162. Confrontation on the Outskirts

Background color
Font
Font size
Line height

အပိုင်း ၁၆၂။ မြို့ပြင်တွင် ထိပ်တိုက်ရင်ဆိုင်တွေ့မှု

နတ်ဘုရားမိစ္ဆာမျှော်စင် တတိယထပ်တွင် မျှော်စင်နတ်ဘုရားနှင့် အခြားသော အကြီးအကဲများ ဝိုင်းဆုံကာ ခေါင်းချင်းဆိုင်နေကြသည်။

သူတို့ကြားထဲတွင် ရွှေရောင်နှင့် ငွေရောင်ကွက်ကျား ရှိသော အလင်းဘောလုံးတစ်လုံး ရှိသည်။ အဲ့အချိနမှာပဲ အဲ့ဘောလုံးကနေ တောက်ပတဲ့ အလင်းတန်းတို့ ထုတ်လွှတ်လို့နေ၏။ အဲ့ဒီ့အလင်းဘောလုံးက ကောင်းကင်ဘုံမြင်ကွင်းရှုမှန်ပဲဖြစ်သည်။ အဲ့တာကနေ နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်အတွင်းက အရာအားလုံးကို ကြည့်ရှုနိုင်ပေမဲ့ အဲ့လိုကြည့်ရှုခြင်းက ကြီးမားလှတဲ့ စွမ်းအားပမာဏ လိုအပ်သည်။ တားမြစ်ထားတဲ့နေရာတွေကို ကြည့်လေလေ စွမ်းအင် ပိုလိုအပ်လေလေပင်။ အဲ့အတွက်ကြောင့် ဖြစ်ရပ်အကြီးတွေ မရှိဘဲ အဲ့တာကို လွယ်လွယ်သုံးလေ့မရှိခဲ့ချေ။

"လူတိုင်း ဒီရောက်နေကြပြီဆိုတော့ စလိုက်ကြစို့!" မီးခိုးရောင်ဝတ်ရုံဝတ်ထားတဲ့အဘိုးအိုတစ်ယောက်က ကွဲအက်နေသောအသံဖြင့် ပြောလိုက်သည်။

တခြားလူတွေကလည်း သူ့ကို ခေါင်းဆောင်အဖြစ် မှတ်ယူကြပုံရသည်။ သူတို့က သူ ပြောလိုက်တာကို ကြားတော့ ခေါင်းညိတ်လိုက်ကြ၏။

"နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်ရဲ့ မျှခြေကို ချိုးဖျက်ဝံ့တဲ့ ဘယ်သူမဆို လူပဲဖြစ်ဖြစ်၊ နတ်ဘုရားပဲဖြစ်ဖြစ်၊ မိစ္ဆာပဲဖြစ်ဖြစ်၊ ငါတို့မှာ ငါတို့နိုင်ငံတော်ရဲ့ မျှခြေကို ထိန်းသိမ်းဖို့အတွက် တာဝန်ရှိတယ်။ ဒီတစ်ကြိမ်မှာ ထူဆန်းတဲ့ ကြီးမြတ်တဲ့ကောင်းကင်ဘုံနတ်ဘုရားက အတိုင်းအတာတစ်ခုအထိ နိုင်ငံတော်အတွင်း နှောက်ယှက်မှုတွေ ဖြစ်ပွါးစေခဲ့တဲ့အတွက် လူတိုင်း သူတို့ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အကောင်းဆုံးကြိုးစားပြီး သူ့ကို ရှာဖို့ မဖြစ်မနေ တာဝန်ရှိတယ်။" မီးခိုးရောင်ဝတ်အဘိုးအိုက ဖြေးညှင်းစွာ ပြောလိုက်သည်၊ သူ့အသံက ရှေးကျတဲ့အရှိန်အဝါတို့ဖြင့် ပြည့်နှက်လို့နေ၏။

"ဟုတ်တယ်။" မျှော်စင်နတ်ဘုရားနဲ့ အခြားသူတွေက သူတို့ ဦးခေါင်းကို အနည်းငယ် ညွှတ်လိုက်ကြသည်။

သူတို့အနောက်ဘက်တွင် သလင်းတစ်ခုရှိနေပေမဲ့ အဲ့ဒီ့သလင်းက ဒီတိုက်ကြီးပေါ်တွင် လွယ်လွယ်တွေ့နေကြ သလင်းမျိုးနှင့် မတူပေ။ နက်မှောင်တဲ့စိမ်းပုတ်ပုတ်အရောင်အလင်းတို့ ရောင်ပြန်ဟပ်နေပြီး အလွန့်အလွန် များပြားလှတဲ့စွမ်းအားတို့ကို ထုတ်လွှတ်လို့နေ၏။ မျှော်စင်နတ်ဘုရားနှင့် အခြားသူတွေရဲ့ လှုပ်ရှားမှုကြောင့် ၎င်းထံမှ အားကောင်းတဲ့ အလင်းတို့ ထွက်လာကာ ရောင်ခြည်ခြောက်သွယ်ထွက်လာပြီး ကောင်းကင်ဘုံမြင်ကွင်းရှုမှန်အတွင်းသို့ ဝင်ရောက်သွားပြီး မှန်အတွင်းက မြူခိုးထူထူတို့က ချက်ချင်းကို လွင့်ပြယ်သွားတော့ကာ ဝါးနေသောမှန်က တဖြည်းဖြည်း ကြည်လင်လာပြီး စိမ်းလန်းစိုပြေနေတဲ့ တောအုပ်ထူထူတစ်ခုကို ထင်ဟပ်ပြသလာ၏။

တောအုပ်ပုံရိပ်က နှစ်စက္ကန့်လောက်သာ ကြာကာ အဲ့နောက်မှာတော့ အဝေးကနေပြနေရာကနေ အနီးကပ်မြင်ကွင်းအဖြစ်ပြောင်းသွားပြီး တောအုပ်တစ်လျှောက် ဖြတ်သွားကာ တောင်တန်းတွေ တိမ်တွေကို ကျော်ဖြတ်သွားပြီးနောက် မြို့တစ်မြို့ရဲ့ အပြင်ဘက်တွင် ရပ်တန့်သွား၏။

၎င်းမြို့အပြင်တွင် ပြင်းထန်တဲ့ အငြင်းပွါးမှု ဖြစ်နေသော အဖွဲ့နှစ်ဖွဲ့ရှိသည်။ သိပ်မလှမ်းမကန်းမှာ ရပ်နေကြတဲ့ လူနှစ်ယောက်ပုံရိပ်ကို တုန်ခါနေတဲ့မှန်တွင် မြင်လိုက်ရ၏။ အရပ်ရှည်ရှည်နှင့်လူက ချောမောခန့်ညားပြီး သူ့မျက်နှာထက်က ဘာသိဘာသာနေတတ်ဟန် စွက်နေတဲ့ မျက်နှာထားက တင့်တယ်လွန်းလှသည်၊ အရပ်ခပ်ပုပုလူကတော့ ချောမောလှပပြီး သိမ်မွေ့သည့်မျက်နှာရှိပြီး တောက်ပသော မျက်လုံးတစ်စုံ ရှိသည်။ အခု သူက အကြီးအကျယ် ပြုံးနေကာ သူ့ရဲ့ သွားစွယ်နှစ်ချောင်းကိုပါ လှစ်ဟပြလို့နေ၏။ သူ့မျက်လုံးအစုံက သူတို့အရှေ့က အဖွဲ့နှစ်ဖွဲ့ထံ စူးစိုက်နေကာ သူ့လက်ထဲတွင် အသားကင်တံစို့ကို ကိုင်ထားသည်။

"သူတို့ပဲ" မီးခိုးရောင်ဝတ် အဘိုးအိုက ပြောလိုက်၏။

မျှော်စင်နတ်ဘုရားက ခေါင်းညိတ်လိုက်ပြီး သလင်းနက်တစ်ခုကို ထုတ်ယူလိုက်ကာ လူကြီးနှင့ ဆယ်ကျော်သက်လေး၏ ရုပ်သွင်ကို မှတ်တမ်းယူထားလိုက်သည်။

မြင်ကွင်းက တဖြည်းဖြည်း ပျောက်ကွယ်သားကာ မှန်က နဂိုမူလသွင်ပြင်သို့ ပြန်လည်ရောက်ရှိသွား၏။ နက်မှောင်တဲ့သလင်းစိမ်းရဲ့ ရောင်ခြည်ခြောက်သွယ်က ရုတ်တရက် တော်တော်လေး မှိန်ကျသွားသည်။ ကြည့်ရသည်မှာ ဒီတစ်ကြိမ် မှန်ကို အသုံးပြုရာ၌ စွမ်းအား အတော်များများကို သုံးလိုက်ရပုံပေါ်၏။ သူတို့ ထပ်ပြီး အသုံးပြုဦးမယ်ဆိုရင် နက်မှောင်တဲ့သလင်းစိမ်းက ပျက်စီးကောင်း ပျက်စီးသွားနိုင်သည်။

မျှော်စင်နတ်ဘုရားက သလင်းကို အဝေးထားလိုက်ကာ ပြောလိုက်သည်၊ "ကြီးမြတ်တဲ့ အကြီးအကဲက ဘယ်သူ့ကို ပို့လွှတ်သင့်တယ်လို့ ထင်ပါသလဲခင်မျ?"

"ဒီကိစ္စကို ယင်းဖုန်းကို လွှဲထားလိုက်" မီးခိုးရောင်ဝတ် အဘိုးအိုက ပြောလိုက်သည်။

နတ်မိစ္ဆာမျှော်စင်ရဲ့ ယဇ်ပူ​ဇော်ခံများက လွယ်လွယ်နှင့် ထွက်ပေါ်မလာတတ်ကြသည့်အတွက် ပုံမှန်ဆိုလျင် ဘယ်သူ့ဖက်ကပဲဖြစ်ဖြစ် တစ်ဖက်ဖက်ရဲ့ အမြင်ကို သဘောတူလိုက်ပြီဆိုလျင် အဲ့ဒီ့ဖက်ကတစ်ယောက်က တာဝန်ယူရမည်ဖြစ်ကာ ဒီတစ်ကြိမ်မှာလည်း ချွင်းချက်မရှိပဲ နိုင်တဲ့ဖက်ကပဲ တာဝန်ယူရမည်ဖြစ်သည်။

ကောင်းကင်ဘုံမြင်ကွင်းရှုမှန်ကို ဘေးချလိုက်သည့်အတွက်ကြောင့် သူတို့ မသိလိုက်ကြတာက မိုင်ပေါင်း တစ်သိန်းအကွာမှာရှိနေတဲ့ ငရဲမင်းကြီးက တောက်ပတဲ့အပြာရောင်ကောင်းကင်ကို ရုတ်တရက် မော့ကြည့်လိုက်တာပဲဖြစ်သည်။ သူတို့ကို ဖမ်းယူကြည့်ရှုနေတဲ့ ကောင်းကင်ဘုံမြင်ကွင်းရှုမှန်ကို တွေ့ပြီးသွားတာ ကြာနေသလိုမျိုး သူ့မျက်လုံးတို့က အရမ်းကို ကြည်လင်လို့နေသည်။

"ခေါင်းဆောင်၊ သူတို့ ဘယ်လောက်ကြာအောင်တောင် ရပ်နေကြမှာလဲ? ဘာလို့ သူတို့တွေ မတိုက်ကြသေးတာလဲ?"

ဖုန့်ရှီက အသားကင်ကို သူ့ပါးစပ်ထဲ ထည့်လိုက်ကာ ခက်ခဲစွာ ဝါးလိုက်၏။ သူ့အကြည့်တို့က သူ့အရှေ့က လူတွေဆီ မြဲမြံစွာ ရောက်နေပေမဲ့ သူ့လက်ထဲက အစားအစာ ကုန်သွားပြီးတာတောင်မှ အဖွဲ့နှစ်ဖွဲ့ကလူတွေက စ မတိုက်ကြသေးချေ။ သူ မလောဘဲမနေနိုင်တော့ကာ စတင် ပစ်တင်လိုက်တော့သည်။

"ရှောင်ရှီလည်း ပါချင်လို့လား?" ငရဲမင်းကြီးက သူ့ကို မြတ်နိုးသောအကြည့်တို့ဖြင့် ကြည့်လိုက်ကာ လက်ကိုင်ပုဝါထုတ်လိုက်ပြီး ကောင်လေးပါးစပ်ထောင့်က ဆီအစွန်းတို့ကို သုတ်ပေးလိုက်သ်ည။

"မဟုတ်တာ။ ကျွန်တော်က သူတို့တိုက်တာကို ကြည့်ချင်ရုံသာ။ ခေါင်းဆောင်၊ သူတို့ တိုက်ကြပြီဆိုတာနဲ့ ဘယ်အဖွဲ့ကနိုင်မယ်လို့ ထင်သလဲ?" ဖုန့်ရှီက ငရဲမင်းကြီး သူ့ပါးစပ်ကို သုတ်ပေးနေတာကို ငြိမ်ခံနေလိုက်သည်၊ ဒါက ဒီရက်ပိုင်းအတွင်း အကျင့်ဖြစ်လာတဲ့ အပြုအမူတစ်ခုပဲဖြစ်၏။ အဲ့လိုမှမဟုတ်ရင် သူက သူ့ခန္ဓာကိုယ်နဲ့ သုတ်လိုက်မှာဖြစ်သည်။

သူတို့ ကောင်းကင်အနားသတ်မြို့တော်ကနေ ထွက်ခွါလာကြတာ တစ်လနီးပါး ရှိသွားပြီဖြစ်ကာ ကောင်းကင်အနားသတ်မြို့တော်က ကောင်းကင်စိတ်ကူးမိသားစုနဲ့ ဂူနီလာကုန်သည်ကြီးများအသင်းတို့ရဲ့ ဝင်စွက်မှုတို့ကြောင့် အတော်လေး ဘေးကင်းနေ၏။ လူတိုင်းက သတ္တုကြောကို စိတ်အားထက်သန်စွာ တူးဖော်နေကြသည်။ ဟော့လင်းလုံ*အပါအဝင် ဆူးလားမိသားစုနဲ့ အခြား အဖွဲ့သားတို့ကလည်း ကောင်းကင်အနားသတ်မြို့တော်ကို သိပ်မကြာခင်မှာပဲ ရောက်လာကြသည်။ တခြားသော မိသားစုတွေက ခွန်အားကြီးသူတို့က ကြီးမြတ်တဲ့ ကောင်းကင်ဘုံနတ်ဘုရားတစ်ပါးနဲ့ ရန်ဘက်မဖြစ်လိုတာကြောင့် သတ္တုကြောအပေါ် မက်မောတွယ်တာမနေတော့ဘဲ ထွက်ခွါသွားကြပြီဖြစ်သည်။
(* ဟော့လင်းလုံက ငရဲမင်းကြီးနဲ့ ဖုန့်ရှီကို ခရီးတစ်လျှောက် ခစားအမှုထမ်းဖို့ ဦးလေးဖြူ ထည့်ပေးလိုက်တဲ့ တစ်ယောက်ပါ)

ငရဲမင်းကြီးက စီစဉ်စရာကိစ္စရပ်တွေကို စီမံပြီးနောက် ဖုန့်ရှီကို ခေါ်ဆောင်ကာ ကောင်းကင်အနားသတ်မြို့ကနေ ထွက်ခွါလာခြင်းဖြစ်သည်။ လာမည့်နှစ်လအတွင်း ကောင်းကင်ဘုံရဲ့ မင်းသမီး နှစ်တစ်ရာပြည့်မွေးနေ့ ရောက်လာတော့မှာဖြစ်သည်။ သူတို့ ကောင်းကင်ဘုံကို ဒီတစ်ခေါက်သွားကြမဲ့ အချိန်ဆိုလျင် ဒီက ကိစ္စရပ်တွေကို သူတို့ ဖြေရှင်းပေးနိုင်မှာမဟုတ်တဲ့အတွက် မတော်တဆဖြစ်ရပ်တွေကနေ ရှောင်ရှားဖို့ရာ ငရဲမင်းကြီးက အခြေအနေတွေကို အရင်ဦးဆုံး အခြေကျအောင် လုပ်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

နှစ်လကျန်နေသေးသည့်အတွက် နေရာကူးပြောင်းအခင်းအကျင်းမှာ ဘာအလုပ်မှမရှိဘဲ လတ်လျားလတ်လျား ဖြစ်နေရတဲ့ ခံစားချက်ကို မကြိုက်သောကြောင့် သူက ငရဲမင်းကြီးနှင့် ခရီးထွက်ပြီး လမ်းတစ်လျှောက် ရှုခင်းကြည့်လိုခြင်းဖြစ်သည်။ တစ်လကြာပြီးနောက် သူ နောက်ဆုံးတော့ မြောက်ပိုင်းဒေသကနေ ထွက်လာပြီး အလယ်ပိုင်းဒေသအစပ်ကို ရောက်လာပြီဖြစ်သည်။ သူ မြို့အတွင်းသို့ မဝင်ရသေးခင်မှာပဲ အဖွဲ့နှစ်ဖွဲ့ကို တွေ့လိုက်ရခြင်းဖြစ်၏။

ငရဲမင်းကြီးက နတ်မိစ္ဆာမျှော်စင်က အဘိုးကြီးက သူ့တည်နေရာကို ကြည့်ဖို့ ကောင်းကင်ဘုံမြင်ကွင်းရှုမှန်ကို အသုံးပြုလိမ့်မယ်လို့ ထင်မထားခဲ့ပေ။

"ထူးထူးခြားခြား ဘာကိစ္စမှမရှိရင်တော့ အနီအသင်း နိုင်လိမ့်မယ်" တစ်ချက်ကြည့်လိုက်ရုံနှင့်တင် ငရဲမင်းကြီးက နှစ်ဖက်အသင်းရဲ့ ခွန်အားကို သိလိုက်၏။

"အဲ့တာဆို ကျွန်တော်တို့ ဘယ်လိုလုပ်သင့်သလဲ? ကျွန်တော်က အပြာအသင်း နိုင်ပါစေ မျှော်လင့်နေတာ" ဖုန့်ရှီက ထုတ်ပြောလိုက်သည်။

"ဘာလို့လဲ?"

"ကျွန်တော်ကလည်း အနီဝတ်ထားတာလေ။ သူတို့တွေအားလုံးကလည်း အနီဆိုတော့ ကျွန်တော် အဲ့ကို လျှောက်သွားလိုက်ရင် သူတို့နဲ့ ရောကုန်မှာပေါ့၊ အဲ့တာကြောင့် အပြာအသင်းပဲ အနိုင်ရသင့်တယ်။"

"ရှောင်ရှီက သူတို့ဝတ်စားတာကို ထိန်းချုပ်ချင်တာလား?" ငရဲမင်းကြီးက ပြုံးလိုက်သည်။

"ကျွန်တော့လို ချစ်စရာကောင်းတဲ့တစ်စုံတစ်ယောက်က အဲ့လိုမျိုးကြီး ဘယ်လိုလုပ် လုပ်နိုင်မှာလဲ? ကျွန်တော်မသိတဲ့ မမြင်တဲ့တစ်နေရာမှာ ဖြစ်ကြမှာဆိုရင် ကျွန်တော် ဂရုစိုက်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ခုဟာက သူတို့တွေက ကျွန်တော့ မျက်စိရှေ့တည့်တည့်ကြီးမှာလေ ... မမြင်ချင်ယောင်ဆောင်ဖို့ ရှောင်ထွက်သွားဖို့ ခက်တယ်လို့ ကျွန်တော် ထင်တယ်။" အဲ့လို အရှေ့အနောက်မညီတဲ့စကားတို့ကို ရိုးဖြောင့်မှန်ကန်ဟန်ဖြင့် ရေရွတ်လိုက်ခြင်းဖြစ်သည်။ လူနှစ်ယောက်ရဲ့သွင်ပြင်က အဖွဲ့နှစ်ဖွဲ့ကို ဆွဲဆောင်သွားကာ ဖုန့်ရှီရဲ့ အမှုမဲ့အမှတ်မဲ့ စည်းလွတ်ဝါးလွတ်ပြောဟန်ကိုလည်း သူတို့တွေ ရှင်းရှင်းလင်းလင်း ကြားသွားကြတော့သည်။

အနီနဲ့အဖွဲ့ပတ်လည်က လေထုက ပိုလို့တောင် ရုတ်ချည်း မှုန်မှိုင်းသွားကြတော့သည်။

အပြာဖက်က တနည်းနည်းနဲ့ ပျော်သွားကြပေမဲ့လည်း ဒီလူနှစ်ယောက် မှန်းကြတာ မှားမနေပေ။ သူတို့ဖက်က လူဦးရေနည်းနေရုံသာမက တခြားဖက်ထက်စာရင် သူတို့က ခွန်အားလည်း အများကြီး နည်းသည်။ သူတို့ တကယ်တမ်း တိုက်ကြမယ်ဆိုလျင် သူတို့တွေ ကျိန်းသေပေါက် နိုင်မှာမဟုတ်၊ အသတ်တောင် ခံရနိုင်ချေရှိသည်။ အဲ့တာကြောင့် သူတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က အပင်အောက်က လူငယ်လေးနှင့် လူကြီးတို့အပေါ် တည်သွားကြတော့သည်။

"မင်္ဂလာပါ၊ ကျွန်တော်က ကျန်းရန်ပါ။ သူတို့ကို အနိုင်တိုက်ဖို့ ကျွန်တော်တို့ကို ကူညီပေးမယ်ဆိုရင် ကျောက်စိမ်းပြာမိသားစုက သေချာပေါက် ထိုက်ထိုက်တန်တန် ဆုချမှာပါခင်မျာ။" အပြာအသင်း ခေါင်းဆောင်ကျန်းရန်က သူရနိုင်သမျှသော ဘယ်လိုအကူအညီမျိုးမဆို အသည်းအသန် ရှာတော့သည်။ ဒီဘေးဒုက္ခကနေ အသက်ရှင်လွတ်မြောက်ပြီး သခင်မလေးကို မြို့တွင်းသို့ ဘေးကင်းစွာ ပို့ဆောင်နိုင်ရေးကိုသာ သူ မျှော်လင့်သည်။

"ငါတို့ကို ဘယ်လိုဆုကြေးမျိုး ပေးဖို့ အစီအစဉ်ရှိသလဲ?" ဖုန့်ရှီက စိတ်ဝင်စားစွာဖြင့် ချက်ချင်း မေးလိုက်သည်။

"ဒီ..." အကူအညီမပေးရသေးခင် ဆုကြေးအရင်မေးတဲ့သူမျိုး ကျန်းရန်တစ်ခါမှ မတွေ့ဖူးပေမဲ့ သူ တခဏလေးသာ ကြောင်သွား၏။ သူတို့နှစ်ယောက်ကို သူ ကြည့်လိုက်ပြီးနောက် ဂရုတစိုက်ဖြင့် မေးလိုက်သည်၊ "လူကြီးမင်းတို့နှစ်ယောက်က ဒီကို ရည်ရွယ်ချက်တစ်ခုနဲ့ ရောက်လာကြတယ်လို့ ကျွန်တော်ထင်ပါတယ်။ လူကြီးမင်းတို့က အလယ်ပိုင်းဒေသကို သွားဖို့ နေရာကူးပြောင်းအခင်းအကျင်းကို အသုံးပြုဖို့ လိုအပ်မလားမသိဘူးခင်မျာ?"

"ဟေး၊ မင်းက သိပ်ထက်မြက်တာပဲ။ မင်းမှန်းတာ မှန်တယ်။" ဖုန့်ရှီက သူ့ကို ချီးမွမ်းလိုက်သည်။

"တိုက်ဆိုင်တာပဲ။ ကြယ်မြို့တော်ရဲ့ နေရာကူးပြောင်းအခင်းအကျင်းက ကျွန်တော်တို့ ကျောက်စိမ်းပြာမိသားစုရဲ့ လက်အောက်မှာ ရှိနေဆဲပါ။ တကယ်လို့များ လူကြီးမင်းတို့နှစ်ယောက်သာ ကျွန်တော်တို့ကို ကူညီပေးလိုကြမယ်ဆိုရင် လူကြီးမင်းတို့ နေရာကူးပြောင်းအခင်းအကျင်းကို အလကား အသုံးပြုနိုင်ပါတယ်။ ဒါက ဆုကြေးတွေထဲက တစ်ခုပါ။" တဖက်လူက တုန့်ဆိုင်းမှုမရှိ ဝန်ခံလိုက်တာကို မြင်တော့ ကျန်းရန် ဝမ်းသာသွားတော့သည်။

နေရာကူးပြောင်းအခင်းအကျင်းကို အသုံးပြုမယ်ဆိုရင် သလင်းကျောက်တွေ အများကြီး ကုန်မယ်ဆိုတာ ဖုန့်ရှိသိသည်၊ အထူးသဖြင့် အလယ်ပိုင်းဒေသကို သွားမယ့် နေရာကူးပြောင်းအခင်းအကျင်းလိုမျိုး ကြီးမားတဲ့ နေရာကူးပြောင်းအခင်းအကျင်းမျိုးဆိုလျင်ပေါ့။ အလယ်ပိုင်းဒေသက နေရာကူးပြောင်းအခင်းအကျင်းမရှိဘဲ မရောက်နိုင်သည့်အတွက် ယေဘူယျပြောရမယ်ဆိုလျင် ဘယ်သူပဲဖြစ်ဖြစ် အလယ်ပိုင်းဒေသကို သွားလိုတယ်ဆိုလျင် လူဆယ့်ငါးယောက် စုဖို့လိုအပ်ပြီး ကြေးက ခွဲဝေကျခံကြရမှာဖြစ်တာကြောင့် အချိန်ကြာမှာဖြစ်သည်။

ငရဲမင်းကြီးရဲ့ အစွမ်းနှင့်ဆို သူ အလယ်ပိုင်းဒေသကို သွားဖို့ နေရာကူးပြောင်းအခင်းအကျင်းကို အသုံးပြုဖို့ မလိုအပ်ပေမဲ့ အဲ့လိုလုပ်လိုက်ရင် သူ့ရဲ့ နတ်တမျှ မြင့်မြတ်သောစွမ်းအားတို့ကို အနည်းငယ် ကုန်အောင် အသုံးပြုရမှာဖြစ်တာကြောင့် အခက်ရှိမှာဖြစ်သည်။ အဲ့အတွက်ကြောင့် ဖုန့်ရှီက ကြယ်မြို့တော်ကိုလာကာ နေရာကူးပြောင်းအခင်းအကျင်းကို ရှာဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။ တကယ်လို့ ကျန်းရန်ပြောသလိုပဲ ကျောက်စိမ်းပြာမိသားစုက နေရာကူးပြောင်းအခင်းအကျင်းရဲ့ တာဝန်ရှိပုဂ္ဂုလ်ဆိုလျင် အရာရာ ပိုလွယ်သွားမှာဖြစ်ကာ သူတို့အနေနဲ့ လူဆယ့်လေးယောက် စုဖို့ လိုအပ်တော့မှာမဟုတ်တော့ချေ။

"ဟမ့်၊ မနက်ဖန်ပြီးရင် နေရာကူးပြောင်းအခင်းအကျင်းက ကျောက်စိမ်းပြာမိသားစုလက်အောက်မှာ ရှိတော့မှာမဟုတ်တော့ဘူး။ မင်း သူတို့ကို ကူညီချင်တယ်ဆိုရင်တော့ သေချာထပ်တွေးသင့်တယ်။ ငါတို့ ရှန်းမားမိသားစုကို စော်ကားလို့ ရလာမယ့်ရလဒ်က ကောင်းမှာတော့မဟုတ်ဘူးနော်။" အနီအသင်းခေါင်းဆောင် ထျန်မားက ဖုန့်ရှီ သဘောတူတော့မယ့်ဟန်ကိုမြင်တော့ နောက်ကောက်ကျ မကျန်လိုသည့်အတွက် ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။

"ဟာသပဲ။ ဘယ်သူနိုင်မယ်၊ ဘယ်သူရှုံးမယ်တောင် မပြောနိုင်သေးပါဘူး။ ရှန်းမားမိသားစုလိုမျိုး အင်အားစုတစ်ခုက တစ်နေ့မှာ အပြစ်ပေးခံရမှာပဲ။ မင်း လုပ်ရဲတယ်ဆိုရင် ငါတို့ကို ချက်ချင်း သွားခွင့်ပေးလိုက်လေ။ မင်းက ငါတို့နဲ့ တရားမျှမျှတတတောင် မတိုက်ဝံ့ပဲနဲ့များ၊ ရှန်းမားမိသားစုအတွက် ရှက်လိုက်တာ!" ကျန်းရန်က အရမ်းဒေါသထွက်သွားသည့်အတွက် အသံကျယ်ကျယ်ဖြင့် ဆဲရေးလိုက်သည်။

ဖုန့်ရှီက တခြားဟာတွေထက် ခြိမ်းခြောက်ခံရတာကို မုန်းပြီး ခြိမ်းခြောက်တာနဲ့ပတ်သက်ရင် သူကသာ ခြိမ်းခြောက်မယ့်သူ ဖြစ်ရမည်။ အဲ့တာကြောင့် တဖက်သားက သူ့ကို ပြောတာကို သူကြားလိုက်တော့ သူ့အပြုံးတို့က ပိုလို့ တောက်ပလာ၏။

"ဦးလေးကြီး၊ ခင်များ ကျွန်တော်တို့ကို ခြိမ်းခြောက်လိုက်တာလား?"

ရဲတင်းတဲ့စကားတို့က နှစ်ဖက်လုံးကို ခတ္တကြောင်အမ်းကာ တန့်သွားစေတော့သည်။ ကောင်လေးရဲ့မျက်နှာက အတော်လေး .... စိတ်လှုပ်ရှားနေပုံပဲ?

ထျန်းမားရဲ့မျက်နှာက ရုတ်ချည်း မှုန်မှိုင်းသွားကာ၊ "ခြိမ်းခြောက်တယ်ဆိုတော့ရော ဘာဖြစ်လဲ?"

"အဆင်ပြေပါတယ်။ ခင်များ ကောင်းကောင်းလုပ်ခဲ့တာပဲ။ ငါ တစ်လလောက် ကျင့်ကြံခဲ့ရတာ။ ငါ့ လက်ရည် တိုးတက်လာသလားဆိုတာ မြင်ရဖို့ မျှော်လင့်နေခဲ့တာ။" ဖုန့်ရှီက ဒေါသလည်းမထွက်သလို စိတ်လည်း ဆိုးမနေ၊ သူက ပြုံးလျက် ပြောလိုက်၏။ အဲ့နောက် သူက ငရဲမင်းကြီးဘက် လှည့်ကာ ပြောလိုက်သည်၊ "ခေါင်းဆောင်၊ ကျွန်တော့်ကို ဒီမှာ စောင့်နေပေ။ သူတို့နဲ့ သွားရှင်းပြီးရင် ကျွန်တော်တို့ မြို့ထဲသွားပြီး တကယ့် အသားကင်အစစ်ကို သွားစားကြတာပေါ့!"

ငရဲမင်းကြီးက သူ့ပြောလိုက်တာကို ကြားတော့ နှလုံးသား နူးညံ့သွားကာ ကောင်လေးရဲ့ ခေါင်းကို ပွတ်လိုက်ပြီး၊ "သွားချေ၊ သူတို့ကို သနားညှာတာမှု မပြနဲ့!"

20221015; 1532

Stay tuned for the next chapter:
163. A Troublemaker

🥰Thanks for reading, sharing, comments and votes.

—————————— 👀 —————————

အပိုင္း ၁၆၂။ ၿမိဳ႕ျပင္တြင္ ထိပ္တိုက္ရင္ဆိုင္ေတြ႕မွု

နတ္ဘုရားမိစၧာေမၽွာ္စင္ တတိယထပ္တြင္ ေမၽွာ္စင္နတ္ဘုရားႏွင့္ အျခားေသာ အႀကီးအကဲမ်ား ဝိုင္းဆုံကာ ေခါင္းခ်င္းဆိုင္ေနၾကသည္။

သူတို႔ၾကားထဲတြင္ ေရႊေရာင္ႏွင့္ ေငြေရာင္ကြက္က်ား ရွိေသာ အလင္းေဘာလုံးတစ္လုံး ရွိသည္။ အဲ့အခ်ိနမွာပဲ အဲ့ေဘာလုံးကေန ေတာက္ပတဲ့ အလင္းတန္းတို႔ ထုတ္လႊတ္လို႔ေန၏။ အဲ့ဒီ့အလင္းေဘာလုံးက ေကာင္းကင္ဘုံျမင္ကြင္းရွုမွန္ပဲျဖစ္သည္။ အဲ့တာကေန နတ္ဘုရားနဲ႔မိစၧာနိုင္ငံေတာ္အတြင္းက အရာအားလုံးကို ၾကည့္ရွုနိုင္ေပမဲ့ အဲ့လိုၾကည့္ရွုျခင္းက ႀကီးမားလွတဲ့ စြမ္းအားပမာဏ လိုအပ္သည္။ တားျမစ္ထားတဲ့ေနရာေတြကို ၾကည့္ေလေလ စြမ္းအင္ ပိုလိုအပ္ေလေလပင္။ အဲ့အတြက္ေၾကာင့္ ျဖစ္ရပ္အႀကီးေတြ မရွိဘဲ အဲ့တာကို လြယ္လြယ္သုံးေလ့မရွိခဲ့ေခ်။

"လူတိုင္း ဒီေရာက္ေနၾကၿပီဆိုေတာ့ စလိုက္ၾကစို႔!" မီးခိုးေရာင္ဝတ္႐ုံဝတ္ထားတဲ့အဘိုးအိုတစ္ေယာက္က ကြဲအက္ေနေသာအသံျဖင့္ ေျပာလိုက္သည္။

တျခားလူေတြကလည္း သူ႔ကို ေခါင္းေဆာင္အျဖစ္ မွတ္ယူၾကပုံရသည္။ သူတို႔က သူ ေျပာလိုက္တာကို ၾကားေတာ့ ေခါင္းညိတ္လိုက္ၾက၏။

"နတ္ဘုရားနဲ႔မိစၧာနိုင္ငံေတာ္ရဲ့ မၽွေျခကို ခ်ိဳးဖ်က္ဝံ့တဲ့ ဘယ္သူမဆို လူပဲျဖစ္ျဖစ္၊ နတ္ဘုရားပဲျဖစ္ျဖစ္၊ မိစၧာပဲျဖစ္ျဖစ္၊ ငါတို႔မွာ ငါတို႔နိုင္ငံေတာ္ရဲ့ မၽွေျခကို ထိန္းသိမ္းဖို႔အတြက္ တာဝန္ရွိတယ္။ ဒီတစ္ႀကိမ္မွာ ထူဆန္းတဲ့ ႀကီးျမတ္တဲ့ေကာင္းကင္ဘုံနတ္ဘုရားက အတိုင္းအတာတစ္ခုအထိ နိုင္ငံေတာ္အတြင္း ေႏွာက္ယွက္မွုေတြ ျဖစ္ပြါးေစခဲ့တဲ့အတြက္ လူတိုင္း သူတို႔ကိုယ္စြမ္းဉာဏ္စြမ္းရွိသေလာက္ အေကာင္းဆုံးႀကိဳးစားၿပီး သူ႔ကို ရွာဖို႔ မျဖစ္မေန တာဝန္ရွိတယ္။" မီးခိုးေရာင္ဝတ္အဘိုးအိုက ေျဖးညႇင္းစြာ ေျပာလိုက္သည္၊ သူ႔အသံက ေရွးက်တဲ့အရွိန္အဝါတို႔ျဖင့္ ျပည့္ႏွက္လို႔ေန၏။

"ဟုတ္တယ္။" ေမၽွာ္စင္နတ္ဘုရားနဲ႔ အျခားသူေတြက သူတို႔ ဦးေခါင္းကို အနည္းငယ္ ညႊတ္လိုက္ၾကသည္။

သူတို႔အေနာက္ဘက္တြင္ သလင္းတစ္ခုရွိေနေပမဲ့ အဲ့ဒီ့သလင္းက ဒီတိုက္ႀကီးေပၚတြင္ လြယ္လြယ္ေတြ႕ေနၾက သလင္းမ်ိဳးႏွင့္ မတူေပ။ နက္ေမွာင္တဲ့စိမ္းပုတ္ပုတ္အေရာင္အလင္းတို႔ ေရာင္ျပန္ဟပ္ေနၿပီး အလြန့္အလြန္ မ်ားျပားလွတဲ့စြမ္းအားတို႔ကို ထုတ္လႊတ္လို႔ေန၏။ ေမၽွာ္စင္နတ္ဘုရားႏွင့္ အျခားသူေတြရဲ့ လွုပ္ရွားမွုေၾကာင့္ ၎ထံမွ အားေကာင္းတဲ့ အလင္းတို႔ ထြက္လာကာ ေရာင္ျခည္ေျခာက္သြယ္ထြက္လာၿပီး ေကာင္းကင္ဘုံျမင္ကြင္းရွုမွန္အတြင္းသို႔ ဝင္ေရာက္သြားၿပီး မွန္အတြင္းက ျမဴခိုးထူထူတို႔က ခ်က္ခ်င္းကို လြင့္ျပယ္သြားေတာ့ကာ ဝါးေနေသာမွန္က တျဖည္းျဖည္း ၾကည္လင္လာၿပီး စိမ္းလန္းစိုေျပေနတဲ့ ေတာအုပ္ထူထူတစ္ခုကို ထင္ဟပ္ျပသလာ၏။

ေတာအုပ္ပုံရိပ္က ႏွစ္စကၠန့္ေလာက္သာ ၾကာကာ အဲ့ေနာက္မွာေတာ့ အေဝးကေနျပေနရာကေန အနီးကပ္ျမင္ကြင္းအျဖစ္ေျပာင္းသြားၿပီး ေတာအုပ္တစ္ေလၽွာက္ ျဖတ္သြားကာ ေတာင္တန္းေတြ တိမ္ေတြကို ေက်ာ္ျဖတ္သြားၿပီးေနာက္ ၿမိဳ႕တစ္ၿမိဳ႕ရဲ့ အျပင္ဘက္တြင္ ရပ္တန့္သြား၏။

၎ၿမိဳ႕အျပင္တြင္ ျပင္းထန္တဲ့ အျငင္းပြါးမွု ျဖစ္ေနေသာ အဖြဲ႕ႏွစ္ဖြဲ႕ရွိသည္။ သိပ္မလွမ္းမကန္းမွာ ရပ္ေနၾကတဲ့ လူႏွစ္ေယာက္ပုံရိပ္ကို တုန္ခါေနတဲ့မွန္တြင္ ျမင္လိုက္ရ၏။ အရပ္ရွည္ရွည္ႏွင့္လူက ေခ်ာေမာခန့္ညားၿပီး သူ႔မ်က္ႏွာထက္က ဘာသိဘာသာေနတတ္ဟန္ စြက္ေနတဲ့ မ်က္ႏွာထားက တင့္တယ္လြန္းလွသည္၊ အရပ္ခပ္ပုပုလူကေတာ့ ေခ်ာေမာလွပၿပီး သိမ္ေမြ႕သည့္မ်က္ႏွာရွိၿပီး ေတာက္ပေသာ မ်က္လုံးတစ္စုံ ရွိသည္။ အခု သူက အႀကီးအက်ယ္ ျပဳံးေနကာ သူ႔ရဲ့ သြားစြယ္ႏွစ္ေခ်ာင္းကိုပါ လွစ္ဟျပလို႔ေန၏။ သူ႔မ်က္လုံးအစုံက သူတို႔အေရွ႕က အဖြဲ႕ႏွစ္ဖြဲ႕ထံ စူးစိုက္ေနကာ သူ႔လက္ထဲတြင္ အသားကင္တံစို႔ကို ကိုင္ထားသည္။

"သူတို႔ပဲ" မီးခိုးေရာင္ဝတ္ အဘိုးအိုက ေျပာလိုက္၏။

ေမၽွာ္စင္နတ္ဘုရားက ေခါင္းညိတ္လိုက္ၿပီး သလင္းနက္တစ္ခုကို ထုတ္ယူလိုက္ကာ လူႀကီးႏွင့ ဆယ္ေက်ာ္သက္ေလး၏ ႐ုပ္သြင္ကို မွတ္တမ္းယူထားလိုက္သည္။

ျမင္ကြင္းက တျဖည္းျဖည္း ေပ်ာက္ကြယ္သားကာ မွန္က နဂိုမူလသြင္ျပင္သို႔ ျပန္လည္ေရာက္ရွိသြား၏။ နက္ေမွာင္တဲ့သလင္းစိမ္းရဲ့ ေရာင္ျခည္ေျခာက္သြယ္က ႐ုတ္တရက္ ေတာ္ေတာ္ေလး မွိန္က်သြားသည္။ ၾကည့္ရသည္မွာ ဒီတစ္ႀကိမ္ မွန္ကို အသုံးျပဳရာ၌ စြမ္းအား အေတာ္မ်ားမ်ားကို သုံးလိုက္ရပုံေပၚ၏။ သူတို႔ ထပ္ၿပီး အသုံးျပဳဦးမယ္ဆိုရင္ နက္ေမွာင္တဲ့သလင္းစိမ္းက ပ်က္စီးေကာင္း ပ်က္စီးသြားနိုင္သည္။

ေမၽွာ္စင္နတ္ဘုရားက သလင္းကို အေဝးထားလိုက္ကာ ေျပာလိုက္သည္၊ "ႀကီးျမတ္တဲ့ အႀကီးအကဲက ဘယ္သူ႔ကို ပို႔လႊတ္သင့္တယ္လို႔ ထင္ပါသလဲခင္မ်?"

"ဒီကိစၥကို ယင္းဖုန္းကို လႊဲထားလိုက္" မီးခိုးေရာင္ဝတ္ အဘိုးအိုက ေျပာလိုက္သည္။

နတ္မိစၧာေမၽွာ္စင္ရဲ့ ယဇ္ပူ​ေဇာ္ခံမ်ားက လြယ္လြယ္ႏွင့္ ထြက္ေပၚမလာတတ္ၾကသည့္အတြက္ ပုံမွန္ဆိုလ်င္ ဘယ္သူ႔ဖက္ကပဲျဖစ္ျဖစ္ တစ္ဖက္ဖက္ရဲ့ အျမင္ကို သေဘာတူလိုက္ၿပီဆိုလ်င္ အဲ့ဒီ့ဖက္ကတစ္ေယာက္က တာဝန္ယူရမည္ျဖစ္ကာ ဒီတစ္ႀကိမ္မွာလည္း ခၽြင္းခ်က္မရွိပဲ နိုင္တဲ့ဖက္ကပဲ တာဝန္ယူရမည္ျဖစ္သည္။

ေကာင္းကင္ဘုံျမင္ကြင္းရွုမွန္ကို ေဘးခ်လိုက္သည့္အတြက္ေၾကာင့္ သူတို႔ မသိလိုက္ၾကတာက မိုင္ေပါင္း တစ္သိန္းအကြာမွာရွိေနတဲ့ ငရဲမင္းႀကီးက ေတာက္ပတဲ့အျပာေရာင္ေကာင္းကင္ကို ႐ုတ္တရက္ ေမာ့ၾကည့္လိုက္တာပဲျဖစ္သည္။ သူတို႔ကို ဖမ္းယူၾကည့္ရွုေနတဲ့ ေကာင္းကင္ဘုံျမင္ကြင္းရွုမွန္ကို ေတြ႕ၿပီးသြားတာ ၾကာေနသလိုမ်ိဳး သူ႔မ်က္လုံးတို႔က အရမ္းကို ၾကည္လင္လို႔ေနသည္။

"ေခါင္းေဆာင္၊ သူတို႔ ဘယ္ေလာက္ၾကာေအာင္ေတာင္ ရပ္ေနၾကမွာလဲ? ဘာလို႔ သူတို႔ေတြ မတိုက္ၾကေသးတာလဲ?"

ဖုန့္ရွီက အသားကင္ကို သူ႔ပါးစပ္ထဲ ထည့္လိုက္ကာ ခက္ခဲစြာ ဝါးလိုက္၏။ သူ႔အၾကည့္တို႔က သူ႔အေရွ႕က လူေတြဆီ ျမဲၿမံစြာ ေရာက္ေနေပမဲ့ သူ႔လက္ထဲက အစားအစာ ကုန္သြားၿပီးတာေတာင္မွ အဖြဲ႕ႏွစ္ဖြဲ႕ကလူေတြက စ မတိုက္ၾကေသးေခ်။ သူ မေလာဘဲမေနနိုင္ေတာ့ကာ စတင္ ပစ္တင္လိုက္ေတာ့သည္။

"ေရွာင္ရွီလည္း ပါခ်င္လို႔လား?" ငရဲမင္းႀကီးက သူ႔ကို ျမတ္နိုးေသာအၾကည့္တို႔ျဖင့္ ၾကည့္လိုက္ကာ လက္ကိုင္ပုဝါထုတ္လိုက္ၿပီး ေကာင္ေလးပါးစပ္ေထာင့္က ဆီအစြန္းတို႔ကို သုတ္ေပးလိုက္သ္ည။

"မဟုတ္တာ။ ကၽြန္ေတာ္က သူတို႔တိုက္တာကို ၾကည့္ခ်င္႐ုံသာ။ ေခါင္းေဆာင္၊ သူတို႔ တိုက္ၾကၿပီဆိုတာနဲ႔ ဘယ္အဖြဲ႕ကနိုင္မယ္လို႔ ထင္သလဲ?" ဖုန့္ရွီက ငရဲမင္းႀကီး သူ႔ပါးစပ္ကို သုတ္ေပးေနတာကို ၿငိမ္ခံေနလိုက္သည္၊ ဒါက ဒီရက္ပိုင္းအတြင္း အက်င့္ျဖစ္လာတဲ့ အျပဳအမူတစ္ခုပဲျဖစ္၏။ အဲ့လိုမွမဟုတ္ရင္ သူက သူ႔ခႏၶာကိုယ္နဲ႔ သုတ္လိုက္မွာျဖစ္သည္။

သူတို႔ ေကာင္းကင္အနားသတ္ၿမိဳ႕ေတာ္ကေန ထြက္ခြါလာၾကတာ တစ္လနီးပါး ရွိသြားၿပီျဖစ္ကာ ေကာင္းကင္အနားသတ္ၿမိဳ႕ေတာ္က ေကာင္းကင္စိတ္ကူးမိသားစုနဲ႔ ဂူနီလာကုန္သည္ႀကီးမ်ားအသင္းတို႔ရဲ့ ဝင္စြက္မွုတို႔ေၾကာင့္ အေတာ္ေလး ေဘးကင္းေန၏။ လူတိုင္းက သတၱဳေၾကာကို စိတ္အားထက္သန္စြာ တူးေဖာ္ေနၾကသည္။ ေဟာ့လင္းလုံ*အပါအဝင္ ဆူးလားမိသားစုနဲ႔ အျခား အဖြဲ႕သားတို႔ကလည္း ေကာင္းကင္အနားသတ္ၿမိဳ႕ေတာ္ကို သိပ္မၾကာခင္မွာပဲ ေရာက္လာၾကသည္။ တျခားေသာ မိသားစုေတြက ခြန္အားႀကီးသူတို႔က ႀကီးျမတ္တဲ့ ေကာင္းကင္ဘုံနတ္ဘုရားတစ္ပါးနဲ႔ ရန္ဘက္မျဖစ္လိုတာေၾကာင့္ သတၱဳေၾကာအေပၚ မက္ေမာတြယ္တာမေနေတာ့ဘဲ ထြက္ခြါသြားၾကၿပီျဖစ္သည္။
(* ေဟာ့လင္းလုံက ငရဲမင္းႀကီးနဲ႔ ဖုန့္ရွီကို ခရီးတစ္ေလၽွာက္ ခစားအမွုထမ္းဖို႔ ဦးေလးျဖဴ ထည့္ေပးလိုက္တဲ့ တစ္ေယာက္ပါ)

ငရဲမင္းႀကီးက စီစဥ္စရာကိစၥရပ္ေတြကို စီမံၿပီးေနာက္ ဖုန့္ရွီကို ေခၚေဆာင္ကာ ေကာင္းကင္အနားသတ္ၿမိဳ႕ကေန ထြက္ခြါလာျခင္းျဖစ္သည္။ လာမည့္ႏွစ္လအတြင္း ေကာင္းကင္ဘုံရဲ့ မင္းသမီး ႏွစ္တစ္ရာျပည့္ေမြးေန႔ ေရာက္လာေတာ့မွာျဖစ္သည္။ သူတို႔ ေကာင္းကင္ဘုံကို ဒီတစ္ေခါက္သြားၾကမဲ့ အခ်ိန္ဆိုလ်င္ ဒီက ကိစၥရပ္ေတြကို သူတို႔ ေျဖရွင္းေပးနိုင္မွာမဟုတ္တဲ့အတြက္ မေတာ္တဆျဖစ္ရပ္ေတြကေန ေရွာင္ရွားဖို႔ရာ ငရဲမင္းႀကီးက အေျခအေနေတြကို အရင္ဦးဆုံး အေျခက်ေအာင္ လုပ္ဖို႔ ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္။

ႏွစ္လက်န္ေနေသးသည့္အတြက္ ေနရာကူးေျပာင္းအခင္းအက်င္းမွာ ဘာအလုပ္မွမရွိဘဲ လတ္လ်ားလတ္လ်ား ျဖစ္ေနရတဲ့ ခံစားခ်က္ကို မႀကိဳက္ေသာေၾကာင့္ သူက ငရဲမင္းႀကီးႏွင့္ ခရီးထြက္ၿပီး လမ္းတစ္ေလၽွာက္ ရွုခင္းၾကည့္လိုျခင္းျဖစ္သည္။ တစ္လၾကာၿပီးေနာက္ သူ ေနာက္ဆုံးေတာ့ ေျမာက္ပိုင္းေဒသကေန ထြက္လာၿပီး အလယ္ပိုင္းေဒသအစပ္ကို ေရာက္လာၿပီျဖစ္သည္။ သူ ၿမိဳ႕အတြင္းသို႔ မဝင္ရေသးခင္မွာပဲ အဖြဲ႕ႏွစ္ဖြဲ႕ကို ေတြ႕လိုက္ရျခင္းျဖစ္၏။

ငရဲမင္းႀကီးက နတ္မိစၧာေမၽွာ္စင္က အဘိုးႀကီးက သူ႔တည္ေနရာကို ၾကည့္ဖို႔ ေကာင္းကင္ဘုံျမင္ကြင္းရွုမွန္ကို အသုံးျပဳလိမ့္မယ္လို႔ ထင္မထားခဲ့ေပ။

"ထူးထူးျခားျခား ဘာကိစၥမွမရွိရင္ေတာ့ အနီအသင္း နိုင္လိမ့္မယ္" တစ္ခ်က္ၾကည့္လိုက္႐ုံႏွင့္တင္ ငရဲမင္းႀကီးက ႏွစ္ဖက္အသင္းရဲ့ ခြန္အားကို သိလိုက္၏။

"အဲ့တာဆို ကၽြန္ေတာ္တို႔ ဘယ္လိုလုပ္သင့္သလဲ? ကၽြန္ေတာ္က အျပာအသင္း နိုင္ပါေစ ေမၽွာ္လင့္ေနတာ" ဖုန့္ရွီက ထုတ္ေျပာလိုက္သည္။

"ဘာလို႔လဲ?"

"ကၽြန္ေတာ္ကလည္း အနီဝတ္ထားတာေလ။ သူတို႔ေတြအားလုံးကလည္း အနီဆိုေတာ့ ကၽြန္ေတာ္ အဲ့ကို ေလၽွာက္သြားလိုက္ရင္ သူတို႔နဲ႔ ေရာကုန္မွာေပါ့၊ အဲ့တာေၾကာင့္ အျပာအသင္းပဲ အနိုင္ရသင့္တယ္။"

"ေရွာင္ရွီက

You are reading the story above: TeenFic.Net