47. Call Me Thief Master

Background color
Font
Font size
Line height

အပိုင်း ၄၇။ ကျွန်တော့ကို သူခိုးမာစတာလို့ခေါ်ပါ

"ဟမ့်?" လို့ ဖုန့်ရှီ ထုတ်မပြောဘဲ မနေနိုင် ဖြစ်သွားတယ်။

သူ မမှားဘူးဆိုရင် အဲ့အပြာရောင် ပုံပန်းသဏ္ဍာန်က လူတစ်ယောက်... ဖြစ်တယ်။

နန်းတော်ထဲက လူနှစ်ဦးကတော့ တံခါးနားမှာ ရပ်ပြီး အထဲကို စပ်စုတဲ့အကြည့်နဲ့ ကြည့်နေတဲ့ ဖုန့်ရှီကို မြင်တော့ သူတို့မျက်နှာတွေမှာ လုံးလုံးလျားလျားကို မတူညီတဲ့ အမူအယာ ပေါ်သွားကြတယ်။ ဆွံ့အသွားရတဲ့ ကောင်လေး မှန်းဆလိုက်တဲ့အတိုင်း အပြာရောင်ပုံသဏ္ဍာန်သူက တကယ်ပဲ လူတစ်ဦးဖြစ်တယ်။ ပိုတာတစ်ခုက သူက သာမာန်လူတစ်ယောက်မဟုတ်ဘူး၊ ပြီးတော့ သူ ဒီကို ရောက်လာရခြင်း ရည်ရွယ်ချက်ကလည်း အတော် ရှုပ်ထွေးတယ်။

ဖုန့်ရှီ တဟုန်ထိုး အပြေးလာတာကို တွေ့တော့ ငရဲမင်းကြီးက သူ့ကို တစ်ခွန်းမှ မဝေဖန်ဘူး။ ကောင်လေးရဲ့ မျက်နှာပေါ်က စိတ်ထက်သန်နေတဲ့ ဟန်အရ ဖုန့်ရှီမှာ တစ်ခုခု ပြောဖို့ ရှိနေတာဖြစ်ရမယ်ဆိုတာ ဘုရင်ကြီး သိတယ်။

"ရှီ၊ ဒီလာခဲ့!" ဘာကိုမှ အလေးမထားဟန်ရှိတဲ့ ဘုရင်ကြီးရဲ့ မျက်နှာမှာ ရုတ်တရက် ယောင်ယောင်လေး ပြုံးလိုက်တဲ့အပြုံးလေးတစ်ခု ပေါ်သွားတယ်။

ဘုရင်ကြီး ခေါ်သံကို ကြားလိုက်ရတော့ ဖုန့်ရှီ အသိပြန်ဝင်လာတယ်။ အဲ့နောက်မှာတော့ သူက ချက်ချင်းပဲ နှုတ်ခမ်းဆူလိုက်တယ်။

"ခေါင်းဆောင်၊ ကျွန်တော့ကို ရှီလို့ မခေါ်ပါနဲ့။ ကြားရတာ အရမ်း သာမာန်ဆန်လွန်းတယ်။ ကျွန်တော်က နောင်အနာဂတ်မှာ အကြီးကျယ်အမြင့်မြတ်ဆုံး သူခိုးကြီး ဖြစ်လာမဲ့သူတစ်ယောက်။ အဲနာမည်ကြီးက မလေးနက်ဘူး!"

သူ မကျေမချမ်းနဲ့ တိုင်တန်းနေပေမဲ့ အားတက်သရောနဲ့ ဘုရင်ကြီးဆီ ပြေးနေဆဲဖြစ်တယ်။

ဘုရင်ကြီးဘေးဖက်ကလူကတော့ ဆိုးဆိုးဝါးဝါးကို ထိတ်လန့်သွားပြီး ဖြစ်တယ်။ သူက ဘုရင်ကြီးရဲ့ မျက်နှာကို တချိန်လုံး စိုက်ကြည့်နေတာကြောင့် ဘုရင်ကြီးရဲ့ အမူအယာ သေးသေးလေးတောင်မှ သူ့မျက်စိက လွတ်မသွားနိုင်။ ဒါမှမဟုတ်လည်း ဒီလိုပြောလို့ရတယ်၊ ဘုရင်ကြီးက သူ့အမူအယာ ဘယ်သူမြင်သွား မြင်သွား စိတ်ထဲမထားဘူး။ အဲ့အပြုံးက အရမ်းကို သဘာဝဆန်နေဟန်ပင်။ အချိန်ခဏလေးပဲ ကြာတာ ဖြစ်ပေမဲ့ အဲ့ အပြာနဲ့လူက အလွန်အကြူးကို အံ့အားသင့်နေဆဲပဲ ဖြစ်တယ်။

"တကယ်လို့ ရှီလို့ မခေါ်ရဘူးဆိုရင် မင်းကို ဘယ်လို ခေါ်စေ့ချင်သလဲ?" ဘုရင်ကြီးက မေးလိုက်တယ်။

"ကျွန်တော့ကို သူခိုးမာစတာလို့ ခေါ်!" ဖုန့်ရှီ သူ့တင်ပါးနှစ်ဖက်ပေါ် လက်ထောက်ပြီး ခေါင်းမော့ရင်း ကျေကျေနပ်နပ်နဲ့ အကျယ်ကြီးကို ရယ်လိုက်တယ်။

ဘန်း၊ ဘန်း၊ ဘန်း...

ဘမ်း၊ ဘမ်း၊ ဘမ်း...

ဖုန့်ရှီရဲ့ စကားတွေကြောင့် စာအုပ်နတ်ဘုရားနဲ့ ကံဆိုးမှုနတ်ဘုရားတို့ နှစ်ဦးလုံး ကောင်းကင်ကနေ ပြုတ်ကျသွားတယ်။ သူတို့ကိုယ်သူတို့ ကိုယ်ဖျောက်ဖို့တောင် မလုပ်နိုင်ကြတော့ဘဲ မြေကြီးပေါ် ခေါင်းနဲ့ တည့်တည့် ဆောင့်သွားတော့တယ်။

လန့်နေဆဲဖြစ်တဲ့ လူကြီးကတော့ သူက လုံးဝကို တောင့်တင်းနေတာကြောင့် ပြုတ်မကျသွားတဲ့အတွက် ကံကောင်းတယ်လို့ ဆိုရမယ်။

နောက်ဆုံး ကျကွဲသံကတော့ အစေခံတွေ တိုက်ချမိလိုက်လို့ ကျကွဲသွားရတဲ့ သစ်သီးပန်းကန်ကနေ လာတဲ့ အသံဖြစ်တယ်။ သူတို့ အလွန်ကို အံ့အားသင့်သွားကြတယ်ဆိုတာကို သူတို့ရဲ့ ယိမ်းထိုးသွားတဲ့ ခြေလှမ်းတွေကနေ မြင်နိုင်တယ်။ သူတို့ မြေကြီးပေါ်က သစ်သီးတွေကို မရှင်းလင်းနိုင်သေးခင်မှာပဲ ကတိုက်ကရိုက် ဒူးထောက်ချလိုက်တယ်။

ခန်းမကြီး တိတ်ကျသွားပြီးနောက် ဆိတ်ငြိမ်တဲ့ နန်းတော်ခန်းမရဲ့ လေထုက အလွန်ကို ကိုးယို့ကားယား နိုင်တဲ့အဖြစ်ကို ပြောင်းသွားတယ်!

ဖုန့်ရှီ အကြာကြီး ဂုဏ်ယူစွာ ရယ်မောနေပြီးနောက် တစ်ခုခု မှားယွင်းနေကြောင်း နောက်ဆုံးတော့ သတိပြုမိလိုက်တယ်။

သူ ဘေးပတ်လည်ကို ကြည့်လိုက်ပြီး အဲ့ဒီ့ ကြောက်စိတ်မွှန်နေတဲ့သူတွေကို မြင်သွားတယ်။ အဲ့နောက်မှာတော့ မနေနိုင်တော့ဘဲ ခုံပေါ်ထိုင်နေတဲ့ ဘုရင်ကြီးကို မေးလိုက်တယ်၊ "ခေါင်းဆောင်၊ သူတို့အခု ဘာလုပ်နေကြတာလဲ? ဘာလို့ သူတို့ အရမ်းကို ထူးထူးဆန်းဆန်း ပြုမူနေကြတာလဲ?"

ငရဲမင်းကြီး တည်တည်ငြိမ်ငြိမ်ပဲ နေနေတယ်။ အဲ့လူတွေကို အလေးမစိုက်ဟန် တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းပဲ အဝေးကိုကြည့်လိုက်တယ်။ အဲ့နောက်မှာတော့ ဖုန့်ရှီကို အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်လိုက်ပြီး၊ "သူခိုးမာစတာ၊  မင်း ဘယ်လိုအမှားမျိုး ကျူးလွန်ခဲ့သလဲဆိုတာ သိသလား?"

ကောင်လေးရဲ့ အကြံပြုချက်ကို ဘုရင်ကြီးက လွယ်လင့်တကူပဲ လိုက်နာလိုက်တဲ့အခါ အဲ့လူတွေအားလုံး အထူးသဖြင့် အပြာနဲ့လူတို့ သူတို့ မျက်နှာပေါ်မှာ ဆွံ့အသွားတဲ့ဟန် ထပ်ပေါ်လာပြန်တယ်။ သူ တောင့်တောင့်ကြီး ဖြစ်နေတာ ပြေလျော့သွားဖို့ အလွန်ခက်တယ်၊ အခု သူ ဘုရင်ကြီးစကား ကြားလိုက်ရပြီးတဲ့နောက် ထပ်ပြီး လှုပ်မရ ပြုမရ ဖြစ်သွားရပြန်တယ်!

"အာ..." သလင်းစားပွဲပေါ် ကိုယ်ကိုကုန်းလိုက်တဲ့ ဖုန့်ရှီ ရုတ်တရက် အပြုံးတို့ ရပ်တန့်သွားတယ်။ သူ့ထောင်ချောက်ထဲ သူ့သဘောနဲ့သူ လိုလိုလားလားနဲ့ ပြန်ဝင်မိသလို ခံစားလိုက်ရတယ်။

သူ့ခေါင်းဆောင်က သူ့ကို သူခိုးမာစတာလို့ ခေါ်တယ်။ ကြားရတာ အရမ်းမိုက်တာပဲ။

ဒါပေမဲ့ တကယ်လို့ ဘုရင်ကြီးက ဖုန့်ရှီကို တစ်ခုခု စွပ်စွဲနေဟန်တူတဲ့ နောက်တစ်ကြောင်းကိုသာ ဆက်မပြောလိုက်ဘူးဆိုရင် ပိုပြီး နားထောင်ကောင်းမယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဘုရင်ကြီးရဲ့ နောက်ဆုံးစကားလုံးတွေက သူခိုးမာစတာ သူ့ဟာသူ စိတ်မကောင်းဖြစ်သွားအောင် လုပ်နိုင်ခဲ့တယ်။ ကြီးကျယ်မြင့်မြတ်တဲ့ သူခိုးမာစတာ ဖုန့်ရှီဟာ တကယ်တော့ လူတိုင်း အနိုင်ကျင့်နိုင်တဲ့ သူတစ်ဦးပဲ!

ဖုန့်ရှီ သူ့မျက်လုံးကို ဟိုဖက်ဒီဖက် ခပ်မြန်မြန် လှိမ့်လိုက်ပြီးနောက် ဘုရင်ကြီးကို ချက်ချင်းပဲ​ ပြောလိုက်တယ်၊ "ခေါင်းဆောင်၊ ကြည့်ရတာ ခေါင်းဆောင် အခု အရမ်းအလုပ်ရှုပ်နေပုံပဲ။ ဒါဆို ကျွန်တော် မနှောက်ယှက်တော့ဘူး။ လုပ်စရာရှိတာ ဆက်လုပ်ပါ။ အမွှေးမဲ့ကြက်က တစ်ကိုယ်တီး တိုက်ပိတ်ကျင့်ကြံတာ ပြီးတော့မယ်ဆိုတော့ ကျွန်တော် သွားစောင့်ခေါ်လိုက်မယ်။"

အဲ့တာကို ပြောပြီးနောက် သူက မျှားတစ်စင်းလို ပြေးထွက်သွားတယ်။

"ပြန်လာခဲ့!" ဘုရင်ကြီးရဲ့ တည်ငြိမ်ပေမဲ့ ကြောက်ရွံ့မှုအပြည့်ဖြစ်စေတဲ့ အသံကပေါ်ထွက်လာယ်။ ဆိတ်ငြိမ်နေတဲ့ နန်းတော်ခန်းမထဲမှာ သူ့အသံပဲ ပဲ့တင်ထပ်သွားတယ်။

အဝေးကြီး မပြေးရသေးတဲ့ ဖုန့်ရှီ ချက်ချင်းပဲ ရပ်လိုက်တယ်။ အဲ့နောက် သူက ပြန်လှည့်လာပြီး အပြုံးတစ်ပွင့်နဲ့အတူ ပြောလိုက်တယ်၊ "ကျွန်တော် အဲ့အဘိုးကြီးကို လဲအောင်လုပ်ဖို့ မရည်ရွယ်ခဲ့ပါဘူး။"

"ဟ!" စာအုပ်နတ်ဘုရားနဲ့ ကံဆိုးမှုနတ်ဘုရားတို့ နှစ်ဦးလုံး ရယ်ပွဲကျသွားတယ်။

ဖုန့်ရှီ အဲ့နတ်ဘုရားနှစ်ပါးကို စိမ်းစိမ်းကားကား ကြည့်လိုက်ပြီး တောင်းပန်တဲ့ ဟန်ပန်ကို ဆက်လုပ်လိုက်တယ်။

"လွန်ခဲ့တဲ့ ဆယ်ရက်အကျော်က မင်းကတိပေးခဲ့တဲ့ အရာကို မှတ်မိသေးလား?" ငရဲမင်းကြီးက ဖုန့်ရှီရဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို ကျင့်သားရနေတဲ့အလား ချက်ချင်းပဲ လျစ်လျူရှုလိုက်ပြီး လိုရင်းပြောလိုက်တယ်။ ဖုန့်ရှီ တမဟုတ်ချင်း စိတ်လှုပ်ရှားသွားတယ်။

"ဟုတ်ကဲ့၊ သတိရပါတယ်!" ဖုန့်ရှီ ကြောက်ရွံ့တုန်လှုပ်စွာနဲ့ သူ့နောက်ကျောဖက်မှာ လက်ချင်းယှက်ဆုပ်ကိုင်ထားရင်း မတ်မတ်ကြီး ရပ်နေပြီး ခလေးတစ်ယောက်လို ရိုးသားစွာနဲ့ အမှားဝန်ခံလိုက်တယ်။

ဒါပေမဲ့ ငရဲမင်းကြီးရော စာအုပ်နတ်ဘုရားနဲ့ ကံဆိုးမှုနတ်ဘုရားတို့ပါ ဖုန့်ရှီရဲ့ ဒီလိုပုံစံကို တစ်ကြိမ်ထက်ပိုပြီး မြင်ဖူးပြီးသား ဖြစ်တာကြောင့် ဘယ်သူမှ အဲ့လှည့်ကွက်ထဲ ကျမသွားကြဘူး။

"ဒါဆို မင်းဘာကတိပေးခဲ့တာလဲ ပြောပါ၍ဦး" ဘုရင်ကြီးက သလင်းစားပွဲကို ခေါက်လိုက်ရင်း မေးလိုက်တယ်။

တစ်တောက်တောက်ခေါက်သံက ဖုန့်ရှီရဲ့ နှလုံးသားကို ခုန်ချက်မမှန် ဖြစ်စေတယ်။

"ကျွန်တော် ကတိပေးတာက ကျွန်တော် အစွမ်းကုန်ကြိုးစားပြီး ကျင့်ကြံပါ့မယ်၊ ပြီးတော့ နေ့တိုင်း တိုးတက်အောင် လုပ်ပါ့မယ်။ ကျွန်တော်က နောက်နှစ်တစ်ရာကြာရင် ကျင်းပမဲ့ ယှဉ်ပြိုင်ပွဲကြီးအတွက် ပြင်ဆင်ဖို့လိုတာကြောင့် ကျွန်တော် အရမ်း အရမ်း အရမ်းကို ပြင်းပြင်းထန်ထန် အလုပ်လုပ်ရမယ်။ ကျွန်တော် မပျင်းရိဘူး၊ ဒါမှမဟုတ် အအိပ်မမက်ဘူး၊ အစားနဲ့ အဆော့မမက်ဘူး၊ ဒါမှမဟုတ် မထွက်ပြေးဘူး။ တစ်ခွန်းတည်းပြောရမယ်ဆိုရင် ကျင့်ကြံတာကလွဲလို့ အခြား ဘာမှ ကျွန်တော် လုပ်ခွင့်မရှိဘူး။ အဲ့ဘဝမျိုးက ကျွန်တော့ကို သေလုအောင် ခံစားရပေမဲ့ ကျွန်တော် ကြီးကျယ်မြင့်မြတ်တဲ့ သူခိုးမာစတာ တစ်ယောက်ဖြစ်လာဖို့ အဲ့အခက်အခဲတွေကို ကျွန်တော် သည်းခံဖို့လိုတယ်!"

ဖုန့်ရှီ အဲ့ဒီ့ အဓိပ္ပါယ်မရှိတာတွေ အကုန်လုံးကို သူ့လက်ချောင်းတွေနဲ့ မရေတွက်နိုင်တော့တဲ့အထိ ရေတွက်နေပြီး ပြောလိုက်တယ်။ အဓိပ္ပါယ်ရှိတဲ့ စကားအနည်းငယ်ကတော့ "အလုပ် အရမ်းကြိုးစားပါ့မယ်" ဆိုတာပါပဲ။ ကျန်တဲ့စကားတွေအားလုံးကတော့ ပေါက်ကရတွေချည်းပါ။ ဒါပေမဲ့ ဖုန့်ရှီ အဲ့တာကို လုံးလုံး သတိမပြုမိ။

"အဲ့တာဆို မင်း ဒီနေ့ လုပ်ခဲ့တဲ့လုပ်ရပ်ကို ဘယ်လိုဖြေရှင်းချက် ပေးမလဲ? ဖုန့်ရှီ အထီးကျန်တာကို သည်းမခံနိုင်တော့ဘဲ နန်းတော်အပြင်ပြေးထွက်သွားတာကို ဘုရင်ကြီးက ဆိုလိုလိုက်တာ ဖြစ်တယ်။

ဖုန့်ရှီ သူ့လက်ချောင်းလေးတွေ ဆန့်ထုတ်လိုက်ရင်း တခစ်ခစ် ရီမောလိုက်တယ်၊ "ဒီနေ့ရာသီဥတုက အရမ်းကောင်းတယ်။ ကျွန်တော်က နေရောင်ခံပီး လမ်းလေး လျောက်ချင်ရုံလေးပါ။ ဟားဟား!"

စာအုပ်နတ်ဘုရား မနေနိုင်တော့ဘဲ ဖုန့်ရှီကို အထင်တသေး ကြည့်လိုက်ရင်း တွေးလိုက်တယ်၊ "သူ ဒီလို ပေါ့ပျက်ပျက် ဆင်ခြေမျိုး ဘယ်လို ရလာတာလဲ?"

"ဒီတစ်ကြိမ်တော့ ကိုယ်တော် ခွင့်လွှတ်မယ်၊ ဒီလိုအမှားမျိုး ထပ်မလုပ်နဲ့!" ဘုရင်ကြီးက အမြစ်အထိ ဆက်မတူးတော့ဘဲ နေလိုက်တယ်။

"ကောင်းပါပြီ" ဖုန့်ရှီ သူ့ခေါင်းကို သိမ်ငယ်စွာ ငုံ့လိုက်တယ်။ သူ့ခေါင်းဆောင်က သူ့လှုပ်ရှားမှုအကုန်လုံးကို သိနေခဲ့တယ်ဆိုတာ သူသိလိုက်ရပြီးတော့ သူအပြင်ခိုးထွက်ချင်တဲ့ အတွေးမျိုး ရှိလာရင်တောင်မှ ရူးရူးမိုက်မိုက် မလုပ်ရဲတော့ဘူး။

ဘုရင်ကြီးနဲ့ ဖုန့်ရှီတို့ အချင်းချင်း ပြောနေကြတာကို မြင်လိုက်ရတဲ့ အမျိုးသားက တောင့်တောင့်ကြီးဖြစ်နေရာကနေ ပြန်လည်ကောင်းမွန်လာပြီး နောက်ဆုံးတော့ သူလာရင်းကိစ္စကို သတိပြန်ရသွားတယ်။ အဲ့နောက် အချိန်မဖြုန်းချင်တော့ဘဲ ချက်ချင်းပဲ ဖွင့်ဟလိုက်တယ်။ သူက ဘုရင်ကြီးကို ဦးညွှတ်အရိုအသေပေးရင်း ပြောလိုက်တယ်၊ "အရှင်မင်းကြီး၊ အခု အရှင်မင်းကြီး ပြောလိုက်တာနဲ့ ပတ်သက်ပြီး ပြောရရင် သခင်လေးက အခုမှ စကျင့်ကြံမှာ ဖြစ်ပြီး အတွေ့အကြုံလည်း အများကြီး မရှိသေးဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ သူ့ကို အစိမ်းရောင် ငရဲသားအမဲလိုက်အဖွဲ့ထဲကို အလျင်စလို ထည့်လိုက်လို့ရှိရင် သူ ဒဏ်ရာ အနာတရ ဖြစ်လာမှာကို ကျွန်တော် စိုးရိမ်ပါတယ်။ ကျေးဇူးပြုပြီး ထပ်ပြန်စဉ်းစားပေးပါဦး၊ ဒါ တကယ်ကို မသင့်လျော်ပါဘူး!"

သူ့စကားတွေက အဓိပ္ပါယ်ရှိတယ်။ ချင်းမင်ယွိလို့ ခေါ်တဲ့ အဲ့လူဟာ ဖုန့်ရှီက ဖန်လုံအိမ်ထဲ ထည့်စိုက်ထားတဲ့ ပန်းလို အမြဲ ကာကွယ်ပေးဖို့လိုအပ်တဲ့ နူးညံ့တဲ့ကောင်လေးတစ်ယောက်အဖြစ် ဖော်ကျူးဖို့ အမှန်အကန်ကို ကြိုးစားနေတယ်။

"ငါကိုယ်တော် စိတ်ဆုံးဖြတ်ချက် ချပြီးသွားပြီ၊ မင်း သွားစီစဉ်ချေ။" ငရဲမင်းကြီးက လက် ဝှေ့ယမ်းလိုက်ပြီး စကားကို တိုတိုတုတ်တုတ် အဆုံးသတ်လိုက်တယ်။

"ကောင်းပါပြီ အရှင်မင်းကြီး!" ချင်းမင်ယွိ ပြင်ဆင်လာခဲ့တဲ့ ပြောမယ့်စကားအရှည်ကြီးဟာ ပြောခွင့်တောင် မရလိုက်ဘဲ အသုံးမဝင် ဖြစ်သွားရတယ်။ ဘုရင်ကြီးက ဒီအပေါ် တင်းခံနေတာကို တွေ့ရတော့ ချင်းမင်ယွိ စိတ်ဓါတ်ကျစွာနဲ့ပဲ နန်းတော်ကနေ ထွက်လာလိုက်တယ်။

"ခေါင်းဆောင်၊ ဘာတွေပြောနေကြတာလဲဟင်?" အမျိုးသား ထွက်သွားတာကိုကြည့်ပြီးနောက် ဘုရင်ကြီးဆီ သလင်းစားပွဲပေါ် တွယ်တက်လိုက်ရင်း ဖုန့်ရှီ မေးလိုက်တယ်။

"မင်း ကောင်းကင်နတ်ဘုရားနယ်ပယ်ကို ရောက်ပြီဆိုရင် မင်းကို အစိမ်းရောင် ငရဲသား အမဲလိုက်အဖွဲ့ကို ဝင်ခွင့်ပြုမယ်။ သူတို့ဆီကနေ အကျိုးရှိတာတွေ အများကြီး သင်ယူနိုင်လိမ့်မယ်။" ဘုရင်ကြီးက အကျဉ်းချုံး ပြောလိုက်တယ်။

"အစိမ်းရောင် ငရဲသားအမဲလိုက်အဖွဲ့? အဲ့တာဘာလဲ?"

အစိမ်းရောင် ငရဲသား အမဲလိုက်အဖွဲ့က အစိမ်းရောင် ငရဲသား အစောင့်အဖွဲ့ထဲမှာ တိုက်ရည်ခိုက်ရည် အပြည့်ဆုံး အဖွဲ့၊ ဆိုလိုတာက အဲ့ဒီ့အဖွဲ့က သာမာန် အစောင့်အဖွဲ့ထက် ပိုအားကြီးတယ်။

အဲ့ဒီ့အဖွဲ့ထဲက အဖွဲ့ဝင် တစ်ယောက်ချင်းစီက သာမာန် အစောင့်တွေထက် ပိုပြီး စွမ်းအားကြီးတဲ့ ကျွမ်းကျင်ပညာရှင်တွေချည်းပဲ၊ အဖွဲ့ဝင်အများစုက ကောင်းကင်နတ်ဘုရားနယ်ပယ် အဆင့်ကိုး ရောက်နေကြသူတွေဖြစ်တယ်။ သူတို့က စောင့်ကြပ်ရတာအစား အမဲလိုက်ရတာမှာ တာဝန်ရှိသူတွေ ဖြစ်တယ်။ သူတို့ရဲ့ ပစ်မှတ်က လူသားတွေ၊နဲ့ မိစ္ဆာသားရဲတွေတို့ ပါတယ်။ သူတို့ တာဝန်တစ်ခု အပေးခံရပြီဆိုတာနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ပြီးမြောက်ရတယ်၊ ဘယ်လို အတားအဆီး ကန့်သတ်ချက်တွေပဲဖြစ်ဖြစ် စိတ်ထဲ ထည့်စရာမလိုဘူး။

ချင်းမင်ယွိက အစိမ်းရောင် ငရဲသား အမဲလိုက်အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်ပြီး အဖွဲ့ရဲ့ အရာအားလုံးကို တာဝန်ယူရတယ်။ လက်ရှိမှာတော့ အဲ့လူက နတ်ဘုရားဘုရင်နယ်ပယ်ရဲ့ တတိယအဆင့် ရောက်နေပြီ ဖြစ်တယ်။

ဒီအကြိမ် ငရဲမင်းကြီးက ဖုန့်ရှီရဲ့ ကျင့်ကြံမှုကိစ္စအတွက် သူ့ကို လှမ်းခေါ်လိုက်တာ ဖြစ်တယ်။ အဆုံးမတော့ လက်တွေ့ အတွေ့အကြုံက သီအိုရီ ဗဟုသုတတွေထက် ပိုပြီး အရေးကြီးတယ်။

အဲ့တာကြောင့် ဘုရင်ကြီးက ဖုန့်ရှီ ကောင်းကင်နတ်ဘုရားနယ်ပယ်အဆင့်ကို ရောက်ပြီဆိုတာနဲ့ ဖုန့်ရှီကို အစိမ်းရောင် ငရဲသား အမဲလိုက်အဖွဲ့ကို ဝင်ရောက်ခွင့် ပြုဖို့ စီစဉ်နေတာ ဖြစ်တယ်။ ပထမက ဒါဟာ ဖုန့်ရှိရဲ့ ဗဟုသုတနဲ့ အတွေ့အကြုံ တိုးလာစေဖို့ ကူညီနိုင်မယ်၊ ဒုတိယက အဖွဲ့ထဲ ဝင်လိုက်မယ်ဆိုရင် ထွက်ပြေးရတာ နှစ်သက်တဲ့ ဒီ ခပ်ဆိုးဆိုးကောင်လေးကို ကန့်သတ်ချက်အချို့ ပေးပြီးသား ဖြစ်သွားမယ်။

ဒါပေမဲ့ ဖုန့်ရှီမှာ ဒါနဲ့ပတ်သက်ပြီး သူ့ကိုယ်ပိုင် နားလည်မှု ရှိနေခဲ့တယ်။

အရိုးသားဆုံးပြောရရင် သူ နန်းတော်ထဲ နှစ်တစ်ရာတောင် နေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူ ဦးလေးဖြူနဲ့ သူ့ခေါင်းဆောင်တို့နဲ့ တူတူပုန်းတန်း နေ့တိုင်း မကစားနိုင်ဘူး။ တကယ်လို့ သူ အဲ့လူနှစ်ယောက်ကို တစ်ရက်ရက်မှာ စိတ်ဆိုးဒေါသထွက်အောင် လုပ်မိသွားပြီး အမှောင်ခန်းထဲ အကျဉ်းချခံရရင် ဘယ်လိုလုပ်မလဲ?

အခုက သူ့အတွက် အခွင့်အရေးပဲ။

သူ့ခေါင်းဆောင်က သူ့ကို အစိမ်းရောင် ငရဲသား အမဲလိုက်အဖွဲ့ထဲ ဝင်စေ့ချင်ကြောင်း ပြောတာကို ကြားပြီးနောက် ဘယ်လို အဖွဲ့မျိုးဆိုတာ လုံးဝ မသိပေမဲ့ သူ နန်းတော်ထဲက ထွက်ခွင့် ရတော့မယ်ဆိုကတည်းက ဖုန့်ရှီ နားရွက်နှစ်ဖက် တက်ချိတ်မတက် ချက်ချင်းပဲ ပြုံးလိုက်တယ်။

"ခေါင်းဆာင်၊ စိတ်မပူနဲ့။ ကျွန်တော် အများကြီး ကြိုးစားပါ့မယ်၊ ကျွန်တော် ခင်များ အရှက်ရအောင် မလုပ်ပါဘူး။"

ဖုန့်ရှီ အဲ့လိုပြောတဲ့အခါမှာ စာအုပ်နတ်ဘုရားနဲ့ ကံဆိုးမှုနတ်ဘုရားတို့ရဲ့ သနားစာနာတဲ့ အကြည့်နဲ့ အကြည့်ခံနေရတာကို သတိမပြုမိဘူး။

ဖုန့်ရှီက သူ့ကို သစ္စာဖောက်တဲ့သူကို ကျေးဇူးတင်နေမယ့် လူစားမျိုးပဲ အတိအကျပဲ ဖြစ်တယ်။

မေးခွန်း။ လူတစ်ယောက်အတွက် သူလိုချင်တာ ရဖို့ဆိုတာ အရမ်းလွယ်သလား?

အဖြေ။ လုံးဝပဲပေါ့!

အတွေးကို ဖော်ပြနေတဲ့ ဖုန့်ရှီရဲ့ မျက်နှာပေါ်က အမူအယာက ဘုရင်ကြီးရဲ့ မျက်လုံးထဲ​ရှင်းရှင်းလင်းလင်း ပုံရိပ်ထင်ဟပ်သွားတယ်။

'မင်းမှာ အစီအစဉ်ရှိတယ်ဆိုရင်တောင်မှ မင်းအတွေးတွေကို မျက်နှာပေါ်မှာ ဖော်ပြမယ့်အစား ဖုံးကွယ်ထားသင့်တယ်။ မကောင်းစိတ် အကြံအစီ ရှိတဲ့သူတွေက မင်းကို လွယ်လင့်တကူ သိမြင်နိုင်လိမ့်မယ်!' ဘုရင်ကြီးက တွေးလိုက်တယ်။

အဲ့နောက်မှာတော့ ဘုရင်ကြီးက ဆုံးဖြတ်ချက်တစ်ခု လျို့ဝှက်စွာ ချလိုက်တယ်။

(အရင်အပိုင်းတွေမှာ ဖုန့်ရှီအစား ဖိန့်ရှီလို့ မှားယွင်း အသံထွက်ထားမိတာကို အစကနေ ပြန်ပြင်ထားပါတယ်၊ အဆင်မပြေမှု ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်နော်။ ထောက်ပြပေးတဲ့ စာဖတ်သူကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ စိတ်ဝင်တစား ဖတ်ရှုပေးကြသူတွေ၊ ကွန်မန့်ရေးကြသူတွေ၊ Star vote ပေးကြသူတွေ၊ Library ထဲ ထည့်ထားကြသူတွေ၊ Reading List ထဲ ထည့်ထားပေးကြသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။)

20211006; 0444

—————————— Zawgyi —————————

အပိုင္း ၄၇။ ကၽြန္ေတာ့ကို သူခိုးမာစတာလို႔ေခၚပါ

"ဟမ့္?" လို႔ ဖုန္႔ရွီ ထုတ္မေျပာဘဲ မေနနိုင္ ျဖစ္သြားတယ္။

သူ မမွားဘူးဆိုရင္ အဲ့အျပာေရာင္ ပုံပန္းသ႑ာန္က လူတစ္ေယာက္... ျဖစ္တယ္။

နန္းေတာ္ထဲက လူႏွစ္ဦးကေတာ့ တံခါးနားမွာ ရပ္ၿပီး အထဲကို စပ္စုတဲ့အၾကည့္နဲ႔ ၾကည့္ေနတဲ့ ဖုန္႔ရွီကို ျမင္ေတာ့ သူတို႔မ်က္ႏွာေတြမွာ လုံးလုံးလ်ားလ်ားကို မတူညီတဲ့ အမူအယာ ေပၚသြားၾကတယ္။ ဆြံ့အသြားရတဲ့ ေကာင္ေလး မွန္းဆလိုက္တဲ့အတိုင္း အျပာေရာင္ပုံသ႑ာန္သူက တကယ္ပဲ လူတစ္ဦးျဖစ္တယ္။ ပိုတာတစ္ခုက သူက သာမာန္လူတစ္ေယာက္မဟုတ္ဘူး၊ ၿပီးေတာ့ သူ ဒီကို ေရာက္လာရျခင္း ရည္ရြယ္ခ်က္ကလည္း အေတာ္ ရွုပ္ေထြးတယ္။

ဖုန္႔ရွီ တဟုန္ထိုး အေျပးလာတာကို ေတြ႕ေတာ့ ငရဲမင္းႀကီးက သူ႔ကို တစ္ခြန္းမွ မေဝဖန္ဘူး။ ေကာင္ေလးရဲ့ မ်က္ႏွာေပၚက စိတ္ထက္သန္ေနတဲ့ ဟန္အရ ဖုန္႔ရွီမွာ တစ္ခုခု ေျပာဖို႔ ရွိေနတာျဖစ္ရမယ္ဆိုတာ ဘုရင္ႀကီး သိတယ္။

"ရွီ၊ ဒီလာခဲ့!" ဘာကိုမွ အေလးမထားဟန္ရွိတဲ့ ဘုရင္ႀကီးရဲ့ မ်က္ႏွာမွာ ႐ုတ္တရက္ ေယာင္ေယာင္ေလး ျပဳံးလိုက္တဲ့အျပဳံးေလးတစ္ခု ေပၚသြားတယ္။

ဘုရင္ႀကီး ေခၚသံကို ၾကားလိုက္ရေတာ့ ဖုန္႔ရွီ အသိျပန္ဝင္လာတယ္။ အဲ့ေနာက္မွာေတာ့ သူက ခ်က္ခ်င္းပဲ ႏွုတ္ခမ္းဆူလိုက္တယ္။

"ေခါင္းေဆာင္၊ ကၽြန္ေတာ့ကို ရွီလို႔ မေခၚပါနဲ႔။ ၾကားရတာ အရမ္း သာမာန္ဆန္လြန္းတယ္။ ကၽြန္ေတာ္က ေနာင္အနာဂတ္မွာ အႀကီးက်ယ္အျမင့္ျမတ္ဆုံး သူခိုးႀကီး ျဖစ္လာမဲ့သူတစ္ေယာက္။ အဲနာမည္ႀကီးက မေလးနက္ဘူး!"

သူ မေက်မခ်မ္းနဲ႔ တိုင္တန္းေနေပမဲ့ အားတက္သေရာနဲ႔ ဘုရင္ႀကီးဆီ ေျပးေနဆဲျဖစ္တယ္။

ဘုရင္ႀကီးေဘးဖက္ကလူကေတာ့ ဆိုးဆိုးဝါးဝါးကို ထိတ္လန္႔သြားၿပီး ျဖစ္တယ္။ သူက ဘုရင္ႀကီးရဲ့ မ်က္ႏွာကို တခ်ိန္လုံး စိုက္ၾကည့္ေနတာေၾကာင့္ ဘုရင္ႀကီးရဲ့ အမူအယာ ေသးေသးေလးေတာင္မွ သူ႔မ်က္စိက လြတ္မသြားနိုင္။ ဒါမွမဟုတ္လည္း ဒီလိုေျပာလို႔ရတယ္၊ ဘုရင္ႀကီးက သူ႔အမူအယာ ဘယ္သူျမင္သြား ျမင္သြား စိတ္ထဲမထားဘူး။ အဲ့အျပဳံးက အရမ္းကို သဘာဝဆန္ေနဟန္ပင္။ အခ်ိန္ခဏေလးပဲ ၾကာတာ ျဖစ္ေပမဲ့ အဲ့ အျပာနဲ႔လူက အလြန္အၾကဴးကို အံ့အားသင့္ေနဆဲပဲ ျဖစ္တယ္။

"တကယ္လို႔ ရွီလို႔ မေခၚရဘူးဆိုရင္ မင္းကို ဘယ္လို ေခၚေစ့ခ်င္သလဲ?" ဘုရင္ႀကီးက ေမးလိုက္တယ္။

"ကၽြန္ေတာ့ကို သူခိုးမာစတာလို႔ ေခၚ!" ဖုန္႔ရွီ သူ႔တင္ပါးႏွစ္ဖက္ေပၚ လက္ေထာက္ၿပီး ေခါင္းေမာ့ရင္း ေက်ေက်နပ္နပ္နဲ႔ အက်ယ္ႀကီးကို ရယ္လိုက္တယ္။

ဘန္း၊ ဘန္း၊ ဘန္း...

ဘမ္း၊ ဘမ္း၊ ဘမ္း...

ဖုန္႔ရွီရဲ့ စကားေတြေၾကာင့္ စာအုပ္နတ္ဘုရားနဲ႔ ကံဆိုးမွုနတ္ဘုရားတို႔ ႏွစ္ဦးလုံး ေကာင္းကင္ကေန ျပဳတ္က်သြားတယ္။ သူတို႔ကိုယ္သူတို႔ ကိုယ္ေဖ်ာက္ဖို႔ေတာင္ မလုပ္နိုင္ၾကေတာ့ဘဲ ေျမႀကီးေပၚ ေခါင္းနဲ႔ တည့္တည့္ ေဆာင့္သြားေတာ့တယ္။

လန္႔ေနဆဲျဖစ္တဲ့ လူႀကီးကေတာ့ သူက လုံးဝကို ေတာင့္တင္းေနတာေၾကာင့္ ျပဳတ္မက်သြားတဲ့အတြက္ ကံေကာင္းတယ္လို႔ ဆိုရမယ္။

ေနာက္ဆုံး က်ကြဲသံကေတာ့ အေစခံေတြ တိုက္ခ်မိလိုက္လို႔ က်ကြဲသြားရတဲ့ သစ္သီးပန္းကန္ကေန လာတဲ့ အသံျဖစ္တယ္။ သူတို႔ အလြန္ကို အံ့အားသင့္သြားၾကတယ္ဆိုတာကို သူတို႔ရဲ့ ယိမ္းထိုးသြားတဲ့ ေျခလွမ္းေတြကေန ျမင္နိုင္တယ္။ သူတို႔ ေျမႀကီးေပၚက သစ္သီးေတြကို မရွင္းလင္းနိုင္ေသးခင္မွာပဲ ကတိုက္ကရိုက္ ဒူးေထာက္ခ်လိုက္တယ္။

ခန္းမႀကီး တိတ္က်သြားၿပီးေနာက္ ဆိတ္ၿငိမ္တဲ့ နန္းေတာ္ခန္းမရဲ့ ေလထုက အလြန္ကို ကိုးယို႔ကားယား နိုင္တဲ့အျဖစ္ကို ေျပာင္းသြားတယ္!

ဖုန္႔ရွီ အၾကာႀကီး ဂုဏ္ယူစြာ ရယ္ေမာေနၿပီးေနာက္ တစ္ခုခု မွားယြင္းေနေၾကာင္း ေနာက္ဆုံးေတာ့ သတိျပဳမိလိုက္တယ္။

သူ ေဘးပတ္လည္ကို ၾကည့္လိုက္ၿပီး အဲ့ဒီ့ ေၾကာက္စိတ္မႊန္ေနတဲ့သူေတြကို ျမင္သြားတယ္။ အဲ့ေနာက္မွာေတာ့ မေနနိုင္ေတာ့ဘဲ ခုံေပၚထိုင္ေနတဲ့ ဘုရင္ႀကီးကို ေမးလိုက္တယ္၊ "ေခါင္းေဆာင္၊ သူတို႔အခု ဘာလုပ္ေနၾကတာလဲ? ဘာလို႔ သူတို႔ အရမ္းကို ထူးထူးဆန္းဆန္း ျပဳမူေနၾကတာလဲ?"

ငရဲမင္းႀကီး တည္တည္ၿငိမ္ၿငိမ္ပဲ ေနေနတယ္။ အဲ့လူေတြကို အေလးမစိုက္ဟန္ တစ္ခ်က္ၾကည့္လိုက္ၿပီး ခ်က္ခ်င္းပဲ အေဝးကိုၾကည့္လိုက္တယ္။ အဲ့ေနာက္မွာေတာ့ ဖုန္႔ရွီကို အဓိပၸါယ္ပါပါ တစ္ခ်က္ၾကည့္လိုက္ၿပီး၊ "သူခိုးမာစတာ၊  မင္း ဘယ္လိုအမွားမ်ိဳး က်ဴးလြန္ခဲ့သလဲဆိုတာ သိသလား?"

ေကာင္ေလးရဲ့ အႀကံျပဳခ်က္ကို ဘုရင္ႀကီးက လြယ္လင့္တကူပဲ လိုက္နာလိုက္တဲ့အခါ အဲ့လူေတြအားလုံး အထူးသျဖင့္ အျပာနဲ႔လူတို႔ သူတို႔ မ်က္ႏွာေပၚမွာ ဆြံ့အသြားတဲ့ဟန္ ထပ္ေပၚလာျပန္တယ္။ သူ ေတာင့္ေတာင့္ႀကီး ျဖစ္ေနတာ ေျပေလ်ာ့သြားဖို႔ အလြန္ခက္တယ္၊ အခု သူ ဘုရင္ႀကီးစကား ၾကားလိုက္ရၿပီးတဲ့ေနာက္ ထပ္ၿပီး လွုပ္မရ ျပဳမရ ျဖစ္သြားရျပန္တယ္!

"အာ..." သလင္းစားပြဲေပၚ ကိုယ္ကိုကုန္းလိုက္တဲ့ ဖုန္႔ရွီ ႐ုတ္တရက္ အျပဳံးတို႔ ရပ္တန္႔သြားတယ္။ သူ႔ေထာင္ေခ်ာက္ထဲ သူ႔သေဘာနဲ႔သူ လိုလိုလားလားနဲ႔ ျပန္ဝင္မိသလို ခံစားလိုက္ရတယ္။

သူ႔ေခါင္းေဆာင္က သူ႔ကို သူခိုးမာစတာလို႔ ေခၚတယ္။ ၾကားရတာ အရမ္းမိုက္တာပဲ။

ဒါေပမဲ့ တကယ္လို႔ ဘုရင္ႀကီးက ဖုန္႔ရွီကို တစ္ခုခု စြပ္စြဲေနဟန္တူတဲ့ ေနာက္တစ္ေၾကာင္းကိုသာ ဆက္မေျပာလိုက္ဘူးဆိုရင္ ပိုၿပီး နားေထာင္ေကာင္းမယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ဘုရင္ႀကီးရဲ့ ေနာက္ဆုံးစကားလုံးေတြက သူခိုးမာစတာ သူ႔ဟာသူ စိတ္မေကာင္းျဖစ္သြားေအာင္ လုပ္နိုင္ခဲ့တယ္။ ႀကီးက်ယ္ျမင့္ျမတ္တဲ့ သူခိုးမာစတာ ဖုန္႔ရွီဟာ တကယ္ေတာ့ လူတိုင္း အနိုင္က်င့္နိုင္တဲ့ သူတစ္ဦးပဲ!

ဖုန္႔ရွီ သူ႔မ်က္လုံးကို ဟိုဖက္ဒီဖက္ ခပ္ျမန္ျမန္ လွိမ့္လိုက္ၿပီးေနာက္ ဘုရင္ႀကီးကို ခ်က္ခ်င္းပဲ​ ေျပာလိုက္တယ္၊ "ေခါင္းေဆာင္၊ ၾကည့္ရတာ ေခါင္းေဆာင္ အခု အရမ္းအလုပ္ရွုပ္ေနပုံပဲ။ ဒါဆို ကၽြန္ေတာ္ မေႏွာက္ယွက္ေတာ့ဘူး။ လုပ္စရာရွိတာ ဆက္လုပ္ပါ။ အေမႊးမဲ့ၾကက္က တစ္ကိုယ္တီး တိုက္ပိတ္က်င့္ႀကံတာ ၿပီးေတာ့မယ္ဆိုေတာ့ ကၽြန္ေတာ္ သြားေစာင့္ေခၚလိုက္မယ္။"

အဲ့တာကို ေျပာၿပီးေနာက္ သူက မၽွားတစ္စင္းလို ေျပးထြက္သြားတယ္။

"ျပန္လာခဲ့!" ဘုရင္ႀကီးရဲ့ တည္ၿငိမ္ေပမဲ့ ေၾကာက္ရြံ့မွုအျပည့္ျဖစ္ေစတဲ့ အသံကေပၚထြက္လာယ္။ ဆိတ္ၿငိမ္ေနတဲ့ နန္းေတာ္ခန္းမထဲမွာ သူ႔အသံပဲ ပဲ့တင္ထပ္သြားတယ္။

အေဝးႀကီး မေျပးရေသးတဲ့ ဖုန္႔ရွီ ခ်က္ခ်င္းပဲ ရပ္လိုက္တယ္။ အဲ့ေနာက္ သူက ျပန္လွည့္လာၿပီး အျပဳံးတစ္ပြင့္နဲ႔အတူ ေျပာလိုက္တယ္၊ "ကၽြန္ေတာ္ အဲ့အဘိုးႀကီးကို လဲေအာင္လုပ္ဖို႔ မရည္ရြယ္ခဲ့ပါဘူး။"

"ဟ!" စာအုပ္နတ္ဘုရားနဲ႔ ကံဆိုးမွုနတ္ဘုရားတို႔ ႏွစ္ဦးလုံး ရယ္ပြဲက်သြားတယ္။

ဖုန္႔ရွီ အဲ့နတ္ဘုရားႏွစ္ပါးကို စိမ္းစိမ္းကားကား ၾကည့္လိုက္ၿပီး ေတာင္းပန္တဲ့ ဟန္ပန္ကို ဆက္လုပ္လိုက္တယ္။

"လြန္ခဲ့တဲ့ ဆယ္ရက္အေက်ာ္က မင္းကတိေပးခဲ့တဲ့ အရာကို မွတ္မိေသးလား?" ငရဲမင္းႀကီးက ဖုန္႔ရွီရဲ့ အဓိပၸါယ္မရွိတဲ့ စကားေတြကို က်င့္သားရေနတဲ့အလား ခ်က္ခ်င္းပဲ လ်စ္လ်ဴရွုလိုက္ၿပီး လိုရင္းေျပာလိုက္တယ္။ ဖုန္႔ရွီ တမဟုတ္ခ်င္း စိတ္လွုပ္ရွားသြားတယ္။

"ဟုတ္ကဲ့၊ သတိရပါတယ္!" ဖုန္႔ရွီ ေၾကာက္ရြံ့တုန္လွုပ္စြာနဲ႔ သူ႔ေနာက္ေက်ာဖက္မွာ လက္ခ်င္းယွက္ဆုပ္ကိုင္ထားရင္း မတ္မတ္ႀကီး ရပ္ေနၿပီး ခေလးတစ္ေယာက္လို ရိုးသားစြာနဲ႔ အမွားဝန္ခံလိုက္တယ္။

ဒါေပမဲ့ ငရဲမင္းႀကီးေရာ စာအုပ္နတ္ဘုရားနဲ႔ ကံဆိုးမွုနတ္ဘုရားတို႔ပါ ဖုန္႔ရွီရဲ့ ဒီလိုပုံစံကို တစ္ႀကိမ္ထက္ပိုၿပီး ျမင္ဖူးၿပီးသား ျဖစ္တာေၾကာင့္ ဘယ္သူမွ အဲ့လွည့္ကြက္ထဲ က်မသြားၾကဘူး။

"ဒါဆို မင္းဘာကတိေပးခဲ့တာလဲ ေျပာပါ၍ဦး" ဘုရင္ႀကီးက သလင္းစားပြဲကို ေခါက္လိုက္ရင္း ေမးလိုက္တယ္။

တစ္ေတာက္ေတာက္ေခါက္သံက ဖုန္႔ရွီရဲ့ ႏွလုံးသားကို ခုန္ခ်က္မမွန္ ျဖစ္ေစတယ္။

"ကၽြန္ေတာ္ ကတိေပးတာက ကၽြန္ေတာ္ အစြမ္းကုန္ႀကိဳးစားၿပီး က်င့္ႀကံပါ့မယ္၊ ၿပီးေတာ့ ေန႔တိုင္း တိုးတက္ေအာင္ လုပ္ပါ့မယ္။ ကၽြန္ေတာ္က ေနာက္ႏွစ္တစ္ရာၾကာရင္ က်င္းပမဲ့ ယွဥ္ၿပိဳင္ပြဲႀကီးအတြက္ ျပင္ဆင္ဖို႔လိုတာေၾကာင့္ ကၽြန္ေတာ္ အရမ္း အရမ္း အရမ္းကို ျပင္းျပင္းထန္ထန္ အလုပ္လုပ္ရမယ္။ ကၽြန္ေတာ္ မပ်င္းရိဘူး၊ ဒါမွမဟုတ္ အအိပ္မမက္ဘူး၊ အစားနဲ႔ အေဆာ့မမက္ဘူး၊ ဒါမွမဟုတ္ မထြက္ေျပးဘူး။ တစ္ခြန္းတည္းေျပာရမယ္ဆိုရင္ က်င့္ႀကံတာကလြဲလို႔ အျခား ဘာမွ ကၽြန္ေတာ္ လုပ္ခြင့္မရွိဘူး။ အဲ့ဘဝမ်ိဳးက ကၽြန္ေတာ့ကို ေသလုေအာင္ ခံစားရေပမဲ့ ကၽြန္ေတာ္ ႀကီးက်ယ္ျမင့္ျမတ္တဲ့ သူခိုးမာစတာ တစ္ေယာက္ျဖစ္လာဖို႔ အဲ့အခက္အခဲေတြကို ကၽြန္ေတာ္ သည္းခံဖို႔လိုတယ္!"

ဖုန္႔ရွီ အဲ့ဒီ့ အဓိပၸါယ္မရွိတာေတြ အကုန္လုံးကို သူ႔လက္ေခ်ာင္းေတြနဲ႔ မေရတြက္နိုင္ေတာ့တဲ့အထိ ေရတြက္ေနၿပီး ေျပာလိုက္တယ္။ အဓိပၸါယ္ရွိတဲ့ စကားအနည္းငယ္ကေတာ့ "အလုပ္ အရမ္းႀကိဳးစားပါ့မယ္" ဆိုတာပါပဲ။ က်န္တဲ့စကားေတြအားလုံးကေတာ့ ေပါက္ကရေတြခ်ည္းပါ။ ဒါေပမဲ့ ဖုန္႔ရွီ အဲ့တာကို လုံးလုံး သတိမျပဳမိ။

"အဲ့တာဆို မင္း ဒီေန႔ လုပ္ခဲ့တဲ့လုပ္ရပ္ကို ဘယ္လိုေျဖရွင္းခ်က္ ေပးမလဲ? ဖုန္႔ရွီ အထီးက်န္တာကို သည္းမခံနိုင္ေတာ့ဘဲ နန္းေတာ္အျပင္ေျပးထြက္သြားတာကို ဘုရင္ႀကီးက ဆိုလိုလိုက္တာ

You are reading the story above: TeenFic.Net