#Unicode
စာဖတ်သူတွေ Kpay/Wave ကနေ လာရောက်လှူဒါန်းခဲ့တာ စုစုပေါင်းအလှူငွေ 196,000ကျပ် တိတိရရှိခဲ့ပါတယ်ရှင့်
လက်ရှိမှာ သုံးရေအဆင်မပြေကြသေးပေမဲ့ သောက်ရေအဆင်ပြေပြီး နေရာတိုင်းနီးပါးမှာ ထမင်းထုပ်တွေ ဝေနေတာကြောင့် ဘာလုပ်ရမလဲဆိုပြီး မိသားစုနဲ့တိုင်ပင်ရင်းနဲ့ နေ့စဉ်လူသုံးကုန်ပစ္စည်းလေးတွေကို လှူဒါန်းမယ်ဆိုပြီး အကြံရခဲ့ပါတယ်
အိမ်ထောင်စု 20စာ တစ်အိမ်ထောင်ကို ခြင်ဆေးခွေတစ်ဘူး၊ ဖယောင်းတိုင်တစ်ထုပ်၊ ဆပ်ပြာမှုန့်တစ်ထုပ်၊ သွားတိုက်ဆေးတစ်ဘူး နဲ့ ခေါက်ဆွဲခြောက်တစ်ထုပ်စီထည့်ပြီး လှူဒါန်းပေးခဲ့ပါတယ်
ထိထိရောက်ရောက် မရကြမှာစိုးရိမ်လို့ အဆင်မပြေတဲ့အိမ်ထောင်စုတွေကို လူကိုယ်တိုင်သွားရောက်ပြီး လှူဒါန်းပေးခဲ့တာပါ
အခုလို ကိုယ့်ကို ယုံကြည်ပြီး လှူဒါန်းပေးခဲ့ကြတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်နော်
စာဖတ်သူတို့ရဲ့ အလှူငွေကို ကောင်းမွန်စွာနဲ့ ထိရောက်စွာ လှူဒါန်းပေးနိုင်ခဲ့တဲ့အတွက်လည်း အများကြီး ဝမ်းသာရပါတယ်
လိုအပ်နေတဲ့လူတိုင်းအစား ကိုယ်က ကျေးဇူးတင်စကားပြောပါရစေ
အခုလို လှူဒါန်းပေးခဲ့တဲ့အတွက် ကပ်ကြီးသုံးပါးကနေ ကျော်လွှားနိုင်ပြီး ဘဝခရီးလမ်းမှာ ခလုတ်မထိ ဆူးမညိပါစေနဲ့
နေ့ရက်တိုင်းကို ပျော်ရွှင်မှုအပြည့်နဲ့ဖြတ်သန်းခွင့်ရပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ပါစေ
သာဓု သာဓု သာဓုပါရှင့်🙏❤✨
#Zawgyi
သာဓု သာဓု သာဓုပါရှင့်🙏❤✨
ဒါလေးကတော့ ပြေစာလေးပါ
You are reading the story above: TeenFic.Net