Please scroll down for Zawgyi.
အပိုင်း ၈၇။ အနက်ရောင် ပေါက်ကွဲမှုကြီး
မင်းဟေးယွီမျက်နှာပေါ်တွင် လေးနက်သည့်အမူအယာနှင့်အတူ တကိုယ်လုံး ပြင်းထန်တဲ့ စိတ်ဝိညာဉ်စွမ်းအားတို့ကို ထုတ်လွှတ်နေသည်။ သူ့ဟိတ်ဟိန်အမူအယာက ကွင်းတစ်ခုလုံး လွှမ်းခြုံထားပြီး လူတိုင်းကို ကြောက်ရွံမှု ပေးစွမ်းနေကာ ကွင်းအနီးအနားမှာ ရပ်နေကြသော လူအချို့တို့မှာ တစ်စက္ကန့်လောက် အသက်ရှုရပ်သွားကြရတော့သည်။
ပွဲကြည့်ပရိတ်သတ်တွေအားလုံး မျက်နှာအမူအယာ ပြောင်းသွားကြကာ အများစုမှာ မင်းဟေးယွီကို မျက်တောင်မခတ် စိုက်ကြည့်နေပြီး တအံ့တဩအမူအယာ ပေါ်နေကြသည်။ သူ့ကျင့်ကြံမှုအခြေခံက သိသိသာသာကြီးကို အရမ်းအားကောင်းတဲ့အတွက် သူက ပထမနေရာ ရနိုင်ချေ ရှိတဲ့ ဖြေဆိုသူတစ်ယောက်ဆိုတာ သံသယဝင်စရာ မရှိပေ။ သူ ထုတ်လွှတ်နေတဲ့ ဩဇာအရှိန်အဝါကို အကဲဖြတ်ကြည့်ရုံနဲ့ သူက နတ်ဘုရားဘုရင်နယ်ပယ် အဆင့်လေးရောက်နေသူ တစ်ဦး ဖြစ်ရမည်။
အဲ့နေရာမှာရှိသော လူတွေက အချင်းချင်း တီးတိုး ပြောနေကြပြီး အများစုက မင်းဟေးယွီ၏ စွမ်းအားအပေါ် ယုံကြည်မှုအပြည့် ရှိနေကြသည်။ တချိန်တည်းမှာပဲ မင်းဟေးယွီထက် ကျင့်ကြံဆင့် သုံးဆင့်လောက် နိမ့်နေတဲ့ ဖုန့်ရှီမှာ အနိုင်ရဖို့ အခွင့်အရေး လုံးဝမရှိဟု သူတို့ တွေးလိုက်ကြသည်။
ဒါပေမဲ့ လူအများစုကတော့ ကောင်လေးရဲ့ အစစ်အမှန်ခွန်အားကို ကြည့်ရဖို့ မျှော်လင့်နေကြပြီး ဖုန့်ရှီအပေါ် အချိန်ပြည့် အာရုံစိုက်နေကြတော့သည်။
မင်းဟေးယွီက သူ့သားကောင်ကို ယူသွားသည့်အတွက် ယန်းမင်းယွမ် အနည်းငယ် မခံမရပ်နိုင် ဖြစ်သွားသော်လည်း ဖုန့်ရှီကို တခြားတစ်ယောက် အနိုင်ယူလိုက်မှာကိုတော့ ယန်းမင်းယွမ် စိတ်ထဲမထားပေ။ ရလဒ်က သူ့အမုန်းတွေကို ဖြေဖျောက်ပေးနိုင်မှာ ဖြစ်သည်ကြောင့် မင်းဟေးယွီ ဖုန့်ရှီကို ဖျက်ဆီးပစ်မည့်အရေးကို သူမြင်တွေ့ရဖို့အတွက် အတော့ကို ပျော်ရွှင်နေတော့သည်။
ပြိုင်ဖက်နှစ်ဦးလုံး ရပ်နေကြပြီးနောက် နန်းကုန်းလီက ပတ်ပတ်လည်ကို တချက် ကြည့်လိုက်ပြီး တခြား ဘာမှ မှာမနေတော့ဘဲ ဒဲ့ပဲ ပြောလိုက်သည်၊ "ပထမအချီ၊ မင်းဟေးယွီ နဲ့ ဖုန့်ရှီ၊ အခု စနိုင်ပြီ!"
သူ့အသံ ပျောက်မသွားခင်မှာဘဲ ပရိတ်သတ်တို့ရဲ့ အကြည့်တို့က ပိုပြီး စိတ်အားထက်သန်လာသည်။ ပြိုင်ပွဲဝင်နှစ်ဦး ခွန်အားကွာခြားချက် အတော်ကို ကြီးမားပေမဲ့ ဒီပွဲစဉ်က ကြည့်ရတာ ထိုက်တန်သည့်ပွဲစဉ်တစ်ခုလို့ သူတို့ ခံစားမိနေဆဲပင်။
အစပိုင်းမှာ ပြင်းထန်တဲ့ အရှိန်အဝါကို ထုတ်လွှတ်ခဲ့တဲ့ မင်းဟေးယွီနဲ့ မတူခြားနားစွာ ဖုန့်ရှီက သူ့ခွန်အားကို လုံးဝ မပြခဲ့ပေ။ ထို့နောက် ကောင်လေးက လူအများရှေ့မှာ သူ့လက်ချောင်းတွေနဲ့ လက်ဖျောက်တီးလိုက်ကာ မင်းဟေးယွီကို ရုတ်တရက် လက်ညှိုးထိုးလိုက်ပြီး ကြည်လင်တဲ့အသံဖြင့် ပြောလိုက်သည်၊
"အမွှေးမဲ့ကြက်၊ သွား!"
သူ အဲ့လိုပြောပြီးနောက် ဝန်းကျင်တစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွားတော့၏။
မင်းဟေးယွီ သူ့မျက်နှာပေါ်မှာ သိသိသာသာ အံ့ဩသွားဟန် ပေါ်သွားပြီး အဲ့အချိန်မှာပဲ တဟုန်ထိုး ပူပြင်းလာတဲ့ လှိုင်းလုံးကြီးက ကွင်းတစ်ဝက်ကျော်ကို လွှမ်းခြုံထားကာ လွှမ်းမိုးနေတဲ့အရှိန်အဝါတစ်ခု ရုတ်တရက် သူ့အပေါ် ကျရောက်သွားသည်။ ကွင်းအပြင်ဘက်သို့ ပြန့်ကျဲသွားတဲ့ မီးတောက်တွေကြောင့် လူအနည်းငယ်က ကြောက်လန့်တကြား ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြသည်။
တိုက်ခိုက်မှုကို ရှောင်ဖို့ မင်းဟေးယွီ အခွင့်အရေး မရလိုက်သော်လည်း သူက ငရဲသားမိသားစုထဲက စွမ်းအားကြီးတဲ့ ကျင့်ကြံသူတစ်ဦးဖြစ်သည့်အတွက် သူ့ကိုယ်သူတော့ ကာကွယ်လိုက်နိုင်ကာ အချိန်အနည်းငယ်အတွင်းမှာပဲ ဝံပုလွေခေါင်းသဏ္ဍာန် ထွင်းထုထားသည့် အနက်ရောင်ဒိုင်းတစ်ခုကို ဆင့်ခေါ်လိုက်သည်။ သူ အဲ့ဒီ့ဒိုင်းသို့ စိတ်ဝိညာဉ်စွမ်းအားတွေ အဆက်မပြတ် ဖြည့်သွင်းနေပြီးနောက် ဝံပုလွေက ရုတ်တရက် သက်ရှိတစ်ကောင်အလား လေးဆ ငါးဆ ကြီးထွားလာတော့သည်။
လေပူလှိုင်းက ဒိုင်းကို တိုက်ခိုက်လိုက်ပြီး ပြင်းထန်သည့် လေပူများ တိုက်ခတ် မွှေသွားကာ လူတိုင်းကို မျက်နှာအပူဟပ်သွားတော့သည်။ မင်းဟေးယွီကိုယ်က ဒိုင်းနဲ့ ကောင်းကောင်းကာထားတာကြောင့် နောက်ဆုံး လေပူလှိုင်းက နှစ်ပိုင်းကွဲသွားပြီး ဆန့်ကျင်ဘက်သို့ ပျံ့နှံ့သွားကာ အချိန်အတန်ကြာပြီးနောက် ပျောက်ကွယ်သွားတော့သည်။
တချိန်တည်းမှာပဲ ဒိုင်းက အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းသွားကာ ပျောက်ကွယ်သွားပြီးနောက် နောက်ဆုံး မင်းဟေးယွီ ပေါ်ထွက်လာသော်လည်း သူ့မျက်နှာအမူအယာကတော့ အတော့ကို စူပုပ်ပုပ်ဖြစ်နေကာ သူ့မျက်လုံးထဲ လူသတ်လိုရိပ် အငွေ့အသက်တို့က ဝိုးတဝါး သတိပြုမိနိုင်လောက်အောင်ပင်။
သူ တိုက်ခိုက်မှုကို တောင့်ခံနိုင်လိုက်သော်လည်း အခု သူ့အတွက် ဆိုးကျိုး ပိုဖြစ်သွားသည်က ရှင်းနေသည့်အတွက် သူ့မျက်နှာ အရိုက်ခံလိုက်ရသလိုဖြစ်သွားရတော့သည်။ မာနထောင်လွှားသောသူအနေဖြင့် မင်းဟေးယွီ လက်မခံနိုင်ဖြစ်သွားရကာ ချက်ချင်း သတ်ချင်ဖြတ်ချင်သည့် အငွေ့အသက်တို့ ပြသလိုက်ပြီး သူ့မျက်နှာ ပြန်အဖတ်ဆယ်ဖို့ တစ်ခုတည်းသောနည်းက ဒီနေ့ပဲ ဖုန့်ရှီကို သတ်လိုက်ဖို့ဆိုပြီး သူတွေးလိုက်တော့သည်!
အဲ့နောက်မှာတော့ မင်းဟေးယွီက သူ့လက်ညှိုးတစ်ချောင်း ကောင်းကင်ကို ညွှန်လိုက်ပြီး နောက်တစ်စက္ကန့်အကြာမှာတော့ စိတ်ဝိညာဉ်စွမ်းအင်တို့ လေထုထဲ မတည်မငြိမ်ဖြစ်လာကာ သူ့လက်ထဲ လှံတံတစ်ချောင်း ရောက်လာတော့သည်။ လတ်တလောမှာ ပိန်းပိတ်အောင် နက်မှောင်နေတဲ့ လှံတံက အနက်ရောင် အခိုးအငွေ့တို့ ထုတ်လွှတ်နေပြီး လူတိုင်းကို ရင်သပ်ရှုမောဖွယ်ရာ ပေးစွမ်းလိုက်တော့သည်။ တချိန်တည်းမှာပဲ ကွင်းအပြင်ဘက်မှ ပရိတ်သတ်တို့က စတင်ပြီး တီးတိုးတီးတိုး လုပ်လာကြတော့၏။
အဲ့တာ မင်းဟေးယွီရဲ့ နာမည်ကြီးလက်နက်၊ သတ်ဖြတ်သွေးလှံပဲ! ငါတော့ အရမ်းကို အထင်ကြီးသွားပြီ၊ ဒါ သာလွန် ထူးကဲတဲ့ လက်နက်တစ်လက်ဆိုတာ သံသယဝင်စရာမရှိဘူး! ကောင်လေးတော့ ခံရတော့မယ်ဟေ့!"
လောလောဆယ် သူ့ထိုင်ခုံမှာသူ ငြိမ်သက်စွာ ထိုင်နေတဲ့ Carendra က လှံကို အထင်သေးဟန်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ သို့သော် လူတိုင်းက ကွင်းထဲမှလူနှစ်ဦးကိုသာ အာရုံစိုက်နေတဲ့အတွက် သူတို့ အဲ့တာကို သတိမပြုမိလိုက်ကြချေ။
"သွားသေလိုက်"
မင်းဟေးယွီ၏ မျက်နှာပေါ်တွင် ရက်စက်သောအမူအယာနှင့်အတူ နှာမှုတ်လိုက်ပြီး သူ့လက်ထဲမှ လှံတံက တကိုယ်လုံးအမည်းရိပ်တို့ ထုတ်လွှတ်နေသော အဆိပ်ပြင်းမြွေတစ်ကောင်နှယ် ရုတ်ချည်းပင် ဖုန့်ရှီထံသို့ ပျံသန်းသွားတော့သည်။ လှံခေါင်းက ဖုန့်ရှီ၏ နှလုံးကို ညှာတာမှုကင်းမဲ့စွာ ဦးတည်နေပြီး ဖုန့်ရှီကိုယ်ပေါ် ထုတ်ချင်းပေါက် လုပ်ချင်နေသည့် မင်းဟေးယွီ၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ပြသနေသည်။
ဒါပေမဲ့ အဲ့လိုက ဖြစ်ဖို့ အတော်ခက်သည်၊ အကြေင်းမှာကား အမွှေးမဲ့ကြက်က အော်လိုက်ပြီး ဖုန့်ရှီအရှေ့ ရုတ်တရက် ကာရပ်လိုက်သည့်အတွက်ပင်။ အဲ့ဒီ့နောက်မှာတော့ သူ့ပါးစပ်တွင်းက အပူလှိုင်းထက် ပိုဆိုးဝါးသည့် အပူစွမ်းအားကို ထုတ်လွှတ်နေသော အလင်းလုံးတစ်လုံး ပေါ်လာသည်။ နောက်ဆုံးတော့ သူ့ပါးစပ်ထဲ စွမ်းအင်အားလုံး စုစည်းသွားပြီးနောက် အမွှေးမဲ့ကြက်က လှံတံ ရောက်ခါနီးမှာပဲ ဘောလုံးကို ထွေးထုတ်လိုက်တော့သည်...
ပြင်းထန်တဲ့ စွမ်းအားနှစ်ခု အချင်းချင်း တိုက်မိသွားကြကာ အားကြီးသောသက်ရောက်မှု အင်အားတစ်ခုကို ဖြစ်ပေါ်သွားစေသည်။ လေစီးကြောင်းနှစ်ခုက မတူညီတဲ့ အရပ်မျက်နှာဆီ လျင်မြန်တဲ့ အရှိန်နဲ့ ပျံ့နှံ့သွားတဲ့အခါ လေထုထဲက စိတ်ဝိညာဉ်စွမ်းအင်တို့က အင်အားနှစ်ခု ဆုံတွေ့မိသည့်နေရာကနေ ပျံ့သွားကာ လေထုကိုပင် ကွဲထွက်သွားစေလောက်သည့် ပြင်းထန်သော လေပြင်းမုန်တိုင်းတစ်ခု ထွက်ပေါ်လာသည်။ လေထုအတွင်း ပွတ်တိုက်မှုတို့ကြောင့် စူးစူးရဲရဲအော်သံက လူတိုင်း၏ နားစည်ကို နာကျင်သွားရစေသည်။
"ဘန်း!"
အင်အားနှစ်ခုက ညီတူညီမျှ ကိုက်ညီနေပြီး နောက်ဆုံး မင်းဟေးယွီကို တည့်တည့် ဦးတည်သည့် အားပြင်းသော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်သွားတော့သည်။
ဒါ မင်းဟေးယွီ သူတော်စင်နယ်ပယ် မိစ္ဆာသားရဲတစ်ကောင်နဲ့ တိုက်ဖူးတဲ့ ပထမဆုံးအကြိမ်ဖြစ်သည့်အတွက် သူက အမွှေးမဲ့ကြက်၏ စွမ်းအားကို လျော့တွက်မိခဲ့ခြင်းပင်။ ရှည်လျားသောလှံတံက ရုတ်တရက် သူ့လက်ထဲ တုန်ခါလာကာ ဆုပ်ကိုင်ထားတာကိုတောင် လွတ်ကျလုမတတ် ဖြစ်သွားရတော့သည်။ အဲ့နောက်မှာတော့ သူ အနောက်ဘက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွားရကာ ရပ်သွားပြီး သွေးဆုတ်ဖြူလျော်နေသော မျက်နှာပြောင်းသွားသော်လည်း သူ့မျက်လုံးထဲတွင်တော့ သတ်ဖြတ်ချင်စိတ် အငွေ့အသက်တို့က ရှိနေဆဲပင်။
ပရိတ်သတ်တို့က မယုံနိုင်ခြင်းများစွာနဲ့ အာမေဍိတ် မပြုဘဲ မနေနိုင်ကြတော့ချေ။
သူတို့တိုက်သည့် ပွဲစဉ် နှစ်ချီလုံးမှာ မင်းဟေးယွီတစ်ယောက် အရေးနိမ့်နေသည်က ရှင်းနေ၏။ မင်းဟေးယွီ နိုင်လိမ့်မယ်လို့ ယုံကြည်နေခဲ့ကြသည့်သူတွေက အခုတော့ သံသယမျက်လုံးတို့ဖြင့် အသိစိတ်လွတ်ကာ အချင်းချင်းကြည့်လိုက်ကြတော့သည်။ မင်းဟေးယွီ ဒီအကြိမ် ရှုံးနိုင်လောက်မလားလို့ သူတို့ အခု စတင် တွေးလာကြပြီဖြစ်သည်။
"မင်းကို အစိတ်စိတ်အမွှာမွှာ မဆွဲဖြဲနိုင်ဘူးဆိုရင် ငါ့အနောက်နာမည်ကို (ကိုယ်ပိုင်နာမည်၊ မိသားစုနာမည်မဟုတ်) ပြောင်းလိုက်မယ်!" ထို မေးခွန်းထုတ်နေသည့် အမူအယာများကို မြင်တော့ မင်းဟေးယွီ နောက်ဆုံး မတည်ငြိမ်နိုင်တော့ဘဲ ဒေါပွလာတော့သည်။ အဲ့နောက်မှာတော့ ဖုန့်ရှီကို ပြင်းထန်တဲ့အကြည့်စူးစူးတို့နဲ့ ကြည့်ကာ ဟစ်ကြွေးလိုက်၏။
ဖုန့်ရှီ သူ့မျက်ခုံးတို့ ပင့်သွာပြီး ပြောလိုက်သည်၊ "ဒါဆို မင်းက ငါ့အနောက်နာမည်ကို (ကိုယ်ပိုင်နာမည်) သုံးချင်တာလား? ငါ သဘောမတူဘူး!"
"ဟားဟား!"
စာအုပ်နတ်ဘုရားနှင့် ကံဆိုးမှုနတ်ဘုရားတို့သာ အဲ့လို တင်းမာနေတဲ့အခြေအနေမျိုးမှာ ရယ်ပွဲကျနိုင်ကြတာ ဖြစ်သည်။
ကွင်းအပြင်ဘက်မှလူတွေက ဖုန့်ရှီစကားကို ရယ်စရာလို့ မြင်မိကြပေမဲ့ အခုလောလောဆယ် ဘယ်သူကမှ မရယ်နိုင်ကြပေ၊ အကြောင်းမှာ ကောင်လေး ထိန်းထားနိုင်တာက အမွှေးမဲ့ကြက်ကြောင့်သာလို့ သူတို့ခံစားမိကြလို့ဖြစ်သည်။
ဖုန့်ရှီက သူ့ကိုယ်စွမ်းကိုယ်စ စွမ်းအားအစား အမွှေးမဲ့ကြက်ကြောင့် ပွဲကို နိုင်တာလို့ အဲ့လူတွေ တွေးကြသော်လည်း ဖုန့်ရှီကတော့ အဲ့တာကို လုံးဝမခံစားမိဘဲ ကျေကျေနပ်နပ်ကြီးကို ရယ်နေလိုက်သေး၏။ အားစိုက်ထုတ်မှု အနည်းငယ်တောင် မလိုဘဲ သူ့ပြိုင်ဘက်ကို သူ နိုင်နိုင်ရင် ကောင်းမယ်လို့ သူ ဆန္ဒပြုမိပြီး အခြားသူတွေ ဘာတွေးနေကြလဲ လုံးဝကို ဂရုစိုက်မနေ!
ဘယ်လိုပဲဖြစ်ဖြစ် သူတတ်နိုင်တာအကုန်ကို အသုံးချဖို့ဆိုတာက သူ့ခံယူချက်ပဲမို့ ဒါဟာ ပထမဆုံး ပြိုင်ပွဲဆိုတာကို ထည့်တောင် ပြောစရာ လိုမနေ။ ဖုန့်ရှီက သူသာ သူ့အစစ်အမှန်စွမ်းအားကို အခု ထုတ်ပြလိုက်မယ်ဆိုရင် အခြားပြိုင်ဘက်တွေက သူ့ကို သတိအနေအထားဖြစ်သွားကြလိမ့်မယ်လို့ သူ ယူဆလိုက်သည်။ နတ်ဘုရားနှစ်ပါးကလည်း သူနဲ့ခံစားချက်ချင်း တူညီကြတဲ့အတွက် သူတို့က အမွှေးမဲ့ကြက် တိုက်နေတာကို မတားကြပေ။
ဖုန့်ရှီရဲ့ အလှောင်ကို လုံးလုံးလျားလျား ခံလိုက်ရတဲ့ မင်းဟေးယွီက မျက်နှာကြီး မဲပုပ်သွားကာ စက်ဆုပ်ဖွယ်စကားတို့ကို ရေရွတ်လိုက်တော့်သည်၊ "ကောင်လေး၊ မင်းရဲ့ ကျောထောက်နောက်ခံက ဘယ်သူဆိုတာ ငါ ဂရုမစိုက်ဘူး၊ ဒါပေမဲ့ မင်း ဒီနေ့တော့ သေပြီသာမှတ်၊ မင်း သေပါရစေဆိုပြီး တောင်းပန်လာအောင်ကို ငါ လုပ်ပြမယ်!"
အဲ့လိုပြောပြီးနောက် သူ့တကိုယ်လုံးကနေ ဩဇာလွှမ်းမိုးနေတဲ့လေထုကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။ တချိန်တည်းမှာပဲ သူ့စိတ်ဝိညာဉ်စွမ်းအင်တွေကို လှံပေါ် ဆက်တိုက် ပို့လွှတ်နေတဲ့အတွက် သူ့လက်ထဲက ရှည်လျားတဲ့ လှံနက်က ပြင်းပြင်းထန်ထန်ကို လှုပ်ယမ်းလာပြန်၏။ လှံပတ်လည်က အနက်ရောင်အခိုးအငွေ့တို့က တလိမ့်လိမ့်ဖြင့် လှံခေါင်းဆီ စုစည်းသွားသည်။
အနက်ရောင် အခိုးအငွေ့တို့က တိမ်လို ဆက်တိုက စုစည်းနေပြီး တိမ်မည်းအစစ်ထက်ကို ပိုပြင်းထန်သည့် ဖိအားအသိတို့ ပေးစွမ်းနေပြီးနောက် အနက်ရောင် အခိုးအငွေ့ အလုံးအခဲတို့က တဖြည်းဖြည်း ဖြည်တည်လာပြီး ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါကို ထုတ်လွှတ်နေ၏။
လူအများစုက သူတို့အသည်းနှလုံးတွေ တုန်ရီသွားတာကို ခံစားမိလိုက်ကြပီး အချို့ကတော့ မင်းဟေးယွီ၏ လှုပ်ရှားမှုကို သတိပြုမိသွားဟန်ရှိကာ ရုတ်တရက် အလန့်တကြား အော်ဟစ်လိုက်သည်။
"အိုး၊ ဘုရားရေ။ မင်းဟေးယွီက သူ့ရဲ့ ပြိုင်ဘက်အကင်းဆုံးစကေးဖြစ်တဲ့ အနက်ရောင်ပေါက်ကွဲမှုကြီးကို ထုတ်သုံးတော့မှာလား?"
အနက်ရောင် ပေါက်ကွဲမှုကြီးက တစ်စုံတစ်ယောက်ကို အရင်ဆုံး ချုပ်နှောင်လိုက်ပြီးနောက် ဖောက်ခွဲလိုက်ခြင်းပင်။ သူတို့ရဲ့ အသက်ကို ကယ်မယ့် ပြိုင်ဘက်ကင်းစကေးတစ်ခု မရှိတဲ့ လူသာမာန်တို့ကတော့ ချုပ်နှောင်ခံလိုက်ရပြီဆိုတာနဲ့ သေရင်သေ၊ ဒါမှမဟုတ်ရင် ဆိုးဆိုးဝါးဝါးကို ဒဏ်ရာရသွားမှာဖြစ်သည်။ အလှည့်အပြောင်းပွဲစဉ်တုန်းက မင်းဟေးယွီက အဲ့ပညာကို တစ်ကြိမ်ထုတ်သုံးခဲ့ဖူးပြီးဖြစ်တဲ့အတွက် လူတော်တော်များများက အနက်ရောက်ပေါက်ကွဲမှုကြီး ဘယ်လောက် အစွမ်းထက်တယ်ဆိုတာကို မျက်မြင်သိရှိကြပြီး ဖြစ်သည်။
အနက်ရောင်အခိုးအငွေ့အလုံးအခဲထဲမှာ မိုးခြိမ်းသံတို့ ဆက်တိုက် ကွဲအက်ထွက်ပေါ်နေကာ လျပ်စီးတို့က တဖြတ်ဖြတ် လက်နေကြသည်။ ပွတ်တိုက်မှုတို့ကြောင့် ဖြတ်ပေါ်နေသော မီးပွါးတို့က တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အနက်ရောင် အခိုးအငွေ့ အလုံးအခဲတို့က လူ့လက်သီးထက် ကြီးသည့် အခိုးအငွေ့ဘောလုံးထဲသို့ စုစည်းသွားပြီးနောက် မင်းဟေးယွီက ရုတ်တရက် ခုန်လိုက်ပြီး သူ့လက်ထဲမှ လှံဖြင့် ဖုန့်ရှီကို ချိန်ရွယ်လိုက်၏။
ဒီအကြိမ်တော့ မင်းဟေးယွီက အရှိန်ပိုတင်လိုက်တဲ့အတွက် အမွှေးမဲ့ကြက်က သူ့အာရုံအလုံးစုံကို မင်းဟေးယွီအပေါ် ပုံအပ်ထားပေမဲ့လည်း မင်းဟေးယွီက အရင်ကထက် သုံးဆ၊ လေးဆ ပိုမြန်နေသည့်အတွက် မတားလိုက်နိုင်ချေ။ အမွှေးမဲ့ကြက် နောက်ဆုံးတော့ တဖက်လူတိုက်ခိုက်မှုကို သဘောပေါက်သွားတဲ့အချိန်မှာ မင်းဟေးယွီက သားရဲဆီ ရောက်သွားပြီဖြစ်ပြီး အမွှေးမဲ့ကြက် ချထားတဲ့ အတားအဆီးကို လျပ်တပြတ်အတွင်း ချိုးဖျက်သွားပြီး ဖြစ်သည်။ ထို့နောက် မင်းဟေးယွီက သားရဲသခင်ထံ ချက်ချင်း ပြေးသွားလိုက်တော့သည်။
ဖုန့်ရှီတစ်ယောက် သူ့မျက်တောင်လေး ခတ်မိရုံရှိသေး မင်းဟေးယွီက သူ့အနား သုံးမီတာအကွာနေရာမှာ ပေါ်လာပြီဖြစ်သည်။ မင်းဟေးယွီက သူ့လက်ထဲကလှံနက်နဲ့ လေထဲ ထူးဆန်းတဲ့အဝိုက်တစ်ခု ရေးဆွဲလိုက်ပြီးနောက် လှံခေါင်းကနေ အနက်ရောင်အခိုးအငွေ့လုံးက ရုတ်ချည်းထွက်သွားပြီး ချုပ်နှောင်ခံထားရသည့် ဖုန့်ရှီထံကို လွင့်ပျံသွားတော့သည်။ တချိန်တည်းမှာပဲ မင်းဟေးယွီက သွေးထွက်သံယို ဟစ်အော်ချက်တစ်ခု ပြုလိုက်သည်၊
"အနက်ရောင် ပေါက်ကွဲမှုကြီး!"
ကြီးမားသော အနက်ရောင်အခိုးအငွေ့တိမ်တစ်ခုက လှံထဲမှ ပျံ့နှံ့သွားပြီးနောက် ချက်ချင်း ဖုန့်ရှီကို ဝန်းရံလိုက်ကာ ထွက်ပြေးလို့မရအောင် တားဆီးလိုက်တော့သည်။ ပွဲကြည့်ပရိတ်သတ်တို့က အနက်ရောင်အခိုးအငွေ့တို့ကိုသာ တွေ့နိုင်ကြပြီး အတွင်းကအခြေအနေကိုတော့ မတွေ့နိုင်ကြချေ။ ဒါပေမဲ့ အခြေအနေက နှစ်စက္ကန့်လောက်သာ ကြာလိုက်သည်။ အနက်ရောင်အခိုးအငွေ့တပုံကြီးနဲ့ ဖုံးအုပ်ခြင်းခံလိုက်ရသည့် ကွင်းပေါ်တွင် မိုးခြုံးသံက ကောင်လေးရပ်နေသည့် နေရာတည့်တည့်တွင် မြည်ဟီး ပေါက်ကွဲသွားကာ ကြမ်းပြင်တောင် ပေါက်ကွဲလွင့်စင်ကုန်သည်။ ကျိုးပဲ့သွားတဲ့ ကျောက်တုံးတွေကို အနက်ရောင်အခိုးအငွေ့တို့က ကွင်းအပြင်ဘက် ပစ်လွှတ်လိုက်ပြီးတဲ့နောက်မှာတော့ ပရိတ်သတ်တွေအားလုံး အလျင်အမြန်ကို ထွက်ပြေးသွားကြတော့သည်။ တချိန်တည်းမှာပဲ ပေါက်ကွဲသံက ဆယ့်ငါးစက္ကန့်လောက်သာ ကြာပြီးနောက် နောက်ဆုံး ရပ်သွားတော့သည်။
အနက်ရောင်အခိုးအငွေ့တို့ ပျောက်ကွယ်သွားပြီးနောက် ဖုန့်မှုန့်တို့ တလိမ့်လိမ့် အဆက်မပြတ် တက်လာသည်။ အဲ့နောက်မှာတော့ လူအားလုံးက သူတို့အကြည့်တွေကို ကောင်လေးရပ်ခဲ့သည့်နေရာဆီ အကြည့်ပို့လိုက်ကြ၏။
ရွှေရောင်အလင်းတန်းတို့က ရုတ်တရက် အဲ့နေရာကနေ ပစ်လွှတ်လိုက်ပြီး ဖုန်မှုန့်တို့ကို အဝေးပို့လိုက်သည်။ ကောင်လေးက ရွှေရောင်အလွှာပါးအတွင်း ရစ်ပတ်ခံလိုက်ရတဲ့အခါမှာ မျက်စိကျိန်းသွားဟန် ပေါ်နေပေမဲ့ သူ့ကိုယ်နေဟန်ထားကတော့ တိုက်ခိုက်တော့မဲ့အလား အတော်ကို မူမမှန်ဖြစ်နေသည်။ ရုတ်တရက် သူက ထိတ်လန့်သွားဟန်ပေါ်နေတဲ့ မင်းဟေးယွီရှေ့ ပေါ်လာပြီး တဖက်လူရဲ့ ရင်ဘတ်ကို ထိုးလိုက်တော့သည်။ ဖုန့်ရှီမျက်လုံးထဲ ရွှေရောင်မီးတောက် ဝင်းလက်သွားပြီး သူက အတော်လေးအေးစက်တဲ့အသံနဲ့ အော်လိုက်သည်၊ "ဒုတိယအကွက်၊ လေထုပေါက်ကွဲမှု!"
20211121; 2159
အစကတည်းကနေ ခုထိ Facebook ပေါ်မှာ အချိန်ပေးပြီး သေချာ ညွှန်းပေးကြတဲ့အတွက်ရော၊ ချစ်စရာ ခံစားချက်စုံ ကွန်မန့်တွေ၊ အသည်းတွေ၊ အချစ်တွေ၊ ကြယ်တွေ ပေးကြတဲ့အတွက်ရော၊ စောင့်မျှော် ဖတ်ရှုပေးကြတဲ့အတွက်ပါ တကယ်ကို ကျေးဇူးတင်ကြောင်း အလေးအနက် ဖော်ပြပါရစေရှင်။
—————————— Zawgyi —————————
အပိုင္း ၈၇။ အနက္ေရာင္ ေပါက္ကြဲမွုႀကီး
မင္းေဟးယြီမ်က္ႏွာေပၚတြင္ ေလးနက္သည့္အမူအယာႏွင့္အတူ တကိုယ္လုံး ျပင္းထန္တဲ့ စိတ္ဝိညာဥ္စြမ္းအားတို႔ကို ထုတ္လႊတ္ေနသည္။ သူ႔ဟိတ္ဟိန္အမူအယာက ကြင္းတစ္ခုလုံး လႊမ္းျခဳံထားၿပီး လူတိုင္းကို ေၾကာက္ရြံမွု ေပးစြမ္းေနကာ ကြင္းအနီးအနားမွာ ရပ္ေနၾကေသာ လူအခ်ိဳ႕တို႔မွာ တစ္စကၠန္႔ေလာက္ အသက္ရွုရပ္သြားၾကရေတာ့သည္။
ပြဲၾကည့္ပရိတ္သတ္ေတြအားလုံး မ်က္ႏွာအမူအယာ ေျပာင္းသြားၾကကာ အမ်ားစုမွာ မင္းေဟးယြီကို မ်က္ေတာင္မခတ္ စိုက္ၾကည့္ေနၿပီး တအံ့တဩအမူအယာ ေပၚေနၾကသည္။ သူ႔က်င့္ႀကံမွုအေျခခံက သိသိသာသာႀကီးကို အရမ္းအားေကာင္းတဲ့အတြက္ သူက ပထမေနရာ ရနိုင္ေခ် ရွိတဲ့ ေျဖဆိုသူတစ္ေယာက္ဆိုတာ သံသယဝင္စရာ မရွိေပ။ သူ ထုတ္လႊတ္ေနတဲ့ ဩဇာအရွိန္အဝါကို အကဲျဖတ္ၾကည့္႐ုံနဲ႔ သူက နတ္ဘုရားဘုရင္နယ္ပယ္ အဆင့္ေလးေရာက္ေနသူ တစ္ဦး ျဖစ္ရမည္။
အဲ့ေနရာမွာရွိေသာ လူေတြက အခ်င္းခ်င္း တီးတိုး ေျပာေနၾကၿပီး အမ်ားစုက မင္းေဟးယြီ၏ စြမ္းအားအေပၚ ယုံၾကည္မွုအျပည့္ ရွိေနၾကသည္။ တခ်ိန္တည္းမွာပဲ မင္းေဟးယြီထက္ က်င့္ႀကံဆင့္ သုံးဆင့္ေလာက္ နိမ့္ေနတဲ့ ဖုန္႔ရွီမွာ အနိုင္ရဖို႔ အခြင့္အေရး လုံးဝမရွိဟု သူတို႔ ေတြးလိုက္ၾကသည္။
ဒါေပမဲ့ လူအမ်ားစုကေတာ့ ေကာင္ေလးရဲ့ အစစ္အမွန္ခြန္အားကို ၾကည့္ရဖို႔ ေမၽွာ္လင့္ေနၾကၿပီး ဖုန္႔ရွီအေပၚ အခ်ိန္ျပည့္ အာ႐ုံစိုက္ေနၾကေတာ့သည္။
မင္းေဟးယြီက သူ႔သားေကာင္ကို ယူသြားသည့္အတြက္ ယန္းမင္းယြမ္ အနည္းငယ္ မခံမရပ္နိုင္ ျဖစ္သြားေသာ္လည္း ဖုန္႔ရွီကို တျခားတစ္ေယာက္ အနိုင္ယူလိုက္မွာကိုေတာ့ ယန္းမင္းယြမ္ စိတ္ထဲမထားေပ။ ရလဒ္က သူ႔အမုန္းေတြကို ေျဖေဖ်ာက္ေပးနိုင္မွာ ျဖစ္သည္ေၾကာင့္ မင္းေဟးယြီ ဖုန္႔ရွီကို ဖ်က္ဆီးပစ္မည့္အေရးကို သူျမင္ေတြ႕ရဖို႔အတြက္ အေတာ့ကို ေပ်ာ္ရႊင္ေနေတာ့သည္။
ၿပိဳင္ဖက္ႏွစ္ဦးလုံး ရပ္ေနၾကၿပီးေနာက္ နန္းကုန္းလီက ပတ္ပတ္လည္ကို တခ်က္ ၾကည့္လိုက္ၿပီး တျခား ဘာမွ မွာမေနေတာ့ဘဲ ဒဲ့ပဲ ေျပာလိုက္သည္၊ "ပထမအခ်ီ၊ မင္းေဟးယြီ နဲ႔ ဖုန္႔ရွီ၊ အခု စနိုင္ၿပီ!"
သူ႔အသံ ေပ်ာက္မသြားခင္မွာဘဲ ပရိတ္သတ္တို႔ရဲ့ အၾကည့္တို႔က ပိုၿပီး စိတ္အားထက္သန္လာသည္။ ၿပိဳင္ပြဲဝင္ႏွစ္ဦး ခြန္အားကြာျခားခ်က္ အေတာ္ကို ႀကီးမားေပမဲ့ ဒီပြဲစဥ္က ၾကည့္ရတာ ထိုက္တန္သည့္ပြဲစဥ္တစ္ခုလို႔ သူတို႔ ခံစားမိေနဆဲပင္။
အစပိုင္းမွာ ျပင္းထန္တဲ့ အရွိန္အဝါကို ထုတ္လႊတ္ခဲ့တဲ့ မင္းေဟးယြီနဲ႔ မတူျခားနားစြာ ဖုန္႔ရွီက သူ႔ခြန္အားကို လုံးဝ မျပခဲ့ေပ။ ထို႔ေနာက္ ေကာင္ေလးက လူအမ်ားေရွ႕မွာ သူ႔လက္ေခ်ာင္းေတြနဲ႔ လက္ေဖ်ာက္တီးလိုက္ကာ မင္းေဟးယြီကို ႐ုတ္တရက္ လက္ညႇိုးထိုးလိုက္ၿပီး ၾကည္လင္တဲ့အသံျဖင့္ ေျပာလိုက္သည္၊
"အေမႊးမဲ့ၾကက္၊ သြား!"
သူ အဲ့လိုေျပာၿပီးေနာက္ ဝန္းက်င္တစ္ခုလုံး ခ်က္ခ်င္းပင္ တိတ္ဆိတ္သြားေတာ့၏။
မင္းေဟးယြီ သူ႔မ်က္ႏွာေပၚမွာ သိသိသာသာ အံ့ဩသြားဟန္ ေပၚသြားၿပီး အဲ့အခ်ိန္မွာပဲ တဟုန္ထိုး ပူျပင္းလာတဲ့ လွိုင္းလုံးႀကီးက ကြင္းတစ္ဝက္ေက်ာ္ကို လႊမ္းျခဳံထားကာ လႊမ္းမိုးေနတဲ့အရွိန္အဝါတစ္ခု ႐ုတ္တရက္ သူ႔အေပၚ က်ေရာက္သြားသည္။ ကြင္းအျပင္ဘက္သို႔ ျပန္႔က်ဲသြားတဲ့ မီးေတာက္ေတြေၾကာင့္ လူအနည္းငယ္က ေၾကာက္လန္႔တၾကား ေျခလွမ္းအနည္းငယ္ ဆုတ္လိုက္ၾကသည္။
တိုက္ခိုက္မွုကို ေရွာင္ဖို႔ မင္းေဟးယြီ အခြင့္အေရး မရလိုက္ေသာ္လည္း သူက ငရဲသားမိသားစုထဲက စြမ္းအားႀကီးတဲ့ က်င့္ႀကံသူတစ္ဦးျဖစ္သည့္အတြက္ သူ႔ကိုယ္သူေတာ့ ကာကြယ္လိုက္နိုင္ကာ အခ်ိန္အနည္းငယ္အတြင္းမွာပဲ ဝံပုေလြေခါင္းသ႑ာန္ ထြင္းထုထားသည့္ အနက္ေရာင္ဒိုင္းတစ္ခုကို ဆင့္ေခၚလိုက္သည္။ သူ အဲ့ဒီ့ဒိုင္းသို႔ စိတ္ဝိညာဥ္စြမ္းအားေတြ အဆက္မျပတ္ ျဖည့္သြင္းေနၿပီးေနာက္ ဝံပုေလြက ႐ုတ္တရက္ သက္ရွိတစ္ေကာင္အလား ေလးဆ ငါးဆ ႀကီးထြားလာေတာ့သည္။
ေလပူလွိုင္းက ဒိုင္းကို တိုက္ခိုက္လိုက္ၿပီး ျပင္းထန္သည့္ ေလပူမ်ား တိုက္ခတ္ ေမႊသြားကာ လူတိုင္းကို မ်က္ႏွာအပူဟပ္သြားေတာ့သည္။ မင္းေဟးယြီကိုယ္က ဒိုင္းနဲ႔ ေကာင္းေကာင္းကာထားတာေၾကာင့္ ေနာက္ဆုံး ေလပူလွိုင္းက ႏွစ္ပိုင္းကြဲသြားၿပီး ဆန္႔က်င္ဘက္သို႔ ပ်ံ႕ႏွံ့သြားကာ အခ်ိန္အတန္ၾကာၿပီးေနာက္ ေပ်ာက္ကြယ္သြားေတာ့သည္။
တခ်ိန္တည္းမွာပဲ ဒိုင္းက အနက္ေရာင္အလင္းတန္းတစ္ခုအျဖစ္ ေျပာင္းသြားကာ ေပ်ာက္ကြယ္သြားၿပီးေနာက္ ေနာက္ဆုံး မင္းေဟးယြီ ေပၚထြက္လာေသာ္လည္း သူ႔မ်က္ႏွာအမူအယာကေတာ့ အေတာ့ကို စူပုပ္ပုပ္ျဖစ္ေနကာ သူ႔မ်က္လုံးထဲ လူသတ္လိုရိပ္ အေငြ႕အသက္တို႔က ဝိုးတဝါး သတိျပဳမိနိုင္ေလာက္ေအာင္ပင္။
သူ တိုက္ခိုက္မွုကို ေတာင့္ခံနိုင္လိုက္ေသာ္လည္း အခု သူ႔အတြက္ ဆိုးက်ိဳး ပိုျဖစ္သြားသည္က ရွင္းေနသည့္အတြက္ သူ႔မ်က္ႏွာ အရိုက္ခံလိုက္ရသလိုျဖစ္သြားရေတာ့သည္။ မာနေထာင္လႊားေသာသူအေနျဖင့္ မင္းေဟးယြီ လက္မခံနိုင္ျဖစ္သြားရကာ ခ်က္ခ်င္း သတ္ခ်င္ျဖတ္ခ်င္သည့္ အေငြ႕အသက္တို႔ ျပသလိုက္ၿပီး သူ႔မ်က္ႏွာ ျပန္အဖတ္ဆယ္ဖို႔ တစ္ခုတည္းေသာနည္းက ဒီေန႔ပဲ ဖုန္႔ရွီကို သတ္လိုက္ဖို႔ဆိုၿပီး သူေတြးလိုက္ေတာ့သည္!
အဲ့ေနာက္မွာေတာ့ မင္းေဟးယြီက သူ႔လက္ညႇိုးတစ္ေခ်ာင္း ေကာင္းကင္ကို ညႊန္လိုက္ၿပီး ေနာက္တစ္စကၠန္႔အၾကာမွာေတာ့ စိတ္ဝိညာဥ္စြမ္းအင္တို႔ ေလထုထဲ မတည္မၿငိမ္ျဖစ္လာကာ သူ႔လက္ထဲ လွံတံတစ္ေခ်ာင္း ေရာက္လာေတာ့သည္။ လတ္တေလာမွာ ပိန္းပိတ္ေအာင္ နက္ေမွာင္ေနတဲ့ လွံတံက အနက္ေရာင္ အခိုးအေငြ႕တို႔ ထုတ္လႊတ္ေနၿပီး လူတိုင္းကို ရင္သပ္ရွုေမာဖြယ္ရာ ေပးစြမ္းလိုက္ေတာ့သည္။ တခ်ိန္တည္းမွာပဲ ကြင္းအျပင္ဘက္မွ ပရိတ္သတ္တို႔က စတင္ၿပီး တီးတိုးတီးတိုး လုပ္လာၾကေတာ့၏။
အဲ့တာ မင္းေဟးယြီရဲ့ နာမည္ႀကီးလက္နက္၊ သတ္ျဖတ္ေသြးလွံပဲ! ငါေတာ့ အရမ္းကို အထင္ႀကီးသြားၿပီ၊ ဒါ သာလြန္ ထူးကဲတဲ့ လက္နက္တစ္လက္ဆိုတာ သံသယဝင္စရာမရွိဘူး! ေကာင္ေလးေတာ့ ခံရေတာ့မယ္ေဟ့!"
ေလာေလာဆယ္ သူ႔ထိုင္ခုံမွာသူ ၿငိမ္သက္စြာ ထိုင္ေနတဲ့ Carendra က လွံကို အထင္ေသးဟန္ျဖင့္ တစ္ခ်က္ၾကည့္လိုက္သည္။ သို႔ေသာ္ လူတိုင္းက ကြင္းထဲမွလူႏွစ္ဦးကိုသာ အာ႐ုံစိုက္ေနတဲ့အတြက္ သူတို႔ အဲ့တာကို သတိမျပဳမိလိုက္ၾကေခ်။
"သြားေသလိုက္"
မင္းေဟးယြီ၏ မ်က္ႏွာေပၚတြင္ ရက္စက္ေသာအမူအယာႏွင့္အတူ ႏွာမွုတ္လိုက္ၿပီး သူ႔လက္ထဲမွ လွံတံက တကိုယ္လုံးအမည္းရိပ္တို႔ ထုတ္လႊတ္ေနေသာ အဆိပ္ျပင္းေႁမြတစ္ေကာင္ႏွယ္ ႐ုတ္ခ်ည္းပင္ ဖုန္႔ရွီထံသို႔ ပ်ံသန္းသြားေတာ့သည္။ လွံေခါင္းက ဖုန္႔ရွီ၏ ႏွလုံးကို ညႇာတာမွုကင္းမဲ့စြာ ဦးတည္ေနၿပီး ဖုန္႔ရွီကိုယ္ေပၚ ထုတ္ခ်င္းေပါက္ လုပ္ခ်င္ေနသည့္ မင္းေဟးယြီ၏ ရည္ရြယ္ခ်က္ကို ရွင္းရွင္းလင္းလင္း ျပသေနသည္။
ဒါေပမဲ့ အဲ့လိုက ျဖစ္ဖို႔ အေတာ္ခက္သည္၊ အေၾကင္းမွာကား အေမႊးမဲ့ၾကက္က ေအာ္လိုက္ၿပီး ဖုန္႔ရွီအေရွ႕ ႐ုတ္တရက္ ကာရပ္လိုက္သည့္အတြက္ပင္။ အဲ့ဒီ့ေနာက္မွာေတာ့ သူ႔ပါးစပ္တြင္းက အပူလွိုင္းထက္ ပိုဆိုးဝါးသည့္ အပူစြမ္းအားကို ထုတ္လႊတ္ေနေသာ အလင္းလုံးတစ္လုံး ေပၚလာသည္။ ေနာက္ဆုံးေတာ့ သူ႔ပါးစပ္ထဲ စြမ္းအင္အားလုံး စုစည္းသြားၿပီးေနာက္ အေမႊးမဲ့ၾကက္က လွံတံ ေရာက္ခါနီးမွာပဲ ေဘာလုံးကို ေထြးထုတ္လိုက္ေတာ့သည္...
ျပင္းထန္တဲ့ စြမ္းအားႏွစ္ခု အခ်င္းခ်င္း တိုက္မိသြားၾကကာ အားႀကီးေသာသက္ေရာက္မွု အင္အားတစ္ခုကို ျဖစ္ေပၚသြားေစသည္။ ေလစီးေၾကာင္းႏွစ္ခုက မတူညီတဲ့ အရပ္မ်က္ႏွာဆီ လ်င္ျမန္တဲ့ အရွိန္နဲ႔ ပ်ံ႕ႏွံ့သြားတဲ့အခါ ေလထုထဲက စိတ္ဝိညာဥ္စြမ္းအင္တို႔က အင္အားႏွစ္ခု ဆုံေတြ႕မိသည့္ေနရာကေန ပ်ံ႕သြားကာ ေလထုကိုပင္ ကြဲထြက္သြားေစေလာက္သည့္ ျပင္းထန္ေသာ ေလျပင္းမုန္တိုင္းတစ္ခု ထြက္ေပၚလာသည္။ ေလထုအတြင္း ပြတ္တိုက္မွုတို႔ေၾကာင့္ စူးစူးရဲရဲေအာ္သံက လူတိုင္း၏ နားစည္ကို နာက်င္သြားရေစသည္။
"ဘန္း!"
အင္အားႏွစ္ခုက ညီတူညီမၽွ ကိုက္ညီေနၿပီး ေနာက္ဆုံး မင္းေဟးယြီကို တည့္တည့္ ဦးတည္သည့္ အားျပင္းေသာ ေပါက္ကြဲမွုႀကီးတစ္ခု ျဖစ္သြားေတာ့သည္။
ဒါ မင္းေဟးယြီ သူေတာ္စင္နယ္ပယ္ မိစၧာသားရဲတစ္ေကာင္နဲ႔ တိုက္ဖူးတဲ့ ပထမဆုံးအႀကိမ္ျဖစ္သည့္အတြက္ သူက အေမႊးမဲ့ၾကက္၏ စြမ္းအားကို ေလ်ာ့တြက္မိခဲ့ျခင္းပင္။ ရွည္လ်ားေသာလွံတံက ႐ုတ္တရက္ သူ႔လက္ထဲ တုန္ခါလာကာ ဆုပ္ကိုင္ထားတာကိုေတာင္ လြတ္က်လုမတတ္ ျဖစ္သြားရေတာ့သည္။ အဲ့ေနာက္မွာေတာ့ သူ အေနာက္ဘက္သို႔ ေျခလွမ္းအနည္းငယ္ ယိမ္းယိုင္သြားရကာ ရပ္သြားၿပီး ေသြးဆုတ္ျဖဴေလ်ာ္ေနေသာ မ်က္ႏွာေျပာင္းသြားေသာ္လည္း သူ႔မ်က္လုံးထဲတြင္ေတာ့ သတ္ျဖတ္ခ်င္စိတ္ အေငြ႕အသက္တို႔က ရွိေနဆဲပင္။
ပရိတ္သတ္တို႔က မယုံနိုင္ျခင္းမ်ားစြာနဲ႔ အာေမဍိတ္ မျပဳဘဲ မေနနိုင္ၾကေတာ့ေခ်။
သူတို႔တိုက္သည့္ ပြဲစဥ္ ႏွစ္ခ်ီလုံးမွာ
You are reading the story above: TeenFic.Net