အပိုင်း ၉၇။ မှန်းဆချက်နဲ့ အဖြေ
သူ့ရဲ့ ကြီးမားတဲ့ ထီးထီးကြီးတည်ရှိမှုနဲ့အတူ တိတ်ဆိတ်နန်းတော်ခန်းမဟာ အဝေးက ကြည့်လိုက်ရင်တောင် အလွန်ကို အဟန့်အထည် ရှိပုံပေါ်နေသည်။
နန်းတော်ထဲ လျောက်လှမ်းဝင်ရောက်သွားတဲ့အချိန်မှာတော့ သူဟာ သေးငယ်တဲ့ သက်ရှိတစ်ယောက်သာဖြစ်တယ်လို့ Carendra ဝိုးတဝါး ခံစားလိုက်ရသည်။ နန်းတော်တစ်ခုလုံး ဩဇာအရှိန်အဝါတို့ လွှမ်းခြုံနေကာ သူ့ခြေထောက်တွေ အခြေမခိုင် ဖြစ်သွားရ၏။ အကျိုးဆက်အနေနဲ့ သူခြေလှမ်ဆယ်လှမ်းလောက် လှမ်းဖို့ကိုတောင်မှ တော်တော် ရုန်းကန်လိုက်ရတော့သည်။
"ဒါဆို၊ မင်းက Carendra ပေါ့။"
ကြည်လင်အေးစက်တဲ့အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာပြီး Carendra ရဲ့ နားထဲ လှိုင်းသေးလေးတွေ မွှေနေသည့်အလား ဝင်ရောက်သွားပြီးနောက် နန်းတော်တစ်ခုလုံး ပြန်ပြီး တိတ်ဆိတ်သွားပြန်တော့သည်။
Carendra လန့်သွားရကာ ခေါင်း ချက်ချင်းပဲ မော့လိုက်၏။ သူ့အရှေ့မှာ ရှိနေတာက အဖြူရောင်ပုံရိပ်တစ်ခု၊ အဝတ်ဖြူဝတ်ထားတဲ့လူတစ်ဦးက အခု ခပ်မတ်မတ်ထိုင်နေကာ ဘာကိုမှ လုပ်မနေပေမဲ့ အဲ့သူမှာရှိနေတဲ့ မွေးရာပါ အဟိတ်အဟန့်ရှိတဲ့ဟန်ကို ခံစားသိရှိနိုင်နေသည်။ နောက်တစက္ကန့်အကြာမှာတော့ ဘုရင်ကြီးက Carendra ကို သူ့ရဲ့ သိမ်မွေ့ပြီး လျို့ဝှက်ဆန်းကျယ်တဲ့ အရှိန်အဝါတို့နဲ့ ချက်ချင်း ဦးညွှတ်သွားစေတော့၏။
အဲ့သူရဲ့နဖူးပေါ်က ကျောက်မျက်က တစ်လက်လက်တောက်ပနေသည်။ သူ့ရဲ့နက်မှောင်တဲ့မျက်လုံးအစုံက တည်ငြိမ်မှုနဲ့ပြည့်နေကာ သူ့ရဲ့ ခန့်ညားလှပတဲ့မျက်နှာကလည်း လောကကြီးထဲက တစ်ဦးတည်းသော မသေမျိုး နတ်ဘုရားအရှင်အလား မြင့်မြတ်ပြီး အလေးအမြတ်ထားလောက်ဖွယ်ဟန် ပေါ်နေသည်။ သူ့ရဲ့ မျက်နှာပေါ်က အမူအယာက အားလုံးကို ဥပက္ခောရှုထားပုံ ရှိနေသော်လည်း တကိုယ်လုံးသွင်ပြင်ကတော့ ဆွဲဆောင်ညှို့ငင်နေသည်ပင်။ အဲ့မှာ လောကကြီးကနေ ကင်းကွာကာ တစ်ကိုယ်တည်း ထိုင်နေသူကတော့ တခြားသူမဟုတ်ဘဲ Carendra တစ်သက်လုံး လေးစားခဲ့ရတဲ့ ငရဲမင်းကြီးဖြစ်သည်။
"ဖူးမျှော်ခွင့်ရတာ ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။" Carendra က ဒူးထောက်လိုက်ကာ ရိုသေလေးစားစွာနဲ့ လျောက်တင်လိုက်သည်။
ဘုရင်ကို ဒူးထောက်ခစားတယ်ဆိုတာ သန်မာသူကို အလျော့ပေးတဲ့လက္ခဏာတစ်ခု မဟုတ်ပါ။ ဒီလိုလုပ်တာက ဘုရင်ကြီးအပေါ် သူ့ရဲ့ လေးစားမှုကြောင့်သာ Carendra ဒီလိုလုပ်တာဖြစ်သည်။ သူ သူ့အေှ့ကလူကလွဲရင် တခြားသူတွေ ဘယ်သူ့ကိုမှ သူ တခါမှ ဒူးမထောက်ခဲ့ဖူးချေ၊ အကြောင်းကတော့ ဘုရင်ကြီးက ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးဖြစကာ လျို့ဝှက်ဆန်းကျယ်တဲ့ အံ့ဖွယ်တစ်ဦးမို့လည်း ဖြစ်သည်။
ဘုရင်ကြီးကြောင့်သာ မဟုတ်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်း သိန်းချီတုန်းက ဖြစ်ပွါးခဲ့တဲ့ စစ်ပွဲကြီးမှာ ဆူးလားမိသားစု အဖယ်ရှားခံရပြီး ဖြစ်နေမှာပင်။
ဘုရင်ကြီးကြောင့်သာ မဟုတ်ရင် ဆူးလားမိသားစုဝင်တွေ ခုချိန်ထိ လုံခြုံဘေးကင်းစွာ အသက်ရှင်နေနိုင်မှာ မဟုတ်ချေ။
ခုချိန်ထိ ဆူးလားမိသားစုတွေ ပိုင်ဆိုင်နေတဲ့ အရာရာဟာ ဘုရင်ကြီးရဲ့ ခွင့်ပြုချက်ကြောင့်သာ ဖြစ်သည်။
အဲ့တာကြောင့် Carendra က ဘုရင်ကြီးကို ဒူးထောက်ခစားလိုတာပါပဲ!
"Carendra၊ ငါကိုယ်တော် မင်းကို ဒီကို ဘာ့ကြောင့် ဆင့်ခေါ်ရသလဲဆိုတာ မင်းသိလား?" ဘုရင်ကြီးက အဓိပ္ပါယ်တစ်မျိုး ပြည့်စုံနေတဲ့ သူ့အကြည့်ကို Carendra ဆီ ပို့လိုက်သည်။
Carendra ဘယ်လောက်ပဲ မာနကြီးခဲ့သည်ဖြစ်စေ ဘုရင်ကြီးရဲ့ အကြည့်အောက်မှာတော့ လေးလံလှတဲ့ဖိအားကို သူ မခံနိုင်ဆဲပဲ ဖြစ်သည်။ အဲ့နောက် Carendra တစ်ယောက် ထောက်ပြီးသားဒူး ထပ်မံ ဒူးထောက်ဖို့ လှုံ့ဆော်မှုတွန်းအားတောင် ရသွားရတော့သည်။ဒါပေမဲ့ ဘုရင်ကြီး သူ့ကို အထင်သေးသွားမှာစိုးတဲ့အတွက် သူ့ခံစားချက်ကို ကြိုးစားထိန်းချုပ်လိုက်ပေမဲ့ စိတ်လှုပ်ရှားမှုကြောင့် Carendra မျက်နှာရဲနေဆဲပင်ဖြစ်သည်။
"ကျွန်တော် နားထောင်နေပါတယ် အရှင်မင်းကြီး။" Carendra အဖြေရှိနေပေမဲ့ အဲ့တာကို မတွေးမိဖို့ ကြိုးစားနေ၏။ သူ အဖြေမထုတ်နိုင်လို့တော့မဟုတ်၊ သူ့စိတ်ထဲရှိနေတဲ့အဖြေက သူလက်ခံဖို့ရာ အလွန်အံ့ဩဖွယ်ဖြစ်နေလို့ပါ။
"မင်း အဖြေရှိပြီးနေပြီပဲ၊ ဘာလို့ ငါကိုယ်တော် ညွှန်ကြားပေးဖို့ လိုအပ်မှာလဲ?" ဘုရင်ကြီးက Carendra ကို ထွင်းဖောက်မြင်ပုံရသည်။
အဲ့ဒီ့ အံ့အားသင့်ဖွယ်စကားလုံးတို့က Carendra ကို လျပ်စီးတစ်ခုလို ထိမှန်သွားသည်။ ရုတ်တရက် သူ့စိတ်ထဲ ထပ်ပြီး ဖြတ်ခနဲပေါ်လာတဲ့ အဲ့အဖြေနဲ့အတူ မျက်လုံးတို့ ဝိုင်းစက်သွားတော့သည်။ အဲ့ကော်ငလေးရဲ့ ပိန်ပိန်ပါးပါးသွင်ပြင်က သူ့ခေါင်းထဲ ပေါ်လာသည်။ အဲ့ကောင်လေးမှာ တောက်ပတဲ့အပြုံး၊ ချစ်မြတ်နိုးစရာကောင်းတဲ့ သွားစွယ်နှစ်ချောင်းနဲ့ ကြီးမားတဲ့ မျက်လုံးအစုံတို့ ရှိ၏။
Carendra ပင့်သက်ရှိုက်လိုက်ရင် တွေးလိုက်သည်၊ 'ဟုတ်တယ်။ ဖုန့်ရှီလို့ခေါ်တဲ့ ကောင်လေးပဲ။"
နန်းတော်သို့အလာလမ်းမှာ ဘုရင်ကြီး သူ့ကို ဘာ့ကြောင့် တွေ့လိုတာလဲဆိုတာ သူ တောက်လျောက်တွေးလာခဲ့တာ။ ပထမတော့ Carendra က သူ့မှာ ဘုရင်ကြီး စိတ်ဝင်စားလောက်မယ့် အကြောင်းအရာ မရှိဘူးဆိုတာ အလွန်သေချာနေသည်၊ အဲ့လိုမှမဟုတ်ရင် သူ့မိသားစုက အကြီးအကဲတွေက အသံတိတ်နေကြမှာမဟုတ်ဘူးလေ။ ဆူးလားမိသားစု ကျဆင်းသွားပြီးကတည်းက သူတို့တွေက တတိယတန်းစား အင်အားစုတွေနဲ့တောင် ပြိုင်ဘက်မဟုတ်တော့ချေ။ ပြီးတော့ ဆူးလားမိသားစုက လုံလောက်တဲ့ အာဏာ၊ စွမ်းအား မရှိတဲ့အတွက် ဘုရင်ကြီးကို အကူအညီလည်း မပေးနိုင်။ အဲ့အတွက်ကြောင့် သူ အကြောင်းပြချက် နှစ်ချက်ကို ပယ်ရှားလိုက်သည်။
အဲ့အပြင်၊ Carendra ဆင့်ခေါ်ခံရတာက ဘုရင်ကြီးကို အပြစ်ပြုမိလို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်။
Carendra က အမြဲ လူအမြောက်အများကို သတ်ပစ်ရန် အားထုတ်ခဲ့၊ သတ်လည်း သတ်ခဲ့တာကြောင့် သူက လူကောင်းတစ်ယောက်တော့ မဟုတ်၊ ဒါပေမဲ့ ဘုရင်ကြီးနဲ့ ဆက်နွယ်နေတဲ့သူတွေကိုတော့ သူတစ်ခါမှ အနာတရ မလုပ်ခဲ့ဖူးချေ။ သူ ငရဲသားမိသားစုကသူတွေကို သတ်ခဲ့ကောင်း သတ်ခဲ့နိုင်တယ်၊ ဒါပေမဲ့ အဲ့အချိန်မှာ အဲ့လူတွေက သူတို့ရဲ့ ဂုဏ်ရှိန်ဝါတွေ အချခံရပြီးဖြစ်နေပြီး သူတို့ရဲ့ပါဝါပြယုဂ်ဖြစ်တဲ့ စွမ်းအားကျောက်မျက်လည်း ဆုံးရှုံးသွားပြီးဖြစ်သည်။ သူ့ကို အဲ့အတွက် အပြစ်ပေးဖို့ဆိုရင် ဘုရင်ကြီး ခုချိန်ထိ စောင့်မှာမဟုတ်ပေ။
အရေးကြီးဆုံးအရာက အဝတ်ဖြူဝတ်အဘိုးအိုက ထူးခြားတဲ့ဖြစ်တည်မှုတစ်ခုနဲ့အတူ အလွန်ကို စွမ်းအားကြီးတဲ့ ကျင့်ကြံသူတစ်ယောက်ဆိုတာ Carendra ခံစားမိသည်။
တကယ်လို့ ဘုရင်ကြီးက Carendra ကို ဖမ်းချင်တယ်ဆိုရင် နန်းတော်က ရွှေရောင်အစောင့်ကို စေလွှတ်လိုက်ရုံနဲ့တင် လုံလောက်နေပြီ။
အကျိုးဆက်အနေနဲ့ Carendra ဖြစ်နိုင်ချေတွေအားလုံးကို ဖယ်ထုတ်ပြီးတဲ့အချိန်မှာတော့ ယူဆချက်တစ်ခုပဲသာ ကျန်တော့၏။
အစိမ်းရောင် ငရဲသားအသင်းမှာတုန်းက ကောင်လေးက သံသယဖြစ်ဖွယ်တွေအများကြီး ချန်သွားခဲ့သည်။ ပထမ၊ သူ့မှာ လူတိုင်းက ရှားပါးမှန်းသိနေတဲ့ သူတော်စင်နယ်ပယ်အဆင့် မိစ္ဆာသားရဲတစ်ကောင် ရှိသည်၊ ငရဲပြည်မှာ အဲ့ဒီ့နယ်ပယ်အဆင့် ရောက်နေတဲ့ မိစ္ဆာသားရဲတစ်ကောင် ရှိဖို့ဆိုတာ မဖြစ်နိုင်လောက်အောင်ပင်၊ အကြောင်းကတော့ ဘယ်အင်အားစုကမှ အဲ့လိုတစ်ကောင် ပိုင်ဆိုင်ဖို့ မတတ်စွမ်းနိုင်ပေ။ တကယ်လို့ အင်အားစုတစ်ခုခုမှာသာ အဲ့လိုတစ်ကောင်ရှိမယ်ဆိုရင် အဲ့အကြောင်း ပျံ့နှံ့ပြီးသားဖြစ်မှာ အသေအချာပင်။ အဲ့တာကြောင့် သူတော်စင်နယ်ပယ် မိစ္ဆာသားရဲဟာ ကောင်းကင်ထွတ်ထိပ်နန်းတော်ကသာ ဖြစ်ရမည်။
ဒုတိယအချက်အနေနဲ့ ကောင်လေးရဲ့အနားမှာ ကိုယ်ဖျောက်ထားတဲ့ သတ္တဝါနှစ်ကောင် ရှိသည်။ တစ်ကောင်က ရွှေရောင်သွင်ပြင်ရှိပြီး Carendra ထင်တာကတော့ စာအုပ်တွေရဲ့ ရှေးဟောင်းဒဏ္ဍာရီလာဖြစ်တဲ့ စာအုပ်နတ်ဘုရား ဖြစ်နိုင်သည်။ နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်က အလွန့်အလွန်စွမ်းအားကြီးမားတဲ့ အင်အားစုတွေမှာသာလျင် အဲ့လိုသတ္တဝါမျိုး တစ်ကောင် ပိုင်ဆိုင်ဖို့ အရည်အချင်းရှိသည်။ အဲ့အပြင် အင်အားစုတစ်ခုက အဲ့လိုသတ္တဝါမျိုး တစ်ကောင် ရှိထားတယ်ဆိုရင် နတ်ဘုရားဘုရင်နယ်ပယ် အဆင့်ခြောက်ပဲ ရောက်သေးတဲ့ ကောင်လေးတစ်ယောက်နဲ့ အတူထားပေးမယ့်အစား ဝှက်ထားကြမှာ အသေအချာပဲဖြစ်သည်။
တတိယအနေနဲ့ ကောင်လေးက Carendra ကို သူ့ကျေးဇူးကြွေး ပြန်ဆပ်မယ်လို့ ကတိပေးသွားခဲ့ပေမဲ့ တစ်စုံတစ်ခု ကြားလိုက်ပုံရပြီး နောက်ဆုံးပြိုင်ပွဲကိုတောင် ပြီးဆုံးအောင် မစောင့်ဘဲ ချက်ချင်း ပြန်သွားခဲ့သည်။ ကောင်လေးရဲ့ မျက်နှာအမူအယာကို အကဲဖြတ်ရရင် တစ်ယောက်ယောက်က သူ့ကို ပြောလိုက်ဟန်ပေါက်နေတယ်လို့ Carendra ထင်သည်။
အသံပို့လွှတ်တဲ့ပညာက နတ်ဘုရား Exalt နယ်ပယ်အဆင့် ဒါမှမဟုတ် အဲ့အထက် ရောက်နေတဲ့သူတွေကပဲ ထုတ်သုံးနိုင်တဲ့ ပညာရပ်ဖြစ်သည်။ ငရဲပြည်မှာ အဲ့နယ်ပယ်ရောက်နေတဲ့ ကျင့်ကြံသူတွေ အတော့ကို ရှားပါသည်။ ဘယ်အင်အားစုမှာမဆို နတ်ဘုရား Exalt နယ်ပယ်ရှိတဲ့ ပညာရှင် တစ်ဦးတစ်လေ ရှိနေကြောင်း ဆူးလားမိသားစု လုံးဝ မသိခဲ့။ အဲ့အတွက်ကြောင့် ကော်ငလေးက ကောင်းကင်ထွတ်ထိပ်နန်းတော်ကဆိုတာ Carendra ပိုသေချာသွားတာဖြစ်သည်။
နောက်ဆုံး အရေးအကြီးဆုံးအရာက ကောင်လေးရဲ့ သွင်ပြင်က ငရဲပြည်မှာ ဟိုးလေးတကျော်ဖြစ်သွားခဲ့တဲ့သူနဲ့ အတော် ကိုက်ညီနေသည်ပင်။ အရင်တုန်းက Carendra က ကျင့်ကြံမှုမှာ အာရုံစိုက်ခဲ့ပေမဲ့ အဲ့လိုအရာတွေကိုတော့ သူကြားဖူးသေးသည်။ အဲ့အချိန်တုန်းက အဲ့လိုဖြစ်ရပ်တွေကို သူ သိပ်အာရုံမစိုက်ခဲ့ချေ။ အခုတော့ အရာရာဟာ သူ့အတွက် အိမ်မက်တစ်ခုပမာ ဖြစ်လာတယ်လို့ ခံစားလာရတော့၏။
နောက်ဆုံးတော့ အဲ့ကောင်လေးကြောင့် ဆူးလားမိသားစု သူ့ဘာသူ ပြန်လည်ရှင်သန်လာဖို့အခွင့်အရေး ရောက်လာပြီလို့ သူ သိလိုက်သည်!
"ရှီ၊ ထွက်ခဲ့တော့။" Carendra မျက်နှာပေါ်က အမူအယာကို မြင်တော့ ဘုရင်ကြီးက တဖက်သူက သူ့မှန်းဆချက်ကို အတည်ပြုပြီးပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ အဲ့နောက် ဘုရင်ကြီးက သူ့ခုံအနောက်မှာ ပုန်းနေတဲ့ကောင်လေးကို ခေါ်ထုတ်လိုက်၏။
'ရှီ? အဲ့တာ ဖုန့်ရှီလား?'
Carendra ဘုရင်ကြီးခုံအနောက်ကို ကြည့်လိုက်သည်။ ကောင်လေး စကားပြောလိုက်တာနဲ့ သူ ကောင်လေးကို မှတ်မိမယ်ဆိုတာ သူ သေချာသည်လေ။
ကျယ်ပြောတဲ့ နန်းတော်က အချိန်အတန်ကြာ တိတ်ဆိတ်သွားသည်။ ရုတ်တရက် ထိုင်ခုံအနောက်ကနေ ရှင်းသန့်တဲ့အသံတစ်သံ ထွက်ပေါ်လာပေမဲ့ ကောင်လေးကတော့ လူလုံးထွက်မပြသေးပေ။ "ခေါင်းဆောင်၊ ဦးလေးဖြူ ထွက်သွားသေးရဲ့လား?"
ကောင်လေးက သူ့အသံ ဦးလေးဖြူကြားမှာကြောက်ဟန်နဲ့ အသံကို တမင် နှိမ့်လိုက်သည်။ သူ့ခေါင်းကို သူ ထုတ်တောင် မထုတ်ချင်သေးပေ။
ဒါပေမဲ့ ဖုန့်ရှီနဲ့ ငါးမီတာ၊ ခြောက်မီတာလောက် အကွာမှာ ရပ်နေတဲ့ Carendra ကတော့ အဲ့စကားတွေကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။ ရင်းနှီးနေတဲ့အသံကို ကြားတော့ အစိမ်းရောင် ငရဲသားအသင်းရဲ့ ရင်ပြင်မှာ သူတွေ့ခဲ့တဲ့ စကားအိုး ကောင်လေး သူ့အရှေ့ ထပ်ပေါ်လာပြီလို့ Carendra ခံစားလိုက်ရသည်။ အဲ့နောက် သူ့အရှေ့က မြူခိုးတွေ ပျောက်ကွယ်သွားပြီး နောက်ဆုံးတော့ တောက်ပတဲ့ကောင်းကင်ကို မြင်လိုက်ရသည့်အလား ရုတ်တရက် လင်းလက်သွားတော့သည်။
"မင်း ထွက်မလာသေးဘူးဆိုရင် ကိုယ်တော် ဦးလေးဖြူကို အထဲခေါ်လိုက်မှာနော်။" ဘုရင်ကြီးက လှည့်တောင် မကြည့်ဘဲ ပြောလိုက်သည်။
ကောင်လေးနဲ့ပြောတဲ့အခါမှသာ နူးညံ့ညင်သာတဲ့ အသံပြောင်းသွားတတ်တဲ့ ဘုရင်ကြီးရဲ့ အသံက ရုတ်ချည်း ထွက်ပေါ်လာသည်။ သူ့အသံနေအသံထားက ကောင်လေးသာ နားလည််နိုင်လောက်တဲ့ အနည်းငယ် စနောက်ဟန်ပေါက်နေသည်။ ဒါပေမဲ့ ဖုန့်ရှီ အဲ့စကားတွေကို ခြိမ်းခြောက်တဲ့စကားတွေအနေနဲ့ မှတ်ယူလိုက်ကာ နောက်ဆုံး သူတွန့်ဆုတ်ဆုတ်နဲ့ ကုပ်ကပ်တက်လာပြီး ရေရွတ်လိုက်သည်၊ "ခေါင်းဆောင်၊ အဲ့လို လုပ်လို့မရဘူးလေ။ ကျွန်တော့နားလေးတွေကိုတော့ ခေါင်းဆောင် သနားသင့်ပါတယ်။ ဦးလေးဖြူက ကျွန်တော့နားကို ဆွဲရတာ ကြိုက်တယ်၊ အဲ့တာ အချိန်တိုင်း နာတယ် ခေါင်းဆောင်ရဲ့။"
Carendra အသံအနောက်ကို လိုက်ပြီး ကြည့်လိုက်တော့ နူးညံ့တဲ့ဝတ်ရုံကို ဝတ်ထားဆဲဖြစ်တဲ့ ကောင်လေးကို ရှာတွေ့သွား၏။ ဒါပေမဲ့ ဘုရင်ကြီးနောက်ကနေ တစ်စုံတစ်ယောက် ကုပ်ကပ်တက်လာဖို့ဆိုတာ အတော်ကို စည်းမဲ့တဲ့လုပ်ရပ်ပေမဲ့ ကောင်လေးရဲ့ ချစ်စဖွယ်လှုပ်ရှားမှုတွေကတော့ အခြားသူတွေကို အလွယ်တကူ ကျေငြိမ်းစေသည်ပင်။
Carendra အံ့အားအသင့်ရဆုံးကတော့ ကောင်လေးက ကောင်းကင်ထွတ်ထိပ်နန်းတော်မှာ သူ ဆန္ဒရှိသလို ပြုမူနေတာပဲဖြစ်သည်။ ကောင်လေးရဲ့ ဘုရင်ကြီးအရှေ့ အပြုအမူကို မြင်လိုက်တာရယ်၊ ကောင်လေး ရေရွတ်တာကို ကြားလိုက်တာရယ်ကြောင့် ကောလာဟလတွေက မှန်နေကြောင်း Carendra ခံစားလာရတော့သည်။
"Carendra, နောက်ဆုံးတော့ မင်းရောက်လာပြီ။ မင်းကို ငါ အကြာကြီး စောင့်နေခဲ့တာ။"
ကောင်လေးက သူနဲ့မလှမ်းမကမ်းမှာရှိတဲ့ Carendra ကို တွေ့တော့ သူ့မျက်လုံးတို့ ချက်ချင်း တောက်ပသွားရကာ မြေကြီးပေါ်က ထလာပြီး ကြောင်တောင်တောင်ဖြစ်နေဆဲဖြစ်တဲ့ Carendra ဆီ ပြေးသွားလိုက်သည်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်နာရီတုန်းက သူတို့က ကွင်းထဲမှာ တိုက်ခိုက်နေခဲ့ကြတာလေ။ ကောင်လေးက တကယ်ကို ချဲ့ကားပြောနေတာပဲ။
အမှန်တရားကို မှန်းဆတာနဲ့ အမှန်တရားကို ကိုယ်တိုင်ကိုယ်ကျ မြင်လိုက်ရတာကြား ကွာခြားချက်က အလွန်ကြီးမားလွန်းသည်။ ကောင်လေး Carendra နား ချဉ်းကပ်လာတော့ တဖက်လူက အဲ့တာ သူ လျောက်ထင်နေတဲ့ ပုံရိပ်ယောင်လို့ ခံစားသွားရ၏။ ကောင်လေး သူ့ကို နှစ်ကြိမ်မြောက် မခေါ်ခင်အထိ ဘာတွေဖြစ်နေတယ်ဆိုတာ သူသဘောမပေါက်သေးဘဲ နောက်တော့မှ သူ အူလည်လည်လေးသာ ပြုံးပြလိုက်သည်။ ဒါပေမဲ့ သူ ဘာပြောရမလဲကိုတော့ မသိသေးချေ။
"ငါ့နာမည်က ဖုန့်ရှီ၊ ငါ့ကို အဲ့လိုပဲခေါ်။" ဖုန့်ရှီက Carendra သူ့နာမည်ကို မသိသေးဘူးလို့ ထင်တာကြောင့် သူက အရင် ပြောပြလိုက်၏။
"ဖုန့်ရှီ" တခဏလောက် တုန့်ဆိုင်းနေပြီးနောက် နောက်ဆုံးတော့ သူ ကောင်လေးရဲ့ ပြုံးနေတဲ့မျက်နှာလေးကို ကြည့်ကာ နာမည်ကို ခေါ်လိုက်သည်။
Carendra စိတ်အေးသွားပြီးနောက် သူ လုံးဝ စိတ်မလှုပ်ရှားတော့ပေ။ အဲ့နောက် ဘာကိုမှ အလေးမစိုက်ဘဲ ခပ်မိုက်မိုက် Carendra က နောက်ဆုံးတော့ ပြန်ပေါ်လာသည်။ သူ့စိတ်ခံစားချက်က ကောင်လေးကြောင့် သက်ရောက်မှုတစ်ခု ရှိသွားပုံရသည်၊ သူ ထုတ်လွှတ်နေတဲ့ လူတိုင်းကို တွန်းထုတ်နေတဲ့ အေးစက်တဲ့ရောင်ဝါတွေ ချက်ချင်း ရပ်သွားတော့သည်။
Carendra မသိလိုက်တာက ဘုရင်ကြီးက အခု သူ့ကို အကဲခတ်နေတာပင် ဖြစ်သည်။
တကယ်လို့ Carendra တချိန်လုံး ကြောက်လန့်တုန်ရီနေမယ်ဆိုရင် ဘုရင်ကြီးက သူ့ကို အထင်သေးသွားဖြစ်ပြီး ဖုန့်ရှီနဲ့ Carendra အတူတူ ကျင့်ကြံခိုင်းမယ့်အကြံကိုလည်း ဖျက်လိုက်မှာဖြစ်သည်။ ဒါပေမဲ့ Carendra ဘုရင်ကြီးကို စိတ်မပျက်စေခဲ့ပေ။ သူ တည်ငြိမ်နေပြီး ပြင်းပြတဲ့ဆန္ဒကို ပြနေဆဲဖြစ်သည်။ အဲ့အပြင် Carendra က အလွန်တော်တဲ့ ဉာဏ်ကြီးရှင်ဆိုတာ ဘုရင်ကြီး သိသည့်အတွက် Carendra ရဲ့ အနာဂတ်ဟာ သေချာပေါက် အာမခံချက် ရှိနေမှာကို သူ ယုံတယ်!
နန်းတော်ထဲမှာ ကောင်လေးရဲ့ အနေအထားက အထူးအနေအထား ဖြစ်နေပေမဲ့ သူ့ကို ဒီကို ဆင့်ခေါ်သူက ဘုရင်ကြီးဆိုတာကို Carendra မမေ့ပေ။
"ဖုန့်ရှီ၊ ငါတို့ နောက်တော့ ပြောကြတာပေါ့။" ဘုရင်ကြီး အဲ့မှာ ထိုင်နေဆဲဆိုတာကို Carendra မေ့မနေရဲ။
"ရှီ၊ ဒီကိုလာ။" ဘုရင်ကြီးက Carendra ကို ဘာအမူအယာမှ မပါတဲ့မျက်လုံးအစုံနဲ့ ကြည့်လိုက်ကာ Carendra နဲ့ စကားပြောနေဆဲဖြစ်တဲ့ ကောင်လေးကို လှမ်းခေါ်လိုက်သည်။
ဘုရင်ကြီး သူ့ကို အရေးပါတဲ့အရာအကြောင်း ပြောတော့မယ်ဆိုတာ သိသွားတဲ့အတွက် Carendra ချက်ချင်း အလေးအနက်အသွင် ပြောင်းသွားသည်။
20211211; 1110
အမှန်က God Exalt နယ်ပယ်အဆင့်ကို ရှေ့အပိုင်းတစ်ခုမှာ သေချာ ရှာဖွေဘာသာပြန်ခဲ့တယ်ဆိုတာ မှတ်မိနေတယ်။ ဒါပေမဲ့ အခု ပြန်ရှာတာ ရှာမတွေ့လို့ အရမ်းကြာနေမှာစိုးလို့ English လိုပဲ Exalt လို့ ရေးတင်လိုက်ပါတယ်။ ပြန်ရှာဖြစ်ခဲ့လို့ သိရရင်တော့ မြန်မာလို ပြန်ပြင်ပေးပါမယ်ရှင်။ အဆင်မပြေတာဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်နော်။
—————————— Zawgyi —————————
အပိုင္း ၉၇။ မွန္းဆခ်က္နဲ႔ အေျဖ
သူ႔ရဲ့ ႀကီးမားတဲ့ ထီးထီးႀကီးတည္ရွိမွုနဲ႔အတူ တိတ္ဆိတ္နန္းေတာ္ခန္းမဟာ အေဝးက ၾကည့္လိုက္ရင္ေတာင္ အလြန္ကို အဟန္႔အထည္ ရွိပုံေပၚေနသည္။
နန္းေတာ္ထဲ ေလ်ာက္လွမ္းဝင္ေရာက္သြားတဲ့အခ်ိန္မွာေတာ့ သူဟာ ေသးငယ္တဲ့ သက္ရွိတစ္ေယာက္သာျဖစ္တယ္လို႔ Carendra ဝိုးတဝါး ခံစားလိုက္ရသည္။ နန္းေတာ္တစ္ခုလုံး ဩဇာအရွိန္အဝါတို႔ လႊမ္းျခဳံေနကာ သူ႔ေျခေထာက္ေတြ အေျခမခိုင္ ျဖစ္သြားရ၏။ အက်ိဳးဆက္အေနနဲ႔ သူေျခလွမ္ဆယ္လွမ္းေလာက္ လွမ္းဖို႔ကိုေတာင္မွ ေတာ္ေတာ္ ႐ုန္းကန္လိုက္ရေတာ့သည္။
"ဒါဆို၊ မင္းက Carendra ေပါ့။"
ၾကည္လင္ေအးစက္တဲ့အသံတစ္သံက ႐ုတ္တရက္ ထြက္ေပၚလာၿပီး Carendra ရဲ့ နားထဲ လွိုင္းေသးေလးေတြ ေမႊေနသည့္အလား ဝင္ေရာက္သြားၿပီးေနာက္ နန္းေတာ္တစ္ခုလုံး ျပန္ၿပီး တိတ္ဆိတ္သြားျပန္ေတာ့သည္။
Carendra လန္႔သြားရကာ ေခါင္း ခ်က္ခ်င္းပဲ ေမာ့လိုက္၏။ သူ႔အေရွ႕မွာ ရွိေနတာက အျဖဴေရာင္ပုံရိပ္တစ္ခု၊ အဝတ္ျဖဴဝတ္ထားတဲ့လူတစ္ဦးက အခု ခပ္မတ္မတ္ထိုင္ေနကာ ဘာကိုမွ လုပ္မေနေပမဲ့ အဲ့သူမွာရွိေနတဲ့ ေမြးရာပါ အဟိတ္အဟန္႔ရွိတဲ့ဟန္ကို ခံစားသိရွိနိုင္ေနသည္။ ေနာက္တစကၠန္႔အၾကာမွာေတာ့ ဘုရင္ႀကီးက Carendra ကို သူ႔ရဲ့ သိမ္ေမြ႕ၿပီး လ်ိဳ႕ဝွက္ဆန္းက်ယ္တဲ့ အရွိန္အဝါတို႔နဲ႔ ခ်က္ခ်င္း ဦးညႊတ္သြားေစေတာ့၏။
အဲ့သူရဲ့နဖူးေပၚက ေက်ာက္မ်က္က တစ္လက္လက္ေတာက္ပေနသည္။ သူ႔ရဲ့နက္ေမွာင္တဲ့မ်က္လုံးအစုံက တည္ၿငိမ္မွုနဲ႔ျပည့္ေနကာ သူ႔ရဲ့ ခန္႔ညားလွပတဲ့မ်က္ႏွာကလည္း ေလာကႀကီးထဲက တစ္ဦးတည္းေသာ မေသမ်ိဳး နတ္ဘုရားအရွင္အလား ျမင့္ျမတ္ၿပီး အေလးအျမတ္ထားေလာက္ဖြယ္ဟန္ ေပၚေနသည္။ သူ႔ရဲ့ မ်က္ႏွာေပၚက အမူအယာက အားလုံးကို ဥပေကၡာရွုထားပုံ ရွိေနေသာ္လည္း တကိုယ္လုံးသြင္ျပင္ကေတာ့ ဆြဲေဆာင္ညႇို႔ငင္ေနသည္ပင္။ အဲ့မွာ ေလာကႀကီးကေန ကင္းကြာကာ တစ္ကိုယ္တည္း ထိုင္ေနသူကေတာ့ တျခားသူမဟုတ္ဘဲ Carendra တစ္သက္လုံး ေလးစားခဲ့ရတဲ့ ငရဲမင္းႀကီးျဖစ္သည္။
"ဖူးေမၽွာ္ခြင့္ရတာ ေက်းဇူးတင္ပါတယ္ အရွင္မင္းႀကီး။" Carendra က ဒူးေထာက္လိုက္ကာ ရိုေသေလးစားစြာနဲ႔ ေလ်ာက္တင္လိုက္သည္။
ဘုရင္ကို ဒူးေထာက္ခစားတယ္ဆိုတာ သန္မာသူကို အေလ်ာ့ေပးတဲ့လကၡဏာတစ္ခု မဟုတ္ပါ။ ဒီလိုလုပ္တာက ဘုရင္ႀကီးအေပၚ သူ႔ရဲ့ ေလးစားမွုေၾကာင့္သာ Carendra ဒီလိုလုပ္တာျဖစ္သည္။ သူ သူ႔ေအွ႕ကလူကလြဲရင္ တျခားသူေတြ ဘယ္သူ႔ကိုမွ သူ တခါမွ ဒူးမေထာက္ခဲ့ဖူးေခ်၊ အေၾကာင္းကေတာ့ ဘုရင္ႀကီးက ဒ႑ာရီလာ ပုဂၢိဳလ္တစ္ဦးျဖစကာ လ်ိဳ႕ဝွက္ဆန္းက်ယ္တဲ့ အံ့ဖြယ္တစ္ဦးမို႔လည္း ျဖစ္သည္။
ဘုရင္ႀကီးေၾကာင့္သာ မဟုတ္ရင္ လြန္ခဲ့တဲ့ ႏွစ္ေပါင္း သိန္းခ်ီတုန္းက ျဖစ္ပြါးခဲ့တဲ့ စစ္ပြဲႀကီးမွာ ဆူးလားမိသားစု အဖယ္ရွားခံရၿပီး ျဖစ္ေနမွာပင္။
ဘုရင္ႀကီးေၾကာင့္သာ မဟုတ္ရင္ ဆူးလားမိသားစုဝင္ေတြ ခုခ်ိန္ထိ လုံျခဳံေဘးကင္းစြာ အသက္ရွင္ေနနိုင္မွာ မဟုတ္ေခ်။
ခုခ်ိန္ထိ ဆူးလားမိသားစုေတြ ပိုင္ဆိုင္ေနတဲ့ အရာရာဟာ ဘုရင္ႀကီးရဲ့ ခြင့္ျပဳခ်က္ေၾကာင့္သာ ျဖစ္သည္။
အဲ့တာေၾကာင့္ Carendra က ဘုရင္ႀကီးကို ဒူးေထာက္ခစားလိုတာပါပဲ!
"Carendra၊ ငါကိုယ္ေတာ္ မင္းကို ဒီကို ဘာ့ေၾကာင့္ ဆင့္ေခၚရသလဲဆိုတာ မင္းသိလား?" ဘုရင္ႀကီးက အဓိပၸါယ္တစ္မ်ိဳး ျပည့္စုံေနတဲ့ သူ႔အၾကည့္ကို Carendra ဆီ ပို႔လိုက္သည္။
Carendra ဘယ္ေလာက္ပဲ မာနႀကီးခဲ့သည္ျဖစ္ေစ ဘုရင္ႀကီးရဲ့ အၾကည့္ေအာက္မွာေတာ့ ေလးလံလွတဲ့ဖိအားကို သူ မခံနိုင္ဆဲပဲ ျဖစ္သည္။ အဲ့ေနာက္ Carendra တစ္ေယာက္ ေထာက္ၿပီးသားဒူး ထပ္မံ ဒူးေထာက္ဖို႔ လွုံ႔ေဆာ္မွုတြန္းအားေတာင္ ရသြားရေတာ့သည္။ဒါေပမဲ့ ဘုရင္ႀကီး သူ႔ကို အထင္ေသးသြားမွာစိုးတဲ့အတြက္ သူ႔ခံစားခ်က္ကို ႀကိဳးစားထိန္းခ်ဳပ္လိုက္ေပမဲ့ စိတ္လွုပ္ရွားမွုေၾကာင့္ Carendra မ်က္ႏွာရဲေနဆဲပင္ျဖစ္သည္။
"ကၽြန္ေတာ္ နားေထာင္ေနပါတယ္ အရွင္မင္းႀကီး။" Carendra အေျဖရွိေနေပမဲ့ အဲ့တာကို မေတြးမိဖို႔ ႀကိဳးစားေန၏။ သူ အေျဖမထုတ္နိုင္လို႔ေတာ့မဟုတ္၊ သူ႔စိတ္ထဲရွိေနတဲ့အေျဖက သူလက္ခံဖို႔ရာ အလြန္အံ့ဩဖြယ္ျဖစ္ေနလို႔ပါ။
"မင္း အေျဖရွိၿပီးေနၿပီပဲ၊ ဘာလို႔ ငါကိုယ္ေတာ္ ညႊန္ၾကားေပးဖို႔ လိုအပ္မွာလဲ?" ဘုရင္ႀကီးက Carendra ကို ထြင္းေဖာက္ျမင္ပုံရသည္။
အဲ့ဒီ့ အံ့အားသင့္ဖြယ္စကားလုံးတို႔က Carendra ကို လ်ပ္စီးတစ္ခုလို ထိမွန္သြားသည္။ ႐ုတ္တရက္ သူ႔စိတ္ထဲ ထပ္ၿပီး ျဖတ္ခနဲေပၚလာတဲ့ အဲ့အေျဖနဲ႔အတူ မ်က္လုံးတို႔ ဝိုင္းစက္သြားေတာ့သည္။ အဲ့ေကာ္ငေလးရဲ့ ပိန္ပိန္ပါးပါးသြင္ျပင္က သူ႔ေခါင္းထဲ ေပၚလာသည္။ အဲ့ေကာင္ေလးမွာ ေတာက္ပတဲ့အျပဳံး၊ ခ်စ္ျမတ္နိုးစရာေကာင္းတဲ့ သြားစြယ္ႏွစ္ေခ်ာင္းနဲ႔ ႀကီးမားတဲ့ မ်က္လုံးအစုံတို႔ ရွိ၏။
Carendra ပင့္သက္ရွိုက္လိုက္ရင္ ေတြးလိုက္သည္၊ 'ဟုတ္တယ္။ ဖုန္႔ရွီလို႔ေခၚတဲ့ ေကာင္ေလးပဲ။"
နန္းေတာ္သို႔အလာလမ္းမွာ ဘုရင္ႀကီး သူ႔ကို ဘာ့ေၾကာင့္ ေတြ႕လိုတာလဲဆိုတာ သူ ေတာက္ေလ်ာက္ေတြးလာခဲ့တာ။ ပထမေတာ့ Carendra က သူ႔မွာ ဘုရင္ႀကီး စိတ္ဝင္စားေလာက္မယ့္ အေၾကာင္းအရာ မရွိဘူးဆိုတာ အလြန္ေသခ်ာေနသည္၊ အဲ့လိုမွမဟုတ္ရင္ သူ႔မိသားစုက အႀကီးအကဲေတြက အသံတိတ္ေနၾကမွာမဟုတ္ဘူးေလ။ ဆူးလားမိသားစု က်ဆင္းသြားၿပီးကတည္းက သူတို႔ေတြက တတိယတန္းစား အင္အားစုေတြနဲ႔ေတာင္ ၿပိဳင္ဘက္မဟုတ္ေတာ့ေခ်။ ၿပီးေတာ့ ဆူးလားမိသားစုက လုံေလာက္တဲ့ အာဏာ၊ စြမ္းအား မရွိတဲ့အတြက္ ဘုရင္ႀကီးကို အကူအညီလည္း မေပးနိုင္။ အဲ့အတြက္ေၾကာင့္ သူ အေၾကာင္းျပခ်က္ ႏွစ္ခ်က္ကို ပယ္ရွားလိုက္သည္။
အဲ့အျပင္၊ Carendra ဆင့္ေခၚခံရတာက ဘုရင္ႀကီးကို အျပစ္ျပဳမိလို႔ဆိုတာ ပိုလို႔ေတာင္ မျဖစ္နိုင္။
Carendra က အျမဲ လူအေျမာက္အမ်ားကို သတ္ပစ္ရန္ အားထုတ္ခဲ့၊ သတ္လည္း သတ္ခဲ့တာေၾကာင့္ သူက လူေကာင္းတစ္ေယာက္ေတာ့ မဟုတ္၊ ဒါေပမဲ့ ဘုရင္ႀကီးနဲ႔ ဆက္ႏြယ္ေနတဲ့သူေတြကိုေတာ့ သူတစ္ခါမွ အနာတရ မလုပ္ခဲ့ဖူးေခ်။ သူ ငရဲသားမိသားစုကသူေတြကို သတ္ခဲ့ေကာင္း သတ္ခဲ့နိုင္တယ္၊ ဒါေပမဲ့ အဲ့အခ်ိန္မွာ အဲ့လူေတြက သူတို႔ရဲ့ ဂုဏ္ရွိန္ဝါေတြ အခ်ခံရၿပီးျဖစ္ေနၿပီး သူတို႔ရဲ့ပါဝါျပယုဂ္ျဖစ္တဲ့ စြမ္းအားေက်ာက္မ်က္လည္း ဆုံးရွုံးသြားၿပီးျဖစ္သည္။ သူ႔ကို အဲ့အတြက္ အျပစ္ေပးဖို႔ဆိုရင္ ဘုရင္ႀကီး ခုခ်ိန္ထိ ေစာင့္မွာမဟုတ္ေပ။
အေရးႀကီးဆုံးအရာက အဝတ္ျဖဴဝတ္အဘိုးအိုက ထူးျခားတဲ့ျဖစ္တည္မွုတစ္ခုနဲ႔အတူ အလြန္ကို စြမ္းအားႀကီးတဲ့ က်င့္ႀကံသူတစ္ေယာက္ဆိုတာ Carendra ခံစားမိသည္။
တကယ္လို႔ ဘုရင္ႀကီးက Carendra ကို ဖမ္းခ်င္တယ္ဆိုရင္ နန္းေတာ္က ေရႊေရာင္အေစာင့္ကို ေစလႊတ္လိုက္႐ုံနဲ႔တင္ လုံေလာက္ေနၿပီ။
အက်ိဳးဆက္အေနနဲ႔ Carendra ျဖစ္နိုင္ေခ်ေတြအားလုံးကို ဖယ္ထုတ္ၿပီးတဲ့အခ်ိန္မွာေတာ့ ယူဆခ်က္တစ္ခုပဲသာ က်န္ေတာ့၏။
အစိမ္းေရာင္ ငရဲသားအသင္းမွာတုန္းက ေကာင္ေလးက သံသယျဖစ္ဖြယ္ေတြအမ်ားႀကီး ခ်န္သြားခဲ့သည္။ ပထမ၊ သူ႔မွာ လူတိုင္းက ရွားပါးမွန္းသိေနတဲ့ သူေတာ္စင္နယ္ပယ္အဆင့္ မိစၧာသားရဲတစ္ေကာင္ ရွိသည္၊ ငရဲျပည္မွာ အဲ့ဒီ့နယ္ပယ္အဆင့္ ေရာက္ေနတဲ့ မိစၧာသားရဲတစ္ေကာင္ ရွိဖို႔ဆိုတာ မျဖစ္နိုင္ေလာက္ေအာင္ပင္၊ အေၾကာင္းကေတာ့ ဘယ္အင္အားစုကမွ အဲ့လိုတစ္ေကာင္ ပိုင္ဆိုင္ဖို႔ မတတ္စြမ္းနိုင္ေပ။ တကယ္လို႔ အင္အားစုတစ္ခုခုမွာသာ အဲ့လိုတစ္ေကာင္ရွိမယ္ဆိုရင္ အဲ့အေၾကာင္း ပ်ံ႕ႏွံ့ၿပီးသားျဖစ္မွာ အေသအခ်ာပင္။ အဲ့တာေၾကာင့္ သူေတာ္စင္နယ္ပယ္ မိစၧာသားရဲဟာ ေကာင္းကင္ထြတ္ထိပ္နန္းေတာ္ကသာ ျဖစ္ရမည္။
ဒုတိယအခ်က္အေနနဲ႔ ေကာင္ေလးရဲ့အနားမွာ ကိုယ္ေဖ်ာက္ထားတဲ့ သတၱဝါႏွစ္ေကာင္ ရွိသည္။ တစ္ေကာင္က ေရႊေရာင္သြင္ျပင္ရွိၿပီး Carendra ထင္တာကေတာ့ စာအုပ္ေတြရဲ့ ေရွးေဟာင္းဒ႑ာရီလာျဖစ္တဲ့ စာအုပ္နတ္ဘုရား ျဖစ္နိုင္သည္။ နတ္ဘုရားနဲ႔မိစၧာနိုင္ငံေတာ္က အလြန္႔အလြန္စြမ္းအားႀကီးမားတဲ့ အင္အားစုေတြမွာသာလ်င္ အဲ့လိုသတၱဝါမ်ိဳး တစ္ေကာင္ ပိုင္ဆိုင္ဖို႔ အရည္အခ်င္းရွိသည္။ အဲ့အျပင္ အင္အားစုတစ္ခုက အဲ့လိုသတၱဝါမ်ိဳး တစ္ေကာင္ ရွိထားတယ္ဆိုရင္ နတ္ဘုရားဘုရင္နယ္ပယ္ အဆင့္ေျခာက္ပဲ ေရာက္ေသးတဲ့ ေကာင္ေလးတစ္ေယာက္နဲ႔ အတူထားေပးမယ့္အစား ဝွက္ထားၾကမွာ အေသအခ်ာပဲျဖစ္သည္။
တတိယအေနနဲ႔ ေကာင္ေလးက Carendra ကို သူ႔ေက်းဇူးေႂကြး ျပန္ဆပ္မယ္လို႔ ကတိေပးသြားခဲ့ေပမဲ့ တစ္စုံတစ္ခု ၾကားလိုက္ပုံရၿပီး ေနာက္ဆုံးၿပိဳင္ပြဲကိုေတာင္ ၿပီးဆုံးေအာင္ မေစာင့္ဘဲ ခ်က္ခ်င္း ျပန္သြားခဲ့သည္။ ေကာင္ေလးရဲ့ မ်က္ႏွာအမူအယာကို အကဲျဖတ္ရရင္ တစ္ေယာက္ေယာက္က သူ႔ကို ေျပာလိုက္ဟန္ေပါက္ေနတယ္လို႔ Carendra ထင္သည္။
အသံပို႔လႊတ္တဲ့ပညာက နတ္ဘုရား Exalt နယ္ပယ္အဆင့္ ဒါမွမဟုတ္ အဲ့အထက္ ေရာက္ေနတဲ့သူေတြကပဲ ထုတ္သုံးနိုင္တဲ့ ပညာရပ္ျဖစ္သည္။ ငရဲျပည္မွာ အဲ့နယ္ပယ္ေရာက္ေနတဲ့ က်င့္ႀကံသူေတြ အေတာ့ကို ရွားပါသည္။ ဘယ္အင္အားစုမွာမဆို နတ္ဘုရား Exalt နယ္ပယ္ရွိတဲ့ ပညာရွင္ တစ္ဦးတစ္ေလ ရွိေနေၾကာင္း ဆူးလားမိသားစု လုံးဝ မသိခဲ့။ အဲ့အတြက္ေၾကာင့္ ေကာ္ငေလးက ေကာင္းကင္ထြတ္ထိပ္နန္းေတာ္ကဆိုတာ Carendra ပိုေသခ်ာသြားတာျဖစ္သည္။
ေနာက္ဆုံး အေရးအႀကီးဆုံးအရာက ေကာင္ေလးရဲ့ သြင္ျပင္က ငရဲျပည္မွာ ဟိုးေလးတေက်ာ္ျဖစ္သြားခဲ့တဲ့သူနဲ႔ အေတာ္ ကိုက္ညီေနသည္ပင္။ အရင္တုန္းက Carendra က က်င့္ႀကံမွုမွာ အာ႐ုံစိုက္ခဲ့ေပမဲ့ အဲ့လိုအရာေတြကိုေတာ့ သူၾကားဖူးေသးသည္။ အဲ့အခ်ိန္တုန္းက အဲ့လိုျဖစ္ရပ္ေတြကို သူ သိပ္အာ႐ုံမစိုက္ခဲ့ေခ်။ အခုေတာ့ အရာရာဟာ သူ႔အတြက္ အိမ္မက္တစ္ခုပမာ ျဖစ္လာတယ္လို႔ ခံစားလာရေတာ့၏။
ေနာက္ဆုံးေတာ့ အဲ့ေကာင္ေလးေၾကာင့္ ဆူးလားမိသားစု သူ႔ဘာသူ
You are reading the story above: TeenFic.Net