86. One Can't Avoid His Enemy

Background color
Font
Font size
Line height

Please scroll down for Zawgyi.

အပိုင်း ၈၆။ ရန်သူကို ရှောင်နိုင်

ဖုန့်ရှီ အသံလာရာဆီ ကြည့်လိုက်တော့ လူအုပ်ကြီး အလိုလို ရှဲသွားပြီး ဝတ်ကောင်းစားလှ ဝတ်ထားတဲ့ လူငယ်တစ်ဦးက အခြံအရံများစွာ ခြံရံကာ လျောက်လာသည်။

ထိုသူမှာ မနေ့က ဖုန့်ရှီကို 'စောင့်ကြည့်နေ' လို့ ပြောပြီး ခြိမ်းခြောက်သွားခဲ့သည့် ယန်းမင်းယွမ်ပင် ဖြစ်သည်။ ချောမောလှတဲ့ သူ့မျက်နှာထက် ကျေနပ်နေသော အမူအယာနှင့် ဖုန့်ရှီက သူ့ဖိနပ်အောက်က ပုရွတ်ဆိတ်တစ်ကောင်အလား မောက်မောက်မာမာဖြင့် ဖုန့်ရှီကို အထင်တသေးကြည့်လိုက်ကာ ကောင်လေးဆီ တဖြည်းဖြည်းချင်း လျောက်သွားလိုက်သည်။

ဖုန့်ရှီကို မျက်ကြောရှုံ့လိုက်ပြီး စိတ်ရှုပ်ထွေးသွားသည့်အမူအယာဖြစ်သွားပြီးနောက် ယန်းမင်းယွမ်ကို ကြည့်ကာ တအံ့တဩ မေးလိုက်သည်၊ "မင်းကဘယ်သူလဲ?"

ယန်းမင်းယွမ်မျက်နှာပေါ်မှ အပြုံးတို့ ရုတ်ချည်းပင် အေးခဲသွားပြီးနောက် ဖုန့်ရှီကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ကာ ပြောလိုက်သည်၊ "စောက်ကလေး၊ ငါ့ လာ မလှည့်စားနဲ့။ မင်း ငါ့ကို ဘယ်လိုလုပ် မေ့နိုင်ရတာလဲ? ငါတို့ မနေ့ကလေးတင် တွေ့ခဲ့ကြသေးတယ်လေ! မင်းကို ဘယ်သူမှ​ယုံမှာမဟုတ်ဘူး။ မင်း ရှုံးမှာ သေချာနေတယ်ဆိုတာကို မင်းလက်မခံနိုင်တာ နားလည်ပါတယ်၊ ငါ မင်းကို ကူညီပေးလို့ရတယ်။"

ယန်းမင်းယွမ်ရဲ့ ရန်လိုတဲ့စကားတွေကို ကြားတော့ ဖုန့်ရှီ ခေါင်းကို အဆက်မပြတ် ခါလိုက်ပြီး ယန်းမင်းယွမ်ကို လက်ညှိုးထိုးကာ အလေးအနက် ပြောလိုက်သည်၊ "မင်းပဲ! မင်းက ပထမနဲ့ ဒုတိယနေရာ မရနိုင်လို့ တတိယနေရာပဲ လိုချင်နေတဲ့တစ်ယောက်ပဲ။ ယန်ဘာယွမ်ဆိုလား? မင်းကို မမှတ်မိလိုက်မိဘူး၊ ဆောရီး!"

ယန်းမင်းယွမ်၏ မည်းမှောင်သွားသော မျက်နှာကြို မြင်တော့ ဆူညံနေသော လူအုပ်ကြီး ရုတ်ချည်း ငြိမ်ကျသွာသည်။

အဲ့အချိန်မှာပဲ ဖုန့်ရှီရဲ့ အပေါင်းအဖော်တွေက အူတက်မတက် ဝမ်းပန်းတသာ ရယ်လိုက်ကြသည်။ ရယ်သံက ယန်းမင်းယွမ်ကို ပိုလို့တောင် ဒေါသထွက်လာစေပြီး သူ့မျက်လုံးအမူအယာတို့က ပိုလို့တောင် ဆူပုပ်လာ၏။

"ဒီအချိန်တော့ လွှတ်ပေးလိုက်မယ်။ ငါ မင်းကို ကွင်းထဲမှာ လူအများရှေ့ အနိုင်ယူတဲ့အခါ ဒီ လောင်းကစားကြွေးအများကြီးအတွက် မင်းဘယ်လို ပြန်ပေးဆပ်မလဲ ကြည့်တာပေါ့! သနားစရာငမွဲကောင်!'

ယန်းမင်းယွမ် စကားကြမ်းကြမ်းတွေ ရေရွတ်လိုက်သည်။ ဖုန့်ရှီ၏ လောင်းကြေးငွေက သလင်းနီ အပိုင်းအစ အနည်းငယ်ပဲဆိုသည်ကို သူ သတိပြုမိမှန်း သိသာသည်။ ကောင်လေးတွင် ဘာခရမ်းရောင် သလင်းမှ မရှိသည့်အတွက် ကောင်လေးက အရင်က ကြွားဝါနေတာသာဖြစ်ပြီး တကယ်တော့ သနားကမား ဆင်းရဲသားလေးပဲဟု ယန်းမင်းယွမ် ယူဆလိုက်သည်။

"ယန်ဘာယွမ်! လေလုံးထားမနေနဲ့။ မင်း ချေးစားနိုင်မယ်ဆိုရင် ငါ ကွင်းထဲမှာ မင်းအပေါ် နည်းနည်း သက်ညှာပေးမယ်။" ဖုန့်ရှီ သူ့လက်ကို ယန်းမင်းယွမ်ဆီ ဝှေ့ယမ်းပြလိုက်ကာ အရမ်း ရက်ရောနေဟန် ဆောင်လိုက်သည်။

"ဟား ဟား ဟာ ဟား!" ဖုန့်ရှီ၏ အပေါင်းအဖော်တို့က ယန်းမင်းယွမ်၏ အရှက်ရသွားသော အမူအယာကို မြင်သွားတော့ မနေနိုင်တော့ဘဲ ထရယ်လိုက်ကြတော့သည်။ ယန်းမင်းယွမ်ကသာ သူတို့မျက်နှာတွေကို မြင်နိုင်မယ်ဆိုလျင် သူ့မျက်နှာပေါ်က အမူအယာက ပိုလို့တောင် ဆူပုပ်သိုးလာမှ အမှန်ပင်။

"မင်း..." ယန်းမင်းယွမ်က ဖုန့်ရှီကို ဖျက်ဆီးချင်ဟန်အပြည့်နဲ့ စိုက်ကြည့်လိုက်သည်။ သူ တစ်ခုခု ပြောတော့မည့်ဆဲဆဲမှာပဲ လူအုပ်အပြင်မှ အေးသက်သော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာကာ သူ့နှလုံးထဲ အသည်းထဲကနေ တုန်ရီသွားတဲ့အထိ ဖြစ်သွားရသည်။

"ရှက်ဖွယ်! ကောင်းကင်ဂိုဏ်းကလူက ဒါပဲလား!"

လူတိုင်း နောက်ကို လှည့်ကြည့်လိုက်တော့ အခုလေးတင် ပြောလိုက်သည့်လူက ထွက်သွားပြီကို တွေ့လိုက်ရသည်။ ဒါတောင်မှ လူတော်တော်များများကတော့ အနက်ရောင် အေးစက်စက် ပုံရိပ်ကို ကြည့်ပြီး စောနက ဝင်သုံးသပ်သွားသူ ဘယ်သူလဲဆိုတာကို မှန်းမိသွားကြသည်။

"ဝိုး၊ အဲ့တာ Carendra အရှင်ပဲ! သူ တကယ် စကားပြောလိုက်တယ်ဆိုတာ ငါ မသိလိုက်ဘူး။ ဒါ လုံးဝ မမှန်းဆမိတာပဲ!"

လူတိုင်းက Carendra ရဲ့ နောက်ကျောကို လေးစားတဲ့အကြည့်နဲ့ ကြည့်နေကြချိန်မှာ ယန်းမင်းယွမ်မျက်နှာက ရှုံ့တွနေပြီး သူ့မျက်လုံးတို့က မသမာဟန် အပြည့် ဖြစ်သွားသည်။ သူက Carendra စောကားလိုက်တဲ့စကားအတွက် ဖုန့်ရှီကို မဲလိုက်သည်၊ 'ဒီကောင်လေးကြောင့်သာမဟုတ်ရင် ငါ Carendra ရဲ့ လှောင်တာကို ခံရမှာမဟုတ်ဘူး!'

ဖုန့်ရှီ၏ အာရုံက Carendra ၏စကားအပေါ် အလုံးစုံ နစ်မြောသွားတာကြောင့် ယန်းမင်းယွမ်ကို လုံးဝ မကြည့်တော့ပေ။

"ဒီ Carendra ကို ကြည့်ရတာ လူကောင်းတစ်ယောက်ပဲ!" ဖုန့်ရှီက ခေါင်းညိတ်ပြီး မေးစေ့ပွတ်လိုက်တယ်။ Carendra ရဲ့ နောက်ကျောက အရမ်းကို အေးစက်ဟန်ပေါ်နေသော်လည်း ဖုန့်ရှီက Carendra ပြောတဲ့စကား ကြားပြီးနောက် သူနဲ့ အဲ့လူ အတော် အလျင်းသင့်တယ်လို့ တွေးလိုက်သည်။

နောက်ဆုံးတော့ အဲ့တာက ဖုန့်ရှီရဲ့ လက်ရှိအတွေးပင်ဖြစ်သည်။

"အရူး!' စာအုပ်နတ်ဘုရားနှင့် ကံဆိုးမှုနတ်ဘုရားတို့အသံက ဖုန့်ရှီ ဦးဏှောက်ထဲ ပဲ့တင်ထပ်သွားသည်။

ဖုန့်ရှီက အသံကြောင့် ရုတ်တရက် လန့်သွားပြီး အသိပြန်ဝင်လာတော့ သူ့ကို အရူးလို့ ခေါ်လိုက်သူက စာအုပ်နတ်ဘုရားနဲ့ ကံဆိုးမှုနတ်ဘုရားတို့ ဆိုတာကို သူ တွေ့ရှိလိုက်တဲ့နောက် ပြူးကြည့်လိုက်ကာ ကျိန်ဆဲလိုက်သည်၊ "ငါ့ကို ဘာလို့ အရူးလို့ ခေါ်တာလဲ!"

"ဘာလို့လဲဆိုတော့ သခင်က အရူးတစ်ယောက်မို့လေ။ Carendra က လူကောင်းတစ်ယောက်လို့ သခင် ထင်ရလောက်အောင် သခင်က ဘယ်လိုတောင် တုံးတာလဲ? သူ့အကြောင်း သိတဲ့လူတွေအားလုံးက Carendra က လူဆိုးမဟုတ်ဘူးဆိုရင်တောင် လူကောင်းတစ်ယောက်ပါလို့တော့ လုံးဝ မပြောနိုင်ဘူး။ ဘုံသုံးဘုံမှာ အလုံးစုံကောင်းတဲ့လူ၊ အလုံးစုံဆိုးတဲ့လူဆိုပြီး မရှိပေ။ ကိုယ်ကျိုးစီးပွါးနဲ့ ယှဉ်လာရင် သူငယ်ချင်းကနေလည်း ရန်သူဖြစ်လာနိုင်သလို၊ လူကောင်းကနေလည်း လူဆိုးပြောင်းသွားနိုင်တယ်။ အဲ့လိုအခြေအနေမျိုးက ကျင့်ကြံသူတွေကြားမှာ ပိုအဖြစ်များတယ်။ တကယ်လို့ မင်းကသာ ကောင်းကင်အဆင့် သိမ်မွေ့နက်နဲတဲ့ပညာရပ်စာအုပ်တစ်အုပ်ကို လူကောင်းဆိုတဲ့သူတွေရှေ့ ပြကြည့်ပါလား၊ အဲ့လူက သူတော်စင်တစ်ယောက်ဆိုရင်တောင်မှ သူက မင်းရန်သူဖြစ်သွားလိမ့်မယ်ဆိုတာ ငါ အာမခံတယ်။" စာအုပ်နတ်ဘုရားက သူ့ကိုယ်သူစကားများတဲ့ မိန်းမကြီးနဲ့ ပိုပိုတူလာတယ်လို့ ခံစားရပြီး သူ့သခင်က အုပ်ထိန်းမှုလိုအပ်နေတဲ့ ကလေးတစ်ယောက်နဲ့ ပိုပိိုတူလာတယ်လို့ ခံစားလာရတယ်။

"ဒါဆို အဲ့ဒီ့ Carendra က လူဆိုးတစ်ယောက်လား?" ဖုန့်ရှီက မျက်မှောင်ကြုတ်လိုက်တယ်။

စာအုပ်နတ်ဘုရား၊ ကံဆိုးမှုနတ်ဘုရားနဲ့ အမွှေးမဲ့ကြက်တို့အားလုံး "မင်းနောက်ဆုံးတော့ ဉာဏ်အလင်း ပွင့်သွားပြီ" လို့ ပြောနေသည့်အလား အလေးအနက် ခေါင်းညိတ်လိုက်ကြတယ်။

ဖုန့်ရှီက ခေါင်းကို လေးပင်စွာ ညိတ်လိုက်ရင်း ပြောလိုက်တယ်၊ "ငါ သိပြီ။ ဒါဆို မင်းတို့သုံးကောင်လည်း လူဆိုးပဲ ဖြစ်ရမယ်။ ငါ သဘောပေါက်သွားပြီ!"

ဖုန့်ရှီ အဲ့လိုပြောပြီးနောက် လူအုပ်ထဲ ချက်ချင်း ပြေးဝင်သွားကာ ရပ်မြဲနေရာမှာ ငုတ်တုပ်မေ့ရင်း ခေါင်းတဆတ်ဆတ်ညိတ်နေဆဲဖြစ်တဲ့ သူ့အဖော်တွေကို ထားခဲ့လိုက်သည်။ သူတို့ အသိပြန်ဝင်လာကြတော့ ဖုန့်ရှီက တဖက်ခြမ်းက ကွင်းထဲကိုတောင် ရောက်နေပြီဖြစ်သည်။

ဖုန့်ရှီနဲ့ သူ့အဖော်တို့ ထွက်သွားပြီးနောက် ယန်းမင်းယွမ်က ကောင်လေးကျောကို လူသတ်ငွေ့အပြည့်ဖြင့် စိုက်ကြည့်နေ၏။

အကြိတ်အနယ် ယှဉ်ပြိုင်ကြရမည့် နောက်ဆုံးပွဲစဉ်က စတင်တော့မည်ဖြစ်သည်။ ဒီတစ်ကြိမ်တော့ တက်ရောက်သူ ရှစ်ဦးက ကွင်းလေးကွင်းကို သီးခြားစီ နေရာချပေးခြင်းခံရပြီး ပထမတစ်သုတ် အနိုင်ရသူ လေးဦးက နောက်ပွဲစဉ်တွင် ပ၊ ဒု၊ တ ထိပ်ဆုံး သုံးနေရာအတွက် ယှဉ်ပြိုင်ကြရမှာဖြစ်သည်။ တက်ရောက်သူတစ်ယောက်ချင်းစီ၏ ပြိုင်ဖက်ကိုတော့ မဲနှိုက် ဆုံးဖြတ်မည်ဖြစ်သည်။

ဖုန့်ရှီ စင်ပေါ်ရောက်သွားတဲ့အချိန်မှာ ချက်ချင်းပဲ တက်ရောက်သူအားလုံး၏ အာရုံကို ဖမ်းစားသွားကာ ပွဲကြည့်ပရိတ်သတ်တွေကြား တခြားသူတွေထက်ပိုပြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ မကြာသေးမီက နာမည်ကျော်လာခဲ့သည့် ဒီကောင်လေးသည် အခုတော့ လူအားလုံးရဲ့ အားလုံးရဲ့ အာရုံစိုက်လာမှုကို အတိုင်းအတာတစ်ခုအထိ ရရှိနေပြီ ဖြစ်သည်။

ကံကောင်းသည်မှာ စိတ်ထဲမထားတတ်သည့် ဖုန့်ရှီက ပွဲကြည့်ပရိတ်သတ်တို့၏ အကြည့်အား လုံးဝ သတိမပြုမိပေ။

အဲ့အချိန်မှာပဲ ဖုန့်ရှီက အခြား တက်ရောက်သူများကို တစ်ချက်ကြည့်လိုက်ကာ နောက်ဆုံး သူ့မျက်လုံးတို့က Carendra ပေါ် ရောက်သွားတော့သည်။ Carendra ထံမှ မကောင်းသည့် စိတ်ဝိညာဉ်နှင့် လူသတ်ငွေ့ကို ဖုန့်ရှီ ခံစားမိသည့်အတွက် တက်ရောက်သူအားလုံးကြား Carendra ကသာ သူ့ကို အထင်ကြီးမှု အများဆုံး ဖြစ်ပေါ်စောဖြစ်သည်။ ဖုန့်ရှီက ပထမနေရာ ယူချင်သည့်အတွက် Caredra ကသာ သူ့ရဲ့ ထိုက်တန်တဲ့ပြိုင်ဖက်ဆိုတာ သေချာသည်လေ!

မင်းဟေးယွီအတွက်ကတော့ အဲ့လူက နတ်ဘုရားဘုရင်နယ်ပယ်ဆင့် အဆင့်လေး ဖြစ်သော်လည်း အရင်က ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်အရ ဖုန့်ရှီက ငရဲသားမိသားစုကလူတွေအပေါ် မကောင်းတဲ့ အမြင် အမြဲရှိနေ၏။ ထို့ကြောင့် သူက မင်းဟေးယွီကို ကြည့်တောင် မကြည့်ချေ။ ပိုဆိုးသည်မှာ မင်းဟေးယွီက တက်ရောက်သူတွေကြား အသက်အကြီးဆုံးပင်။ သူက အသက်ခုနှစ်ဆယ်၊ ရှစ်ဆယ်လောက် ရှိပြီလို့ ပြောကြသည့်အတွက် ဖုန့်ရှီက မင်းဟေးယွီကို လူအိုအုပ်စုထဲ ထည့်သွင်းထားပြီး ဖြစ်သည်။

ဖုန့်ရှီက မင်းဟေးယွီကို လုံးဝ ဂရုမစိုက်သော်လည်း တဖက်လူကတော့ ဖုန့်ရှီကို ကောင်းကောင်း အာရုံစိုက်မှု ရှိနေ၏။

ဖုန့်ရှီ ကွင်းထဲသို့ ခြေချမိသည်နှင့် မင်းဟေးယွီက သူ့ကို တချိန်လုံး စိုက်ကြည့်နေသည်။ သို့သော် ဖုန့်ရှီက Carendra ကိုသာ အာရုံစိုက်နေသည်ကို မင်းဟေးယွီ တွေ့သွားတော့ ကောင်လေး၏ လျစ်လျူရှုမှုကို ခံစားမိသည့်အတွက် သူ ချက်ချင်းပဲ ဒေါသထွက်သွားရသည်။ ထို့နောက် မင်းဟေးယွီ၏ မျက်နှာပေါ်တွင် မည်းမှောင်နေကာ ရက်စက်ယုတ်မာသည့်အရိပ်အငွေ့တို့ ပေါ်လာတော့သည်။

ဒါပေမဲ့ မင်းဟေးယွီ မသိလိုက်တာက သူ လူသတ်ချင်ရိပ်တွေ ပြမိနေတုန်းက Carendra က အဲ့တာကို ခံစားမိသွားပြီး သူ့ကို စိုက်ကြည့်နေသည်ပင်။ ထို့နောက်မှာတော့ Carendra က မင်းဟေးယွီကြည့်သည့်နေရာကို ကြည့်လိုက်ပြီး မျက်လုံးထဲ အဓိပ္ပါယ်တစ်မျိုးပါတဲ့ အမူအယာ ဖြတ်ပြေးသွားကာ ဘယ်သူမှ သတိမပြုမိခင်မှာပဲ အဝေးကို အကြည့်လွဲလိုက်သည်။

နန်းကုန်းလီက နောက်ဆုံးပွဲစဉ်၏ ကြီးကြပ်သူဖြစ်ကာ သူ ခြေချလိုက်သည်နှင့် ရင်ပြင်တစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွားတော့၏။ အဆုံးမတော့ အစိမ်းရောင် ငရဲသား အသင်းဆိုသည့် ဖြစ်တည်မှုသည် လူတိုင်းအား အံ့ဩထိတ်လန့်စေပြီး နန်းကုန်းလီကား ငရဲပြည်တွင် အထူး လေးစားခံတစ်ယောက်ဖြစ်သည်။ အဲ့လူတွေ ဘယ်လောက်ပဲ မောက်မာသည်ဖြစ်ပါစေ၊ သူ့ကိုတော့ လေးစားသမှု ပြကြရသည်ပင်။

"နောက်ဆုံးပွဲစဉ်ရဲ့ စည်းကမ်းချက်တွေက အရင်နဲ့အတူတူပဲ။ မင်းပြိုင်ဘက်ကို မဲနှိုက်ဆုံးဖြတ်မှာဖြစ်တယ်။" နန်းကုန်းလီက လေးတွဲ့တွဲ့အသံနဲ့ ပြောလိုက်ပြီးနောက် ရုတ်တရက် အင်္ကျီလက်ကို ကျောက်သားစင်မြင့်သို့ ဖြည်းညှင်းစွာ ဝှေ့ယမ်းလိုက်သည်။ ထို့နောက် အနက်ရောင် အဝတ်က ချက်ချင်းပင် ပြုတ်ကျသွားပြီး ဝါးအတံလေး ရှစ်ချောင်း ထည့်ထားသော ဝါးလုံးခေါင်းပွခွက် တစ်ခု ပေါ်ထွက်လာသည်။

"အတံ တစ်ခုချင်းစီရဲ့ အောက်မှာရှိတဲ့ အရောင်တွေက အားလုံး မတူကြဘူး။ အရောင်တူကို နှိုက်မိတဲ့ တက်ရောက်သူအချင်းချင်းက ဒီပွဲစဉ်မှာ ယှဉ်ပြိုင်ကြရမယ်။ ကျေးဇူးပြုပြီး အခု ဒီလာပြီး စတင် မဲနှိုက်ကြပါ!"

နန်းကုန်းလီပြောပြီးနောက် မဲနှိုက်ရမည့်နေရာနှင့် နီးသော တက်ရောက်သူ အနည်းငယ်တို့က မဲနှိုက်ရန် ချက်ချင်း တန်းစီလိုက်ကြသည်။ သူတို့နှိုက်လိုက်သည့် အတံအောက်ခြေအရောင်ကို ပြပြီးမှသာ သူတို့ ထွက်ခွါသွားကြသည်။

သူတို့ မဲနှီုက်ပြီးသွားကြတာကို ဖုန့်ရှီ မြင်တော့ သူလည်း လျောက်သွားချင်လာပေမဲ့ ယန်းမင်းယွမ်က သူ့ထက် ခြေတစ်လှမ်းဦးသွားပြီး ဖုန့်ရှီနားနားကပ်ကာ တီးတိုးပြောလိုက်သည်၊ "မင်းရဲ့ပြိုင်ဘက်က ငါမဟုတ်ပါစေနဲ့လို့ ဘုရားမှာ ဆုတောင်းလိုက်၊ အဲ့လိုမှမဟုတ်ရင် ငါ မင်းကို ပထမပွဲမှာတင်ပဲကို အနိုင်ယူရလိမ့်မယ်။" ပြီးနောက် ယန်းမင်းယွမ်က လူအားလုံးရှေ့တွင် မဲနှိုက်လိုက်သော်လည်း အတံအောက်ခြေအရောင်ကို မြင်သောအခါ သူ့ပြိုင်ဘက်က မဲနှိုက်ပြီး ဖြစ်သည့် လူတစ်ယောက် ဖြစ်နေသောကြောင့် သူ့မျက်နှာအမူအယာက ချက်ချင်းပင် ရှုပ်ထွေးသွားတော့သည်။

"သနားစရာပဲ! ငါမဟုတ်ဘူး။" ဖုန့်ရှီက သက်ပြင်းချလိုက်သည်။

အဲ့နောက်မှာတော့ ပထမနေရာ ရနိုင်ချေ အလွန်များနေသည့် တက်ရောက်သူဖြစ်သော မင်းဟေးယွီကို ပြိုင်ဘက်အနေဖြင့် ရလိုက်သဖြင့် ဘုရားသခင်က ဖုန့်ရှီကို လှည့်စားလိုက်ပုံရသည်။ ရန်သူကို မရှောင်နိုင်ဟူသော ဆိုရိုးစကားတစ်ခုအတိုင်းပင်!

ဖုန့်ရှီ ဘယ်ပဲသွားသွား သူ သွားလေရာမှာ ငရဲသားမိသားစုကလူတွေနဲ့ပဲ ပဋိပက္ခဖြစ်ရခြင်းမျိုးနဲ့ အဆုံးသတ်ရလိမ့်မည့်ပုံပင်။ ဒီတစ်ကြိမ်လည်း ချွင်းချက်မရှိချေ။ ကြည့်ရတာ သူတို့တွေက အချင်းချင်း တိုက်ခိုက်ကြဖို့ ရေစက်ပါနေကြသည့်ပုံဖြစ်သည်။ ပိုဆိုးသည်က နန်းကုန်းလီက ကျပန်း ရွေးချယ်လိုက်ပြီးနောက် ဖုန့်ရှီနှင့် မင်းဟေးယွီတို့က ပထမဆုံး ယှဉ်ပြိုင်ကြရမည့် အတွဲ ဖြစ်သွားတော့သည်။

"အတံအောက်ခြေ အဝါရောင်ရှိတဲ့ တက်ရောက်သူတွေ ကျေးဇူးပြုပြီး ကွင်းထဲဝင်ပါ။ အခြားသူတွေ အခု ထွက်ခွါနိုင်ပါပြီ။" နန်းကုန်းလီက အကဲဖြတ်ဒိုင် ထိုင်ခုံတွင် ထိုင်ကာ သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး တည့်တိုး အမိန့်ပေးလိုက်သည်။

တခဏကြာပြီးနောက် ကျယ်ပြောသည့် ကွင်းထဲတွင် မျက်နှာချင်းဆိုင် ရပ်နေကြသည့် ပုံသဏ္ဍာန် နှစ်ခုသာ ရှိတော့သည်။

20211120; 2045

—————————— Zawgyi —————————

အပိုင္း ၈၆။ ရန္သူကို မေရွာင္နိုင္

ဖုန္႔ရွီ အသံလာရာဆီ ၾကည့္လိုက္ေတာ့ လူအုပ္ႀကီး အလိုလို ရွဲသြားၿပီး ဝတ္ေကာင္းစားလွ ဝတ္ထားတဲ့ လူငယ္တစ္ဦးက အၿခံအရံမ်ားစြာ ၿခံရံကာ ေလ်ာက္လာသည္။

ထိုသူမွာ မေန႔က ဖုန္႔ရွီကို 'ေစာင့္ၾကည့္ေန' လို႔ ေျပာၿပီး ၿခိမ္းေျခာက္သြားခဲ့သည့္ ယန္းမင္းယြမ္ပင္ ျဖစ္သည္။ ေခ်ာေမာလွတဲ့ သူ႔မ်က္ႏွာထက္ ေက်နပ္ေနေသာ အမူအယာႏွင့္ ဖုန္႔ရွီက သူ႔ဖိနပ္ေအာက္က ပုရြတ္ဆိတ္တစ္ေကာင္အလား ေမာက္ေမာက္မာမာျဖင့္ ဖုန္႔ရွီကို အထင္တေသးၾကည့္လိုက္ကာ ေကာင္ေလးဆီ တျဖည္းျဖည္းခ်င္း ေလ်ာက္သြားလိုက္သည္။

ဖုန္႔ရွီကို မ်က္ေၾကာရွုံ႔လိုက္ၿပီး စိတ္ရွုပ္ေထြးသြားသည့္အမူအယာျဖစ္သြားၿပီးေနာက္ ယန္းမင္းယြမ္ကို ၾကည့္ကာ တအံ့တဩ ေမးလိုက္သည္၊ "မင္းကဘယ္သူလဲ?"

ယန္းမင္းယြမ္မ်က္ႏွာေပၚမွ အျပဳံးတို႔ ႐ုတ္ခ်ည္းပင္ ေအးခဲသြားၿပီးေနာက္ ဖုန္႔ရွီကို စူးစူးရဲရဲ စိုက္ၾကည့္လိုက္ကာ ေျပာလိုက္သည္၊ "ေစာက္ကေလး၊ ငါ့ လာ မလွည့္စားနဲ႔။ မင္း ငါ့ကို ဘယ္လိုလုပ္ ေမ့နိုင္ရတာလဲ? ငါတို႔ မေန႔ကေလးတင္ ေတြ႕ခဲ့ၾကေသးတယ္ေလ! မင္းကို ဘယ္သူမွ​ယုံမွာမဟုတ္ဘူး။ မင္း ရွုံးမွာ ေသခ်ာေနတယ္ဆိုတာကို မင္းလက္မခံနိုင္တာ နားလည္ပါတယ္၊ ငါ မင္းကို ကူညီေပးလို႔ရတယ္။"

ယန္းမင္းယြမ္ရဲ့ ရန္လိုတဲ့စကားေတြကို ၾကားေတာ့ ဖုန္႔ရွီ ေခါင္းကို အဆက္မျပတ္ ခါလိုက္ၿပီး ယန္းမင္းယြမ္ကို လက္ညႇိုးထိုးကာ အေလးအနက္ ေျပာလိုက္သည္၊ "မင္းပဲ! မင္းက ပထမနဲ႔ ဒုတိယေနရာ မရနိုင္လို႔ တတိယေနရာပဲ လိုခ်င္ေနတဲ့တစ္ေယာက္ပဲ။ ယန္ဘာယြမ္ဆိုလား? မင္းကို မမွတ္မိလိုက္မိဘူး၊ ေဆာရီး!"

ယန္းမင္းယြမ္၏ မည္းေမွာင္သြားေသာ မ်က္ႏွာႀကိဳ ျမင္ေတာ့ ဆူညံေနေသာ လူအုပ္ႀကီး ႐ုတ္ခ်ည္း ၿငိမ္က်သြာသည္။

အဲ့အခ်ိန္မွာပဲ ဖုန္႔ရွီရဲ့ အေပါင္းအေဖာ္ေတြက အူတက္မတက္ ဝမ္းပန္းတသာ ရယ္လိုက္ၾကသည္။ ရယ္သံက ယန္းမင္းယြမ္ကို ပိုလို႔ေတာင္ ေဒါသထြက္လာေစၿပီး သူ႔မ်က္လုံးအမူအယာတို႔က ပိုလို႔ေတာင္ ဆူပုပ္လာ၏။

"ဒီအခ်ိန္ေတာ့ လႊတ္ေပးလိုက္မယ္။ ငါ မင္းကို ကြင္းထဲမွာ လူအမ်ားေရွ႕ အနိုင္ယူတဲ့အခါ ဒီ ေလာင္းကစားေႂကြးအမ်ားႀကီးအတြက္ မင္းဘယ္လို ျပန္ေပးဆပ္မလဲ ၾကည့္တာေပါ့! သနားစရာငမြဲေကာင္!'

ယန္းမင္းယြမ္ စကားၾကမ္းၾကမ္းေတြ ေရရြတ္လိုက္သည္။ ဖုန္႔ရွီ၏ ေလာင္းေၾကးေငြက သလင္းနီ အပိုင္းအစ အနည္းငယ္ပဲဆိုသည္ကို သူ သတိျပဳမိမွန္း သိသာသည္။ ေကာင္ေလးတြင္ ဘာခရမ္းေရာင္ သလင္းမွ မရွိသည့္အတြက္ ေကာင္ေလးက အရင္က ႂကြားဝါေနတာသာျဖစ္ၿပီး တကယ္ေတာ့ သနားကမား ဆင္းရဲသားေလးပဲဟု ယန္းမင္းယြမ္ ယူဆလိုက္သည္။

"ယန္ဘာယြမ္! ေလလုံးထားမေနနဲ႔။ မင္း ေခ်းစားနိုင္မယ္ဆိုရင္ ငါ ကြင္းထဲမွာ မင္းအေပၚ နည္းနည္း သက္ညႇာေပးမယ္။" ဖုန္႔ရွီ သူ႔လက္ကို ယန္းမင္းယြမ္ဆီ ေဝွ႕ယမ္းျပလိုက္ကာ အရမ္း ရက္ေရာေနဟန္ ေဆာင္လိုက္သည္။

"ဟား ဟား ဟာ ဟား!" ဖုန္႔ရွီ၏ အေပါင္းအေဖာ္တို႔က ယန္းမင္းယြမ္၏ အရွက္ရသြားေသာ အမူအယာကို ျမင္သြားေတာ့ မေနနိုင္ေတာ့ဘဲ ထရယ္လိုက္ၾကေတာ့သည္။ ယန္းမင္းယြမ္ကသာ သူတို႔မ်က္ႏွာေတြကို ျမင္နိုင္မယ္ဆိုလ်င္ သူ႔မ်က္ႏွာေပၚက အမူအယာက ပိုလို႔ေတာင္ ဆူပုပ္သိုးလာမွ အမွန္ပင္။

"မင္း..." ယန္းမင္းယြမ္က ဖုန္႔ရွီကို ဖ်က္ဆီးခ်င္ဟန္အျပည့္နဲ႔ စိုက္ၾကည့္လိုက္သည္။ သူ တစ္ခုခု ေျပာေတာ့မည့္ဆဲဆဲမွာပဲ လူအုပ္အျပင္မွ ေအးသက္ေသာ အသံတစ္သံ ႐ုတ္တရက္ ထြက္ေပၚလာကာ သူ႔ႏွလုံးထဲ အသည္းထဲကေန တုန္ရီသြားတဲ့အထိ ျဖစ္သြားရသည္။

"ရွက္ဖြယ္! ေကာင္းကင္ဂိုဏ္းကလူက ဒါပဲလား!"

လူတိုင္း ေနာက္ကို လွည့္ၾကည့္လိုက္ေတာ့ အခုေလးတင္ ေျပာလိုက္သည့္လူက ထြက္သြားၿပီကို ေတြ႕လိုက္ရသည္။ ဒါေတာင္မွ လူေတာ္ေတာ္မ်ားမ်ားကေတာ့ အနက္ေရာင္ ေအးစက္စက္ ပုံရိပ္ကို ၾကည့္ၿပီး ေစာနက ဝင္သုံးသပ္သြားသူ ဘယ္သူလဲဆိုတာကို မွန္းမိသြားၾကသည္။

"ဝိုး၊ အဲ့တာ Carendra အရွင္ပဲ! သူ တကယ္ စကားေျပာလိုက္တယ္ဆိုတာ ငါ မသိလိုက္ဘူး။ ဒါ လုံးဝ မမွန္းဆမိတာပဲ!"

လူတိုင္းက Carendra ရဲ့ ေနာက္ေက်ာကို ေလးစားတဲ့အၾကည့္နဲ႔ ၾကည့္ေနၾကခ်ိန္မွာ ယန္းမင္းယြမ္မ်က္ႏွာက ရွုံ႔တြေနၿပီး သူ႔မ်က္လုံးတို႔က မသမာဟန္ အျပည့္ ျဖစ္သြားသည္။ သူက Carendra ေစာကားလိုက္တဲ့စကားအတြက္ ဖုန္႔ရွီကို မဲလိုက္သည္၊ 'ဒီေကာင္ေလးေၾကာင့္သာမဟုတ္ရင္ ငါ Carendra ရဲ့ ေလွာင္တာကို ခံရမွာမဟုတ္ဘူး!'

ဖုန္႔ရွီ၏ အာ႐ုံက Carendra ၏စကားအေပၚ အလုံးစုံ နစ္ေျမာသြားတာေၾကာင့္ ယန္းမင္းယြမ္ကို လုံးဝ မၾကည့္ေတာ့ေပ။

"ဒီ Carendra ကို ၾကည့္ရတာ လူေကာင္းတစ္ေယာက္ပဲ!" ဖုန္႔ရွီက ေခါင္းညိတ္ၿပီး ေမးေစ့ပြတ္လိုက္တယ္။ Carendra ရဲ့ ေနာက္ေက်ာက အရမ္းကို ေအးစက္ဟန္ေပၚေနေသာ္လည္း ဖုန႔္ရွီက Carendra ေျပာတဲ့စကား ၾကားၿပီးေနာက္ သူနဲ႔ အဲ့လူ အေတာ္ အလ်င္းသင့္တယ္လို႔ ေတြးလိုက္သည္။

ေနာက္ဆုံးေတာ့ အဲ့တာက ဖုန္႔ရွီရဲ့ လက္ရွိအေတြးပင္ျဖစ္သည္။

"အ႐ူး!' စာအုပ္နတ္ဘုရားႏွင့္ ကံဆိုးမွုနတ္ဘုရားတို႔အသံက ဖုန္႔ရွီ ဦးေဏွာက္ထဲ ပဲ့တင္ထပ္သြားသည္။

ဖုန္႔ရွီက အသံေၾကာင့္ ႐ုတ္တရက္ လန္႔သြားၿပီး အသိျပန္ဝင္လာေတာ့ သူ႔ကို အ႐ူးလို႔ ေခၚလိုက္သူက စာအုပ္နတ္ဘုရားနဲ႔ ကံဆိုးမွုနတ္ဘုရားတို႔ ဆိုတာကို သူ ေတြ႕ရွိလိုက္တဲ့ေနာက္ ျပဴးၾကည့္လိုက္ကာ က်ိန္ဆဲလိုက္သည္၊ "ငါ့ကို ဘာလို႔ အ႐ူးလို႔ ေခၚတာလဲ!"

"ဘာလို႔လဲဆိုေတာ့ သခင္က အ႐ူးတစ္ေယာက္မို႔ေလ။ Carendra က လူေကာင္းတစ္ေယာက္လို႔ သခင္ ထင္ရေလာက္ေအာင္ သခင္က ဘယ္လိုေတာင္ တုံးတာလဲ? သူ႔အေၾကာင္း သိတဲ့လူေတြအားလုံးက Carendra က လူဆိုးမဟုတ္ဘူးဆိုရင္ေတာင္ လူေကာင္းတစ္ေယာက္ပါလို႔ေတာ့ လုံးဝ မေျပာနိုင္ဘူး။ ဘုံသုံးဘုံမွာ အလုံးစုံေကာင္းတဲ့လူ၊ အလုံးစုံဆိုးတဲ့လူဆိုၿပီး မရွိေပ။ ကိုယ္က်ိဳးစီးပြါးနဲ႔ ယွဥ္လာရင္ သူငယ္ခ်င္းကေနလည္း ရန္သူျဖစ္လာနိုင္သလို၊ လူေကာင္းကေနလည္း လူဆိုးေျပာင္းသြားနိုင္တယ္။ အဲ့လိုအေျခအေနမ်ိဳးက က်င့္ႀကံသူေတြၾကားမွာ ပိုအျဖစ္မ်ားတယ္။ တကယ္လို႔ မင္းကသာ ေကာင္းကင္အဆင့္ သိမ္ေမြ႕နက္နဲတဲ့ပညာရပ္စာအုပ္တစ္အုပ္ကို လူေကာင္းဆိုတဲ့သူေတြေရွ႕ ျပၾကည့္ပါလား၊ အဲ့လူက သူေတာ္စင္တစ္ေယာက္ဆိုရင္ေတာင္မွ သူက မင္းရန္သူျဖစ္သြားလိမ့္မယ္ဆိုတာ ငါ အာမခံတယ္။" စာအုပ္နတ္ဘုရားက သူ႔ကိုယ္သူစကားမ်ားတဲ့ မိန္းမႀကီးနဲ႔ ပိုပိုတူလာတယ္လို႔ ခံစားရၿပီး သူ႔သခင္က အုပ္ထိန္းမွုလိုအပ္ေနတဲ့ ကေလးတစ္ေယာက္နဲ႔ ပိုပိိုတူလာတယ္လို႔ ခံစားလာရတယ္။

"ဒါဆို အဲ့ဒီ့ Carendra က လူဆိုးတစ္ေယာက္လား?" ဖုန္႔ရွီက မ်က္ေမွာင္ၾကဳတ္လိုက္တယ္။

စာအုပ္နတ္ဘုရား၊ ကံဆိုးမွုနတ္ဘုရားနဲ႔ အေမႊးမဲ့ၾကက္တို႔အားလုံး "မင္းေနာက္ဆုံးေတာ့ ဉာဏ္အလင္း ပြင့္သြားၿပီ" လို႔ ေျပာေနသည့္အလား အေလးအနက္ ေခါင္းညိတ္လိုက္ၾကတယ္။

ဖုန္႔ရွီက ေခါင္းကို ေလးပင္စြာ ညိတ္လိုက္ရင္း ေျပာလိုက္တယ္၊ "ငါ သိၿပီ။ ဒါဆို မင္းတို႔သုံးေကာင္လည္း လူဆိုးပဲ ျဖစ္ရမယ္။ ငါ သေဘာေပါက္သြားၿပီ!"

ဖုန္႔ရွီ အဲ့လိုေျပာၿပီးေနာက္ လူအုပ္ထဲ ခ်က္ခ်င္း ေျပးဝင္သြားကာ ရပ္ျမဲေနရာမွာ ငုတ္တုပ္ေမ့ရင္း ေခါင္းတဆတ္ဆတ္ညိတ္ေနဆဲျဖစ္တဲ့ သူ႔အေဖာ္ေတြကို ထားခဲ့လိုက္သည္။ သူတို႔ အသိျပန္ဝင္လာၾကေတာ့ ဖုန္႔ရွီက တဖက္ျခမ္းက ကြင္းထဲကိုေတာင္ ေရာက္ေနၿပီျဖစ္သည္။

ဖုန္႔ရွီနဲ႔ သူ႔အေဖာ္တို႔ ထြက္သြားၿပီးေနာက္ ယန္းမင္းယြမ္က ေကာင္ေလးေက်ာကို လူသတ္ေငြ႕အျပည့္ျဖင့္ စိုက္ၾကည့္ေန၏။

အႀကိတ္အနယ္ ယွဥ္ၿပိဳင္ၾကရမည့္ ေနာက္ဆုံးပြဲစဥ္က စတင္ေတာ့မည္ျဖစ္သည္။ ဒီတစ္ႀကိမ္ေတာ့ တက္ေရာက္သူ ရွစ္ဦးက ကြင္းေလးကြင္းကို သီးျခားစီ ေနရာခ်ေပးျခင္းခံရၿပီး ပထမတစ္သုတ္ အနိုင္ရသူ ေလးဦးက ေနာက္ပြဲစဥ္တြင္ ပ၊ ဒု၊ တ ထိပ္ဆုံး သုံးေနရာအတြက္ ယွဥ္ၿပိဳင္ၾကရမွာျဖစ္သည္။ တက္ေရာက္သူတစ္ေယာက္ခ်င္းစီ၏ ၿပိဳင္ဖက္ကိုေတာ့ မဲႏွိုက္ ဆုံးျဖတ္မည္ျဖစ္သည္။

ဖုန္႔ရွီ စင္ေပၚေရာက္သြားတဲ့အခ်ိန္မွာ ခ်က္ခ်င္းပဲ တက္ေရာက္သူအားလုံး၏ အာ႐ုံကို ဖမ္းစားသြားကာ ပြဲၾကည့္ပရိတ္သတ္ေတြၾကား တျခားသူေတြထက္ပိုၿပီး လွုပ္လွုပ္ရွားရွား ျဖစ္သြားၾကသည္။ မၾကာေသးမီက နာမည္ေက်ာ္လာခဲ့သည့္ ဒီေကာင္ေလးသည္ အခုေတာ့ လူအားလုံးရဲ့ အားလုံးရဲ့ အာ႐ုံစိုက္လာမွုကို အတိုင္းအတာတစ္ခုအထိ ရရွိေနၿပီ ျဖစ္သည္။

ကံေကာင္းသည္မွာ စိတ္ထဲမထားတတ္သည့္ ဖုန္႔ရွီက ပြဲၾကည့္ပရိတ္သတ္တို႔၏ အၾကည့္အား လုံးဝ သတိမျပဳမိေပ။

အဲ့အခ်ိန္မွာပဲ ဖုန္႔ရွီက အျခား တက္ေရာက္သူမ်ားကို တစ္ခ်က္ၾကည့္လိုက္ကာ ေနာက္ဆုံး သူ႔မ်က္လုံးတို႔က Carendra ေပၚ ေရာက္သြားေတာ့သည္။ Carendra ထံမွ မေကာင္းသည့္ စိတ္ဝိညာဥ္ႏွင့္ လူသတ္ေငြ႕ကို ဖုန္႔ရွီ ခံစားမိသည့္အတြက္ တက္ေရာက္သူအားလုံးၾကား Carendra ကသာ သူ႔ကို အထင္ႀကီးမွု အမ်ားဆုံး ျဖစ္ေပၚေစာျဖစ္သည္။ ဖုန္႔ရွီက ပထမေနရာ ယူခ်င္သည့္အတြက္ Caredra ကသာ သူ႔ရဲ့ ထိုက္တန္တဲ့ၿပိဳင္ဖက္ဆိုတာ ေသခ်ာသည္ေလ!

မင္းေဟးယြီအတြက္ကေတာ့ အဲ့လူက နတ္ဘုရားဘုရင္နယ္ပယ္ဆင့္ အဆင့္ေလး ျဖစ္ေသာ္လည္း အရင္က ျဖစ္ပ်က္ခဲ့သည့္အျဖစ္အပ်က္အရ ဖုန္႔ရွီက ငရဲသားမိသားစုကလူေတြအေပၚ မေကာင္းတဲ့ အျမင္ အျမဲရွိေန၏။ ထို႔ေၾကာင့္ သူက မင္းေဟးယြီကို ၾကည့္ေတာင္ မၾကည့္ေခ်။ ပိုဆိုးသည္မွာ မင္းေဟးယြီက တက္ေရာက္သူေတြၾကား အသက္အႀကီးဆုံးပင္။ သူက အသက္ခုႏွစ္ဆယ္၊ ရွစ္ဆယ္ေလာက္ ရွိၿပီလို႔ ေျပာၾကသည့္အတြက္ ဖုန္႔ရွီက မင္းေဟးယြီကို လူအိုအုပ္စုထဲ ထည့္သြင္းထားၿပီး ျဖစ္သည္။

ဖုန္႔ရွီက မင္းေဟးယြီကို လုံးဝ ဂ႐ုမစိုက္ေသာ္လည္း တဖက္လူကေတာ့ ဖုန႔္ရွီကို ေကာင္းေကာင္း အာ႐ုံစိုက္မွု ရွိေန၏။

ဖုန္႔ရွီ ကြင္းထဲသို႔ ေျခခ်မိသည္ႏွင့္ မင္းေဟးယြီက သူ႔ကို တခ်ိန္လုံး စိုက္ၾကည့္ေနသည္။ သို႔ေသာ္ ဖုန္႔ရွီက Carendra ကိုသာ အာ႐ုံစိုက္ေနသည္ကို မင္းေဟးယြီ ေတြ႕သြားေတာ့ ေကာင္ေလး၏ လ်စ္လ်ဴရွုမွုကို ခံစားမိသည့္အတြက္ သူ ခ်က္ခ်င္းပဲ ေဒါသထြက္သြားရသည္။ ထို႔ေနာက္ မင္းေဟးယြီ၏ မ်က္ႏွာေပၚတြင္ မည္းေမွာင္ေနကာ ရက္စက္ယုတ္မာသည့္အရိပ္အေငြ႕တို႔ ေပၚလာေတာ့သည္။

ဒါေပမဲ့ မင္းေဟးယြီ မသိလိုက္တာက သူ လူသတ္ခ်င္ရိပ္ေတြ ျပမိေနတုန္းက Carendra က အဲ့တာကို ခံစားမိသြားၿပီး သူ႔ကို စိုက္ၾကည့္ေနသည္ပင္။ ထို႔ေနာက္မွာေတာ့ Carendra က မင္းေဟးယြီၾကည့္သည့္ေနရာကို ၾကည့္လိုက္ၿပီး မ်က္လုံးထဲ အဓိပၸါယ္တစ္မ်ိဳးပါတဲ့ အမူအယာ ျဖတ္ေျပးသြားကာ ဘယ္သူမွ သတိမျပဳမိခင္မွာပဲ အေဝးကို အၾကည့္လြဲလိုက္သည္။

နန္းကုန္းလီက ေနာက္ဆုံးပြဲစဥ္၏ ႀကီးၾကပ္သူျဖစ္ကာ သူ ေျခခ်လိုက္သည္ႏွင့္ ရင္ျပင္တစ္ခုလုံး ခ်က္ခ်င္းပင္ တိတ္ဆိတ္သြားေတာ့၏။ အဆုံးမေတာ့ အစိမ္းေရာင္ ငရဲသား အသင္းဆိုသည့္ ျဖစ္တည္မွုသည္ လူတိုင္းအား အံ့ဩထိတ္လန္႔ေစၿပီး နန္းကုန္းလီကား ငရဲျပည္တြင္ အထူး ေလးစားခံတစ္ေယာက္ျဖစ္သည္။ အဲ့လူေတြ ဘယ္ေလာက္ပဲ ေမာက္မာသည္ျဖစ္ပါေစ၊ သူ႔ကိုေတာ့ ေလးစားသမွု ျပၾကရသည္ပင္။

"ေနာက္ဆုံးပြဲစဥ္ရဲ့ စည္းကမ္းခ်က္ေတြက အရင္နဲ႔အတူတူပဲ။ မင္းၿပိဳင္ဘက္ကို မဲႏွိုက္ဆုံးျဖတ္မွာျဖစ္တယ္။" နန္းကုန္းလီက ေလးတြဲ႕တြဲ႕အသံနဲ႔ ေျပာလိုက္ၿပီးေနာက္ ႐ုတ္တရက္ အကၤ်ီလက္ကို ေက်ာက္သားစင္ျမင့္သို႔ ျဖည္းညႇင္းစြာ ေဝွ႕ယမ္းလိုက္သည္။ ထို႔ေနာက္ အနက္ေရာင္ အဝတ္က ခ်က္ခ်င္းပင္ ျပဳတ္က်သြားၿပီး ဝါးအတံေလး ရွစ္ေခ်ာင္း ထည့္ထားေသာ ဝါးလုံးေခါင္းပြခြက္ တစ္ခု ေပၚထြက္လာသည္။

"အတံ တစ္ခုခ်င္းစီရဲ့ ေအာက္မွာရွိတဲ့ အေရာင္ေတြက အားလုံး မတူၾကဘူး။ အေရာင္တူကို ႏွိုက္မိတဲ့ တက္ေရာက္သူအခ်င္းခ်င္းက ဒီပြဲစဥ္မွာ ယွဥ္ၿပိဳင္ၾကရမယ္။ ေက်းဇူးျပဳၿပီး အခု ဒီလာၿပီး စတင္ မဲႏွိုက္ၾကပါ!"

နန္းကုန္းလီေျပာၿပီးေနာက္ မဲႏွိုက္ရမည့္ေနရာႏွင့္ နီးေသာ တက္ေရာက္သူ အနည္းငယ္တို႔က မဲႏွိုက္ရန္ ခ်က္ခ်င္း တန္းစီလိုက္ၾကသည္။

You are reading the story above: TeenFic.Net