အပိုင်း ၆ ငါက ချိုမြိန်တဲ့ အိုမီဂါတွေကို ကြိုက်တာ

Background color
Font
Font size
Line height

အယ်လ်ဖာရဲ့ အသံက ကျယ်သွားတာမို့ ရွှီရှန်း စက္ကန့်ဝက်လောက် ရပ်တန့်သွားတယ်။ သူ အသိစိတ် ပြန်ဝင်လာတဲ့အချိန်မှာတော့ ယန်ရှင်းကျီက အပေါ်ကို တက်သွားခဲ့ပြီ။

သူ့လှုပ်ရှားမှုတွေက တကယ်မြန်တယ်။

နို့ရဲ့ အပူချိန်က အနေ‌‌တော်လောက်ပဲ။ ၄၀ဒီဂရီဆဲစီးယပ်လောက်ပဲမို့ အဆင်ပြေတယ်။ ရွှီရှန်းက နို့ခွက်လေးကို လက်ထဲမှာ ကိုင်ထားတယ်။ အိုမီဂါရဲ့ မျက်လုံးအရောင်ဟာ ဖျော့တော့ပြီး မီးဖိုချောင်ရဲ့ ‌ နွေးထွေးတဲ့ အဝါရောင်မီးက ရွှီရှန်းရဲ့ မျက်ခုံးနဲ့ မျက်လုံးတွေကို အရောင်ဆိုးထားသလို ကျရောက်နေကာ အိုမီဂါရဲ့ အေးတိအေးစက်ပုံစံကို နူးညံ့လာစေတယ်။ ဆောင်းရာသီမှာ နှင်းခဲလေး အရည်ပျော်ကျသွားသလိုမျိုး ရွှီရှန်းရဲ့ အရောင်ဖျော့ဖျော့မျက်ဝန်းတွေမှာ နွေးထွေးမှုတွေ စီးဆင်းလာသလိုပဲ။ 

[ရှန်း] : ဓာတ်ပုံ

[ရှန်း] : ဓာတ်ပုံ

[ရှန်း] : နို့ပူပူလေး။ ယန်ရှင်းကျီ အပူပေးထားတာ။

ထန်းယန်က ပြောခဲ့ဖူးတယ်။
"အချစ်ဆိုတာဟာ သူ မင်းလက်ကို ကိုင်ထားတဲ့အခါ သုတေသန ၉၉ခုလောက်ကို အောင်မြင်စွာ ပြီးမြောက်သွားတာထက်တောင် ပိုပျော်ရတယ်တဲ့"။ ရွှီရှန်း အခုတွေး‌ကြည့်တော့ ဒီစကားက အဓိပ္ပါယ်ရှိနေသလိုပဲ။ ဒါပေမဲ့ ထန်းယန်ဟာ ဒါကို အတိအကျကြီး ဖော်ပြခဲ့တာ မဟုတ်ဘူး။ ၄၀ဒီဂရီ အပူချိန်ရှိနေတဲ့ နို့ပူပူလေးကို ကိုင်ထားရတာတောင်မှ သုတေသန ၉၉ခုကို အောင်မြင်စွာ ပြီးမြောက်ခဲ့သလိုမျိုး သူပျော်နေမိတယ်။

ရွှီရှန်း အရမ်းကို ကြိုက်နှစ်သက်ခဲ့တယ်။

ယန်ရှင်းကျီကရော သူ့ကို ကြိုက်တာလား?

ဒါမှမဟုတ်ရင် ဒါက စီစဥ်ထားတဲ့ လက်ထပ်ပွဲကြောင့်သာလား?

ထန်းယန် စာမပြန်သေးဘူး။ အိုမီဂါရဲ့  ရှည်သွယ်တဲ့ လက်ချောင်းတွေက ဖန်သားပြင်ကို ပွတ်ဆွဲလိုက်ကာ အခါ‌အားလျော်စွာပဲ ရင်းနှီးနေတဲ့ လူပုံဆီကို ရောက်သွားတော့တယ်။

သူ ဖွင့်ကြည့်လိုက်တော့ စကားပြောခန်းက ဒီနေ့‌ နေ့လည်က အတိုင်းပါပဲ။

[ရှန်း] : နောက်ကျတဲ့အထိ အလုပ်လုပ်မယ်။ မစောင့်နဲ့

စကားပြောခန်းက အခုထိ စိမ်းနေသေးတယ်။ ယန်ရှင်းကျီ သူ့ကို အခုထိ စာမပြန်သေးဘူး။

ဒါပေမဲ့ ယန်ရှင်းကျီ သူ့စာကို မြင်ခဲ့တာတော့ သေချာပါတယ်။ အဲ့အချိန်တုန်းက ယန်ရှင်းကျီ ဘာစာတွေ ရိုက်နေခဲ့တာများလဲ? ရွှီရှန်း ‌တွေးလိုက်ပြီးနောက် ခဏအကြာမှာ ဓာတ်ပုံတွေကို ဖွင့်လိုက်တယ်။ 

ဒီအပတ်က စပြီး သုတေသနဌာနက အလုပ်ရှုပ်တော့မှာ။ ပြီးတော့ ရွှီရှန်းရဲ့ အချိန်ဇယားကလည်း ပြောင်းသွားပြီ။ ရွှီရှန်း သူ့ရဲ့ အချိန်ဇယားကို ကြည့်လိုက်ကာ ယန်ရှင်းကျီကို နောက်ကျရင် ကော်ပီတစ်ခု ပေးထားမယ်လို့ ဆုံးဖြတ်လိုက်တယ်။

ယန်ရှင်းကျီကို သူ့အတွက်နဲ့ စောင့်နေစေလို့ မဖြစ်ဘူး မဟုတ်လား?

ယန်ရှင်းကျီက တစ်ရေးအိပ်ခဲ့တယ်လို့ ပြောပေမဲ့လည်း ရွှီရှန်းကတော့ သံသယဝင်နေတုန်းပဲ။ အယ်လ်ဖာဟာ ခုနကမှ ရေချိုးပြီးခဲ့တာ။ သူ့ဆံပင်တွေကတောင် ရေတွေ တတောက်တောက် ကျနေတုန်းပဲ။



တစ်ခြားတစ်ဖက်မှာတော့ ယန်ရှင်းကျီ တစ်မျိုးမျိုးကြောင့် စိတ်ခုနေသလို ခံစားရတယ်။

နို့ပူပူလေးက ဘာအတွက်လဲ?

သူ အောက်ဆင်းပြီး အဲ့ဒီOကို ‌နို့သောက်ဖို့ သတိပေးသင့်လား?

သူ ဘာတွေ လုပ်နေတာလဲ?

ရှင်းပြမရနိုင်တဲ့ ‌စိတ်ညစ်ညူးမှုဟာ သူ့နှလုံးသားရဲ့ အောက်ခြေကနေ တောက်လောင်လာပြီး ယန်ရှင်းကျီ သူ့ဆံပင်တွေကို ဖွလိုက်တယ်။

သူ့လက်တွေ စိုသွားတယ်။

ယန်ရှင်းကျီ : ....

သူခုနကမှ ရေချိုးပြီးတာမို့ အောက်ထပ်ကို မဆင်းသွားခင် ဆံပင်ကို လေမှုတ်ဖို့ မေ့သွားခဲ့တယ်။

စိတ်တိုစရာပဲ။

ဒီတော့ ရွှီရှန်းက နို့ရဲ့ အပူချိန်ကို ကြိုက်လောက်လား? အင်တာနက်ပေါ်မှာ ပြောထားတာကတော့ တကယ်လို့ အရမ်းအေးနေရင်လည်း အပူမပေးတာက ပိုကောင်းတယ်လို့ ပြောထားတာပြီး အရမ်းပူနေရင်လည်း နို့ရဲ့ အာဟာရဓာတ်တွေကို ထိခိုက်စေလိမ့်မယ်တဲ့။

အရင်တုန်းကတော့ အိုမီဂါဟာ သူ့ဟာသူ အပူပေးလေ့ရှိပြီး မကြာခဏဆိုသလို သူ့အတွက်လည်း နို့တစ်ခွက် ပြင်ပေးလေ့ ရှိတယ်။ အပူချိန်က အတူတူလောက်ပဲ နေမှာပါ။ ဟုတ်တယ်မလား?

အိုမီဂါ တစ်ယောက်ကို ပျိုးထောင်ရတာ တကယ့်ကို အလုပ်ရှုပ်တာပဲ။

ဆံပင်လေမှုတ်စက်ရဲ့ အပူချိန်က အရမ်းပူလွန်းတာမို့ ပိုပြီးတောင် စိတ်ရှုပ်စရာ ကောင်းလာတယ်။

သူ့ဖုန်းက အသံမြည်လာတာမို့ ယန်ရှင်းကျီ တစ်ချက်ကြည့်လိုက်တယ်။ ပို့လာတဲ့လူက ချန်းအာဆိုတဲ့ ချန်းမိသားစုရဲ့ ဒုတိယသခင်လေးပဲ။

သူတို့အချင်းချင်း ဆက်သွယ်ခဲ့ကြတာတောင် တော်တော်ကြာခဲ့ပြီ။ ဒီနာမည်ကို မြင်လိုက်ရတဲ့အခါ ယန်ရှင်းကျီ နည်းနည်း တုန်လှုပ်သွားတယ်။ ဒီအဖွဲ့ဟာ လျှောက်ဆော့ကစားရတာကို သဘောကျပြီး ယန်ရှင်းကျီလည်း အတော်လေး သိတယ်။ ဒါပေမဲ့ ယန်မိသားစုဟာ စည်းကမ်းတင်းကြပ်တာမို့ ယန်ရှင်းကျီလည်း သိပ်မပါဖြစ်ခဲ့ဘူး။ စီစဥ်ထားတဲ့ လက်ထပ်ပွဲပြီးနောက်မှာ ပိုလို့တောင် ဆိုးသေးတယ်။ ယန်ရှင်းကျီဟာ သူတို့ရဲ့ စုစည်းပွဲတွေကို တစ်ခါမှ ထပ်မသွားဖြစ်တော့ဘူး။

"ဟယ်လို့?" ယန်ရှင်းကျီ ဖုန်းကို ဖြေလိုက်တယ်။

"ရှင်းကျီ အာ.. မင်း နောက်ဆုံးတော့ ဖုန်းကိုင်ပြီပေါ့။ မင်းကို ငါပြောအုံးမယ်...." တစ်ခြားတစ်ဖက်က ဆူညံနေတယ်။ လူတစ်စုဟာ အားပေးနေကြပုံရပြီး ချန်းအာဟာလည်း သိသိသာသာကို နည်းနည်းမူးနေသလို စကားတွေက နည်းနည်း ဗလုံး‌ဗထွေး ဖြစ်နေတယ်။ 
"ငါတို့ ဒီနေ့ ဆုံစည်းပွဲ တစ်ခု ကျင်းပလိုက်တယ်။ အားလုံးက Oချိုချိုလေးတွေချည်းပဲ။

ယန်ရှင်းကျီ : .......

အဲ့ဒါ သူက ဘာလုပ်ရမှာလဲ?

Oချိုချိုလေးတွေ? အဲ့ဒီ Oချိုချိုလေးတွေကို သူက ဘာလုပ်ရမှာလဲ?

သူ့မှာ အိုမီဂါတစ်ယောက် ရှိနေပြီလေ။

ဟမ့်။ အဲ့ဒီအိုမီဂါကို သူသိပ်မကြိုက်ပေမဲ့လည်းပေါ့။

ယန်ရှင်းကျီ သူ့ရဲ့ ရေချိုးဝတ်ရုံကို ပြန်ချည်လိုက်တယ်။ ချန်အာရဲ့ အသံက အရမ်းကျယ်တာမို့ အယ်လ်ဖာက ဖုန်းကို ကုတင်ဘေးက စားပွဲမှာ ဒီတိုင်း တင်ထားလိုက်ကာ စပီကာဖွင့်ထားလိုက်တယ်။

"မင်း မူးနေတာလား?" ယန်ရှင်းကျီ ပြောလိုက်တယ်။

"ငါ မူးနေလားဆိုတာ မင်း ဘာပြောချင်တာလဲ? ငါ..ငါမမူးဘူးကွ!"

"မင်းပဲ မင်းအိုမီဂါရဲ့ မျက်နှာက အမြဲတမ်း အေးစက်နေတာဆို? ရေခဲတုံးတစ်တုံးလိုပဲဆို? ငါက သူငယ်ချင်းကောင်း မဟုတ်ဘူးလို့ မပြောနဲ့နော်။ မင်းက Oချိုချိုလေးတွေကိုပဲ အကြိုက်ဆုံးဆိုတာ ငါတို့ အမြဲတမ်း သတိရတယ်။ Oချိုချိုလေးတွေဆိုတာနဲ့ မင်းကိုပဲ အရင်ဆုံး စိတ်ထဲ ပေါ်လာတာ" ချန်းအာက ပြောတယ်။ 

ယန်ရှင်းကျီ ဘာမှ ပြန်မပြောခဲ့ဘူး။ ဒါက တကယ့်ကို သူပြောခဲ့တဲ့ စကားပဲ။ 

"ဘာလဲ? မင်းရဲ့ ရေခဲတုံး အိုမီဂါဆီ ကျရှုံးသွားပြီလို့တော့ ငါ့ကို လာမပြောနဲ့နော်?" 
ချန်းအာရဲ့ အသံက မီးမြှိုက်ပေးလိုက်သလိုပဲ။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" ယန်ရှင်းကျီ အလိုလို ပြန်ဖြေလိုက်မိတယ်။

သူက အေးတိအေးစက် ရေခဲတုံးလို အိုမီဂါကို ဘယ်လိုလုပ် ကြိုက်မိနိုင်မှာလဲ?

"ဒါဆို မင်းမလာဘူးလား?... ဒါမှမဟုတ်ရင်.. ငါတို့ ရှင်းကျီက O မယားကြောက် ဖြစ်သွားတာလား?


"ဒါက တကယ့်ကို လုံးဝ မဖြစ်နိုင်တာပဲ။ ငါကို နေရာ ပို့လိုက်"  ယန်ရှင်းကျီ ချက်ချင်းကို ငြင်းလိုက်တယ်။

သူ ဖုန်းချလိုက်ကာ ဖုန်းကို ကုတင်ပေါ် ပြစ်တင်လိုက်တယ်။ 

"ဒင်" ဆိုတဲ့အသံ တစ်ချက်မြည်လာပြီး ချန်းအာကတော့ နေရာကို ပို့လိုက်ပြီ ဖြစ်တယ်။ 

ယန်ရှင်းကျီဟာ သူ့ရဲ့ တစ်ဝက်သာ ခြောက်သေးတဲ့ ဆံပင်ကို ဖွလိုက်ကာ အနည်းငယ် မှိန်းမောနေပုံ ရတယ်။ အယ်လ်ဖာက တစ်ပတ်လိမ့်လိုက်ပြီး တစ်ခြားဝတ်စုံတစ်စုံကို တော်ရိလျော်ရိ‌လေးပဲ လဲလိုက်တယ်။

တံခါးကို ဖျက်ခနဲ ဖွင့်လိုက်ပြီးနောက် ယန်ရှင်းကျီဟာ တံခါးဝမှာ ရပ်နေတဲ့ ရွှီရှန်းနဲ့ တည့်တည့်ကြီး တိုးတော့တယ်။

အိုး...ဒုက္ခပဲလေ။


_____________________


စာရေးဆရာ၏ မှတ်ချက်

တစ်စုံတစ်ယောက် အချစ်မှာ ကျရှုံးနေပြီထင်တယ်..ဟင်းဟင်း ~

ယန်ရှင်းကျီ : ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

(ရှီရှီ: သူ ဘယ်လောက်ထိ ငြင်းနိုင်အုံးမလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့)

ရှီရှီက စာရေးဆရာရဲ့ နာမည်ပါ xD


You are reading the story above: TeenFic.Net