Part 8

Background color
Font
Font size
Line height


အပိုင်း (၈)

ဖုန့်ရှုကျန်းက သူမသမီး ဗိုက်ဆာနေလောက်မှာ သိတဲ့အတွက် အရင်သွားစားခိုင်းလိုက်တယ်။

ယွင်ယွီက မီးဖိုချောင်ထဲ ဝင်သွားတော့ အဖွားယွင်က စားဖို့တောင် ပြင်ပြီးနေပြီ။ ကြည့်လိုက်တော့ ငါးကြင်းစတူးနဲ့ ပြောင်းပန်ကိတ်တွေလေ။ ငါးကြင်းက မြက်စားငါးကြင်းအမျိုးအစားဖြစ်ပြီး အဖွားယွင်က ဟယ်ချင်းကန်ကနေ ညဖက် သွားဖမ်းလာခဲ့တာလေ။ ပြီးတာနဲ့ ငါးကြင်းတွေကိုသန့်ရှင်းပြီးတော့ ရွှေဝါရောင်သမ်းတဲ့အထိ ကြော် ပြီးတာနဲ့ တခြားအမယ်တွေ ထည့်ပြီး ပြုတ်လိုက်တာပဲလေ။ တအိမ်လုံးက အဲ့အနံ့တွေနဲ့ မွှေးပျံ့နေရောပဲ။ ပန်ကိတ်တွေက ပြောင်းမှုန့်နဲ့ ဂျုံမှုန့်ဖြူနဲ့ရော လုပ်ထားတာလေ။ အဲ့ဒါက အိုးနှုတ်ခမ်းမှာ ကပ်ပြားထားပြီး ငါးကြင်းစတူးရဲ့ အနံ့အသက်နဲ့ ငွေ့ရည်ပျံတာတွေကို စုပ်ယူထားတော့ မွှေးပြီး နူးနူးညံ့ညံ့နဲ့ အရသာရှိနေတယ်။

ဂတ်စ်မီးဖိုရှိနေတာတောင်မှ အဖွားယွင်က ဟင်းပွဲကို ထင်းမီးနဲ့ချက်နေတုန်းပဲ။ သူမပြောတာက ခေတ်ပေါ်ပစ္စည်းတွေနဲ့ချက်တဲ့ဟင်းက အရသာမရှိဘူးဆိုပဲ။ အဲ့တော့ မီးဖိုချောင်ထဲမှာ ရှေးမီးဖိုတစ်ခု ရှိနေတုန်းပဲလေ။

အဖွားယွင်က အဲမှာချက်တတ်ပေမဲ့ ဖုန့်ရှုကျန်းကတော့ ဂတ်စ်သုံးရတာ ပိုကြိုက်တတ်တယ်။ ပြီးတော့ အဖွားယွင်က ရေဘုံဘိုင်ခေါင်းက ရေအနံ့ကို မကြိုက်တော့ ခြံထဲက ရေတွင်းကို အခုအထိသုံးနေတုန်းပဲ။ မီးဖိုထဲမှာ ရေတိုင်ကီအဟောင်းကြီး ရှိနေတုန်းပဲလေ။ ရေတွင်းကရေကို အဲဒီထဲကို ရေမော်တာနဲ့တင်ပြီး ဖြည့်တယ်။ ပြီးတော့ အဲဒီရေတွေကို ဟင်းရွက်ဆေးဖို့နဲ့ အဝတ်လျော်ဖို့ သုံးတယ်လေ။

အဖွားယွင်က "ရှောင်ယွီအာ များများစား စားပြီးရင် သွားအိပ်ဦး ခရီးတစ်နေကုန် သွားလာတော့ ပင်ပန်းနေမှာ"

"အဖွား ကျွန်မ မပင်ပန်းဘူး" ယွင်ယွီက ထိုင်ပြီးစားလိုက်ကြတယ်။ "စားပြီးရင် လမ်းခဏသွားလျောက်မလို့" သူမက လယ်ကွင်းနှစ်ခု ဘယ်လိုပုံလဲ သိချင်တယ်လေ။

ဒီကိစ္စပြီးရင် ဝူတာ့ရှန်းက သူမတို့ကို အနိုင်ကျင့်နိုင်တော့မှာ မဟုတ်ဘူးလေ။ အိမ်ထမင်းအိမ်ဟင်းက တခြားကဟင်းတွေထက်ချိုတာတော့ အမှန်ပဲ။ ဒီက လယ်ထွက် အသီးအရွက်တွေက ဘာဓာတ်မြေဩဇာတွေမှ မသုံးကြ‌ဘူးလေ။ အရသာက ဝိဉာဉ်စွမ်းအင်နဲ့‌ အာဟာရဖြည့်ထားတဲ့ ဟင်းသီးဟင်းရွက်တွေလောက် အရသာမရှိခဲ့ဘူးဆိုပေမဲ့ သူ့ဟာနဲ့သူတော့ အရသာရှိနေတာပဲလေ။

စားပြီးတော့ ယွင်ယွီက အိုးတွေ ခွက်တွေဆေးလိုက်တယ်။ ဒါက သူမရဲ့ပထမဆုံး လုပ်ဖူးတာမဟုတ်ပေမဲ့ နည်းနည်းတော့ ကသောင်းကနင်း နိုင်နေသေးတယ်။

ယွင်ယွီက စားပွဲခင်းနဲ့ တူတွေကို သေချာထားပြီး ခရီးဆောင်အိတ်ကို အခန်းထဲသွားထားတယ်။ သူမအခန်းကို ပြန်ရောက်တော့ အဖွားယွင်က သူမအတွက် အိပ်ယာခင်းနေပြီ။ ယွင်ယွီလည်း ကူညီရင်း အဖွားယွင်ကို အဲ့လယ်ကွင်းတွေရဲ့ နေရာအတိအကျကို မေးလိုက်တယ်။ သိရတော့ အဲ့ကိုသွားမယ်လို့ အဖွားယွင်ကို ပြောတဲ့အခါ သူမက ငြီးတွားတော့တယ်။ "အခုမှပြန်ရောက်တာကို အပြင်သွားမလို့လား။ သွားချင်သပဆို ထီးယူသွား။ နေလောင်ပြီး အသား မည်းကုန်ရင် မြို့ပြန်ရောက်မှ ဟာသဖြစ်နေမယ်"

"ဘာမှမဖြစ်ပါဘူး အဖွားရယ်" ယွင်ယွီက ရယ်ရင်း ပြောလိုက်တယ်။ "ဒါဆို သမီးသွားပြီနော်" ဝိဉာဉ်စမ်းရေ ရှိနေမှတော့ နေလောင်တာ ကြောက်စရာလားလို့။

"မြန်မြန်သွား မြန်မြန်ပြန်လာ။ ညကျ ဘာစားချင်လဲ။ အဖွား ချက်ထားပေးမယ်"

ယွင်ယွီက ပြုံးရင်း ပြန်ဖြေလိုက်တယ်။ "အဖွားဘာချက်ချက် ကြိုက်ပါတယ်" သူမက အဖွားယွင်ကို လက်ရမ်းပြရင်း ထွက်လာခဲ့တယ်။ သူမဦးတည်ရာက အိမ်နားက ဝါးရုံတောလေးကိုပေါ့။ ဝါးရုံတောက အေးချမ်းပြီး တောထဲကလမ်းလေးက လှလှပပဖောက်လုပ်ထားတယ်။ ပြောရရင် ယွင်မိသားစုနဲ့တွေ့ရတာက သူမ တွေးမိသလောက် မခက်ဘူးလို့ ပြောရမယ်။ သူမရဲ့ ယွင်မိသားစုသွေးစီးဆင်းနေတဲ့ ခန္ဓာကိုယ်နဲ့ အရင်မူလယွင်ယွီရဲ့ မှတ်ဉာဏ်တွေနဲ့ပေါင်းတော့ သူမစိတ်ထဲမှာ ယွင်မိသားစုကို ရင်းနှီးလာတယ်လေ။ တွေ့တော့ရတဲ့ခံစားချက်က အရင်ဘဝက သူမ ခမည်းတော်နဲ့ မယ်တော်ကိုတွေ့ရင်ခံစားရတာနဲ့ တစ်ထပ်တည်းပဲ။

အချိန်က ဇွန်လအစောပိုင်းဆိုတော့ ‌မွန်းတည့်‌ချိန်နေအပူက တအားပြင်းတယ်။ ပြောရရင် လူတွေက ဒီလိုအချိန်ဆို အိမ်မှာပဲ နားနေတတ်ကြတယ်လေ။ ရိတ်သိမ်းတာကိုတော့ မနက်နဲ့ ညနေခင်းမှာ လုပ်တတ်ကြတယ်။ ယွင်ယွီက ဟယ်ချင်းကန်ရေကိုကြည့်ရင်း သက်ပြင်း ချမိတယိ။ သူမငယ်ငယ်က ဒီရေက ကြည်လင်နေပေမဲ့ အခုတော့ နည်းနည်း နှောက်လာပြီပဲလေ။ ကန်လို့သာပြောတာ မှတ်တမ်းယူရအောင်တော့လည်း မကြီးဘူးလေ။ ဒါပေမဲ့ လယ်မြေမူနှစ်ထောင်ရှိတဲ့ ဟယ်ချင်းရွာကို ရေအလုံအလောက်ထောက်ပံ့နိုင်တဲ့အထိတော့ ကြီးတာပေါ့။

အခုခေတ်မှာဆို စိုက်ပျိုးရေး စီးပွားရေး ဘယ်ကဏ္ဍမဆို ခြေတစ်လှမ်းမှားတာနဲ့ အကုန်ပျက်ဆီးတာပဲလေ။ အခုကန်က ဘယ်သူမှ ကန်ထရိုက် ယူမထားဘူးလေ။ နွေအစောပိုင်းကာလဆိုတော့ ကန်က ကြာရွက်တွေပြည့်နေပြီး လဝက်အတွင်းမှာ ကြာပန်းတွေ ပွင့်လာတော့မယ်လေ။ အဲ့လိုအချိန်ဆို ဒီကန်က ထူးထူးခြားခြားနဲ့ လှနေတတ်တယ်။ ကန်ထွက်ပစ္စည်းတွေကို ရွာနီးချုပ်စပ်က ပိုင်တယ်လို့ပြောရမယ်။ ငါးလာမျှားတဲ့လူတွေကို တော်တော်များများ တွေ့ရတယ်။ ကြာစွယ်ပေါ်ရင် ကြာစွယ် လာတူးစားကြတယ်လေ။ ဖုန့်ရှုကျန်း ရလိုက်တဲ့လယ်က ကန်အောက်ဖက်ပိုင်းက သုံးမူစာမြေပေါ့။ နေရာက တကယ်ကောင်းပြီး သူမမိသားစုကလည်း မြေမူနည်းနည်းတော့ ပိုင်ထားတာပါပဲ။

ဒါကိုကြည့်ပြီးတော့ ယွင်ယွီက တအားဆိုးတယ်ပြောတဲ့ ဖုန်းဆိုးမြေကို သွားကြည့်တော့တယ်။ ဖုန်းဆိုးမြေက ပုံမှန်လယ်ကွင်းထက် နှစိဆလောက်ကြီးတယ်။ ရွာကတော့ ဖုန်းဆိုမြေက မဖြစ်ထွန်းဘူးလို့ ပြောကြတယ်လေ။ ပြီးတော့ နေရာကလည်း တောင်ခြေနားကိုး။ ယွင်ယွီက မြေပြင်တစ်ခုလုံး ကျောက်စရစ်ခဲတွေဖုံးလွှမ်းနေတာ မြင်နေရတယ်။ အပင်တစ်ပင်ပေါက်ဖို့တောင် တော်တော်ခက်မှာ သေချာတယ်။

ယွင်ယွီက နည်းနည်းထပ်သွားမိတော့ "ဟဲ့..." သူမက တောင်ခြေက ကျောက်တုံးပိနေတဲ့ မြေနေရာကို စိုက်ကြည့်မိတယ်။ သူမမြင်နေရတာက မြူခပ်ပါးပါးလေးဖုံးနေတာမျိုး။ တကယ်ဆို သဘာဝတကျ အဲ့လိုမပျက်ပြယ်တဲ့ မြူလေးတွေရှိနေဖို့က ခက်တယ်လေ။ ဒါက ဝိဉာဉ်စွမ်းအင်ပဲ ပြီးတော့ တော်တော်သန့်စင်တဲ့ဟာ"

ဒီနေရာက ဝိဉာဉ်စွမ်းအင်ခပ်ပါးပါး ရှိတယ်။

ယွင်ယွိက အရှေ့ဆက်တိုးပြီး ကျောက်တုံးကို ဖယ်ပစ်ချင်ပေမဲ့ သူမနောက်က ခြေသံကြားလို့ ဆတ်ကနဲ လှည့်ကြည့်လိုက်မိတယ်။ သူမက အသက်ငါးဆယ်လောက်ရှိတဲ့လူက သူမကို စိုက်ကြည့်နေတာ တွေ့လိုက်ရတယ်။ အဲ့လူကို သူမ ကောင်းကောင်းသိတာပေါ့။ သူမအမေကို တွန်းချလိုက်တဲ့ဘိုးတော် ဝူတာ့ရှန်ပဲလေ။

ယွင်ယွီက နှာမှုတ်လိုက်မိတယ်။ "ဟမ့်"

ဝူတာ့ရှန်က အဲ့ဒါလည်းကြားရော သူက ဒေါသတကြီးနဲ့ "ကောင်မစုတ်လေး မင်းက ဘာကို ဟမ့်ဆိုပြီး လုပ်နေတာလဲ။ အဲ့အပြုအမူက ဘယ်ကနေ သင်လာတာလဲ။ ပြောစမ်း အကြီးတွေကို ဂါရဝတရားထားရမှာ မသိဘူးလား"

ယွင်ယွီလည်း ဒေါသထွက်နေတော့ ပြန်ခံပြောတော့တယ်။ "ဟမ့် ကျွန်မက တကယ်အသက်ကြီး တဲ့လူတွေအပေါ်မှာပဲ လေးစားသမှုနဲ့ ဂါရဝတရားထားမှာ။ ကျွန်မအမေကို တွန်းလိုက်တုန်းက ရှင့်လက်က တအားမြန်နေတာပဲဟာ။ သိပ်အသက်ကြီးတဲ့ ပုံမပေါက်ဘူးလဲ"

"ခွေးမလေး" ဝူတာ့ရှန်က ယွင်ယွီကို ဒေါသတကြီး ကြည့်လိုက်တယ်။ ဒါပေမဲ့ သူ ဘာမှမလုပ်နိုင်ဘူးလေ။ ပြောရရင် ဖုန့်ရှုကျန်းကို တွန်းမိတာက သူမှားတာပဲဟာ။

ယွင်ယွီက သူ့ကို လျစ်လျူရှုပြီး အဲ့ဒီ ခပ်ပါးပါးဝိဉာဉ်စွမ်းအင်အကြောင်း တွေးနေတယ်။ ဝိဉာဉ်စွမ်းအင် ထွက်နေမှတော့ အဲ့အောက်မှာ တစ်ခုခုရှိမှာ အသေအချာပဲလေ။ ရတနာသိုက်လိုဟာတော့ မဟုတ်ဘူးပေါ့။ ရှားပါးအပင်နဲ့တွင်းထွက်လို မိုးမြေရတနာတွေကလည်း တောင်အောက်အနက်ကြီးထဲမှာပဲ တွေ့နိုင်တာ။ အခုဖြစ်နိုင်တာက ရှေးက ဂူဗိမာန်လိုဟာမျိုး မဟုတ်ရင် မြေအောက်ရေပေါ့။

မြေအောက်ရေတွေက မညစ်ညမ်းသေးတော့ သူ့နားမှာ ဝိဉာဉ်စွမ်းအင်တွေပါ နေနိုင်တယ်လေ။ သောက်လို့ရမရက စိမ့်စမ်းရေလား ရေပူစမ်းလားအပေါ်မှာ မူတည်နေတယ်လေ။ ဒီရဲ့ ဝိဉာဉ်စွမ်းအင်က သူမရဲ့ ဝိဉာဉ်စမ်းချောင်းနဲ့မယှဉ်နိုင်ပေမဲ့ ဒီနေရာက ကန်ဘေးက လယ်ထက်ပိုတန်တယ်လို့ သူမယူဆတယ်လေ။ အဲ့တော့ သူမက ဝူတာ့ရှန် ဖက်လှည့်ပြီး...

"ဦးလေး ဒီမြေကို မကြိုက်ရင် ကျွန်မတို့ရထားတဲ့ မြေနဲ့လဲမလား"

ဝူတာ့ရှန်ကလည်း တကယ်တော့ ဒီဖုန်းဆိုးမြေမှာ ဘာစိုက်ရင်ရမလဲသိချင်လို့ လာစူးစမ်းတာလေ။ ကျောက်ခဲတွေ ပြည့်နေတော့ မြက်တောင်ပေါက်ပါ့မလား သူ မသေချာတော့ဘူး။

သူ တကယ်တော့ ဖုန့်ရှုကျန်းကို စိတ်လိုက်မာန်ပါတွန်းမိတဲ့အတွက် နောင်တ တကယ်ရပါတယ်။ ဘာလို့ဆို တစ်ရွာတည်းသားချင်းတွေဆိုတော့ ဖုန့်ရှုကျန်းအတွက် ကလေးသုံးယောက် ပြုစုရတာ မလွယ်ကြောင်း သူနားလည်တယ်လေ။ ဒါပေမဲ့ သူကလည်း တကယ့်ဂွစာဖြစ်ပေမဲ့ တကယ်တန်းကျ ဘယ်သူ့ကိုမှ ကြီးကြီးမားမားထိ‌ခိုက်အောင် မလုပ်ဖူးဘူး။ အလွန်ဆုံးမှ သူတပြန်ငါတပြန် ထိုးကြ ကြိတ်ကြရုံပေါ့။ အခုသူအသက်လည်းရလာတော့ စိတ်လည်းအရင်လောက် အထိမခံမဖြစ်တော့တဲ့အပြင် သူ့မိသားစုကလည်း တောင်းပန်သင့်ကြောင်းဖျောင်းဖျကြတယ်။ ဒါပေမဲ့ သူ့ရဲ့ခေါင်းမာမှုကပဲ တင်းခံနေတာလေ။ တကယ်တော့လည်း သူက စိတ်မကောင်းဖြစ်နေတာပါ။

ဝူသာ့ရှန်ကတော့ မျက်နှာမဲ့ထားရင်း ဘာမှပြန်မပြောဘူး။ "ဒါဆို ဒီမြေက ကျွန်မတို့ဟာဖြစ်ပြီနော်ဦးလေး ပြီးမှ မငြင်းနဲ့ အမေ့ကိုသွားပြောပြီး ပြောင်းလိုက်တော့မယ်"

ယွင်ယွီက တအားပျော်နေတယ်။ ဘာမဟုတ်တဲ့လယ်မြေနဲ့ ရတနာမြေကို လဲလိုက်ရတာ တကယ်ကျေနပ်စရာကိုး။

ဝူတာ့ရှန်က အစက သူ့အပြစ်သူဝန်ခံမလို့ပေမဲ့ ယွင်ယွီ့ရဲ့ ဆောင့်ကြွားကြွားရုပ်ကို အမြင်ကပ်လာတဲ့အတွက် ဝန်ခံမဲ့ကိစ္စကို နောက်ပို့လိုက်တော့တယ်။ "မင်းပြောတာ တော်တယ် ကလေးမ မင်းအမေကို အုပ်ချုပ်ရေးရုံးကို သွားပြီး အလွဲအပြောင်း လုပ်ခိုင်းလိုက်"

"ဟုတ်ပြီ ဦးလေး ကျွန်မတို့ ပြောပြီးတဲ့စကား ပြန်မရုတ်သိမ်းပါဘူး"

ဝူတာ့ရှန်က ဒေါသတကြီးနဲ့ လှည့်အထွက်မှာ ယွင်ယွီက လှမ်းခေါ်လာတယ်။ "ကျွန်မ စိတ်ချမ်းသာနေလို့ ဦးလေးကို ကံကြမ္မာ အလကားဖတ်ပေးမယ်"

"မင်း ဘာပြောတယ် ကောင်မလေး" ဝူတာ့ရှန်က သူမဘာပြောလိုက်တာလဲဆိုတာ ပြန်မေးယူရတဲ့အထိ သူ့နားသူ မယုံနို င်ဖြစ်သွားတော့တယ်။ ဒီကလေးမ မြို့တော်သွားပြီး ဘာသင်လာတာလဲ။ ကံကြမ္မာဖတ်တာကိုလား။

"ဦးလေး ဒီနေ့ သွေးစွန်းဒဏ်ရာရလိမ့်မယ်။ တောင်ဖက်လမ်းက လာတာမလား။ မြောက်ဖက်လမ်းကပြန်ရင် လွှတ်လိမ့်မယ်"

တောင်ဖက်လမ်းက ချိုင့်ကွက်တွေအပြည့်နဲ့ လမ်းကြမ်းတာ။ ဒါပေမဲ့ နီးတော့ လူတွေက ဖြတ်လမ်းအဖြစ် သုံးကြတယ်လေ။ မြောက်ဖက်လမ်းက သာယာလှပပြီး တော်တော်လေးလည်း ဝေးတယ်။ ယွင်ယွီက ပြောပြီးတာနဲ့ ဝူတာ့ရှန်ရဲ့ပုံကို ကြည့်မနေပဲ လှည့်ထွက်လာတော့တယ်။

ဝူတာ့ရှန်က စိတ်ပြန်လည်လာတာနဲ့ ဆဲမိတော့တယ်။ သူက ယွင်ယွီ့စကားကို မုံတဲ့အပြင် ဟယ်ချင်းကန်ဘေးကမြေကိုလု ပြီး သူမအမေကိုတွန်းတဲ့အတွက် သူ့ကိုကျိန်ဆဲတယ်လို့တောင် ထင်နေသေး။ မကျေမနပ် ရေရွတ်ရင်း တောင်ဖက်လမ်းကနေ ပြန်လာလိုက်တယ်။ သူဆယ်စုနှစ်ချီ သွားနေတဲ့လမ်းပဲ မျက်စိမှိတ်ထားတောင် အိမ်ကိုတန်းနေအော င်ပြန်ရောက်တယ်။ ဒါပေမဲ့ လမ်းတစ်ဝက်မှာ ခြေခေါက်လဲပြီး သူ့နဖူးက ကျောက်ခဲချွန်နဲ့ရိုက်လို့ ပေါက်သွားတော့တယ်။ နဖူးပေါက်တဲ့ဒဏ်ရာက အတော်ကြီးပြီး သွေးက တန်းထွက်လာတယ်။

ဝူတာ့ရှန် ကြောင်အသွားတော့တယ်။ အဲ့ကောင်မလေးပြောတာက တကယ် ဖြစ်လာတာလား။ သွေး အဲ့လောက် ထွက်မှတော့ သွေးစွန်းဒဏ်ရာစာရင်း ဝင်နေပြီမလား။

ဝူတာ့ရှန် အိမ်ကိုပြန်ရောက်တော့ သွေးတွေ ရွဲနေတဲ့ပုံကို ကြည့်ပြီး အန်တီထျန်းက မူးတောင်လဲတော့မလိုပဲ၊ "ဝူလီ ဝူလီ ဂိမ်းမဆော့ပဲ ဆင်းလာစမ်း၊ နင့်အဖေတစ်ခုခု ဖြစ်သွားပြီ" ဝူတာ့ရှန်က ရန်များ ထပ်ဖြစ်လာသလား သူမ စိတ်ပူမိတော့တယ်။

ဝူလီလည်း အမြန်ပြေးဆင်းလာပြီး သူ့အဖေကို ဘတ္ထရီစက်ဘီးပေါ်တင်လို့ ဆေးရုံကို မောင်းသွားတော့တယ်။

အနီးနားမှာ ရွာဆေးပေးခန်းရှိပေမဲ့ သွေးတွေ ဘယ်လောက်များလဲဆိုတာကြည့်ပြီး ဝူလီက သူ့အဖေကို ဆေးရုံကို တိုက်ရိုက် ခေါ်သွားတော့တယ်။

သွေးတွေ ဘယ်လောက်များလဲဆိုတာမြင်တော့ ဆရာဝန်တွေပါ လန့်ကုန်ပြီး အမြန်လာစစ်ကြတော့တယ်။ တကယ်တန်း ဒဏ်ရာကိုစစ်တော့ ဘယ်လောက် မှဆိုးတာမဟုတ်ပေမဲ့ သွေးအများကြီး ဆုံးရှုံးသွားရတာလောက်ပေါ့။ ဆရာဝန်တွေလည်း ဝူတာ့ရှန်ကို သွေးအားတက်စေနဲ့ အစာများများစားဖို့ မှာရတော့တာပဲ။

ဝူလီက အပြန်လမ်းမှာ ဘာဖြစ်လဲမေးတော့ သူ့အဖေဆီက ဘာမှပြန်ဖြေသံ မကြားရတော့ ရန်ဖြစ်တာ မနိုင်လာဘူးလို့ ထင်သွားတယ်လေ။ ဒါပေမဲ့ နောက်ဆုံးကျ ဝူတာ့ရှန်က ပြောလာတယ်။

"ခြေခေါက်လဲပြီး ကျောက်တုံးနဲ့ ဆောင့်မိတာ"

ယွင်ယွီက လျောက်သွားပြီး ပြန်လာတော့တယ်။ ဝူတာ့ရှန် သူမစကားနားထောင်မှာ မဟုတ်တာ သူမသိပြီးသား။ နဖူးမှာမည်းနေတာက တော်တော်ပျံ့နေတော့ သွေးစွန်းဒဏ်ရာက သေချာပေါက်ကို ဖြစ်မှာပဲ။ အခုလောက်ဆို ဆေးရုံကနေ ပတ်တီးအဖွေးသားနဲ့ ပြန်လာနေလောက်ပြီ။

သူမအိမ်ပြန်ခါနီးမှာ ဆေးရုံကပြန်လာတဲ့ ဝူတာ့ရှန်တို့ သားအဖကို တွေ့လိုက်ရတယ်။ သူမက လက်ရမ်းပြရင်း

"ဦးလေး ကျွန်မ အိမ်ပြန်ပြီး အမေ့တို့ကို ပြောလိုက်တော့မယ်နော်"

******

တယ်လီဂရမ်ဂရုလေးမှာ အပိုင်း (59) ရောက်နေပါပြီနော်။Swae Nyoe Sales Channel (Telegram)https://t.me/swaesaleschannel


You are reading the story above: TeenFic.Net