#Unicode
ကိုယ်က ငလျှင်ဒဏ်ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ ပျဉ်းမနားမြို့မှာနေတဲ့သူတစ်ဦးပါ
ကိုယ်တို့ ရပ်ကွက်ထဲက ကံကောင်းထောက်မပြီး ဘုရားကယ်တာကြောင့် လမ်းကြား တစ်ခုလုံးကလူတွေ ဘာမှမဖြစ်ခဲ့ပါဘူး
ကိုယ့်အိမ်ကလည်း ပျဉ်ထောင်တစ်ထပ်အိမ်အပုလေးဖြစ်တာကြောင့် အိမ်ကတစ်ခြမ်းစောင်းသွားခဲ့ပြီး အိပ်ဖို့ လုံခြုံမှုသိပ်မရှိတော့ဘူးဆိုပေမဲ့ မပြိုသေးတဲ့တစ်ခြမ်းမှာ မိသားစုတွေစုပြီးအိပ်လို့ရနေပါသေးတယ် ဒီနေ့မှ အိမ်ပေါ်တက်အိပ်ရဲတာပါ
ဒါပေမဲ့ ကိုယ်တို့ရပ်ကွက်ကို ကျော်သွားတာနဲ့ နေရာတိုင်းမှာ ပြိုကျပျက်စီးနေတဲ့နေရာတွေချည်းပါပဲ
ငလျှင်လှုပ်တဲ့နေ့ကနေ လှုပ်ပြီး နှစ်ရက်အထိ လမ်းပေါ်မှာပဲ လူတိုင်း ဖျာခင်း ခြင်ထောင်ထောင်ပြီးအိပ်ခဲ့ရတာပါ
အထပ်မြင့်အဆောက်အဦးတွေအပြင် အထပ်နိမ့်အဆောက်အဦးတွေလည်း အများကြီးပြိုကျပျက်စီးခဲ့ပါတယ်
ကိုယ့်အိမ်က အရိုးအကြောအထူးကု ဆေးခန်းနဲ့ ရေဆင်းဆေးခန်း နှစ်ခုအကြားမှာရှိတာကြောင့် နေ့တိုင်းလမ်းမှာ ဖြတ်သွားတဲ့ လူနာတင်ယာဉ်ပေါင်းများစွာကို ရင်ထဲမချိအောင် မြင်ရ ကြားနေရတာပါ
ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ပြီး ဒီနေ့အထိ ကယ်ဆယ်ရေးလုပ်နေရသေးတဲ့ ခေမာသီဝံဘုန်းကြီးကျောင်းဆိုတာက ကိုယ့်အိမ်နဲ့ တစ်လမ်းပဲခြားပါတယ်
ကံဆိုးချင်ပြန်တော့ ငလျှင်လှုပ်တဲ့အချိန်မှာ တရားစခန်းပွဲရှိနေခဲ့တာပါ တရားစခန်းပွဲဆိုတာ အများသိတဲ့တိုင်း အသက်ကြီးဝါကြီးတဲ့ မိဘဘိုးဘွားတွေ အများဆုံးစုဝေးရာနေရာတစ်ခုဆိုတော့ ပိတ်မိ၊ ပိမိကြတဲ့လူအများစုက သက်ကြီးဝါကြီးတဲ့သူတွေများပါတယ်
ကိုယ့်ရဲ့ အဘွားကလည်း အဲ့နေ့က ခေမာသီဝံဘုန်းကြီးကျောင်းမှာ တရားစခန်းဝင်နေခဲ့ပြီး ကံကောင်းထောက်မလေတော့ ဘေးမသိရန်မခဘဲ လွတ်မြောက်လာခဲ့ပါတယ်
အဘွားရဲ့ဘေးနားက တရားထိုင်ဖော် အဆောင်တူ အဘွားအချို့ကတော့ ကျောက်တုံးအပုံတွေကြားမှာ ပိတ်မိ၊ ဖိမိခဲ့ပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်
မိတ်ဆွေသူငယ်ချင်းတွေကို ဖုန်းဆက်လိုက်ချိန်တိုင်း ဘယ်သူ့အိမ်ကတော့ပြိုပြီ ဘယ်သူ့အိမ်ကတော့ ဘယ်သူဆုံးတယ်လို့ကြားနေရပြီး နေ့တိုင်းနီးပါး လမ်းရှေ့မှာ နိဗ္ဗာန်ယာဉ်တွေဖြတ်သွားနေခဲ့ပါတယ်
စလှုပ်တဲ့နေ့ကစပြီး ဒီနေ့ထိ လျှပ်စစ်မီးလုံးဝပျက်တောက်နေပြီး အိမ်အများစုက ရေတွင်းတွေက ရေတွေက လုံးဝနောက်ကျိလို့ ရွှံရေတွေလိုဖြစ်နေကြပါပြီ သောက်ရေသုံးရေ အခက်အခဲအတော်လေးဖြစ်နေကြပါတယ်
တစ်မြို့လုံးမှာ လျှပ်စစ်မီးပေးတဲ့နေရာက လက်ချိုးရေလို့ရပြီး လာသွင်းတဲ့သူအများကြီးရှိတာကြောင့် တစ်နေကုန်စောင့်ပြီးသွင်းနေကြရတာပါ အိမ်က အဓိကဦးစားပေးအနေနဲ့ ဓာတ်မီးတွေ မီးသီးတွေပဲအားသွင်းနေခဲ့ပါတယ်
ဖုန်းက Atomတစ်ကဒ်ပဲသုံးတာကြောင့် စလှုပ်တဲ့အချိန်ကတည်းက လိုင်းပျောက်နေတာ ဒီနေ့မှပြန်ရတာပါ ရတဲ့အချိန်လေးမှာ အသိတွေကို အန္တရာယ်ကင်းကြောင်းပြောနေရတာနဲ့ အခုမှ စာဖတ်သူတွေကိုအသိပေးနိုင်တာ အများကြီးတောင်းပန်ပါတယ်နော် (တစ်လက်စတည်း လျှပ်စစ်မီးမရသေးသ၍ updateမပေးနိုင်သေးတာကိုလည်း အများကြီးတောင်းပန်ချင်ပါတယ်)
ရေကတော့ ဒီနေ့ ရေကားတစ်စီးနဲ့ တစ်မြို့လုံးကို သောက်ရေလိုက်ဝေနေပါပြီ ကိုယ်တိုင် တန်းစီပြီး ယူခဲ့ပြီးပါပြီ
ထမင်းထုပ်လာဝေတဲ့သူတွေရှိလို့ လူကြားထဲလည်း တိုးယူခဲ့ပြီးခဲ့ပါပြီ
ဘဝတစ်လျှောက်လုံး သောက်ဖို့ရေ စားဖို့ထမင်းကို အေးအေးဆေးဆေးစိတ်အပူအပင်မရှိဘဲ စားခဲ့သောက်ခဲ့တဲ့သူတွေက အခုဆို လူအများကြား တိုးဝှေ့ပြီး အလှူရှင်တွေရဲ့ အကျွေးအမွေးကို စောင့်ပြီး စားသောက်နေရပါပြီ
မိသားစုတွေအကုန်ဘေးမသိရန်မခဘဲ အိမ်တောင်စောင်းရုံစောင်းသွားခဲ့သူက အခုလိုတွေပြောနေရတာက အများနဲ့ယှဉ်ရင် ဖုန်မှုန့်သာသာ ဒုက္ခဖြစ်ခဲ့ရတဲ့ကိုယ်တောင် အခုလိုခံစားနေရရင် အမှန်တကယ်ထိခိုက် နာကျင် ပျက်စီးဆုံးရှုံးခဲ့ရသူတွေ လိုအပ်နေတဲ့နေရာတွေကို အလှူရှင်တွေ လာရောက်လှူဒါန်းပေးနိုင်အောင်ပါ
ယုံကြည်ရတဲ့အရင်းအမြစ်ရှိတဲ့နေရာတွေမှာ ရသလောက်လှူပေးပါ ကူပေးပါ အများကြီးအထောက်အပံ့ဖြစ်စေမှာပါ
အခုအချိန်မှာ ကူညီပေးချင်ပြီး တစ်တတ်တစ်အားနဲ့ အလှူရှင်တွေကို ငွေကြေးထောက်ပံ့ပေးချင်ရင် ကိုယ့်ဆီကို အကူငွေ သဒ္ဒါကြေး အနည်းအများမဆို ကူညီထောက်ပံ့ပေးနိုင်ပါတယ်
ယုံကြည်တယ်ဆိုမှ လှူဒါန်ပေးကြပါ မီးမရသေးဘဲ အင်တာနက်မရတစ်ချက်ရတစ်ချက်မှာ စာဖတ်သူတွေလှူဒါန်းပေးတာကို သက်သေအဖြစ် ဓာတ်ပုံတင်ပေးချင်ရင်တောင် အဆင်ပြေမှတင်ပေးနိုင်မှာမလို့ပါ
ကူညီလှူဒါန်းပေးချင်တယ်ဆိုရင်တော့
09-797628868(Yu Ya Nyein)
K pay or Wave ကို တစ်ရာတတ်နိုင်တတ်နိုင် တစ်ထောင်တတ်နိုင်တတ်နိုင် ကူညီပေးလို့ရပါတယ်ရှင့်
(Noteမှာ for pmn, for as, for ya အစရှိသဖြင့်ရေးပြီးလွှဲပေးလို့ရပါတယ်)
ကူညီပေးပြီးလို့ ငွေလွှဲပေးပြီးရင် @Astoriayuဆိုတဲ့ Tele acc မှာ ငွေလွှဲပြေစာလေးတွေပို့ပေးထားကြပါ
လိုင်းရတာနဲ့ လှူဒါန်းပြီးကြောင်း ဓာတ်ပုံတွေကိုပို့ပေးပါ့မယ်
လူတိုင်း တတ်နိုင်သလောက် စွမ်းနောက်သလောက် တစ်တပ်တစ်အားပါဝင်ကူညီပေးပြီး မြန်မာနိုင်ငံကြီးအတွက် အားတစ်ရပ်ဖြစ်ပေးကြရအောင်လားရှင်
အဆုံးထိဖတ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်နော်❤
.
.
.
.
.
.
.
.
.
.
.
.
Ps - သဒ္ဓါကြေးအနည်းငယ်ပဲရခဲ့လို့ ဘာမှဝယ်ပြီး မလှူနိုင်ခဲ့ရင်တောင် အိမ်နားက အရိုးအကြောဆေးကုခန်းမှာ လူနာတစ်ယောက်စာ၊ နှစ်ယောက်စာ ရသလောက်အကုန်လှူပေးပါ့မယ်ရှင့်
မြို့ထဲမှ မြင်ကွင်းအချို့
#Zawgyi
ကိုယ္က ငလွ်င္ဒဏ္ျပင္းျပင္းထန္ထန္ ခံစားခဲ့ရတဲ့ ပ်ဥ္းမနားၿမိဳ႕မွာေနတဲ့သူတစ္ဦးပါ
ကိုယ္တို႔ ရပ္ကြက္ထဲက ကံေကာင္းေထာက္မၿပီး ဘုရားကယ္တာေၾကာင့္ လမ္းၾကား တစ္ခုလုံးကလူေတြ ဘာမွမျဖစ္ခဲ့ပါဘူး
ကိုယ့္အိမ္ကလည္း ပ်ဥ္ေထာင္တစ္ထပ္အိမ္အပုေလးျဖစ္တာေၾကာင့္ အိမ္ကတစ္ျခမ္းေစာင္းသြားခဲ့ၿပီး အိပ္ဖို႔ လုံၿခဳံမႈသိပ္မရွိေတာ့ဘူးဆိုေပမဲ့ မၿပိဳေသးတဲ့တစ္ျခမ္းမွာ မိသားစုေတြစုၿပီးအိပ္လို႔ရေနပါေသးတယ္ ဒီေန႔မွ အိမ္ေပၚတက္အိပ္ရဲတာပါ
ဒါေပမဲ့ ကိုယ္တို႔ရပ္ကြက္ကို ေက်ာ္သြားတာနဲ႔ ေနရာတိုင္းမွာ ၿပိဳက်ပ်က္စီးေနတဲ့ေနရာေတြခ်ည္းပါပဲ
ငလွ်င္လႈပ္တဲ့ေန႔ကေန လႈပ္ၿပီး ႏွစ္ရက္အထိ လမ္းေပၚမွာပဲ လူတိုင္း ဖ်ာခင္း ျခင္ေထာင္ေထာင္ၿပီးအိပ္ခဲ့ရတာပါ
အထပ္ျမင့္အေဆာက္အဦးေတြအျပင္ အထပ္နိမ့္အေဆာက္အဦးေတြလည္း အမ်ားႀကီးၿပိဳက်ပ်က္စီးခဲ့ပါတယ္
ကိုယ့္အိမ္က အ႐ိုးအေၾကာအထူးကု ေဆးခန္းနဲ႔ ေရဆင္းေဆးခန္း ႏွစ္ခုအၾကားမွာရွိတာေၾကာင့္ ေန႔တိုင္းလမ္းမွာ ျဖတ္သြားတဲ့ လူနာတင္ယာဥ္ေပါင္းမ်ားစြာကို ရင္ထဲမခ်ိေအာင္ ျမင္ရ ၾကားေနရတာပါ
ျပင္းျပင္းထန္ထန္ ထိခိုက္ခဲ့ၿပီး ဒီေန႔အထိ ကယ္ဆယ္ေရးလုပ္ေနရေသးတဲ့ ေခမာသီဝံဘုန္းႀကီးေက်ာင္းဆိုတာက ကိုယ့္အိမ္နဲ႔ တစ္လမ္းပဲျခားပါတယ္
ကံဆိုးခ်င္ျပန္ေတာ့ ငလွ်င္လႈပ္တဲ့အခ်ိန္မွာ တရားစခန္းပြဲရွိေနခဲ့တာပါ တရားစခန္းပြဲဆိုတာ အမ်ားသိတဲ့တိုင္း အသက္ႀကီးဝါႀကီးတဲ့ မိဘဘိုးဘြားေတြ အမ်ားဆုံးစုေဝးရာေနရာတစ္ခုဆိုေတာ့ ပိတ္မိ၊ ပိမိၾကတဲ့လူအမ်ားစုက သက္ႀကီးဝါႀကီးတဲ့သူေတြမ်ားပါတယ္
ကိုယ့္ရဲ႕ အဘြားကလည္း အဲ့ေန႔က ေခမာသီဝံဘုန္းႀကီးေက်ာင္းမွာ တရားစခန္းဝင္ေနခဲ့ၿပီး ကံေကာင္းေထာက္မေလေတာ့ ေဘးမသိရန္မခဘဲ လြတ္ေျမာက္လာခဲ့ပါတယ္
အဘြားရဲ႕ေဘးနားက တရားထိုင္ေဖာ္ အေဆာင္တူ အဘြားအခ်ိဳ႕ကေတာ့ ေက်ာက္တုံးအပုံေတြၾကားမွာ ပိတ္မိ၊ ဖိမိခဲ့ၿပီး အသက္ဆုံးရႈံးခဲ့ရပါတယ္
မိတ္ေဆြသူငယ္ခ်င္းေတြကို ဖုန္းဆက္လိုက္ခ်ိန္တိုင္း ဘယ္သူ႔အိမ္ကေတာ့ၿပိဳၿပီ ဘယ္သူ႔အိမ္ကေတာ့ ဘယ္သူဆုံးတယ္လို႔ၾကားေနရၿပီး ေန႔တိုင္းနီးပါး လမ္းေရွ႕မွာ နိဗၺာန္ယာဥ္ေတြျဖတ္သြားေနခဲ့ပါတယ္
စလႈပ္တဲ့ေန႔ကစၿပီး ဒီေန႔ထိ လွ်ပ္စစ္မီးလုံးဝပ်က္ေတာက္ေနၿပီး အိမ္အမ်ားစုက ေရတြင္းေတြက ေရေတြက လုံးဝေနာက္က်ိလို႔ ႐ႊံေရေတြလိုျဖစ္ေနၾကပါၿပီ ေသာက္ေရသုံးေရ အခက္အခဲအေတာ္ေလးျဖစ္ေနၾကပါတယ္
တစ္ၿမိဳ႕လုံးမွာ လွ်ပ္စစ္မီးေပးတဲ့ေနရာက လက္ခ်ိဳးေရလို႔ရၿပီး လာသြင္းတဲ့သူအမ်ားႀကီးရွိတာေၾကာင့္ တစ္ေနကုန္ေစာင့္ၿပီးသြင္းေနၾကရတာပါ အိမ္က အဓိကဦးစားေပးအေနနဲ႔ ဓာတ္မီးေတြ မီးသီးေတြပဲအားသြင္းေနခဲ့ပါတယ္
ဖုန္းက Atomတစ္ကဒ္ပဲသုံးတာေၾကာင့္ စလႈပ္တဲ့အခ်ိန္ကတည္းက လိုင္းေပ်ာက္ေနတာ ဒီေန႔မွျပန္ရတာပါ ရတဲ့အခ်ိန္ေလးမွာ အသိေတြကို အႏၲရာယ္ကင္းေၾကာင္းေျပာေနရတာနဲ႔ အခုမွ စာဖတ္သူေတြကိုအသိေပးႏိုင္တာ အမ်ားႀကီးေတာင္းပန္ပါတယ္ေနာ္ (တစ္လက္စတည္း လွ်ပ္စစ္မီးမရေသးသ၍ updateမေပးႏိုင္ေသးတာကိုလည္း အမ်ားႀကီးေတာင္းပန္ခ်င္ပါတယ္)
ေရကေတာ့ ဒီေန႔ ေရကားတစ္စီးနဲ႔ တစ္ၿမိဳ႕လုံးကို ေသာက္ေရလိုက္ေဝေနပါၿပီ ကိုယ္တိုင္ တန္းစီၿပီး ယူခဲ့ၿပီးပါၿပီ
ထမင္းထုပ္လာေဝတဲ့သူေတြရွိလို႔ လူၾကားထဲလည္း တိုးယူခဲ့ၿပီးခဲ့ပါၿပီ
ဘဝတစ္ေလွ်ာက္လုံး ေသာက္ဖို႔ေရ စားဖို႔ထမင္းကို ေအးေအးေဆးေဆးစိတ္အပူအပင္မရွိဘဲ စားခဲ့ေသာက္ခဲ့တဲ့သူေတြက အခုဆို လူအမ်ားၾကား တိုးေဝွ႔ၿပီး အလႉရွင္ေတြရဲ႕ အေကြၽးအေမြးကို ေစာင့္ၿပီး စားေသာက္ေနရပါၿပီ
မိသားစုေတြအကုန္ေဘးမသိရန္မခဘဲ အိမ္ေတာင္ေစာင္း႐ုံေစာင္းသြားခဲ့သူက အခုလိုေတြေျပာေနရတာက အမ်ားနဲ႔ယွဥ္ရင္ ဖုန္မႈန႔္သာသာ ဒုကၡျဖစ္ခဲ့ရတဲ့ကိုယ္ေတာင္ အခုလိုခံစားေနရရင္ အမွန္တကယ္ထိခိုက္ နာက်င္ ပ်က္စီးဆုံးရႈံးခဲ့ရသူေတြ လိုအပ္ေနတဲ့ေနရာေတြကို အလႉရွင္ေတြ လာေရာက္လႉဒါန္းေပးႏိုင္ေအာင္ပါ
ယုံၾကည္ရတဲ့အရင္းအျမစ္ရွိတဲ့ေနရာေတြမွာ ရသေလာက္လႉေပးပါ ကူေပးပါ အမ်ားႀကီးအေထာက္အပံ့ျဖစ္ေစမွာပါ
အခုအခ်ိန္မွာ ကူညီေပးခ်င္ၿပီး တစ္တတ္တစ္အားနဲ႔ အလႉရွင္ေတြကို ေငြေၾကးေထာက္ပံ့ေပးခ်င္ရင္ ကိုယ့္ဆီကို အကူေငြ သဒၵါေၾကး အနည္းအမ်ားမဆို ကူညီေထာက္ပံ့ေပးႏိုင္ပါတယ္
ယုံၾကည္တယ္ဆိုမွ လႉဒါန္ေပးၾကပါ မီးမရေသးဘဲ အင္တာနက္မရတစ္ခ်က္ရတစ္ခ်က္မွာ စာဖတ္သူေတြလႉဒါန္းေပးတာကို သက္ေသအျဖစ္ ဓာတ္ပုံတင္ေပးခ်င္ရင္ေတာင္ အဆင္ေျပမွတင္ေပးႏိုင္မွာမလို႔ပါ
ကူညီလႉဒါန္းေပးခ်င္တယ္ဆိုရင္ေတာ့
09-797628868(Yu Ya Nyein)
K pay or Wave ကို တစ္ရာတတ္ႏိုင္တတ္ႏိုင္ တစ္ေထာင္တတ္ႏိုင္တတ္ႏိုင္ ကူညီေပးလို႔ရပါတယ္ရွင့္
(Noteမွာ for pmn, for as, for ya အစရွိသျဖင့္ေရးၿပီးလႊဲေပးလို႔ရပါတယ္)
ကူညီေပးၿပီးလို႔ ေငြလႊဲေပးၿပီးရင္ @Astoriayuဆိုတဲ့ Tele acc မွာ ေငြလႊဲေျပစာေလးေတြပို႔ေပးထားၾကပါ
လိုင္းရတာနဲ႔ လႉဒါန္းၿပီးေၾကာင္း ဓာတ္ပုံေတြကိုပို႔ေပးပါ့မယ္
လူတိုင္း တတ္ႏိုင္သေလာက္ စြမ္းေနာက္သေလာက္ တစ္တပ္တစ္အားပါဝင္ကူညီေပးၿပီး ျမန္မာႏိုင္ငံႀကီးအတြက္ အားတစ္ရပ္ျဖစ္ေပးၾကရေအာင္လားရွင္
အဆုံးထိဖတ္ေပးလို႔ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ေနာ္❤
.
.
.
.
.
Ps - သဒၶါေၾကးအနည္းငယ္ပဲရခဲ့လို႔ ဘာမွဝယ္ၿပီး မလႉႏိုင္ခဲ့ရင္ေတာင္ အိမ္နားက အ႐ိုးအေၾကာေဆးကုခန္းမွာ လူနာတစ္ေယာက္စာ၊ ႏွစ္ေယာက္စာ ရသေလာက္အကုန္လႉေပးပါ့မယ္ရွင့္
ၿမိဳ႕ထဲမွ ျမင္ကြင္းအခ်ိဳ႕
You are reading the story above: TeenFic.Net