84. Asset

Background color
Font
Font size
Line height

Please scroll down for Zawgyi.

အပိုင်း ၈၄။ ပိုင်ဆိုင်မှု

ထူးကဲလှပသော ပွင့်ဖတ်များက မိုးစက်များအလား ကောင်းကင်မှ လွင့်လာသည်။

ဆန္ဒပင်လယ်အလယ်ရှိ ဧရာမပန်းပွင့်ကြီးပေါ်တွင် ရွေရောင် ပုံပန်းသဏ္ဍာန်တစ်ခု ခြေချိတ်ကာ ထိုင်နေ၏။

ကောင်လေး၏ ကိုယ်ခန္ဓာမှ ရွှေရောင် စိတ်ဝိညာဉ်စွမ်းအင်များ စီးဆင်းနေသလို အစိမ်းရောင် အလင်းတိုက သူ့ထံမှ ဒီရေအလား ယိုစီးထွက်နေ၏။ အရောင် အလင်းတန်းနှစ်ခုသည် တစ်ခုနှင့်တစ်ခု ရောယှက်နေကာ ကောင်လေး၏ ကိုယ်ခန္ဓာကို ညင်သာစွာ ရစ်ပတ်ထားပြီး မျက်စိကျိန်းလောက်ဖွယ် အလင်းတို့ ထုတ်လွှတ်နေသည်။ အထပ်ထပ်အခါခါ ဖိချုံ့ထားသော စိတ်ဝိညာဉ်စွမ်းအင်တို့သည် လက်မအရွယ်ဖြစ်လာကာ နောက်ဆုံးတော့ ကောင်လေး၏ကိုယ်ခန္ဓာထဲသို့ ဝင်ရောက်သွားတော့၏။

စုစည်းထားသော စိတ်ဝိညာဉ်စွမ်းအင်တစ်စက်သည် ကောင်လေး၏ကိုယ်ထဲသို့ တစ်ကြိမ်ဝင်သွားတိုင်း ပျော့ပျောင်းသော သူ့အရိုးတို့သည် ပို၍ ခိုင်မာလာတော့သည်။ ကောင်လေး၏ သွေးကြောကျယ်ကျယ်ထဲသို့ အဆက်မပြတ် စီးဝင်စီးထွက်နေသော များပြားသော စိတ်ဝိညာဉ်စွမ်းအင်တို့က ကောင်လေး၏ အခြေခံကျင့်ကြံမှုကို တည်ငြိမ်လာစေ၏။ တချိန်တည်းတွင် အလွန်စုစည်းထားသော စိတ်ဝိညာဉ်စွမ်းအင်များ အရေပျော်လာသည်နှင့်အမျှ သူ့နှလုံးထဲရှိ စူးရှသော နဂါးငွေ့တန်းစီးကြောင်းမှ ကြယ်အရေအတွက်တို့ အလျင်အမြန် တိုးလာသည်။ အရေအတွက် တစ်ခုသို့ ရောက်သွားသောအခါ နဂါးငွေ့တန်းစီးကြော၏ ပိုင်ဆိုင်မှုတို့ တစ်ခုလုံး ပြောင်းလဲသွားမည်ဖြစ်သည်။

ခြေယှက်ပြီး ငြိမ်သက်စွာထိုင်နေသော ကောင်လေးဘေးတွင် နူးညံ့သိမ်မွေ့သည့် ပုံသဏ္ဍာန်တစ်ခုက ဖြောင့်မတ်စွာ ရပ်နေသည်။

ထိုလူ၏ ဆင်စွယ်ဖြူရောင် ဝတ်ရုံရှည်သည် လေတိုက်ခတ်ခြင်းမရှိဘဲ လေထဲတွင် လွင့်နေကာ သူ့နောက်ကျောတွင် ကွေးညွှတ်နေ၏။ လူသာမာန်တို့မူကား  သူ တောင်ထိပ်မှာ ရပ်နေသည့်အလား လေးစားမှုအပြည့်ဖြင့် ဖူးမျှော် မော့ကြည့်ရုံသာ တတ်နိုင်သည်။ လေထဲ လွင့်မြောနေသော ပွင့်ဖတ်တို့သည် ထိုလူ၏ကိုယ်ကို တနေရာမှ မထိဝံ့ပေ။ လေတိုက်လိုက်တိုင်းတွင် ပွင့်ဖတ်တို့သည်ကား ထိုလူအား ထိလုထိခင်တွင် ကွေ့ဝိုက်သွားတော့သည်။

ထိုလူကတော့ လူတိုင်း လေးစားရသော ငရဲမင်းကြီးပင်ဖြစ်ပြီး သူ့ဘေးနား ထိုင်နေသူကတော့ ငဆိုးလေး ဖုန့်ရှီပင်တည်း။

ကမ္ဘာ့သစ်သီးကြောင့် ဖုန့်ရှီ့တစ်ကိုယ်လုံးပေါ်မှာ လတ်ဆတ်သော မြေသင်းနံ့ ရှိနေ၏။

ဖုန့်ရှီ ကမ္ဘာ့သစ်သီးအမြောက်အများ ရပြီးနောက အချို့ကိုတော့ သူ့အဖော်များကို ဝေမျှလိုက်သော်ညား သူကတော့ တစ်လုံးသာ စားရသေးသည်။ သစ်သီးအတွင်း ပါဝင်သော စွမ်းအင်မှာ နူးညံ့သောကြောင့် လူသာမာန်တို့မှာ သူ/သူမတို့၏ ကျင့်ကြံမှုအဆင့်ပေါ် မူတည်၍သာ စားသုံးနိုင်သည်။ ထိုမည်သို့်ပင်ဆိုစေကာမူ လူတစ်ဦးအတွက် အများဆုံး စားသုံးနိုင်သည့်ပမာဏမှာ နှစ်လုံး၊ သုံးလုံးသာ ဖြစ်ပြီး ထို့ထက်ပို စားသုံးမိသော ကျင့်ကြံသူတို့မှာ များပြားလှသော စွမ်းအင်ကြောင့် ဆိုးဝါးစွာ ဒဏ်ရာရရှိမည်ဖြစ်ပြီး သူ/သူမ၏ အသက်ကိုပင် ဆုံးရှုံ့းသွားရနိုင်သည်။

သို့သော် ဖုန့်ရှီကား သာမာန်ကျင့်ကြံသူမဟုတ်ပေ။ ဘုရင်ကြီး ချဲ့ပေးထားသော သူ့သွေးကြောတို့မှာ စိတ်ဝိညာဉ်စွမ်းအင်ကို လူသာမာန်တို့ထက် ငါးဆ ပို၍ လက်ခံနိုင်သည်။

အကျိုးဆက်အနေနှင့် သူ ကမ္ဘာ့သစ်သီး သုံးလုံးဆက်တိုက် စားပြီးပါကလည်း သူ့သွေးကြော ပေါက်ထွက်သွားမည်ကို စိုးရိမ်စရာ မလိုချေ။

သူက နတ်ဘုရားဘုရင်နယ်ပယ် ပထမအဆင့်မှာ စွမ်းအားကြီးတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်နေသော်လည်း နောက်ဆုံးပွဲစဉ်မှာ တက်ရောက်သူအားလုံးကို အနိုင်ယူဖို့တော့ အလုံအလောက် အားမကောင်းပေ။ အမွှေးမဲ့ကြက်က သူ့ကို နိုင်အောင် ကူညီပေးနိုင်ပေမဲ့လည်းး သူ့အခြေခံကျင့်ကြံဆင့်ကိုတော့ သူ မြှင့်ဖို့ လိုနေဆဲပင်။ ထို့ကြောင့်လည်း ဘုရင်ကြီးက ဖုန့်ရှီကို ဆန္ဒပင်လယ်ထဲ ထပ်ခေါ်လာရခြင်း ဖြစ်သည်။

ဒီအကြိမ်တော့ ဘုရင်ကြီးက ဘာမှ ဝင်မပါဘဲ ဖုန့်ရှီ သူ့ဖာသာသူပဲ ကျင့်ကြံနေသည်။

ဖုန့်ရှီ၏ ကိုယ်ပတ်လည်တွင် ရွှေရောင်အလင်းနှင့် အစိမ်းရောင်အလင်းတို့ သုံးရက်လောက် အချင်းချင်း ရောယှက်နေပြီးနောက် အစိမ်းရောင်အလင်းတို့ တဖြည်းဖြည်း မှိန်ဖျော့လာကာ နောက်ဆုံး လုံးဝ ပျောက်ကွယ်သွားသည်မှာ ကမ္ဘာ့သစ်သီး တစ်လုံးလုံး အစာချေညက်ပြီးပြီဆိုသည်ကို ပြဆိုနေခြင်းပင်ဖြစ်သည်။ ကောင်လေး၏ ကိုယ်ကို ရွှေရောင်အလင်းတို့ ထပ်မံ ထုတ်ပိုးရစ်ပတ်နေသလို သူ့သွေးကြောတို့မှာလည်း ပေါ့ပါးသော ရွှေရောင် စိတ်ဝိညာဉ်စွမ်းအင်တို့ဖြင့် ပြည့်နှက်နေ၏။

ရုတ်တရက် ဖုန့်ရှီ မျက်လုံးဖွင့်လိုက်ရာ မီးစနှစ်ဖက် သူ့မျက်လုံးထဲ ဖြတ်ပြေးသွားသည်။ ထိုအချိန်တွင် ကောင်လေးထံမှ ထုတ်လွှတ်နေသော ဩဇာပြည့်နှက်နေသော ကိုယ်ရောင်ရှိန်ဝါိတို့ကြောင့် ဘုရင်ကြီးတောင် ထိတ်လန့်သွားရ၏။

တစ်စက္ကန့်လောက်ပဲ ကြာလိုက်သော်လည်း ဘုရင်ကြီးမှာ ကြီးမားသော ဖိအားတစ်ခုကို ခံစားမိနေဆဲပင်။

အခု သူ့ကိုယ်ထဲမှ နဂါးငွေ့တန်း စီးကြောင်းကို စစ်ဆေးနေသော ဖုန့်ရှီကတော့ ဘာဖြစ်သွားသလဲဆိုတာ မသိလိုက်ချေ။ ထို့နောက် စီးကြောထဲမှ ကြယ်များက အရင်ကလို အဖြူရောင်အလင်းတို့ ထုတ်လွှတ်ရမည့်အစား အပြာရောင်အလင်းဖျော့ဖျော့ ထုတ်လွှတ်နေပြီး ညကောင်းကင်ထဲမှ ကြယ်အစစ်ထက်ပင် ပိုတောက်ပနေသည်ကို သူ တွေ့လိုက်ရသည်။

"ခေါင်းဆောင်၊ ခေါင်းဆောင်၊ ကျွန်တော် ကျင့်ကြံဆင့် တက်သွားပြီ!" ဖုန့်ရှီ ချက်ချင်းပင် ခုန်လိုက်ပြီးနောက် ဘုရင်ကြီးဆီ ခေါင်းမော့ပြီး စိတ်လှုပ်ရှားစွာ လျောက်သွားလိုက်သည်။ သူ့သွားစွယ်နှစ်ချောင်းတောင်မှ အရင်ကထက် ပိုဖြူနေသည်ပင်။

"ကောင်းတယ်။" ဘုရင်ကြီးက ဖုန့်ရှီကို အမြဲပင် ရက်ရက်ရောရော ချီးမွမ်းသည်။

ကမ္ဘာ့သစ်သီး စားသုံးလိုက်သည့်အတွက် ဖုန့်ရှီ နတ်ဘုရားဘုရင်အဆင့် အဆင့်တစ်မှ အဆင့်ခြောက်သို့ တိုက်ရိုက် ရောက်သွားသော်လည်း ဘုရင်ကြီးကတော့ ကောင်လေး ဒီလို အောင်မြင်မှု သူ့ဖာသူ ရယူနိုင်သည့်အတွက် အထင်ကြီးနေဆဲပင်။ အဆုံးမတော့ ကောင်လေး စိတ်ရှည်သည်းခံမှု အားနည်းတယ်ဆိုတာကို ဘုရင်ကြီး သိသည့်အတွက် ကောင်လေး သူ့စိတ်ရှည်သည်းခံမှုအတွက် အဲ့ဒီ့ချီးမွမ်းမှုကို ရထိုက်တာပဲလေ။

ဘုရင်ကြီးရဲ့ ချီးမွမ်းမှုကို ကောင်လေး ကြားလိုက်ရတော့ သူ့မျက်နှာပေါ်က အပြုံးတို့က ပိုလို့တောင် ကြီးသွားတော့သည်။

သူ့ကြိုးစားမှု နောက်ဆုံးတော့ အရာထင်လေပြီ။ သူ့ခေါင်းဆောင် သိပ်စိတ်မတိုစေဖို့အတွက် သူ စိတ်ရှည်ရှည်နဲ့ သုံးရက်လောက် ထိုင်ခဲ့ရသည်။ ကျင့်ကြံခြင်းလို ပျင်းစရာကောင်းတာမျိုး သူ လုံးဝမကြိုက်တဲ့အတွက် သာမာန်အခြေအနေမျိုးမှာဆို ပထမဆုံး ကျင့်ကြံတဲ့နေ့မှာကတည်းက သူ ခုန်ထမိမှာဆိုပေမဲ့ သူ လွန်ခဲ့တဲ့သုံးရက်က ဆန္ဒပင်လယ် အပြင်ဖက်မှာ သူ့ခေါင်းဆောင်ကို ဒေါသထွက်အောင် သူ လုပ်ခဲ့မိသည်လေ။ အဲ့အချိန်တုန်းက ဘုရင်ကြီးက ဖုန့်ရှီရဲ့ ခြေထောက်ပေါ်က အနာကိုတောင် မကုပေးခဲ့ဘူးဆိုကတည်းက ဘုရင်ကြီး တကယ်စိတ်ဆိုးသွားတဲ့သဘောပင်။

သူ ရလာမယ့် အကျိုးအမြတ်တွေအားလုံး ပျောက်ကွယ်သွားမှာကို စိုးတဲ့ ဖုန့်ရှီက ဆန္ဒပင်လယ်ထဲ သုံးရက်တိတိ ကျင့်ကြံခြင်းနှင့်သာ သူ့ရဲ့ အစွမ်းကုန် စိတ်ရှည်သည်းခံမှုကို ပြသနိုင်တော့သည်။

ရလဒ်ကတော့ ဖုန့်ရှီ အလွန်ကို စိတ်ကျေနပ်သွားရ၏။ သူ့ခေါင်းဆောင်က သူ့ကို စိတ်မဆိုးတော့ရုံမက သူ့ကျင့်ကြံဆင့်ကပါ မြင့်သွားသည်။ ပျော်စရာဖြစ်ရပ် နှစ်ခုလုံး တပြိုင်နက်တည်း ရောက်လာတာပင်။ သူ အခု အပြင်မှာ ပျော်ပွဲ ကျင်းပနိုင်မလား ဖုန့်ရှီ တွေးမိသွား၏။

ဒါပေမဲ့ ဘုရင်ကြီးသာ ကောင်လေး ဘာတွေးနေတယ်ဆိုတာ သိသွားခဲ့မယ်ဆိုရင် စိတ်ပျက်တဲ့ အမူအယာ ဖြစ်သွားမှာပင်။

ဖုန့်ရှီရဲ့ ကျင့်ကြံမှုအဆင့်က အခုလေးတင် မြင့်တက်သွားခဲ့တာဖြစ်တဲ့အတွက် သူရဲ့ နှင်းဆီရောင် ပါးပြင်နဲ့ တောက်ပတဲ့ မျက်လုံးတို့က သူ သုံးရက်လုံး မအိပ်ရသေးတဲ့လူနဲ့ တူမနေပေ။ သူ အခု စိတ်ဝိညာဉ် မြင့်မားနေပုံရနေပေမဲ့ သာမာန်အချိန်ဆိုရင်တော့ တကိုယ်ရည် ကျင့်ကြံပြီးချိန်မှာ သူ့ခြေထောက်တွေ သေချာပေါက် ထုံကျင်နေမည်ပင်။

ဖုန့်ရှီ ငရဲမင်းကြီးနဲ့ ဆန္ဒပင်လယ်ထဲကနေ ထွက်ခွါလာပြီးတဲ့အချိန်မှာတော့ နောက်တစ်ရက်မနက်ကိုတောင် ရောက်နေပြီပင်။ နောက်ဆုံးပွဲစဉ် စဖို့ တစ်နာရီတောင် မလိုတော့ချေ။

ဒီအကြိမ်တော့ ဘုရင်ကြီး ဘာမှ မပြောရသေးခင် ဖုန့်ရှီ အပြင်ကို အသည်းအသန် ပြေးထွက်သွားတော့သည်။

နောက်ဆုံးပွဲစဉ်ဖြစ်သည့်အတွက် ပရိတ်သတ်တွေ ရင်ပြင်အပြည့်ပင်။ လူအများစုကတော့ ဒီနှစ် ဘယ်သူက ချွန်ထွက်ပြီး အနိုင်ရသွားမလဲဆိုတာ မြင်ချင်နေကြပြီဖြစ်သည်။ အချို့ကတော့ ဒီနှစ်ထိပ်ဆုံးသုံးယောက် ဘယ်သူတွေ ရမလဲဆိုတာ အလောင်းအစားတောင် လုပ်နေကြပြီဖြစ်သည်။ မတူညီတဲ့ အားသာချက်တွေက အမျိုးမျိုးသော ရလဒ်တွေနှင့် ဆက်စပ်နေပြီး အကျိုးဆက်အနေနဲ့ အလောင်းအစားမှာ လူတော်တော်များများ ပါဝင်လာကြသည်။ ဖုန့်ရှီကိုယ်၌တောင်မှ လောင်းလိုက်ချင်သည်။

စာအုပ်နတ်ဘုရားက သူ့အရှေ့က ကောင်လေးရဲ့ ဖြန့်ထားတဲ့လက်ကို ကြည့်ပြီး ပါးစပ်တွန့်သွားကာ မေးလိုက်သည်၊ "သခင်၊ ခု ဘာလုပ်နေတာလဲ?"

"မင်းဆီကနေ သလင်းတွေ တောင်းနေတာပေါ့။ လောင်းဖို့အတွက် သလင်း မလိုဘူးလား? ငါ့မှာ တစ်ခုမှ ပါမလာဘူး၊ ဒါ့ကြောင့် ငါ မင်းဆီကနေ တောင်းနေတာ။" ဖုန့်ရှီက တစ်ချက် စိုက်ကြည့်လိုက်ပြီး တွေးလိုက်သည်၊ 'မင်းမှာမရှိဘူးတော့ လာမပြောနဲ့၊ သလင်းမရှိဘဲ ငါ ဘယ်လိုလုပ် လောင်းလို့ရမလဲ။'

သူ ဒီရက်ပိုင်းတွေမှာ မိစ္ဆာသားရဲဥကို ရောင်းဖို့ စိတ်ဆောင်ကြိုးပမ်းခဲ့ပေမဲ့ ဦးလေးဖြူက သူ့ကို အချိန်တိုင်း စောင့်ကြည့်နေတဲ့အတွက် အခွင့်ကောင်း လုံးဝ မရခဲ့ရပေ။ အချိန်တော်တော်များများမှာ ဖုန့်ရှီ အသည်းအသန် အားစိုက် ခိုးထားရတဲ့ မိစ္ဆာသားရဲဥက ဦးလေးဖြူဆီ ပြန်ပြန်ပါသွားခဲ့ရသည့်အတွက် သူ့မှာ သလင်း လုံးဝကို မရှိပေ။

စာအုပ်နတ်ဘုရားက ပုခုံးတွန့်လိုက်ပြီး ပြောလိုက်သည်၊ "သခင်၊ အမှန်ပြောရမယ်ဆိုရင် ကျွန်တော့မှာ တကယ်ကို ဘာသလင်းမှ မရှိဘူး။ တန်ဖိုး အနိမ့်ဆုံးဖြစ်တဲ့ သလင်းပြာတောင်မှ မရှိဘူး၊ သလင်းနီဆို ပြောမနေနဲ့တော့။ ကျွန်တော် မကူညီနိုင်တဲ့အတွက် စိတ်မကောင်းပါဘူး။"

ဖုန့်ရှီက ကံဆိုးမှုနတ်ဘုရားဆီ ခါးသီးတဲ့အကြည့်တို့နဲ့ ကြည့်လိုက်တော့ တဖက်လူက ခေါင်းမပါ လက်မပါတဲ့ သူ့ အစိမ်းရောင် ကိုယ်လုံးလုံးကို မရပ်မနား ခါယမ်းလိုက်၏။ ဒီကောင်က စာအုပ်နတ်ဘုရားထက်တောင် ပိုဆင်းရဲတယ်ဆိုတာ ဖုန့်ရှီ ပြောနိုင်တယ်။ အဲ့တာကြောင့် ဖုန့်ရှီတစ်ယောက် သူ့မျှော်လင့်ချက်တို့ကို အမွှေးမဲ့ကြ်ကပေါ်ပဲ ပုံအပ်လိုက်တော့သည်။

အမွှေးမဲ့ကြက် အတန်ကြာ ကြောင်နေပြီးနောက် ဖုန့်ရှီ ဘာလိုချင်တယ်ဆိုတာ သဘောပေါက်သွားပြီး သူ့ရောင်စုံအမွှေးအတောင်တို့ကို ဖြည်းညင်းစွာ စတင် ခတ်လိုက်တော့သည်။

နောက်ဆုံး သူ သလင်းပြာ အစိတ်အပိုင်းသေးလေး တစ်ခုကို ထုတ်လိုက်သည်။ သို့သော် သလင်းပြာ၏ မျက်နှာပြင်အရောင်ကတော့ စွမ်းအင်တွေ မရှိတော့သည့်အလား ပုံမှန်ထက်တောင် ပိုနက်မှောင်နေ၏။

အမွှေးမဲ့ကြက်က ဖုန့်ရှီ၏မျက်လုံးထဲမှ စိုက်ကြည့်နေတဲ့အကြည့်ကို သတိပြုမိသွားပြီးနောက် သူ့ခေါင်းကို ကုတ်လိုက်ကာ၊ "တောင်းပန်ပါတယ်သခင်၊ ဒီသလင်းပြာသေးသေးလေးက တနေ့တုန်းက ကျွန်တော်ကောက်ရခဲ့တဲ့ ကျွန်တော့မှာရှိတဲ့ တစ်ခုတည်းသော သလင်းပါ။ ဒါပေမဲ့ ကျွန်တော် သူ့စွမ်းအင်အချို့ကို စုပ်ယူထားခဲ့တယ်၊ ဒါ့ကြောင့်... ဒီလို ဖြစ်သွားရတာ။ သခင် သုံးလို့ ရ၊ မရ ကျွန်တော် မသိဘူး?"

"အဓိပ္ပါယ်မရှိတာ၊ သေချာတာပေါ့ ငါ ဘယ်သုံးလို့ ရပါတော့မလဲ။ အထဲမှာ စွမ်းအင်တောင်မရှိတော့တဲ့ သာမာန် သလင်းပြာတစ်ခုကို ဘယ်သူက လိုချင်ပါတော့မလဲ?!" စာအုပ်နတ်ဘုရားက အမွှေးမဲ့ကြက်ကို မျက်လုံးလှန်ကြည့်လိုက်ကာ တွေးလိုက်သည်၊ 'မင်းတို့အားလုံး ဘာလို့ မိုက်မဲကြရတာလဲ? ငါရှိတာ မင်းတို့ ကံကောင်းလို့၊ အဲ့လိုမှမဟုတ်ရင် မင်းတို့ ဘယ်လို ဘဝမျိုး နေကြမှာလဲ?'

ဘုံသုံးဘုံမှာ သုံးစွဲတဲ့ ငွေကြေးက သလင်းပြာ၊ သလင်းနီနဲ့ သလင်းခရမ်းတို့ ဖြစ်သည်။ တစ်မျိုးနဲ့ တစ်မျိုးကြား ငွေကြေးလဲလှယ်နှုန်းထားကတော့ အတူတူပင်။ သလင်းခရမ်းကတော့ သုံးမျိုးထဲမှာ တန်ဖိုးအရှိဆုံးဖြစ်ပြီး သလင်းခရမ်းတစ်ပိုင်းကို သလင်းပြာ တစ်ထောင်နှင့် လဲလှယ်နိုင်သည်။ သလင်းပြာကတော့ စွမ်းအင်အနည်းဆုံး ပါဝင်ကာ လူသုံးအများဆုံးဖြစ်သည်။

အမွှေးမဲ့ကြက် လက်ထဲက သလင်းပြာထဲမှ စွမ်းအင်က သားရဲက စုပ်ယူပြီး ဖြစ်သည့်အတွက် ဘယ်သူမှ မလိုချင်တော့သည့် သာမာန်သလင်းတစ်ခုသာပင်။

အမွှေးမဲ့ကြက်က သူ့သခင် သူ့ကို စိုက်ကြည့်နေတာ တွေ့သွားတော့ ကိုးရို့ကားယား အမူအယာ ဖြစ်သွားသည်၊ "သခင်၊ နန်းတော်ကို ပြန်သွားပြီး ကြီးမြတ်လှတဲ့ ငရဲမင်းကြီးဆီကနေ သလင်း သွားတောင်းရင်ရော?"

အဲ့တာကို ကြားတော့ တဖက်သူပေးတဲ့ အသုံးမကျတဲ့ အကြံကြောင့် ဖုန့်ရှီက ချက်ချင်းပဲ အမွှေးမဲ့ကြက်ကို ကန်လိုက်တော့သည်။သူ တကယ်လို့ နန်းတော်ကို ပြန်သွားပြီး ဘုရင်ကြီးကို သလင်းတောင်းလိုက်မယ်ဆိုရင် သူလုပ်ရမယ့် တာဝန်ကို လျစ်လျူရှုမိတဲ့အတွက် ပစ်တင်ခံရမှာပင်။ အဲ့တာဆို ဖုန့်ရှီ ကောင်းကင်ထွပ်ထိပ်နန်းတော်ထဲ ထပ်ပြီး အချုပ်ခံရတဲ့အတွက် နောက်ဆုံးပွဲစဉ်ကိုတောင် တက်ရောက်လိုက်နိုင်မှာ မဟုတ်ချေ။

"အဟမ်း၊ တကယ်တော့..."

စာအုပ်နတ်ဘုရားက သူ့ရဲ့ အကူအညီမဲ့နေတဲ့ အပေါင်းအသင်းတွေကို ကြည့်လိုက်ပြီး ချောင်းချောက်တစ်ချက် ဟန့်လိုက်ရင်း အခြားသူတွေရဲ့ အာရုံကို လွှဲယူလိုက်ပြန်သည်။ မျှော်လင့်တကြီး ဖြစ်နေကြတဲ့ မျက်နှာတွေကို ကြည့်လိုက်ပြီး စာအုပ်နတ်ဘုရား သူ့ကိုယ်သူ ကျေနပ်ပီတိ မဖြစ်ဘဲ မနေနိုင်တော့ပဲ တွေးလိုက်သည်၊ 'အင်း၊ ငါ မရှိရင် မင်းတို့ ဘာမှ မလုပ်နိုင်ကြပါလား။'

"တကယ်တော့ လောင်းဖို့အတွက် ကျွန်တော်တို့ သလင်းသုံးဖို့ မလိုပါဘူး။ တခြားပစ္စည်းတွေလည်း ရပါတယ်။ ပုံမှန်ဆို တန်ဖိုးရှိတဲ့အရာတိုင်းမှာ သူ့စျေးနဲ့သူရှိတယ်။ အဲ့အတွက် ကျွမ်းကျင်ပညာရှင်တွေက သူ့ဖာသူ အဖိုးဖြတ်ကြလိမ့်မယ်။"

"အဲ့တာ ဟုတ်တယ်။" ဖုန့်ရှီ ရုတ်တရက် အလင်းပေါက်သွားကာ ကမ္ဘာ့သစ်သီးတစ်လုံး ထုတ်ယူလိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်၊ "ဒါဆို ငါ ဒီသစ်သီးကို လောင်းကြေးအနေနဲ့ သုံးမယ်. အဲ့တာက .... အ့!!!'

နောက်တစ်စက္ကန့်မှာတော့ နှလုံးကြေကွဲ ဝမ်းနည်းမြည်ကြွေးပြီး သူ့အပေါ် ခုန်ပေါက်နေကြတဲ့ သူ့အဖော်သုံးယောက်ရဲ့ ထုရိုက်ခြင်းကို သူ ခံလိုက်ရပါတော့တယ်။

20211117; 2236

—————————— Zawgyi —————————

အပိုင္း ၈၄။ ပိုင္ဆိုင္မွု

ထူးကဲလွပေသာ ပြင့္ဖတ္မ်ားက မိုးစက္မ်ားအလား ေကာင္းကင္မွ လြင့္လာသည္။

ဆႏၵပင္လယ္အလယ္ရွိ ဧရာမပန္းပြင့္ႀကီးေပၚတြင္ ေရြေရာင္ ပုံပန္းသ႑ာန္တစ္ခု ေျခခ်ိတ္ကာ ထိုင္ေန၏။

ေကာင္ေလး၏ ကိုယ္ခႏၶာမွ ေရႊေရာင္ စိတ္ဝိညာဥ္စြမ္းအင္မ်ား စီးဆင္းေနသလို အစိမ္းေရာင္ အလင္းတိုက သူ႔ထံမွ ဒီေရအလား ယိုစီးထြက္ေန၏။ အေရာင္ အလင္းတန္းႏွစ္ခုသည္ တစ္ခုႏွင့္တစ္ခု ေရာယွက္ေနကာ ေကာင္ေလး၏ ကိုယ္ခႏၶာကို ညင္သာစြာ ရစ္ပတ္ထားၿပီး မ်က္စိက်ိန္းေလာက္ဖြယ္ အလင္းတို႔ ထုတ္လႊတ္ေနသည္။ အထပ္ထပ္အခါခါ ဖိခ်ဳံ႕ထားေသာ စိတ္ဝိညာဥ္စြမ္းအင္တို႔သည္ လက္မအရြယ္ျဖစ္လာကာ ေနာက္ဆုံးေတာ့ ေကာင္ေလး၏ကိုယ္ခႏၶာထဲသို႔ ဝင္ေရာက္သြားေတာ့၏။

စုစည္းထားေသာ စိတ္ဝိညာဥ္စြမ္းအင္တစ္စက္သည္ ေကာင္ေလး၏ကိုယ္ထဲသို႔ တစ္ႀကိမ္ဝင္သြားတိုင္း ေပ်ာ့ေပ်ာင္းေသာ သူ႔အရိုးတို႔သည္ ပို၍ ခိုင္မာလာေတာ့သည္။ ေကာင္ေလး၏ ေသြးေၾကာက်ယ္က်ယ္ထဲသို႔ အဆက္မျပတ္ စီးဝင္စီးထြက္ေနေသာ မ်ားျပားေသာ စိတ္ဝိညာဥ္စြမ္းအင္တို႔က ေကာင္ေလး၏ အေျခခံက်င့္ႀကံမွုကို တည္ၿငိမ္လာေစ၏။ တခ်ိန္တည္းတြင္ အလြန္စုစည္းထားေသာ စိတ္ဝိညာဥ္စြမ္းအင္မ်ား အေရေပ်ာ္လာသည္ႏွင့္အမၽွ သူ႔ႏွလုံးထဲရွိ စူးရွေသာ နဂါးေငြ႕တန္းစီးေၾကာင္းမွ ၾကယ္အေရအတြက္တို႔ အလ်င္အျမန္ တိုးလာသည္။ အေရအတြက္ တစ္ခုသို႔ ေရာက္သြားေသာအခါ နဂါးေငြ႕တန္းစီးေၾကာ၏ ပိုင္ဆိုင္မွုတို႔ တစ္ခုလုံး ေျပာင္းလဲသြားမည္ျဖစ္သည္။

ေျခယွက္ၿပီး ၿငိမ္သက္စြာထိုင္ေနေသာ ေကာင္ေလးေဘးတြင္ ႏူးညံ့သိမ္ေမြ႕သည့္ ပုံသ႑ာန္တစ္ခုက ေျဖာင့္မတ္စြာ ရပ္ေနသည္။

ထိုလူ၏ ဆင္စြယ္ျဖဴေရာင္ ဝတ္႐ုံရွည္သည္ ေလတိုက္ခတ္ျခင္းမရွိဘဲ ေလထဲတြင္ လြင့္ေနကာ သူ႔ေနာက္ေက်ာတြင္ ေကြးညႊတ္ေန၏။ လူသာမာန္တို႔မူကား  သူ ေတာင္ထိပ္မွာ ရပ္ေနသည့္အလား ေလးစားမွုအျပည့္ျဖင့္ ဖူးေမၽွာ္ ေမာ့ၾကည့္႐ုံသာ တတ္နိုင္သည္။ ေလထဲ လြင့္ေျမာေနေသာ ပြင့္ဖတ္တို႔သည္ ထိုလူ၏ကိုယ္ကို တေနရာမွ မထိဝံ့ေပ။ ေလတိုက္လိုက္တိုင္းတြင္ ပြင့္ဖတ္တို႔သည္ကား ထိုလူအား ထိလုထိခင္တြင္ ေကြ႕ဝိုက္သြားေတာ့သည္။

ထိုလူကေတာ့ လူတိုင္း ေလးစားရေသာ ငရဲမင္းႀကီးပင္ျဖစ္ၿပီး သူ႔ေဘးနား ထိုင္ေနသူကေတာ့ ငဆိုးေလး ဖုန္႔ရွီပင္တည္း။

ကမၻာ့သစ္သီးေၾကာင့္ ဖုန္႔ရွီ့တစ္ကိုယ္လုံးေပၚမွာ လတ္ဆတ္ေသာ ေျမသင္းနံ့ ရွိေန၏။

ဖုန္႔ရွီ ကမၻာ့သစ္သီးအေျမာက္အမ်ား ရၿပီးေနာက အခ်ိဳ႕ကိုေတာ့ သူ႔အေဖာ္မ်ားကို ေဝမၽွလိုက္ေသာ္ညား သူကေတာ့ တစ္လုံးသာ စားရေသးသည္။ သစ္သီးအတြင္း ပါဝင္ေသာ စြမ္းအင္မွာ ႏူးညံ့ေသာေၾကာင့္ လူသာမာန္တို႔မွာ သူ/သူမတို႔၏ က်င့္ႀကံမွုအဆင့္ေပၚ မူတည္၍သာ စားသုံးနိုင္သည္။ ထိုမည္သို႔္ပင္ဆိုေစကာမူ လူတစ္ဦးအတြက္ အမ်ားဆုံး စားသုံးနိုင္သည့္ပမာဏမွာ ႏွစ္လုံး၊ သုံးလုံးသာ ျဖစ္ၿပီး ထို႔ထက္ပို စားသုံးမိေသာ က်င့္ႀကံသူတို႔မွာ မ်ားျပားလွေသာ စြမ္းအင္ေၾကာင့္ ဆိုးဝါးစြာ ဒဏ္ရာရရွိမည္ျဖစ္ၿပီး သူ/သူမ၏ အသက္ကိုပင္ ဆုံးရွုံ႔းသြားရနိုင္သည္။

သို႔ေသာ္ ဖုန္႔ရွီကား သာမာန္က်င့္ႀကံသူမဟုတ္ေပ။ ဘုရင္ႀကီး ခ်ဲ႕ေပးထားေသာ သူ႔ေသြးေၾကာတို႔မွာ စိတ္ဝိညာဥ္စြမ္းအင္ကို လူသာမာန္တို႔ထက္ ငါးဆ ပို၍ လက္ခံနိုင္သည္။

အက်ိဳးဆက္အေနႏွင့္ သူ ကမၻာ့သစ္သီး သုံးလုံးဆက္တိုက္ စားၿပီးပါကလည္း သူ႔ေသြးေၾကာ ေပါက္ထြက္သြားမည္ကို စိုးရိမ္စရာ မလိုေခ်။

သူက နတ္ဘုရားဘုရင္နယ္ပယ္ ပထမအဆင့္မွာ စြမ္းအားႀကီးတဲ့ က်င့္ႀကံသူတစ္ေယာက္ ျဖစ္ေနေသာ္လည္း ေနာက္ဆုံးပြဲစဥ္မွာ တက္ေရာက္သူအားလုံးကို အနိုင္ယူဖို႔ေတာ့ အလုံအေလာက္ အားမေကာင္းေပ။ အေမႊးမဲ့ၾကက္က သူ႔ကို နိုင္ေအာင္ ကူညီေပးနိုင္ေပမဲ့လည္းး သူ႔အေျခခံက်င့္ႀကံဆင့္ကိုေတာ့ သူ ျမႇင့္ဖို႔ လိုေနဆဲပင္။ ထို႔ေၾကာင့္လည္း ဘုရင္ႀကီးက ဖုန္႔ရွီကို ဆႏၵပင္လယ္ထဲ ထပ္ေခၚလာရျခင္း ျဖစ္သည္။

ဒီအႀကိမ္ေတာ့ ဘုရင္ႀကီးက ဘာမွ ဝင္မပါဘဲ ဖုန္႔ရွီ သူ႔ဖာသာသူပဲ က်င့္ႀကံေနသည္။

ဖုန္႔ရွီ၏ ကိုယ္ပတ္လည္တြင္ ေရႊေရာင္အလင္းႏွင့္ အစိမ္းေရာင္အလင္းတို႔ သုံးရက္ေလာက္ အခ်င္းခ်င္း ေရာယွက္ေနၿပီးေနာက္ အစိမ္းေရာင္အလင္းတို႔ တျဖည္းျဖည္း မွိန္ေဖ်ာ့လာကာ ေနာက္ဆုံး လုံးဝ ေပ်ာက္ကြယ္သြားသည္မွာ ကမၻာ့သစ္သီး တစ္လုံးလုံး အစာေခ်ညက္ၿပီးၿပီဆိုသည္ကို ျပဆိုေနျခင္းပင္ျဖစ္သည္။ ေကာင္ေလး၏ ကိုယ္ကို ေရႊေရာင္အလင္းတို႔ ထပ္မံ ထုတ္ပိုးရစ္ပတ္ေနသလို သူ႔ေသြးေၾကာတို႔မွာလည္း ေပါ့ပါးေသာ ေရႊေရာင္ စိတ္ဝိညာဥ္စြမ္းအင္တို႔ျဖင့္ ျပည့္ႏွက္ေန၏။

႐ုတ္တရက္ ဖုန္႔ရွီ မ်က္လုံးဖြင့္လိုက္ရာ မီးစႏွစ္ဖက္ သူ႔မ်က္လုံးထဲ ျဖတ္ေျပးသြားသည္။ ထိုအခ်ိန္တြင္ ေကာင္ေလးထံမွ ထုတ္လႊတ္ေနေသာ ဩဇာျပည့္ႏွက္ေနေသာ ကိုယ္ေရာင္ရွိန္ဝါိတို႔ေၾကာင့္ ဘုရင္ႀကီးေတာင္ ထိတ္လန္႔သြားရ၏။

တစ္စကၠန္႔ေလာက္ပဲ ၾကာလိုက္ေသာ္လည္း ဘုရင္ႀကီးမွာ ႀကီးမားေသာ ဖိအားတစ္ခုကို ခံစားမိေနဆဲပင္။

အခု သူ႔ကိုယ္ထဲမွ နဂါးေငြ႕တန္း စီးေၾကာင္းကို စစ္ေဆးေနေသာ ဖုန္႔ရွီကေတာ့ ဘာျဖစ္သြားသလဲဆိုတာ မသိလိုက္ေခ်။ ထို႔ေနာက္ စီးေၾကာထဲမွ ၾကယ္မ်ားက အရင္ကလို အျဖဴေရာင္အလင္းတို႔ ထုတ္လႊတ္ရမည့္အစား အျပာေရာင္အလင္းေဖ်ာ့ေဖ်ာ့ ထုတ္လႊတ္ေနၿပီး ညေကာင္းကင္ထဲမွ ၾကယ္အစစ္ထက္ပင္ ပိုေတာက္ပေနသည္ကို သူ ေတြ႕လိုက္ရသည္။

"ေခါင္းေဆာင္၊ ေခါင္းေဆာင္၊ ကၽြန္ေတာ္ က်င့္ႀကံဆင့္ တက္သြားၿပီ!" ဖုန္႔ရွီ ခ်က္ခ်င္းပင္ ခုန္လိုက္ၿပီးေနာက္ ဘုရင္ႀကီးဆီ ေခါင္းေမာ့ၿပီး စိတ္လွုပ္ရွားစြာ ေလ်ာက္သြားလိုက္သည္။ သူ႔သြားစြယ္ႏွစ္ေခ်ာင္းေတာင္မွ အရင္ကထက္ ပိုျဖဴေနသည္ပင္။

"ေကာင္းတယ္။" ဘုရင္ႀကီးက ဖုန္႔ရွီကို အျမဲပင္ ရက္ရက္ေရာေရာ ခ်ီးမြမ္းသည္။

ကမၻာ့သစ္သီး စားသုံးလိုက္သည့္အတြက္ ဖုန္႔ရွီ နတ္ဘုရားဘုရင္အဆင့္ အဆင့္တစ္မွ အဆင့္ေျခာက္သို႔ တိုက္ရိုက္ ေရာက္သြားေသာ္လည္း ဘုရင္ႀကီးကေတာ့ ေကာင္ေလး ဒီလို ေအာင္ျမင္မွု သူ႔ဖာသူ ရယူနိုင္သည့္အတြက္ အထင္ႀကီးေနဆဲပင္။ အဆုံးမေတာ့ ေကာင္ေလး စိတ္ရွည္သည္းခံမွု အားနည္းတယ္ဆိုတာကို ဘုရင္ႀကီး သိသည့္အတြက္ ေကာင္ေလး သူ႔စိတ္ရွည္သည္းခံမွုအတြက္ အဲ့ဒီ့ခ်ီးမြမ္းမွုကို ရထိုက္တာပဲေလ။

ဘုရင္ႀကီးရဲ့ ခ်ီးမြမ္းမွုကို ေကာင္ေလး ၾကားလိုက္ရေတာ့ သူ႔မ်က္ႏွာေပၚက အျပဳံးတို႔က ပိုလို႔ေတာင္ ႀကီးသြားေတာ့သည္။

သူ႔ႀကိဳးစားမွု ေနာက္ဆုံးေတာ့ အရာထင္ေလၿပီ။ သူ႔ေခါင္းေဆာင္ သိပ္စိတ္မတိုေစဖို႔အတြက္ သူ စိတ္ရွည္ရွည္နဲ႔ သုံးရက္ေလာက္ ထိုင္ခဲ့ရသည္။ က်င့္ႀကံျခင္းလို ပ်င္းစရာေကာင္းတာမ်ိဳး သူ လုံးဝမႀကိဳက္တဲ့အတြက္ သာမာန္အေျခအေနမ်ိဳးမွာဆို ပထမဆုံး က်င့္ႀကံတဲ့ေန႔မွာကတည္းက သူ ခုန္ထမိမွာဆိုေပမဲ့ သူ လြန္ခဲ့တဲ့သုံးရက္က ဆႏၵပင္လယ္ အျပင္ဖက္မွာ သူ႔ေခါင္းေဆာင္ကို ေဒါသထြက္ေအာင္ သူ လုပ္ခဲ့မိသည္ေလ။ အဲ့အခ်ိန္တုန္းက ဘုရင္ႀကီးက ဖုန္႔ရွီရဲ့ ေျခေထာက္ေပၚက အနာကိုေတာင္ မကုေပးခဲ့ဘူးဆိုကတည္းက ဘုရင္ႀကီး တကယ္စိတ္ဆိုးသြားတဲ့သေဘာပင္။

သူ ရလာမယ့္ အက်ိဳးအျမတ္ေတြအားလုံး ေပ်ာက္ကြယ္သြားမွာကို စိုးတဲ့ ဖုန္႔ရွီက ဆႏၵပင္လယ္ထဲ သုံးရက္တိတိ က်င့္ႀကံျခင္းႏွင့္သာ သူ႔ရဲ့ အစြမ္းကုန္ စိတ္ရွည္သည္းခံမွုကို ျပသနိုင္ေတာ့သည္။

ရလဒ္ကေတာ့ ဖုန္႔ရွီ အလြန္ကို စိတ္ေက်နပ္သြားရ၏။ သူ႔ေခါင္းေဆာင္က သူ႔ကို စိတ္မဆိုးေတာ့႐ုံမက သူ႔က်င့္ႀကံဆင့္ကပါ ျမင့္သြားသည္။ ေပ်ာ္စရာျဖစ္ရပ္ ႏွစ္ခုလုံး တၿပိဳင္နက္တည္း ေရာက္လာတာပင္။ သူ အခု အျပင္မွာ ေပ်ာ္ပြဲ က်င္းပနိုင္မလား ဖုန္႔ရွီ ေတြးမိသြား၏။

ဒါေပမဲ့ ဘုရင္ႀကီးသာ ေကာင္ေလး ဘာေတြးေနတယ္ဆိုတာ သိသြားခဲ့မယ္ဆိုရင္ စိတ္ပ်က္တဲ့ အမူအယာ ျဖစ္သြားမွာပင္။

ဖုန္႔ရွီရဲ့ က်င့္ႀကံမွုအဆင့္က အခုေလးတင္ ျမင့္တက္သြားခဲ့တာျဖစ္တဲ့အတြက္ သူရဲ့ ႏွင္းဆီေရာင္ ပါးျပင္နဲ႔ ေတာက္ပတဲ့ မ်က္လုံးတို႔က သူ သုံးရက္လုံး မအိပ္ရေသးတဲ့လူနဲ႔ တူမေနေပ။ သူ အခု စိတ္ဝိညာဥ္ ျမင့္မားေနပုံရေနေပမဲ့ သာမာန္အခ်ိန္ဆိုရင္ေတာ့ တကိုယ္ရည္ က်င့္ႀကံၿပီးခ်ိန္မွာ သူ႔ေျခေထာက္ေတြ ေသခ်ာေပါက္ ထုံက်င္ေနမည္ပင္။

ဖုန္႔ရွီ ငရဲမင္းႀကီးနဲ႔ ဆႏၵပင္လယ္ထဲကေန ထြက္ခြါလာၿပီးတဲ့အခ်ိန္မွာေတာ့ ေနာက္တစ္ရက္မနက္ကိုေတာင္ ေရာက္ေနၿပီပင္။ ေနာက္ဆုံးပြဲစဥ္ စဖို႔ တစ္နာရီေတာင္ မလိုေတာ့ေခ်။

ဒီအႀကိမ္ေတာ့ ဘုရင္ႀကီး ဘာမွ မေျပာရေသးခင္ ဖုန္႔ရွီ အျပင္ကို အသည္းအသန္ ေျပးထြက္သြားေတာ့သည္။

ေနာက္ဆုံးပြဲစဥ္ျဖစ္သည့္အတြက္ ပရိတ္သတ္ေတြ ရင္ျပင္အျပည့္ပင္။ လူအမ်ားစုကေတာ့ ဒီႏွစ္ ဘယ္သူက ခၽြန္ထြက္ၿပီး အနိုင္ရသြားမလဲဆိုတာ ျမင္ခ်င္ေနၾကၿပီျဖစ္သည္။ အခ်ိဳ႕ကေတာ့ ဒီႏွစ္ထိပ္ဆုံးသုံးေယာက္ ဘယ္သူေတြ ရမလဲဆိုတာ အေလာင္းအစားေတာင္ လုပ္ေနၾကၿပီျဖစ္သည္။ မတူညီတဲ့ အားသာခ်က္ေတြက အမ်ိဳးမ်ိဳးေသာ ရလဒ္ေတြႏွင့္ ဆက္စပ္ေနၿပီး အက်ိဳးဆက္အေနနဲ႔ အေလာင္းအစားမွာ လူေတာ္ေတာ္မ်ားမ်ား ပါဝင္လာၾကသည္။ ဖုန္႔ရွီကိုယ္၌ေတာင္မွ ေလာင္းလိုက္ခ်င္သည္။

စာအုပ္နတ္ဘုရားက သူ႔အေရွ႕က ေကာင္ေလးရဲ့ ျဖန္႔ထားတဲ့လက္ကို ၾကည့္ၿပီး ပါးစပ္တြန္႔သြားကာ ေမးလိုက္သည္၊ "သခင္၊ ခု ဘာလုပ္ေနတာလဲ?"

"မင္းဆီကေန သလင္းေတြ ေတာင္းေနတာေပါ့။ ေလာင္းဖို႔အတြက္ သလင္း မလိုဘူးလား? ငါ့မွာ တစ္ခုမွ ပါမလာဘူး၊ ဒါ့ေၾကာင့္ ငါ မင္းဆီကေန ေတာင္းေနတာ။" ဖုန္႔ရွီက တစ္ခ်က္ စိုက္ၾကည့္လိုက္ၿပီး ေတြးလိုက္သည္၊ 'မင္းမွာမရွိဘူးေတာ့ လာမေျပာနဲ႔၊ သလင္းမရွိဘဲ ငါ ဘယ္လိုလုပ္ ေလာင္းလို႔ရမလဲ။'

သူ ဒီရက္ပိုင္းေတြမွာ မိစၧာသားရဲဥကို ေရာင္းဖို႔ စိတ္ေဆာင္ႀကိဳးပမ္းခဲ့ေပမဲ့ ဦးေလးျဖဴက သူ႔ကို အခ်ိန္တိုင္း ေစာင့္ၾကည့္ေနတဲ့အတြက္ အခြင့္ေကာင္း လုံးဝ မရခဲ့ရေပ။ အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ဖုန္႔ရွီ အသည္းအသန္ အားစိုက္ ခိုးထားရတဲ့ မိစၧာသားရဲဥက ဦးေလးျဖဴဆီ ျပန္ျပန္ပါသြားခဲ့ရသည့္အတြက္ သူ႔မွာ သလင္း လုံးဝကို မရွိေပ။

စာအုပ္နတ္ဘုရားက ပုခုံးတြန္႔လိုက္ၿပီး ေျပာလိုက္သည္၊ "သခင္၊ အမွန္ေျပာရမယ္ဆိုရင္ ကၽြန္ေတာ့မွာ တကယ္ကို ဘာသလင္းမွ မရွိဘူး။ တန္ဖိုး အနိမ့္ဆုံးျဖစ္တဲ့ သလင္းျပာေတာင္မွ မရွိဘူး၊ သလင္းနီဆို ေျပာမေနနဲ႔ေတာ့။ ကၽြန္ေတာ္ မကူညီနိုင္တဲ့အတြက္ စိတ္မေကာင္းပါဘူး။"

ဖုန္႔ရွီက ကံဆိုးမွုနတ္ဘုရားဆီ ခါးသီးတဲ့အၾကည့္တို႔နဲ႔ ၾကည့္လိုက္ေတာ့ တဖက္လူက ေခါင္းမပါ လက္မပါတဲ့ သူ႔ အစိမ္းေရာင္ ကိုယ္လုံးလုံးကို မရပ္မနား ခါယမ္းလိုက္၏။ ဒီေကာင္က စာအုပ္နတ္ဘုရားထက္ေတာင္ ပိုဆင္းရဲတယ္ဆိုတာ ဖုန္႔ရွီ ေျပာနိုင္တယ္။ အဲ့တာေၾကာင့္ ဖုန္႔ရွီတစ္ေယာက္ သူ႔ေမၽွာ္လင့္ခ်က္တို႔ကို အေမႊးမဲ့ၾက္ကေပၚပဲ ပုံအပ္လိုက္ေတာ့သည္။

အေမႊးမဲ့ၾကက္ အတန္ၾကာ ေၾကာင္ေနၿပီးေနာက္ ဖုန္႔ရွီ ဘာလိုခ်င္တယ္ဆိုတာ သေဘာေပါက္သြားၿပီး သူ႔ေရာင္စုံအေမႊးအေတာင္တို႔ကို ျဖည္းညင္းစြာ စတင္ ခတ္လိုက္ေတာ့သည္။

ေနာက္ဆုံး သူ သလင္းျပာ အစိတ္အပိုင္းေသးေလး တစ္ခုကို ထုတ္လိုက္သည္။ သို႔ေသာ္ သလင္းျပာ၏ မ်က္ႏွာျပင္အေရာင္ကေတာ့ စြမ္းအင္ေတြ မရွိေတာ့သည့္အလား ပုံမွန္ထက္ေတာင္ ပိုနက္ေမွာင္ေန၏။

အေမႊးမဲ့ၾကက္က ဖုန္႔ရွီ၏မ်က္လုံးထဲမွ စိုက္ၾကည့္ေနတဲ့အၾကည့္ကို

You are reading the story above: TeenFic.Net