68. Ming Qingyu's Decision

Background color
Font
Font size
Line height

Please scroll down for Zawgyi

အပိုင်း ၆၈။ မင်းချင်းယွိရဲ့ ဆုံးဖြတ်ချက်

ဦးလေးဖြူရဲ့ ဝတ်ရုံ လေအေးထဲ တလွင့်လွင့်ဖြစ်နေသလို သူ့မျက်နှာပေါ်က ဘာကိုမှအရေးမစိုက်ဟန်အမူအယာက အခြားသူတွေကို ကြက်သီးထစေတယ်။

သူ့ဘေးက အလန့်တကြား အော်နေကြတဲ့ လူတွေကို လျစ်လျူရှုပြီး အဆောက်အအုံထိပ် ရပ်နေကြတဲ့ လူနှစ်ဦးကိုပဲ အကြည့်ပို့လိုက်တယ်။ မင်းချင်းယွိကို သူ တစ်ချက်ကြည့်လိုက်တော့ သူ့မျက်လုံးထဲက အမူအယာက သူ့ဘေးက လူတွေ ခိုက်ခိုက်တုန်သွားရလောက်တဲ့အထိ ပိုလို့တောင် အေးစက်သွားတယ်။

ကျင့်ကြံသူအများစုက ဦးလေးဖြူကို အံ့ဩတကြီး ငေးကြည့်နေကြရင်း ဒီအဘိုးကြီးက ဘယ်သူများပါလိမ့်ဆိုပြီး ခန့်မှန်းနေကြတယ်။

မင်းချင်းယွိနဲ့ နန်ကုန်းလီတို့ကတော့ ဦးလေးဖြူကို မှတ်မိသွားကြမှန်း သိသာတယ်၊ ဘာလို့လည်းဆိုတော့ သူတို့ ဦးလေးဖြူကို တွေ့လိုက်ရတာနဲ့ သူတို့မျက်နှာပေါ်က အမူအယာတွေက ချက်ချင်းကို ပြောင်းသွားကြလို့ပဲဖြစ်တယ်။ အဲ့နောက် သူတို့နှစ်ဦးလုံး အဆောက်အအုံအပေါ်ကနေ ဆင်းလာကြတယ်။

"ကြိုဆိုပါတယ်၊ ဦးလေးဖြူ။ ဘာကိစ္စနဲ့ ကြွရောက်လာတာပါလဲခင်မျာ?" နန်ကုန်းလီက ဦးလေးဖြူကို တလေးတစား အကြည့်တွေနဲ့ အနည်းငယ် ဦးညွှတ်လိုက်တယ်။ သူက အဲ့မေးခွန်းမေးလိုက်ပေမဲ့ ဦးလေးဖြူက အဲ့ကောင်လေးအတွက် လာတာဖြစ်ရမယ်ဆိုတာ သူ ပိုလို့တောင် သေချာနေတယ်။ ဒါတောင် နန်ကုန်းလီက သူ့မျက်နှာကို ထိန်းထားနိုင်ဆဲပင်။

"ငါ ဒီကို ငါသခင်လေးအတွက် မဲလာနှိုက်ပေးဖို့ လာတာပါ။ နန်ကုန်း၊ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်နိုင်ပါတယ်။" ဦးလေးဖြူက အေးစက်ကြည်လင်တဲ့အသံနဲ့ ပြောလိုက်ပြီး မှုန်ဝါးနေတဲ့ သူ့မျက်လုံးတွေက အမှန်တော့ အဓိပ္ပါယ်တစ်မျိုးကို အချိန်နဲ့အမျှ အရိပ်အမြွက်ပြနေတာပဲဖြစ်တယ်။ သူက အောက်က အစိမ်းရောင် ငရဲသား အသင်းသား အနည်းငယ်တွေကို တစ်ချက်ကြည့်လိုက်တယ်။

ဦးလေးဖြူရဲ့ စကားလုံးတွေက နန်ကုန်းလီရဲ့ အထင်ကို အတည်ပြုလိုက်ခြင်းပင်။

လွန်ခဲ့တဲ့ရက်အနည်းငယ်က ဘာဖြစ်ခဲ့သလဲဆိုတာ တွေးမိတော့ နန်ကုန်းလီ မနေနိုင်တော့ဘဲ ကြောက်လန့်တုန်ရီသွားကာ တွေးလိုက်တယ်၊ 'အဲ့ဒီ့အသင်းသားဝန်ထမ်းတွေရဲ့ အမှားက အဲ့လောက် သိပ်အကြီးကြီးမဟုတ်လို့ တော်သေးတယ်၊ အဲ့လိုမှမဟုတ်ရင် ငါတောင် သူတို့ကို ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး။"

"ကောင်းပါပြီ၊ အဲ့ဒီ့သခင်လေးရဲ့ နာမည်ကို သိပါရစေခင်မျ။ ကျွန်တော် တစ်ယောက်ယောက်ကို လွှတ်ပြီး သွားစစ်ခိုင်းလိုက်ပါ့မယ်။"

နန်ကုန်းလီက ဦးလေးဖြူရဲ့ အတက်အကျမရှိတဲ့ အသံကို ကသိကအောင့် မခံစားနေရပေ။ အဘိုးကြီးရဲ့ အမူအကျင့်ကို သိပြီးဖြစ်ပုံ ပေါ်တယ်။ အဲ့တာကြောင့် နန်ကုန်းလီက ယဉ်ယဉ်ကျေးကျေးပဲ ပြုံးနေလိုက်ပြီး ပြန်ဖြေလိုက်တယ်။

"ငါ့သခင်လေးရဲ့ နာမည်နောက်ဆုံးစာလုံးက ဖုန့်၊ သူ့ ရှေ့ဆုံးစာလုံးက ရှီ"

အဲ့စကားလုံးတွေကို ကြားလိုက်တော့ ဘယ်ဖက်က စားပွဲနံပါတ် ၅ ဘေးနားက ဝန်ထမ်းက ရုတ်တရက် တွေဝေသွားတယ်၊ သူ အဲ့နာမည်ကို အရင်က မြင်ဖူးတယ်လို့ ခံစာမိသွားတယ်။

သူ အဲ့တာကို တွေးမိပြီးနောက် သူ့လက်ထဲက လျောက်လွှာစာရွက်တွေကို စပြီး လှန်ကြည့်လိုက်တယ်။ နောက်ဆုံး ဖုန့်ရှီရဲ့ နာမည်ကို နောက်ဆုံးလျောက်လွှာစာရွက်ရဲ့ နောက်ဆုံးကော်လံမှာ တွေ့လိုက်ရတယ်။ ဖုန့်ရှီရဲ့ နာမည်အောက်မှာ သူ့အကြောင်း မိတ်ဆက်လည်း ရှိနေပြီး ဖော်ပြထားတာက ဒီ ဆယ့်ကိုးနှစ် ကောင်လေးက ကောင်းကင်ဘုရင်နယ်ပယ် အဆင့်ငါးတဲ့။ မိတ်ဆက်ကို မြင်သွားတော့ ဝန်ထမ်းက သူ့ခေါင်းဆောင် မင်းချင်းယွိလိုမျိုး ထူးခြားတဲ့ ကျင့်ကြံသူတစ်ဦးဆိုတာ တွေ့လိုက်ရတော့ အံ့အားသင့်သွားတယ်။

အချက်အလက်က မှန်ရဲ့လားဆိုပြီး ဝန်ထမ်းက သံသယတော့ ဝင်သွားတယ်၊ ဒါပေမဲ့ နန်ကုန်းလီက အဘိုးအိုကို ဘယ်လိုတွေတောင် လေးစားရိုသေသမှုနဲ့ ဆက်ဆံနေသလဲဆိုတာ မြင်လိုက်ရတော့ သူ ရုတ်တရက် စိတ်လှုပ်ရှားသွားရတယ်။ ဒါ့အပြင် သူ့ပတ်ဝန်းကျင်က လူတွေက သူတို့ရဲ့ မျက်လုံးတွေ ငေးကြောင်နေရင်း သူ့လိုပဲ ခံစားနေကြရတယ်။ ကြီးမြတ်လှတဲ့ ဥက္ကဌကြီးက အဲ့ကောင်လေးရဲ့ အမှုတော်ထမ်း အဘိုးအိုတစ်ယောက်ကို အများကြီး လေးစားရိုကျိုးပြနေတယ်ဆိုတာ သူတို့ မယုံနိုင်တဲ့အတွက် သူတို့ကိုယ်သူတို့ ထင်ယောင်ထင်မှား ဖြစ်နေသလားဆိုပြီးတောင် သူတို့ တွေးမိလိုက်ကြတယ်၊ ဒါတောင် ဆက်ဆံတဲ့ လေသံကို ထည့်မတွက်ထားသေးဘူး။ တကယ်တော့ သူတို့ အသင်းဥက္ကဌအကြောင်း အနည်းအကျဉ်းပဲ သိတယ်ဆိုတာ ခံစားမိသွားကြတယ်။

လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ကောင်လေးက အစိမ်းရောင် ငရဲသားအသင်းမှာ အမွှေကြီးမွှေသွားခဲ့တာကို လူအများအပြားက မြင်ခဲ့ကြတယ်၊ သူတို့က ကောင်လေးရဲ့ ဖြစ်တည်မှုက နှယ်နှယ်ရရတော့ မဟုတ်လောက်ဘူးဆိုပြီး သူတို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ နန်ကုန်းလီက သူပြောလိုက်တဲ့စကားတွေ၊ သူလုပ်လိုက်တဲ့အရာတွေက ကောင်လေးရဲ့ အမှုတော်ထမ်းလို့ ပြောတဲ့ အဘိုးအိုကို စော်ကားသလို ဖြစ်မှာစိုးစိတ်နဲ့ အခုလို မဝံ့မရဲပြုမူနေတာမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။

လူတိုင်းက သံသယဖြစ်နေကြတုန်းမှာပဲ အချိန်ပြည့် သုန်သုန်မှုန်မှုန်မျက်နှာထားနဲ့ မင်းချင်းယွိက အဲ့လူတွေရဲ့ အထင်ကို အတည်ပြုပေးမယ့်အရာတစ်ခု လုပ်လိုက်တယ် - ကောင်လေးရယ် ဒီအဘိုးအိုရယ်ရဲ့ ဖြစ်တည်မှုက အတော် ထူးခြားတာပဲဖြစ်ရမယ်!

"တွေ့ဆုံခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ် ဦးလေးဖြူ!" မင်းချင်းယွိက အတွင်းပိုင်စိတ်ခံစာချက်တွေကို ဖိနှိပ်ပြီး ရှေ့တိုးရင်း ဦးလေးဖြူကို ဦးညွှတ်လိုက်တယ်။

မာနကြီးတဲ့ မင်းချင်းယွိလိုမျိုး လူတစ်ယောက်ရဲ့ အဘိုးအိုအပေါ် ဦးညွှတ်ပြောဆိုနေတာကို ကြားရတော့ အခြားသူတွေက ဦးလေးဖြူဘယ်သူလဲ ဘာလဲဆိုတာ ပိုပြီးတော့တောင် သိချင်လာကြတယ်။

ဒါပေမဲ့ ဦးလေးဖြူက မင်းချင်းယွိကို လုံးလုံးကို လျစ်လျူရှုပြီး ဘယ်ဖက်က စားပွဲ ငါးခုမြောက်ဘေးမှာ လိပ်ပြာလွင့်ပြီး မတ်တပ်ရပ်နေတဲ့ ဝန်ထမ်းဆီ တည့်တည့် လျောက်သွားလိုက်တာကြောင့် မင်းချင်းယွိ လူအများရှေ့ အိုးတိုးအမ်းတမ်း ဖြစ်သွားရတယ်။

ရင်ပြင်ကျယ်ကြီး တိတ်ဆိတ်သွားတယ်။ အဲ့မှာရှိနေတဲ့ လူတွေအားလုံးက ထူးထူးဆန်းဆန်းကို တိတ်ဆိတ်သွားပြီး အများစုက မင်းချင်းယွိကို ဖျက်ခနဲ မသိမသာ ကြည့်လိုက်ကြတယ်။

မင်းချင်းယွိအရှေ့က လူတွေရဲ့မျက်နှာပေါ်က အမူအယာတွေက အနည်းငယ် ပြောင်းသွားကြတာကြောင့် မင်းချင်းယွိကို မမြင်ရတဲ့ သူ့အနောက်ဖက်က လူတွေက ပိုလို့တောင် သိချင်လာကြတယ်။

အဲ့တာကို မြင်တော့ နန်ကုန်းလီက သက်ပြင်းချလိုက်ပြီး ခေါင်းခါလိုက်တယ်။ အဲ့နောက် သူက ဦးလေးဖြူဆီ လျောက်သွားလိုက်တယ်။

ဦးလေးဖြူရဲ့ ကြွရောက်လာမှုက ဖုန့်ရှီကို မဲချင်နေကြတဲ့ အဲ့ဒီ့လူတွေက အရမ်းအရမ်းကို အခြေအနေဆိုးသွားကြပြီး လှုပ်တောင် မလှုပ်ဝံ့တော့ပေ။ နောက်ဆုံးတော့ ဖုန့်ရှီက ဘယ်လောက်တောင် အထက်တန်းလွှာပုဂ္ဂိုလ်လဲဆိုတာ သူတို့ မသိကြသေးဘူးဆိုရင်တောင် ဥက္ကဌနဲ့ သူတို့ရဲ့ အစိမ်းရောင် ငရဲသား အသင်းအဖွဲ့က ခေါင်းဆောင်တို့ရဲ့ သဘောထား အမူအယာတွေကို ကြည့်ပြီးနောက် သူတို့ လုံးဝကို မျှော်လင့်ချက် မဲ့သွားကြရတယ်။ တချိန်တည်းမှာပဲ ဖုန့်ရှီနဲ့ တိုက်ရိုက်ကို ကတောက်ကဆ ဖြစ်သွားခဲ့တဲ့ မျက်လုံးစောင်းစောင်းနဲ့လူက ကြောက်လွန်းလို့ မျက်နှာက လူသေကောင်လို ဖြူဖတ်ဖြူရော်နဲ့ မြေပြင်ပေါ် လဲကျသွားတယ်။

ဦးလေးဖြူက သံသေတ္တာထဲက စာရွက်ပိုင်း တစ်ခုကို ကျပန်း ကောက်ယူလိုက်ပြီး စာရွက်ကိုတောင် မဖတ်တော့ဘဲ ငွေကျားပေါ် တက်စီးကာ တန်းတန်းမတ်မတ်ကို ပြန်သွားတော့တယ်။ နန်ကုန်းလီက ဦးလေးဖြူကို အစိမ်းရောင် ငရဲသားအသင်းမှာ တခဏလောက် ဝင်နားဖို့ ဖိတ်ခေါ်မယ်လို့ ရည်ရွယ်လိုက်ပေမဲ့ ဦးလေးဖြူက ပြတ်ပြတ်သားသားပဲ ချက်ချင်း ထွက်သွားပြီပင်။ အဲ့တာကြောင့် နန်ကုန်းလီက ရွေးချယ်စရာ မရှိတော့ဘဲ အဲ့အကြံကို လက်လွှတ်ချလိုက်ရတော့တယ်။ မင်းချင်းယွိဘေးကနေ သူဖြတ်သွားရင်း ခဏ ရပ်လိုက်ပြီး ပြောလိုက်တယ်၊

"ချင်းယွိ၊ မင်းမြင်တယ်မှတ်လား။ ငါ ဘာမှ ပြောဖို့ မလိုတော့ဘူး၊ အခြေအနေကို လုံလုံလောက်လောက် နားလည်လောက်အောင် မင်း ပါးနပ်မယ်လို့ ငါ ယုံကြည်ပါတယ်။"

တကယ်တော့ မင်းချင်းယွိက အရာရာကို နားလည်တယ်၊ သူက ဒါ အမှန်မဟုတ်လောက်ပါဘူးဆိုတဲ့ မျှော်လင့်ချက် ဖျော့ဖျော့လေး ထားခဲ့မိရုံပါ။

မိုးကုတ်စက်ဝိုင်းပေါ် ဝင်ရောက်ပျောက်ကွယ်သွားတဲ့ ပုံရိပ်ကို စိုက်ကြည့်လိုက်ပြီး အမှန်တရားကို လက်မခံလိုတဲ့ ခံစားချက်နဲ့ သူ့လက်သီးကို တိတ်တဆိတ် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။

သူ ကာလကြာရှည်ကို ကြိုးစားခဲ့ရတာ၊ ဒါပေမဲ့လည်း နောက်ဆုံးတော့ သူက ဘာမဟုတ်တဲ့ ကောင်ငယ်လေးတစ်ယောက်ကို ရှုံးသွားခဲ့ရတယ်။ ဘယ်အရာကိုမှ အားစိုက်မထုတ်ခဲ့ပဲ သူ့အိမ်မက်ကို တစိုက်မတ်မတ် အကောင်အထည်ဖော်ဖို့ လုပ်ခဲ့ပေမဲ့ အဲ့ကောင်လေးက သူ့အိမ်မက်ကို အလွယ်လေးပဲ ရသွားခဲ့တယ်။ မင်းချင်းယွိ ဒါကို လုံးဝ လက်မခံနိုင်!

ဒီတလျောက်လုံး မင်းချင်းယွိက ငရဲမင်းကြီးရဲ့ ခြေလှမ်းနောက် လိုက်ခဲ့ပြီး တစ်ရက်ရက်မှာများ ဘုရင်ကြီးနဲ့ နီးခွင့်ရမလားလို့ မျှော်လင့်ချက် တပွေ့တပိုက်ကြီး ထားခဲ့တယ်။ ဒါပေမဲ့ ဘုရင်ကြီးဘေးနားမှာ လူသားတစ်ယောက် ရှိနေပြီဆိုတာရယ်၊ အဲ့လူသားအတွက် ငရဲသားမိသားစုဝင်တွေရဲ့ အထက်တန်းလွှာဆိုတဲ့ ဂုဏ်ဒြပ်ကိုပါ ရုတ်သိမ်းလိုက်တယ်ဆိုတာရယ် သူသိလိုက်ရကတည်းက သူ့အတွက် အခွင့်အရေး အလွန်နည်းပါးသွားပြီဆိုတာ သူသိလိုက်တယ်၊ သူရူးမတတ်ကို ဖြစ်သွားရပြီး အဲ့ကောင်လေးကို သတ်ချင်တဲ့ သူ့စိတ်ဆန္ဒကို အတော်ကို ကြိုးစား ထိန်းချုပ်ခဲ့ရတယ်။

ဒါပေမဲ့ ဦးလေးဖြူက ကောင်လေးကို ဘယ်လိုတောင် ကာကွယ်ပေးနေသလဲဆိုတာ မြင်လိုက်ရပြီးတဲ့နောက် သူ ထူးထူးဆန်းဆန်းကို တည်ငြိမ်သွားတယ်။

သူ့ကြမ္မာကိုပဲ သူ အပြစ်တင်ရမလား?

တခြားသူတွေကို သွားပြီး ညီးငြူရမှာလား?

သူ့ဒေါသရဲ့ ချုပ်ကိုင်မှုအောက် သူလွှတ်ပေးလိုက်မယ်ဆိုရင် ဒီနှစ်တွေအတွင်း သူကြိုးစားခဲ့သမျှအရာရာဟာ အချီးအနှီး ဖြစ်သွားလိမ့်မယ်။

သူက ဘုံသုံးဘုံမှာ အတော်ဆုံးလူ။ သူမလုပ်နိုင်တာ ဘာမှ မရှိဘူး။ ဘုရင်ကြီးက သူ့ကို တခါမှ အလေးအနက် မမှတ်ယူခဲ့ဘူးဆိုကတည်းက ဘုရင်ကြီးရဲ့ အရှေ့ ရောက်နေလောက်အောင်၊ ကျောနေလောက်အောင်ကို သူ သန်မာလာရမယ်လို့ ဆုံးဖြတ်လိုက်တယ်၊ ပြီးတော့ ဘုရင်ကြီးကို သူ့တည်ရှိမှု လျစ်လျူမရှုနိုင်တော့အောင် လုပ်ပြမယ်။

အဲ့အတွေးတွေက လွှမ်းခြုံသွားတယ်။ သူ့ လက်ရှိ စိတ်ခံစားချက်က အစွန်းဆုံကို ရောက်သွားပြီဖြစ်တဲ့အတွက် အတော် ပြန်တည်ငြိမ်လာတယ်။

အဲ့တာက မင်းချင်းယွိရဲ့ လက်ရှိခံစားနေရတာပါပဲ။ သူ့စိတ်ထဲက တစ်ခုတည်းသော အရာက ပိုသန်မာလာဖို့ဖြစ်ပြီး သူ့ကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအင်တွေက စွမ်းအင်တွေ နှိုးဆွခံလိုက်ရသလို စတင်ပြီး ရူးသွပ်စွာ ခုန်ပေါက် လှုပ်ရှားလာတယ်။ သူ့ပတ်လည်က လေထုထဲက စိတ်ဝိညာဉ်စွမ်းအင်တွေက သူ့ကိုယ်ထဲကို အရူးအမူး စုပ်ယူခံလိုက်ရတယ်။ ထပ်ခါတလဲလဲ ဖိနှိပ်ပြီးနောက် စိတ်ဝိညာဉ်စွမ်းအင်တွေက သူ့သွေးကြောထဲ ပိုလို့တောင် အလွန်အကြူးသိပ်သည်းသွားတယ်။

နန်ကုန်းလီက သူ့အနောက်က အပြောင်းအလဲကို ခံစားမိသွားပြီး ချက်ချင်းပဲ လှည့်ကြည့်လိုက်တယ်။ အဲ့နောက် သူ့မျက်နှာမှာ အံအားသင့်ဟန် ဖြတ်ပြေးသွားမှုနဲ့အတူ မင်းချင်းယွိက အားကောင်းတဲ့ ခံစားချက် အတက်အကျကြောင့် ကျင့်ကြံမှု နောက်တဆင့်ကို ရုတ်တရက် တက်တော့မယ်ဆိုတာ တွေ့လိုက်ရတယ်။ ဒါပေမဲ့ မင်းချင်းယွိ ဒီလိုဖြစ်သွားတာကို မြင်ရတော့ စိတ်ရှုပ်ထွေ၊ ပူပန်သွားရတဲ့အတွက် နန်ကုန်းလီရဲ့ စိတ် ဟိုးအတွင်းထဲမှာတော့ နည်းနည်းလေးလောက် မစိုးရိမ်ပဲ မနေနိုင် ဖြစ်သွားရတယ်၊

ဘယ်လိုပဲဖြစ်ဖြစ် ပြင်ပပယောဂကြောင့် မင်းချင်းယွိအပေါ် ဆိုးကျိုးသက်ရောက်မှု ရှိလာတာကနေ ကာကွယ်ဖို့အတွက် နန်ကုန်းလီက အစိမ်းရောင် ငရဲသား အသင်းသားတွေကို မင်းချင်းယွိကို ဝန်းရံထားဖို့ မှာလိုက်တယ်။

မင်းချင်းယွိ သူ့ရဲ့ ကျင့်ကြံမှု လုပ်ငန်းစဉ်တစ်ခုလုံးကို အဆုံးသတ်ဖို့အတွက် တစ်နာရီလောက် အချိန်ယူလိုက်ရပြီး သူ့ဆီကနေ ထွက်လာနေတဲ့ ဆူညံသံကြီးဟာလည်း တဖြည်းဖြည်း ပါးလျပျောက်ကွယ်သွားတယ်။ သူ့မျက်လုံးကို ပြန်ပြီး ဖွင့်လိုက်တဲ့အချိန်မှာ သူ့မျက်လုံးထဲက အကြည့်တွေက အရင်ကထက်တောင် ပိုပြီး အေးစက်လာကာ အရင်ကထက်လည်း ပိုပြီး ဆုံးဖြတ်ချက် ခိုင်မာလာတာ တွေ့မြင်ရတယ်။ မင်းချင်းယွိက စိတ်ပိုင်းဆိုင်ရာအခြေအနေမှာ တဆင့်တက် အောင်မြင်မှု ရသွားခဲ့တာကြောင့် သူ့ရဲ့ ကျင့်ကြံမှုလုပ်ငန်းစဉ်ကလည်း အလွန် ချောမွေ့သွားတာဖြစ်တယ်။

ဘာဖြစ်တာလဲဆိုတာ မျက်မြင်တွေ့လိုက်ကြရတဲ့လူတွေကတော့ ဒီ ဉာဏ်ကြီးရှင်ကတော့ အံ့ဖွယ်အမှုကို ထပ်ပြီး ဖန်တီးလိုက်ပြန်ပြီဆိုတာ သိလိုက်ကြတယ်။

"ဥက္ကဌ နန်ကုန်းလီ၊ ကျွန်တော် နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်ကို သွားဖို့ ဆုံးဖြတ်လိုက်ပြီ!"

မင်းချင်းယွိရဲ့ ပြတ်သားတဲ့အသံဟာ ရင်ပြင်ကျယ်ပေါ်က ကောင်းကင်ယံထက် အချိန် အတော်အကြာကြီးကို ပဲ့တင်ထပ်သွားတယ်!

20211026; 2059

WFH မဟုတ်တော့ဘဲ အလုပ်ပြန်တက်နေရတဲ့အတွက် စစတက်ချင်းဆိုတော့ commute ကို ပင်ပန်းနေပြီး အိမ်ပြန်ရောက်တာနဲ့ အိပ်ပျော်ပျော်သွားရတာကြောင့် တင်တာ ကြာသွားတာ တောင်းပန်ပါတယ်၊ စောင့်ဖတ်နေကြသူတွေကို အားလည်းနာသလို ကျေးဇူးလည်း တင်ပါတယ်။ နောက်ရက်တွေ မပျက်အောင်၊ အနည်းဆုံး နှစ်ရက်တစ်ခန်း တင်နိုင်အောင် ကြိုးစားပါ့မယ်။

—————————— Zawgyi —————————

အပိုင္း ၆၈။ မင္းခ်င္းယြိရဲ့ ဆုံးျဖတ္ခ်က္

ဦးေလးျဖဴရဲ့ ဝတ္႐ုံ ေလေအးထဲ တလြင့္လြင့္ျဖစ္ေနသလို သူ႔မ်က္ႏွာေပၚက ဘာကိုမွအေရးမစိုက္ဟန္အမူအယာက အျခားသူေတြကို ၾကက္သီးထေစတယ္။

သူ႔ေဘးက အလန္႔တၾကား ေအာ္ေနၾကတဲ့ လူေတြကို လ်စ္လ်ဴရွုၿပီး အေဆာက္အအုံထိပ္ ရပ္ေနၾကတဲ့ လူႏွစ္ဦးကိုပဲ အၾကည့္ပို႔လိုက္တယ္။ မင္းခ်င္းယြိကို သူ တစ္ခ်က္ၾကည့္လိုက္ေတာ့ သူ႔မ်က္လုံးထဲက အမူအယာက သူ႔ေဘးက လူေတြ ခိုက္ခိုက္တုန္သြားရေလာက္တဲ့အထိ ပိုလို႔ေတာင္ ေအးစက္သြားတယ္။

က်င့္ႀကံသူအမ်ားစုက ဦးေလးျဖဴကို အံ့ဩတႀကီး ေငးၾကည့္ေနၾကရင္း ဒီအဘိုးႀကီးက ဘယ္သူမ်ားပါလိမ့္ဆိုၿပီး ခန္႔မွန္းေနၾကတယ္။

မင္းခ်င္းယြိနဲ႔ နန္ကုန္းလီတို႔ကေတာ့ ဦးေလးျဖဴကို မွတ္မိသြားၾကမွန္း သိသာတယ္၊ ဘာလို႔လည္းဆိုေတာ့ သူတို႔ ဦးေလးျဖဴကို ေတြ႕လိုက္ရတာနဲ႔ သူတို႔မ်က္ႏွာေပၚက အမူအယာေတြက ခ်က္ခ်င္းကို ေျပာင္းသြားၾကလို႔ပဲျဖစ္တယ္။ အဲ့ေနာက္ သူတို႔ႏွစ္ဦးလုံး အေဆာက္အအုံအေပၚကေန ဆင္းလာၾကတယ္။

"ႀကိဳဆိုပါတယ္၊ ဦးေလးျဖဴ။ ဘာကိစၥနဲ႔ ႂကြေရာက္လာတာပါလဲခင္မ်ာ?" နန္ကုန္းလီက ဦးေလးျဖဴကို တေလးတစား အၾကည့္ေတြနဲ႔ အနည္းငယ္ ဦးညႊတ္လိုက္တယ္။ သူက အဲ့ေမးခြန္းေမးလိုက္ေပမဲ့ ဦးေလးျဖဴက အဲ့ေကာင္ေလးအတြက္ လာတာျဖစ္ရမယ္ဆိုတာ သူ ပိုလို႔ေတာင္ ေသခ်ာေနတယ္။ ဒါေတာင္ နန္ကုန္းလီက သူ႔မ်က္ႏွာကို ထိန္းထားနိုင္ဆဲပင္။

"ငါ ဒီကို ငါသခင္ေလးအတြက္ မဲလာႏွိုက္ေပးဖို႔ လာတာပါ။ နန္ကုန္း၊ လုပ္ထုံးလုပ္နည္းအတိုင္း လုပ္ေဆာင္နိုင္ပါတယ္။" ဦးေလးျဖဴက ေအးစက္ၾကည္လင္တဲ့အသံနဲ႔ ေျပာလိုက္ၿပီး မွုန္ဝါးေနတဲ့ သူ႔မ်က္လုံးေတြက အမွန္ေတာ့ အဓိပၸါယ္တစ္မ်ိဳးကို အခ်ိန္နဲ႔အမၽွ အရိပ္အႁမြက္ျပေနတာပဲျဖစ္တယ္။ သူက ေအာက္က အစိမ္းေရာင္ ငရဲသား အသင္းသား အနည္းငယ္ေတြကို တစ္ခ်က္ၾကည့္လိုက္တယ္။

ဦးေလးျဖဴရဲ့ စကားလုံးေတြက နန္ကုန္းလီရဲ့ အထင္ကို အတည္ျပဳလိုက္ျခင္းပင္။

လြန္ခဲ့တဲ့ရက္အနည္းငယ္က ဘာျဖစ္ခဲ့သလဲဆိုတာ ေတြးမိေတာ့ နန္ကုန္းလီ မေနနိုင္ေတာ့ဘဲ ေၾကာက္လန္႔တုန္ရီသြားကာ ေတြးလိုက္တယ္၊ 'အဲ့ဒီ့အသင္းသားဝန္ထမ္းေတြရဲ့ အမွားက အဲ့ေလာက္ သိပ္အႀကီးႀကီးမဟုတ္လို႔ ေတာ္ေသးတယ္၊ အဲ့လိုမွမဟုတ္ရင္ ငါေတာင္ သူတို႔ကို ကာကြယ္ေပးနိုင္မွာမဟုတ္ဘူး။"

"ေကာင္းပါၿပီ၊ အဲ့ဒီ့သခင္ေလးရဲ့ နာမည္ကို သိပါရေစခင္မ်။ ကၽြန္ေတာ္ တစ္ေယာက္ေယာက္ကို လႊတ္ၿပီး သြားစစ္ခိုင္းလိုက္ပါ့မယ္။"

နန္ကုန္းလီက ဦးေလးျဖဴရဲ့ အတက္အက်မရွိတဲ့ အသံကို ကသိကေအာင့္ မခံစားေနရေပ။ အဘိုးႀကီးရဲ့ အမူအက်င့္ကို သိၿပီးျဖစ္ပုံ ေပၚတယ္။ အဲ့တာေၾကာင့္ နန္ကုန္းလီက ယဥ္ယဥ္ေက်းေက်းပဲ ျပဳံးေနလိုက္ၿပီး ျပန္ေျဖလိုက္တယ္။

"ငါ့သခင္ေလးရဲ့ နာမည္ေနာက္ဆုံးစာလုံးက ဖုန္႔၊ သူ႔ ေရွ႕ဆုံးစာလုံးက ရွီ"

အဲ့စကားလုံးေတြကို ၾကားလိုက္ေတာ့ ဘယ္ဖက္က စားပြဲနံပါတ္ ၅ ေဘးနားက ဝန္ထမ္းက ႐ုတ္တရက္ ေတြေဝသြားတယ္၊ သူ အဲ့နာမည္ကို အရင္က ျမင္ဖူးတယ္လို႔ ခံစာမိသြားတယ္။

သူ အဲ့တာကို ေတြးမိၿပီးေနာက္ သူ႔လက္ထဲက ေလ်ာက္လႊာစာရြက္ေတြကို စၿပီး လွန္ၾကည့္လိုက္တယ္။ ေနာက္ဆုံး ဖုန္႔ရွီရဲ့ နာမည္ကို ေနာက္ဆုံးေလ်ာက္လႊာစာရြက္ရဲ့ ေနာက္ဆုံးေကာ္လံမွာ ေတြ႕လိုက္ရတယ္။ ဖုန္႔ရွီရဲ့ နာမည္ေအာက္မွာ သူ႔အေၾကာင္း မိတ္ဆက္လည္း ရွိေနၿပီး ေဖာ္ျပထားတာက ဒီ ဆယ့္ကိုးႏွစ္ ေကာင္ေလးက ေကာင္းကင္ဘုရင္နယ္ပယ္ အဆင့္ငါးတဲ့။ မိတ္ဆက္ကို ျမင္သြားေတာ့ ဝန္ထမ္းက သူ႔ေခါင္းေဆာင္ မင္းခ်င္းယြိလိုမ်ိဳး ထူးျခားတဲ့ က်င့္ႀကံသူတစ္ဦးဆိုတာ ေတြ႕လိုက္ရေတာ့ အံ့အားသင့္သြားတယ္။

အခ်က္အလက္က မွန္ရဲ့လားဆိုၿပီး ဝန္ထမ္းက သံသယေတာ့ ဝင္သြားတယ္၊ ဒါေပမဲ့ နန္ကုန္းလီက အဘိုးအိုကို ဘယ္လိုေတြေတာင္ ေလးစားရိုေသသမွုနဲ႔ ဆက္ဆံေနသလဲဆိုတာ ျမင္လိုက္ရေတာ့ သူ ႐ုတ္တရက္ စိတ္လွုပ္ရွားသြားရတယ္။ ဒါ့အျပင္ သူ႔ပတ္ဝန္းက်င္က လူေတြက သူတို႔ရဲ့ မ်က္လုံးေတြ ေငးေၾကာင္ေနရင္း သူ႔လိုပဲ ခံစားေနၾကရတယ္။ ႀကီးျမတ္လွတဲ့ ဥကၠဌႀကီးက အဲ့ေကာင္ေလးရဲ့ အမွုေတာ္ထမ္း အဘိုးအိုတစ္ေယာက္ကို အမ်ားႀကီး ေလးစားရိုက်ိဳးျပေနတယ္ဆိုတာ သူတို႔ မယုံနိုင္တဲ့အတြက္ သူတို႔ကိုယ္သူတို႔ ထင္ေယာင္ထင္မွား ျဖစ္ေနသလားဆိုၿပီးေတာင္ သူတို႔ ေတြးမိလိုက္ၾကတယ္၊ ဒါေတာင္ ဆက္ဆံတဲ့ ေလသံကို ထည့္မတြက္ထားေသးဘူး။ တကယ္ေတာ့ သူတို႔ အသင္းဥကၠဌအေၾကာင္း အနည္းအက်ဥ္းပဲ သိတယ္ဆိုတာ ခံစားမိသြားၾကတယ္။

လြန္ခဲ့တဲ့ရက္အနည္းငယ္တုန္းက ေကာင္ေလးက အစိမ္းေရာင္ ငရဲသားအသင္းမွာ အေမႊႀကီးေမႊသြားခဲ့တာကို လူအမ်ားအျပားက ျမင္ခဲ့ၾကတယ္၊ သူတို႔က ေကာင္ေလးရဲ့ ျဖစ္တည္မွုက ႏွယ္ႏွယ္ရရေတာ့ မဟုတ္ေလာက္ဘူးဆိုၿပီး သူတို႔ ထင္ခဲ့ၾကတယ္။ ဒါေပမဲ့ နန္ကုန္းလီက သူေျပာလိုက္တဲ့စကားေတြ၊ သူလုပ္လိုက္တဲ့အရာေတြက ေကာင္ေလးရဲ့ အမွုေတာ္ထမ္းလို႔ ေျပာတဲ့ အဘိုးအိုကို ေစာ္ကားသလို ျဖစ္မွာစိုးစိတ္နဲ႔ အခုလို မဝံ့မရဲျပဳမူေနတာမ်ိဳး တစ္ခါမွ မျဖစ္ဖူးဘူး။

လူတိုင္းက သံသယျဖစ္ေနၾကတုန္းမွာပဲ အခ်ိန္ျပည့္ သုန္သုန္မွုန္မွုန္မ်က္ႏွာထားနဲ႔ မင္းခ်င္းယြိက အဲ့လူေတြရဲ့ အထင္ကို အတည္ျပဳေပးမယ့္အရာတစ္ခု လုပ္လိုက္တယ္ - ေကာင္ေလးရယ္ ဒီအဘိုးအိုရယ္ရဲ့ ျဖစ္တည္မွုက အေတာ္ ထူးျခားတာပဲျဖစ္ရမယ္!

"ေတြ႕ဆုံခြင့္ရတဲ့အတြက္ ဂုဏ္ယူပါတယ္ ဦးေလးျဖဴ!" မင္းခ်င္းယြိက အတြင္းပိုင္စိတ္ခံစာခ်က္ေတြကို ဖိႏွိပ္ၿပီး ေရွ႕တိုးရင္း ဦးေလးျဖဴကို ဦးညႊတ္လိုက္တယ္။

မာနႀကီးတဲ့ မင္းခ်င္းယြိလိုမ်ိဳး လူတစ္ေယာက္ရဲ့ အဘိုးအိုအေပၚ ဦးညႊတ္ေျပာဆိုေနတာကို ၾကားရေတာ့ အျခားသူေတြက ဦးေလးျဖဴဘယ္သူလဲ ဘာလဲဆိုတာ ပိုၿပီးေတာ့ေတာင္ သိခ်င္လာၾကတယ္။

ဒါေပမဲ့ ဦးေလးျဖဴက မင္းခ်င္းယြိကို လုံးလုံးကို လ်စ္လ်ဴရွုၿပီး ဘယ္ဖက္က စားပြဲ ငါးခုေျမာက္ေဘးမွာ လိပ္ျပာလြင့္ၿပီး မတ္တပ္ရပ္ေနတဲ့ ဝန္ထမ္းဆီ တည့္တည့္ ေလ်ာက္သြားလိုက္တာေၾကာင့္ မင္းခ်င္းယြိ လူအမ်ားေရွ႕ အိုးတိုးအမ္းတမ္း ျဖစ္သြားရတယ္။

ရင္ျပင္က်ယ္ႀကီး တိတ္ဆိတ္သြားတယ္။ အဲ့မွာရွိေနတဲ့ လူေတြအားလုံးက ထူးထူးဆန္းဆန္းကို တိတ္ဆိတ္သြားၿပီး အမ်ားစုက မင္းခ်င္းယြိကို ဖ်က္ခနဲ မသိမသာ ၾကည့္လိုက္ၾကတယ္။

မင္းခ်င္းယြိအေရွ႕က လူေတြရဲ့မ်က္ႏွာေပၚက အမူအယာေတြက အနည္းငယ္ ေျပာင္းသြားၾကတာေၾကာင့္ မင္းခ်င္းယြိကို မျမင္ရတဲ့ သူ႔အေနာက္ဖက္က လူေတြက ပိုလို႔ေတာင္ သိခ်င္လာၾကတယ္။

အဲ့တာကို ျမင္ေတာ့ နန္ကုန္းလီက သက္ျပင္းခ်လိုက္ၿပီး ေခါင္းခါလိုက္တယ္။ အဲ့ေနာက္ သူက ဦးေလးျဖဴဆီ ေလ်ာက္သြားလိုက္တယ္။

ဦးေလးျဖဴရဲ့ ႂကြေရာက္လာမွုက ဖုန္႔ရွီကို မဲခ်င္ေနၾကတဲ့ အဲ့ဒီ့လူေတြက အရမ္းအရမ္းကို အေျခအေနဆိုးသြားၾကၿပီး လွုပ္ေတာင္ မလွုပ္ဝံ့ေတာ့ေပ။ ေနာက္ဆုံးေတာ့ ဖုန္႔ရွီက ဘယ္ေလာက္ေတာင္ အထက္တန္းလႊာပုဂၢိဳလ္လဲဆိုတာ သူတို႔ မသိၾကေသးဘူးဆိုရင္ေတာင္ ဥကၠဌနဲ႔ သူတို႔ရဲ့ အစိမ္းေရာင္ ငရဲသား အသင္းအဖြဲ႕က ေခါင္းေဆာင္တို႔ရဲ့ သေဘာထား အမူအယာေတြကို ၾကည့္ၿပီးေနာက္ သူတို႔ လုံးဝကို ေမၽွာ္လင့္ခ်က္ မဲ့သြားၾကရတယ္။ တခ်ိန္တည္းမွာပဲ ဖုန္႔ရွီနဲ႔ တိုက္ရိုက္ကို ကေတာက္ကဆ ျဖစ္သြားခဲ့တဲ့ မ်က္လုံးေစာင္းေစာင္းနဲ႔လူက ေၾကာက္လြန္းလို႔ မ်က္ႏွာက လူေသေကာင္လို ျဖဴဖတ္ျဖဴေရာ္နဲ႔ ေျမျပင္ေပၚ လဲက်သြားတယ္။

ဦးေလးျဖဴက သံေသတၱာထဲက စာရြက္ပိုင္း တစ္ခုကို က်ပန္း ေကာက္ယူလိုက္ၿပီး စာရြက္ကိုေတာင္ မဖတ္ေတာ့ဘဲ ေငြက်ားေပၚ တက္စီးကာ တန္းတန္းမတ္မတ္ကို ျပန္သြားေတာ့တယ္။ နန္ကုန္းလီက ဦးေလးျဖဴကို အစိမ္းေရာင္ ငရဲသားအသင္းမွာ တခဏေလာက္ ဝင္နားဖို႔ ဖိတ္ေခၚမယ္လို႔ ရည္ရြယ္လိုက္ေပမဲ့ ဦးေလးျဖဴက ျပတ္ျပတ္သားသားပဲ ခ်က္ခ်င္း ထြက္သြားၿပီပင္။ အဲ့တာေၾကာင့္ နန္ကုန္းလီက ေရြးခ်ယ္စရာ မရွိေတာ့ဘဲ အဲ့အႀကံကို လက္လႊတ္ခ်လိုက္ရေတာ့တယ္။ မင္းခ်င္းယြိေဘးကေန သူျဖတ္သြားရင္း ခဏ ရပ္လိုက္ၿပီး ေျပာလိုက္တယ္၊

"ခ်င္းယြိ၊ မင္းျမင္တယ္မွတ္လား။ ငါ ဘာမွ ေျပာဖို႔ မလိုေတာ့ဘူး၊ အေျခအေနကို လုံလုံေလာက္ေလာက္ နားလည္ေလာက္ေအာင္ မင္း ပါးနပ္မယ္လို႔ ငါ ယုံၾကည္ပါတယ္။"

တကယ္ေတာ့ မင္းခ်င္းယြိက အရာရာကို နားလည္တယ္၊ သူက ဒါ အမွန္မဟုတ္ေလာက္ပါဘူးဆိုတဲ့ ေမၽွာ္လင့္ခ်က္ ေဖ်ာ့ေဖ်ာ့ေလး ထားခဲ့မိ႐ုံပါ။

မိုးကုတ္စက္ဝိုင္းေပၚ ဝင္ေရာက္ေပ်ာက္ကြယ္သြားတဲ့ ပုံရိပ္ကို စိုက္ၾကည့္လိုက္ၿပီး အမွန္တရားကို လက္မခံလိုတဲ့ ခံစားခ်က္နဲ႔ သူ႔လက္သီးကို တိတ္တဆိတ္ က်စ္က်စ္ပါေအာင္ ဆုပ္လိုက္တယ္။

သူ ကာလၾကာရွည္ကို ႀကိဳးစားခဲ့ရတာ၊ ဒါေပမဲ့လည္း ေနာက္ဆုံးေတာ့ သူက ဘာမဟုတ္တဲ့ ေကာင္ငယ္ေလးတစ္ေယာက္ကို ရွုံးသြားခဲ့ရတယ္။ ဘယ္အရာကိုမွ အားစိုက္မထုတ္ခဲ့ပဲ သူ႔အိမ္မက္ကို တစိုက္မတ္မတ္ အေကာင္အထည္ေဖာ္ဖို႔ လုပ္ခဲ့ေပမဲ့ အဲ့ေကာင္ေလးက သူ႔အိမ္မက္ကို အလြယ္ေလးပဲ ရသြားခဲ့တယ္။ မင္းခ်င္းယြိ ဒါကို လုံးဝ လက္မခံနိုင္!

ဒီတေလ်ာက္လုံး မင္းခ်င္းယြိက ငရဲမင္းႀကီးရဲ့ ေျခလွမ္းေနာက္ လိုက္ခဲ့ၿပီး တစ္ရက္ရက္မွာမ်ား ဘုရင္ႀကီးနဲ႔ နီးခြင့္ရမလားလို႔ ေမၽွာ္လင့္ခ်က္ တေပြ႕တပိုက္ႀကီး ထားခဲ့တယ္။ ဒါေပမဲ့ ဘုရင္ႀကီးေဘးနားမွာ လူသားတစ္ေယာက္ ရွိေနၿပီဆိုတာရယ္၊ အဲ့လူသားအတြက္ ငရဲသားမိသားစုဝင္ေတြရဲ့ အထက္တန္းလႊာဆိုတဲ့ ဂုဏ္ျဒပ္ကိုပါ ႐ုတ္သိမ္းလိုက္တယ္ဆိုတာရယ္ သူသိလိုက္ရကတည္းက သူ႔အတြက္ အခြင့္အေရး အလြန္နည္းပါးသြားၿပီဆိုတာ သူသိလိုက္တယ္၊ သူ႐ူးမတတ္ကို ျဖစ္သြားရၿပီး အဲ့ေကာင္ေလးကို သတ္ခ်င္တဲ့ သူ႔စိတ္ဆႏၵကို အေတာ္ကို ႀကိဳးစား ထိန္းခ်ဳပ္ခဲ့ရတယ္။

ဒါေပမဲ့ ဦးေလးျဖဴက ေကာင္ေလးကို ဘယ္လိုေတာင္ ကာကြယ္ေပးေနသလဲဆိုတာ ျမင္လိုက္ရၿပီးတဲ့ေနာက္ သူ ထူးထူးဆန္းဆန္းကို တည္ၿငိမ္သြားတယ္။

သူ႔ၾကမၼာကိုပဲ သူ အျပစ္တင္ရမလား?

တျခားသူေတြကို သြားၿပီး ညီးျငဴရမွာလား?

သူ႔ေဒါသရဲ့ ခ်ဳပ္ကိုင္မွုေအာက္ သူလႊတ္ေပးလိုက္မယ္ဆိုရင္ ဒီႏွစ္ေတြအတြင္း သူႀကိဳးစားခဲ့သမၽွအရာရာဟာ အခ်ီးအႏွီး ျဖစ္သြားလိမ့္မယ္။

သူက ဘုံသုံးဘုံမွာ အေတာ္ဆုံးလူ။ သူမလုပ္နိုင္တာ ဘာမွ မရွိဘူး။ ဘုရင္ႀကီးက သူ႔ကို တခါမွ အေလးအနက္ မမွတ္ယူခဲ့ဘူးဆိုကတည္းက ဘုရင္ႀကီးရဲ့ အေရွ႕ ေရာက္ေနေလာက္ေအာင္၊ ေက်ာေနေလာက္ေအာင္ကို သူ သန္မာလာရမယ္လို႔ ဆုံးျဖတ္လိုက္တယ္၊ ၿပီးေတာ့ ဘုရင္ႀကီးကို သူ႔တည္ရွိမွု လ်စ္လ်ဴမရွုနိုင္ေတာ့ေအာင္ လုပ္ျပမယ္။

အဲ့အေတြးေတြက လႊမ္းျခဳံသြားတယ္။ သူ႔ လက္ရွိ စိတ္ခံစားခ်က္က အစြန္းဆုံကို ေရာက္သြားၿပီျဖစ္တဲ့အတြက္ အေတာ္ ျပန္တည္ၿငိမ္လာတယ္။

အဲ့တာက မင္းခ်င္းယြိရဲ့ လက္ရွိခံစားေနရတာပါပဲ။ သူ႔စိတ္ထဲက တစ္ခုတည္းေသာ အရာက ပိုသန္မာလာဖို႔ျဖစ္ၿပီး သူ႔ကိုယ္ထဲက စိတ္ဝိညာဥ္စြမ္းအင္ေတြက စြမ္းအင္ေတြ ႏွိုးဆြခံလိုက္ရသလို စတင္ၿပီး ႐ူးသြပ္စြာ ခုန္ေပါက္ လွုပ္ရွားလာတယ္။ သူ႔ပတ္လည္က ေလထုထဲက စိတ္ဝိညာဥ္စြမ္းအင္ေတြက သူ႔ကိုယ္ထဲကို အ႐ူးအမူး စုပ္ယူခံလိုက္ရတယ္။ ထပ္ခါတလဲလဲ ဖိႏွိပ္ၿပီးေနာက္ စိတ္ဝိညာဥ္စြမ္းအင္ေတြက သူ႔ေသြးေၾကာထဲ ပိုလို႔ေတာင္ အလြန္အၾကဴးသိပ္သည္းသြားတယ္။

နန္ကုန္းလီက သူ႔အေနာက္က အေျပာင္းအလဲကို ခံစားမိသြားၿပီး ခ်က္ခ်င္းပဲ လွည့္ၾကည့္လိုက္တယ္။ အဲ့ေနာက္ သူ႔မ်က္ႏွာမွာ အံအားသင့္ဟန္ ျဖတ္ေျပးသြားမွုနဲ႔အတူ မင္းခ်င္းယြိက အားေကာင္းတဲ့ ခံစားခ်က္ အတက္အက်ေၾကာင့္ က်င့္ႀကံမွု ေနာက္တဆင့္ကို ႐ုတ္တရက္ တက္ေတာ့မယ္ဆိုတာ ေတြ႕လိုက္ရတယ္။ ဒါေပမဲ့ မင္းခ်င္းယြိ ဒီလိုျဖစ္သြားတာကို ျမင္ရေတာ့ စိတ္ရွုပ္ေထြ၊ ပူပန္သြားရတဲ့အတြက္ နန္ကုန္းလီရဲ့ စိတ္ ဟိုးအတြင္းထဲမွာေတာ့ နည္းနည္းေလးေလာက္ မစိုးရိမ္ပဲ မေနနိုင္ ျဖစ္သြားရတယ္၊

ဘယ္လိုပဲျဖစ္ျဖစ္ ျပင္ပပေယာဂေၾကာင့္ မင္းခ်င္းယြိအေပၚ ဆိုးက်ိဳးသက္ေရာက္မွု ရွိလာတာကေန ကာကြယ္ဖို႔အတြက္ နန္ကုန္းလီက အစိမ္းေရာင္ ငရဲသား အသင္းသားေတြကို မင္းခ်င္းယြိကို ဝန္းရံထားဖို႔ မွာလိုက္တယ္။

မင္းခ်င္းယြိ သူ႔ရဲ့ က်င့္ႀကံမွု လုပ္ငန္းစဥ္တစ္ခုလုံးကို အဆုံးသတ္ဖို႔အတြက္ တစ္နာရီေလာက္ အခ်ိန္ယူလိုက္ရၿပီး သူ႔ဆီကေန ထြက္လာေနတဲ့ ဆူညံသံႀကီးဟာလည္း တျဖည္းျဖည္း ပါးလ်ေပ်ာက္ကြယ္သြားတယ္။ သူ႔မ်က္လုံးကို ျပန္ၿပီး ဖြင့္လိုက္တဲ့အခ်ိန္မွာ သူ႔မ်က္လုံးထဲက အၾကည့္ေတြက အရင္ကထက္ေတာင္ ပိုၿပီး ေအးစက္လာကာ အရင္ကထက္လည္း ပိုၿပီး ဆုံးျဖတ္ခ်က္ ခိုင္မာလာတာ ေတြ႕ျမင္ရတယ္။

You are reading the story above: TeenFic.Net