Please scroll down for Zawgyi.
အပိုင်း ၈၃။ ဒုက္ခအကြီးအကျယ် ကြုံတဲ့အခါ ရှောင်ကွင်းသွား
ဘုရင်ကြီးက ကောင်လေး လက်နှင့် အုပ်ထားသည့် ခြေထောက်ကို တည်ငြိမ်သောအကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ ဖုန့်ရှီနှင့် စာအုပ်နတ်ဘုရားတို့ တစ်ကိုယ်လုံး ချွေးစေးထွက်တော့မယ့်ဆဲဆဲတွင် လေပြေလို နူးညံ့သောအသံတစ်သံ သူတို့ ကြားလိုက်ကြသည်၊ "နာသွားလား?"
အဲ့တာကို ကြားတော့ ဖုန့်ရှီ ချက်ချင်းပဲ နာကျင်မှုကြောင့် ရှုံ့မဲ့သွားတော့သည်။
ထိုမေးခွန်းကို ကြားပြီးနောက် ကျိုးလုနီးပါးဖြစ်သွားသော သူ့ခြေထောက်ကို ရုတ်ချည်း သတိရသွားသည်။ ထို့နောက် နာကျင်မှု ပြန်ပေါ်လာကာ ကြွက်သားတို့ တုန့်ဆိုင်းသွားတော့သည်။ အနာတရဖြစနေသော သူ့ခြေထောက်ကို သူ့ခေါင်းဆောင် ကုသပေးတော့မည်ဟု တွေးထင်မိသောအချိန်တွင် လေပြေညှင်းနှင့်တူသော နူးညံ့သော အသံကို သူ ရုတ်တရက် ကြားလိုက်ရသည်။ သို့သော် ဒီတစ်ကြိမ်တော့ ဖုန့်ရှီတစ်ယောက် သူကြားလိုက်ရတာကို မကောင်းဆိုးဝါးတစ်ကောင် တီးတိုးပြောလိုက်သံအလားသာ ခံစားလိုက်ရသည်။
"နာတယ်ဆိုရင် ကိုယ်တော် မင်းကို ခဏလောက် နာကျင်မှု ခံစားခွင့်ပေးမယ်။ မင်း သင်ခန်းစာ ယူသင့်တယ်!"
စိတ်ပျက်သွားသော မျက်နှာဖြင့် ဖုန့်ရှီ ချက်ချင်းပင် ရိုးသားစွာ တောင်းပန်လိုက်သည်၊ "တောင်းပန်ပါတယ်၊ ကျွန်တော့အမှားပါ။"
ဘုရင်ကြီးက ဖြည်းညှင်းစွာ လှည့်လိုက်ကာ ပြောလိုက်သည်၊ "ကိုယ်တော့နောက် လိုက်ခဲ့။" တချိန်တည်းတွင် ဖုန့်ရှီတစ်ယောက် မမြင်လိုက်ရသည်မှာ ဘုရင်ကြီးမျက်နှာပေါ်က နူးညံ့သွားပြီဖြစ်သော အမူအယာကိုပင်ဖြစ်သည်။
ဖုန့်ရှီ ဒီတစ်ကြိမ်တော့ သူ ရုန်းမထွက်နိုင်တော့ပြီဆိုသည်ကို သိသည့်အတွက် မထိန်းနိုင်တော့ဘဲ ခြေဖျားများ အေးစက်လာကာ သူ့ကံကြမ္မာကို သူ လက်မခံချင် ဖြစ်သွားရတော့သည်။
စာအုပ်နတ်ဘုရားက ဘုရင်ကြီးနောက်ကျောကို ကြည့်ပြီး ကြောက်ကြောက်နှင့် တံတွေးမြိုချလိုက်သည်။ ထို့နောက် အလွန် စိတ်ဓါတ်ကျနေသော သူ့သခင်ကို ပြောလိုက်သည်၊ "သခင်၊ ကျွန်တော် နေဖို့မလိုဘူးဆိုတော့ ကျွန်တော် သွားတော့မယ်နော်။ မနက်ဖန် သခင့်ကို တွေ့နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။"
ပြောပြီးနောက် ဖုန့်ရှီ ဘာမှပြန်မပြောနိုင်ခင်မှာပင် စာအုပ်နတ်ဘုရား ချက်ချင်းပဲ ထွက်ပြေးသွားတော့သည်။ တချိန်တည်းမှာပင် ဖုန့်ရှီကိုယ်ထဲကနေ အလင်းတန်းနှစ်ခု ထွက်သွားကာ စာအုပ်နတ်ဘုရားထွက်ပြေးသွားတဲ့နောက် လိုက်သွားတော့သည်။ အလင်းတွေကတော့ ဖုန့်ရှီ၏ အဝတ်ထဲတွင်။ ပုန်းအောင်းနေသော ကံဆိုးမှုနတ်ဘုရားနှင့် အမွှေးမဲ့ကြက်တို့ပင် ဖြစ်သည်။ သူတို့က ကြောက်စရာကောင်းတဲ့ ငရဲမင်းကြီးကို ဖုန့်ရှီနဲ့အတူ မျက်နှာချင်းမဆိုင်ရဲကြချေ။ ထို့ကြောင့် စာအုပ်နတ်ဘုရား၏ စကားကို ကြားလိုက်ရသည်နှင့် သူတို့လည်း မြန်နိုင်သမျှ မြန်မြန် ပျံပြေးရန် ဆုံးဖြတ်လိုက်ကြတော့သည်။
ဒုက္ခအကြီးအကျယ် ကြုံတဲ့အခါ သူငယ်ချင်းဆိုတာ ရှောင်ကွင်းသွားတတ်ကြတာပါပဲ! အဲ့တာကတော့ အခု ဖုန့်ရှီရဲ့ အပေါင်းအဖော်တွေ လုပ်လိုက်တဲ့ အပြုအမူအတိအကျပင်!
ဖုန့်ရှီခမျာ သူတို့နောက်ကျောကို မျက်လုံးအပြူးသားဖြင့် ကြည့်ရုံသာ တတ်နိုင်တော့သည်။ နောက်ဆုံးတော့ သူ ခြေဆောင့်လိုက်ပြီး ပြောလိုက်သည်၊ "မကောင်းတဲ့ သုံးကောင်! နောက်တစ်ကြိမ် ကောင်းတာတွေဆို မင်းတို့နဲ့ လုံးဝ မဝေမျှတော့ဘူး။ ဟွန့်!"
သူ့ဒေါသကို ပုံချပြီးနောက် ဘုရင်ကြီးနောက် ထော့နဲ့ထော့နဲ့ဖြင့် တွန့်ဆုတ်တွန့်ဆုတ် လိုက်သွားရတော့သည်။
တိတ်ဆိတ်သောနန်းတော်သည် ညရောက်သော်လည်း မှောင်မသွားချေ။ နန်းတော်အတွင်းတွင်ရှိသော သလင်းလုံးမှာ နန်းတော်ထောင့်တိုင်းကို အလင်းပေးနိုင်သောကြောင့် နန်းတော်တစ်ခုလုံးသည် ယခင်အတိုင်း တောက်ပလင်းထိန်နေဆဲပင်ဖြစ်သည်။ သို့သော် နန်းတော်တံခါးဘေးနားက အဖြူရောင်ပုံရိပ်ကို သူ မြင်လိုက်ရသောအခါ သူမကြိုက်သည့်အရာကို စားလိုက်ရသည့်အလား မျက်နှာမှာ တမဟုတ်ချင်း ဝိညာဉ်လွတ်သွားသည့်အလား ဖြစ်သွားရတော့သည်။ များသောအားဖြင့် ထိုသို့ဖြစ်ရခြင်းမှာ သူ အခု တကယ်ကို ကြောက်ရွံ့သွားသောကြောင့် ဖြစ်သည်။
ကောင်းကင်ထွတ်ထိပ်နန်းတော်တွင် ဦးလေးဖြူမှလွဲ၍ သူ့ကို ကြောက်လန့်အောင် လုပ်နိုင်သူ မည်သူမျှ မရှိပေ။
ဦးလေးဖြူ၏ မျက်နှာ အလွန့်အလွန်ကို တည်ငြိမ်နေဆဲဖြစ်သော်လည်း အဲ့အဘိုးကြီး အခု ဒေါသ ထွက်မနေဘူးဆိုသည်ကို ဖုန့်ရှီ မယုံပေ။ ထို့ကြောင့် ကောင်လေးက ဘုရင်ကြီးနောက်သို့ အလျင်အမြန် ဝင်လိုက်ကာ ဘုရင်ကြီး၏ င်္အကျီလက်ရှည်ဖြင့် ခေါင်းကို ဖုံးကွယ်လိုက်သည်။ ပြီးနောက် လှံကဲ့သို့ ဖြောင့်ဖြောင့်ကြီး ရပ်နေသော ဦးလေးဖြူကို ချောင်းကြည့်လိုက်တော့ တဖက်လူ၏ အေးစက်သော မျက်လုံးအစုံက သူ့ထံသို့ ရုတ်ချည်း ကျရောက်လာသည့်နောက် ဖုန့်ရှီ ထပ်မံမကြည့်ရဲတော့ချေ။
နန်းတော်တံခါးမကြီး မပိတ်ခင်အထိနှင့် ဦးလေးဖြူမှ ပိတ်ပြီးသည့်တိုင်အောင် ဖုန့်ရှီ ခေါင်းထုတ်ပြီးတောင် ပင့်သက်မရှိုက်ရဲတော့ချေ။
"ကပ်သီးလေးပဲ!" ဖုန့်ရှီက ဘုရင်ကြီး ထိုင်နေကျထိုင်ခုံသို့ လျောက်သွားလိုက်ကာ ချက်ချင်းပင် ပစ်လဲချပစ်လိုက်၏။
ဘုရင်ကြီးက ဖုန့်ရှီကို မတားဘဲ ကောင်လေး၏အရှေ့တွင်သာ မတ်မတ်ရပ်နေကာ တဖက်လူအား ငုံ့ကြည့်လိုက်၏။ ထိုသို့ပြုလိုက်သည်က သတိလက်လွတ်နေလိုက်သည့် ဖုန့်ရှီအား ဖိအား ပိုသက်ရောက်သွားတော့သည်။ သူက ဘုရင်ကြီး၏ မျက်လုံးထဲသို့ ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ကောင်းကောင်းမွန်မွန် ထိုင်လိုက်ကာ ကောင်းကောင်း ပြုမူနေထိုင်ရန် ထပ်မံ မမေ့ရဲတော့ပေ။
"သူခိုးမာစတာ၊ မင်းအမှား ဘာလဲဆိုတာ သိလား?" ငရဲမင်းကြီးက အသံခပ်တန်းတန်း ပြောလိုက်သည်။
သူ့စကားကြောင့် ဖုန့်ရှီ၏ အသားတို့ ယားယံလာသည်။ ဘုရင်ကြီး သူ့ကို အဲ့လိုခေါ်လိုက်သည်ကို ကြားရသည့်အခါ ရုတ်တရက် သူ့လုပ်ရပ်နဲ့သူ ဒုက္ခရောက်သွားသလို ခံစားလိုက်ရသည်။
သူ့ခေါင်းဆောင်က သူတစ်ခုခု အမှားလုပ်မိတိုင်းမှာ အဲ့လို ခေါ်တတ်ကြောင်း သူ တွေ့ရှိထားသည်။ အခြားအချိန်တွေဆိုလျင်တော့ ရှီ ဟူ၍ ခေါ်လိမ့်မည်။ ထိုအခြေအနေက 'သူခိုးမာစတာ' ဟူသော ခေါင်းစဉ်မှာ သူ အမှားလုပ်မိခြင်းဟူသော သင်္ကေတတစ်ခုအဖြစ် ဖြစ်လာသလို သူ ခံစားသွားရစေသည်။
"အာ" သူ့အရှေ့ကလူမှာ ရက်စက်ကြမ်းကြုတ်သော ဝံပုလွေတစ်ကောင် ဖြစ်နေသည့်အလား ဖုန့်ရှီတစ်ယောက် သနားစရာ ယုန်တစ်ကောင်လို ထိုင်ခုံပေါ် တွန့်လိမ်နေတော့သည်။ သူ့နားရွက်တွေ ကုပ်ကာ ခေါင်းငိုက်စိုက်ချလိုက်ရင်း ဖုန့်ရှီက ပြောလိုက်သည်၊ "ကျွန်တော်သိပါတယ်၊ ကျွန်တော် အပြင်မှာ ကစားနေပြီး နောက်ကျမှပြန်လာတာ မလုပ်သင့်ပါဘူး။"
"ပြီးတော့?" ဘုရင်ကြီး၏ အသံက ထပ်မံထွက်လာပြန်ကာ နူးညံ့နေသော်လည်း စောနကလို ခြိမ်းခြောက်ဟန် မပါတော့ချေ။
"ပြီးတော့?" ဖုန့်ရှီက ရေရွတ်လိုက်သည်။ ဘုရင်ကြီး၏ စကားကို ကောင်လေး လုံးဝဥဿုံ ရှုပ်ထွေးသွားရ၏။
သူ တခြား ဘာအမှား လုပ်ထားခဲ့သေးလဲဆိုသည်ကို မမှတ်မိတော့ချေ။ သူ ကိုးကွယ်ကလပ်ပေါ်က မိစ္ဆာသားရဲဥ တစ်ဥကို ခိုးခဲ့ပေမဲ့ ဦးလေးဖြူက ဖုန့်ရှီ နန်းတော်ထဲမှ မထွက်ခင်တွင်ပင် တွေ့ရှိသွားပြီး ကလပ်ပေါ် ပြန်တင်ထားခဲ့သည်။ အဲ့တာအပြင် ဖုန့်ရှီလည်း ကြမ်းတိုက်၊ သန့်ရှင်းရေးလုပ်သည့် အပြစ်ဒဏ်ကို လုပ်ဆောင်ပြီး ဖြစ်၏။ ဒါ့ကြောင့် အဲ့ဒါတော့ မဖြစ်နိုင်ပေ။ သူ သလင်းဘောလုံးကို ခွဲလိုက်မိပြီး စိတ်ဝိညာဉ်စွမ်းအင်တွေ ထပ်ပြီး ယိုစိမ့်ထွက်အောင် လုပ်ခဲ့လိုက်မိပေမဲ့ အဲ့တာကိုလည်း သူ ပြန်ပြင်ပြီးသွာပြီ ဖြစ်သည်။ ပြီးတော့ အဲ့တာကို ပြန်ပြင်ရန်အတွက်လည်း သူ နန်းတော်ထဲတွင် သုံးရက်တိတိ အချိန်ယူကာ ပြင်ခဲ့ပြီး ဖြစ်သည်။
ပြောရလျင်တော့ ဖုန့်ရှီ သူ တခြားဘာအမှားလုပ်မိသည်ကို မသိတော့ပေ!
"အာ၊ ခေါင်းဆောင်၊ ကျွန်တော့ကို အရိပ်အမြွက်လေး ပြောပေးပါလား?" အကြာကြီးစဉ်းစားသော်လည်း ဖုန့်ရှီ သဲလွန်စ တစ်ခုတောင် မရနိုင်ပေ။ ထို့နောက် သူ အရဲစွန့်ပြီး ဘုရင်ကြီးကို မေးလိုက်တော့သည်။
ငရဲမင်းကြီးက နူးညံ့သော အသံဖြင့် ပြန်ဖြေလိုက်သည်၊ "ဒီနေ့ တစ်ယောက်ယောက် မင်းကို ရန်စသေးလား?"
"ဟမ်?" ဖုန့်ရှီ မျက်လုံးအပြူးသားဖြင့် အသံကျယ်ကျယ် ပြောလိုက်သည်၊ "ခေါင်းဆောင် အဲ့တာကို ဘယ်လိုသိတာလဲ?"
ဖုန့်ရှီမေးပြီးနောက် ဘုရင်ကြီးက သူ့ကို ဘာမှမပြောဘဲ ကြည့်ပဲ ကြည့်နေတော့သည်။ ဖုန့်ရှီက အတင်း လုပ်ပြုံးပြုံးလိုက်ကာ အတွင်းထဲမှ ကြောက်စိတ်ကို ဖုံးကွယ်လိုက်ပြီး မျက်လုံးကလယ်ကလယ်ဖြင့် ဘယ်လိုဖြေရှင်းရင်ကောင်းမလဲ အကောင်းဆုံး ကြိုးစားတွေးလိုက်၏၊ "တကယ်တော့ ဒီနေ့ ထူးဆန်းတဲ့ကောင်တစ်ယောက်ရှိတယ်။ သူက ဒီတိုင်းပဲ ထူးဆန်းတာ။ သူက ပထမတို့ ဒုတိယတို့ ရချင်တာမဟုတ်ဘဲ တတိယပဲ ရချင်တာတဲ့။ ပြီးတော့ သူက ကျွန်တော့ကို စောင့်ကြည့်ဆိုပြီး ပြောသွားသေးတယ်။ သူ ဘာကို ပြောချင်နေမှန်း ကျွန်တော် သိတောင် မသိဘူး။ သူ ဘာလုပ်မလဲဆိုတာကို ကျွန်တော် စောင့်ကြည့်ချင်တယ်။"
အကယ်၍ ဖုန့်ရှီ၏ အဖော်များသာ ဤနေရာတွင် ရှိနေမည်ဆိုလျင် သူတို့ သေချာပေါက် ထရယ်ကြမှာ အသေအချာပင်။
ငရဲမင်းကြီးက ဖုန့်ရှီကို အကြာကြီး ငေးစိုက်ကြည့်လိုက်ပြီးနောက် ပြောလိုက်၏၊ "မင်းက ကိုယ်တော့လူ၊ သူ့ရိုင်းစိုင်းမှုကို မင်း သည်းခံစရာမလိုဘူး!"
"ဒါပေမဲ့ ကျွန်တော် သူ့ကို မနိုင်ရင်ရော?" ဖုန့်ရှီက သူ့လက်ချောင်းလေးတွေကို ပွတ်ကာ ရှုပ်ထွေးသွားသော အမူအယာဖြင့် ကြည့်လိုက်သည်။
"ကိုယ်တော် မင်းကို ကူညီမယ်။" ဘုရင်ကြီးက ပြန်ဖြေလိုက်၏။
"ဘယ်လို?" ဖုန့်ရှီ သူ့ခေါင်းကို မော့လိုက်သည်။
အဲ့တာ သူ အခု တွေးနေတဲ့ဟာတော့ မဟုတ်လောက်ပါဘူးနော်!
ဖုန့်ရှီ ဘုရင်ကြီးစကားရဲ့ အဓိပ္ပါယ်ကို သူ သဘောမပေါက်ခင်မှာတင် ဘုရင်ကြီးက သူ့ကို မြေကြီးပေါ် ဒရွတ်တိုက် ဆွဲသွားတော့၏...
20211115; 2227
—————————— Zawgyi —————————
အပိုင္း ၈၃။ ဒုကၡအႀကီးအက်ယ္ ၾကဳံတဲ့အခါ ေရွာင္ကြင္းသြား
ဘုရင္ႀကီးက ေကာင္ေလး လက္ႏွင့္ အုပ္ထားသည့္ ေျခေထာက္ကို တည္ၿငိမ္ေသာအၾကည့္ျဖင့္ တစ္ခ်က္ၾကည့္လိုက္သည္။ ဖုန္႔ရွီႏွင့္ စာအုပ္နတ္ဘုရားတို႔ တစ္ကိုယ္လုံး ေခၽြးေစးထြက္ေတာ့မယ့္ဆဲဆဲတြင္ ေလေျပလို ႏူးညံ့ေသာအသံတစ္သံ သူတို႔ ၾကားလိုက္ၾကသည္၊ "နာသြားလား?"
အဲ့တာကို ၾကားေတာ့ ဖုန္႔ရွီ ခ်က္ခ်င္းပဲ နာက်င္မွုေၾကာင့္ ရွုံ႔မဲ့သြားေတာ့သည္။
ထိုေမးခြန္းကို ၾကားၿပီးေနာက္ က်ိဳးလုနီးပါးျဖစ္သြားေသာ သူ႔ေျခေထာက္ကို ႐ုတ္ခ်ည္း သတိရသြားသည္။ ထို႔ေနာက္ နာက်င္မွု ျပန္ေပၚလာကာ ႂကြက္သားတို႔ တုန္႔ဆိုင္းသြားေတာ့သည္။ အနာတရျဖစေနေသာ သူ႔ေျခေထာက္ကို သူ႔ေခါင္းေဆာင္ ကုသေပးေတာ့မည္ဟု ေတြးထင္မိေသာအခ်ိန္တြင္ ေလေျပညႇင္းႏွင့္တူေသာ ႏူးညံ့ေသာ အသံကို သူ ႐ုတ္တရက္ ၾကားလိုက္ရသည္။ သို႔ေသာ္ ဒီတစ္ႀကိမ္ေတာ့ ဖုန္႔ရွီတစ္ေယာက္ သူၾကားလိုက္ရတာကို မေကာင္းဆိုးဝါးတစ္ေကာင္ တီးတိုးေျပာလိုက္သံအလားသာ ခံစားလိုက္ရသည္။
"နာတယ္ဆိုရင္ ကိုယ္ေတာ္ မင္းကို ခဏေလာက္ နာက်င္မွု ခံစားခြင့္ေပးမယ္။ မင္း သင္ခန္းစာ ယူသင့္တယ္!"
စိတ္ပ်က္သြားေသာ မ်က္ႏွာျဖင့္ ဖုန္႔ရွီ ခ်က္ခ်င္းပင္ ရိုးသားစြာ ေတာင္းပန္လိုက္သည္၊ "ေတာင္းပန္ပါတယ္၊ ကၽြန္ေတာ့အမွားပါ။"
ဘုရင္ႀကီးက ျဖည္းညႇင္းစြာ လွည့္လိုက္ကာ ေျပာလိုက္သည္၊ "ကိုယ္ေတာ့ေနာက္ လိုက္ခဲ့။" တခ်ိန္တည္းတြင္ ဖုန္႔ရွီတစ္ေယာက္ မျမင္လိုက္ရသည္မွာ ဘုရင္ႀကီးမ်က္ႏွာေပၚက ႏူးညံ့သြားၿပီျဖစ္ေသာ အမူအယာကိုပင္ျဖစ္သည္။
ဖုန္႔ရွီ ဒီတစ္ႀကိမ္ေတာ့ သူ ႐ုန္းမထြက္နိုင္ေတာ့ၿပီဆိုသည္ကို သိသည့္အတြက္ မထိန္းနိုင္ေတာ့ဘဲ ေျခဖ်ားမ်ား ေအးစက္လာကာ သူ႔ကံၾကမၼာကို သူ လက္မခံခ်င္ ျဖစ္သြားရေတာ့သည္။
စာအုပ္နတ္ဘုရားက ဘုရင္ႀကီးေနာက္ေက်ာကို ၾကည့္ၿပီး ေၾကာက္ေၾကာက္ႏွင့္ တံေတြးၿမိဳခ်လိုက္သည္။ ထို႔ေနာက္ အလြန္ စိတ္ဓါတ္က်ေနေသာ သူ႔သခင္ကို ေျပာလိုက္သည္၊ "သခင္၊ ကၽြန္ေတာ္ ေနဖို႔မလိုဘူးဆိုေတာ့ ကၽြန္ေတာ္ သြားေတာ့မယ္ေနာ္။ မနက္ဖန္ သခင့္ကို ေတြ႕နိုင္မယ္လို႔ ကၽြန္ေတာ္ ေမၽွာ္လင့္ပါတယ္။"
ေျပာၿပီးေနာက္ ဖုန္႔ရွီ ဘာမွျပန္မေျပာနိုင္ခင္မွာပင္ စာအုပ္နတ္ဘုရား ခ်က္ခ်င္းပဲ ထြက္ေျပးသြားေတာ့သည္။ တခ်ိန္တည္းမွာပင္ ဖုန္႔ရွီကိုယ္ထဲကေန အလင္းတန္းႏွစ္ခု ထြက္သြားကာ စာအုပ္နတ္ဘုရားထြက္ေျပးသြားတဲ့ေနာက္ လိုက္သြားေတာ့သည္။ အလင္းေတြကေတာ့ ဖုန္႔ရွီ၏ အဝတ္ထဲတြင္။ ပုန္းေအာင္းေနေသာ ကံဆိုးမွုနတ္ဘုရားႏွင့္ အေမႊးမဲ့ၾကက္တို႔ပင္ ျဖစ္သည္။ သူတို႔က ေၾကာက္စရာေကာင္းတဲ့ ငရဲမင္းႀကီးကို ဖုန္႔ရွီနဲ႔အတူ မ်က္ႏွာခ်င္းမဆိုင္ရဲၾကေခ်။ ထို႔ေၾကာင့္ စာအုပ္နတ္ဘုရား၏ စကားကို ၾကားလိုက္ရသည္ႏွင့္ သူတို႔လည္း ျမန္နိုင္သမၽွ ျမန္ျမန္ ပ်ံေျပးရန္ ဆုံးျဖတ္လိုက္ၾကေတာ့သည္။
ဒုကၡအႀကီးအက်ယ္ ၾကဳံတဲ့အခါ သူငယ္ခ်င္းဆိုတာ ေရွာင္ကြင္းသြားတတ္ၾကတာပါပဲ! အဲ့တာကေတာ့ အခု ဖုန္႔ရွီရဲ့ အေပါင္းအေဖာ္ေတြ လုပ္လိုက္တဲ့ အျပဳအမူအတိအက်ပင္!
ဖုန္႔ရွီခမ်ာ သူတို႔ေနာက္ေက်ာကို မ်က္လုံးအျပဴးသားျဖင့္ ၾကည့္႐ုံသာ တတ္နိုင္ေတာ့သည္။ ေနာက္ဆုံးေတာ့ သူ ေျခေဆာင့္လိုက္ၿပီး ေျပာလိုက္သည္၊ "မေကာင္းတဲ့ သုံးေကာင္! ေနာက္တစ္ႀကိမ္ ေကာင္းတာေတြဆို မင္းတို႔နဲ႔ လုံးဝ မေဝမၽွေတာ့ဘူး။ ဟြန္႔!"
သူ႔ေဒါသကို ပုံခ်ၿပီးေနာက္ ဘုရင္ႀကီးေနာက္ ေထာ့နဲ႔ေထာ့နဲ႔ျဖင့္ တြန္႔ဆုတ္တြန္႔ဆုတ္ လိုက္သြားရေတာ့သည္။
တိတ္ဆိတ္ေသာနန္းေတာ္သည္ ညေရာက္ေသာ္လည္း ေမွာင္မသြားေခ်။ နန္းေတာ္အတြင္းတြင္ရွိေသာ သလင္းလုံးမွာ နန္းေတာ္ေထာင့္တိုင္းကို အလင္းေပးနိုင္ေသာေၾကာင့္ နန္းေတာ္တစ္ခုလုံးသည္ ယခင္အတိုင္း ေတာက္ပလင္းထိန္ေနဆဲပင္ျဖစ္သည္။ သို႔ေသာ္ နန္းေတာ္တံခါးေဘးနားက အျဖဴေရာင္ပုံရိပ္ကို သူ ျမင္လိုက္ရေသာအခါ သူမႀကိဳက္သည့္အရာကို စားလိုက္ရသည့္အလား မ်က္ႏွာမွာ တမဟုတ္ခ်င္း ဝိညာဥ္လြတ္သြားသည့္အလား ျဖစ္သြားရေတာ့သည္။ မ်ားေသာအားျဖင့္ ထိုသို႔ျဖစ္ရျခင္းမွာ သူ အခု တကယ္ကို ေၾကာက္ရြံ့သြားေသာေၾကာင့္ ျဖစ္သည္။
ေကာင္းကင္ထြတ္ထိပ္နန္းေတာ္တြင္ ဦးေလးျဖဴမွလြဲ၍ သူ႔ကို ေၾကာက္လန္႔ေအာင္ လုပ္နိုင္သူ မည္သူမၽွ မရွိေပ။
ဦးေလးျဖဴ၏ မ်က္ႏွာ အလြန္႔အလြန္ကို တည္ၿငိမ္ေနဆဲျဖစ္ေသာ္လည္း အဲ့အဘိုးႀကီး အခု ေဒါသ ထြက္မေနဘူးဆိုသည္ကို ဖုန္႔ရွီ မယုံေပ။ ထို႔ေၾကာင့္ ေကာင္ေလးက ဘုရင္ႀကီးေနာက္သို႔ အလ်င္အျမန္ ဝင္လိုက္ကာ ဘုရင္ႀကီး၏ အၤက်ီလက္ရွည္ျဖင့္ ေခါင္းကို ဖုံးကြယ္လိုက္သည္။ ၿပီးေနာက္ လွံကဲ့သို႔ ေျဖာင့္ေျဖာင့္ႀကီး ရပ္ေနေသာ ဦးေလးျဖဴကို ေခ်ာင္းၾကည့္လိုက္ေတာ့ တဖက္လူ၏ ေအးစက္ေသာ မ်က္လုံးအစုံက သူ႔ထံသို႔ ႐ုတ္ခ်ည္း က်ေရာက္လာသည့္ေနာက္ ဖုန္႔ရွီ ထပ္မံမၾကည့္ရဲေတာ့ေခ်။
နန္းေတာ္တံခါးမႀကီး မပိတ္ခင္အထိႏွင့္ ဦးေလးျဖဴမွ ပိတ္ၿပီးသည့္တိုင္ေအာင္ ဖုန္႔ရွီ ေခါင္းထုတ္ၿပီးေတာင္ ပင့္သက္မရွိုက္ရဲေတာ့ေခ်။
"ကပ္သီးေလးပဲ!" ဖုန္႔ရွီက ဘုရင္ႀကီး ထိုင္ေနက်ထိုင္ခုံသို႔ ေလ်ာက္သြားလိုက္ကာ ခ်က္ခ်င္းပင္ ပစ္လဲခ်ပစ္လိုက္၏။
ဘုရင္ႀကီးက ဖုန္႔ရွီကို မတားဘဲ ေကာင္ေလး၏အေရွ႕တြင္သာ မတ္မတ္ရပ္ေနကာ တဖက္လူအား ငုံ႔ၾကည့္လိုက္၏။ ထိုသို႔ျပဳလိုက္သည္က သတိလက္လြတ္ေနလိုက္သည့္ ဖုန္႔ရွီအား ဖိအား ပိုသက္ေရာက္သြားေတာ့သည္။ သူက ဘုရင္ႀကီး၏ မ်က္လုံးထဲသို႔ ၾကည့္လိုက္ၿပီးေနာက္ ခ်က္ခ်င္းပင္ ေကာင္းေကာင္းမြန္မြန္ ထိုင္လိုက္ကာ ေကာင္းေကာင္း ျပဳမူေနထိုင္ရန္ ထပ္မံ မေမ့ရဲေတာ့ေပ။
"သူခိုးမာစတာ၊ မင္းအမွား ဘာလဲဆိုတာ သိလား?" ငရဲမင္းႀကီးက အသံခပ္တန္းတန္း ေျပာလိုက္သည္။
သူ႔စကားေၾကာင့္ ဖုန္႔ရွီ၏ အသားတို႔ ယားယံလာသည္။ ဘုရင္ႀကီး သူ႔ကို အဲ့လိုေခၚလိုက္သည္ကို ၾကားရသည့္အခါ ႐ုတ္တရက္ သူ႔လုပ္ရပ္နဲ႔သူ ဒုကၡေရာက္သြားသလို ခံစားလိုက္ရသည္။
သူ႔ေခါင္းေဆာင္က သူတစ္ခုခု အမွားလုပ္မိတိုင္းမွာ အဲ့လို ေခၚတတ္ေၾကာင္း သူ ေတြ႕ရွိထားသည္။ အျခားအခ်ိန္ေတြဆိုလ်င္ေတာ့ ရွီ ဟူ၍ ေခၚလိမ့္မည္။ ထိုအေျခအေနက 'သူခိုးမာစတာ' ဟူေသာ ေခါင္းစဥ္မွာ သူ အမွားလုပ္မိျခင္းဟူေသာ သေကၤတတစ္ခုအျဖစ္ ျဖစ္လာသလို သူ ခံစားသြားရေစသည္။
"အာ" သူ႔အေရွ႕ကလူမွာ ရက္စက္ၾကမ္းၾကဳတ္ေသာ ဝံပုေလြတစ္ေကာင္ ျဖစ္ေနသည့္အလား ဖုန္႔ရွီတစ္ေယာက္ သနားစရာ ယုန္တစ္ေကာင္လို ထိုင္ခုံေပၚ တြန္႔လိမ္ေနေတာ့သည္။ သူ႔နားရြက္ေတြ ကုပ္ကာ ေခါင္းငိုက္စိုက္ခ်လိုက္ရင္း ဖုန္႔ရွီက ေျပာလိုက္သည္၊ "ကၽြန္ေတာ္သိပါတယ္၊ ကၽြန္ေတာ္ အျပင္မွာ ကစားေနၿပီး ေနာက္က်မွျပန္လာတာ မလုပ္သင့္ပါဘူး။"
"ၿပီးေတာ့?" ဘုရင္ႀကီး၏ အသံက ထပ္မံထြက္လာျပန္ကာ ႏူးညံ့ေနေသာ္လည္း ေစာနကလို ၿခိမ္းေျခာက္ဟန္ မပါေတာ့ေခ်။
"ၿပီးေတာ့?" ဖုန္႔ရွီက ေရရြတ္လိုက္သည္။ ဘုရင္ႀကီး၏ စကားကို ေကာင္ေလး လုံးဝဥႆုံ ရွုပ္ေထြးသြားရ၏။
သူ တျခား ဘာအမွား လုပ္ထားခဲ့ေသးလဲဆိုသည္ကို မမွတ္မိေတာ့ေခ်။ သူ ကိုးကြယ္ကလပ္ေပၚက မိစၧာသားရဲဥ တစ္ဥကို ခိုးခဲ့ေပမဲ့ ဦးေလးျဖဴက ဖုန္႔ရွီ နန္းေတာ္ထဲမွ မထြက္ခင္တြင္ပင္ ေတြ႕ရွိသြားၿပီး ကလပ္ေပၚ ျပန္တင္ထားခဲ့သည္။ အဲ့တာအျပင္ ဖုန္႔ရွီလည္း ၾကမ္းတိုက္၊ သန္႔ရွင္းေရးလုပ္သည့္ အျပစ္ဒဏ္ကို လုပ္ေဆာင္ၿပီး ျဖစ္၏။ ဒါ့ေၾကာင့္ အဲ့ဒါေတာ့ မျဖစ္နိုင္ေပ။ သူ သလင္းေဘာလုံးကို ခြဲလိုက္မိၿပီး စိတ္ဝိညာဥ္စြမ္းအင္ေတြ ထပ္ၿပီး ယိုစိမ့္ထြက္ေအာင္ လုပ္ခဲ့လိုက္မိေပမဲ့ အဲ့တာကိုလည္း သူ ျပန္ျပင္ၿပီးသြာၿပီ ျဖစ္သည္။ ၿပီးေတာ့ အဲ့တာကို ျပန္ျပင္ရန္အတြက္လည္း သူ နန္းေတာ္ထဲတြင္ သုံးရက္တိတိ အခ်ိန္ယူကာ ျပင္ခဲ့ၿပီး ျဖစ္သည္။
ေျပာရလ်င္ေတာ့ ဖုန္႔ရွီ သူ တျခားဘာအမွားလုပ္မိသည္ကို မသိေတာ့ေပ!
"အာ၊ ေခါင္းေဆာင္၊ ကၽြန္ေတာ့ကို အရိပ္အႁမြက္ေလး ေျပာေပးပါလား?" အၾကာႀကီးစဥ္းစားေသာ္လည္း ဖုန္႔ရွီ သဲလြန္စ တစ္ခုေတာင္ မရနိုင္ေပ။ ထို႔ေနာက္ သူ အရဲစြန္႔ၿပီး ဘုရင္ႀကီးကို ေမးလိုက္ေတာ့သည္။
ငရဲမင္းႀကီးက ႏူးညံ့ေသာ အသံျဖင့္ ျပန္ေျဖလိုက္သည္၊ "ဒီေန႔ တစ္ေယာက္ေယာက္ မင္းကို ရန္စေသးလား?"
"ဟမ္?" ဖုန္႔ရွီ မ်က္လုံးအျပဴးသားျဖင့္ အသံက်ယ္က်ယ္ ေျပာလိုက္သည္၊ "ေခါင္းေဆာင္ အဲ့တာကို ဘယ္လိုသိတာလဲ?"
ဖုန္႔ရွီေမးၿပီးေနာက္ ဘုရင္ႀကီးက သူ႔ကို ဘာမွမေျပာဘဲ ၾကည့္ပဲ ၾကည့္ေနေတာ့သည္။ ဖုန္႔ရွီက အတင္း လုပ္ျပဳံးျပဳံးလိုက္ကာ အတြင္းထဲမွ ေၾကာက္စိတ္ကို ဖုံးကြယ္လိုက္ၿပီး မ်က္လုံးကလယ္ကလယ္ျဖင့္ ဘယ္လိုေျဖရွင္းရင္ေကာင္းမလဲ အေကာင္းဆုံး ႀကိဳးစားေတြးလိုက္၏၊ "တကယ္ေတာ့ ဒီေန႔ ထူးဆန္းတဲ့ေကာင္တစ္ေယာက္ရွိတယ္။ သူက ဒီတိုင္းပဲ ထူးဆန္းတာ။ သူက ပထမတို႔ ဒုတိယတို႔ ရခ်င္တာမဟုတ္ဘဲ တတိယပဲ ရခ်င္တာတဲ့။ ၿပီးေတာ့ သူက ကၽြန္ေတာ့ကို ေစာင့္ၾကည့္ဆိုၿပီး ေျပာသြားေသးတယ္။ သူ ဘာကို ေျပာခ်င္ေနမွန္း ကၽြန္ေတာ္ သိေတာင္ မသိဘူး။ သူ ဘာလုပ္မလဲဆိုတာကို ကၽြန္ေတာ္ ေစာင့္ၾကည့္ခ်င္တယ္။"
အကယ္၍ ဖုန္႔ရွီ၏ အေဖာ္မ်ားသာ ဤေနရာတြင္ ရွိေနမည္ဆိုလ်င္ သူတို႔ ေသခ်ာေပါက္ ထရယ္ၾကမွာ အေသအခ်ာပင္။
ငရဲမင္းႀကီးက ဖုန္႔ရွီကို အၾကာႀကီး ေငးစိုက္ၾကည့္လိုက္ၿပီးေနာက္ ေျပာလိုက္၏၊ "မင္းက ကိုယ္ေတာ့လူ၊ သူ႔ရိုင္းစိုင္းမွုကို မင္း သည္းခံစရာမလိုဘူး!"
"ဒါေပမဲ့ ကၽြန္ေတာ္ သူ႔ကို မနိုင္ရင္ေရာ?" ဖုန္႔ရွီက သူ႔လက္ေခ်ာင္းေလးေတြကို ပြတ္ကာ ရွုပ္ေထြးသြားေသာ အမူအယာျဖင့္ ၾကည့္လိုက္သည္။
"ကိုယ္ေတာ္ မင္းကို ကူညီမယ္။" ဘုရင္ႀကီးက ျပန္ေျဖလိုက္၏။
"ဘယ္လို?" ဖုန္႔ရွီ သူ႔ေခါင္းကို ေမာ့လိုက္သည္။
အဲ့တာ သူ အခု ေတြးေနတဲ့ဟာေတာ့ မဟုတ္ေလာက္ပါဘူးေနာ္!
ဖုန္႔ရွီ ဘုရင္ႀကီးစကားရဲ့ အဓိပၸါယ္ကို သူ သေဘာမေပါက္ခင္မွာတင္ ဘုရင္ႀကီးက သူ႔ကို ေျမႀကီးေပၚ ဒရြတ္တိုက္ ဆြဲသြားေတာ့၏...
20211115; 2227
—————————— Zawgyi —————————
You are reading the story above: TeenFic.Net