်၊ပါမောက္ခမျိုးသူရရဲ့ မိတ်ဆွေပါ
ကောလား"

မွန်မြတ်မင်းက အသာအယာပြုံးရင်း ...

"ဟုတ်ပါတယ်၊ကျွန်တော် မိုးသူရရဲ့မိတ်
ဆွေပါခင်ဗျာ"

"ဒါနဲ့ ပါမောက္ခကို လာတွေ့သလား"

"အို မဟုတ်ရပါဘူး၊ဒီက ကောင်လေးကို
အဆောင်လာပို့တာပါ"

"သြော် သြော် ...စွဲမြဲရဲ့ ဦးလေးထင်တယ်"

"ခင်ဗျာ! "

မွန်မြတ်မင်းထံမှ အံ့သြစွာ အာမေဍိတ်အသံ
ကလေးပင် ထွက်လာ၏။စွဲမြဲက မြေကြီးကို
ခြေမနှင့်ထိုးဆွကာ ခေါင်းကိုငုံ့ထားလေသည်။

အကဲခတ်ရင်းမှ ဦးသိန်းလွင်မှာ နှစ်ယောက်
သားကိုကြည့်ပြီး အားနာသွားဟန်ဖြင့် ...

"ကျွန်တော်က နီးစပ်ရာ တွေးလိုက်မိတာပါ၊
အခက်တွေ့စေခဲ့ရင် တောင်းပန်ရပါတယ်ခင်
ဗျာ"

"ခက်တာတော့ ခက်တယ်ဗျို့၊ကိုသိန်းလွင်
ခင်ဗျားဟာလေ အင်မတန်မျှ စပ်စုတယ်"

စာသင်ဆောင်ဘက်က ကူးလာသော မျိုးသူ
ရက ဦးသိန်းလွင်အား ဗျစ်တော်ဗျစ်တောက်
ဆူပူတော့၏။

"ကျုပ်ဖြင့် မသိလို့ပါလေ ပါမောက္ခကြီးရယ်၊
သိများနေရင် မေးမလားခင်ဗျာ"

"နိုး နိုး ... ဒါက  secret(လျှို့ဝှက်ချက်)ဘဲ
ကိုသိန်းလွင်၊ခင်ဗျားတို့ ကျုပ်တို့နဲ့ မဆိုင်
သောအရာဘဲ၊တုချင်ရင်တော့ လူပျိုကြီး
အရေခွံကို အရင်ချွတ်မှရမယ် ဟင်း"

ဦးသိန်းလွင်က ရှက်ပြုံးပြုံးပြီး ရယ်လေ
တော့သည်။သူသည် ပါမောက္ခရှင်းပြမှ
ခရေစေ့တွင်းကျ သိသွားရတော့၏။မဟုတ်
ပါက ခန့်မှန်းချေ ကိုက်လိမ့်မည်မထင်ပါ။
နုနယ်သည့်ကောင်လေးနှင့် အသက်ခပ်ရွယ်
ရွယ်လူတစ်ယောက်သည် သူ့အတွက် ထိုသို့
အဘယ်သို့မျှ မတွေးနိုင်သော အရာတစ်ခု။
ယခုမူကား ဆိုင်ရာပိုင်ရာတွေ ဖြစ်နေကြ
လေသည်။

"ကိုမွန်မြတ် မင်္ဂလာပွဲမှာ အစဥ်ချောခဲ့ပါ
ရဲ့လား"

"ချောပါတယ် ကိုသူရ၊ကိုသူရဆီက လက်ဖွဲ့
ပစ္စည်းလည်း ကျွန်တော်တို့ရပါတယ်"

"ကျွန်တော်ဖြင့် မင်္ဂလာပွဲကို လာချင်ပါရဲ့၊
ဒါပေမယ့် ကလေးတွေကို training ပေးနေ
ရတယ်ခင်ဗျာ၊ဒါကြောင့် မလာဖြစ်ခဲ့တာပါ"

"ဒီလူနဲ့ဒီလူ ပြောစရာမှ မလိုဘဲ ကိုသူရရယ်၊
ကျွန်တော့်အလုပ်ကိုလည်း ကိုသူရနားလည်
သလို ကိုသူရအလုပ်ကိုလည်း ကျွန်တော်
နားလည်ပါရောကော"

"ဒါပေါ့ ဒါပေါ့၊ဒါနဲ့ ကိုမွန်မြတ် ...ကျွန်တော့်
ပတည့်ကလေးကို သေချာကြည့်ပေးဖို့တော့
မှာပါရစေနော့်၊စွဲမြဲက ငယ်သေးတော့လေ
အနည်းငယ် မရင့်ကျက်နိုင်ဖြစ်နေပါလိမ့်မယ်၊ဒါပေမဲ့ စွဲမြဲက အများကြီး လိမ်မာပါတယ်"

"အကယ်၍ ကိုသူရ တပည့်လေးက ကျွန်
တော့်အပေါ်ဆိုးနေရင် ဘာလုပ်ပစ်ရမလဲ
ခင်ဗျာ"

မိုးသူရသည် အသံထွက်အောင်ရယ်သည်။
စွဲမြဲကတော့ ခေါင်းလေးငုံ့နေ၏။ထိုကြားထဲ
ပွဲကြည့်ပရိတ်သတ်ကတော့ အဆောင်မှူး
ဦးသိန်းလွင်ပင်ဖြစ်လေသည်။

"အဲ့တော့ ဘယ်ပြောကောင်းမလဲခင်ဗျာ၊
နှစ်ကိုယ်ကြား အပြစ်ဒဏ်တွေကို ကိုယ့်
ဘာသာညှိကြည့်ပေါ့ဗျာ"

မိုးသူရစကားအဆုံး လေးယောက်သားက
မျက်နှာဆုံမိရင်း ရယ်ကြရတော့သည်။

"အဟင်း ... ကိုသူရပြောသလိုဘဲ ကျွန်
တော်တို့အရင်ညှိရတော့မယ်နဲ့တူတယ်"

အဆောင်မှူး ဦးသိန်းလွင်က ထောက်ခံ
သည့်သဘောနှင့် ဝင်ပြော၏။

"အတွင်းရေးကိစ္စတွေပါရင်တော့ နှစ်
ယောက်တည်းညှိကြတာဟာ အကောင်း
ဆုံးဘဲပေါ့ဗျာ ဟဲဟဲ"

အဟား ....

ပြောပြီး လေးယောက်သား ရယ်ကြရပြန်
သည်။

အတန်လေးကြာတော့မှ စွဲမြဲက အထုတ်
ဆွဲပြီး နေရမဲ့ အခန်းဆီ လျှောက်သွားတော့
သည်။စွဲမြဲအဖို့ နေနေကျ အခန်းကို ဖယ်
ထားသည်ဟုဆိုကာ အဆောင်မှူးသည်
သော့တစ်ချောင်းယူပြီး  စွဲမြဲနောက်ကို
လိုက်သွားလေသည်။

မွန်မြတ်မင်းနှင့်မိုးသူရတို့တွင်မူ အဆောင်
ဆင်ဝင်အောက်၌ စကားစမြည်ပြောရင်း
ကျန်ရစ်ခဲ့ကြ၏။ခဏအကြာမှာတော့
ဦးသိန်းလွင်က အဆောင်ပေါ်က ဆင်းလာ
ခဲ့ပြီး စွဲမြဲက နောက်မှပါလာသည်။

မွန်မြတ်မင်းသည် သူတစ်ချိန်လုံးကိုင်
လာခဲ့သော လက်ထဲက သားရေအိတ်
ကလေးကို စွဲမြဲလက်ထဲသို့ ထိုးထည်ပေး
လေသည်။စွဲမြဲက သရေအိတ်ကလေးကို
ဖွင့်ကြည့်ပြီး ခေတ္တကြောင်အသွားပြီးမှ
ခေါင်းခါ ငြင်းရှာသည်။

"မယူပါရစေနဲ့ အစ်ကိုမွန်၊ကျွန်တော့်အတွက်
အဲသလောက်ထိ မလိုအပ်ပါဘူး၊အဆောင်ဖို့
ထမင်းဖို့အပြင် ကျွန်တော့်မှာ ငွေတွေ ပိုလျှံ
ပါသေးတယ်"

"ဘယ့်နှယ် မယူလို့ရမလဲ၊သုံးသင့်ရင် သုံး
ရမယ်မဟုတ်လား၊အစ်ကိုက ယူဆို ယူမှ
ပေါ့ ..."

"ဟို ကျွန်တော်ကလေ အားနာ ..."

"ယူလိုက် စွဲမြဲ၊သုံးစရာရှိတာ သုံးပစ်လိုက်၊
မင်း ယောကျာ်းက ငွေရှာနိုင်တယ်"

စွဲမြဲ၏ စကားတဝက်တပြတ်မှာတင် မိုးသူ
ရသည် တပည့်ဖြစ်သူကို ဝင်နှောက်နေခြင်း
ဖြစ်၏။ဦးသိန်းလွင်က ပြုံးပြုံးကြီးပင်။စွဲမြဲ
မှာသာ နားမယဥ်သေးသော စကားတချို့
ကြောင့် မအီမသာလေးပြုံးနေရရှာသည်။

မွန်မြတ်မင်းသည် ထိုနှစ်ယောက်သားကို
ကျော်ကာ သူ့မဟေသီလေးကိုသာ စေ့စေ့
ကြည့်နေ၏။ထိုအခါ မိုးသူရနှင့်ဦးသိန်းလွင်
တို့မှာ ရှောင်ဖယ်ကာ ထွက်သွားပေးရတော့
သည်။

မိုးသူရသည် အဝေးတစ်နေရာမှ လက်
ကလေးပြကာ လှမ်းပြော၏။

"ကဲ အလွမ်းသယ်စရာရှိတာ တစ်ခါတည်း
သယ်သွားကြ၊စာမေးပွဲနီးခါမှ လာတွေ့
ချင်တာတို့ ဘာတို့ မရဘူးနော်၊နောက်ဆုံး
နှစ်ဖြစ်လို့ ကျွန်တော့်တပည့်လေးကို သေ
သေချာချာကို runပေးတော့မှာ"

နှစ်ယောက်သားက ပြုံးစိစိကလေး ဖြစ်
နေကြ၏။ဦးသိန်းလွင်က ဝင်လျှာရှည်
သည်။

"ဒါဆို စွဲမြဲ ဆရာဝန်ဖြစ်ရင် ပါမောက္ခဘဲ

အပ်အရင် အစမ်းခံပါလား"

"ကိုသိန်းလွင်၊ခင်ဗျား လျှာသိပ်ရှည်ပါ
ကောလား၊ကျုပ်က ကိုယ့်ဘာသာကို
ဆေးကုနိုင်တယ်၊ခင်ဗျားကိုသာ အရင်
စိုက်ခိုင်းမှာ"

"မလုပ်ပါနဲ့ ပါမောက္ခရယ်၊စွဲမြဲက အပ်
ကြောက်တယ်လို့ ပါမောက္ခပြောဖူးတယ်
မလား၊အဲ့တော့ ကျုပ်တင်းပါးထဲ အပ်
ကျိုးကျန်နေပါဦးမယ်"

"ကြည့်စမ်း ကျုပ်တပည့်လေးကို ခင်ဗျား
အထင်သေးတာဘဲ ကိုသိန်းလွင်၊အပ်က
တော့ ဆရာဝန်တွေလည်း ကြောက်ကြ
တာဘဲ၊ခွဲစိတ်ဓားဆိုရင် ပိုဆိုးတယ်၊
နောက်တော့ ဖြည်းဖြည်းချင်း ကျင့်ယူ
ရတာပေါ့"

"ဒါဆိုရင်တော့ ပါမောက္ခလည်း အပ်
ကြောက်တယ်နဲ့တူတယ်"

မိုးသူရက ဟက်ဟက်ကလေး ရယ်သည်။

"အဟား ကိုသိန်းလွင်ရယ်၊မကြောက်ခဲ့ဘဲ
နေမလား၊ကျုပ် ဆေးကျောင်းသားဘဝက
အမှတ်ရစရာတစ်ခုရှိတယ်၊အတန်းသား
အချင်းချင်း သွေး အစမ်းဖောက်ကြည့်ပြီး
လေ့ကျင့်ရတယ်လေ၊ကျုပ်ဖြင့် တစ်ဖက်
လူကို အပ်စိုက်မယ်လုပ်တုန်း လက်က
နတ်ဝင်ပူးသလားဘဲ"

"တကယ် ..."

"တကယ်ပေါ့၊ပြီးတော့ တစ်ဖက်လူ အသား
နာသွားမှာလည်း သိပ်ကြောက်ခဲ့တာကိုးဗျ၊
ကျုပ်လိုဘဲ စွဲမြဲဟာ အဲသည်သဘော"

"အဲသည်သဘော ..."

ဦးသိန်းလွင်းက သံယောင် လိုက်ရွတ်သည်။

ပါမောက္ခက ခေါင်းတဆတ်ဆတ်ညိတ်ရင်း ...

"အဲသည်သဘောပေါ့ခင်ဗျာ၊တချို့ဆို ခွဲခန်း
ရောက်မှ ခွဲစိတ်ဓားကိုင်ဖို့ လက်မရဲခဲ့တဲ့ အ
ခြေအနေတွေရှိတယ်၊ပြီးတော့ လူနာတစ်
ယောက်ကို မကယ်လိုက်နိုင်ရင်လည်း ကိုယ့်
ကိုလိပ်ပြာမလုံသလို ခံစားရတယ်၊တစ်ခါ
တစ်ခါဆို အဲဒီဆရာဝန်အလုပ်ကို စွန့်လွှတ်
ပစ်ချင်ရတဲ့အထိပါဘဲ"

အဆောင်မှူးသည် နားထောင်နေရင်းမှ သက်
ပြင်းချလေကာ ...

"ဘာပြုလို့ စွန့်လွှတ်ချင်ရသလဲခင်ဗျာ"

"ကိုသိန်းလွင်ကို ကျုပ်တစ်ခုပြောပြမယ်၊
တစ်ခါတစ်လေ ကျုပ်တို့ ဆရာဝန်ဘဝဟာ
အရမ်းကို ခက်ခဲတယ်၊ကျုပ်တို့ဆရာဝန်
တွေက လူနာတွေကို အကောင်းဆုံးလုပ်ပေး
ချင်ကြသလို လူနာရှင်တွေကလည်း သူ့လူ
နာတွေကို ပကတိ ပြန်ကောင်းလိုကြတယ်၊
ဖြစ်နိုင်ခြေ မဖြစ်နိုင်ခြေကို သူတို့စိတ်ထဲ
မယ် မရှိကြဘူး၊ထားပါလေ သူတို့လည်း
အပူဇောနဲ့ဆိုတော့ သူ့လူသူ ပြန်လိုချင်ကြ
တာချည်းဘဲ၊အဲ့တော့ ဘယ်မှာကိုပြဿနာ
တက်သလဲဆိုရင် ဆရာဝန်တွေ လူနာကို
မကယ်လိုက်နိုင်ရင်ပေါ့ ..."

"ကျုပ် သဘောပေါက်ပါစ၊ပါမောက္ခရယ်
မသေတဲ့ ဆိုသမားဆိုတာ မရှိပါဘူး၊အရာ
ရာဟာ တစ်ခုမဟုတ် တစ်ခုတော့ ဖြစ်ပျက်
ကြမှာဘဲ၊လူနာ့အသက်ကို မကယ်လိုက်နိုင်
တာနဲ့ဘဲ ဆရာဝန်တွေကို အပြစ်ပြောလို့
မရပါလေ"

"ကျုပ်ဟာ အပြစ်သားပါ ကိုသိန်းလွင်"

"ခင်ဗျာ"

"ဟုတ်ပါတယ်၊ကျုပ်ဟာ အပြစ်သားပါ၊
တစ်စုံတစ်ဦးကို ကျုပ် မကယ်လိုက်နိုင်
ခဲ့ပါဘူး၊ဒီနေ့ဒီချိန်ထိလည်း ကျုပ်ဖြင့်
နောင်တ ရနေရပါတယ် ..."

"သြော် ပါမောက္ခရယ် ..."

ပါမောက္ခက စိတ်မကောင်းစွာ ဆိုလာသဖြင့်
အဆောင်းမှူးမှာလည်း စိတ်မကောင်းဖြစ်ရ
သည်။ပါမောက္ခအကြောင်းကိုတော့ အဆောင်
မှူးသည် ဟိုတစ်စသည်တစ်စ ကြားဖူး၏။

ပြောကြသည်ကတော့ ပါမောက္ခက သူ့ချစ်
သူကို ဆုံးရှုံးလိုက်ရသည်တဲ့ ...

"ကိုသိန်းလွင် ကျုပ်ကိုလေ တစ်ယောက်
ယောက်ကတော့ လူညာကြီးဆိုပြီး လှောင်
နေတော့မှာဘဲ၊ကျုပ်လည်း သက်သေပြ
ချင်ပါရဲ့ ကျုပ်ဟာ လူညာကြီးမဟုတ်
ကြောင့်၊ဆရာဝန်တစ်ယောက် ပီသကြောင့်"

"ပါမောက္ခက ဆရာဝန်ပီသတဲ့ ဆရာဝန်ပါဘဲ၊
သေခြင်းဟာ လူကြီး လူငယ် မရွေးပါဘူး၊
အချိန်တန်ရင်တော့ လောကကြီးက ထွက်
ခွာသွားကြရတာပါဘဲ၊ကျုပ်တို့ ဘယ်တတ်
နိုင်မလဲ ...အသက်ကို ဆေးဝါးမှီပြီး ဆွဲဆန့်
လို့ရရင်တောင် အချိန်အတိုင်းအတာ တစ်
ခုထိဘဲ ရပါလိမ့်မယ်၊အဲ့ထက်တော့ မပို
ဘူးပေါ့ခင်ဗျာ"

"ကျုပ်ကို နားလည်ပေးလို့ ကျေးဇူးပါဘဲ
ကိုသိန်းလွင်၊ကျုပ်ကို ခွင့်ပြုပါဦး၊ခင်ဗျား
လည်းသက်တောင့်သက်သာ အနားယူပါ"

"ကောင်းပါပြီ ပါမောက္ခ"

ပါမောက္ခမျိုးသူရနှင့်အဆောင်မှူးသိန်းလွင်
တို့သည် တစ်ခုလတ်တစ်နေရာမှာ လူချင်း
ခွဲကာ နေရာကိုယ်စီပြန်ကြလေတော့သည်။

   *    *    *     *     *     *    *     *    *

"စွဲမြဲ စာကို ဂရုတစိုက်လုပ်နော်၊အချိန်မှန်
မှန်စား၊အချိန်မှန်မှန်ရေချိုး၊ညဘက်တွေ
ညဥ့်နက်အောင်မနေနဲ့၊အစ်ကို မင်းကို စိတ်
ပူတာတော့အမှန်ဘဲ"

"အစ်ကိုမွန်ကလည်းဗျာ"

စွဲမြဲက တိုးတိုးလေးဆိုကာ မျက်နှာငယ်
လေးနှင့် သူ့ကိုလှမ်းဖက်လာသည်။သူလည်း
စွဲမြဲကို ခပ်တင်းတင်းလေး ပြန်ဖက်မိသည်။

"လိမ်မာမယ်မလား၊အစ်ကို ရှာသမျှ စိမ်း
စည်တွေက မင်းအတွက်ဘဲ စွဲမြဲ၊အစ်ကိုက
မင်းကို ဘာမှ မလုပ်ခိုင်းချင်တာ"

"မဟုတ်တာဗျာ"

"အစ်ကို မင်းနဲ့ မခွဲနိုင်ဘူး၊တကယ်လို့
မင်း နယ်ဝေးဘက်တွေတာဝန်သွားကျရင်
အစ်ကို ဘယ်လိုလုပ်ရပါ့မလဲ"

"လွမ်းရင် လာတွေ့ပေါ့"

"ဟုတ်ပါပြီခင်ဗျာ၊ဒီက လူကြီးဘဲ လာတွေ့
ပါမယ်၊မနေနိုင်တဲ့သူဆိုတော့လဲ အချစ်ရှိ
ရာအရပ်ဒေသကို လိုက်ရတော့မှာပေါ့"

စွဲမြဲက သာယာစွာရယ်သည်။ပြီးတော့
နူးညံ့သည့် မျက်လုံးများဖြင့်လည်း ကြည့်
၏။ထိုသို့ အချိန်အတန်ကြာ ကြည့်ပြီးနောက်
ထိုလူသားနှစ်ယောက်သည် ခဏတာ ခွဲခွာ
မူကို အစပြုကြရတော့သည်။

မွန်မြတ်မင်းသည် သူ့အင်္ကျီအိတ်ကပ်
ထဲက တစ်ခုခုကိုဆွဲထုတ်ကာ စွဲမြဲ၏
လက်သန်းကြွယ်လေးကို တည့်မတ်ပြီး
စိန်လက်စွပ်ကို စွပ်ပေးသည်။

"အစ်ကို မင်းကို ကျောင်းပြီးမှ ပေးမယ်လို့
စိတ်ကူးထားတာ၊မနေနိုင်တာနဲ့ တစ်ခါ
တည်းဘဲ ဝတ်ပေးလိုက်တော့မယ်"

တွေတွေလေး စိုက်ကြည့်နေသော စွဲမြဲက

"ကျွန်တော် ဒါတွေမလိုပါဘူး၊ကျွန်တော့်
မေတ္တာတွေ အစ်ကိုမွန်ရပြီး အစ်ကိုမွန့်
မေတ္တာတွေကို ကျွန်တော်ရရင်ပြီးပါပြီး"

"အခုလည်း မင်း အစ်ကို့မေတ္တာကို
ရနေတာဘဲ မဟုတ်လား၊အစ်ကို ထပ်ပြီး
ဘာတွေ သက်သေပြရမလဲ"

စွဲမြဲက ခေါင်းလေးခါသည်။

"ပြစရာမလိုပါဘူး၊ဒီလောက်နဲ့တင် ကျွန်တော်
ပြည့်စုံနေပါပြီ"

"ဒီ့ထက် ပြည့်စုံစေရမယ်၊အစ်ကို မင်းကို
ဒီ့ထက် ပျော်အောင်လည်းထားမယ်"

​မွန်မြတ်မင်းက စွဲမြဲအား ပြုံးပြုံးကြီး ကြည့်
နေလေသည်။စွဲမြဲက ပါးကလေးမို့တက်သွား

သည့်အထိရယ်ပြီး ...

"အာ ကျွန်တော် ယောကျာ်းရ ကံကောင်း
တာဘဲ"

ပြုံးချိုချို စိုက်ကြည့်နေရာမှ မွန်မြတ်မင်းက
လှိုက်လှိုက်လှဲလှဲရယ်တော့သည်။

"ဟုတ်တယ် ဟုတ်တယ်"

စကားအဆုံး၌ နှစ်ယောက်သားက မျက်နှာ
ချင်းဆုံကြရပြန်သည်။စွဲမြဲ၏ နီညိုရောင်
နှုတ်ခမ်းကလေးသည် တုန်ရီနေ၏။မျက်
နှာကလေးလည်း နီလာသည်။

မွန်မြတ်မင်းသည် စွဲမြဲနှင့် နီးသထက်နီးရန်
တိုးကပ်သွားလိုက်ပြီး စွဲမြဲ ပခုံးနှစ်ဖက်ကို
ဆုပ်ကိုင်ကာ မျက်နှာချင်းဆိုင်လိုက်သည်။
ထိုမှ  စွဲမြဲ၏  ခြောက်ကပ်ကပ်  အသံက
လေးသည် ညှင်သာစွာ ထွက်ပေါ်လာခဲ့၏။

"အစ်ကိုမွန် ဆန္ဒရှိရင် ကျွန်တော့်ကို  ..."

နှုတ်ခမ်းတစ်ခုလုံး နွေးခနဲ။နွေးထွေးမူ၊
ချိုမြိန်မူ ခံစားချက်တို့သည် တပြိုင်နက်
တည်းဝင်လာသည်။နှုတ်ဆက်အနမ်းမို့
လားမသိ၊သည်တစ်ခါ အစ်ကိုမွန်က အရင်
ကထက် ပိုကြမ်းတမ်းနေသည်။ညှင်သာ
မူမရှိသည့် ကြမ်းတမ်းမူမျိုးတော့မဟုတ်။
ခွဲခွာရမည်ဟုသည့် အသိစိတ်ကလေးနှင့်
နောက်ဆုံး ပွေ့ဖက်နှုတ်ဆက်ခြင်းအနမ်း။

သည်အနမ်းများကို စွဲမြဲ အဘယ်သို့ ငြင်း
ပယ်နိုင်ပါမည်နည်း ...

အပိုင်း( ၁၉ )ဆက်ရန်

မွန်မွန်တို့ သူ့မဟေသီလေးကို အမ်းကုန်ပြီ ÷)

ဒါနဲ့ သာသာ ပစ်ထားမိတာကြာပြီ😒

>>>>>>>>>>>>>

"အခုမွဘဲ လာေတာ့တယ္"

အေဆာင္မႉးဦးသိန္းလြင္က စကားဆိုေတာ့
စြဲၿမဲက သြားတန္းေလးေတြေပၚေအာင္ ၿပဳံး
ေနသည္။ဦးသိန္းလြင္သည္ စြဲၿမဲအနားမွာ
ကပ္ရပ္ေနေသာ ဥပဓိအ႐ုပ္ႏွင့္ ထိုလူကို
အကဲခတ္ကာ ၾကည့္၏။

ထိုလူက မ်က္ႏွာကိုေမာ့ကာ ဦးသိန္းလြင္ကို
ခပ္ပါးပါးၿပဳံးျပေလသည္။ဦးသိန္းလြင္ လွစ္
ခနဲ သတိတစ္ခုဝင္လာသည္။ပါေမာကၡမ်ိဳး
သူရႏွင့္ ရံဖန္ရံခါ တြဲလာတတ္ေသာ ထိုလူ။
ဟုတ္သည္။ထိုလူမွ ထိုလူ။

နို႔ ... ဒီေကာင္ေလးႏွင့္ဒီလူက ဘယ္လိုမ်ား
ပတ္သတ္ၾကသနည္း ...

ဦးသိန္းလြင္သည္ ထိုလူ႕ကို တစ္ခ်က္ေမာ့
ၾကည့္သည္။

"ေၾသာ္ ... ဒီကဆရာကို ေတြ႕ဖူးတယ္ မွတ္
ပါတယ္၊ပါေမာကၡမ်ိဳးသူရရဲ႕ မိတ္ေဆြပါ
ေကာလား"

မြန္ျမတ္မင္းက အသာအယာၿပဳံးရင္း ...

"ဟုတ္ပါတယ္၊ကြၽန္ေတာ္ မိုးသူရရဲ႕မိတ္
ေဆြပါခင္ဗ်ာ"

"ဒါနဲ႕ ပါေမာကၡကို လာေတြ႕သလား"

"အို မဟုတ္ရပါဘူး၊ဒီက ေကာင္ေလးကို
အေဆာင္လာပို႔တာပါ"

"ေၾသာ္ ေၾသာ္ ...စြဲၿမဲရဲ႕ ဦးေလးထင္တယ္"

"ခင္ဗ်ာ! "

မြန္ျမတ္မင္းထံမွ အံ့ၾသစြာ အာေမဍိတ္အသံ
ကေလးပင္ ထြက္လာ၏။စြဲၿမဲက ေျမႀကီးကို
ေျခမႏွင့္ထိုးဆြကာ ေခါင္းကိုငုံ႕ထားေလသည္။

အကဲခတ္ရင္းမွ ဦးသိန္းလြင္မွာ ႏွစ္ေယာက္
သားကိုၾကည့္ၿပီး အားနာသြားဟန္ျဖင့္ ...

"ကြၽန္ေတာ္က နီးစပ္ရာ ေတြးလိုက္မိတာပါ၊
အခက္ေတြ႕ေစခဲ့ရင္ ေတာင္းပန္ရပါတယ္ခင္
ဗ်ာ"

"ခက္တာေတာ့ ခက္တယ္ဗ်ိဳ႕၊ကိုသိန္းလြင္
ခင္ဗ်ားဟာေလ အင္မတန္မွ် စပ္စုတယ္"

စာသင္ေဆာင္ဘက္က ကူးလာေသာ မ်ိဳးသူ
ရက ဦးသိန္းလြင္အား ဗ်စ္ေတာ္ဗ်စ္ေတာက္
ဆူပူေတာ့၏။

"က်ဳပ္ျဖင့္ မသိလို႔ပါေလ ပါေမာကၡႀကီးရယ္၊
သိမ်ားေနရင္ ေမးမလားခင္ဗ်ာ"

"နိုး နိုး ... ဒါက  secret(လွ်ို႔ဝွက္ခ်က္)ဘဲ
ကိုသိန္းလြင္၊ခင္ဗ်ားတို႔ က်ဳပ္တို႔နဲ႕ မဆိုင္
ေသာအရာဘဲ၊တုခ်င္ရင္ေတာ့ လူပ်ိဳႀကီး
အေရခြံကို အရင္ခြၽတ္မွရမယ္ ဟင္း"

ဦးသိန္းလြင္က ရွက္ၿပဳံးၿပဳံးၿပီး ရယ္ေလ
ေတာ့သည္။သူသည္ ပါေမာကၡရွင္းျပမွ
ခေရေစ့တြင္းက် သိသြားရေတာ့၏။မဟုတ္
ပါက ခန့္မွန္းေခ် ကိုက္လိမ့္မည္မထင္ပါ။
ႏုနယ္သည့္ေကာင္ေလးႏွင့္ အသက္ခပ္႐ြယ္
႐ြယ္လူတစ္ေယာက္သည္ သူ႕အတြက္ ထိုသို႔
အဘယ္သို႔မွ် မေတြးနိုင္ေသာ အရာတစ္ခု။
ယခုမူကား ဆိုင္ရာပိုင္ရာေတြ ျဖစ္ေနၾက
ေလသည္။

"ကိုမြန္ျမတ္ မဂၤလာပြဲမွာ အစဥ္ေခ်ာခဲ့ပါ
ရဲ႕လား"

"ေခ်ာပါတယ္ ကိုသူရ၊ကိုသူရဆီက လက္ဖြဲ႕
ပစၥည္းလည္း ကြၽန္ေတာ္တို႔ရပါတယ္"

"ကြၽန္ေတာ္ျဖင့္ မဂၤလာပြဲကို လာခ်င္ပါရဲ႕၊
ဒါေပမယ့္ ကေလးေတြကို training ေပးေန
ရတယ္ခင္ဗ်ာ၊ဒါေၾကာင့္ မလာျဖစ္ခဲ့တာပါ"

"ဒီလူနဲ႕ဒီလူ ေျပာစရာမွ မလိုဘဲ ကိုသူရရယ္၊
ကြၽန္ေတာ့္အလုပ္ကိုလည္း ကိုသူရနားလည္
သလို ကိုသူရအလုပ္ကိုလည္း ကြၽန္ေတာ္
နားလည္ပါေရာေကာ"

"ဒါေပါ့ ဒါေပါ့၊ဒါနဲ႕ ကိုမြန္ျမတ္ ...ကြၽန္ေတာ့္
ပတည့္ကေလးကို ေသခ်ာၾကည့္ေပးဖို႔ေတာ့
မွာပါရေစေနာ့္၊စြဲၿမဲက ငယ္ေသးေတာ့ေလ
အနည္းငယ္ မရင့္က်က္နိုင္ျဖစ္ေနပါလိမ့္မယ္၊ဒါေပမဲ့ စြဲၿမဲက အမ်ားႀကီး လိမ္မာပါတယ္"

"အကယ္၍ ကိုသူရ တပည့္ေလးက ကြၽန္
ေတာ့္အေပၚဆိုးေနရင္ ဘာလုပ္ပစ္ရမလဲ
ခင္ဗ်ာ"

မိုးသူရသည္ အသံထြက္ေအာင္ရယ္သည္။
စြဲၿမဲကေတာ့ ေခါင္းေလးငုံ႕ေန၏။ထိုၾကားထဲ
ပြဲၾကည့္ပရိတ္သတ္ကေတာ့ အေဆာင္မႉး
ဦးသိန္းလြင္ပင္ျဖစ္ေလသည္။

"အဲ့ေတာ့ ဘယ္ေျပာေကာင္းမလဲခင္ဗ်ာ၊
ႏွစ္ကိုယ္ၾကား အျပစ္ဒဏ္ေတြကို ကိုယ့္
ဘာသာညွိၾကည့္ေပါ့ဗ်ာ"

မိုးသူရစကားအဆုံး ေလးေယာက္သားက
မ်က္ႏွာဆုံမိရင္း ရယ္ၾကရေတာ့သည္။

"အဟင္း ... ကိုသူရေျပာသလိုဘဲ ကြၽန္
ေတာ္တို႔အရင္ညွိရေတာ့မယ္နဲ႕တူတယ္"

အေဆာင္မႉး ဦးသိန္းလြင္က ေထာက္ခံ
သည့္သေဘာႏွင့္ ဝင္ေျပာ၏။

"အတြင္းေရးကိစၥေတြပါရင္ေတာ့ ႏွစ္
ေယာက္တည္းညွိၾကတာဟာ အေကာင္း
ဆုံးဘဲေပါ့ဗ်ာ ဟဲဟဲ"

အဟား ....

ေျပာၿပီး ေလးေယာက္သား ရယ္ၾကရျပန္
သည္။

အတန္ေလးၾကာေတာ့မွ စြဲၿမဲက အထုတ္
ဆြဲၿပီး ေနရမဲ့ အခန္းဆီ ေလွ်ာက္သြားေတာ့
သည္။စြဲၿမဲအဖို႔ ေနေနက် အခန္းကို ဖယ္
ထားသည္ဟုဆိုကာ အေဆာင္မႉးသည္
ေသာ့တစ္ေခ်ာင္းယူၿပီး  စြဲၿမဲေနာက္ကို
လိုက္သြားေလသည္။

မြန္ျမတ္မင္းႏွင့္မိုးသူရတို႔တြင္မူ အေဆာင္
ဆင္ဝင္ေအာက္၌ စကားစျမည္ေျပာရင္း
က်န္ရစ္ခဲ့ၾက၏။ခဏအၾကာမွာေတာ့
ဦးသိန္းလြင္က အေဆာင္ေပၚက ဆင္းလာ
ခဲ့ၿပီး စြဲၿမဲက ေနာက္မွပါလာသည္။

မြန္ျမတ္မင္းသည္ သူတစ္ခ်ိန္လုံးကိုင္
လာခဲ့ေသာ လက္ထဲက သားေရအိတ္
ကေလးကို စြဲၿမဲလက္ထဲသို႔ ထိုးထည္ေပး
ေလသည္။စြဲၿမဲက သေရအိတ္ကေလးကို
ဖြင့္ၾကည့္ၿပီး ေခတၱေၾကာင္အသြားၿပီးမွ
ေခါင္းခါ ျငင္းရွာသည္။

"မယူပါရေစနဲ႕ အစ္ကိုမြန္၊ကြၽန္ေတာ့္အတြက္
အဲသေလာက္ထိ မလိုအပ္ပါဘူး၊အေဆာင္ဖို႔
ထမင္းဖို႔အျပင္ ကြၽန္ေတာ့္မွာ ေငြေတြ ပိုလွ်ံ
ပါေသးတယ္"

"ဘယ့္ႏွယ္ မယူလို႔ရမလဲ၊သုံးသင့္ရင္ သုံး
ရမယ္မဟုတ္လား၊အစ္ကိုက ယူဆို ယူမွ

ေပါ့ ..."

"ဟို ကြၽန္ေတာ္ကေလ အားနာ ..."

"ယူလိုက္ စြဲၿမဲ၊သုံးစရာရွိတာ သုံးပစ္လိုက္၊
မင္း ေယာက်ာ္းက ေငြရွာနိုင္တယ္"

စြဲၿမဲ၏ စကားတဝက္တျပတ္မွာတင္ မိုးသူ
ရသည္ တပည့္ျဖစ္သူကို ဝင္ႏွောက္ေနျခင္း
ျဖစ္၏။ဦးသိန္းလြင္က ၿပဳံးၿပဳံးႀကီးပင္။စြဲၿမဲ
မွာသာ နားမယဥ္ေသးေသာ စကားတခ်ိဳ႕
ေၾကာင့္ မအီမသာေလးၿပဳံးေနရရွာသည္။

မြန္ျမတ္မင္းသည္ ထိုႏွစ္ေယာက္သားကို
ေက်ာ္ကာ သူ႕မေဟသီေလးကိုသာ ေစ့ေစ့
ၾကည့္ေန၏။ထိုအခါ မိုးသူရႏွင့္ဦးသိန္းလြင္
တို႔မွာ ေရွာင္ဖယ္ကာ ထြက္သြားေပးရေတာ့
သည္။

မိုးသူရသည္ အေဝးတစ္ေနရာမွ လက္
ကေလးျပကာ လွမ္းေျပာ၏။

"ကဲ အလြမ္းသယ္စရာရွိတာ တစ္ခါတည္း
သယ္သြားၾက၊စာေမးပြဲနီးခါမွ လာေတြ႕
ခ်င္တာတို႔ ဘာတို႔ မရဘူးေနာ္၊ေနာက္ဆုံး
ႏွစ္ျဖစ္လို႔ ကြၽန္ေတာ့္တပည့္ေလးကို ေသ
ေသခ်ာခ်ာကို runေပးေတာ့မွာ"

ႏွစ္ေယာက္သားက ၿပဳံးစိစိကေလး ျဖစ္
ေနၾက၏။ဦးသိန္းလြင္က ဝင္လွ်ာရွည္
သည္။

"ဒါဆို စြဲၿမဲ ဆရာဝန္ျဖစ္ရင္ ပါေမာကၡဘဲ
အပ္အရင္ အစမ္းခံပါလား"

"ကိုသိန္းလြင္၊ခင္ဗ်ား လွ်ာသိပ္ရွည္ပါ
ေကာလား၊က်ဳပ္က ကိုယ့္ဘာသာကို
ေဆးကုနိုင္တယ္၊ခင္ဗ်ားကိုသာ အရင္
စိုက္ခိုင္းမွာ"

"မလုပ္ပါနဲ႕ ပါေမာကၡရယ္၊စြဲၿမဲက အပ္
ေၾကာက္တယ္လို႔ ပါေမာကၡေျပာဖူးတယ္
မလား၊အဲ့ေတာ့ က်ဳပ္တင္းပါးထဲ အပ္
က်ိဳးက်န္ေနပါဦးမယ္"

"ၾကည့္စမ္း က်ဳပ္တပည့္ေလးကို ခင္ဗ်ား
အထင္ေသးတာဘဲ ကိုသိန္းလြင္၊အပ္က
ေတာ့ ဆရာဝန္ေတြလည္း ေၾကာက္ၾက
တာဘဲ၊ခြဲစိတ္ဓားဆိုရင္ ပိုဆိုးတယ္၊
ေနာက္ေတာ့ ျဖည္းျဖည္းခ်င္း က်င့္ယူ
ရတာေပါ့"

"ဒါဆိုရင္ေတာ့ ပါေမာကၡလည္း အပ္
ေၾကာက္တယ္နဲ႕တူတယ္"

မိုးသူရက ဟက္ဟက္ကေလး ရယ္သည္။

"အဟား ကိုသိန္းလြင္ရယ္၊မေၾကာက္ခဲ့ဘဲ
ေနမလား၊က်ဳပ္ ေဆးေက်ာင္းသားဘဝက
အမွတ္ရစရာတစ္ခုရွိတယ္၊အတန္းသား
အခ်င္းခ်င္း ေသြး အစမ္းေဖာက္ၾကည့္ၿပီး
ေလ့က်င့္ရတယ္ေလ၊က်ဳပ္ျဖင့္ တစ္ဖက္
လူကို အပ္စိုက္မယ္လုပ္တုန္း လက္က
နတ္ဝင္ပူးသလားဘဲ"

"တကယ္ ..."

"တကယ္ေပါ့၊ၿပီးေတာ့ တစ္ဖက္လူ အသား
နာသြားမွာလည္း သိပ္ေၾကာက္ခဲ့တာကိုးဗ်၊
က်ဳပ္လိုဘဲ စြဲၿမဲဟာ အဲသည္သေဘာ"

"အဲသည္သေဘာ ..."

ဦးသိန္းလြင္းက သံေယာင္ လိုက္႐ြတ္သည္။

ပါေမာကၡက ေခါင္းတဆတ္ဆတ္ညိတ္ရင္း ...

"အဲသည္သေဘာေပါ့ခင္ဗ်ာ၊တခ်ိဳ႕ဆို ခြဲခန္း
ေရာက္မွ ခြဲစိတ္ဓားကိုင္ဖို႔ လက္မရဲခဲ့တဲ့ အ
ေျခအေနတယ္ရွိတယ္၊ၿပီးေတာ့ လူနာတစ္
ေယာက္ကို မကယ္လိုက္နိုင္ရင္လည္း ကိုယ့္
ကိုလိပ္ျပာမလုံသလို ခံစားရတယ္၊တစ္ခါ
တစ္ခါဆို အဲဒီဆရာဝန္အလုပ္ကို စြန့္လႊတ္
ပစ္ခ်င္ရတဲ့အထိပါဘဲ"

အေဆာင္မႉးသည္ နားေထာင္ေနရင္းမွ သက္
ျပင္းခ်ေလကာ ...

"ဘာျပဳလို႔ စြန့္လႊတ္ခ်င္ရသလဲခင္ဗ်ာ"

"ကိုသိန္းလြင္ကို က်ဳပ္တစ္ခုေျပာျပမယ္၊
တစ္ခါတစ္ေလ က်ဳပ္တို႔ ဆရာဝန္ဘဝဟာ
အရမ္းကို ခက္ခဲတယ္၊က်ဳပ္တို႔ဆရာဝန္
ေတြက လူနာေတြကို အေကာင္းဆုံးလုပ္ေပး
ခ်င္ၾကသလို လူနာရွင္ေတြကလည္း သူ႕လူ
နာေတြကို ပကတိ ျပန္ေကာင္းလိုၾကတယ္၊
ျဖစ္နိုင္ေျခ မျဖစ္နိုင္ေျခကို သူတို႔စိတ္ထဲ
မယ္ မရွိၾကဘူး၊ထားပါေလ သူတို႔လည္း
အပူေဇာနဲ႕ဆိုေတာ့ သူ႕လူသူ ျပန္လိုခ်င္ၾက
တာခ်ည္းဘဲ၊အဲ့ေတာ့ ဘယ္မွာကိုျပႆနာ
တက္သလဲဆိုရင္ ဆရာဝန္ေတြ လူနာကို
မကယ္လိုက္နိုင္ရင္ေပါ့ ..."

"က်ဳပ္ သေဘာေပါက္ပါစ၊ပါေမာကၡရယ္
မေသတဲ့ ဆိုသမားဆိုတာ မရွိပါဘူး၊အရာ
ရာဟာ တစ္ခုမဟုတ္ တစ္ခုေတာ့ ျဖစ္ပ်က္
ၾကမွာဘဲ၊လူနာ့အသက္ကို မကယ္လိုက္နိုင္
တာနဲ႕ဘဲ ဆရာဝန္ေတြကို အျပစ္ေျပာလို႔
မရပါေလ"

"က်ဳပ္ဟာ အျပစ္သားပါ ကိုသိန္းလြင္"

"ခင္ဗ်ာ"

"ဟုတ္ပါတယ္၊က်ဳပ္ဟာ အျပစ္သားပါ၊
တစ္စုံတစ္ဦးကို က်ဳပ္ မကယ္လိုက္နိုင္
ခဲ့ပါဘူး၊ဒီေန႕ဒီခ်ိန္ထိလည္း က်ဳပ္ျဖင့္
ေနာင္တ ရေနရပါတယ္ ..."

"ေၾသာ္ ပါေမာကၡရယ္ ..."

ပါေမာကၡက စိတ္မေကာင္းစြာ ဆိုလာသျဖင့္
အေဆာင္းမႉးမွာလည္း စိတ္မေကာင္းျဖစ္ရ
သည္။ပါေမာကၡအေၾကာင္းကိုေတာ့ အေဆာင္
မႉးသည္ ဟိုတစ္စသည္တစ္စ ၾကားဖူး၏။

ေျပာၾကသည္ကေတာ့ ပါေမာကၡက သူ႕ခ်စ္
သူကို ဆုံးရႈံးလိုက္ရသည္တဲ့ ...

"ကိုသိန္းလြင္ က်ဳပ္ကိုေလ တစ္ေယာက္
ေယာက္ကေတာ့ လူညာႀကီးဆိုၿပီး ေလွာင္
ေနေတာ့မွာဘဲ၊က်ဳပ္လည္း သက္ေသျပ
ခ်င္ပါရဲ႕ က်ဳပ္ဟာ လူညာႀကီးမဟုတ္
ေၾကာင့္၊ဆရာဝန္တစ္ေယာက္ ပီသေၾကာင့္"

"ပါေမာကၡက ဆရာဝန္ပီသတဲ့ ဆရာဝန္ပါဘဲ၊
ေသျခင္းဟာ လူႀကီး လူငယ္ မေ႐ြးပါဘူး၊
အခ်ိန္တန္ရင္ေတာ့ ေလာကႀကီးက ထြက္
ခြာသြားၾကရတာပါဘဲ၊က်ဳပ္တို႔ ဘယ္တတ္
နိုင္မလဲ ...အသက္ကို ေဆးဝါးမွီၿပီး ဆြဲဆန့္
လို႔ရရင္ေတာင္ အခ်ိန္အတိုင္းအတာ တစ္
ခုထိဘဲ ရပါလိမ့္မယ္၊အဲ့ထက္ေတာ့ မပို
ဘူးေပါ့ခင္ဗ်ာ"

"က်ဳပ္ကို နားလည္ေပးလို႔ ေက်းဇူးပါဘဲ
ကိုသိန္းလြင္၊က်ဳပ္ကို ခြင့္ျပဳပါဦး၊ခင္ဗ်ား
လည္းသက္ေတာင့္သက္သာ အနားယူပါ"

"ေကာင္းပါၿပီ ပါေမာကၡ"

ပါေမာကၡမ်ိဳးသူရႏွင့္အေဆာင္မႉးသိန္းလြင္
တို႔သည္ တစ္ခုလတ္တစ္ေနရာမွာ လူခ်င္း
ခြဲကာ ေနရာကိုယ္စီျပန္ၾကေလေတာ့သည္။

   *    *    *     *     *     *    *     *    *

"စြဲၿမဲ စာကို ဂ႐ုတစိုက္လုပ္ေနာ္၊အခ်ိန္မွန္
မွန္စား၊အခ်ိန္မွန္မွန္ေရခ်ိဳး၊ညဘက္ေတြ
ညဥ့္နက္ေအာင္မေနနဲ႕၊အစ္ကို မင္းကို စိတ္
ပူတာေတာ့အမွန္ဘဲ"

"အစ္ကိုမြန္ကလည္းဗ်ာ"

စြဲၿမဲက တိုးတိုးေလးဆိုကာ မ်က္ႏွာငယ္
ေလးႏွင့္ သူ႕ကိုလွမ္းဖက္လာသည္။သူလည္း
စြဲၿမဲကို ခပ္တင္းတင္းေလး ျပန္ဖက္မိသည္။

"လိမ္မာမယ္မလား၊အစ္ကို ရွာသမွ် စိမ္း
စည္ေတြက မင္းအတြက္ဘဲ စြဲၿမဲ၊အစ္ကိုက
မင္းကို ဘာမွ မလုပ္ခိုင္းခ်င္တာ"

"မဟုတ္တာဗ်ာ"

"အစ္ကို မင္းနဲ႕ မခြဲနိုင္ဘူး၊တကယ္လို႔
မင္း နယ္ေဝးဘက္ေတြတာဝန္သြားက်ရင္
အစ္ကို ဘယ္လိုလုပ္ရပါ့မလဲ"

"လြမ္းရင္ လာေတြ႕ေပါ့"

"ဟုတ္ပါၿပီခင္ဗ်ာ၊ဒီက လူႀကီးဘဲ လာေတြ႕
ပါမယ္၊မေနနိုင္တဲ့သူဆိုေတာ့လဲ အခ်စ္ရွိ
ရာအရပ္ေဒသကို လိုက္ရေတာ့မွာေပါ့"

စြဲၿမဲက

You are reading the story above: TeenFic.Net