67. Drawing Lots

Background color
Font
Font size
Line height

အပိုင်း ၆၇။ မဲနှိုက်ခြင်း

ခြစ်ခြစ်တောက် ပူနေတဲ့ နေရောင်အောက်မှာ လူတိုင်း ချွေးတဒီးဒီး ကျနေကြပေမဲ့ စိတ်တွေကတော့ တက်ကြွနေကြဆဲပင်။

အကဲဖြတ်ပွဲ တက်ရောက်လာတဲ့ ကျင့်ကြံသူတွေနဲ့ ရင်ပြင်ကျယ်ဟာ ကျိတ်ကျိတ်တိုး ပြည့်ကျပ်နေတယ်။ တက်ရောက်လာသူဦးရေက တစ်ထောင်နီးပါး ရှိတယ်။ အကဲဖြတ်မှု စတင်တော့မှာ ဖြစ်တဲ့အတွက် ကျင့်ကြံသူတိုင်းဟာ စတင် စိုးရိမ်စိတ်လှုပ်ရှားလာကြတယ်။

အကဲဖြတ်မှုက အရမ်း တင်းကြပ်တယ်လို့ ဆိုထားကြတယ်၊ ပြီးတော့ တက်ရောက်လာသူတွေရဲ့ တစ်ဝက်လောက်က ပထမစမ်းသပ်စစ်ဆေးမှုမှာတင် ကျရှုံးဖယ်ရှားခံရမှာဖြစ်တယ်။ ဒီမှာရှိတဲ့ ကျင့်ကြံသူအချို့က အကဲဖြတ်မှု အခန်းအနားကို ကြိမ်ဖန်များစွာ တက်ရောက်ကြဖူးသူတွေ ဖြစ်တဲ့အတွက် အကဲဖြတ်မှုရဲ့ လုပ်ငန်းတာဝန်တွေ တော်တော်များများကို သူတို့ ရင်းနှီးနေကြတယ်။ ဒါပေမဲ့ တက်ရောက်လာသူတွေကို ချပေးတဲ့ လုပ်ငန်းတာဝန်တွေက ကျပန်း ချပေးတာဖြစ်တဲ့အတွက် သူတို့မှာ ခိုးချဖို့ လှည့်ဖျားဖို့အတွက် အခွင့်အလန်းမရှိဘူး။

သူတို့ ဘယ်တာဝန်ကို ကျမလဲဆိုတာ ဘယ်သူမှ မသိကြဘူး၊ ဒါ့ကြောင့် အကဲဖြတ်မှု အောင်မြင်ဖို့ တစ်ခုတည်းသောနည်းလမ်းက သူတို့ရဲ့ ကျင့်ကြံမှုကို မြှင့်တင်ဖို့ပဲ ဖြစ်တယ်။

ရင်ပြင်ကျယ်မှာ စူးစူးရဲရဲ အသံတစ်သံ ထွက်ပေါ်လာတဲ့အခါမှာ လူတွေအကြား တွတ်ထိုးဆွေးနွေးနေကြတာတွေ ရုတ်ချည်း ရပ်တန့်သွားတယ်။ လူအားလုံးက အစိမ်းရောင် ငရဲသားအသင်းရဲ့ အထင်ကရ အဆောက်အအုံကို တပြိုင်နက်တည်း စေ့စေ့ စူးစိုက်ကြည့်လိုက်ကြတယ်။

အဆောက်အအုံရဲ့ အပေါ်မှာ အစိမ်းရောင် ပုံသဏ္ဍာန်တစ်ခု လျောက်လာနေတယ်။ အဲ့တာကတော့ ဟိတ်ဟန် အပြည့်ရှိတဲ့ အေးစက်စက် မျက်နှာထားနဲ့ အရပ်ရှည်ရှည် တောင့်တောင့် ဖြောင့်ဖြောင့် လူငယ်တစ်ဦးဖြစ်တယ်။ လူအားလုံးက သူ့ခြေဖဝါးအောက် ရောက်နေတဲ့ နတ်ဘုရားတစ်ပါးအလား သူက အောက်ကလူတွေကို ငုံ့မိုးကြည့်လိုက်တယ်။ အဲ့တာက တခြားသူတွေကို မသက်မသာ ဖြစ်စေပေမဲ့လည်း ဒီလူငယ်က အဲ့လိုလုပ်နိုင်တဲ့ လုံလောက်တဲ့ စွမ်းအားရှိတဲ့သူဆိုတာ သူတို့ သိကြတယ်။

အဲ့လူငယ်ကတော့ မင်းချင်းယွိ၊ ငရဲပြည်မှာ အထူးချွန်ဆုံးသူတွေထဲက တစ်ယောက်ဖြစ်ပြီး ဒီတစ်ခေါက် အကဲဖြတ်မှုမှာ ကြီးကြပ်သူအနေနဲ့ တာဝန်ယူမယ့်ပုဂ္ဂိုလ်လည်း ဖြစ်တယ်။

"အားလုံးပဲ၊ နားထောင်ကြပါ၊ ဒီနှစ် အကဲဖြတ်မှုရဲ့ အချက်အလက်တွေကတော့ မနှစ်ကအတိုင်းပဲ ဖြစ်တယ်။ အသင်းက တစ်ဦးချင်းစီရဲ့ ကျင့်ကြံမှုအဆင့်အလိုက် ပထမတာဝန်ကို ခွဲဝေချပေးမှာဖြစ်တယ်။ အချိန်ကာလ ကန့်သတ်ချက်ကတော့ ဆယ်ရက်ဖြစ်တယ်။ အဲ့ဒီ့ ဆယ်ရက်အတွင်း ကိုယ့်တာဝန် ကိုယ် မပြီးမြောက်ဘူးဆိုရင် ကျတယ်လို့ သတ်မှတ်မယ်။" မင်းချင်းယွိရဲ့ အလေးမစိုက်ဟန်အသံက ကောင်းကင်ထက် ပဲ့တင်ထပ်သွားပြီး လူတိုင်း သူတို့နားတွေ အူသွားတာကို ခံစားသွားရစေတယ်။

မရှေးမနှောင်းမှာပဲ မင်းချင်းယွိရဲ့ အသံက သူတို့ရဲ့ ဦးဏှောက်ထဲ ရှင်းရှင်းလင်းလင်း ရောက်သွားကြတယ်။

ဒါပေမဲ့ ကျင့်ကြံသူတွေဟာ နားအူမတတ် အသံကြောင့် မူးဝေဝေ ဖြစ်နေဆဲပင်။ သူတို့ထဲက အားနည်းတဲ့သူအချို့က မူးတူးတူး ခံစားရတာကြောင့် အော့အန်သွားချင်လာရတယ်။

ဒါကို ကနဦး စမ်းသပ်တာလို့ သတ်မှတ်နိုင်တယ်။

အရင် အကဲဖြတ်မှုတွေကို တက်ရောက်ဖူးတဲ့ ကျင့်ကြံသူတွေကတော့ သူတို့ရဲ့ ကိုယ်ခန္ဓာက စိတ်ဝိညာဉ်စွမ်းအင်တွေကို သူတို့ရဲ့ နားဆီ ပို့ထားလိုက်ပြီး မင်းချင်းယွိရဲ့ အပြုအမူကို တင်ကြိုကာကွယ်လိုက်ကြတယ်။ အဲ့တာကြောင့် သူတို့အားလုံး အနာတရ ဖြစ်တာကနေ ကာကွယ်နိုင်ကြပေမဲ့ ကြိုတင်မပြင်ဆင်နိုင်လိုက်ကြသူတွေကတော့ အားလုံး ဖျော့တော့သွားကြရတယ်။

မင်းချင်းယွိ အဲ့တာကိုပြောပြီးနောက် အစိမ်းရောင် ငရဲသား အသင်း ဂိတ်တံခါးကနေ ဝန်ထမ်းဆယ်ယောက် လျောက်လာကြပြီး တစ်ယောက်ချင်းစီက သံသေတ္တာတစ်ခုစီကို ကိုင်ဆောင်ထားကြတယ်။ သူတို့ ဂိတ်တံခါးရှေ့မှာ နေရာချထားတဲ့ စားပွဲဆီရောက်တာနဲ့ စားပွဲပေါ် သေတ္တာတွေ တင်လိုက်ပြီး သေတ္တာတွေရဲ့ အရှေ့ ခြေလှမ်းအနည်းငယ်အကွာမှာ ရပ်လိုက်ကြတယ်။

မင်းချင်းယွိက အဆောက်အအုံအပေါ်ကနေ ထပ်ပြီး ပြောလိုက်ပြန်တယ်၊

"အဲ့မှာ မင်းတို့အရှေ့မှာ သေတ္တာ ဆယ်ခုရှိတယ်၊ အထဲမှာက မတူတဲ့ကျင့်ကြံဆင့်တွေအတွက် ကျင့်ကြံသူတွေ လုပ်ဆောင်ရမယ့် တာဝန်တွေ ပြင်ထားပေးတယ်။ ဘယ်ကနေညာအထိ အဆင့်တစ်ကနေ အဆင့်ကိုး ကောင်းကင်နတ်ဘုရားနယ်ပယ်အထိ ဖြစ်တယ်၊ နောက်ဆုံးတစ်ခုကတော့ နတ်ဘုရားဘုရင်နယ်ပယ်ဆင့် ဖြစ်တယ်။ နတ်ဘုရားဘုရင် နယ်ပယ်ဆင့် ကျင့်ကြံသူအတွက် အလုပ်တာဝန်က ကောင်းကင်နတ်ဘုရား နယ်ပယ်ဆင့် ကျင့်ကြံသူအတွက်ဟာနဲ့ မတူဘူး။ ဝန်ထမ်းက နာမည်ခေါ်လိုက်ရင် နာမည်အခေါ်ခံရတဲ့ ကျင့်ကြံသူက သံသေတ္တာထဲက မဲကို နှိုက်ရမယ်၊ မဲစာရွက်ပေါ် ရေးထားတဲ့အရာက မင်းတို့ပြီးမြောက်ရမယ့် အလုပ်တာဝန်ပဲ ဖြစ်တယ်။ အဲ့အချိန်ကစပြီး မင်းရဲ့ အလုပ်တာဝန် ပြီးမြောက်ဖို့ အချိန် ဆယ်ရက် ရမယ်။"

သူ့အသံက တဖြည်းဖြည်း ပျောက်သွားတာနဲ့ ဝန်ထမ်းဆယ်ဦးက လျောက်လွှာစာရွက်ပေါ်က နာမည်ကို ဖတ်ဖို့ ကြည့်လိုက်ကြတယ်။

ရင်ပြင်ပေါ်က တက်ရောက်လာသူတွေ အားလုံးဟာ သူတို့ရဲ့ ကျင့်ကြံဆင့်နဲ့ ကိုက်ညီတဲ့ သေတ္တာတွေရဲ့ အရှေ့မှာ တန်းစီလိုက်ကြတယ်။ အစိမ်းရောင် ငရဲသား အသင်းက သူတို့ရဲ့ ကျင့်ကြံဆင့်ကို စမ်းသပ်ပြီး ဖြစ်တာကြောင့် ဘယ်သူကမှ သူတို့ရဲ့ ကျင့်ကြံဆင့်ထက် ပိုနိမ့်တဲ့အဆင့်အုပ်စုဆီ ခိုးမဝင်ရဲကြဘူး။ တကယ်လို့ အလိမ်အညာကိုသာ မိသွားမယ်ဆိုရင် အရည်အချင်းမဲ့တယ်လို့ သတ်မှတ်ခံရနိုင်ဖွယ်ရှိတယ်။

အောက်က တက်ရောက်လာကြသူတွေအားလုံးက စိတ်အားထက်သန်မှုအပြည့်နဲ့ ဖြစ်နေကြတဲ့အချိန််မှာ အဆောက်အအုံအပေါ်မှာ ရပ်နေတဲ့ မင်းချင်းယွိ မျက်မှောင်ကြုတ်သွားတယ်။

သူ ရင်ပြင်ပေါ်ကလူတွေကို သူ့ရဲ့ ထက်ရှတဲ့ မျက်ဝန်းနက်တစ်စုံနဲ့ တချက် ဝေ့ကြည့်လိုက်တော့ သူရှာနေတဲ့ တစ်ယောက်ကို သူ မတွေ့ဘူးဖြစ်နေတယ်။

အဲ့အချိန်မှာပဲ သူ့နောက်ဘက်ကနေ လူတစ််ယောက် ထွက်လာတယ်။ သူကတော့ နန်ကုန်းလီ။ သူ့ရဲ့ တည်ငြိမ်နေတဲ့ မျက်နှာက ခပ်တည်တည်ဟန် ပေါ်နေတယ်၊ ဒါပေမဲ့ သူ့မျက်လုံးထဲက နူးညံ့တဲ့အကြည့်ကတော့ သူ့ကို ကြောက်ရွံ့မှု လျော့နည်းစေတယ်။

မင်းချင်းယွိနဲ့မတူဘဲ နန်ကုန်းလီရဲ့ ကျင့်ကြံမှုက အတော် မှန်းဆရခက်တယ်။

ဒါပေမဲ့ ဘယ်သူ့ကိုမှ အတင်းအကျပ်စေခိုင်းဖို့အတွက် သူ့ရဲ့ စွမ်းအားကို အသုံးမပြုခဲ့ဖူးဘူး။ သူအကြောင်း အထူးခြားဆုံးအရာကတော့ သူက လူတိုင်းကို မျှမျှတတ ဆက်ဆံတယ်ဆိုတာပါပဲ။ အဲ့တာကြောင့် သူက လူတိုင်းရဲ့ ယုံကြည်ကိုးစားခံဖြစ်ပြီး ဘယ်တုန်းကမှ မေးခွန်းပြန်ထုတ်ခြင်း မခံရဖူးပေ။

ဆန့်ကျင်ဘက်အနေနဲ့ အရည်အချင်းအရှိဆုံး ကျင့်ကြံသူလို့ သိကြတဲ့ မင်းချင်းယွိက ဘယ်လိုအခါသမယမှာမဆို သူ့ကိုယ်သူ အားလုံးထက် ပိုတော်ပိုထက်ပိုအရေးပါကြောင်းပြဖို့ အခွင့်အရေးကို ဘယ်တုန်းကမှ လက်လွတ်မခံခဲ့ဖူးပေ။ အဲ့တာကြောင့် သူနဲ့ အလျဉ်းသင့်ဖို့ဆိုတာ မလွယ်ကူချေ။ ဒါပေမဲ့ သန်မာသူတွေပဲ ရှင်သန်တဲ့လောကကြီးထဲမှာ စွမ်းအားကြီးတဲ့သူတွေက အခြားသူတွေရဲ့ လေးစားမှုကို လက်ခံရရှိစမြဲပင်။ အကျိုးဆက်အနေနဲ့ အစိမ်းရောင် ငရဲသား အသင်းမှာ မင်းချင်းယွိရဲ့ ရာထူးက နန်ကုန်းလီပြီးရင် ဒုတိယလိုက်နေတာ ဖြစ်တယ်။

"ချင်းယွိ၊ မင်းတာဝန်ကို မင်းသိသင့်တယ်။ မင်း တစ်ခုခုကို ပေါ့ပေါ့ပါးပါး မမှတ်ယူနိုင်ဘူးဆိုရင် မင်းရဲ့ ကိုယ်ပိုင်ကျင့်ကြံမှုကိုပဲ ထိခိုက်လိမ့်မယ်၊ အခု မင်းက ဘုရင်ကြီးရှေ့ ရပ်ဖို့ အရည်အချင်းမပြည့်မှီသေးတာကို ဘေးဖယ်ထားလိုက်ဦး။ ကျေးဇူးပြုပြီး ငါ့အကြံကို လက်ခံလိုက်ပါ၊ မင်းကြီးကို သွားပြီး အပြစ်မကျူးလွန်ပါနဲ့!"

နန်ကုန်းလီက မင်းချင်းယွိကို ချက်ချင်းပဲ အရိပ်အမြွက် ပြောလိုက်တယ်။ မင်းချင်ယွိက သူ့စကားတွေ နားလည်နိုင်လောက်အောင် လိမ်မာပါးနပ်တယ်ဆိုတာ သူ ယုံကြည်တယ်။

မင်းချင်းယွိရဲ့ မျက်နှာပေါ်က အမူအယာက ရုတ်တရက် အနည်းငယ် ပြောင်းသွားတယ်။ သူ့နှုတ်ခမ်းကို လှုပ်လိုက်ပြီး တစ်ခုခု ပြောဖို့ ကြိုးစားလိုက်တဲ့အချိန်မှာ ဟိန်းသံအကျယ်ကြီးတစ်ချက် ရုတ်တရက် သူ့ခေါင်းအထက်ကနေ ပေါ်လာတယ်။

ကောင်းကင်ထက်မှာ မိုးခြုံးသံလို ဟိန်းသံနဲ့အတူ ငွေကျားရဲ့ ကြီးမားတဲ့ ပုံရိပ်က ကောင်းကင်ကနေ ရင်ပြင်ပေါ် သက်ဆင်းလာတယ်။ ငွေကြားရဲ့ ကျောပေါ်က အဖြူရောင်ပုံရိပ်ကို မြင်လိုက်ရတော့ လူအုပ်ကြီးက ကြောက်လန့်တကြား လူစုခွဲသွားကြတယ်...

20211025; 0243

—————————— Zawgyi —————————

အပိုင္း ၆၇။ မဲႏွိုက္ျခင္း

ျခစ္ျခစ္ေတာက္ ပူေနတဲ့ ေနေရာင္ေအာက္မွာ လူတိုင္း ေခၽြးတဒီးဒီး က်ေနၾကေပမဲ့ စိတ္ေတြကေတာ့ တက္ႂကြေနၾကဆဲပင္။

အကဲျဖတ္ပြဲ တက္ေရာက္လာတဲ့ က်င့္ႀကံသူေတြနဲ႔ ရင္ျပင္က်ယ္ဟာ က်ိတ္က်ိတ္တိုး ျပည့္က်ပ္ေနတယ္။ တက္ေရာက္လာသူဦးေရက တစ္ေထာင္နီးပါး ရွိတယ္။ အကဲျဖတ္မွု စတင္ေတာ့မွာ ျဖစ္တဲ့အတြက္ က်င့္ႀကံသူတိုင္းဟာ စတင္ စိုးရိမ္စိတ္လွုပ္ရွားလာၾကတယ္။

အကဲျဖတ္မွုက အရမ္း တင္းၾကပ္တယ္လို႔ ဆိုထားၾကတယ္၊ ၿပီးေတာ့ တက္ေရာက္လာသူေတြရဲ့ တစ္ဝက္ေလာက္က ပထမစမ္းသပ္စစ္ေဆးမွုမွာတင္ က်ရွုံးဖယ္ရွားခံရမွာျဖစ္တယ္။ ဒီမွာရွိတဲ့ က်င့္ႀကံသူအခ်ိဳ႕က အကဲျဖတ္မွု အခန္းအနားကို ႀကိမ္ဖန္မ်ားစြာ တက္ေရာက္ၾကဖူးသူေတြ ျဖစ္တဲ့အတြက္ အကဲျဖတ္မွုရဲ့ လုပ္ငန္းတာဝန္ေတြ ေတာ္ေတာ္မ်ားမ်ားကို သူတို႔ ရင္းႏွီးေနၾကတယ္။ ဒါေပမဲ့ တက္ေရာက္လာသူေတြကို ခ်ေပးတဲ့ လုပ္ငန္းတာဝန္ေတြက က်ပန္း ခ်ေပးတာျဖစ္တဲ့အတြက္ သူတို႔မွာ ခိုးခ်ဖို႔ လွည့္ဖ်ားဖို႔အတြက္ အခြင့္အလန္းမရွိဘူး။

သူတို႔ ဘယ္တာဝန္ကို က်မလဲဆိုတာ ဘယ္သူမွ မသိၾကဘူး၊ ဒါ့ေၾကာင့္ အကဲျဖတ္မွု ေအာင္ျမင္ဖို႔ တစ္ခုတည္းေသာနည္းလမ္းက သူတို႔ရဲ့ က်င့္ႀကံမွုကို ျမႇင့္တင္ဖို႔ပဲ ျဖစ္တယ္။

ရင္ျပင္က်ယ္မွာ စူးစူးရဲရဲ အသံတစ္သံ ထြက္ေပၚလာတဲ့အခါမွာ လူေတြအၾကား တြတ္ထိုးေဆြးေႏြးေနၾကတာေတြ ႐ုတ္ခ်ည္း ရပ္တန္႔သြားတယ္။ လူအားလုံးက အစိမ္းေရာင္ ငရဲသားအသင္းရဲ့ အထင္ကရ အေဆာက္အအုံကို တၿပိဳင္နက္တည္း ေစ့ေစ့ စူးစိုက္ၾကည့္လိုက္ၾကတယ္။

အေဆာက္အအုံရဲ့ အေပၚမွာ အစိမ္းေရာင္ ပုံသ႑ာန္တစ္ခု ေလ်ာက္လာေနတယ္။ အဲ့တာကေတာ့ ဟိတ္ဟန္ အျပည့္ရွိတဲ့ ေအးစက္စက္ မ်က္ႏွာထားနဲ႔ အရပ္ရွည္ရွည္ ေတာင့္ေတာင့္ ေျဖာင့္ေျဖာင့္ လူငယ္တစ္ဦးျဖစ္တယ္။ လူအားလုံးက သူ႔ေျခဖဝါးေအာက္ ေရာက္ေနတဲ့ နတ္ဘုရားတစ္ပါးအလား သူက ေအာက္ကလူေတြကို ငုံ႔မိုးၾကည့္လိုက္တယ္။ အဲ့တာက တျခားသူေတြကို မသက္မသာ ျဖစ္ေစေပမဲ့လည္း ဒီလူငယ္က အဲ့လိုလုပ္နိုင္တဲ့ လုံေလာက္တဲ့ စြမ္းအားရွိတဲ့သူဆိုတာ သူတို႔ သိၾကတယ္။

အဲ့လူငယ္ကေတာ့ မင္းခ်င္းယြိ၊ ငရဲျပည္မွာ အထူးခၽြန္ဆုံးသူေတြထဲက တစ္ေယာက္ျဖစ္ၿပီး ဒီတစ္ေခါက္ အကဲျဖတ္မွုမွာ ႀကီးၾကပ္သူအေနနဲ႔ တာဝန္ယူမယ့္ပုဂၢိဳလ္လည္း ျဖစ္တယ္။

"အားလုံးပဲ၊ နားေထာင္ၾကပါ၊ ဒီႏွစ္ အကဲျဖတ္မွုရဲ့ အခ်က္အလက္ေတြကေတာ့ မႏွစ္ကအတိုင္းပဲ ျဖစ္တယ္။ အသင္းက တစ္ဦးခ်င္းစီရဲ့ က်င့္ႀကံမွုအဆင့္အလိုက္ ပထမတာဝန္ကို ခြဲေဝခ်ေပးမွာျဖစ္တယ္။ အခ်ိန္ကာလ ကန္႔သတ္ခ်က္ကေတာ့ ဆယ္ရက္ျဖစ္တယ္။ အဲ့ဒီ့ ဆယ္ရက္အတြင္း ကိုယ့္တာဝန္ ကိုယ္ မၿပီးေျမာက္ဘူးဆိုရင္ က်တယ္လို႔ သတ္မွတ္မယ္။" မင္းခ်င္းယြိရဲ့ အေလးမစိုက္ဟန္အသံက ေကာင္းကင္ထက္ ပဲ့တင္ထပ္သြားၿပီး လူတိုင္း သူတို႔နားေတြ အူသြားတာကို ခံစားသြားရေစတယ္။

မေရွးမေႏွာင္းမွာပဲ မင္းခ်င္းယြိရဲ့ အသံက သူတို႔ရဲ့ ဦးေဏွာက္ထဲ ရွင္းရွင္းလင္းလင္း ေရာက္သြားၾကတယ္။

ဒါေပမဲ့ က်င့္ႀကံသူေတြဟာ နားအူမတတ္ အသံေၾကာင့္ မူးေဝေဝ ျဖစ္ေနဆဲပင္။ သူတို႔ထဲက အားနည္းတဲ့သူအခ်ိဳ႕က မူးတူးတူး ခံစားရတာေၾကာင့္ ေအာ့အန္သြားခ်င္လာရတယ္။

ဒါကို ကနဦး စမ္းသပ္တာလို႔ သတ္မွတ္နိုင္တယ္။

အရင္ အကဲျဖတ္မွုေတြကို တက္ေရာက္ဖူးတဲ့ က်င့္ႀကံသူေတြကေတာ့ သူတို႔ရဲ့ ကိုယ္ခႏၶာက စိတ္ဝိညာဥ္စြမ္းအင္ေတြကို သူတို႔ရဲ့ နားဆီ ပို႔ထားလိုက္ၿပီး မင္းခ်င္းယြိရဲ့ အျပဳအမူကို တင္ႀကိဳကာကြယ္လိုက္ၾကတယ္။ အဲ့တာေၾကာင့္ သူတို႔အားလုံး အနာတရ ျဖစ္တာကေန ကာကြယ္နိုင္ၾကေပမဲ့ ႀကိဳတင္မျပင္ဆင္နိုင္လိုက္ၾကသူေတြကေတာ့ အားလုံး ေဖ်ာ့ေတာ့သြားၾကရတယ္။

မင္းခ်င္းယြိ အဲ့တာကိုေျပာၿပီးေနာက္ အစိမ္းေရာင္ ငရဲသား အသင္း ဂိတ္တံခါးကေန ဝန္ထမ္းဆယ္ေယာက္ ေလ်ာက္လာၾကၿပီး တစ္ေယာက္ခ်င္းစီက သံေသတၱာတစ္ခုစီကို ကိုင္ေဆာင္ထားၾကတယ္။ သူတို႔ ဂိတ္တံခါးေရွ႕မွာ ေနရာခ်ထားတဲ့ စားပြဲဆီေရာက္တာနဲ႔ စားပြဲေပၚ ေသတၱာေတြ တင္လိုက္ၿပီး ေသတၱာေတြရဲ့ အေရွ႕ ေျခလွမ္းအနည္းငယ္အကြာမွာ ရပ္လိုက္ၾကတယ္။

မင္းခ်င္းယြိက အေဆာက္အအုံအေပၚကေန ထပ္ၿပီး ေျပာလိုက္ျပန္တယ္၊

"အဲ့မွာ မင္းတို႔အေရွ႕မွာ ေသတၱာ ဆယ္ခုရွိတယ္၊ အထဲမွာက မတူတဲ့က်င့္ႀကံဆင့္ေတြအတြက္ က်င့္ႀကံသူေတြ လုပ္ေဆာင္ရမယ့္ တာဝန္ေတြ ျပင္ထားေပးတယ္။ ဘယ္ကေနညာအထိ အဆင့္တစ္ကေန အဆင့္ကိုး ေကာင္းကင္နတ္ဘုရားနယ္ပယ္အထိ ျဖစ္တယ္၊ ေနာက္ဆုံးတစ္ခုကေတာ့ နတ္ဘုရားဘုရင္နယ္ပယ္ဆင့္ ျဖစ္တယ္။ နတ္ဘုရားဘုရင္ နယ္ပယ္ဆင့္ က်င့္ႀကံသူအတြက္ အလုပ္တာဝန္က ေကာင္းကင္နတ္ဘုရား နယ္ပယ္ဆင့္ က်င့္ႀကံသူအတြက္ဟာနဲ႔ မတူဘူး။ ဝန္ထမ္းက နာမည္ေခၚလိုက္ရင္ နာမည္အေခၚခံရတဲ့ က်င့္ႀကံသူက သံေသတၱာထဲက မဲကို ႏွိုက္ရမယ္၊ မဲစာရြက္ေပၚ ေရးထားတဲ့အရာက မင္းတို႔ၿပီးေျမာက္ရမယ့္ အလုပ္တာဝန္ပဲ ျဖစ္တယ္။ အဲ့အခ်ိန္ကစၿပီး မင္းရဲ့ အလုပ္တာဝန္ ၿပီးေျမာက္ဖို႔ အခ်ိန္ ဆယ္ရက္ ရမယ္။"

သူ႔အသံက တျဖည္းျဖည္း ေပ်ာက္သြားတာနဲ႔ ဝန္ထမ္းဆယ္ဦးက ေလ်ာက္လႊာစာရြက္ေပၚက နာမည္ကို ဖတ္ဖို႔ ၾကည့္လိုက္ၾကတယ္။

ရင္ျပင္ေပၚက တက္ေရာက္လာသူေတြ အားလုံးဟာ သူတို႔ရဲ့ က်င့္ႀကံဆင့္နဲ႔ ကိုက္ညီတဲ့ ေသတၱာေတြရဲ့ အေရွ႕မွာ တန္းစီလိုက္ၾကတယ္။ အစိမ္းေရာင္ ငရဲသား အသင္းက သူတို႔ရဲ့ က်င့္ႀကံဆင့္ကို စမ္းသပ္ၿပီး ျဖစ္တာေၾကာင့္ ဘယ္သူကမွ သူတို႔ရဲ့ က်င့္ႀကံဆင့္ထက္ ပိုနိမ့္တဲ့အဆင့္အုပ္စုဆီ ခိုးမဝင္ရဲၾကဘူး။ တကယ္လို႔ အလိမ္အညာကိုသာ မိသြားမယ္ဆိုရင္ အရည္အခ်င္းမဲ့တယ္လို႔ သတ္မွတ္ခံရနိုင္ဖြယ္ရွိတယ္။

ေအာက္က တက္ေရာက္လာၾကသူေတြအားလုံးက စိတ္အားထက္သန္မွုအျပည့္နဲ႔ ျဖစ္ေနၾကတဲ့အခ်ိန္္မွာ အေဆာက္အအုံအေပၚမွာ ရပ္ေနတဲ့ မင္းခ်င္းယြိ မ်က္ေမွာင္ၾကဳတ္သြားတယ္။

သူ ရင္ျပင္ေပၚကလူေတြကို သူ႔ရဲ့ ထက္ရွတဲ့ မ်က္ဝန္းနက္တစ္စုံနဲ႔ တခ်က္ ေဝ့ၾကည့္လိုက္ေတာ့ သူရွာေနတဲ့ တစ္ေယာက္ကို သူ မေတြ႕ဘူးျဖစ္ေနတယ္။

အဲ့အခ်ိန္မွာပဲ သူ႔ေနာက္ဘက္ကေန လူတစ္္ေယာက္ ထြက္လာတယ္။ သူကေတာ့ နန္ကုန္းလီ။ သူ႔ရဲ့ တည္ၿငိမ္ေနတဲ့ မ်က္ႏွာက ခပ္တည္တည္ဟန္ ေပၚေနတယ္၊ ဒါေပမဲ့ သူ႔မ်က္လုံးထဲက ႏူးညံ့တဲ့အၾကည့္ကေတာ့ သူ႔ကို ေၾကာက္ရြံ့မွု ေလ်ာ့နည္းေစတယ္။

မင္းခ်င္းယြိနဲ႔မတူဘဲ နန္ကုန္းလီရဲ့ က်င့္ႀကံမွုက အေတာ္ မွန္းဆရခက္တယ္။

ဒါေပမဲ့ ဘယ္သူ႔ကိုမွ အတင္းအက်ပ္ေစခိုင္းဖို႔အတြက္ သူ႔ရဲ့ စြမ္းအားကို အသုံးမျပဳခဲ့ဖူးဘူး။ သူအေၾကာင္း အထူးျခားဆုံးအရာကေတာ့ သူက လူတိုင္းကို မၽွမၽွတတ ဆက္ဆံတယ္ဆိုတာပါပဲ။ အဲ့တာေၾကာင့္ သူက လူတိုင္းရဲ့ ယုံၾကည္ကိုးစားခံျဖစ္ၿပီး ဘယ္တုန္းကမွ ေမးခြန္းျပန္ထုတ္ျခင္း မခံရဖူးေပ။

ဆန္႔က်င္ဘက္အေနနဲ႔ အရည္အခ်င္းအရွိဆုံး က်င့္ႀကံသူလို႔ သိၾကတဲ့ မင္းခ်င္းယြိက ဘယ္လိုအခါသမယမွာမဆို သူ႔ကိုယ္သူ အားလုံးထက္ ပိုေတာ္ပိုထက္ပိုအေရးပါေၾကာင္းျပဖို႔ အခြင့္အေရးကို ဘယ္တုန္းကမွ လက္လြတ္မခံခဲ့ဖူးေပ။ အဲ့တာေၾကာင့္ သူနဲ႔ အလ်ဥ္းသင့္ဖို႔ဆိုတာ မလြယ္ကူေခ်။ ဒါေပမဲ့ သန္မာသူေတြပဲ ရွင္သန္တဲ့ေလာကႀကီးထဲမွာ စြမ္းအားႀကီးတဲ့သူေတြက အျခားသူေတြရဲ့ ေလးစားမွုကို လက္ခံရရွိစျမဲပင္။ အက်ိဳးဆက္အေနနဲ႔ အစိမ္းေရာင္ ငရဲသား အသင္းမွာ မင္းခ်င္းယြိရဲ့ ရာထူးက နန္ကုန္းလီၿပီးရင္ ဒုတိယလိုက္ေနတာ ျဖစ္တယ္။

"ခ်င္းယြိ၊ မင္းတာဝန္ကို မင္းသိသင့္တယ္။ မင္း တစ္ခုခုကို ေပါ့ေပါ့ပါးပါး မမွတ္ယူနိုင္ဘူးဆိုရင္ မင္းရဲ့ ကိုယ္ပိုင္က်င့္ႀကံမွုကိုပဲ ထိခိုက္လိမ့္မယ္၊ အခု မင္းက ဘုရင္ႀကီးေရွ႕ ရပ္ဖို႔ အရည္အခ်င္းမျပည့္မွီေသးတာကို ေဘးဖယ္ထားလိုက္ဦး။ ေက်းဇူးျပဳၿပီး ငါ့အႀကံကို လက္ခံလိုက္ပါ၊ မင္းႀကီးကို သြားၿပီး အျပစ္မက်ဴးလြန္ပါနဲ႔!"

နန္ကုန္းလီက မင္းခ်င္းယြိကို ခ်က္ခ်င္းပဲ အရိပ္အႁမြက္ ေျပာလိုက္တယ္။ မင္းခ်င္ယြိက သူ႔စကားေတြ နားလည္နိုင္ေလာက္ေအာင္ လိမ္မာပါးနပ္တယ္ဆိုတာ သူ ယုံၾကည္တယ္။

မင္းခ်င္းယြိရဲ့ မ်က္ႏွာေပၚက အမူအယာက ႐ုတ္တရက္ အနည္းငယ္ ေျပာင္းသြားတယ္။ သူ႔ႏွုတ္ခမ္းကို လွုပ္လိုက္ၿပီး တစ္ခုခု ေျပာဖို႔ ႀကိဳးစားလိုက္တဲ့အခ်ိန္မွာ ဟိန္းသံအက်ယ္ႀကီးတစ္ခ်က္ ႐ုတ္တရက္ သူ႔ေခါင္းအထက္ကေန ေပၚလာတယ္။

ေကာင္းကင္ထက္မွာ မိုးျခဳံးသံလို ဟိန္းသံနဲ႔အတူ ေငြက်ားရဲ့ ႀကီးမားတဲ့ ပုံရိပ္က ေကာင္းကင္ကေန ရင္ျပင္ေပၚ သက္ဆင္းလာတယ္။ ေငြၾကားရဲ့ ေက်ာေပၚက အျဖဴေရာင္ပုံရိပ္ကို ျမင္လိုက္ရေတာ့ လူအုပ္ႀကီးက ေၾကာက္လန္႔တၾကား လူစုခြဲသြားၾကတယ္...

20211025; 0243

You are reading the story above: TeenFic.Net