အပိုင်း ၉၆။ ဆင့်ခေါ်ခြင်း
ဘုရင်ကြီးက Carendra ဆိုတဲ့ နာမည်နဲ့ မရင်းနှီးတဲ့အပြင် တဖက်လူအကြောင်း ကြားတောင်မကြားဖူးခဲ့ပေ။
ငရဲပြည်ရဲ့ မိသားစုကြီး သုံးခုထဲက တစ်ခုအနေနဲ့ ဆူးလားမိသားစုဟာ အလွန်မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်ခဲ့တာဖြစ်ပေမဲ့ သူတို့မိသားစုထဲမှာတော့ တကယ် စွမ်းအားကြီးတဲ့ ကျင့်ကြံသူတွေ အတော် နည်းသည်။ ခုချိန်ထိ အဲ့ဒီ့မှာ နတ်ဘုရားဥသျှောင်နယ်ပယ်ရောက်နေတဲ့ ကျွမ်းကျင်ပညာရှင် တစ်ဦးတစ်လေတောင်မှ မရှိပေ။ အဲ့လိုပြောလို့ သူတို့က ကျင့်ကြံမှုမှာ အရည်အချင်းမရှိဘူးလို့ ဆိုလိုတာမဟုတ်။ အရေးအကြီးဆုံး အကြောင်းအချက်က သူတို့က သူတို့ရဲ့ မျိုးနွယ်စဉ်ဆက်ရဲ့ ကန့်သတ်ခြင်းကို ခံနေခဲ့ကြရတာပဲဖြစ်၏။
ဆူးလားမိသားစုရဲ့ မျိုးနွယ်စဉ်ဆက် ထူးခြားချက်ကြောင့် သူတို့ စတင်ကျင့်ကြံတဲ့ အစောပိုင်းကာလတွေမှာ သူတို့အတွက် သုံးဆ လေးဆလောက် ပိုခက်ခဲတာကြောင့် သူတို့ရဲ့ ကျင့်ကြံမှုနှုန်းက အခြားသူတွေထက် ပိုနှေးတာပဲဖြစ်သည်။
ဒါပေမဲ့ ဆူးလားမိသားစုရဲ့ ကျင့်ကြံသူတွေက နတ်ဘုရားဘုရင်နယ်ပယ်အဆင့်ကို ကျော်ဖြတ်ပြီးပြီဆိုတာနဲ့ သူတို့သွေးဆက် နှိုးဆွလာမှာဖြစ်ပြီး သူတို့ကျင့်ကြံမှုလုပ်ငန်းစဉ်တွေဟာ အရင်ကထက် ပိုလွယ်ကူ ပိုမြန်ဆန်လာမှာဖြစ်သည်။ ကံဆိုးတာက ဆူးလားမိသားစုရဲ့ ပညာရှင်တွေအားလုံးက လွန်ခဲ့တဲ့ နှစ်ပေါင်းသိန်းကျော်တုန်းက ဖြစ်ပွါးခဲ့တဲ့ နတ်ဘုရားတွေနဲ့ မိစ္ဆာတွေအကြားက စစ်ပွဲကြီးမှာ သေဆုံးသွားခဲ့ကြ၏။ သူတို့ရဲ့သွေးဆက်တွေ နှိုးဆွပေးတဲ့ လျို့ဝှက်ပညာရပ်ဟာလည်း အဲ့ကတည်းက ပျောက်ကွယ်သွားခဲ့တာပဲဖြစ်သည်။ အကျိုးဆက်အနေနဲ့ ဆူးလားမိသားစုဟာ အဲ့ကတည်းက စပြီး ကျဆင်းလာတာပဲဖြစ်သည်။ နောက်ဆုံးတော့ သူတို့ရဲ့ အရင့်အရင်တုန်းက ရန်သူတွေ သူတို့ဆီ ရှာဖွေနေကြတာကြောင့် မိသားစုဝင်အများစုက ငရဲပြည်ကို ရွှေ့ပြောင်းလာခဲ့ကြတာဖြစ်သည်။
ဆုံးပါးသွားခဲ့တဲ့ ဆူးလားမိသားစုရဲ့ ပညာရှင်အနည်းငယ်က ငရဲမင်းကြီးနဲ့ အသိတွေလိုမျိုး ဖြစ်တာကြောင့် ဆူလားမိသားစုကို ငရဲပြည်ထဲ အခြေချခွင့်ပြုခဲ့တာပဲဖြစ်သည်။
အဲ့အပြင် ဆူးလားမိသားစုက တိုက်ခိုက်ရာမှာ စိတ်အားထက်သန်ကြသည်။ မိသားစုဝင်တွေအားလုံးဟာ သူတို့ရဲ့ မိသားစုတွေ ဆုတ်ယုတ်တာကို မမြင်လိုကြတဲ့ စစ်သွေးကြွတွေဖြစ်ကြ၏။ ဒါ့ကြောင့် သူတို့ အမြဲတစေ အဖြေရှာခဲ့ကြပေမဲ့ သူတို့တွေ့ရှိတဲ့ကြတဲ့ အဖြေတွေအားလုံးက အပေါ်ယံ သက်သာအောင် ကုသပေးတာပဲဖြစ်သည်။ သူတို့သွေးဆက်ကို မနှိုးဆွနိုင်သ၍ သူတို့အခြေအနေက ထာဝရ ဒီတိုင်းပဲ ဖြစ်နေမှာပင်။
Carendra က ဆူးလားမိသားစုရဲ့ မျှော်လင့်ချက်ရောင်ခြည်ဖြစ်သည်။ သူက နတ်ဘုရားဘုရင်နယ်ပယ်အဆင့် အဆင့်ခြောက် ရောက်နေပြီဖြစ်သည်။ ဆူးလားမိသားစု ကျဆင်းသွားပြီးကတည်းက သူက သူ့မိသားစုထဲမှာ အသက်သုံးဆယ််မတိုင်ခင် နတ်ဘုရားဘုရင်နယ်ပယ်အဆင့်ကို ရောက်တဲ့ တစ်ဦးတည်းသောသူပဲဖြစ်သည်။ ဒါ့ကြောင့် သူက ဆူးလားမိသားစုကို ပြန်လည်သက်ဝင်လာစေမယ့် အလားအလာအရှိဆုံးသူ ဖြစ်သည်။ ဆူးလားမိသားစုဝင်တစ်ယောက်ဟာ အသက်ငယ်ရွယ်တုနးမှာ နတ်ဘုရားဘုရင်နယ်ပယ်ကို မရောက်သေးဘူးဆိုရင် သူ့သွေးဆက်ကို နှိုးဆွနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပေ။
အကျိုးဆက်အနေနဲ့ ဆူးလားမိသားစုက Carendra အပေါ်မှာ မိသားစုရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်အနေနဲ့ ကြီးကြီးမားမား မျှော်မှန်းထားကြတာပဲဖြစ်သည်။
Carendra က သူ့မိသားစုအပေါ် စိတ်ပျက်မှု မဖြစ်စေခဲ့ချေ။ သူ့ရဲ့ ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်မှုနဲ့ သူ့ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ အရည်အချင်းတွေနဲ့ နောက်ဆုံး သူ ကောင်းကင်နတ်ဘုရားနယ်ပယ်အဆင့်ကို ချိုးဖောက်နိုင်ခဲ့ပြီး နတ်ဘုရားဘုရင်နယ်ပယ်အဆင့်ကို ရောက်ရှိခဲ့သည်။ တကယ်တော့ သူက ငရဲပြည်ရဲ့ အတော်ဆုံး အရည်အချင်းအရှိဆုံး ကျင့်ကြံသူလို့ လူသိများကြတဲ့ မင်းချင်းယွိထက်တောင် ပိုပြီး အရည်အချင်း ရှိသည်။ Carendra က အမြဲ မထင်မရှားနေလေ့ရှိပြီး တသီးတခြား နေတတ်တာကြောင့်သာ မိသားစုဝင်မဟုတ်တဲ့ အပြင်သူတွေက သူ့နာမည်ကို သိပ်မကြားဖူးကြတာပဲဖြစ်၏။
ဒီအကြိမ်တော့ နောက်ဆုံး သူ အစိမ်းရောင် ငရဲသား အမဲလိုက်အဖွဲ့ အကဲဖြတ်ပွဲ ကျင်းပမှုမှာ တက်ရောက်ဖြေဆိုခဲ့တာကြောင့် ကျော်ကြားလာခြင်းဖြစ်သည်။
အဲ့အတွက်ကြောင့် ဖုန့်ရှီက သူ နတ်ဘုရားဘုရင်နယ်ပယ်အဆင့်ကို ချိုးဖျက်ရာမှာနဲ့ နတ်ဘုရားဥသျှောင်အဆင့် ရောက်အောင်ပါ ကူညီပေးနိုင်တာကို Carendra ကြားလိုက်ရချိန်မှာ သူ ဆွံ့အ သွားရကာ သူ့အတွင်းစိတ် ခံစားချက်တွေကိုတောင် ထုတ်ပြမိသွားခဲ့တာဖြစ်၏။
ဆူးလားမိသားစုကသူတွေက မိသားစုအတွက် ကောင်းကင်ထွတ်ထိပ်နန်းတော်ကို လာရောက်ခဲ့ကြဖူးခဲ့ပေမဲ့ ဦးလေးဖြူရဲ့ အတားအဆီး ခံခဲ့ကြရ၏။
ဘုရင်ကြီးက အဲ့တာကို အရင်က ကြားဖူးခဲ့သည်။ ဆူးလားမိသားစုက အကြီးအကဲတွေက သူတို့ အရှက်ရနိုင်ချေ မျက်နှာပျက်ရနိုင်ချေ များတဲ့ကြားထဲက Carendra ကို ကူညီပေးဖို့ ဘုရင်ကြီးကို တောင်းပန်ခဲ့ဖူးကြသည်။ ဒါပေမဲ့ ဘုရင်ကြီဂက သူတို့ကို ကူညီဖို့ တာဝန်မရှိတဲ့အပြင်၊ ဦးလေးဖြူကလည်း လူတိုင်းကို စာနာသနားတတ်တဲ့သူမျိုး မဟုတ်ခဲ့ပေ။ အဲ့တာကြောင့် ဆူးလားမိသားစုက အကြီးအကဲတွေက ဘုရင်ကြီးမျက်နှာကို ဖူးမျှော်ခွင့်မရသေးခင်မှာတင် ဦးလေးဖြူရဲ့ မောင်းထုတ်ခြင်း ခံခဲ့ကြရ၏။
ဒါပေမဲ့ အခုတော့ ကိစ္စရပ်တွေက မတူတော့ပေ။ Carendra က ဖုန့်ရှီရဲ့အသက်ကို ကယ်ခဲ့ကတည်းက ဆူးလားမိသားစုကို သူ ကယ်ဖို့ ထိုက်တန်တယ်လို့ ဘုရင်ကြီး ခံစားသွားရသည်။ နောက်ဆုံးတော့ အရေးတကြီးအခြေအနေမှာ Carendra က မင်းဟေးယွီရဲ့ တိုက်ခိုက်မှုကနေ ဖုန့်ရှီကို ကာကွယ်ပေးခဲ့တာလေ။
ဖုန့်ရှီကြောင့် ဘုရင်ကြီးက နောက်ဆုံးတော့ Carendra ကို အာရုံထားမိလာသည်။
Carendra က သတ္တိရှိပြီး သတိကြီးတဲ့သူတစ်ယောက်၊ ပြဿနာကြုံတွေ့ရတဲ့အချိန်မျိုးမှာလည်း တည်တည်ငြိမ်ငြိမ်နဲ့ ခေါင်းအေးအေးထား စဉ်းစားဖြေရှင်းတတ်တဲ့သူတစ်ယောက်ပဲဖြစ်သည်။ သူ့ရဲ့ သွေးဆက်သာ နှိုးဆွနိုင်ခဲ့မယ်ဆိုရင် သူဟာ အနာဂတ်မှာ အလွန့်အလွန်ကို အင်အားကြီးတဲ့ ပညာရှင်တစ်ယောက် ဖြစ်လာမှာ အသေအချာပင်။ အဲ့အပြင် ဖုန့်ရှီအတွက်လည်း သူသာ Carendra နဲ့ တူတူ ကျင့်ကြံနိုင်မယ်ဆိုရင် အကျိုးများမှာပဲဖြစ်သည်။
"ဒါဆို၊ သူ့ကို မင်း ဖိတ်ခေါ်လိုက်လေ။" တခဏလောက် တွေးပြီးနောက် ဖုန့်ရှီရဲ့ မျှော်လင့်နေတဲ့အကြည့်အောက်မှာ ဘုရင်ကြီး ခေါင်းညိတ်လိုက်တော့သည်။
"ဟိုးဝေး! ခေါင်းဆောင်က အကောင်းဆုံးပဲ!" ဖုန့်ရှီက ဘုရင်ကြီးဆီ ချက်ချင်း ခုန်တက်သွားပြီးနော်က ဘုရင်ကြီးရဲ့ ကိုယ်ခန္ဓာကို သူ့ကိုယ်နဲ့ ချစ်မြတ်နိုးစွာ ပွတ်သပ်လိုက်၏။
ဘုရင်ကြီးမျက်လုံးထဲ အပြုံးတစ်ပွင့်ပေါ်လာပြီး မျက်နှာက ပျော့ပြောင်းသွားဟန် ဖြစ်သွား၏။ တခဏကြာပြီးနောက် သူက ဦးလေးဖြူကို အထဲခေါ်လိုက်သည်။ ဦးလေးဖြူက ဘုရင်ကြီး Carendra ကို ဆင့်ခေါ်လိုကြောင်း ကြားလိုက်ရတော့ ဦးလေးဖြူရဲ့ မျက်လုံးထောင့်စွန်းက တွန့်သွားသယောင် ဖြစ်သွားတယ်လို့ ဖုန့်ရှီ ထင်မြင်လိုက်၏။
ဦးလေးဖြူ ထွက်သွားပြီးနောက် ဖုန့်ရှီက ခေါင်းခါလိုက်ကာ မေးလိုက်သည်၊ "အဲ့တာ အရမ်း ထူးဆန်းတယ်။ ဘာ့ကြောင့်လဲ?"
ဘုရင်ကြီးက ကောင်လေးကို သူ့လက်မောင်းတို့နဲ့ ထွေးပွေ့ထားပြီး မျက်လုံးမှိတ်ထားတာဖြစ်သည်။ အဲ့မေးခွန်းကို သူကြားတော့ မျက်လုံး ဖြည်းညှင်းစွာပွင့်သွားပြီး ပြောလိုက်သည်၊ "ဘာက ထူးဆန်းတာလဲ?"
"ဦးလေးဖြူ။ သူ အခုလေးတင် အတော်ထူးဆန်းနေသလိုပဲ။" သူနဲ့ သူ့အဖော်တွေ ပြောခဲ့ကြတာတွေက ဘုရင်ကြီးရော ဦးလေးဖြူရော ကြားပြီးသွားကြပြီဆိုတာကို ဖုန့်ရှီ လုံးဝ မသိပေ။ အကယ်၍ ဖုန့်ရှီ အဲ့တာကိုသာ သိမယ်ဆိုရင် သူ တော်တော်ကြာတဲ့အထိ ဦးလေးဖြူကို စကားပြောရဲတော့မှာ မဟုတ်ချေ။
ဦးလေးဖြူက ဘုရင်ကြီး Carendra ကို ဒီကို ခေါ်ချင်တာက တဖက်သူက ဖုန့်ရှီရဲ့အသက်ကို ကယ်ခဲ့လို့ ဆိုပေမဲ့ ဖုန့်ရှီ သူနဲ့ Carendra အကြောင်း ပြောခဲ့တာတွေကို သူ မမေ့သေး။ အဲ့နောက် သူ့ရဲ့ မရယ်မပြုံးမျက်နှာပေါ်က အေးခဲတဲ့ အကြည့်တို့က ထပ်မံ ပျော့ပြောင်းသွားတော့၏။
ဘုရင်ကြီးက ဖုန့်ရှီကို တချက် ကြည့်လိုက်ကာ လေသံတန်းတန်းနဲ့ပြောလိုက်သည်၊ "ဦးလေးဖြူက ဥပေက္ခာလူသားတစ်ဦးအနေနဲ့ မွေးဖွားလာခဲ့တာ၊ သူ့မှာ ခုထိ အဖော်မရှိခဲ့ဘူး။"
"ဟမ်?" ဖုန့်ရှီ ရှုပ်ထွေးသွားတဲ့အမူအယာနဲ့ ခေါင်းမော့ကြည့်လိုက်ရင်း သူ့ခေါင်းဆောင်က တစ်ခုခုကို အရိပ်အမြွက်ပေးဖို့ ကြိုးစားနေသလို ခံစားသွားရသည်။
ကောင်လေး သဲလွန်စ မဖမ်းမိတာကို မြင်တော့ ဘုရင်ကြီးက ဆက်ပြောလိုက်သည်၊ "ဦးလေးဖြူမှာ သား မရှိဘူး။"
"အိုး။" ဖုန့်ရှီက ကြောင်သွားကာ ခေါင်းညိတ်လိုက်၏။ ဒါပေမဲ့ သူ ခေါင်းညိတ်နေစဉ်မှာပဲ မိုးကြိုးလျပ်စီနဲ့အပြစ်ခံရသလို ပေါက်ကွဲသံ အကျယ်ကြီး သူ့ခေါင်းထဲ ပဲ့တင်ထပ်သွားတော့သည်။ အဲ့နောက် သူက ပါးစပ်အဟောင်းသားဖြစ်သွားကာ ဘာတုန့်ပြန်မှုမှ မပြုနိုင်တော့ဘဲ သတိလက်လွတ်နဲ့ ဘုရင်ကြီးကို စိုက်ကြည့်နေတော့သည်။ အချိန်အတော်ကြာပြီးနောက် ဖုန့်ရှီတစ်ယောက် လက်ချောင်းတို့ တုန်ရီနေကာ မေးလိုက်တာက "ခေါင်းဆောင် ဘယ်လိုလုပ် သိတာလဲ?"
"မင်းမှာ အချိန်မပေးနိုင်ဘူးဆိုရင် ပြစ်မှု မကျူးလွန်နဲ့။" ဘုရင်ကြီးက နူးနူးညံ့ညံ့ ပြုံးလိုက်ကာ ဖုန့်ရှီကို သတိပေးလိုက်သည်။
ဖုန့်ရှီ ဘာပြန်ပြောရမှန်းမသိတော့ဘဲ ဘုရင်ကြီးကိုပဲ အကြာကြီး ငေးပဲ ကြည့်နေတော့၏။ နောက်ဆုံးတော့ သူက ဖားတဲ့ အပြုံးတစ်ပွင့်နဲ့အတူ ဘုရင်ကြီးရင်ဘတ်ကို ပုတ်လိုက်ကာ၊ "ခေါင်းဆောင်၊ အမှတ်မှားနေတာပါ။ ကျွန်တော် အဲ့လို တခါမှ မပြောဖူးဘူး။ အာ၊ ကျွန်တော် အဲ့စကားတွေ ပြောခဲ့တယ်လို့များ ဦးလေးဖြူ သိနေမလား ကျွန်တော် သိချင်သွားပြီ။"
ဘုရင်ကြီးက ကောင်လေးရဲ့မေးကို ပင့်လိုက်ကာ မေးလိုက်၏၊ "မင်းဘယ်လိုထင်လဲ?"
"ဟားဟား၊ ခေါင်းဆောင်တို့ နှစ်ယောက်လုံး မှားကြားကြတာ။ တကယ်က ကျွန်တော် အဲ့လိုမျိုး လုံးဝကို မပြောခဲ့ဖူးဘူး။ ကျွန်တော် ဦးလေးဖြူအကြောင်း မပြောခဲ့ဘူး။ အဲ့တာ တခြားတစ်ယောက်အကြောင်းပါ။ ဟား... ဟုတ်တယ်၊ တခြားတစ်ယောက်။ ကျွန်တော် ဦးလေးဖြူလို့ ပြောတာမှမဟုတ်တာ!" ဖုန့်ရှီ အမှန်တရားကို ဖုံးကွယ်ဖို့ ကြိုးစားလေလေ၊ သူ့အမူအယာက သူ့ကို သစ္စာဖောက်လေလေပါပဲ၊ အကြောင်းကတော့ သူက ညာတဲ့နေရာ အတော်ညံ့လို့ပဲဖြစ်၏။
ဘုရင်ကြီးက သူ့လက်မောင်းတွေကြားက ကောင်လေးရဲ့ ရှက်သွေးဖြန်းနေတဲ့မျက်နှာလေးကို တစ်ချက်ကြည့်လိုက်သည်။ အခု ဘုရင်ကြီးရဲ့ ကောင်းကောင်းဂရုစိုက်မှုအောက်မှာ ကောင်လေးက အရင်ကထက်ပိုပြီး နူးညံ့သိမ်မွေ့လာကာ သာမာန် သေမျိုးတစ်ယောက် မဟုတ်တော့ပေ။ ဖုန့်ရှီ အသက်နှစ်ဆယ် ပြည့်တော့မှာပေမဲ့ သူ့ကြည့်ရတာ အသက်ဆယ့်ခုနှစ်၊ ဆယ့်ရှစ်လောက်ပဲရှိသေးတဲ့ ကောင်လေးတစ်ယောက်၊ လေပြင်းတစ်ချက် တိုက်လိုက်တာနဲ့ လွင့်သွားနိုင်တဲ့ ပိန်ပိန်ပါးပါးပုံစံတစ်ခုလို့ ထင်ရသည်။
ဘုရင်ကြီးက ကောင်လေးကို ဆန္ဒပင်လယ်ထဲမှာ ပထမဆုံးအကြိမ် မြင်တုန်းက ကောင်လေးနဲ့ပတ်သက်တဲ့ ပဟေဌိတွေ အများကြီးပဲဆိုတာ သူသိခဲ့သည်။ အချို့ပဟေဌိတွေကို သူ သူ့ဘာသာသူ ဖြေရှင်းနိုင်ခဲ့ပေမဲ့လည်း ကျန်တာတွေတော့ အဖြေရှာမရသေးချေ။ သူ မှုန်ဝါးနေတဲ့ မြူခိုးတွေကို ရှင်းထုတ်ဖို့ လုပ်ဆောင်တိုင်းမှာ သူ့ကို မြူခိုးလွှာအသစ်တစ်ခု ထပ်မံ သိုင်းခြုံခံလိုက်ရပြန်သည်ပင်။ ဘုရင်ကြီး ပဟေဌိတွေ အဖြေရှာမရတော့တဲ့နောက်မှာတော့ နောက်ဆုံး သူ အဖြေထုတ်ဖို့ မကြိုးစားတော့ဘဲ အရှုံးပေးလိုက်တာပဲ ဖြစ်သည်။
တစ်နေ့မှာတော့ ကောင်းကင်လမ်းက သူ့ကို ပေးသိမှာပဲဆိုတာ သူသိသည်။
"ဦးလေးဖြူ ပြန်လာပြီ။" ရုတ်တရက် ဘုရင်ကြီးက နူးနူးညံ့ညံ့လေးပြောလိုက်ကာ တံခါးဆီ ကြည့်လိုက်၏။
ဖုန့်ရှီ ချက်ချင်းပဲ မြေပြင်ကနေ ဘုရင်ကြီးလက်မောင်းထဲ ခုန်ဝင်သွားကာ ဘုရင်ကြီးကို စိုးရိမ်တကြီးနဲ့ ပြောလိုက်သည်၊ "ခေါင်းဆောင်၊ တကယ်လို့ ခဏနေ ဦးလေးဖြူ ကျွန်တော့်ကို ရှာနေခဲ့ရင် ကျွန်တော် ဒီမှာမရှိဘူးလို့ ပြောပေးပါ။"
ဘုရင်ကြီးက ကောင်းပြီလို့ မပြောနိုင်ခင်မှာပဲ ဖုန့်ရှီက ချက်ချင်း အနောက်ကို လျောဝင်သွာကာ ဘုရင်ကြီးကိုယ်နဲ့ သူ့ရဲ့ ခန္ဓာကိုယ်သေးသေးလေးကို ဖုံးကွယ်လိုက်သည်။
ကောင်လေးဆီကနေ အကြည့်လွှဲဖို့ ဘုရင်ကြီး အချိန်အတန်ကြာ ယူလိုက်ရသည်။
အဲ့အချိန်မှာ ဦးလေးဖြူက မျက်နှာထား အတော်ကို သတိအနေအထားနဲ့ အာရုံအပြည့်စိုက်နေလျက်သားဖြစ်တဲ့ Carendra ကို နန်းတော်ထဲ ခေါ်ဆောင် ဝင်ရောက်လာပြီပဲဖြစ်သည်။ Carendra ဘယ်လောက်ပဲ ဘာကိုမှ အလေးမစိုက်သည်ဖြစ်ပါစေ၊ သူ ကောင်းကင်ထွတ်ထိပ်နန်းတော်ထဲ ဝင်လာခဲ့ချိန်မှာတော့ စိတ်မလှုပ်ရှားဘဲ မနေနိုင်ပေ။ ဘုရင်ကြီး သူ့ကို ဘာလို့ဆင့်ခေါ်ရသလဲဆိုတာရယ်၊ ဦးလေးဖြူကို ပို့လွှတ်ပြီး သူ့ကို လာရောက်ခေါ်ဆောင်ခိုင်းရတာလဲဆိုတာရယ် သူမသိသေးချေ။ အဲ့တာတောင်မှ ဒါဟာ ဆူးလားမိသားစု ပြန်လည်သက်ဝင်နိုးထလာနိုင်မယ့် တစ်ခုတည်းသော အခွင့်အရေးဆိုပြီး သူ ခံစားနေရသည်။
အရင်တုန်းက Carendra က ခန်းနားလှတဲ့ နန်းတော်ကို ကြည့်ရုံသာ ကြည့်နိုင်သည်။ အခု သူ နန်းတော်ထဲ ခြေချခွင့်ရချိန်မှာတော့ ရင်ထဲက နက်ရှိုင်းတဲ့ တုန်လှုပ်မှုတို့ဟာ ဖော်ပြလို့တောင် မရလောက်အောင် ဖြစ်နေတော့၏။
အကာအရံ ပွင့်သွားပြီးနောက် ကောင်းကင်ထွတ်ထိပ်နန်းတော်ထဲက စိတ်ဝိညာဉ်စွမ်းအင်တွေ သူ့ဆီ ချက်ချင်း ဝင်ရောက်လာသည်။ Carendra မနေနိုင်တော့ဘဲ ပင့်သက်ပြင်းပြင်း ရှိုက်လိုက်တော့ သူ့သွေးကြောထဲက စိတ်ဝိညာဉ်စွမ်းအင်တွေက ပိုလို့မြန်မြန် စီးဆင်းလာကာ သူ့ဝိညာဉ်တောင်မှ စတင် တုန်ရီလာတော့၏။ နန်းတော်ထဲက စိတ်ဝိညာဉ်စွမမ်းအင်တွေက ပြင်ပထက် အဆပေါင်းများစွာ ပိုကြွယ်ဝနေတာကြောင့် Carendra တစ်ယောက် အံ့ဩသွားသည်။ သူသာ ဒီနေရာမှာ ကျင့်ကြံနိုင်မယ်ဆိုရင် သူ သုံးလမပြည့်ခင်မှာပဲ နတ်ဘုရားဘုရင်နယ်ပယ် အဆင့်ခုနှစ်ကို သေချာပေါက် ရောက်သွားနိုင်မှာ အမှန်ပင်။
ဒါပေမဲ့ အဲ့တာက တကယ့်ကို ခဏလေး တွေးလိုက်တဲ့ အတွေးပဲဖြစ်သည်။ အခုလောလောဆယ် သူ့ခံစားချက်တွေကို ပြဖို့ သတ္တိမရှိပေ။
Carendra ဦးလေးဖြူနောက် လိုက်ပြီး အတွင်းသို့ ဝင်သွားစဉ်မှာ တဖြည်းဖြည်း စိတ်လှုပ်ရှားမှု လျော့လာပြီး ဘာမှန်းမသိတဲ့ အကြောက်တရားတို့ ဝင်လာ၏။ သူ အလေးအမြတ်ထားလောက်ဖွယ် အရှိန်အဝါတွေ ထုတ်လွှတ်နေတဲ့ တိတ်ဆိတ်နန်းတော်ခန်းမကို မြင်တော့ သူ့လက်ဖဝါးတွေ ချက်ချင်းပဲ ချွေးစေးပြန်လာကာ သူ့ရဲ့ တောင့်တင်းနေတဲ့ မျက်နှာထက် ကြောက်လန့်တုန်လှုပ်နေတဲ့အမူအယာ ဖြတ်ပြေးသွားသည်။သူ ငရဲမင်းကြီးကို တခါမှ မတွေ့ဆုံခဲ့ဖူးပေ၊ သူ့မိသားစုထဲက အကြီးတွေ၊ အဘိုးအဘွားတွေဆီကနေ တဖက်သူရဲ ဂုဏ်ဒြပ်အမည်ကိုသာ ကြားဖူးထားတာဖြစ်သည်။
Carendra က စွမ်းအားကို ကိုးကွယ်တာဖြစ်တာကြောင့် အခြားသူတွေလိုပဲ ကောင်းကင်ထွတ်ထိပ်နန်းတော်ကို မြတ်နိုးလေးစားကာ တနေ့မှာ သူ ငရဲမင်းကြီးနဲ့ တွေ့ဆုံခွင့် ရရမယ်လို့တောင် မျှော်လင့်ခဲ့ဖူးတာဖြစ်သည်။ ဒါပေမဲ့ အဲ့နေ့ ရုတ်တရက် ရောက်လာချိန်မှာတော့ သူ အတော် ကြောင်သွားကာ အိမ်မက်မက်နေသလားလို့ ခံစားသွားရသည်။ သူက အိမ်မက်ကနေ နိုးလာပြီး အရာရာ ဆုံးရှုံးသွားရမှာကို ကြောက်တောင် ကြောက်လာတော့၏။
"အရှင်မင်းကြီးက အထဲမှာ။ ကျေးဇူးပြုပြီး ဝင်သွားပါ!" ဦးလေးဖြူရဲ့ အေစက်တဲ့အသံ ရုတ်ချည်း ထွက်ပေါ်လာကာ Carendra ကို လက်ရှိဖြစ်ရပ်ဆီ ပြန်ဆွဲခေါ်လိုက်၏။
အဝတ်ဖြူဝတ်အဘိုးအိုက ဘာအမူအယာမှာ မရှိတဲ့ မျက်နှာနဲ့ တကိုယ်လုံး အေးစက်တဲ့လေတွေ ထုတ်လွှတ်နေပြီး အခြားသူတွေကို အားပြင်းတဲ့ ဖိအားတစ်ခု ပေးနေသည်။ သူ့ကိုမြင်တော့ Carendra အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး သူ့စိတ်ထဲ တခုခု ရင်းနှီးနေသလို ခံစားမှုမျိုး ဖြတ်ပြေးသွားတော့သည်။ ဒါပေမဲ့ အဲ့တာ ဘာလဲဆိုတာတော့ သူ မထုတ်ဖော်တတ်တာကြောင့် ဆက်မတွေးတော့ချေ။ အဲ့နောက် သူက အဘိုးအိုကို ရိုသေလေးစားစွာနဲ့ ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်၊ "ကျွန်တော့်ကို လမ်းညွှန်ဦးဆောင်ပေးလို့ ကျေးဇူးတင်ပါတယ်ခင်မျာ!"
ဦးလေးဖြူက ဘာမှမပြောဘဲ သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အစေခံလေးယောက်ကို ခေါ်ပြီး ထွက်သွားတော့သည်။
အဲ့အချိန်မှာပဲ Carendra က အနက်ရောင်တံခါးမကြီးကို စိုက်ကြည့်လိုက်ကာ သက်ပြင်းမော ချလိုက်ပြီးနောက် အတွင်းထဲကို ဖြည်းညှင်းစွာ လျောက်ဝင်သွားတော့....
20211208; 2327
—————————— Zawgyi —————————
အပိုင္း ၉၆။ ဆင့္ေခၚျခင္း
ဘုရင္ႀကီးက Carendra ဆိုတဲ့ နာမည္နဲ႔ မရင္းႏွီးတဲ့အျပင္ တဖက္လူအေၾကာင္း ၾကားေတာင္မၾကားဖူးခဲ့ေပ။
ငရဲျပည္ရဲ့ မိသားစုႀကီး သုံးခုထဲက တစ္ခုအေနနဲ႔ ဆူးလားမိသားစုဟာ အလြန္ျမန္ဆန္စြာ ဖြံ့ၿဖိဳးတိုးတက္ခဲ့တာျဖစ္ေပမဲ့ သူတို႔မိသားစုထဲမွာေတာ့ တကယ္ စြမ္းအားႀကီးတဲ့ က်င့္ႀကံသူေတြ အေတာ္ နည္းသည္။ ခုခ်ိန္ထိ အဲ့ဒီ့မွာ နတ္ဘုရားဥေသၽွာင္နယ္ပယ္ေရာက္ေနတဲ့ ကၽြမ္းက်င္ပညာရွင္ တစ္ဦးတစ္ေလေတာင္မွ မရွိေပ။ အဲ့လိုေျပာလို႔ သူတို႔က က်င့္ႀကံမွုမွာ အရည္အခ်င္းမရွိဘူးလို႔ ဆိုလိုတာမဟုတ္။ အေရးအႀကီးဆုံး အေၾကာင္းအခ်က္က သူတို႔က သူတို႔ရဲ့ မ်ိဳးႏြယ္စဥ္ဆက္ရဲ့ ကန္႔သတ္ျခင္းကို ခံေနခဲ့ၾကရတာပဲျဖစ္၏။
ဆူးလားမိသားစုရဲ့ မ်ိဳးႏြယ္စဥ္ဆက္ ထူးျခားခ်က္ေၾကာင့္ သူတို႔ စတင္က်င့္ႀကံတဲ့ အေစာပိုင္းကာလေတြမွာ သူတို႔အတြက္ သုံးဆ ေလးဆေလာက္ ပိုခက္ခဲတာေၾကာင့္ သူတို႔ရဲ့ က်င့္ႀကံမွုႏွုန္းက အျခားသူေတြထက္ ပိုေႏွးတာပဲျဖစ္သည္။
ဒါေပမဲ့ ဆူးလားမိသားစုရဲ့ က်င့္ႀကံသူေတြက နတ္ဘုရားဘုရင္နယ္ပယ္အဆင့္ကို ေက်ာ္ျဖတ္ၿပီးၿပီဆိုတာနဲ႔ သူတို႔ေသြးဆက္ ႏွိုးဆြလာမွာျဖစ္ၿပီး သူတို႔က်င့္ႀကံမွုလုပ္ငန္းစဥ္ေတြဟာ အရင္ကထက္ ပိုလြယ္ကူ ပိုျမန္ဆန္လာမွာျဖစ္သည္။ ကံဆိုးတာက ဆူးလားမိသားစုရဲ့ ပညာရွင္ေတြအားလုံးက လြန္ခဲ့တဲ့ ႏွစ္ေပါင္းသိန္းေက်ာ္တုန္းက ျဖစ္ပြါးခဲ့တဲ့ နတ္ဘုရားေတြနဲ႔ မိစၧာေတြအၾကားက စစ္ပြဲႀကီးမွာ ေသဆုံးသြားခဲ့ၾက၏။ သူတို႔ရဲ့ေသြးဆက္ေတြ ႏွိုးဆြေပးတဲ့ လ်ိဳ႕ဝွက္ပညာရပ္ဟာလည္း အဲ့ကတည္းက ေပ်ာက္ကြယ္သြားခဲ့တာပဲျဖစ္သည္။ အက်ိဳးဆက္အေနနဲ႔ ဆူးလားမိသားစုဟာ အဲ့ကတည္းက စၿပီး က်ဆင္းလာတာပဲျဖစ္သည္။ ေနာက္ဆုံးေတာ့ သူတို႔ရဲ့ အရင့္အရင္တုန္းက ရန္သူေတြ သူတို႔ဆီ ရွာေဖြေနၾကတာေၾကာင့္ မိသားစုဝင္အမ်ားစုက ငရဲျပည္ကို ေရႊ႕ေျပာင္းလာခဲ့ၾကတာျဖစ္သည္။
ဆုံးပါးသြားခဲ့တဲ့ ဆူးလားမိသားစုရဲ့ ပညာရွင္အနည္းငယ္က ငရဲမင္းႀကီးနဲ႔ အသိေတြလိုမ်ိဳး ျဖစ္တာေၾကာင့္ ဆူလားမိသားစုကို ငရဲျပည္ထဲ အေျခခ်ခြင့္ျပဳခဲ့တာပဲျဖစ္သည္။
အဲ့အျပင္ ဆူးလားမိသားစုက တိုက္ခိုက္ရာမွာ စိတ္အားထက္သန္ၾကသည္။ မိသားစုဝင္ေတြအားလုံးဟာ သူတို႔ရဲ့ မိသားစုေတြ ဆုတ္ယုတ္တာကို မျမင္လိုၾကတဲ့ စစ္ေသြးႂကြေတြျဖစ္ၾက၏။ ဒါ့ေၾကာင့္ သူတို႔ အျမဲတေစ အေျဖရွာခဲ့ၾကေပမဲ့ သူတို႔ေတြ႕ရွိတဲ့ၾကတဲ့ အေျဖေတြအားလုံးက အေပၚယံ သက္သာေအာင္ ကုသေပးတာပဲျဖစ္သည္။ သူတို႔ေသြးဆက္ကို မႏွိုးဆြနိုင္သ၍ သူတို႔အေျခအေနက ထာဝရ ဒီတိုင္းပဲ ျဖစ္ေနမွာပင္။
Carendra က ဆူးလားမိသားစုရဲ့ ေမၽွာ္လင့္ခ်က္ေရာင္ျခည္ျဖစ္သည္။ သူက နတ္ဘုရားဘုရင္နယ္ပယ္အဆင့္ အဆင့္ေျခာက္ ေရာက္ေနၿပီျဖစ္သည္။ ဆူးလားမိသားစု က်ဆင္းသြားၿပီးကတည္းက သူက သူ႔မိသားစုထဲမွာ အသက္သုံးဆယ္္မတိုင္ခင္ နတ္ဘုရားဘုရင္နယ္ပယ္အဆင့္ကို ေရာက္တဲ့ တစ္ဦးတည္းေသာသူပဲျဖစ္သည္။ ဒါ့ေၾကာင့္ သူက ဆူးလားမိသားစုကို ျပန္လည္သက္ဝင္လာေစမယ့္ အလားအလာအရွိဆုံးသူ ျဖစ္သည္။ ဆူးလားမိသားစုဝင္တစ္ေယာက္ဟာ အသက္ငယ္ရြယ္တုနးမွာ နတ္ဘုရားဘုရင္နယ္ပယ္ကို မေရာက္ေသးဘူးဆိုရင္ သူ႔ေသြးဆက္ကို ႏွိုးဆြနိုင္ဖို႔ဆိုတာ မျဖစ္နိုင္ေပ။
အက်ိဳးဆက္အေနနဲ႔ ဆူးလားမိသားစုက Carendra အေပၚမွာ မိသားစုရဲ့ တစ္ခုတည္းေသာ ေမၽွာ္လင့္ခ်က္အေနနဲ႔ ႀကီးႀကီးမားမား ေမၽွာ္မွန္းထားၾကတာပဲျဖစ္သည္။
Carendra က သူ႔မိသားစုအေပၚ စိတ္ပ်က္မွု မျဖစ္ေစခဲ့ေခ်။ သူ႔ရဲ့ ျပင္းျပင္းထန္ထန္ ႀကိဳးစားအားထုတ္မွုနဲ႔ သူ႔ရဲ့ ထူးခၽြန္ေျပာင္ေျမာက္တဲ့ အရည္အခ်င္းေတြနဲ႔ ေနာက္ဆုံး သူ ေကာင္းကင္နတ္ဘုရားနယ္ပယ္အဆင့္ကို ခ်ိဳးေဖာက္နိုင္ခဲ့ၿပီး နတ္ဘုရားဘုရင္နယ္ပယ္အဆင့္ကို ေရာက္ရွိခဲ့သည္။ တကယ္ေတာ့ သူက ငရဲျပည္ရဲ့ အေတာ္ဆုံး အရည္အခ်င္းအရွိဆုံး က်င့္ႀကံသူလို႔ လူသိမ်ားၾကတဲ့ မင္းခ်င္းယြိထက္ေတာင္ ပိုၿပီး အရည္အခ်င္း ရွိသည္။ Carendra က အျမဲ မထင္မရွားေနေလ့ရွိၿပီး တသီးတျခား ေနတတ္တာေၾကာင့္သာ မိသားစုဝင္မဟုတ္တဲ့ အျပင္သူေတြက သူ႔နာမည္ကို သိပ္မၾကားဖူးၾကတာပဲျဖစ္၏။
ဒီအႀကိမ္ေတာ့ ေနာက္ဆုံး သူ အစိမ္းေရာင္ ငရဲသား အမဲလိုက္အဖြဲ႕ အကဲျဖတ္ပြဲ က်င္းပမွုမွာ တက္ေရာက္ေျဖဆိုခဲ့တာေၾကာင့္ ေက်ာ္ၾကားလာျခင္းျဖစ္သည္။
အဲ့အတြက္ေၾကာင့္ ဖုန္႔ရွီက သူ နတ္ဘုရားဘုရင္နယ္ပယ္အဆင့္ကို ခ်ိဳးဖ်က္ရာမွာနဲ႔ နတ္ဘုရားဥေသၽွာင္အဆင့္ ေရာက္ေအာင္ပါ ကူညီေပးနိုင္တာကို Carendra ၾကားလိုက္ရခ်ိန္မွာ သူ ဆြံ့အ သြားရကာ သူ႔အတြင္းစိတ္ ခံစားခ်က္ေတြကိုေတာင္ ထုတ္ျပမိသြားခဲ့တာျဖစ္၏။
ဆူးလားမိသားစုကသူေတြက မိသားစုအတြက္ ေကာင္းကင္ထြတ္ထိပ္နန္းေတာ္ကို လာေရာက္ခဲ့ၾကဖူးခဲ့ေပမဲ့ ဦးေလးျဖဴရဲ့ အတားအဆီး ခံခဲ့ၾကရ၏။
ဘုရင္ႀကီးက အဲ့တာကို အရင္က ၾကားဖူးခဲ့သည္။ ဆူးလားမိသားစုက အႀကီးအကဲေတြက သူတို႔ အရွက္ရနိုင္ေခ် မ်က္ႏွာပ်က္ရနိုင္ေခ် မ်ားတဲ့ၾကားထဲက Carendra ကို ကူညီေပးဖို႔ ဘုရင္ႀကီးကို ေတာင္းပန္ခဲ့ဖူးၾကသည္။ ဒါေပမဲ့ ဘုရင္ႀကီဂက သူတို႔ကို ကူညီဖို႔ တာဝန္မရွိတဲ့အျပင္၊ ဦးေလးျဖဴကလည္း လူတိုင္းကို စာနာသနားတတ္တဲ့သူမ်ိဳး မဟုတ္ခဲ့ေပ။ အဲ့တာေၾကာင့္ ဆူးလားမိသားစုက အႀကီးအကဲေတြက ဘုရင္ႀကီးမ်က္ႏွာကို ဖူးေမၽွာ္ခြင့္မရေသးခင္မွာတင္ ဦးေလးျဖဴရဲ့ ေမာင္းထုတ္ျခင္း ခံခဲ့ၾကရ၏။
ဒါေပမဲ့ အခုေတာ့ ကိစၥရပ္ေတြက မတူေတာ့ေပ။ Carendra က ဖုန္႔ရွီရဲ့အသက္ကို ကယ္ခဲ့ကတည္းက ဆူးလားမိသားစုကို သူ ကယ္ဖို႔ ထိုက္တန္တယ္လို႔ ဘုရင္ႀကီး ခံစားသြားရသည္။ ေနာက္ဆုံးေတာ့ အေရးတႀကီးအေျခအေနမွာ Carendra က မင္းေဟးယြီရဲ့ တိုက္ခိုက္မွုကေန ဖုန္႔ရွီကို ကာကြယ္ေပးခဲ့တာေလ။
ဖုန္႔ရွီေၾကာင့္ ဘုရင္ႀကီးက ေနာက္ဆုံးေတာ့ Carendra ကို အာ႐ုံထားမိလာသည္။
Carendra က သတၱိရွိၿပီး သတိႀကီးတဲ့သူတစ္ေယာက္၊ ျပႆနာၾကဳံေတြ႕ရတဲ့အခ်ိန္မ်ိဳးမွာလည္း တည္တည္ၿငိမ္ၿငိမ္နဲ႔ ေခါင္းေအးေအးထား စဥ္းစားေျဖရွင္းတတ္တဲ့သူတစ္ေယာက္ပဲျဖစ္သည္။ သူ႔ရဲ့ ေသြးဆက္သာ ႏွိုးဆြနိုင္ခဲ့မယ္ဆိုရင္ သူဟာ အနာဂတ္မွာ အလြန္႔အလြန္ကို အင္အားႀကီးတဲ့ ပညာရွင္တစ္ေယာက္ ျဖစ္လာမွာ အေသအခ်ာပင္။ အဲ့အျပင္ ဖုန္႔ရွီအတြက္လည္း သူသာ Carendra နဲ႔ တူတူ က်င့္ႀကံနိုင္မယ္ဆိုရင္ အက်ိဳးမ်ားမွာပဲျဖစ္သည္။
"ဒါဆို၊ သူ႔ကို မင္း ဖိတ္ေခၚလိုက္ေလ။" တခဏေလာက္ ေတြးၿပီးေနာက္ ဖုန္႔ရွီရဲ့ ေမၽွာ္လင့္ေနတဲ့အၾကည့္ေအာက္မွာ ဘုရင္ႀကီး ေခါင္းညိတ္လိုက္ေတာ့သည္။
"ဟိုးေဝး! ေခါင္းေဆာင္က အေကာင္းဆုံးပဲ!" ဖုန္႔ရွီက ဘုရင္ႀကီးဆီ ခ်က္ခ်င္း ခုန္တက္သြားၿပီးေနာ္က ဘုရင္ႀကီးရဲ့ ကိုယ္ခႏၶာကို သူ႔ကိုယ္နဲ႔ ခ်စ္ျမတ္နိုးစြာ ပြတ္သပ္လိုက္၏။
ဘုရင္ႀကီးမ်က္လုံးထဲ အျပဳံးတစ္ပြင့္ေပၚလာၿပီး မ်က္ႏွာက ေပ်ာ့ေျပာင္းသြားဟန္ ျဖစ္သြား၏။ တခဏၾကာၿပီးေနာက္ သူက ဦးေလးျဖဴကို အထဲေခၚလိုက္သည္။ ဦးေလးျဖဴက ဘုရင္ႀကီး Carendra ကို ဆင့္ေခၚလိုေၾကာင္း ၾကားလိုက္ရေတာ့ ဦးေလးျဖဴရဲ့ မ်က္လုံးေထာင့္စြန္းက တြန္႔သြားသေယာင္ ျဖစ္သြားတယ္လို႔ ဖုန္႔ရွီ ထင္ျမင္လိုက္၏။
ဦးေလးျဖဴ ထြက္သြားၿပီးေနာက္ ဖုန္႔ရွီက ေခါင္းခါလိုက္ကာ ေမးလိုက္သည္၊ "အဲ့တာ အရမ္း ထူးဆန္းတယ္။ ဘာ့ေၾကာင့္လဲ?"
ဘုရင္ႀကီးက ေကာင္ေလးကို သူ႔လက္ေမာင္းတို႔နဲ႔ ေထြးေပြ႕ထားၿပီး မ်က္လုံးမွိတ္ထားတာျဖစ္သည္။ အဲ့ေမးခြန္းကို သူၾကားေတာ့ မ်က္လုံး ျဖည္းညႇင္းစြာပြင့္သြားၿပီး ေျပာလိုက္သည္၊ "ဘာက ထူးဆန္းတာလဲ?"
"ဦးေလးျဖဴ။ သူ အခုေလးတင္ အေတာ္ထူးဆန္းေနသလိုပဲ။" သူနဲ႔ သူ႔အေဖာ္ေတြ ေျပာခဲ့ၾကတာေတြက ဘုရင္ႀကီးေရာ ဦးေလးျဖဴေရာ ၾကားၿပီးသြားၾကၿပီဆိုတာကို ဖုန္႔ရွီ လုံးဝ မသိေပ။ အကယ္၍ ဖုန္႔ရွီ အဲ့တာကိုသာ သိမယ္ဆိုရင္ သူ ေတာ္ေတာ္ၾကာတဲ့အထိ ဦးေလးျဖဴကို စကားေျပာရဲေတာ့မွာ မဟုတ္ေခ်။
ဦးေလးျဖဴက ဘုရင္ႀကီး Carendra ကို ဒီကို ေခၚခ်င္တာက တဖက္သူက ဖုန္႔ရွီရဲ့အသက္ကို ကယ္ခဲ့လို႔ ဆိုေပမဲ့ ဖုန္႔ရွီ သူနဲ႔ Carendra အေၾကာင္း ေျပာခဲ့တာေတြကို သူ မေမ့ေသး။ အဲ့ေနာက္ သူ႔ရဲ့ မရယ္မျပဳံးမ်က္ႏွာေပၚက ေအးခဲတဲ့ အၾကည့္တို႔က ထပ္မံ ေပ်ာ့ေျပာင္းသြားေတာ့၏။
ဘုရင္ႀကီးက ဖုန္႔ရွီကို တခ်က္ ၾကည့္လိုက္ကာ ေလသံတန္းတန္းနဲ႔ေျပာလိုက္သည္၊ "ဦးေလးျဖဴက ဥေပကၡာလူသားတစ္ဦးအေနနဲ႔ ေမြးဖြားလာခဲ့တာ၊ သူ႔မွာ ခုထိ အေဖာ္မရွိခဲ့ဘူး။"
"ဟမ္?" ဖုန္႔ရွီ ရွုပ္ေထြးသြားတဲ့အမူအယာနဲ႔ ေခါင္းေမာ့ၾကည့္လိုက္ရင္း သူ႔ေခါင္းေဆာင္က တစ္ခုခုကို အရိပ္အႁမြက္ေပးဖို႔ ႀကိဳးစားေနသလို ခံစားသြားရသည္။
ေကာင္ေလး သဲလြန္စ မဖမ္းမိတာကို ျမင္ေတာ့ ဘုရင္ႀကီးက ဆက္ေျပာလိုက္သည္၊ "ဦးေလးျဖဴမွာ သား မရွိဘူး။"
"အိုး။" ဖုန္႔ရွီက ေၾကာင္သြားကာ ေခါင္းညိတ္လိုက္၏။ ဒါေပမဲ့ သူ ေခါင္းညိတ္ေနစဥ္မွာပဲ မိုးႀကိဳးလ်ပ္စီနဲ႔အျပစ္ခံရသလို ေပါက္ကြဲသံ အက်ယ္ႀကီး သူ႔ေခါင္းထဲ ပဲ့တင္ထပ္သြားေတာ့သည္။ အဲ့ေနာက္ သူက ပါးစပ္အေဟာင္းသားျဖစ္သြားကာ ဘာတုန္႔ျပန္မွုမွ မျပဳနိုင္ေတာ့ဘဲ သတိလက္လြတ္နဲ႔ ဘုရင္ႀကီးကို စိုက္ၾကည့္ေနေတာ့သည္။ အခ်ိန္အေတာ္ၾကာၿပီးေနာက္ ဖုန္႔ရွီတစ္ေယာက္ လက္ေခ်ာင္းတို႔ တုန္ရီေနကာ ေမးလိုက္တာက "ေခါင္းေဆာင္ ဘယ္လိုလုပ္ သိတာလဲ?"
"မင္းမွာ အခ်ိန္မေပးနိုင္ဘူးဆိုရင္ ျပစ္မွု မက်ဴးလြန္နဲ႔။" ဘုရင္ႀကီးက ႏူးႏူးညံ့ညံ့ ျပဳံးလိုက္ကာ ဖုန္႔ရွီကို သတိေပးလိုက္သည္။
ဖုန္႔ရွီ ဘာျပန္ေျပာရမွန္းမသိေတာ့ဘဲ ဘုရင္ႀကီးကိုပဲ အၾကာႀကီး ေငးပဲ ၾကည့္ေနေတာ့၏။
You are reading the story above: TeenFic.Net