ဖွားမြသည် စွဲမြဲတို့ ခြံရှေ့ ခေါက်တုန့်ခေါက်
ပြန်လျှောက်နေသည်။ခြံထဲ၌တွင် ဦးရဲကျော်
နှင့်သူ့မိတ်ဆွေ သုံးယောက်တို့ရှိ၏။ထိုလူတွေ
မှာ ဦးရဲကျော်အိမ်ကို ပြုပြင်ရန် လာရောက်
ကူညီပေးကြခြင်းဖြစ်သည်။ဤသည်ကို ဖွား
မြတစ်ယောက် သိချင်နေသည်။
ဖွားမြက တုန်နှေးတုန်နှေးဖြင့် စွဲမြဲတို့ ခြံထဲသို့
ဝင်လာသည်။ဖွားမြ၏နောက်တွင်မူ အငယ်
လေးက ကပ်ပါလာသည်။အငယ်လေးသည်
မွန်မြတ်မင်းနှင့်စွဲမြဲကိုမြင်လျှင် လက်ပြနှုတ်
ဆက်လေရာ ဖွားမြသည်ကား နဖူးမှအရစ်တို့
တွန့်ကြေအောင် ကုတ်ကြည့်ပြီး အသံစာစာ
ဖြင့်ဆိုပါတော့သည်။
"ဘယ့်နှယ်တော် ဒီလောက်ခိုင်တဲ့အိမ်ကြီး
ပြိုကျရသလားဟေ"
မိုးစင်စင်တောင်မလင်းသေး ဖွားမြဆီက
ထိုစကားသည် ဦးစွာထွက်ပေါ်လာသည်။
စွဲမြဲ စိတ်ဆိုးချင်ပါသည်။သူတို့ ညက ဖြစ်
ပျက်ခဲ့သည်ကို မည်သူက သိမည်နည်း။
အကုန်းလုံးသိထားကြသည်မှာ စွဲမြဲတို့မင်္ဂလာ
ဦးညမှာ အိမ်ပြိုသည်၊ထိုသို့သာ သိထား
ကြသည်။
"လူငယ်တွေ စကြနောက်ကြလို့ ဖြစ်သွား
တာပါ"
စွဲမြဲ မျက်နှာပန်းမလှမှန်းသိ၍ ဖေဖေက
ဖွားမြအား ဝင်ရှင်းပြလေသည်။ဖွားမြက
ခေါင်းတခါခါလုပ်ကာ ...
"ဟေ ... ညည်းတို့ဟာလည်း အဆန်းကြီး
တော်"
ဖွားမြက တနင့်တပိုးပြောချပစ်လိုက်သည်
ပင်။ဖေဖေ့မိတ်ဆွေတွေမှာ ဖွားမြ၏ ထင်
မြင်ချက်ကို သဘောပေါက်၍ထင်သည်
ပြုံးစိစိဖြစ်ကုန်သည်။စွဲမြဲလည်း ရှက်ရှက်နှင့်
မအီမသာပြုံးရသည်။အစ်ကိုမွန်ကတော့
ရှက်သည်ဟုဆိုကာ အိမ်ထဲသို့ ပြေးဝင်သွား
တော့၏။
စွဲမြဲသည် အစ်ကိုမွန့်နောက်ကို လိုက်ရသည်။
အစ်ကိုမွန်က ထောင့်တစ်နေရာမှာ မျက်နှာ
ကိုလက်ဝါးဖြင့်အုပ်ကာ ငိုင်နေသည်။စွဲမြဲက
ခေါင်းလေး တကုတ်ကုတ်နှင့် အစ်ကိုမွန့်
နဘေးမှာ ဝင်ထိုင်လိုက်၏။
"အစ်ကိုမွန် ...၊ဖွားမြကို စိတ်ထဲမထားပါနဲ့၊
ဖွားမြက လူကြီးဆိုတော့ စပ်စုချင်တာပါ"
အစ်ကိုမွန်သည် သက်ပြင်းချကာ အောင့်
သက်သက်ပြုံး၏။
"ဖွားမြတော့ ထားပါတော့၊အခု ရွာသား
တွေက အစ်ကိုတို့ကို တစ်မျိုးမြင်ကုန်ပြီ"
လေသံနှင့်ပြောလာရှာသော အစ်ကိုမွန့်ကို
ကြည့်ပြီး စွဲမြဲ သက်ပြင်းချမိသည်။အစ်ကို
မွန်ပြောသည်က မှန်ပေသည်၊တစ်ရွာလုံးက
သူတို့နှစ်ယောက်အား တစ်မျိုးတစ်မည်
ထင်မြင်နေကြ၏။တကယ်တမ်းကျတော့
သည်ဖြစ်စဥ်မှာ အောင်ဒွေး၏ လက်ချက်
ဖြစ်နေသည်။
အောင်ဒွေးသည် သူတို့အိပ်ခန်းကို တမင်
တကာအကွက်ဆင်ပြီး ကြမ်းခင်းတွေကို
လက်ရာမပျက် ဖောက်သွားသည်ပင်ဖြစ်
၏။ထိုမျှမကသေးပါ ခေါင်းအုံးအောက်
တွင် ခါချဥ်အုံထည့်ထားပြီး စောင်တွေမှာ
ဇီးခက်များကို ထည့်ထား၏။ဤကဲ့သို့
ကြံကြံဖန်ဖန်စသည့် အောင်ဒွေးကြောင့်
သူတို့နှစ်ယောက်မှာ ဘယ်လောက်တောင်
ဆိုးရွားခဲ့ပါသလဲ။နောက်ဆုံးတော့ တစ်
ရွာလုံး၏ အထင်အမြင်လွဲခြင်းပါ ခံလိုက်
ရသေး၏။အစ်ကိုမွန်ဆို မိဘနှစ်ပါးအပြင်
ဖေဖေ့ကိုပါ မျက်နှာချင်း မဆိုင်ဝံ့တော့
ပေ။မချင့်မရဲနှင့်သာ နေထိုင်နေရသည်။
ခက်တာက လူကြီးတွေမှာ ရှင်းပြလည်း
မရပြန်။စကားကို ပြီးဆုံးအောင် နားမ
ထောင်ပေးသည့်အပြင်"မင်းတို့နှစ်ယောက်
ချစ်တေးနှောတာကအစ ငါတို့လူကြီးတွေ
နားထောင်ပေးရဦးမှာလား"ဟူသော စကား
ကိုဘဲ ထပ်ခါတလဲလဲပင် ပြောကြတတ်၏။
အဲ့သည်မှာဘဲ သူနှင့်အစ်ကိုမွန်ဟာ တွင်းဆုံး
ကျခဲ့ရသည်ပင်။ပြဿနာက ရှင်းမရဘဲ ကြီး
သထက်ကြီးသွားတော့သည်။
"အစ်ကိုလေ တစ်ကိုယ်လုံးခြစ်ရာတွေနဲ့၊
ကျောတောင် ကောင်းကောင်း မချနိုင်ဘူး"
စွဲမြဲ၏ လက်တစ်ဖက်ကိုကိုင်ကာ မွန်မြတ်
မင်းက နှုတ်မှ တိုးတိုးကလေး ညည်းပြော
ရှာသည်။စွပ်ကျယ်ကို လှန်တင်ပြီးလည်း
သူ့ကျောပြင်က ဒဏ်ရာတွေအား စွဲမြဲကို
ပြနေလေသည်။ထိုသို့ဆို စွဲမြဲမှာမူ စိတ်ထဲ
မကောင်းဖြစ်ရပြန်ပါသည်။
"အစ်ကိုမွန် အတော်နာနေသလား"
စွဲမြဲသည် လက်ချောင်းထိပ်ကလေးတွေနှင့်
အစ်ကိုမွန့်ကျောပြင်ကြီးကို ထိတွေ့မိသည်။
အနီစက်များနှင့်ခြစ်ရာတစ်ချို့ကိုလည်း စွဲ
မြဲတွေ့လိုက်ရပြန်ပါ၏။
စွဲမြဲသက်ပြင်းကလေးချကာ အောင်ဒွေး
ကိုဘဲ ကျိန်ဆဲနေမိတော့သည်။
"အစ်ကိုမွန် အောင်ဒွေးကို ကျွန်တော်
ဘာလုပ်ပေးရမလဲ"
ထိုသို့ စွဲမြဲမေးမိတော့ အစ်ကိုမွန်၏မျက်လုံး
များထဲမှ အံ့သြသင့်ခြင်းမျိုးကို ပထမဦးစွာ
စွဲမြဲမြင်တွေ့လိုက်ရ၏။အစ်ကိုမွန်သည် ထို
မျက်လုံးများနှင့်ပင် အတန်ကြာကြာ စိုက်
ကြည့်နေပြီးမှ မျက်နှာကိုတစ်ဖက်သို့ လွှဲသွား
လျက် အေးချမ်းစွာဆိုလာသည်။
"ဘယ်လုပ်ကောင်းမလဲ၊လူငယ်တွေဘဲ
အပျော်အပျက်တော့ ရှိကြတာပေါ့၊အစ်
ကို့စိတ်ထဲမယ် အောင်ဒွေးကို ဘာမှမရှိ
ပါလေ"
အစ်ကိုမွန်က ခွင့်လွှတ်ခြင်းနှင့်ဆိုလာတော့
စွဲမြဲမချင့်မရဲလေးဖြစ်လာသည်။အောင်ဒွေး
၏အကြောင့်ကို သူသာအသိဆုံး။မင်္ဂလာပွဲ
မကျင်းပမှီ တစ်ရက်အလိုက သူနှင့်အောင်
ဒွေးမှာ ဝန်ခံကတိတချို့ ပေးခဲ့ကြ၏။ထိုဝန်
ခံကတိထဲတွင် မင်္ဂလာပွဲ၌ နှောက်ယှက်ခြင်း
မပြုရဟူသည်က ဦးစွာပထမပါလေသည်။
သည်ကို အောင်ဒွေးကလည်း လက်ခံခဲ့ပြီး
သူလိုချင်လှပါသည်ဟူသော အစ်ကိုမွန်၏
လက်ပတ်နာရီကိုပင် စွဲမြဲ လဘ်ထိုးရခဲ့၏။
နေပါဦး ...
အဲသည် လက်ပတ်နာရီကို အစ်ကိုမွန်သာ
ရှာလျှင် စွဲမြဲအဘယ်သို့ ဖြေပေးရမည်နည်း။
တွေးရင်း စွဲမြဲ ရင်ဖိုလာသည်။စွဲမြဲသည် အစ်
ကိုမွန့်ကို မသိမသာတစ်ချက်လှမ်းကြည့်တော့
အစ်ကိုမွန်ဟာ မျက်နှာကိုငုံ့ထားလျက် လည်
ပင်းကိုသာ ပွတ်သက်နေသည်။ဤအမူအရာ
မြတ်စွာဘုရား ...
အစ်ကိုမွန် ထိုနာရီကိုမေ့ပျောက်ပါစေဘုရား ...
နို့ ... ဒီနာရီက မမကြူပြောပြောပြတဲ့ အစ်ကို
မွန်မြတ်နိုးသည်ဟူသော နာရီများ ဖြစ်လေ
သလား ...
"စွဲမြဲ ..."
"အစ် ...အစ်ကိုမွန် အဲ့ဒါ ကျွန်တော်တမင်
တကာလုပ်တာ မဟုတ်ရပါဘူး"
"ဟေ ..."
စွဲမြဲသည် လွှတ်ခနဲ ပြောလိုက်မိသည့်ပါးစပ်ကို
လက်ကလေးနှင့် ပျာယာခတ်အုပ်မိသည်။သို့
သော် ...အသိက နောက်ကျခဲ့လေပြီ။
မျက်နှာကုတ်လျက်ကြည့်နေသော အစ်ကိုမွန်
သည် စွဲမြဲလက်ကလေးတွေကို ဆွဲခွာချ၏။
လေသံ ခပ်မာမာကလေးနှင့်လည်းပြော၏။
"ဘာကိုလဲ၊ဘာကို တမင်တကာမလုပ်တာလဲ"
စွဲမြဲ ခေါင်းကို အတွင်တွင် ခါငြင်းမိရင်း ...
"ဟင်အင့် ...ဘာ ...ဘာမှမဟုတ်ဘူးဗျ"
"ကောင်လေး"
ခေါ်သံမှာ ခပ်ပြတ်ပြတ်ဆိုပေမဲ့ ဂရုနာသံတော့
ပါနေသည်။ထို့နောက် စွဲမြဲ၏ လက်ကလေးကို
ဆုပ်ကိုင်လာသည်ကလည်း နွေးထွေးမူအပြည့်
အဝနေလေသည်။ထိုသို့ကြောင့်ပင် စွဲမြဲရင်ထဲ
လှုပ်ရှားမူ တစ်ခုဖြစ်ပေါ်လာ၏။ဤသည်မှာ
ဝန်ခံခြင်းတရားတို့ ကပ်ပါလာခဲ့သည်။
"အစ်ကိုမွန် ...၊ကျွန် ...ကျွန်တော်လေ အမှား
လုပ်မိလိုက်ပြီ၊တကယ် တောင်းပန်ပါတယ်"
စွဲမြဲ စိတ်မကောင်းစွာ အားယူပြီးပြောရသည်။
အစ်ကိုမွန်က ခေါင်းတစ်ချက်ခါကာ သူ့အား
ရင်ခွဲထဲသို့ ယုယစွာထွေးပွေ့၏။
"နာရီကိစ္စဆိုရင်တော့ အစ်ကို့ကို မင်းတောင်း
ပန်စရာမလိုဘူးထင်တယ်၊ဒါပေမဲ့ အဲ့ဒီနာရီ
ကိုတော့ အစ်ကိုတကယ် မြတ်နိုးရတာပါ"
စွဲမြဲသည် အားရဝမ်းသာ လှစ်ခနဲပြုံးမိပေမဲ့
တစ်ခဏအတွင်း မျက်နှာကလေးဟာ ညှိုး
သွားရှာသည်။
နာရီကိစ္စအား အစ်ကိုမွန် စိတ်မဆိုးသည်ကို
စွဲမြဲဝမ်းသာရသော်ငြား အစ်ကိုမွန်၏"မြတ်နိုး
ရတယ်"ဟူသော စကားတစ်ခွန်းကြောင့် စွဲမြဲ
စိတ်ထဲ စနိုးစနောက်ဖြစ်သွားရသည်မှာအမှန်။
ပြီးတော့ မအပ်စပ်သော အတွေးတချို့လည်း
ဝင်လာရသည်။
အကယ်၍ အဲ့သည်နာရီပေးသောသူဟာ သူ
ထင်သလို အမျိုးသမီးတစ်ဦး ဖြစ်နေခဲ့ပါလျှင်။
"ထားပါလေ၊အခုတော့ အဲဒီနာရီ အစ်ကို့ဆီ
ရှိနေလည်း ဘာမှမထူးတော့ပါဘူး"
စွဲမြဲ ငြိမ်သက်စွာ နားစွင့်မိသည်။အစ်ကိုမွန်
ပြောသွားသည့်စကားက သံသယရှိစရာ
ကောင်းသည်။အစ်ကိုမွန်ဟာ စိတ်ကိုတည်
ငြိမ်စွာဖြင့် လုပ်ယူပြောနေပေမဲ့ ဆွေးမြေ့
ခြင်းက ဦးတည်နေသည်။
ဤသည်ကို စွဲမြဲဘဝင်မကျလှ၍ အစ်ကိုမွန့်
ရင်ခွင်ထဲ အတင်းရုန်းထွက်ကာ ဆိုမိ၏။
"အဲ့ဒီနာရီက အစ်ကိုမွန့်အတွက် အဲ့သလောက်
အရေးပါနေသလား"
"ပါတယ်လို့ ပြောရမယ်"
"ဘယ်လို ဘယ်လို ..."
စွဲမြဲ၏ မျက်နှာကလေးမှာ နီညှိုရောင်သန်း
လာသည်။နှုတ်ခမ်းလေးကို တင်းတင်းစေ့
ကာ လက်သီးကိုလည်း ကျစ်ခနဲဆုပ်ပစ်၏။
စွဲမြဲကိုကြည့်ပြီး မွန်မြတ်မင်းမှာမူ ပါးစပ်အ
ဟောင်းသားနှင့် ဖြစ်နေရှာသည်။
"ဟော ...ဘာဖြစ်သလဲ၊စောစောကဘဲ
ပြောနေတာအကောင်း"
"အစ်ကိုမွန် အဲ့ဒီအမျိုးသမီးကို ဘာကြောင့်
ဒီလောက်တောင် မြတ်နိုးနေရသလဲ"
စွဲမြဲပြောရင်း မျက်ရည်ဝဲလာသည်။သူ့အပြင်
တခြားအမျိုးသမီးကို မြတ်နိုးဖူးသည်တဲ့လား။
ဒါဆို ဘာကြောင့် သူ့ကို လက်ထပ်ခဲ့ရသလဲ။
အစ်ကိုမွန်ကကော ထိုအမျိုးသမီးကို ဘာကြောင့်
လက်မထပ်ခဲ့ရသလဲ။
စွဲမြဲမှာ တွေးရင်း ရင်ထဲနင့်လာကာ ဟီးခနဲ
ငိုချတော့သည်။ငိုနေပေမဲ့ အပြောကမရပ်။
"အခု အစ်ကိုမွန် ဘာမှမပြောနိုင်တော့ဘူး
မလား၊ဟုတ်ပါတယ် အစ်ကိုမွန်က အဲ့ဒီ
အမျိုးသမီးကို မေ့မရဖြစ်နေတာပါ၊ဒါနဲ့များ
ကျွန်တော့်ကို ကျွန်တော့်ကို ..."
"အစ်ကိုပြောမှာကို သေချာနားထောင် စွဲမြဲ"
စွဲမြဲက မျက်ရည်စက်လက်ကလေးနှင့်မော့
ကြည့်၏။မွန်းမြတ်မင်းက သက်ပြင်းကလေး
ချရင်းဆိုသည်။
"လူတိုင်းမှာ အချစ်ဦးဆိုတာရှိတယ်၊စွဲမြဲမှာ
လည်းအချစ်ဦးရှိသလို အစ်ကို့မှာလည်း အ
ချစ်ဦးရှိတယ်၊ဒါပေမဲ့ အစ်ကို့မှာက လေး
ယောက်"
"ခင်ဗျာ"
"ဟုတ်တယ် စွဲမြဲ၊အစ်ကို့မှာ အချစ်ဦးလေး
ယောက်ရှိတယ်"
မျက်ရည်ကလေးဝဲတဲတဲနှင့်စွဲမြဲသည် မွန်
မြတ်မင်းရင်ခွင်ထဲသို့ အတင်းတို့ဝှေးကာ
"ဟင်အင့် ...အစ်ကိုမွန့်အချစ်ဦးက ကျွန်
တော်တစ်ယောက်တည်းဘဲဖြစ်ရမယ်လေ၊
ဘာလို့ လေးယောက်တောင်လဲဗျာ ..."
"အစ်ကိုက မင်းကိုအချစ်ဆုံးပါ"
စွဲမြဲသည် ခေါင်းလေးအတင်းခါရင်း ...
"အစ်ကိုမွန်က ကျွန်တော့်ကို ကျေနပ်စေ
တာဘဲရှိတာပါ၊အစ်ကိုမွန့်အချစ်ဦးက
ကျွန်တော် မဟုတ်ခဲ့ဘူးလေ"
"ဒါပေမဲ့ အစ်ကိုက မင်းကို အချစ်ဆုံးလေ"
"မသိဘူးဗျာ"
စွဲမြဲဲမျက်နှာကလေးမှာ တစ်ဖက်သို့ လွှဲ
သွားလျှင် မွန်မြတ်မင်းသည် အသဲအသန်
ချော့မော့ရတော့သည်။မချော့လို့က မရ
တော့ပေ၊စွဲမြဲက ရှိုက်ကြီးတငင် ငိုနေရှာ
လေပြီ။
မွန်မြတ်မင်းသည် စွဲမြဲခန္ဓာကိုယ်လေးကို
ဆွဲပွေ့ကာ သူ့ရင်ခွင်ထဲသို့ ထည့်ထားလိုက်
ပြီး စွဲမြဲ၏ နှုတ်ခမ်းကလေးကို ငုံနမ်းသည်။
"အစ်ကိုက စတာပါ၊အစ်ကို့ဘဝမှာ ဘယ်
အမျိုးသမီးနဲ့မှ မပတ်သက်ခဲ့ရပါဘူး ...
အစောက အစ်ကိုပြောတဲ့ အချစ်ဦးဆိုတာ
ဟာလည်း ဖေဖေ၊မေမေနဲ့ အဖိုးအဖွားတွေ
ကိုပြောတာပါ"
ရင်ခွင်ထဲမှ ခေါင်းလေးမော့ကြည့်ကာ
နှာခေါင်းရှုံ့နေသော စွဲမြဲက ...
"တကယ်ကော ဟုတ်လို့လား"
"တကယ်ပေါ့၊အဖွားသဘောတူပေးတဲ့
အမျိုးသမီးတိုင်းကို အစ်ကိုငြင်းခဲ့တာဘဲ၊
မင်းနဲ့ကျမှ အစ်ကို ဘာဖြစ်သွားမှန်း ကိုယ့်
ကိုကိုယ်မသိဘူး"
ပြောရင်း မွန်မြတ်မင်းသည် ဟက်ခနဲ
ထရယ်သည်။တစ်ချိန်က ဇီဇာကြောင်
လွန်းသဖြင့် ဘယ်အမျိုးသမီးနှင့်မျှ စံနှုန်း
မကိုက်လေသောကြောင့် လူပျိုကြီးဘဝ
ရောက်ခဲ့ရသည့် ကိုယ့်အဖြစ်ကို တွေးပြီး
လည်းရယ်မိရပြန်ပါသည်။ထိုအခိုက်
စွဲမြဲသည် ယုန်သူငယ်လေးလို နူးညံ့စွာ
သူ့ရင်ခွင်ထဲသို့ တိုးဝှေးလာသည်။သူသည်
စွဲမြဲ၏ ခန္ဓာကိုယ်လေးကို ထွေးပွေ့ထား
လိုက်ရင်း နဖူးကလေးအား ယုယစွာ
နမ်းရှိုက်သည်။ထိုမှ နီညိုရောင်ရှိသော
နှုတ်ခမ်းသားလေးကို စိတ်ဆန္ဒပြင်းစွာဖြင့်
ငုံနမ်းမိတော့၏။
"စွဲမြဲ"
"ဟုတ်ကဲ့ပါ အစ်ကိုမွန်"
စွဲမြဲက ညင်သာစွာ ပြန်ထူး၏။မွန်မြတ်
မင်းသည် ရင်ခွင်ထဲရောက်နေသော ကောင်
လေးကို တွေတွေလေး စိုက်ကြည့်နေသည်။
ခေတ္တာကြာမှ ...
"မင်း အစ်ကို့ကို ဘယ်လိုသဘောထား
သလဲ"
"အာ အစ်ကိုမွန်က ကျွန်တော့်ယောကျာ်း
အိမ်ဦးနတ်ပေါ့ခင်ဗျာ"
"မင်း သိပ်ကို လိမ်မာနေပါကောလား"
"ဘာလို့လဲ"
"အို ... အစ်ကိုက လိမ်မာတယ်ဆို လိမ်မာ
တယ်ပေါ့"
စွဲမြဲ ပြုံးစိစိကလေးနှင့် ခေါင်းလေးခါယမ်း
ရင်း ....
"ကျွန်တော်က မလိမ်မာပါဘူး"
မွန်မြတ်မင်းက ဟက်ခနဲတစ်ချက်ရယ်ကာ
စွဲမြဲ၏ ပါးကလေးတစ်ဖက်ကို ဖွဖွလေး လိမ်
ဆွဲ၍...
"အဲ့တော့ စွဲမြဲက ဘာလုပ်ချင်သလဲ"
"ကျွန်တော်လား၊ကျွန်တော် အစ်ကိုမွန့်ကို
ဖက်ထားချင်တာ၊ဖြစ်နိုင်ရင် အစ်ကိုမွန့်ကို
မော်လမြိုင်မပြန်စေချင်သေးဘူး"
"အစ်ကို ခွင့်ရက်ပြည့်ပြီကွယ်၊ပြီးတော့
မင်းကို ကျောင်းပို့ရဦးမယ်လေ"
"ကျွန်တော်တစ်နှစ်နားပြီး အစ်ကိုမွန်နဲ့
လိုက်နေမယ် ဖြစ်သလား"
"ဟေ မဖြစ်ပါဘူး၊ဘာလို့ တစ်နှစ်နားမလဲ၊
အချိန်တွေ အများကြီးပေးဆပ်ခဲ့ပြီးမှ မနား
ပါနဲ့လားကွာ"
ငြူစူစူလေးဖြစ်နေသော စွဲမြဲမျက်နှာက
လေးမှာ သူ့အား မော့ကြည့်လာပြီး ...
"အစ်ကိုမွန် ကျွန်တော့်ကို ပစ်သွားမယ်
မှလား"
"မဟုတ်တာတွေ၊အစ်ကိုဘာလို့ မင်းကို
ပစ်သွားရမလဲ၊အစ်ကိုနဲ့မင်းက တရား
ဝင်တောင် ယူထားပြီးပြီ၊နောက်ပြီး အစ်
ကိုဟာ မင်းကို ချစ်လို့ လက်ထပ်ယူခဲ့
တယ်ဆိုတာ မမေ့ပါနဲ့"
စကားအဆုံး နှစ်ယောက်သားက အကြည့်
ချင်းဆုံးသွားရသည်။စွဲမြဲ မျက်နှာကလေး
နီးမြန်းနေသလို မွန်မြတ်မင်း၏ မျက်နှာ
မှာလည်း နီးမြန်းနေ၏။တစ်ယောက် နှလုံး
ခုန်သံကိုလည်း တစ်ယောက်ကြားနေရ၏။
ဂယောက်ဂယက် ဖြစ်တည်လာသော စိတ်
တို့နှင့်အတူ ပွင့်ဟလာသော နှုတ်ခမ်းနှစ်
စုံသည် ထပ်တူကျသွားခဲ့လေတော့သည်။
အပိုင်း( ၁၈ )ဆက်ရန်
>>>>>>>>>>
ဖြားျမသည္ စြဲၿမဲတို႔ ၿခံေရွ႕ ေခါက္တုန့္ေခါက္
ျပန္ေလွ်ာက္ေနသည္။ၿခံထဲ၌တြင္ ဦးရဲေက်ာ္
ႏွင့္သူ႕မိတ္ေဆြ သုံးေယာက္တို႔ရွိ၏။ထိုလူေတြ
မွာ ဦးရဲေက်ာ္အိမ္ကို ျပဳျပင္ရန္ လာေရာက္
ကူညီေပးၾကျခင္းျဖစ္သည္။ဤသည္ကို ဖြား
ျမတစ္ေယာက္ သိခ်င္ေနသည္။
ဖြားျမက တုန္ႏွေးတုန္ႏွေးျဖင့္ စြဲၿမဲတို႔ ၿခံထဲသို႔
ဝင္လာသည္။ဖြားျမ၏ေနာက္တြင္မူ အငယ္
ေလးက ကပ္ပါလာသည္။အငယ္ေလးသည္
မြန္ျမတ္မင္းႏွင့္စြဲၿမဲကိုျမင္လွ်င္ လက္ျပႏႈတ္
ဆက္ေလရာ ဖြားျမသည္ကား နဖူးမွအရစ္တို႔
တြန့္ေၾကေအာင္ ကုတ္ၾကည့္ၿပီး အသံစာစာ
ျဖင့္ဆိုပါေတာ့သည္။
"ဘယ့္ႏွယ္ေတာ္ ဒီေလာက္ခိုင္တဲ့အိမ္ႀကီး
ၿပိဳက်ရသလားေဟ"
မိုးစင္စင္ေတာင္မလင္းေသး ဖြားျမဆီက
ထိုစကားသည္ ဦးစြာထြက္ေပၚလာသည္။
စြဲၿမဲ စိတ္ဆိုးခ်င္ပါသည္။သူတို႔ ညက ျဖစ္
ပ်က္ခဲ့သည္ကို မည္သူက သိမည္နည္း။
အကုန္းလုံးသိထားၾကသည္မွာ စြဲၿမဲတို႔မဂၤလာ
ဦးညမွာ အိမ္ၿပိဳသည္၊ထိုသို႔သာ သိထား
ၾကသည္။
"လူငယ္ေတြ စၾကေနာက္ၾကလို႔ ျဖစ္သြား
တာပါ"
စြဲၿမဲ မ်က္ႏွာပန္းမလွမွန္းသိ၍ ေဖေဖက
ဖြားျမအား ဝင္ရွင္းျပေလသည္။ဖြားျမက
ေခါင္းတခါခါလုပ္ကာ ...
"ေဟ ... ညည္းတို႔ဟာလည္း အဆန္းႀကီး
ေတာ္"
ဖြားျမက တနင့္တပိုးေျပာခ်ပစ္လိုက္သည္
ပင္။ေဖေဖ့မိတ္ေဆြေတြမွာ ဖြားျမ၏ ထင္
ျမင္ခ်က္ကို သေဘာေပါက္၍ထင္သည္
ၿပဳံးစိစိျဖစ္ကုန္သည္။စြဲၿမဲလည္း ရွက္ရွက္ႏွင့္
မအီမသာၿပဳံးရသည္။အစ္ကိုမြန္ကေတာ့
ရွက္သည္ဟုဆိုကာ အိမ္ထဲသို႔ ေျပးဝင္သြား
ေတာ့၏။
စြဲၿမဲသည္ အစ္ကိုမြန့္ေနာက္ကို လိုက္ရသည္။
အစ္ကိုမြန္က ေထာင့္တစ္ေနရာမွာ မ်က္ႏွာ
ကိုလက္ဝါးျဖင့္အုပ္ကာ ငိုင္ေနသည္။စြဲၿမဲက
ေခါင္းေလး တကုတ္ကုတ္ႏွင့္ အစ္ကိုမြန့္
နေဘးမွာ ဝင္ထိုင္လိုက္၏။
"အစ္ကိုမြန္ ...၊ဖြားျမကို စိတ္ထဲမထားပါနဲ႕၊
ဖြားျမက လူႀကီးဆိုေတာ့ စပ္စုခ်င္တာပါ"
အစ္ကိုမြန္သည္ သက္ျပင္းခ်ကာ ေအာင့္
သက္သက္ၿပဳံး၏။
"ဖြားျမေတာ့ ထားပါေတာ့၊အခု ႐ြာသား
ေတြက အစ္ကိုတို႔ကို တစ္မ်ိဳးျမင္ကုန္ၿပီ"
ေလသံႏွင့္ေျပာလာရွာေသာ အစ္ကိုမြန့္ကို
ၾကည့္ၿပီး စြဲၿမဲ သက္ျပင္းခ်မိသည္။အစ္ကို
မြန္ေျပာသည္က မွန္ေပသည္၊တစ္႐ြာလုံးက
သူတို႔ႏွစ္ေယာက္အား တစ္မ်ိဳးတစ္မည္
ထင္ျမင္ေနၾက၏။တကယ္တမ္းက်ေတာ့
သည္ျဖစ္စဥ္မွာ ေအာင္ေဒြး၏ လက္ခ်က္
ျဖစ္ေနသည္။
ေအာင္ေဒြးသည္ သူတို႔အိပ္ခန္းကို တမင္
တကာအကြက္ဆင္ၿပီး ၾကမ္းခင္းေတြကို
လက္ရာမပ်က္ ေဖာက္သြားသည္ပင္ျဖစ္
၏။ထိုမွ်မကေသးပါ ေခါင္းအုံးေအာက္
တြင္ ခါခ်ဥ္အုံထည့္ထားၿပီး ေစာင္ေတြမွာ
ဇီးခက္မ်ားကို ထည့္ထား၏။ဤကဲ့သို႔
ႀကံႀကံဖန္ဖန္စသည့္ ေအာင္ေဒြးေၾကာင့္
သူတို႔ႏွစ္ေယာက္မွာ ဘယ္ေလာက္ေတာင္
ဆိုး႐ြားခဲ့ပါသလဲ။ေနာက္ဆုံးေတာ့ တစ္
႐ြာလုံး၏ အထင္အျမင္လြဲျခင္းပါ ခံလိုက္
ရေသး၏။အစ္ကိုမြန္ဆို မိဘႏွစ္ပါးအျပင္
ေဖေဖ့ကိုပါ မ်က္ႏွာခ်င္း မဆိုင္ဝံ့ေတာ့
ေပ။မခ်င့္မရဲႏွင့္သာ ေနထိုင္ေနရသည္။
ခက္တာက လူႀကီးေတြမွာ ရွင္းျပလည္း
မရျပန္။စကားကို ၿပီးဆုံးေအာင္ နားမ
ေထာင္ေပးသည့္အျပင္"မင္းတို႔ႏွစ္ေယာက္
ခ်စ္ေတးႏွောတာကအစ ငါတို႔လူႀကီးေတြ
နားေထာင္ေပးရဦးမွာလား"ဟူေသာ စကား
ကိုဘဲ ထပ္ခါတလဲလဲပင္ ေျပာၾကတတ္၏။
အဲ့သည္မွာဘဲ သူႏွင့္အစ္ကိုမြန္ဟာ တြင္းဆုံး
က်ခဲ့ရသည္ပင္။ျပႆနာက ရွင္းမရဘဲ ႀကီး
သထက္ႀကီးသြားေတာ့သည္။
"အစ္ကိုေလ တစ္ကိုယ္လုံးျခစ္ရာေတြနဲ႕၊
ေက်ာေတာင္ ေကာင္းေကာင္း မခ်နိဳင္ဘူး"
စြဲၿမဲ၏ လက္တစ္ဖက္ကိုကိုင္ကာ မြန္ျမတ္
မင္းက ႏႈတ္မွ တိုးတိုးကေလး ညည္းေျပာ
ရွာသည္။စြပ္က်ယ္ကို လွန္တင္ၿပီးလည္း
သူ႕ေက်ာျပင္က ဒဏ္ရာေတြအား စြဲၿမဲကို
ျပေနေလသည္။ထိုသို႔ဆို စြဲၿမဲမွာမူ စိတ္ထဲ
မေကာင္းျဖစ္ရျပန္ပါသည္။
"အစ္ကိုမြန္ အေတာ္နာေနသလား"
စြဲၿမဲသည္ လက္ေခ်ာင္းထိပ္ကေလးေတြႏွင့္
အစ္ကိုမြန့္ေက်ာျပင္ႀကီးကို ထိေတြ႕မိသည္။
အနီစက္မ်ားႏွင့္ျခစ္ရာတစ္ခ်ိဳ႕ကိုလည္း စြဲ
စြဲၿမဲသက္ျပင္းကေလးခ်ကာ ေအာင္ေဒြး
ကိုဘဲ က်ိန္ဆဲေနမိေတာ့သည္။
"အစ္ကိုမြန္ ေအာင္ေဒြးကို ကြၽန္ေတာ္
ဘာလုပ္ေပးရမလဲ"
ထိုသို႔ စြဲၿမဲေမးမိေတာ့ အစ္ကိုမြန္၏မ်က္လုံး
မ်ားထဲမွ အံ့ၾသသင့္ျခင္းမ်ိဳးကို ပထမဦးစြာ
စြဲၿမဲျမင္ေတြ႕လိုက္ရ၏။အစ္ကိုမြန္သည္ ထို
မ်က္လုံးမ်ားႏွင့္ပင္ အတန္ၾကာၾကာ စိုက္
ၾကည့္ေနၿပီးမွ မ်က္ႏွာကိုတစ္ဖက္သို႔ လႊဲသြား
လ်က္ ေအးခ်မ္းစြာဆိုလာသည္။
"ဘယ္လုပ္ေကာင္းမလဲ၊လူငယ္ေတြဘဲ
အေပ်ာ္အပ်က္ေတာ့ ရွိၾကတာေပါ့၊အစ္
ကို႔စိတ္ထဲမယ္ ေအာင္ေဒြးကို ဘာမွမရွိ
ပါေလ"
အစ္ကိုမြန္က ခြင့္လႊတ္ျခင္းႏွင့္ဆိုလာေတာ့
စြဲၿမဲမခ်င့္မရဲေလးျဖစ္လာသည္။ေအာင္ေဒြး
၏အေၾကာင့္ကို သူသာအသိဆုံး။မဂၤလာပြဲ
မက်င္းပမွီ တစ္ရက္အလိုက သူႏွင့္ေအာင္
ေဒြးမွာ ဝန္ခံကတိတခ်ိဳ႕ ေပးခဲ့ၾက၏။ထိုဝန္
ခံကတိထဲတြင္ မဂၤလာပြဲ၌ ႏွောက္ယွက္ျခင္း
မျပဳရဟူသည္က ဦးစြာပထမပါေလသည္။
သည္ကို ေအာင္ေဒြးကလည္း လက္ခံခဲ့ၿပီး
သူလိုခ်င္လွပါသည္ဟူေသာ အစ္ကိုမြန္၏
လက္ပတ္နာရီကိုပင္ စြဲၿမဲ လဘ္ထိုးရခဲ့၏။
ေနပါဦး ...
အဲသည္ လက္ပတ္နာရီကို အစ္ကိုမြန္သာ
ရွာလွ်င္ စြဲၿမဲအဘယ္သို႔ ေျဖေပးရမည္နည္း။
ေတြးရင္း စြဲၿမဲ ရင္ဖိုလာသည္။စြဲၿမဲသည္ အစ္
ကိုမြန့္ကို မသိမသာတစ္ခ်က္လွမ္းၾကည့္ေတာ့
အစ္ကိုမြန္ဟာ မ်က္ႏွာကိုငုံ႕ထားလ်က္ လည္
ပင္းကိုသာ ပြတ္သက္ေနသည္။ဤအမူအရာ
က အစ္ကိုမြန္သည္ သူ၏နာရီကို စဥ္းစားေတြး
ေတာ့ေနသေလာ။ဒါမွမဟုတ္ လက္ပတ္နာရီကို ေအာင္ေဒြးဆီေပးလိုက္စဥ္ သူ႕အား အစ္ကိုမြန္
ျမင္ေတြ႕ခဲ့၍ေလာ။
ျမတ္စြာဘုရား ...
အစ္ကိုမြန္ ထိုနာရီကိုေမ့ေပ်ာက္ပါေစဘုရား ...
နို႔ ... ဒီနာရီက မမၾကဴေျပာေျပာျပတဲ့ အစ္ကို
မြန္ျမတ္နိုးသည္ဟူေသာ နာရီမ်ား ျဖစ္ေလ
သလား ...
"စြဲၿမဲ ..."
"အစ္ ...အစ္ကိုမြန္ အဲ့ဒါ ကြၽန္ေတာ္တမင္
တကာလုပ္တာ မဟုတ္ရပါဘူး"
"ေဟ ..."
စြဲၿမဲသည္ လႊတ္ခနဲ ေျပာလိုက္မိသည့္ပါးစပ္ကို
လက္ကေလးႏွင့္ ပ်ာယာခတ္အုပ္မိသည္။သို႔
ေသာ္ ...အသိက ေနာက္က်ခဲ့ေလၿပီ။
မ်က္ႏွာကုတ္လ်က္ၾကည့္ေနေသာ အစ္ကိုမြန္
သည္ စြဲၿမဲလက္ကေလးေတြကို ဆြဲခြာခ်၏။
ေလသံ ခပ္မာမာကေလးႏွင့္လည္းေျပာ၏။
"ဘာကိုလဲ၊ဘာကို တမင္တကာမလုပ္တာလဲ"
စြဲၿမဲ ေခါင္းကို အတြင္တြင္ ခါျငင္းမိရင္း ...
"ဟင္အင့္ ...ဘာ ...ဘာမွမဟုတ္ဘူးဗ်"
"ေကာင္ေလး"
ေခၚသံမွာ ခပ္ျပတ္ျပတ္ဆိုေပမဲ့ ဂ႐ုနာသံေတာ့
ပါေနသည္။ထို႔ေနာက္ စြဲၿမဲ၏ လက္ကေလးကို
ဆုပ္ကိုင္လာသည္ကလည္း ႏြေးေထြးမူအျပည့္
အဝေနေလသည္။ထိုသို႔ေၾကာင့္ပင္ စြဲၿမဲရင္ထဲ
လႈပ္ရွားမူ တစ္ခုျဖစ္ေပၚလာ၏။ဤသည္မွာ
ဝန္ခံျခင္းတရားတို႔ ကပ္ပါလာခဲ့သည္။
"အစ္ကိုမြန္ ...၊ကြၽန္ ...ကြၽန္ေတာ္ေလ အမွား
လုပ္မိလိုက္ၿပီ၊တကယ္ ေတာင္းပန္ပါတယ္"
စြဲၿမဲ စိတ္မေကာင္းစြာ အားယူၿပီးေျပာရသည္။
အစ္ကိုမြန္က ေခါင္းတစ္ခ်က္ခါကာ သူ႕အား
ရင္ခြဲထဲသို႔ ယုယစြာေထြးေပြ႕၏။
"နာရီကိစၥဆိုရင္ေတာ့ အစ္ကို႔ကို မင္းေတာင္း
ပန္စရာမလိုဘူးထင္တယ္၊ဒါေပမဲ့ အဲ့ဒီနာရီ
ကိုေတာ့ အစ္ကိုတကယ္ ျမတ္နိုးရတာပါ"
စြဲၿမဲသည္ အားရဝမ္းသာ လွစ္ခနဲၿပဳံးမိေပမဲ့
တစ္ခဏအတြင္း မ်က္ႏွာကေလးဟာ ညွိုး
သြားရွာသည္။
နာရီကိစၥအား အစ္ကိုမြန္ စိတ္မဆိုးသည္ကို
စြဲၿမဲဝမ္းသာရေသာ္ျငား အစ္ကိုမြန္၏"ျမတ္နိုး
ရတယ္"ဟူေသာ စကားတစ္ခြန္းေၾကာင့္ စြဲၿမဲ
စိတ္ထဲ စနိုးစေနာက္ျဖစ္သြားရသည္မွာအမွန္။
ၿပီးေတာ့ မအပ္စပ္ေသာ အေတြးတခ်ိဳ႕လည္း
ဝင္လာရသည္။
အကယ္၍ အဲ့သည္နာရီေပးေသာသူဟာ သူ
ထင္သလို အမ်ိဳးသမီးတစ္ဦး ျဖစ္ေနခဲ့ပါလွ်င္။
"ထားပါေလ၊အခုေတာ့ အဲဒီနာရီ အစ္ကို႔ဆီ
ရွိေနလည္း ဘာမွမထူးေတာ့ပါဘူး"
စြဲၿမဲ ၿငိမ္သက္စြာ နားစြင့္မိသည္။အစ္ကိုမြန္
ေျပာသြားသည့္စကားက သံသယရွိစရာ
ေကာင္းသည္။အစ္ကိုမြန္ဟာ စိတ္ကိုတည္
ၿငိမ္စြာျဖင့္ လုပ္ယူေျပာေနေပမဲ့ ေဆြးေျမ့
ျခင္းက ဦးတည္ေနသည္။
ဤသည္ကို စြဲၿမဲဘဝင္မက်လွ၍ အစ္ကိုမြန့္
ရင္ခြင္ထဲ အတင္း႐ုန္းထြက္ကာ ဆိုမိ၏။
"အဲ့ဒီနာရီက အစ္ကိုမြန့္အတြက္ အဲ့သေလာက္
အေရးပါေနသလား"
"ပါတယ္လို႔ ေျပာရမယ္"
"ဘယ္လို ဘယ္လို ..."
စြဲၿမဲ၏ မ်က္ႏွာကေလးမွာ နီညွိုေရာင္သန္း
လာသည္။ႏႈတ္ခမ္းေလးကို တင္းတင္းေစ့
ကာ လက္သီးကိုလည္း က်စ္ခနဲဆုပ္ပစ္၏။
စြဲၿမဲကိုၾကည့္ၿပီး မြန္ျမတ္မင္းမွာမူ ပါးစပ္အ
ေဟာင္းသားႏွင့္ ျဖစ္ေနရွာသည္။
"ေဟာ ...ဘာျဖစ္သလဲ၊ေစာေစာကဘဲ
ေျပာေနတာအေကာင္း"
"အစ္ကိုမြန္ အဲ့ဒီအမ်ိဳးသမီးကို ဘာေၾကာင့္
ဒီေလာက္ေတာင္ ျမတ္နိုးေနရသလဲ"
စြဲၿမဲေျပာရင္း မ်က္ရည္ဝဲလာသည္။သူ႕အျပင္
တျခားအမ်ိဳးသမီးကို ျမတ္နိုးဖူးသည္တဲ့လား။
ဒါဆို ဘာေၾကာင့္ သူ႕ကို လက္ထပ္ခဲ့ရသလဲ။
အစ္ကိုမြန္ကေကာ ထိုအမ်ိဳးသမီးကို ဘာေၾကာင့္
လက္မထပ္ခဲ့ရသလဲ။
စြဲၿမဲမွာ ေတြးရင္း ရင္ထဲနင့္လာကာ ဟီးခနဲ
ငိုခ်ေတာ့သည္။ငိုေနေပမဲ့ အေျပာကမရပ္။
"အခု အစ္ကိုမြန္ ဘာမွမေျပာနိုင္ေတာ့ဘူး
မလား၊ဟုတ္ပါတယ္ အစ္ကိုမြန္က အဲ့ဒီ
အမ်ိဳးသမီးကို ေမ့မရျဖစ္ေနတာပါ၊ဒါနဲ႕မ်ား
ကြၽန္ေတာ့္ကို ကြၽန္ေတာ့္ကို ..."
"အစ္ကိုေျပာမွာကို ေသခ်ာနားေထာင္ စြဲၿမဲ"
စြဲၿမဲက မ်က္ရည္စက္လက္ကေလးႏွင့္ေမာ့
ၾကည့္၏။မြန္းျမတ္မင္းက သက္ျပင္းကေလး
ခ်ရင္းဆိုသည္။
"လူတိုင္းမွာ အခ်စ္ဦးဆိုတာရွိတယ္၊စြဲၿမဲမွာ
လည္းအခ်စ္ဦးရွိသလို အစ္ကို႔မွာလည္း အ
ခ်စ္ဦးရွိတယ္၊ဒါေပမဲ့ အစ္ကို႔မွာက ေလး
ေယာက္"
"ခင္ဗ်ာ"
"ဟုတ္တယ္ စြဲၿမဲ၊အစ္ကို႔မွာ အခ်စ္ဦးေလး
ေယာက္ရွိတယ္"
မ်က္ရည္ကေလးဝဲတဲတဲႏွင့္စြဲၿမဲသည္ မြန္
ျမတ္မင္းရင္ခြင္ထဲသို႔ အတင္းတို႔ေဝွးကာ
"ဟင္အင့္ ...အစ္ကိုမြန့္အခ်စ္ဦးက ကြၽန္
ေတာ္တစ္ေယာက္တည္းဘဲျဖစ္ရမယ္ေလ၊
ဘာလို႔ ေလးေယာက္ေတာင္လဲဗ်ာ ..."
"အစ္ကိုက မင္းကိုအခ်စ္ဆုံးပါ"
စြဲၿမဲသည္ ေခါင္းေလးအတင္းခါရင္း ...
"အစ္ကိုမြန္က ကြၽန္ေတာ့္ကို ေက်နပ္ေစ
တာဘဲရွိတာပါ၊အစ္ကိုမြန့္အခ်စ္ဦးက
ကြၽန္ေတာ္ မဟုတ္ခဲ့ဘူးေလ"
"ဒါေပမဲ့ အစ္ကိုက မင္းကို အခ်စ္ဆုံးေလ"
"မသိဘူးဗ်ာ"
စြဲၿမဲဲမ်က္ႏွာကေလးမွာ တစ္ဖက္သို႔ လႊဲ
သြားလွ်င္ မြန္ျမတ္မင္းသည္ အသဲအသန္
ေခ်ာ့ေမာ့ရေတာ့သည္။မေခ်ာ့လို႔က မရ
ေတာ့ေပ၊စြဲၿမဲက ရွိုက္ႀကီးတငင္ ငိုေနရွာ
ေလၿပီ။
မြန္ျမတ္မင္းသည္ စြဲၿမဲခႏၶာကိုယ္ေလးကို
ဆြဲေပြ႕ကာ သူ႕ရင္ခြင္ထဲသို႔ ထည့္ထားလိုက္
ၿပီး စြဲၿမဲ၏ ႏႈတ္ခမ္းကေလးကို ငုံနမ္းသည္။
"အစ္ကိုက စတာပါ၊အစ္ကို႔ဘဝမွာ ဘယ္
အမ်ိဳးသမီးနဲ႕မွ မပတ္သက္ခဲ့ရပါဘူး ...
အေစာက အစ္ကိုေျပာတဲ့ အခ်စ္ဦးဆိုတာ
ဟာလည္း ေဖေဖ၊ေမေမနဲ႕ အဖိုးအဖြားေတြ
ကိုေျပာတာပါ"
ရင္ခြင္ထဲမွ ေခါင္းေလးေမာ့ၾကည့္ကာ
ႏွာေခါင္းရႈံ႕ေနေသာ စြဲၿမဲက ...
"တကယ္ေကာ
You are reading the story above: TeenFic.Net