Please scroll down for Zawgyi.
အပိုင်း ၅။ အဝတ်အစား
ကောင်လေးက သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး ပြန်သိမ်းလိုက်တာကို ငရဲမင်းကြီးမြင်လိုက်၏။
အဲ့နောက် ဘုရင်ကြီးက ကောင်လေး ဖုံးဖို့ကြိုးစားနေတဲ့နေရာကိုတစ်လှည့် လက်ကိုမလှုပ်ရှားဝံ့ဘဲ ရှက်သွေးဖြာနေတဲ့ကောင်လေးမျက်နှာကိုတစ်လှည့် ငေးကြည့်လိုက်သည်။
ကောင်လေးက မျက်တောင်ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်ပြီး ဘုရင်ကြီးကို ရုတ်ချည်း ကျောပေးလိုက်၏။
အဲ့နောက်မှာတော့ လှပချောမွတ်တဲ့သူ့ကျောဘက်ရော၊ ပြည့်စုံလုံးဝန်းနေတဲ့သူ့တင်သားနှစ်မွှာကပါဘုရင်ကြီးရှေ့ ပေါ်သွားတော့သည်။
ငရဲမင်းကြီးရဲ့အကြည့်အောက် ခြေထောက်ကိုတင်းတင်းစေ့လိုက်ပြီး သူ့ညာဖက်ကို တီကောင်လို တွန့်လိမ်တွန့်လိမ်နဲ့သွားလိုက်၏။
သူ ပုဝါမကူ ရေမရှူစတမ်းကြိုးစားပြီး ဘုရင်ကြီးရှေ့ လေးဘက်တွား တွားသွားလိုက်၏။
အဲ့နောက် ကောင်လေးဟာ သူ့နဖူးက မရှိတဲ့ချွေးစက် လက်နဲ့သုတ်လိုက်ရင်း ပျော့ခွေစွာထိုင်လိုက်တော့သည်။
"ကိုယ်တော့ကို ကြောက်နေတာလား?"
အသံသာသာတစ်ချက် ကောင်လေးနားစည်အတွင်း ထပ်မံဝင်ရောက်လာ၏။
ကောင်လေး ချက်ချင်းအံအားသင့်သွားပြီး သူ ခေါင်းလှည့်ကြည့်လိုက်တော့ ရုတ်တရက် သူမြင်လိုက်ရတာက နက်ရှိုင်းပြီး ကြယ်တစ်ခုလိုတောက်ပနေတဲ့ မျက်ဝန်းအစုံ။ အဆိုပါမျက်ဝန်းအစုံထဲက အကြည့်တို့ကတော့ သူ့ရဲ့အသံလိုပဲ ငြိမ်သက်နေစည်ပင်။
...
ကောင်လေး အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့ရပေမယ့်လည်း အဆိုပါလူကတော့ တစ်ချက်လှည့်ကြည့်လိုက်ရုံနဲ့ အရာအားလုံး အစကို ပြန်ရောက်သွားသလိုပင်။
ကောင်လေးက သူ့ဦးခေါင်းကို ဘုရင်ကြီးဘက် မျက်နှာမူရင်း ခေါင်းငိုက်စိုက်လုပ်လိုက်တော့သည်။
သူ ခေါင်းငုံ့လိုက်စဥ်မှာပဲ လူကြီးရဲ့ လေပေါ်လွင့်နေတဲ့ အဖြူရောင်ဝတ်ရုံကို တွေ့လိုက်ရ၏။ ဝတ်ရုံက အရမ်းနူးညံ့မယ့်ပုံပေါ်တာပဲ။
သူ့သက်တမ်း ၁၉နှစ်လုံးလုံး အဲ့လို လှပဆန်းကျယ်တဲ့ဝတ်ရုံမျိုး တခါမှ မဝတ်ခဲ့ဖူးချေ။
သူ့ကိုယ်သူ ကိုယ်လုံးတီးဖြစ်နေတာကို တွေးမိသွားတော့ ကောင်လေးက မျက်လုံးတစ်ချက် စွေကြည့်လိုက်ပြီးနောက် ခေါင်းပြန်မော့လိုက်ပြီး သိသိသာသာ ပြုံးပြလိုက်တော့သည်။
သူ့ပစ္စည်းကို လက်တစ်ဖက်က အုပ်ထားရင်း ဘုရင်ကြီးရဲ့နူးညံ့တဲ့ဝတ်ရုံစကို နောက်လက်တစ်ဖက်နဲ့ ဆွဲလိမ်လိုက်၏။
"ခင်များရဲ့ဝတ်ရုံ ပေးဝတ်နိုင်မလားဟင်? ကျွန်တော် သန့်သန့်ရှင်းရှင်းဝတ်ပါ့မယ်လို့ကတိပေးပါတယ်၊ နော်?"
သူ့ရဲ့နူးညံ့ငြင်သာတဲ့အသံလေးက မယုံနိုင်စရာကောင်းလောက်အောင် အတော်လေးချစ်စရာကောင်းနေသည်ပင်။ သူ့ရုပ်သွင်က ဘုရင်ကြီးရဲ့မျက်စံနက်ထဲမှာ ထင်ဟပ်လို့နေ၏။ သူ့ခန္ဓာကိုယ်တစ်ဝိုက်မှာ အံဩဖွယ်အလင်းတို့ ရှိနေဆဲပင် ဖြစ်သည်။ ကောင်းကင်လမ်းက ချန်ထားခဲ့တဲ့ ရွှေရောင်အလင်းတို့ အလုံးစုံပျောက်ကွယ်သွားဖို့ဆို နှစ်ပေါင်းရာချီကြာလိမ့်မည်။
ကောင်လေးစကားပြောလိုက်တာနဲ့ ပန်းပင်လယ်ထဲမှာ ယိမ်းထိုးလှုပ်ခတ်သွား၏။ လေပြေညှင်းတို့ ပန်းတွေဆီ ဝေ့ဝဲသွားသည်။
ကောင်လေးရဲ့လေသံအနိမ့်အမြင့်က ဘုရင်ကြီးကို လှုပ်ရှားသွားစေနိုင်ပုံရသည်၊ ဘုရင်ကြီးရဲ့မျက်ဝန်းထဲကအကြည့်တို့ မဆိုစလောက်အနည်းငယ်လေး ပြောင်းလဲသွား၏။
ဘုရင်ကြီးက သူ့ဝတ်ရုံကို ငှါးပေးချင်ပုံမရဘူးလို့ စိတ်လှုပ်ရှားနေတဲ့ကောင်လေးက တွေးမိလိုက်တဲ့အချိန်မှာပဲ လူကြီးက လက်ကိုမြှောက်လိုက်ပြီး စက်ဝိုင်းတစ်ခု လေပေါ်ဆွဲလိုက်သည်။
လူကြီးရဲ့လက်လှုပ်ရှားချက်နဲ့အပြိုင် သူ့လက်ချောင်းတွေပေါ်မှာ တောက်ပတဲ့အလင်းတန်းတို့ ထွက်ပေါ်လာ၏။ လှပတဲ့နဂါးငွေ့တန်း ဂလက်ဆီတစ်ခုအလားပေါ့။
အဲ့နောက် နဂါးငွေ့တန်းဂလက်ဆီဟာ ကောင်လေးဆီ ဝဲပျံသွားပြီး အလင်းစက်တစ်ခုအဖြစ် ပြောင်းလဲသွား၏။ အဆုံးမှာတော့ အလင်းစက်တို့ ပျောက်သွားပြီး ကောင်လေးရဲ့ ကိုယ်ပေါ်မှာ အထူး ကျော့ရှင်းလှပတဲ့ဝတ်ရုံတစ်ခု ဝတ်ပြီးလျက်သား ဖြစ်သွားတော့သည်။
နူးညံ့တဲ့ကြယ်သီးတို့နဲ့ ပိုးချည်မျှင်တို့ဟာ နတ်မိစ္ဆာတို့နဲ့ တစ္ဆေတို့ကို ဝေးဝေးပြေးစေနိုင်တဲ့ စိတ်စွမ်းအင်အရှိန်အဝါထုတ်လွှတ်နေသလိုမျိုး အဖြူရောင်အလင်းတန်းအလွှာကို ထုတ်လွှတ်လို့နေသည်။
ကောင်လေးက သူ့ကိုယ်ပေါ် ထူးဆန်းစွာရောက်လာတဲ့ဝတ်ရုံကို ငေးကြည့်လိုက်၏။
အတန်ကြာငေးပြီးနောက် "ဒီဝတ်ရုံက .... အရမ်း အံဩဖို့ကောင်းတာပဲ...." လို့ တီးတိုးဆိုလိုက်သည်။
ဒါသာရောင်းလို့ရမယ်ဆိုရင် သူ သေချာပေါက်ကိုချမ်းသာသွားမှာပဲ!
ငရဲမင်းကြီးက မျက်ခုံးအနည်းငယ်ပင့်သွားရ၏။
(ပြောစကားအရေးကနေ စာစကားအရေးကို ပြန်ပြင်နေတာကို ဦးစားမပေးသေးဘဲ ရှေ့ဆက်ပြီးပဲ ပြီရဆုံးအောင်ပြန်နေတာမို့ ဖတ်ရအနှောက်အယှက် ဖြစ်နေရင် တောင်းပန်ပါတယ်နော်။ နည်းနည်းချင်းစီတော့ ပြင်ပြင်သွားပါမယ်၊ ဒါပေမဲ့ chapter အသစ်တင်ဖို့က ဦးစားပေးမို့ နားလည်ပေးပါရှင်)
20210906; 0721
Stay tuned for the next chapter:
🥰Thanks for reading, sharing, comments and votes.🥰
—————————— 👀 —————————
အပိုင္း ၅။ အဝတ္အစား
ေကာင္ေလးက သူ႔လက္ကိုဆန႔္ထုတ္လိုက္ၿပီး ျပန္သိမ္းလိုက္တာကို ငရဲမင္းႀကီးျမင္လိုက္၏။
အဲ့ေနာက္ ဘုရင္ႀကီးက ေကာင္ေလး ဖုံးဖို႔ႀကိဳးစားေနတဲ့ေနရာကိုတစ္လွည့္ လက္ကိုမလွုပ္ရွားဝံ့ဘဲ ရွက္ေသြးျဖာေနတဲ့ေကာင္ေလးမ်က္ႏွာကိုတစ္လွည့္ ေငးၾကည့္လိုက္သည္။
ေကာင္ေလးက မ်က္ေတာင္ပုတ္ခတ္ ပုတ္ခတ္ လုပ္လိုက္ၿပီး ဘုရင္ႀကီးကို ႐ုတ္ခ်ည္း ေက်ာေပးလိုက္၏။
အဲ့ေနာက္မွာေတာ့ လွပေခ်ာမြတ္တဲ့သူ႔ေက်ာဘက္ေရာ၊ ျပည့္စုံလုံးဝန္းေနတဲ့သူ႔တင္သားႏွစ္မႊာကပါဘုရင္ႀကီးေရွ႕ ေပၚသြားေတာ့သည္။
ငရဲမင္းႀကီးရဲ့အၾကည့္ေအာက္ ေျခေထာက္ကိုတင္းတင္းေစ့လိုက္ၿပီး သူ႔ညာဖက္ကို တီေကာင္လို တြန္႔လိမ္တြန္႔လိမ္နဲ႔သြားလိုက္၏။
သူ ပုဝါမကူ ေရမရွူစတမ္းႀကိဳးစားၿပီး ဘုရင္ႀကီးေရွ႕ ေလးဘက္တြား တြားသြားလိုက္၏။
အဲ့ေနာက္ ေကာင္ေလးဟာ သူ႔နဖူးက မရွိတဲ့ေခၽြးစက္ လက္နဲ႔သုတ္လိုက္ရင္း ေပ်ာ့ေခြစြာထိုင္လိုက္ေတာ့သည္။
"ကိုယ္ေတာ့ကို ေၾကာက္ေနတာလား?"
အသံသာသာတစ္ခ်က္ ေကာင္ေလးနားစည္အတြင္း ထပ္မံဝင္ေရာက္လာ၏။
ေကာင္ေလး ခ်က္ခ်င္းအံအားသင့္သြားၿပီး သူ ေခါင္းလွည့္ၾကည့္လိုက္ေတာ့ ႐ုတ္တရက္ သူျမင္လိုက္ရတာက နက္ရွိုင္းၿပီး ၾကယ္တစ္ခုလိုေတာက္ပေနတဲ့ မ်က္ဝန္းအစုံ။ အဆိုပါမ်က္ဝန္းအစုံထဲက အၾကည့္တို႔ကေတာ့ သူ႔ရဲ့အသံလိုပဲ ၿငိမ္သက္ေနစည္ပင္။
...
ေကာင္ေလး အစြမ္းကုန္ႀကိဳးစားအားထုတ္ခဲ့ရေပမယ့္လည္း အဆိုပါလူကေတာ့ တစ္ခ်က္လွည့္ၾကည့္လိုက္႐ုံနဲ႔ အရာအားလုံး အစကို ျပန္ေရာက္သြားသလိုပင္။
ေကာင္ေလးက သူ႔ဦးေခါင္းကို ဘုရင္ႀကီးဘက္ မ်က္ႏွာမူရင္း ေခါင္းငိုက္စိုက္လုပ္လိုက္ေတာ့သည္။
သူ ေခါင္းငုံ႔လိုက္စဥ္မွာပဲ လူႀကီးရဲ့ ေလေပၚလြင့္ေနတဲ့ အျဖဴေရာင္ဝတ္႐ုံကို ေတြ႕လိုက္ရ၏။ ဝတ္႐ုံက အရမ္းႏူးညံ့မယ့္ပုံေပၚတာပဲ။
သူ႔သက္တမ္း ၁၉ႏွစ္လုံးလုံး အဲ့လို လွပဆန္းက်ယ္တဲ့ဝတ္႐ုံမ်ိဳး တခါမွ မဝတ္ခဲ့ဖူးေခ်။
သူ႔ကိုယ္သူ ကိုယ္လုံးတီးျဖစ္ေနတာကို ေတြးမိသြားေတာ့ ေကာင္ေလးက မ်က္လုံးတစ္ခ်က္ ေစြၾကည့္လိုက္ၿပီးေနာက္ ေခါင္းျပန္ေမာ့လိုက္ၿပီး သိသိသာသာ ျပဳံးျပလိုက္ေတာ့သည္။
သူ႔ပစၥည္းကို လက္တစ္ဖက္က အုပ္ထားရင္း ဘုရင္ႀကီးရဲ့ႏူးညံ့တဲ့ဝတ္႐ုံစကို ေနာက္လက္တစ္ဖက္နဲ႔ ဆြဲလိမ္လိုက္၏။
"ခင္မ်ားရဲ့ဝတ္႐ုံ ေပးဝတ္နိုင္မလားဟင္? ကၽြန္ေတာ္ သန္႔သန္႔ရွင္းရွင္းဝတ္ပါ့မယ္လို႔ကတိေပးပါတယ္၊ ေနာ္?"
သူ႔ရဲ့ႏူးညံ့ျငင္သာတဲ့အသံေလးက မယုံနိုင္စရာေကာင္းေလာက္ေအာင္ အေတာ္ေလးခ်စ္စရာေကာင္းေနသည္ပင္။ သူ႔႐ုပ္သြင္က ဘုရင္ႀကီးရဲ့မ်က္စံနက္ထဲမွာ ထင္ဟပ္လို႔ေန၏။ သူ႔ခႏၶာကိုယ္တစ္ဝိုက္မွာ အံဩဖြယ္အလင္းတို႔ ရွိေနဆဲပင္ ျဖစ္သည္။ ေကာင္းကင္လမ္းက ခ်န္ထားခဲ့တဲ့ ေရႊေရာင္အလင္းတို႔ အလုံးစုံေပ်ာက္ကြယ္သြားဖို႔ဆို ႏွစ္ေပါင္းရာခ်ီၾကာလိမ့္မည္။
ေကာင္ေလးစကားေျပာလိုက္တာနဲ႔ ပန္းပင္လယ္ထဲမွာ ယိမ္းထိုးလွုပ္ခတ္သြား၏။ ေလေျပညႇင္းတို႔ ပန္းေတြဆီ ေဝ့ဝဲသြားသည္။
ေကာင္ေလးရဲ့ေလသံအနိမ့္အျမင့္က ဘုရင္ႀကီးကို လွုပ္ရွားသြားေစနိုင္ပုံရသည္၊ ဘုရင္ႀကီးရဲ့မ်က္ဝန္းထဲကအၾကည့္တို႔ မဆိုစေလာက္အနည္းငယ္ေလး ေျပာင္းလဲသြား၏။
ဘုရင္ႀကီးက သူ႔ဝတ္႐ုံကို ငွါးေပးခ်င္ပုံမရဘူးလို႔ စိတ္လွုပ္ရွားေနတဲ့ေကာင္ေလးက ေတြးမိလိုက္တဲ့အခ်ိန္မွာပဲ လူႀကီးက လက္ကိုေျမႇာက္လိုက္ၿပီး စက္ဝိုင္းတစ္ခု ေလေပၚဆြဲလိုက္သည္။
လူႀကီးရဲ့လက္လွုပ္ရွားခ်က္နဲ႔အၿပိဳင္ သူ႔လက္ေခ်ာင္းေတြေပၚမွာ ေတာက္ပတဲ့အလင္းတန္းတို႔ ထြက္ေပၚလာ၏။ လွပတဲ့နဂါးေငြ႕တန္း ဂလက္ဆီတစ္ခုအလားေပါ့။
အဲ့ေနာက္ နဂါးေငြ႕တန္းဂလက္ဆီဟာ ေကာင္ေလးဆီ ဝဲပ်ံသြားၿပီး အလင္းစက္တစ္ခုအျဖစ္ ေျပာင္းလဲသြား၏။ အဆုံးမွာေတာ့ အလင္းစက္တို႔ ေပ်ာက္သြားၿပီး ေကာင္ေလးရဲ့ ကိုယ္ေပၚမွာ အထူး ေက်ာ့ရွင္းလွပတဲ့ဝတ္႐ုံတစ္ခု ဝတ္ၿပီးလ်က္သား ျဖစ္သြားေတာ့သည္။
ႏူးညံ့တဲ့ၾကယ္သီးတို႔နဲ႔ ပိုးခ်ည္မၽွင္တို႔ဟာ နတ္မိစၧာတို႔နဲ႔ တေစၧတို႔ကို ေဝးေဝးေျပးေစနိုင္တဲ့ စိတ္စြမ္းအင္အရွိန္အဝါထုတ္လႊတ္ေနသလိုမ်ိဳး အျဖဴေရာင္အလင္းတန္းအလႊာကို ထုတ္လႊတ္လို႔ေနသည္။
ေကာင္ေလးက သူ႔ကိုယ္ေပၚ ထူးဆန္းစြာေရာက္လာတဲ့ဝတ္႐ုံကို ေငးၾကည့္လိုက္၏။
အတန္ၾကာေငးၿပီးေနာက္ "ဒီဝတ္႐ုံက .... အရမ္း အံဩဖို႔ေကာင္းတာပဲ...." လို႔ တီးတိုးဆိုလိုက္သည္။
ဒါသာေရာင္းလို႔ရမယ္ဆိုရင္ သူ ေသခ်ာေပါက္ကိုခ်မ္းသာသြားမွာပဲ!
ငရဲမင္းႀကီးက မ်က္ခုံးအနည္းငယ္ပင့္သြားရ၏။
(ေျပာစကားအေရးကေန စာစကားအေရးကို ျပန္ျပင္ေနတာကို ဦးစားမေပးေသးဘဲ ေရွ႕ဆက္ၿပီးပဲ ၿပီရဆုံးေအာင္ျပန္ေနတာမို႔ ဖတ္ရအေႏွာက္အယွက္ ျဖစ္ေနရင္ ေတာင္းပန္ပါတယ္ေနာ္။ နည္းနည္းခ်င္းစီေတာ့ ျပင္ျပင္သြားပါမယ္၊ ဒါေပမဲ့ chapter အသစ္တင္ဖို႔က ဦးစားေပးမို႔ နားလည္ေပးပါရွင္)
20210906; 0721
Stay tuned for the next chapter:
6. Touch it
🥰Thanks for reading, sharing, comments and votes.🥰
—————————— 👀 —————————
You are reading the story above: TeenFic.Net