6. Touch it

Background color
Font
Font size
Line height

အပိုင်း ၆။ ထိလိုက်မယ်

"မင်းဘာတွေတွေးနေတာလဲ"

လေးတွဲ့တွဲ့အသံ ထပ်ပေါ်လာ၏။ ဒါ ဘုရင်ကြီး တတိယအကြိမ်မြောက် စကားပြောခြင်းပင်"

ဘုံ ၃ဘုံမှာ သူ့ရဲ့အသံကိုကြားဖူးတဲ့အခွင့်အရေး ဘယ်သူမှ မရှိခဲ့ဖူးကြပေ။ ဒါပေမယ့် ဒီနေ့တော့ ကောင်လေးကြောင့် ဘုရင်ကြီး စကား ၃ကြိမ် ပြောလာခဲ့သည်။ ဒါ့အပြင် ဘုရင်ကြီးရဲ့စကားလုံးတွေဟာ ကောင်လေးရဲ့စိတ်ထဲကို အလိုအလျောက်စိမ့်ဝင်သွားစေတာဖြစ်သည်။

ငရဲမင်းကြီးမှာ သူ့အစွမ်းနဲ့ ကောင်လေးရဲ့အတွေးတွေကိုသိနိုင်တဲ့စွမ်းရည်ရှိ၏။

ဒါပေမယ့် ကောင်လေး သူ့စိတ်ကူး သူ့ဖာသာထုတ်ပြောတာကို သူ တနည်းနည်းနဲ့ပိုလိုလားသည်။

နဂါးငွေ့တန်းလို ဒီကမ္ဘာမှာရှိတဲ့အရာအားလုံး ထည့်သွင်းထားပုံရတဲ့ လူကြီးရဲ့နက်ရှိုင်းတဲ့မျက်လုံးအစုံဟာ သူရှင်သန်ခဲ့တဲ့ မရေမတွက်နိုင်တဲ့နှစ်ကာလတို့ကြောင့် ဘယ်အရာကိုမှအလေးမထား၊ ဂရုမစိုက်ဟန်အကြည့်တို့ ရှိခဲ့သည်။ အခုတော့ ကောင်လေးရဲ့သွင်ပြင်က သူ့အမြင်အာရုံထဲ ပထမဆုံးအနေနဲ့ ဖောက်ထွင်းဝင်ရောက်လာခဲ့တာဖြစ်သည်။

ဘုရင်ကြီးရဲ့စကား ကြားပြီးနောက် ကောင်လေးက သူရောက်နေတဲ့နေရာကို ချက်ချင်း ပြန်သတိပြုမိသွားပြီးတော့ ဘုရင်ကြီးအမေးကို နောက်တစ်ကြိမ်လျစ်လျူထပ်ရှုလိုက်ပြန်သည်။

သူအဆုံးမရှိတဲ့ပန်းပင်လယ်ထဲရောက်နေတယ်ဆိုတာ သိလိုက်ရသည်။ ဒီကမ္ဘာပေါ်မှာ သူနဲ့သူ့ရှေ့ကလူကြီးနဲ့ ၂ယောက်ထဲပဲ ရှိနေသလားလို့တောင် ထင်မှတ်မိ၏။

"ဒါ ဘယ်နေရာလဲ .... အရမ်းလှလိုက်တာ"

လေပေါ်မှာပဲဆိုတာ သူသတိမပြုမိခဲ့ချေ။ ခုန်ဆင်းဖို့ကြိုးစားလိုက်တော့မှ သူ့မြင်ကွင်းက ဘယ်လောက်တောင်အမြင့်ကြီးဖြစ်နေသလဲဆိုတာသတိထားမိသွားပြီး လန့်သွားတော့သည်။

အဲ့နောက် လေထဲ ဟန်ချက်မထိန်းနိုင်တော့ဘဲ အော်ရင်း မြေပြင်ပေါ် ပြုတ်ကျသွားတော့၏။ "အား!!!!" ကယ်ပါဦး။

"ကယ်ပါဦး"ဆိုတာတောင် ပြောချိန်မရလိုက်သေးခင်မှာပဲ တစ်စုံတစ်ယောက်ရဲ့လက်မောင်းထဲ သူ ပြုတ်ကျသွားခြင်းဖြစ်သည်။

ကြောက်လန့်တုန်ရီနေတဲ့ကောင်လေးက ငရဲမင်းကြီးရဲ့အင်္ကျီလက်ကို ဖမ်းဆွဲလိုက်ရင်း ...

"အရမ်းကြောက်ဖို့ကောင်းတာပဲ၊ ကျွန်တော်တော့ ဖင်ညှောင့်ရိုး ကျိုးပါပြီလို့ထင်လိုက်တာ။ ခင်များ ဒီမှာရှိနေတာ အရမ်းကောင်းတာပဲ။ ခင်များက တကယ့်လူကောင်းတစ်ယောက်ပဲ။"

ငရဲမင်းကြီးက သူ့မျက်နှာကိုတချက်ကြည့်လိုက်ပြီး သူ့ရဲ့ သေသပ်လှပတဲ့မေးရိုး ပေါ်သွားတဲ့အထိ ခေါင်းမော့လိုက်တယ်။ မိုးကုတ်စက်ဝိုင်းကို ကြည့်လိုက်ရင်း တည်ငြိမ်တဲ့အသံနဲ့ ထပ်ပြောလိုက်သည်။ "မင်း ဒီကပန်းတွေကိုကြိုက်တယ်လား၊ ဘာကြောင့်လဲ"

မေးခွန်းကို နားမရှင်းလိုက်တဲ့ကောင်လေးက ဖြေလိုက်တယ်။ "လှလို့လေ!"

"ဒီကပန်းတွေက..."

ငရဲမင်းကြီးက ပန်းပင်လယ်ကို လက်ညှိုးထိုးလိုက်တော့ ပန်းတွေက ပျော်ပျော်ရွှင်ရွှင် ကခုန်နေတဲ့အလား သူ့လက်အလှုပ်အတိုင်း အင်တိုက်အားတိုက် လှုပ်သွားကြသည်။ လောလောဆယ်မှာ ပန်းတွေက သက်ဝင်နေသည့်အလား အပြိုင်အဆိုင် စွဲဆောင်မှုပြုနေကြ၏။

"ဒီက ပန်းတွေကို ဆန္ဒပန်းလို့လည်း ခေါ်ကြတယ်" ဘုရင်ကြီးက ပြောလိုက်သည်။ "သူတို့က မင်းကို ဘုံ ၃ဘုံမှာ အားအကြီးဆုံးပုဂ္ဂိုလ်ဖြစ်အောင် လုပ်ပေးနိုင်တယ်"

အဲ့စကားတို့နဲ့အတူ ငရဲမင်းကြီးက သူ့ခေါင်းကိုဖြည်းညှင်းစွာငုံ့လိုက်ရင်း ကောင်လေးကိုကြည်လင်တဲ့မျက်ဝန်းအစုံနဲ့ ငေးကြည့်လိုက်၏။

ခေါင်း ထပ်ပြီးငုံချလာတာမြင်တော့ ကောင်လေးက သူ့တုန့်ပြန်မှုကိုစောင့်နေပုံရတယ်လို့ သိလိုက်တာကြောင့် တစ်ခုခုပြန်ဖြေဖို့ ဆုံးဖြတ်လိုက်သည်။

အဲ့တာကြောင့် သူ တခစ်ခစ်ရယ်လိုက်ပြီး သွားဖြီးပြလိုက်လေတော့သည်။

သူ့ပါးစောင်တွေတောင် တောင့်လာတဲ့အထိ အတန်ကြာ ရယ်နေပေမယ့် လူကြီးက ဘာတုံ့ပြန်မှုမှမပြသေးပေ။

တကယ်တော့ ကောင်လေးက လူကြီး စကားတစ်ကြောင်းတည်းအစား၊ အရှည်ကြီးပြောလာဖို့ မျှော်လင့်နေခဲ့တာဖြစ်သည်။

ဒါ ပန်းပင်လယ်သပ်သပ်ပဲလေ။ ကောင်းတဲ့နာမည်လေး မှည့်ပေးထားတယ်ဆိုရင်တောင်မှ အားလုံးက ပန်းတွေပဲလေ။ သူ ဘာ့ကြောင့် ရေးကြီးခွင်ကျယ် လုပ်ရမှာလဲ။

"ထားလိုက်တော့" လူကြီးက သက်ပြင်းဖွဖွချရင်း ဆိုလိုက်သည်။

ကောင်လေးစိတ်ထဲ မေးခွန်းတွေအများကြီး ပေါ်လာပေမယ့် သူ့သံသယတွေကို ဘယ်သူမှ မသိလည်း မသိနိုင်သလို၊ ဖြည်လည်း မဖြည်ဖျောက်နိုင်တဲ့အတွက် သူ့ဖာသာပဲ အဖြေရှာမှရမည်ပင်။

ကောင်လေးက ဘုရင်ကြီးရဲ့မျက်ခုံးနှစ်ခုကြားက ငွေမှင်ရောင်ကျောက်မြတ်ကို ငေးစိုက်ကြည့်လိုက်ရင်း မျက်ဆံနက်လှုပ်ရှားသွားကာ စကားဆိုလိုက်သည်။ "ခင်များရဲ့မျက်ခုံးကြားကကျောက်မျက်က အရမ်းလှတာပဲ၊ ကျွန်တော်ထိလို့ရမလား"

စိတ်ထဲထင်လို့လား ဘာလားတော့ မသိ၊ ပန်းပင်လယ်ကြီး တစ်စက္ကန့်လောက်တိတ်ဆိတ်သွားပုံရသည်ဟု ကောင်လေးထင်လိုက်သည်။

20210906; 1812

—————————— Zawgyi —————————

အပိုင္း ၆။ ထိလိုက္မယ္

"မင္းဘာေတြေတြးေနတာလဲ"

ေလးတြဲ႕တြဲ႕အသံ ထပ္ေပၚလာ၏။ ဒါ ဘုရင္ႀကီး တတိယအႀကိမ္ေျမာက္ စကားေျပာျခင္းပင္"

ဘုံ ၃ဘုံမွာ သူ႔ရဲ့အသံကိုၾကားဖူးတဲ့အခြင့္အေရး ဘယ္သူမွ မရွိခဲ့ဖူးၾကေပ။ ဒါေပမယ့္ ဒီေန႔ေတာ့ ေကာင္ေလးေၾကာင့္ ဘုရင္ႀကီး စကား ၃ႀကိမ္ ေျပာလာခဲ့သည္။ ဒါ့အျပင္ ဘုရင္ႀကီးရဲ့စကားလုံးေတြဟာ ေကာင္ေလးရဲ့စိတ္ထဲကို အလိုအေလ်ာက္စိမ့္ဝင္သြားေစတာျဖစ္သည္။

ငရဲမင္းႀကီးမွာ သူ႔အစြမ္းနဲ႔ ေကာင္ေလးရဲ့အေတြးေတြကိုသိနိုင္တဲ့စြမ္းရည္ရွိ၏။

ဒါေပမယ့္ ေကာင္ေလး သူ႔စိတ္ကူး သူ႔ဖာသာထုတ္ေျပာတာကို သူ တနည္းနည္းနဲ႔ပိုလိုလားသည္။

နဂါးေငြ႕တန္းလို ဒီကမၻာမွာရွိတဲ့အရာအားလုံး ထည့္သြင္းထားပုံရတဲ့ လူႀကီးရဲ့နက္ရွိုင္းတဲ့မ်က္လုံးအစုံဟာ သူရွင္သန္ခဲ့တဲ့ မေရမတြက္နိုင္တဲ့ႏွစ္ကာလတို႔ေၾကာင့္ ဘယ္အရာကိုမွအေလးမထား၊ ဂ႐ုမစိုက္ဟန္အၾကည့္တို႔ ရွိခဲ့သည္။ အခုေတာ့ ေကာင္ေလးရဲ့သြင္ျပင္က သူ႔အျမင္အာ႐ုံထဲ ပထမဆုံးအေနနဲ႔ ေဖာက္ထြင္းဝင္ေရာက္လာခဲ့တာျဖစ္သည္။

ဘုရင္ႀကီးရဲ့စကား ၾကားၿပီးေနာက္ ေကာင္ေလးက သူေရာက္ေနတဲ့ေနရာကို ခ်က္ခ်င္း ျပန္သတိျပဳမိသြားၿပီးေတာ့ ဘုရင္ႀကီးအေမးကို ေနာက္တစ္ႀကိမ္လ်စ္လ်ဴထပ္ရွုလိုက္ျပန္သည္။

သူအဆုံးမရွိတဲ့ပန္းပင္လယ္ထဲေရာက္ေနတယ္ဆိုတာ သိလိုက္ရသည္။ ဒီကမၻာေပၚမွာ သူနဲ႔သူ႔ေရွ႕ကလူႀကီးနဲ႔ ၂ေယာက္ထဲပဲ ရွိေနသလားလို႔ေတာင္ ထင္မွတ္မိ၏။

"ဒါ ဘယ္ေနရာလဲ .... အရမ္းလွလိုက္တာ"

ေလေပၚမွာပဲဆိုတာ သူသတိမျပဳမိခဲ့ေခ်။ ခုန္ဆင္းဖို႔ႀကိဳးစားလိုက္ေတာ့မွ သူ႔ျမင္ကြင္းက ဘယ္ေလာက္ေတာင္အျမင့္ႀကီးျဖစ္ေနသလဲဆိုတာသတိထားမိသြားၿပီး လန႔္သြားေတာ့သည္။

အဲ့ေနာက္ ေလထဲ ဟန္ခ်က္မထိန္းနိုင္ေတာ့ဘဲ ေအာ္ရင္း ေျမျပင္ေပၚ ျပဳတ္က်သြားေတာ့၏။ "အား!!!!" ကယ္ပါဦး။

"ကယ္ပါဦး"ဆိုတာေတာင္ ေျပာခ်ိန္မရလိုက္ေသးခင္မွာပဲ တစ္စုံတစ္ေယာက္ရဲ့လက္ေမာင္းထဲ သူ ျပဳတ္က်သြားျခင္းျဖစ္သည္။

ေၾကာက္လန႔္တုန္ရီေနတဲ့ေကာင္ေလးက ငရဲမင္းႀကီးရဲ့အကၤ်ီလက္ကို ဖမ္းဆြဲလိုက္ရင္း ...

"အရမ္းေၾကာက္ဖို႔ေကာင္းတာပဲ၊ ကၽြန္ေတာ္ေတာ့ ဖင္ေညႇာင့္ရိုး က်ိဳးပါၿပီလို႔ထင္လိုက္တာ။ ခင္မ်ား ဒီမွာရွိေနတာ အရမ္းေကာင္းတာပဲ။ ခင္မ်ားက တကယ့္လူေကာင္းတစ္ေယာက္ပဲ။"

ငရဲမင္းႀကီးက သူ႔မ်က္ႏွာကိုတခ်က္ၾကည့္လိုက္ၿပီး သူ႔ရဲ့ ေသသပ္လွပတဲ့ေမးရိုး ေပၚသြားတဲ့အထိ ေခါင္းေမာ့လိုက္တယ္။ မိုးကုတ္စက္ဝိုင္းကို ၾကည့္လိုက္ရင္း တည္ၿငိမ္တဲ့အသံနဲ႔ ထပ္ေျပာလိုက္သည္။  "မင္း ဒီကပန္းေတြကိုႀကိဳက္တယ္လား၊ ဘာေၾကာင့္လဲ"

ေမးခြန္းကို နားမရွင္းလိုက္တဲ့ေကာင္ေလးက ေျဖလိုက္တယ္။ "လွလို႔ေလ!"

"ဒီကပန္းေတြက..."
ငရဲမင္းႀကီးက ပန္းပင္လယ္ကို လက္ညႇိုးထိုးလိုက္ေတာ့ ပန္းေတြက ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ကခုန္ေနတဲ့အလား သူ႔လက္အလွုပ္အတိုင္း အင္တိုက္အားတိုက္ လွုပ္သြားၾကသည္။ ေလာေလာဆယ္မွာ ပန္းေတြက သက္ဝင္ေနသည့္အလား အၿပိဳင္အဆိုင္ စြဲေဆာင္မွုျပဳေနၾက၏။

"ဒီက ပန္းေတြကို ဆႏၵပန္းလို႔လည္း ေခၚၾကတယ္" ဘုရင္ႀကီးက ေျပာလိုက္သည္။ "သူတို႔က မင္းကို ဘုံ ၃ဘုံမွာ အားအႀကီးဆုံးပုဂၢိဳလ္ျဖစ္ေအာင္ လုပ္ေပးနိုင္တယ္"

အဲ့စကားတို႔နဲ႔အတူ ငရဲမင္းႀကီးက သူ႔ေခါင္းကိုျဖည္းညႇင္းစြာငုံ႔လိုက္ရင္း ေကာင္ေလးကိုၾကည္လင္တဲ့မ်က္ဝန္းအစုံနဲ႔ ေငးၾကည့္လိုက္၏။

ေခါင္း ထပ္ၿပီးငုံခ်လာတာျမင္ေတာ့ ေကာင္ေလးက သူ႔တုန႔္ျပန္မွုကိုေစာင့္ေနပုံရတယ္လို႔ သိလိုက္တာေၾကာင့္ တစ္ခုခုျပန္ေျဖဖို႔ ဆုံးျဖတ္လိုက္သည္။

အဲ့တာေၾကာင့္ သူ တခစ္ခစ္ရယ္လိုက္ၿပီး သြားၿဖီးျပလိုက္ေလေတာ့သည္။

သူ႔ပါးေစာင္ေတြေတာင္ ေတာင့္လာတဲ့အထိ အတန္ၾကာ ရယ္ေနေပမယ့္ လူႀကီးက ဘာတုံ႔ျပန္မွုမွမျပေသးေပ။

တကယ္ေတာ့ ေကာင္ေလးက လူႀကီး စကားတစ္ေၾကာင္းတည္းအစား၊ အရွည္ႀကီးေျပာလာဖို႔ ေမၽွာ္လင့္ေနခဲ့တာျဖစ္သည္။

ဒါ ပန္းပင္လယ္သပ္သပ္ပဲေလ။ ေကာင္းတဲ့နာမည္ေလး မွည့္ေပးထားတယ္ဆိုရင္ေတာင္မွ အားလုံးက ပန္းေတြပဲေလ။ သူ ဘာ့ေၾကာင့္ ေရးႀကီးခြင္က်ယ္ လုပ္ရမွာလဲ။

"ထားလိုက္ေတာ့" လူႀကီးက သက္ျပင္းဖြဖြခ်ရင္း ဆိုလိုက္သည္။

ေကာင္ေလးစိတ္ထဲ ေမးခြန္းေတြအမ်ားႀကီး ေပၚလာေပမယ့္ သူ႔သံသယေတြကို ဘယ္သူမွ မသိလည္း မသိနိုင္သလို၊ ျဖည္လည္း မျဖည္ေဖ်ာက္နိုင္တဲ့အတြက္ သူ႔ဖာသာပဲ အေျဖရွာမွရမည္ပင္။

ေကာင္ေလးက ဘုရင္ႀကီးရဲ့မ်က္ခုံးႏွစ္ခုၾကားက ေငြမွင္ေရာင္ေက်ာက္ျမတ္ကို ေငးစိုက္ၾကည့္လိုက္ရင္း မ်က္ဆံနက္လွုပ္ရွားသြားကာ စကားဆိုလိုက္သည္။ "ခင္မ်ားရဲ့မ်က္ခုံးၾကားကေက်ာက္မ်က္က အရမ္းလွတာပဲ၊ ကၽြန္ေတာ္ထိလို႔ရမလား"

စိတ္ထဲထင္လို႔လား ဘာလားေတာ့ မသိ၊ ပန္းပင္လယ္ႀကီး တစ္စကၠန႔္ေလာက္တိတ္ဆိတ္သြားပုံရသည္ဟု ေကာင္ေလးထင္လိုက္သည္။

20210906; 1812


You are reading the story above: TeenFic.Net