163. A Troublemaker

Background color
Font
Font size
Line height

အပိုင်း ၁၆၃။ ပြဿနာကောင်တစ်ကောင်

ကျန်းယန်နှင့် သူ့အဖော်များ ဆယ့်ငါးမိနစ်ခန့် ကြောင်သွားကြတော့သည်။

လူငယ်၏ ခြေရင်းတွင် ကြယ်ငါးပွင့် နတ်ဘုရားခေါင်ချုပ်နယ်ပယ်ဆင့်ဖြစ်တဲ့ ထျန်းမားအပါအဝင် ရှန်းမားဂိုဏ်းရဲ့ အဖွဲ့ဝင်တွေက လဲလျောင်းကာ ငြီးတွားနေကြပြီး သွေးတွေ အန်နေကြ၏။

"အရမ်းအားနည်းတာပဲ။ ငါ အကောင်းဆုံးတိုက်ကွက်တောင် မကြိုးစားကြည့်ရသေးဘူး" ဖုန့်ရှီက သူတို့တွေ အဲ့လောက် အားနည်းကြလိမ့်မယ်လို့ ထင်မထားသည့်အတွက် ညီးညူလိုက်သည်။ သူ့လက်နက်တောင် မသုံးလိုက်ရဘဲ သူတို့ကို အလဲထိုးနိုင်ခဲ့တာဖြစ်ကာ သူတို့ ထတောင် မရပ်နိုင်ကြတော့ပေ။

"ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်!"

ကျန်းယန်က အံ့အားတသင့်ဖြင့် ဖုန့်ရှီထံ လျှောက်သွားလိုက်ကာ သူ့မျက်နှာထက် အပျော်တွေ ဝေလို့နေ၏။ အသက် ဆယ့်ခုနှစ်၊ ဆယ့်ရှစ်နှစ်လောက်ပဲ ရှိလောက်ဦးမယ့် ဒီလူငယ်လေးက ထျန်းမားထက်တောင် ပိုအစွမ်းထက်နေမယ်လို့ သူ ထင်မထားခဲ့ပေ။ ထျန်းမားက ကြယ်ငါးပွင့် နတ်ဘုရားခေါင်ချုပ်နယ်ပယ်ဆင့် ဖြစ်ပြီး သူ့မိသားစုထဲမှာ ရာထူးမြင့် ရထားသူတစ်ယောက်ဖြစ်တာကို ကျန်းယန် သိသည့်အတွက် သူ ထျန်းမားကို အနည်းငယ်တောင် ကြောက်လန့်သည်။ ဒါပေမဲ့လည်း သူ့အတွက် အံ့အားသင့်သွားစေနိုင်သူကတော့ ထျန်းမားကို လက်သီးတစ်ချက်တည်းနှင့် အလဲထိုးလိုက်နိုင်ခဲ့တဲ့ လူငယ်ပဲဖြစ်သည်။ လူငယ်လေးဟာ ကြယ်ခြောက်ပွင့် နတ်ဘုရားခေါင်ချုပ်နယ်ပယ်ဆင့်ထက် ပိုပြီး စွမ်းအားကြီးနေလိမ့်မယ်ဆိုတာ သူ သေချာသွားသည်။

အဲ့အတွက်ကြောင့် အကယ်၍ ကျောက်စိမ်းပြာမိသားစုက ဒီလို အလားအလာရှိတဲ့ အားကြီးတဲ့သူနဲ့ မိတ်ဆွေဖွဲ့နိုင်မယ်ဆိုရင် အကျိုးအမြတ် အများကြီး ရမှာဖြစ်၏။

"တပ်မှူးကျန်း၊ မမလေးက ခေါ်နေပါတယ်" အစောင့်တစ်ယောက်က ရုတ်တရက် ရောက်လာ၏။

ကျန်းယန်က ဖုန့်ရှီကို ချက်ချင်း ပြောလိုက်သည်၊ "လူကြီးမင်း၊ ကျေးဇူးပြုပြီး ခဏလေး စောင့်ပေးပါနော်။ ကျွန်တော် ခဏအတွင်း ပြန်လာခဲ့ပါ့မယ်"

"ကောင်းပြီ!" ဖုန့်ရှီက ပြောလိုက်၏။ အဲ့နောက် သူက ငရဲမင်းကြီးထံ ချက်ချင်း ပြေးသွားလိုက်ကာ ထပ်ပြုံးပြလိုက်ပြီး သူ့ခွန်အားကို ပြသရင်း ဘုရင်ကြီးရဲ့ လက်မောင်းကို ဖက်လိုက်သည်။

"မမလေး၊ ဘာကိစ္စပါလဲခင်မျာ?" ကျန်းယန်က လှည်းပြူတင်းပေါက်နားသို့ လျှောက်သွားကာ အသံနှိမ့်၍ မေးလိုက်၏။

ငယ်ရွယ်ပေမဲ့ နှစ်လိုဖွယ်ကောင်းတဲ့အသံတစ်သံက ပြူတင်းပေါက်ကနေ ထွက်လာသည်၊ "တပ်မှူးကျန်း၊ သူတို့က ငါတို့ကို ကယ်ခဲ့တဲ့အတွက် သူတို့ဟာ ငါတို့ဂိုဏ်းရဲ့ ကျေးဇူးရှင်တွေပဲ။ သူတို့ကို ကောင်းကောင်းဆက်ဆံပေးဖို့ သတိပြုပါ။ ငါတို့ ပြန်ရောက်ရင် ငါ့အဘိုးနဲ့ အဖေကို သူတို့ရဲ့ ကြင်နာမှုအတွက် ပြန်ပေးဆပ်ဖို့ ငါတို့ တောင်းဆိုရမယ်။"

သူမအသံက အဲ့တာကို ထုတ်မပြောခင် အတန်ကြာ တုန့်ဆိုင်းချင့်ချိန်နေခဲ့သလိုမျိုး အနည်းငယ် ချိန်ဆဆ ဖြစ်နေ၏။

ကျန်းယန်က သူမကို ငါးနှစ်လောက် ကာကွယ်ပေးခဲ့သူဖြစ်သည့်အတွက် သူမရဲ့ ကိုယ်ရည်ကိုယ်သွေးကို ကောင်းကောင်းသိသည်။ သူမ အဲ့လို ထုတ်ပြောဖို့ဆိုတာ အတော်ကြီး မဖြစ်နိုင်လောက်ပေ၊ အဲ့အတွက်ကြောင့် သူမ အခုလို ထုတ်ပြော အမိန့်မပေးလာရင်တောင် အရာရာကို သူလုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် သူ လုပ်ဆောင်သွားမှာဖြစ်ပြီး သူမကလည်း အဲ့အချက်ကို သိသည်။ ဒါပေမဲ့ သူမက ဒီတစ်ကြိမ်မှာ အစပျိုး အမိန့်ပေးလိုက်ခြင်းက သူ့ကို အံ့အားသင့်သွားစေ၏။

ဒါပေမဲ့ ကျန်းယန်က သူ့အတွေးတို့ကို ဖော်ထုတ်မပြချေ။ သူမက ရှက်တက်သူဆိုတာ သူသိသည့်အတွက် သူက သူမဆိုလိုသည့်အဓိပ္ပါယ်ကို သိကြောင်း ခေါင်းညိတ် အချက်ပြလိုက်သည်။ "မမလေး၊ မစိုးရိမ်ပါနဲ့။ ကျွန်တော် သူတို့ကို ကောင်းကောင်းမွန်မွန် ပြုစုပါ့မယ်။ ကျွန်တော်တို့ မြို့တော်ကို ပြန်ရောက်ရင် သခင့်ကို အကုန် ပြောလိုက်ပါ့မယ်"

"ကောင်းပြီ" သူမအသံက အပျော်တွေနှင့် ပြည့်သွား၏။

ကျန်းယန် မျက်မှောင်ကြုတ်သွားကာ နောက်ပြန်လှည့်မကြည့်ပဲ မနေနိုင်တော့ချေ။

ကောင်လေးက သူ့အဖော်ရဲ့လက်မောင်းကို ကိုင်ထားသည်။ ကျန်းယန် သူတို့ ဘာပြောနေကြသလဲဆိုတာတော့ မသိပေမဲ့ ကောင်လေးရဲ့ အကြည့်တို့အရ ကျန်းယန်ပြောနိုင်တာကတော့ သူက အရမ်းကို အားတက်နေပြီး စိတ်တက်ကြွနေသည်ဆိုတာကိုပင်။ ဒီမြင်ကွင်းကို ကြည့်ပြီး ဒီလူငယ်လေးနဲ့ သူ့မမလေးတို့က တကယ်ကို လိုက်ဖက်တာပဲလို့ သူ စိတ်မကူးမိဘဲ မနေနိုင်တော့ချေ။ အဲ့အပြင် ဒီလို အရည်အချင်းကောင်းမျိုးနဲ့ဆို လူငယ်လေးက အနာဂတ်မှာ အနိမ့်စား ကောင်းကင်ဘုံနတ်ဘုရားနယ်ပယ်ဆင့်တစ်ယောက် ဖြစ်လာနိုင်ချေရှိပြီး၊ ကြီးမြတ်တဲ့ကောင်းကင်ဘုံနတ်ဘုရားတစ်ပါးတောင်မှ ဖြစ်လာနိုင်ချေရှိနေသည်။ ဒါပေမဲ့ ကောင်လေးနဲ့ သူ့အဖော်တို့ သစ်ပင်အောက်မှာ အတူတူရပ်နေကြပုံကို ကြည့်ပြီး သူ အနည်းငယ် ထူးဆန်းနေသလို ခံစားရ၏။

သူ့ဂိုဏ်းရဲ့ ရန်သူဟောင်းကို ဖြေရှင်းပြီးတော့ ကျန်းယန်နှင့် သူ့အဖွဲ့တို့ သူတို့သွားမယ့်လမ်းကို ဦးတည် ဆက်သွားလိုက်ကြတော့သည်။

ရှန်းမားဂိုဏ်းက လူတွေ ထပ်ပို့မှာကို ကြောက်သည့်အတွက် ကျန်းယန်က သူ့အဖွဲ့သားတွေကို အမြန်သိမ်းထုပ်ပြီး ကြယ်မြို့တော်ကို အမြန်ဦးတည်ဖို့ လောဆော်လိုက်၏။ သူတို့ အဲ့ကိုရောက်ဖို့ တစ်နာရီခွဲလောက် အချိန်ယူလိုက်ကြရသည်။

လမ်းတစ်လျှောက်တွင် အမျိုးသမီးငယ်က ကောင်လေးနဲ့ သူ့အဖော်ကို လှည်းအတွင်း ဖိတ်ခေါ်ချင်နေသည့်အတွက် ကျန်းယန် အံ့အားသင့်သွားရ၏။

သူတို့တွေက သူ့တို့ရဲ့ အသက်ကယ်တင်ရှင်တွေဆိုပေမဲ့လည်း မသင့်တော်ဘူးလေ။ ကျန်းယန် နောက်ဆုံးတော့ သူမရဲ့ ရည်ရွယ်ချက်ကို သိလိုက်ရပေမဲ့ မမလေးနဲ့ ဖုန့်ရှီတို့ အတူထိုင်ဖို့ မသင့်တော်သည့်အတွက် ကျန်းယန်က သူတို့နှစ်ယောက်ကို မြင်းနှစ်ကောင်ပေးလိုက်၏။ ဒါပေမဲ့ သူတို့က တစ်ကောင်ကိုပဲ လက်ခံကာ သူတို့အနောက်ကနေသာ လိုက်လာကြသည်။

သူတို့တွေ မြင်းတစ်ကောင်တည်းကို နှစ်ယောက်အတူ စီးနေကြတာကို မြင်တော့ ကျန်းယန်း ထူးဆန်းသလို ခံစားသွားရပြန်၏။

မကြာမီမှာပဲ သူတို့တွေ ကြယ်မြို့တော်၏ဂိတ်တံခါးသို့ ရောက်ရှိသွားကြတော့သည်။

ကြယ်မြို့တော်က မြောက်ပိုင်းဒေသကနေ အလယ်ပိုင်းဒေသအထိ တစ်ခုတည်းသော အကြီးဆုံး မြို့တော်တစ်ခု ဖြစ်သည့်အတွက် လူတွေ ပျားပန်းခတ်လို့နေသည်။ ကောင်းကင်အနားသတ်မြို့တော်စည်းကားမှုကတောင် ဒါကို မယှဉ်နိုင်ပေ။ များစွာသောလူတို့က ကြီးမားတဲ့ဂိတ်တံခါးဝတွင် စုစည်းနေကြပြီး အားလုံးက တန်းစီနေကြကာ အစောင့်ရဲ့ စစ်ဆေးမှုကို ခံယူပြီးမှသာ ဝင်ရောက်နိုင်ကြတာဖြစ်သည်။

ကြယ်မြို့တော်ရဲ့ နေရာကူးပြောင်းအခင်းအကျင်းက ကျောက်စိမ်းပြာဂိုဏ်းရရဲ့လက်အောက်မှာပဲ ရှိသေးသည့်အတွက် ဂိတ်တံခါးစောင့်တို့ကလည်း ကျောက်စိမ်းပြာဂိုဏ်းကပဲဖြစ်သည်။

လှည်းက မြို့တံ့ခါးသို့ရောက်ရှိချိန်မှာ အစောင့်အချို့က ချက်ချင်း သူတို့ဆီီ လျှောက်လာကြ၏။ သူတို့က ကျောက်စိမ်းပြာအလံကို အဝေးကနေ မြင်လိုက်သည့်အတွက် စိတ်သက်သာရာ ရသွားကြတော့သည်။ အစောင့်တစ်ယောက်က ဂိုဏ်းသခင်ကို အကြောင်းကြားဖို့ ချက်ချင်း အမြန် ပြန်ပြေးသွား၏။

ကျောက်စိမ်းပြာဂိုဏ်းက ကြယ်မြို့တော်တွင် အကြီးဆုံးဂိုဏ်းတွေထဲက တစ်ခုဖြစ်သည်။ အစောင့်က လေ့ကျင့်ရေးကောင်းကောင်းရရှိထားခဲ့သည့်အတွက် သာမာန်ဂိုဏ်းတွေနှင့်စာလျင် ပို၍ စိတ်ဓါတ်သန်မာကြသည်။ သူတို့က သူတို့ခေါင်းဆောင်တွေရဲ့ ညွှန်ကြားချက်တွေ မပါဘဲ သူတို့လုပ်ရမည့်အလုပ်ကို ကောင်းကောင်းလုပ်ဆောင်နိုင်ကြသည်။

"တပ်မှူးကျန်း၊ ခင်များ အဆင်ပြေရဲ့လား? ရှန်းမားဂိုဏ်းက လမ်းမှာ ကျွန်တော်တို့မမလေးကို နှောက်ယှက်သေးလား?" ဂိတ်တံခါးက အစောင့်ခေါင်းဆောင်က ကျန်းယန်ထံ ချည်းကပ်လာ၏။

"လွန်ခဲ့တဲ့တစ်နာရီခွဲတုန်းက ရှန်းမားဂိုဏ်းကလူတွေနဲ့ ငါတို့ တွေ့ကြတယ်။ ကျေးဇူးတင်စရာကောင်းစွာနဲ့ပဲ တစ်ယောက်က ငါတို့ကို ကယ်ခဲ့တယ်။ အဲ့လိုမှာမဟုတ်ရင် ငါတို့မမလေး အခေါ်သွားခံလိုက်ရမှာ" ကျန်းယန်က ခေါင်းညိတ်လိုက်၏။

"သိပါပြီ။ သူ ဘယ်မှာလဲခင်မျ?"

"သူက ငါတို့အနော်ကမှာ။ မြို့ထဲဝင်ကြစို့။ ဒီမှာပြောလို့ သိပ်မကောင်းဘူး"

"နားလည်ပါပြီခင်မျ"

ကျန်းယန်က သူတို့ပြောနေကြစဉ်မှာ ဖုန့်ရှီနှင့် ငရဲမင်းကြီးတို့ မြို့တွင်းသို့ ဝင်သွားနှင့်ပြီး ဖြစ်တာကို သတိမထားမိလိုက်ချေ။ စည်ကားတဲ့ ကြယ်မြို့တော်ကို သူတို့မြင်တော့ လူအုပ်ကြီးနောက် လိုက်ကာ မြို့တွင်း ဝင်သွားလိုက်ကြပြီး ကျန်းယန်တို့ကို မေ့သွားကြ၏။

"ဒီမှာ လူတွေ အများကြီးပဲ။ ကျွန်တော် အသားကင်အနံ့တောင် ရနေတယ်။" ဖုန့်ရှီက ပြောလိုက်သည်။

ကြယ်မြို့တော်က အနားယူညမြို့တော်လောက် မကြီးပေမဲ့ စည်ကားချက်ကတော့ အနားယူညမြို့တော်နှင့် ယှဉ်လို့ရလောက်သည်။ နေရာတိုင်း နေရာတိုင်းမှာ လူတွေ၊ ဆိုင်ခန်းတွေနှင့် ပြည့်နှက်လို့နေပြီး အဖက်ဖက်ကနေ သက်ဝင်စည်ကားလို့နေ၏။ ဒါက ဖုန့်ရှီ မြင်ဖူးသမျှထဲ အစည်ကားဆုံးမြို့တော်ပဲဖြစ်သည်။

"ကိုယ်တော်တို့ တောရိုင်းထဲမှာ တစ်လလောက် နေခဲ့ကြတာဆိုတော့ ခဏလောက်နားဖို့ စားသောက်ဆိုင်တစ်ဆိုင်လောက် ရှာကြစိုံ။" ငရဲမင်းကြီးက ဖုန့်ရှီလက်ကို ကိုင်ထားကာ ပြောလိုက်သည်။

"အင်း၊" ဖုန့်ရှီက လမ်းတစ်လျှောက်လုံး ကျင့်ကြံရင် ကျင့်ကြံ၊ မကျင့်ကြံရင်လည်း အမြန်လျှောက်လာခဲ့ရသည့်အတွက် သူ ပျော်စရာအချို့ကြုံတွေ့ခဲ့ရပေမဲ့လည်း မြောက်ပိုင်းဒေသမှာ မြို့တွေ အများကြီး မရှိပေ။ နေရာတော်တော်များများက အရိုင်းမြေတွေဖြစ်သည်။​သူတို့ တောထဲတောင်ထဲမှာ ယုန်များကိုသာ ရံဖန်ရံခါ ဖမ်းဆီးနိုင်ခဲ့ကြတာဖြစ်ပေမဲ့ ဖုန့်ရှီက ဟင်းခတ်အမွှေးအကြိုင်တွေ ယူလာခဲ့ဖို့ မမေ့သည့်အတွက် သူတို့အနေနဲ့ စားရသောက်ရတာတော့ အရမ်းကြီး ဆိုးဝါးမနေခဲ့ပေ။

ငရဲမင်းကြီးက ဖုန့်ရှိကို ဆိုင်ခန်းကောင်းကောင်းသန့်သန့်တစ်ခုသို့ ခေါ်ဆောင်သွား၏။ ၎င်းက လမ်းဟိုဖက်မှာ တည်ရှိတာဖြစ်ကာ သူ့လုပ်ငန်းကလည်း အတော် ရောင်းကောင်းပုံရသည်။

သူတို့က အတွင်းသို့ ဝင်သွားလိုက်ကြပြီး အောက်ထပ်မှာ စားပွဲအလွတ် ဘာမှ မရှိတာကို တွေ့လိုက်ရ၏။ ကံကောင်းစွာနှင့်ပင် ပြူတင်းပေါက်ဘေးက စားပွဲတစ်ခုမှာထိုင်နေကြတဲ့ ဝယ်သူတို့က အခုလေးတင် ငွေရှင်းကာ ထထွက်သွားကြ၏။ စားပွဲထိုးတစ်ယောက်က စားပွဲကို လာသန့်ရှင်းရေးလုပ်လိုက်သည်။ အဲ့နေရာက မြင်ကွင်းကောင်းနေရာတစ်ခုဖြစ်ကာ အရမ်းကြီးလည်း ဆူညံမနေချေ။ သူတို့က အရင်ဆုံး ဝင်လာကြသူတွေဖြစ်သည့်အတွက် ငရဲမင်းကြီးက ဖုန့်ရှီကို ခေါ်ဆောင်ကာ စားပွဲသို့ တုန့်ဆိုင်းမှုမရှိဘဲ လျှောက်သွားလိုက်၏။

"ကျေးဇူးပြုပြီး ထိုင်ပါခင်မျ!"

စားပွဲထိုးက မော့ကြည့်လိုက်ကာ သူတို့ သူ့ဆီ လျှောက်လာတာကို မြင်တော့ သူက ချက်ချင်းပင် စိတ်သက်သာရာရစေတဲ့ အပြုံးချိုချိုလေးတစ်ပွင့် ပြုလိုက်ကာ သူတို့အတွက် အလိုက်သိစွာဖြင့် ထိုင်ခုံကို ဆွဲထုတ်ပေးလိုက်၏။

ငရဲမင်းကြီးက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ဖုန့်ရှီကို ထိုင်ခုံပေါ် ထိုင်ခိုင်းစေလိုက်သည်။ ရုတ်တရက် တံခါးအပြင်ကနေ အသံကျယ်ကျယ်တစ်သံ ထွက်ပေါ်လာ၏။

ခမ်းနားတဲ့ ခရမ်းရောင်ဝတ်ရုံကိုဝတ်ဆင်ထားတဲ့လူငယ်တစ်ဦး ဝင်လာပြီးနောက် အသံတွေ တိုးတိတ်သွားတော့သည်။ သူ့အနောက်ကပ်လျက်မှာတော့ သူ့အစောင့်တွေ လိုက်ပါလာကြပြီး တစ်ယောက်ချင်းစီက ကြယ်ငါးပွင့် ဒါမှမဟုတ် ကြယ်ခြောက်ပွင့်အဆင့် နတ်ဘုရားခေါင်ချုပ်နယ်ပယ်ဆင့်တွေ ဖြစ်ကြသည်။ သူတို့ ထုတ်လွှတ်နေတဲ့ အရှိန်အဝါတွေက အရမ်းကို ဖိနှိပ်မှုပြင်းထန်လွန်းတာကြောင့် စားသောက်ဆိုင်ထဲက လူအုပ်က အသက်ရှုရ ခက်သွားကြတော့သည်။

"ငါ အဲ့စားပွဲ လိုချင်တယ်!"

လူငယ်က ဝေ့ဝိုက်ကြည့်လိုက်ပြီးနော်က သူ့အကြည့်တို့က ဖုန့်ရှီရဲ့ စားပွဲထံ ရောက်သွားကာ အာဏာသံဖြင့် ကြေငြာလိုက်၏။

သူက ကြယ်မြို့တော်တွင် အနည်းငယ် ကျော်ကြားပုံရသည်၊ အဲ့အတွက် ဘယ်သူမှ သူ့ကို ဘာမှ မပြောရဲကြပေ။ စားသောက်ဆိုင်ထဲကသူတွေအားလုံး ဒေါသထွက်နေကြပေမဲ့ သူ့ရဲ့သည်းမခံနိုင်တဲ့အပြုအမူအပေါ် ထရပ်ပြီး ဘယ်သူမှ မဝေဖန်ရဲကြချေ။ အချို့က ခေါင်းတောင်ငုံ့နေကြကာ သူတို့ စားသောက်ဆိုင်ကနေ အလျင်အမြန် ပြန်ထွက်သွားချင်သလိုမျိုး တိတ်ဆိတ်စွာဖြင့် မြန်မြန်သွက်သွက် စားနေကြ၏။

ခရမ်းရောင်ဝတ်လူငယ်က ဒီစကားကို တခြားနေ့တွေမှာ ပြောတာဆိုရင်တော့ တခြားသူတွေက နာနာခံခံနဲ့ပဲ အမြန် ထရပ်လိုက်ကြမှာဖြစ်ပေမဲ့ ကံဆိုးတာက သူက ဒီနေ့ ငရဲမင်းကြီးနဲ့ ဖုန့်ရှီတို့နဲ့ သွားတိုးတာပဲဖြစ်သည်။ အကယ်၍ သူ ရှေ့ဆက်မတိုးဘူးဆိုလျင်တော့ သူ လွတ်မြောက်ကောင်း လွတ်မြောက်နိုင်ပေမဲ့ မောက်မာတဲ့လူငယ်က သူ မခံရမချင်း ဘယ်တော့မှ သူ့စိတ်ကို ပြန်ပြင်လိမ့်မည်မဟုတ်။

"ကျွန်တော်တို့ ဒီနေ့ အသားကင်မစားရင်ရော ဘယ်လိုလဲ? ကျွန်တော် အဲ့တာစားရတာ ငြီးငွေ့လာပြီ။" ကောင်လေးက သူ့ဘေးက လူကြီးကို ဝမ်းပန်းတနည်း ပြောလိုက်၏။

"ကောင်းပြီလေ၊ အဲ့တာဆိုလည်း ကိုယ်တော်တို့ လည်ချောင်းနဲ့ အစာအိမ်ကို ရှင်းဖို့ ဆန်ပြုတ်တစ်ခွက်သောက်ရင်ရော ဘယ်လိုလဲ?" လူကြီးက ကောင်လေးကို ကြည့်လိုက်သည်။ သူ့မျက်နှာထက်တွင် ဘာအမူအယာမှ ရှိမနေပေမဲ့ သူ့မျက်လုံးတို့က နူးညံ့မှုဖြင့် ပြည့်လို့နေ၏။

"အဆင်ပြေတယ်!" ကောင်လေးက အားမရှိတော့သလိုမျိုး လူကြီးရဲ့ ကျယ်ပြန့်လှတဲ့ပုခုံးထက် မှီတွယ်လိုက်သည်။ တစ်လလောက် ခရီးထွက်လာပြီးသည့်နောက် သူ ထိုင်ချလိုက်သည်နှင့် သူ့ရဲ့ စိတ်လှုပ်ရှားမှုတို့က သေဆုံးသွားတော့သည်။ သူက ငရဲမင်းကြီးမှီပြီး ငိုက်မြည်းလာတော့၏။

သူ့သဘောတူညီချက်နှင့်အတူ လူကြီးက စားပွဲထိုးကို မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်၊ "ဆန်ပြုတ်နှစ်ပွဲ အရင်ချ"

စားပွဲထိုးက ရုတ်တရက် အနည်းငယ်ပျော်သွား၏။ သူ ခေါင်းညိတ်တော့မလိုမှာပဲ ခရမ်းရောင်ဝတ်လူငယ်က သူတို့စားပွဲရှိရာဆီ ဒေါသတိကြီး လျှောက်လာတာ တွေ့လိုက်ရသည်။

"သောက်ကောင်တွေ၊ ငါပြောတာကို မင်းတို့ မကြားကြဘူးလား? ငါ ဒီစားပွဲ လိုချင်တယ် ပြဿနာမဖြစ်ချင်ရင် ဒီကနေ အခု ထွက်သွားစမ်း" သူတို့ သူ့ကို လျစ်လျူရှုနေပြီး ဆက်မှာနေကြတာကို ကြည့်ကာ ခရမ်းရောင်ဝတ်လူငယ်က မကြုံစဖူး အရှက်ရသွားရကာ ဒေါသကြောင့် နီမြန်းလာ၏။

ငရဲမင်းကြီးက ခြိမ်းခြောက်ဟန်အကြည့်ဖြင့် မျက်လုံး ပင့်ကြည့်လိုက်ကာ၊ "ကြားတယ်ဆိုရင်ရော?"

20221016; 1447

Stay tuned for the next chapter:
164. How Pathetic Feng Xi Is

🥰Thanks for reading, sharing, comments and votes.

—————————— 👀 —————————

အပိုင္း ၁၆၃။ ျပႆနာေကာင္တစ္ေကာင္

က်န္းယန္ႏွင့္ သူ႔အေဖာ္မ်ား ဆယ့္ငါးမိနစ္ခန့္ ေၾကာင္သြားၾကေတာ့သည္။

လူငယ္၏ ေျခရင္းတြင္ ၾကယ္ငါးပြင့္ နတ္ဘုရားေခါင္ခ်ဳပ္နယ္ပယ္ဆင့္ျဖစ္တဲ့ ထ်န္းမားအပါအဝင္ ရွန္းမားဂိုဏ္းရဲ့ အဖြဲ႕ဝင္ေတြက လဲေလ်ာင္းကာ ၿငီးတြားေနၾကၿပီး ေသြးေတြ အန္ေနၾက၏။

"အရမ္းအားနည္းတာပဲ။ ငါ အေကာင္းဆုံးတိုက္ကြက္ေတာင္ မႀကိဳးစားၾကည့္ရေသးဘူး" ဖုန့္ရွီက သူတို႔ေတြ အဲ့ေလာက္ အားနည္းၾကလိမ့္မယ္လို႔ ထင္မထားသည့္အတြက္ ညီးညဴလိုက္သည္။ သူ႔လက္နက္ေတာင္ မသုံးလိုက္ရဘဲ သူတို႔ကို အလဲထိုးနိုင္ခဲ့တာျဖစ္ကာ သူတို႔ ထေတာင္ မရပ္နိုင္ၾကေတာ့ေပ။

"ကူညီမွုအတြက္ ေက်းဇူးတင္ပါတယ္!"

က်န္းယန္က အံ့အားတသင့္ျဖင့္ ဖုန့္ရွီထံ ေလၽွာက္သြားလိုက္ကာ သူ႔မ်က္ႏွာထက္ အေပ်ာ္ေတြ ေဝလို႔ေန၏။ အသက္ ဆယ့္ခုႏွစ္၊ ဆယ့္ရွစ္ႏွစ္ေလာက္ပဲ ရွိေလာက္ဦးမယ့္ ဒီလူငယ္ေလးက ထ်န္းမားထက္ေတာင္ ပိုအစြမ္းထက္ေနမယ္လို႔ သူ ထင္မထားခဲ့ေပ။ ထ်န္းမားက ၾကယ္ငါးပြင့္ နတ္ဘုရားေခါင္ခ်ဳပ္နယ္ပယ္ဆင့္ ျဖစ္ၿပီး သူ႔မိသားစုထဲမွာ ရာထူးျမင့္ ရထားသူတစ္ေယာက္ျဖစ္တာကို က်န္းယန္ သိသည့္အတြက္ သူ ထ်န္းမားကို အနည္းငယ္ေတာင္ ေၾကာက္လန့္သည္။ ဒါေပမဲ့လည္း သူ႔အတြက္ အံ့အားသင့္သြားေစနိုင္သူကေတာ့ ထ်န္းမားကို လက္သီးတစ္ခ်က္တည္းႏွင့္ အလဲထိုးလိုက္နိုင္ခဲ့တဲ့ လူငယ္ပဲျဖစ္သည္။ လူငယ္ေလးဟာ ၾကယ္ေျခာက္ပြင့္ နတ္ဘုရားေခါင္ခ်ဳပ္နယ္ပယ္ဆင့္ထက္ ပိုၿပီး စြမ္းအားႀကီးေနလိမ့္မယ္ဆိုတာ သူ ေသခ်ာသြားသည္။

အဲ့အတြက္ေၾကာင့္ အကယ္၍ ေက်ာက္စိမ္းျပာမိသားစုက ဒီလို အလားအလာရွိတဲ့ အားႀကီးတဲ့သူနဲ႔ မိတ္ေဆြဖြဲ႕နိုင္မယ္ဆိုရင္ အက်ိဳးအျမတ္ အမ်ားႀကီး ရမွာျဖစ္၏။

"တပ္မွူးက်န္း၊ မမေလးက ေခၚေနပါတယ္" အေစာင့္တစ္ေယာက္က ႐ုတ္တရက္ ေရာက္လာ၏။

က်န္းယန္က ဖုန့္ရွီကို ခ်က္ခ်င္း ေျပာလိုက္သည္၊ "လူႀကီးမင္း၊ ေက်းဇူးျပဳၿပီး ခဏေလး ေစာင့္ေပးပါေနာ္။ ကၽြန္ေတာ္ ခဏအတြင္း ျပန္လာခဲ့ပါ့မယ္"

"ေကာင္းၿပီ!" ဖုန့္ရွီက ေျပာလိုက္၏။ အဲ့ေနာက္ သူက ငရဲမင္းႀကီးထံ ခ်က္ခ်င္း ေျပးသြားလိုက္ကာ ထပ္ျပဳံးျပလိုက္ၿပီး သူ႔ခြန္အားကို ျပသရင္း ဘုရင္ႀကီးရဲ့ လက္ေမာင္းကို ဖက္လိုက္သည္။

"မမေလး၊ ဘာကိစၥပါလဲခင္မ်ာ?" က်န္းယန္က လွည္းျပဴတင္းေပါက္နားသို႔ ေလၽွာက္သြားကာ အသံႏွိမ့္၍ ေမးလိုက္၏။

ငယ္ရြယ္ေပမဲ့ ႏွစ္လိုဖြယ္ေကာင္းတဲ့အသံတစ္သံက ျပဴတင္းေပါက္ကေန ထြက္လာသည္၊ "တပ္မွူးက်န္း၊ သူတို႔က ငါတို႔ကို ကယ္ခဲ့တဲ့အတြက္ သူတို႔ဟာ ငါတို႔ဂိုဏ္းရဲ့ ေက်းဇူးရွင္ေတြပဲ။ သူတို႔ကို ေကာင္းေကာင္းဆက္ဆံေပးဖို႔ သတိျပဳပါ။ ငါတို႔ ျပန္ေရာက္ရင္ ငါ့အဘိုးနဲ႔ အေဖကို သူတို႔ရဲ့ ၾကင္နာမွုအတြက္ ျပန္ေပးဆပ္ဖို႔ ငါတို႔ ေတာင္းဆိုရမယ္။"

သူမအသံက အဲ့တာကို ထုတ္မေျပာခင္ အတန္ၾကာ တုန့္ဆိုင္းခ်င့္ခ်ိန္ေနခဲ့သလိုမ်ိဳး အနည္းငယ္ ခ်ိန္ဆဆ ျဖစ္ေန၏။

က်န္းယန္က သူမကို ငါးႏွစ္ေလာက္ ကာကြယ္ေပးခဲ့သူျဖစ္သည့္အတြက္ သူမရဲ့ ကိုယ္ရည္ကိုယ္ေသြးကို ေကာင္းေကာင္းသိသည္။ သူမ အဲ့လို ထုတ္ေျပာဖို႔ဆိုတာ အေတာ္ႀကီး မျဖစ္နိုင္ေလာက္ေပ၊ အဲ့အတြက္ေၾကာင့္ သူမ အခုလို ထုတ္ေျပာ အမိန့္မေပးလာရင္ေတာင္ အရာရာကို သူလုပ္နိုင္သမၽွ အေကာင္းဆုံးျဖစ္ေအာင္ သူ လုပ္ေဆာင္သြားမွာျဖစ္ၿပီး သူမကလည္း အဲ့အခ်က္ကို သိသည္။ ဒါေပမဲ့ သူမက ဒီတစ္ႀကိမ္မွာ အစပ်ိဳး အမိန့္ေပးလိုက္ျခင္းက သူ႔ကို အံ့အားသင့္သြားေစ၏။

ဒါေပမဲ့ က်န္းယန္က သူ႔အေတြးတို႔ကို ေဖာ္ထုတ္မျပေခ်။ သူမက ရွက္တက္သူဆိုတာ သူသိသည့္အတြက္ သူက သူမဆိုလိုသည့္အဓိပၸါယ္ကို သိေၾကာင္း ေခါင္းညိတ္ အခ်က္ျပလိုက္သည္။ "မမေလး၊ မစိုးရိမ္ပါနဲ႔။ ကၽြန္ေတာ္ သူတို႔ကို ေကာင္းေကာင္းမြန္မြန္ ျပဳစုပါ့မယ္။ ကၽြန္ေတာ္တို႔ ၿမိဳ႕ေတာ္ကို ျပန္ေရာက္ရင္ သခင့္ကို အကုန္ ေျပာလိုက္ပါ့မယ္"

"ေကာင္းၿပီ" သူမအသံက အေပ်ာ္ေတြႏွင့္ ျပည့္သြား၏။

က်န္းယန္ မ်က္ေမွာင္ၾကဳတ္သြားကာ ေနာက္ျပန္လွည့္မၾကည့္ပဲ မေနနိုင္ေတာ့ေခ်။

ေကာင္ေလးက သူ႔အေဖာ္ရဲ့လက္ေမာင္းကို ကိုင္ထားသည္။ က်န္းယန္ သူတို႔ ဘာေျပာေနၾကသလဲဆိုတာေတာ့ မသိေပမဲ့ ေကာင္ေလးရဲ့ အၾကည့္တို႔အရ က်န္းယန္ေျပာနိုင္တာကေတာ့ သူက အရမ္းကို အားတက္ေနၿပီး စိတ္တက္ႂကြေနသည္ဆိုတာကိုပင္။ ဒီျမင္ကြင္းကို ၾကည့္ၿပီး ဒီလူငယ္ေလးနဲ႔ သူ႔မမေလးတို႔က တကယ္ကို လိုက္ဖက္တာပဲလို႔ သူ စိတ္မကူးမိဘဲ မေနနိုင္ေတာ့ေခ်။ အဲ့အျပင္ ဒီလို အရည္အခ်င္းေကာင္းမ်ိဳးနဲ႔ဆို လူငယ္ေလးက အနာဂတ္မွာ အနိမ့္စား ေကာင္းကင္ဘုံနတ္ဘုရားနယ္ပယ္ဆင့္တစ္ေယာက္ ျဖစ္လာနိုင္ေခ်ရွိၿပီး၊ ႀကီးျမတ္တဲ့ေကာင္းကင္ဘုံနတ္ဘုရားတစ္ပါးေတာင္မွ ျဖစ္လာနိုင္ေခ်ရွိေနသည္။ ဒါေပမဲ့ ေကာင္ေလးနဲ႔ သူ႔အေဖာ္တို႔ သစ္ပင္ေအာက္မွာ အတူတူရပ္ေနၾကပုံကို ၾကည့္ၿပီး သူ အနည္းငယ္ ထူးဆန္းေနသလို ခံစားရ၏။

သူ႔ဂိုဏ္းရဲ့ ရန္သူေဟာင္းကို ေျဖရွင္းၿပီးေတာ့ က်န္းယန္ႏွင့္ သူ႔အဖြဲ႕တို႔ သူတို႔သြားမယ့္လမ္းကို ဦးတည္ ဆက္သြားလိုက္ၾကေတာ့သည္။

ရွန္းမားဂိုဏ္းက လူေတြ ထပ္ပို႔မွာကို ေၾကာက္သည့္အတြက္ က်န္းယန္က သူ႔အဖြဲ႕သားေတြကို အျမန္သိမ္းထုပ္ၿပီး ၾကယ္ၿမိဳ႕ေတာ္ကို အျမန္ဦးတည္ဖို႔ ေလာေဆာ္လိုက္၏။ သူတို႔ အဲ့ကိုေရာက္ဖို႔ တစ္နာရီခြဲေလာက္ အခ်ိန္ယူလိုက္ၾကရသည္။

လမ္းတစ္ေလၽွာက္တြင္ အမ်ိဳးသမီးငယ္က ေကာင္ေလးနဲ႔ သူ႔အေဖာ္ကို လွည္းအတြင္း ဖိတ္ေခၚခ်င္ေနသည့္အတြက္ က်န္းယန္ အံ့အားသင့္သြားရ၏။

သူတို႔ေတြက သူ႔တို႔ရဲ့ အသက္ကယ္တင္ရွင္ေတြဆိုေပမဲ့လည္း မသင့္ေတာ္ဘူးေလ။ က်န္းယန္ ေနာက္ဆုံးေတာ့ သူမရဲ့ ရည္ရြယ္ခ်က္ကို သိလိုက္ရေပမဲ့ မမေလးနဲ႔ ဖုန့္ရွီတို႔ အတူထိုင္ဖို႔ မသင့္ေတာ္သည့္အတြက္ က်န္းယန္က သူတို႔ႏွစ္ေယာက္ကို ျမင္းႏွစ္ေကာင္ေပးလိုက္၏။ ဒါေပမဲ့ သူတို႔က တစ္ေကာင္ကိုပဲ လက္ခံကာ သူတို႔အေနာက္ကေနသာ လိုက္လာၾကသည္။

သူတို႔ေတြ ျမင္းတစ္ေကာင္တည္းကို ႏွစ္ေယာက္အတူ စီးေနၾကတာကို ျမင္ေတာ့ က်န္းယန္း ထူးဆန္းသလို ခံစားသြားရျပန္၏။

မၾကာမီမွာပဲ သူတို႔ေတြ ၾကယ္ၿမိဳ႕ေတာ္၏ဂိတ္တံခါးသို႔ ေရာက္ရွိသြားၾကေတာ့သည္။

ၾကယ္ၿမိဳ႕ေတာ္က ေျမာက္ပိုင္းေဒသကေန အလယ္ပိုင္းေဒသအထိ တစ္ခုတည္းေသာ အႀကီးဆုံး ၿမိဳ႕ေတာ္တစ္ခု ျဖစ္သည့္အတြက္ လူေတြ ပ်ားပန္းခတ္လို႔ေနသည္။ ေကာင္းကင္အနားသတ္ၿမိဳ႕ေတာ္စည္းကားမွုကေတာင္ ဒါကို မယွဥ္နိုင္ေပ။ မ်ားစြာေသာလူတို႔က ႀကီးမားတဲ့ဂိတ္တံခါးဝတြင္ စုစည္းေနၾကၿပီး အားလုံးက တန္းစီေနၾကကာ အေစာင့္ရဲ့ စစ္ေဆးမွုကို ခံယူၿပီးမွသာ ဝင္ေရာက္နိုင္ၾကတာျဖစ္သည္။

ၾကယ္ၿမိဳ႕ေတာ္ရဲ့ ေနရာကူးေျပာင္းအခင္းအက်င္းက ေက်ာက္စိမ္းျပာဂိုဏ္းရရဲ့လက္ေအာက္မွာပဲ ရွိေသးသည့္အတြက္ ဂိတ္တံခါးေစာင့္တို႔ကလည္း ေက်ာက္စိမ္းျပာဂိုဏ္းကပဲျဖစ္သည္။

လွည္းက ၿမိဳ႕တံ့ခါးသို႔ေရာက္ရွိခ်ိန္မွာ အေစာင့္အခ်ိဳ႕က ခ်က္ခ်င္း သူတို႔ဆီီ ေလၽွာက္လာၾက၏။ သူတို႔က ေက်ာက္စိမ္းျပာအလံကို အေဝးကေန ျမင္လိုက္သည့္အတြက္ စိတ္သက္သာရာ ရသြားၾကေတာ့သည္။ အေစာင့္တစ္ေယာက္က ဂိုဏ္းသခင္ကို အေၾကာင္းၾကားဖို႔ ခ်က္ခ်င္း အျမန္ ျပန္ေျပးသြား၏။

ေက်ာက္စိမ္းျပာဂိုဏ္းက ၾကယ္ၿမိဳ႕ေတာ္တြင္ အႀကီးဆုံးဂိုဏ္းေတြထဲက တစ္ခုျဖစ္သည္။ အေစာင့္က ေလ့က်င့္ေရးေကာင္းေကာင္းရရွိထားခဲ့သည့္အတြက္ သာမာန္ဂိုဏ္းေတြႏွင့္စာလ်င္ ပို၍ စိတ္ဓါတ္သန္မာၾကသည္။ သူတို႔က သူတို႔ေခါင္းေဆာင္ေတြရဲ့ ညႊန္ၾကားခ်က္ေတြ မပါဘဲ သူတို႔လုပ္ရမည့္အလုပ္ကို ေကာင္းေကာင္းလုပ္ေဆာင္နိုင္ၾကသည္။

"တပ္မွူးက်န္း၊ ခင္မ်ား အဆင္ေျပရဲ့လား? ရွန္းမားဂိုဏ္းက လမ္းမွာ ကၽြန္ေတာ္တို႔မမေလးကို ေႏွာက္ယွက္ေသးလား?" ဂိတ္တံခါးက အေစာင့္ေခါင္းေဆာင္က က်န္းယန္ထံ ခ်ည္းကပ္လာ၏။

"လြန္ခဲ့တဲ့တစ္နာရီခြဲတုန္းက ရွန္းမားဂိုဏ္းကလူေတြနဲ႔ ငါတို႔ ေတြ႕ၾကတယ္။ ေက်းဇူးတင္စရာေကာင္းစြာနဲ႔ပဲ တစ္ေယာက္က ငါတို႔ကို ကယ္ခဲ့တယ္။ အဲ့လိုမွာမဟုတ္ရင္ ငါတို႔မမေလး အေခၚသြားခံလိုက္ရမွာ" က်န္းယန္က ေခါင္းညိတ္လိုက္၏။

"သိပါၿပီ။ သူ ဘယ္မွာလဲခင္မ်?"

"သူက ငါတို႔အေနာ္ကမွာ။ ၿမိဳ႕ထဲဝင္ၾကစို႔။ ဒီမွာေျပာလို႔ သိပ္မေကာင္းဘူး"

"နားလည္ပါၿပီခင္မ်"

က်န္းယန္က သူတို႔ေျပာေနၾကစဥ္မွာ ဖုန့္ရွီႏွင့္ ငရဲမင္းႀကီးတို႔ ၿမိဳ႕တြင္းသို႔ ဝင္သြားႏွင့္ၿပီး ျဖစ္တာကို သတိမထားမိလိုက္ေခ်။ စည္ကားတဲ့ ၾကယ္ၿမိဳ႕ေတာ္ကို သူတို႔ျမင္ေတာ့ လူအုပ္ႀကီးေနာက္ လိုက္ကာ ၿမိဳ႕တြင္း ဝင္သြားလိုက္ၾကၿပီး က်န္းယန္တို႔ကို ေမ့သြားၾက၏။

"ဒီမွာ လူေတြ အမ်ားႀကီးပဲ။ ကၽြန္ေတာ္ အသားကင္အနံ႔ေတာင္ ရေနတယ္။" ဖုန့္ရွီက ေျပာလိုက္သည္။

ၾကယ္ၿမိဳ႕ေတာ္က အနားယူညၿမိဳ႕ေတာ္ေလာက္ မႀကီးေပမဲ့ စည္ကားခ်က္ကေတာ့ အနားယူညၿမိဳ႕ေတာ္ႏွင့္ ယွဥ္လို႔ရေလာက္သည္။ ေနရာတိုင္း ေနရာတိုင္းမွာ လူေတြ၊ ဆိုင္ခန္းေတြႏွင့္ ျပည့္ႏွက္လို႔ေနၿပီး အဖက္ဖက္ကေန သက္ဝင္စည္ကားလို႔ေန၏။ ဒါက ဖုန့္ရွီ ျမင္ဖူးသမၽွထဲ အစည္ကားဆုံးၿမိဳ႕ေတာ္ပဲျဖစ္သည္။

"ကိုယ္ေတာ္တို႔ ေတာရိုင္းထဲမွာ တစ္လေလာက္ ေနခဲ့ၾကတာဆိုေတာ့ ခဏေလာက္နားဖို႔ စားေသာက္ဆိုင္တစ္ဆိုင္ေလာက္ ရွာၾကစိုံ။" ငရဲမင္းႀကီးက ဖုန့္ရွီလက္ကို ကိုင္ထားကာ ေျပာလိုက္သည္။

"အင္း၊" ဖုန့္ရွီက လမ္းတစ္ေလၽွာက္လုံး က်င့္ႀကံရင္ က်င့္ႀကံ၊ မက်င့္ႀကံရင္လည္း အျမန္ေလၽွာက္လာခဲ့ရသည့္အတြက္ သူ ေပ်ာ္စရာအခ်ိဳ႕ၾကဳံေတြ႕ခဲ့ရေပမဲ့လည္း ေျမာက္ပိုင္းေဒသမွာ ၿမိဳ႕ေတြ အမ်ားႀကီး မရွိေပ။ ေနရာေတာ္ေတာ္မ်ားမ်ားက အရိုင္းေျမေတြျဖစ္သည္။​သူတို႔ ေတာထဲေတာင္ထဲမွာ ယုန္မ်ားကိုသာ ရံဖန္ရံခါ ဖမ္းဆီးနိုင္ခဲ့ၾကတာျဖစ္ေပမဲ့ ဖုန့္ရွီက ဟင္းခတ္အေမႊးအႀကိဳင္ေတြ ယူလာခဲ့ဖို႔ မေမ့သည့္အတြက္ သူတို႔အေနနဲ႔ စားရေသာက္ရတာေတာ့ အရမ္းႀကီး ဆိုးဝါးမေနခဲ့ေပ။

ငရဲမင္းႀကီးက ဖုန့္ရွိကို ဆိုင္ခန္းေကာင္းေကာင္းသန့္သန့္တစ္ခုသို႔ ေခၚေဆာင္သြား၏။ ၎က လမ္းဟိုဖက္မွာ တည္ရွိတာျဖစ္ကာ သူ႔လုပ္ငန္းကလည္း အေတာ္ ေရာင္းေကာင္းပုံရသည္။

သူတို႔က အတြင္းသို႔ ဝင္သြားလိုက္ၾကၿပီး ေအာက္ထပ္မွာ စားပြဲအလြတ္ ဘာမွ မရွိတာကို ေတြ႕လိုက္ရ၏။ ကံေကာင္းစြာႏွင့္ပင္ ျပဴတင္းေပါက္ေဘးက စားပြဲတစ္ခုမွာထိုင္ေနၾကတဲ့ ဝယ္သူတို႔က အခုေလးတင္ ေငြရွင္းကာ ထထြက္သြားၾက၏။ စားပြဲထိုးတစ္ေယာက္က စားပြဲကို လာသန့္ရွင္းေရးလုပ္လိုက္သည္။ အဲ့ေနရာက ျမင္ကြင္းေကာင္းေနရာတစ္ခုျဖစ္ကာ အရမ္းႀကီးလည္း ဆူညံမေနေခ်။ သူတို႔က အရင္ဆုံး ဝင္လာၾကသူေတြျဖစ္သည့္အတြက္ ငရဲမင္းႀကီးက ဖုန့္ရွီကို ေခၚေဆာင္ကာ စားပြဲသို႔ တုန့္ဆိုင္းမွုမရွိဘဲ ေလၽွာက္သြားလိုက္၏။

"ေက်းဇူးျပဳၿပီး ထိုင္ပါခင္မ်!"

စားပြဲထိုးက ေမာ့ၾကည့္လိုက္ကာ သူတို႔ သူ႔ဆီ ေလၽွာက္လာတာကို ျမင္ေတာ့ သူက ခ်က္ခ်င္းပင္ စိတ္သက္သာရာရေစတဲ့ အျပဳံးခ်ိဳခ်ိဳေလးတစ္ပြင့္ ျပဳလိုက္ကာ သူတို႔အတြက္ အလိုက္သိစြာျဖင့္ ထိုင္ခုံကို ဆြဲထုတ္ေပးလိုက္၏။

ငရဲမင္းႀကီးက သူ႔ကို တစ္ခ်က္ၾကည့္လိုက္ၿပီး ဖုန့္ရွီကို ထိုင္ခုံေပၚ ထိုင္ခိုင္းေစလိုက္သည္။ ႐ုတ္တရက္ တံခါးအျပင္ကေန အသံက်ယ္က်ယ္တစ္သံ ထြက္ေပၚလာ၏။

ခမ္းနားတဲ့ ခရမ္းေရာင္ဝတ္႐ုံကိုဝတ္ဆင္ထားတဲ့လူငယ္တစ္ဦး ဝင္လာၿပီးေနာက္ အသံေတြ တိုးတိတ္သြားေတာ့သည္။ သူ႔အေနာက္ကပ္လ်က္မွာေတာ့ သူ႔အေစာင့္ေတြ လိုက္ပါလာၾကၿပီး တစ္ေယာက္ခ်င္းစီက ၾကယ္ငါးပြင့္ ဒါမွမဟုတ္ ၾကယ္ေျခာက္ပြင့္အဆင့္ နတ္ဘုရားေခါင္ခ်ဳပ္နယ္ပယ္ဆင့္ေတြ ျဖစ္ၾကသည္။ သူတို႔ ထုတ္လႊတ္ေနတဲ့ အရွိန္အဝါေတြက အရမ္းကို

You are reading the story above: TeenFic.Net