အပိုင်း ၁၅၆။ ဓါးပြတစ်ယောက်ရဲ့ ဆင့်ကဲဖြစ်စဉ်
သူ့လက်မောင်းထဲက ကောင်လေးရဲ့ 'ဒေါသတကြီး' ကြေငြာချက်က ငရဲမင်းကြီးကို ပျော်ရွှင်သွားစေသည်။ ဒါပေမဲ့ သူ့အမူအယာကတော့ စိတ်မဝင်စားသလို၊ အလေးမထားသလို ဖြစ်နေမြဲပင်။ ချောမွတ်လုံးဝိုင်းတဲ့ မျက်နှာလေးကို သူ လှမ်းထိလိုက်ကာ၊ "ကောင်းပြီ။ အဲ့တာဆို ကိုယ်တော်တို့ သူတို့ကို အလွှတ်မပေးဘူး။"
ဖုန့်ရှီက ချက်ချင်း ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ခေါင်းဆောင်က သဘောတူလိုက်ပြီဆိုကတည်းက ဘယ်အရာကမှ သူတို့ကို တားဆီးလို့ ရတော့မည်မဟုတ်!
"လူကြီးမင်း၊ မင်းကိုယ်မင်း အရမ်းကို အထက်ကနေ ပြောနေတာပါလား။ ငါတို့ကို အလွှတ်မပေးဘူးဆိုတာ ဘာကိုပြောချင်တာလဲဆိုတာ ကြည့်ချင်စမ်းပါဘိ!"
ချင်းမင်ဖိတ်ခေါ်ထားတဲ့လူက ဘုရင်ကြီးတို့က အားလုံးကို လုံးလုံးလျားလျား လျစ်လျူရှုထားတာကို မြင်ရတော့ ူ့အမူအယာတို့က လျင်လျင်မြန်မြန်ကို အတော်ကြီး မနှစ်မြို့ဟန်ဖြစ်လာတော့သည်။ သူက ဘုရင်ကြီးကို စိုက်ကြည့်နေသည်မှာ သူတို့နှစ်ယောက်လုံးကို အမဲဖျက်ချင်နေပြီး အဆင့်မြင့်သိမ်မွေ့နက်နဲလက်နက်တွေ နှစ်ခုလုံးကို သူရယူပိုင်ဆိုင်ချင်သည်ကို မစောင့်နိုင်တော့သည့်အလားပင်။
အဲ့လူရဲ့အမည်ကတော့ တောင်အကြီးအကဲ ယင်ဖြစ်ပြီး အားလုံးထဲမှာ အသန်မာဆုံးကျင့်ကြံသူဖြစ်သည်။ သူက အဆင့်နိမ့် ကောင်းကင်နတ်ဘုရားနယ်ပယ်ဆင့် အဆင့်ငါး ရောက်ရှိနေပြီဖြစ်ကာ ချင်းမင်ထက် သုံးဆင့် ပိုမြင့်ကာ သူ့ခွန်အားကြောင့် သူ့ပတ်လည်တွင် မြင့်မားသည့်လေထုအငွေ့အသက်တို့ ဝိုင်းပတ်လို့နေသည်။ ဖုန့်ရှီနဲ့ ငရဲမင်းကြီးကို ရင်ဆိုင်ဖို့ဆိုတာ သူ့အတွက် ထမင်းစား၊ ရေသောက်လောက်လို လွယ်လွန်းလှသည်ဟု ခံစားရ၏။ အဲ့အတွက် သူက လျစ်လျူရှုခြင်းခံလိုက်ရသည့်အခါမှာတော့ မနှစ်မြို့သွားရတာဖြစ်သည်။
ချင်းမင်ပြောတာကိုကြားတော့ ဖုန့်ရှီက မျက်လုံးလှန်လိုက်ကာ မေးလိုက်သည်၊ "ဘယ်လိုနည်းလမ်းမျိုးနဲ့ အနိုင်ခံလိုက်ယူရတာကို မင်းအကြိုက်ဆုံးလဲ?"
"ဟမ့်! အောင်နိုင်သူဘယ်သူဆိုတာ မဆုံးဖြတ်ရသေးပါဘူး။ မင်းတို့ နှစ်ယောက်တည်းနဲ့ ငါတို့အားလုံးကို အနိုင်ယူနိုင်မယ်လို့ မင်းပြောချင်နေတာလား? အိမ်မက်မက်နေတာပဲ!" ကောင်လေးရဲ့ 'ရူးမိုက်မိုက် စကား' တို့ကို ကြားပြီးနောက် တောင်အကြီးအကဲ ယင်ရဲ့ ကျဉ်းမြောင်းတဲ့ မျက်လုံးတို့က ချက်ချင်းပင် ဒေါသတို့ဖြင့် ပြည့်နှက်သွားတော့သည်။ သူ့ရဲ့မှေးတေးတေးမျက်လုံးတို့က အပစ်သားမြေခွေးတစ်ယောက်လိုမျိုး သဏ္ဍာန်တူကာ သူ့နောက်ကျောက မှောင်မိုက်တဲ့ညအရောင်တို့ကြောင့် သူ့ကို ပိုလို့တောင်မှ ကြောက်မက်ဖွယ်ဟန်ပန် ပိုပေါက်သွားစေ၏။
"တောင်အကြီးအကဲ ယင်၊ အဓိပ္ပါယ်မရှိတာတွေ တော်သင့်ပြီ။ သူတို့ကို အရင် သတ်လိုက်ကြစို့။" ချင်းမင်က ကောင်းကင်သို့ ဆတ်ခနဲ ထပျံသန်းလိုက်ကာ တောင်အကြီးအကဲ ယင်ရဲ့အနောက် ခြေလှမ်းအနည်းငယ်အကွာမှာ ရပ်လိုက်ပြီး ဖုန့်ရှီကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ အေးစက်မှုတို့အပြင် သူ့မျက်နှာထက် ဒေါသရိပ်တို့ကလည်း သမ်းစွက်လို့နေ၏။ သူ့အမူအယာကို ထိန်းတဲ့နေရာမှ အတော်ကြီးကို တစ်ဖက်ကမ်းခတ်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိနိုင်သည်ပင်။
"စိတ်မပူပါနဲ့ မစ်စတာချင်းမင်၊ ငါ သူတို့ကို အပြေးမခံပါဘူး။"
တောင်အကြီးအကဲယင် ပြောပြီးသည့်နောက် သူ့နားအနား ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာ၏။ ချင်းမင်က သူ့ထံ တိတ်တဆိတ် အသံဖြင့် ဆက်သွယ်ပြောကြားလိုက်ခြင်းဖြစ်သည်၊ "တောင် အကြီးအကဲယင်၊ ကျွန်တော်တို့ စတိုက်ပြီဆိုတာနဲ့ ဟိုတစ်ယောက်ကို ချုပ်ထားပြီး အနီနဲ့ကောင်လေးနဲ့ လူချင်းကွဲသွားအောင် လုပ်လိုက်။ အဲ့အချိန် ကျွန်တော်က ကောင်လေးကို ဝင်သတ်မယ်။ ခင်များအတွက် အကျိုးအမြတ် မလျော့နည်းစေရပါဘူး။"
"ကောင်းပြီလေ" တောင်အကြီးအကဲ ယင်က တုံ့ဆိုင်းမှုမရှိဘဲ တုန့်ပြန်လိုက်သည်။ ဒီအခြေအနေကို သူ ဝင်စွက်ပြီးမှတော့ သူဘာပဲလုပ်လုပ် ရလဒ်ကတော့ အတူတူပဲဖြစ်မှာပင်။
နှစ်ဦးသား အစီအစဉ်ကို တိတ်တဆိတ်တိုင်ပင်ဆွေးနွေးလိုက်ကြကာ သူတို့ပြောတာ ဘယ်သူမှ မကြားဟု ထင်လိုက်ကြသည်။ သူတို့မသိသည်က ငရဲမင်းကြီးထံကနေ အသံကူးပြောင်းဆက်သွယ်ချက်ကို ဖုံးကွယ်ထားလို့မရနိုင်ဘူးဆိုသည်ပင်။ သူ့သိစိတ်ကို အနည်းငယ်လောက်လေးပဲ ဆန့်ထုတ်ဖို့လိုအပ်ပြီး သူတို့ပြောသမျှအကုန်လုံး လုံးစေ့ပတ်စေ့ အပ်ကျမတ်ကျ အကုန် သိနိုင်၏။
ငရဲမင်းကြီးက သူတို့ကို လျစ်လျူရှုလိုက်ပြီး သက်တောင့်သက်သာအမူအယာတို့ဖြင့် ကောင်လေးရဲ့လက်သေးသေးလေးတွေကို ကိုင်လိုက်ကာ၊ "ရှီ သူတို့ကို သင်ခန်းစာတစ်ခု ပေးချင်သလား?"
"အင်းပေါ့၊ ကျွန်တော်ပေးချင်တယ်! အထူးသဖြင့် အဲ့ချင်းမင်ဆိုတဲ့သူကို။ ခေါင်းဆောင်မှာ နည်းလမ်းကောင်းတစ်ခု ရှိနေလား?" ဖုန့်ရှီရဲ့ မျက်လုံးတို့က ချက်ချင်းလက်သွားတော့သည်။
ငရဲမင်းကြီးက ပိုလို့တိုးကပ်သွားကာ ဖုန့်ရှီကို တီးတိုးပြောလိုက်၏။ ဖုန့်ရှီ နားထောင်ပြီးပြီးချင်းကို စတင် ရယ်လိုက်တော့သည်။ သူ ဘုရင်ကြီးကို လက်မကြီးကြီး ပေးတော့မယ့်အချိန်မှာပဲ တောင်အကြီးအကဲယင်က ရုတ်တရက် 'တိုက်!' ဟု အော်လိုက်သည်။ ပစ်ခွင်းလိုက်တဲ့ မြှားတွေအလား လူတိုင်းက လက်နက်ကိုယ်စီဖြင့် ချက်ချင်းပဲ သူတို့ထံ ပြေးဝင်တိုက်ခိုက်တော့သည်။ သူတို့ရဲ့ အော်သံတို့က ရလဒ်ကို ထင်ဟပ်နေသည့်အလား ပြင်းပြတဲ့သွေးဆာမှုတို့က သူတို့ပတ်လည်က လေထုထဲ ပြည့်နှက်လို့သွားတော့သည်။
ငရဲမင်းကြီးက သူ့ခေါင်းကို မော့ကြည့်လိုက်ပြီး သူ့နဖူးထက်က ငွေရောင်ကျောက်မျက်ထံမှ တောက်ပတဲ့ငွေရောင်အလင်းတန်းတစ်ခု လေထုထဲ ပစ်ခွင်းသွားတော့သည်။ အဆုံးမဲ့စွမ်းအားတို့က ပွင့်အံလာကာ သူတို့ပတ်လည် ပျံ့နှံ့သွားလေ၏။ အဝတ်ပိုင်းတစ်စပေါ်က ကြေတွန့်ရာတွေလိုမျိုး လေက တစ်စစီပြိုကွဲသွားကာ ကောင်းကင်အနားသတ်မြို့ တစ်မြို့လုံးကလူတိုင်းနီးပါး ထိုခွန်အားကို ခံစားမိသွားကြသည်။ ရဲသွေးသတ္တိ အားအနဲငယ်နည်းသူတွေက မြေကြီးပေါ် ဒူးထောက်ညွှတ်ကျသွားပြီး ထမလာနိုင်ကြတော့ချေ။ လေလှိုင်းက အပြင်ဘက်ပျံ့ထွက်သွားသည်နှင့် တောင်အကြီးအကဲယင်နှင့် အခြားသူတွေ၏ ကိုယ်ခန္ဓာရော မျက်နှာထက််မှာပါ အံ့ဩထိတ်လန့်တုန်လှုပ်သွားမှုတို့က ထင်းခနဲဖြစ်သွားတော့သည်။
"ဒါက ငရဲမင်းကြီးရဲ့ ခွန်အားကိုး!" လောင်နန်ရှုနဲ့ အခြားသူတွေ အံ့ဘနန်းကြောင်အမ်းသွားကာ မျက်လုံးပြူကျယ်ဝိုင်းစက်သွားကြသည်။ သူတို့က ကောင်းကင်ထက်က ငရဲမင်းကြီးကို မျက်တောင်တစ်ချက်တောင်မခတ်ဘဲ ငေးနေခြင်းဖြစ်သည်။
အောက်ကလူတွေရဲ့ အထိတ်တလန့်ငေးကြည့်နေမှုအောက်မှာ ငရဲမင်းကြီးက လက်ကို ဖြေးညှင်းစွာ မလိုက်ပြီး အေးစက်ကာ အလေးမစိုက်မှုအပြည့်ဖြစ်နေတဲ့ အသံဖြင့် ပြောလိုက်သည်၊ "အချိန် — ရပ်!" သူ့စကားလုံးတို့နောက် နေရာလွတ်က တွန့်ကြောင်းတို့ ရုတ်တရက် ဖြာထွက်လာပြီး တမဟုတ်ချင်းပင် ငရဲမင်းကြီးနှင့် မီတာတစ်ရာပတ်လည်က လူတိုင်းပေါ်ကို ဖုံးလွှမ်းသွားသည်။ ချင်းမင်နှင့် တောင်အကြီးအကဲယင်တို့ ချက်ချင်း လှုပ်ရှားမှုရပ်တန့်သွားကြပြီး သူတို့မျက်နှာထက်က အမူအယာတို့က သူတို့ ဆိုးဝါးထိတ်လန့်နေတဲ့အနေအထားမျိုးမှာ ရပ်တန့်နေတာဖြစ်သည်။ လူတိုင်း သူတို့ရဲ့အပြုအမူအတွက် နောင်တရသွားပြီဖြစ်သည်။
မြေပြင်ပေါ်က ကာလွမ်သလာနှင့် အခြားသူတွေကတော့ သက်ရောက်မှု မခံကြရချေ။ အဲ့အတွက်ကြောင့် သူတို့က ဘုရင်ကြီးနဲ့ ဖုန့်ရှီတို့ကို ဝိုင်းတိုက်ခိုက်နေတဲ့ ဆယ်ယောက်လောက်သော ပညာရှင်တို့ တစ်ယောက်ပြီးတစ်ယောက် ရပ်တန့်သွားတာကို သူတို့ မျက်မြင်ဒိဌ တွေ့လိုက်ကြရသည်။ သူတို့အားလုံး မလှုပ်နိုင် မရှားနိုင်ဖြစ်နေကြကာ သူတို့အမူအယာတွေကလည်း နောက်ဆုံးအခြေအနမှာတင် ရပ်တန့်သွားကြတာဖြစ်သည်။ သူတို့မျက်နှာထက် ဖော်မပြနိုင်လောက်အောင် ကြီးမားတဲ့အကြောက်တရားနှင့် နောင်တတို့က ထင်ဟပ်နေသည်။ ဆယ်ယောက်လောက်သော ပညာရှင်တွေက သူတို့ လှုပ်တောင်မလှုပ်နိုင်လောက်အောင်ကို ရပ်တန့်သွားကြခြင်းဖြစ်သည်။ ဒီခွန်အားက ကောင်းကင်အနားသတ်မြို့ကလူတိုင်းကို အံ့အားသင့်သွားစေသည်။
"ဘုရင်ကြီးက အချိန်ကို ထိန်းချုပ်နိုင်မယ်လို့ ငါ လုံးဝထင်မထားခဲ့မိဘူး။" လောင်နန်ရှုက မနေနိုင်တော့ဘဲ အသက်ခပ်မြန်မြန်ရှုလိုက်တော့သည်။
ကောင်းကင်ဘုံဥပဒေအောက်မှာ ဥပဒေသတွေ ဆယ်နှစ်ခု ဒါမှမဟုတ် အဲ့နားပတ်လည်လောက် ဥပဒေသတွေ ရှိသည်။ အဲ့ထဲကမှ အချိန်ထိန်းချုပ်ခြင်းနှင့် နေရာလပ်ထိန်းချုပ်ခြင်းတို့က စွမ်းအားအကြီးဆုံးဖြစ်ပြီး မတွန်းခံနိုင်ဆုံးလည်းဖြစ်သည်။ တစ်စုံတစ်ယောက်က အဲ့ဥပဒေသနှစ်မျိုးကို ထိန်းချုပ်နိုင်မယ်ဆိုရင် တစ်လောကလုံးမှာ သူနဲ့ ခြေရာခြင်းယှဉ်နိုင်မယ့်သူ လုံးဝရှိနိုင်မည်မဟုတ်ချေ။ အဆင့်တူနယ်ပယ်ဆင့်အချင်းချင်းကြား ပြိုင်ရင် အဲ့အစွမ်းတွေ ပိုင်ဆိုင်ထားသူတို့က လုံးဝရှုံးမှာမဟုတ်။ ဒါပေမဲ့ အဲ့အစွမ်းတို့ကို ထိတွေ့ဖို့ အဆင့်မမှီသေးခင်မှာ အရင်ဆုံး ကြီးမြတ်တဲ့ ကောင်းကင်ဘုံနတ်ဘုရားနယ်ပယ်ဆင့်ကို ကျင့်ကြံဖို့လိုအပ်သည်။ အဲ့တာပြီးရင်တောင်မှ အောင်မြင်မှုနှုန်းက အလွန်နိမ့်သည်၊ အကြောင်းကတော့ အဲ့စွမ်းအားတွေက လွယ်လင့်တကူ ထိတွေ့လို့ရနိုင်တာမျိုးမဟုတ်သည့်အတွက်ပင်။
လောင်နန်ရှုရဲ့အဘိုး ကြီးမြတ်တဲ့ကောင်းကင်ဘုံ လေနတ်ဘုရားနှင့် ကျုံးဝူချင်းရဲ့အဘိုး ကြီးမြတ်တဲ့ ကောင်းကင်ဘုံ ဘေးနတ်ဘုရာတို့က နတ်ဘုရားနဲ့ကောင်းကင်နိုင်ငံတော်မှာ စွမ်းအားထိပ်ရှေ့ပြေးနေကြသူတို့ဖြစ်သည်။ ဒါပေမဲ့ သူတို့လိုတွေတောင်မှ အဲ့စွမ်းအားကို ပမာဏအနည်းငယ်လောက်သာ သူတို့ အသုံးပြုနိုင်ကြသည်။ အဲ့တာကိုကြည့်ရင် အဲ့စွမ်းအားကို ထိန်းချုပ်ဖို့ဆိုတာ ဘယ်လောက်တောင် ခက်ခဲသလဲဆိုတာ သက်သေပြနေသည်ပင်။
အဲ့အတွက်ကြောင့် ငရဲမင်းကြီးက အချိန်ထိန်းချုပ်တာကို ဘယ်လိုတောင် လျောလျောရှုရှု လုပ်လိုက်တာကို သူတို့မြင်လိုက်ကြရတော့ သူတို့ထိတ်လန့်သွားသည်မှာ မှန်းဆကြည့်နိုင်သည်။
"ဟားဟားဟား၊ အခု ကျွန်တော့အလှည့်ပဲ" ဖုန့်ရှီက အောင်နိုင်သူတစ်ယာက်လို ပျော်ရွှင်စွာ ပြုံးလိုက်ကာ သူ့လက်သီးလေးကို ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။ တိတ်ဆိတ်နေတဲ့ညက ရုတ်တရက် အတော်ကြီးဆူညံသွားတော့သည်။
သူ့အသံကို ကြားလိုက်ရပြီးနောက် လူအတော်များများက သူတို့ရဲ့အသိစိတ်တွေ ပြန်ဝင်လာကြပေမဲ့ သူတို့မျက်နှာထက်က အံ့အားသင့်နေတဲ့အမူအယာတို့ကတော့ မပြောင်းမလဲ အရင်အတိုင်းပင်။
လူအုပ်ကြီးက အနီးဆုံးဖြစ်တဲ့ တောင်အကြီးအကဲယင် အနား လျောက်လှမ်းနေတဲ့ အနီနဲ့ကောင်လေးကို ကြည့်လိုက်ကြသည်။ လှည့်စားတဲ့ ပြဿနာရှာတဲ့အပြုံးတို့က သူ့မျက်နှာထပ် ထင်ဟပ်လို့နေသည်။ ခုန်ဆွဆွ အနည်းငယ်လှမ်းလိုက်ရုံဖြင့် တောင် အကြီးအကဲယင်နား သူရေက်သွား၏။ သူက တောင်အကြီးအကဲယင်ကို အကြိမ်ရေအနည်းငယ်လောက် ပတ်လိုက်ပြီး ပျော်ရွှင်စွာဖြင့် ရယ်မောလိုက်ကာ အဲ့နောက်မှာတော့ နှာခေါင်းကို ထိုးလိုက်ပြီး ပြောလိုက်သည်၊ "အခု ဘယ်သူက အနိုင်ရပြီး ဘယ်သူကရှုံးသွားတာလဲဆိုတာ ခင်များသိပြီပေါ့။ ခင်များ ဘယ်လိုပုံစံမျိုးနဲ့ ရှုံးချင်သလဲဆိုတာကို ရွေးဖို့အတွက် ခင်များကို ကျွန်တော် အခွင့်အရေးပေးခဲ့တယ်၊ ဒါပေမဲ့ ခင်များက ကျွန်တော့ကို မယုံခဲ့ဘူး။ အခု ခင်များကိုယ်ခင်များကြည့်စမ်း၊ လှုပ်တောင်မလှုပ်နိုင်တော့ဘူး!"
တောင်အကြီးအကဲယင်က မလှုပ်ရှားနိုင်ပေမဲ့ သူ့မျက်လုံးတို့ကတော့ လှည့်နိုင်နေသေးသည်။ ဒါပေမဲ့ သူ့အတွေးတို့ကို ထုတ်ပြဖို့ သူ့မှာ နည်းလမ်းလုံးဝရှိမနေ။
ဖုန့်ရှီက သူ့ကို ဖြေခွင့်ပေးဖို့ အစီအစဉ်လုံးဝရှိမနေဘဲ သူ့ဘာသူ ဆက်ပြောလိုက်သည်၊ "စိတ်မပူပါနဲ့၊ ကျွန်တော် ခင်များကို မရိုက်နှက်ပါဘူး။ ဒါပေမဲ့ ခင်များ ကျွန်တော့ကို ခြောက်လှန့်ခဲ့တဲ့အတွက် ကျွန်တော့ရဲ့စိတ်ကျန်းမာရေး ထိခိုက်သွားမှုအပေါ် ခင်များ လျော်ကြေးပြန်ပေးရမယ်။ ခင်များ နားလည်လား? ဘာမှမပြောဘူးဆိုရင် သဘောတူတယ်လို့ ကျွန်တော် မှတ်ယူလိုက်မယ်။ ကဲ ဘယ်မလဲ ခင်များရဲ့ သိုလှောင် အိတ်က?"
ဖုန့်ရှီ ပြောပြီးသည်နှင့် အနက်ရောင်အိတ်တစ်အိတ်ကို အကြီးအကဲယင်ထံမှတွေ့ရှိသွားသည်။ ဒါပေမဲ့ အဲ့တာကား သိုလှောင်အိတ်တော့မဟုတ်ပေမဲ့ ကျောက်မျက်ရတနာအိတ်တစ်ခုဖြစ်နေသည့်အတွက် ဆယ်ဆ သာလွန်ပိုကောင်းသွားတော့သည်။ ပေါ့နေသယောင်ယောင်ရှိပေမဲ့ အတော်များများတော့ ဆန့်နိုင်သည်။ တောင်အကြီးအကဲယင်က အဆင့်နိမ့်ကောင်းကင်နတ်ဘုရားနယ်ပယ်ဆင့်ပညာရှင်တစ်ယောက်မို့ သူ့ပိုင်ဆိုင်ပစ္စည်းကလည်း ဆိုးနေမှာမဟုတ်။ ဒါပေမဲ့ သူ့ပိုင်ဆိုင်ပစ္စည်းတွေအားလုံးက အဲ့ရတနာအိတ်ထဲမှာရှိသည့်အတွက် ဖုန့်ရှီ အဲ့အိတ်ကို ယူသွားမယ်ဆိုရင် သူ့မှာ တစ်ပြားတစ်ချပ်တောင် ကျန်တော့မည်မဟုတ်ချေ။
ဓါးပြတစ်ယောက်အနေသို့ လုံးဝ ပြောင်းသွားပြီဖြစ်တဲ့ ဖုန့်ရှီက တခြားဆယ်ယောက်ရဲ့ သိုလှောင်အိတ်တွေကိုလည်း မောင်ပိုင်စီးလိုက်ပြီး သူ့နေရာလွတ်လက်စွပ်ထဲ ပစ်ထည့်လိုက်သည်။ ရေခဲချီလင်ရဲ့ရတနာတွေနဲ့အတူ သူ့နေရာလွတ်လက်စွပ်က တဖြည်းဖြည်းပြည့်လို့လာပြီဖြစ်သည်။
ပညာရှင်ဆယ်ယောက်ကတော့ မျက်ရည်လည်ရွှဲဖြစ်နေကြပြီဖြစ်သည်။ အနီနဲ့ကောင်လေးက သူတို့ရတနာတွေကို သနားစိတ်တစ်စေ့လေးတောင်မရှိ၊ တစ်ချက်ကလေးတောင် နောက်မတွန့်ဘဲ မောင်ပိုင်စီးသွားတာကို မြင်လိုက်ရတော့ သူက ဓါးပြတစ်ယောက်ထက်တောင်မှ ပိုပြီး ဓါးပြဆန်နေတာပဲလို့ တွေးမိသွားကြတော့သည်။ အဆင့်မြင့် သိမ်မွေ့နက်နဲ့လက်နက်နှစ်ခုအတွက် သူတို့ အဆုံးမှာ တစ်ကွက်လေးတောင် မတိုက်လိုက်ရဘဲ အခုလိုမျိုး သူတို့ရှိရှိသမျှ ရတနာတွေ အားလုံး ဆုံးရှုံးကြရမယ်ဆိုတာသာ သူတို့ကြိုသိခဲ့ရင် လှည့်ကိုကြည့်မှာမဟုတ်။ သူတို့ရဲ့ အလဲအလှယ်ကြီးက လုံးဝကြီးကို တန်မနေပါဘူးနော်။ ဒါပေမဲ့လည်း နောင်တဆိုတဲ့အရာအတွက် ဆေးမှမရှိတာ။
ကောင်းကင်အနားသတ်မြို့တော်တွင်းက အခြားပညာရှင်တွေလည်း သူတို့ကိုယ်သူတို့ ဒီ အဆင့်မြင့် သိမ်မွေ့နက်နဲလက်နက်နှစ်လက်ရဲ့ ဆွဲဆောင်မှုကို မခံလိုက်ကြရတဲ့အတွက် ကြိတ်ပျော်သွားကြတော့သည်၊ အဲ့လိုမှမဟုတ်ရင် သူတို့လည်း အဲ့လူတွေလိုမျိုး လေထဲမှာပဲ အဆုံးသတ်သွားကြမှာ။
"အဖုလေး၊ ကျန်တဲ့အပိုင်း မင်းနဲ့လွှဲလိုက်ပြီ။"
ဖုန့်ရှီ ဆယ်ယောက်လုံးဆီကနေ ရတနာတွေ အပိုင်သိမ်းပြီးနောက် သူက ပွဲကြည့်နေတဲ့ ကံဆိုးမှုနတ်ဘုရားကို ခေါ်လိုက်ပြီး တစ်ချိန်တည်းမှာပဲ သူ့လက်ကို မြှောက်လိုက်ကာ တောင်အကြီးအကဲယင်ရဲ့ မျက်နှာကို ခပ်ပြင်းပြင်း ရိုက်လိုက်သည်။ သူ့ရိုက်ချက်အားက မနည်းလှသည့်အတွက် ဖြန်းခနဲအသံနှင့်အတူ တောင်အကြီးအကဲယင်တစ်ယောက် ကောင်းကင်ထက်ကနေ ဇောက်ထိုးမိုးမျှော် လွင့်စင်သွားပြီး ကာလွမ်သလာရဲ့ ခြေရှေ့တည့်တည့် ပြုတ်ကျသွားသည်၊ သူတို့အတွက် အချိန်က တန့်နေသည့်အတွက်ကြောင့် မြေပေါ်ကျသွားတော့လည်း တောင့်တောင့်ကြီးပဲဖြစ်နေသည်။
ကံဆိုးမှုနတ်ဘုရားက သူ့သခင်ဘာလုပ်စေချင်တယ်ဆိုတာကို နားလည်သည့်အတွက် သူက တောင်အကြီးအကဲယင်ရဲ့ကိုယ်ပေါ် အကြိမ်အနည်းငယ် တက်ခုန်နေလိုက်သည်။ နှစ်တစ်ရာလောက် ကံဆိုးမှုတွေ သူ့ကိုယ်ထဲ လျောခနဲ ဝင်လာအပြီးလောက်မှာတော့ သူ ခုန်တာရပ်လိုက်သည်။ ဒါပေမဲ့ အဲ့တာပြီးပြီးချင်းပဲ ကောင်းကင်ကနေ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျလာတော့သည်။ ဖြန်းခနဲ စူးရှတဲ့အသံတို့နှင့်အတူ တောင်အကြီးအကဲယင်ရဲ့ရှေ့ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျလာခြင်းဖြစ်သည်။ သိပ်မကြာခင်မှာပဲ ကာလွမ်သလာနဲ့ အခြားသူတွေရှေ့ လူပုံထားတဲ့ တောင်ပုံသေးသေးလေးတစ်ခု ဖွဲ့တည်လာသည်။ ကံဆိုးမှုနတ်ဘုရားနှင့် စာအုပ်နတ်ဘုရားတို့က သူ့တို့အပေါ် ပျော်ရွှင်စွာဖြင့် တက်ခုန်နေလေ၏။
ဖုန့်ရှီက ပြုံးလိုက်ပြီး၊ "ကြည့်၊ ကျွန်တော် ခင်များတို့တွေကို ရိုက်တောင်မရိုက်နှက်ရသေးဘူး၊ ထိရုံလေးပဲထိလိုက်တာ။"
သူအဲ့စကားတို့ကို ပြောပြီးသည်နှင့် သူ့အောက်ကလူတွေအနေနှင့် နှုတ်ခမ်းတို့ တွန့်လိမ်မသွားဘဲ မနေနိုင်ကြတော့ချေ။
ဖုန့်ရှီတစ်ယောက် ရှင်းလင်းရေးလုပ်ပြီးနောက် ကောင်းကင်ထက် ကျန်နေခဲ့သူ တစ်ဦးတည်းသောသူကတော့ သီနိုမိသားစုရဲ့ လက်နက်သန့်စင်သူ ချင်းမင်ဖြစ်သည်။ ဖုန့်ရှီက သူ့ကို နောက်ဆုံးတကာ့ နောက်ဆုံးမှာ ထားရခြင်းက ဘာ့ကြောင့်လည်းဆိုတာကို လူအုပ်ကြီးအနေနှင့် ခန့်မှန်းဖို့တောင် မလိုချေ။
လက်နက်သန့်စင်သူ ချင်းမင် နောက်ဆုံးတော့ သူ ဘယ်လောက်တောင် မာကျောတဲ့သံပြားကို ကန်မိသွားတာလဲဆိုတာကို သဘောပေါက်သွားတော့သည်။ ကံဆိုးတာက သူ စကားမပြောနိုင်တာကြောင့် မျက်လုံးကိုသာ လှုပ်ရှားနိုင်နေသည်။
"လက်နက်သန့်စင်သူတွေမှာ ရတနာတွေ အများကြီးရှိတယ်လို့ ကြားဖူးတယ်!!" ဖုန့်ရှီက ချင်းမင်းနား လျှောက်လှမ်းသွားလိုက်ပြီး တောက်ပစွာ ပြုံးလိုက်သည်။ သူ့ရဲ့ ခုံးမျက်စ သုံးရက်လသဏ္ဍာန်မျက်လုံးတို့က ကလိမ်ကျစ်တို့ သိုဝှက်ထားတဲ့ ချစ်စရာ မြေခွေးငယ်လေးနဲ့ အလားသဏ္ဍာန်တူနေသည်။
ဖုန့်ရှီ တခြားသူတွေဆီကနေ ရတနာတွေ ရှာယူနေခဲ့တာကို ချင်းမင်က သဘာဝကျကျပင် မြင်ထားပြီးဖြစ်သည့်အတွက် သူ့စကားတို့ကို ကြားတော့ နဖူးထက်ကနေ ချွေးတစ်စက် ကျဆင်းသွားသည်...
20220917; 2134
Stay tuned for the next chapter:
157. The Biggest Misunderstanding in the World
🥰Thanks for reading, sharing, comments and votes.
—————————— 👀 —————————
အပိုင္း ၁၅၆။ ဓါးျပတစ္ေယာက္ရဲ့ ဆင့္ကဲျဖစ္စဥ္
သူ႔လက္ေမာင္းထဲက ေကာင္ေလးရဲ့ 'ေဒါသတႀကီး' ေၾကျငာခ်က္က ငရဲမင္းႀကီးကို ေပ်ာ္ရႊင္သြားေစသည္။ ဒါေပမဲ့ သူ႔အမူအယာကေတာ့ စိတ္မဝင္စားသလို၊ အေလးမထားသလို ျဖစ္ေနျမဲပင္။ ေခ်ာမြတ္လုံးဝိုင္းတဲ့ မ်က္ႏွာေလးကို သူ လွမ္းထိလိုက္ကာ၊ "ေကာင္းၿပီ။ အဲ့တာဆို ကိုယ္ေတာ္တို႔ သူတို႔ကို အလႊတ္မေပးဘူး။"
ဖုန့္ရွီက ခ်က္ခ်င္း ေပ်ာ္ရႊင္စြာျဖင့္ ေခါင္းညိတ္လိုက္သည္။ ေခါင္းေဆာင္က သေဘာတူလိုက္ၿပီဆိုကတည္းက ဘယ္အရာကမွ သူတို႔ကို တားဆီးလို႔ ရေတာ့မည္မဟုတ္!
"လူႀကီးမင္း၊ မင္းကိုယ္မင္း အရမ္းကို အထက္ကေန ေျပာေနတာပါလား။ ငါတို႔ကို အလႊတ္မေပးဘူးဆိုတာ ဘာကိုေျပာခ်င္တာလဲဆိုတာ ၾကည့္ခ်င္စမ္းပါဘိ!"
ခ်င္းမင္ဖိတ္ေခၚထားတဲ့လူက ဘုရင္ႀကီးတို႔က အားလုံးကို လုံးလုံးလ်ားလ်ား လ်စ္လ်ဴရွုထားတာကို ျမင္ရေတာ့ ူ႔အမူအယာတို႔က လ်င္လ်င္ျမန္ျမန္ကို အေတာ္ႀကီး မႏွစ္ၿမိဳ႕ဟန္ျဖစ္လာေတာ့သည္။ သူက ဘုရင္ႀကီးကို စိုက္ၾကည့္ေနသည္မွာ သူတို႔ႏွစ္ေယာက္လုံးကို အမဲဖ်က္ခ်င္ေနၿပီး အဆင့္ျမင့္သိမ္ေမြ႕နက္နဲလက္နက္ေတြ ႏွစ္ခုလုံးကို သူရယူပိုင္ဆိုင္ခ်င္သည္ကို မေစာင့္နိုင္ေတာ့သည့္အလားပင္။
အဲ့လူရဲ့အမည္ကေတာ့ ေတာင္အႀကီးအကဲ ယင္ျဖစ္ၿပီး အားလုံးထဲမွာ အသန္မာဆုံးက်င့္ႀကံသူျဖစ္သည္။ သူက အဆင့္နိမ့္ ေကာင္းကင္နတ္ဘုရားနယ္ပယ္ဆင့္ အဆင့္ငါး ေရာက္ရွိေနၿပီျဖစ္ကာ ခ်င္းမင္ထက္ သုံးဆင့္ ပိုျမင့္ကာ သူ႔ခြန္အားေၾကာင့္ သူ႔ပတ္လည္တြင္ ျမင့္မားသည့္ေလထုအေငြ႕အသက္တို႔ ဝိုင္းပတ္လို႔ေနသည္။ ဖုန့္ရွီနဲ႔ ငရဲမင္းႀကီးကို ရင္ဆိုင္ဖို႔ဆိုတာ သူ႔အတြက္ ထမင္းစား၊ ေရေသာက္ေလာက္လို လြယ္လြန္းလွသည္ဟု ခံစားရ၏။ အဲ့အတြက္ သူက လ်စ္လ်ဴရွုျခင္းခံလိုက္ရသည့္အခါမွာေတာ့ မႏွစ္ၿမိဳ႕သြားရတာျဖစ္သည္။
ခ်င္းမင္ေျပာတာကိုၾကားေတာ့ ဖုန့္ရွီက မ်က္လုံးလွန္လိုက္ကာ ေမးလိုက္သည္၊ "ဘယ္လိုနည္းလမ္းမ်ိဳးနဲ႔ အနိုင္ခံလိုက္ယူရတာကို မင္းအႀကိဳက္ဆုံးလဲ?"
"ဟမ့္! ေအာင္နိုင္သူဘယ္သူဆိုတာ မဆုံးျဖတ္ရေသးပါဘူး။ မင္းတို႔ ႏွစ္ေယာက္တည္းနဲ႔ ငါတို႔အားလုံးကို အနိုင္ယူနိုင္မယ္လို႔ မင္းေျပာခ်င္ေနတာလား? အိမ္မက္မက္ေနတာပဲ!" ေကာင္ေလးရဲ့ '႐ူးမိုက္မိုက္ စကား' တို႔ကို ၾကားၿပီးေနာက္ ေတာင္အႀကီးအကဲ ယင္ရဲ့ က်ဥ္းေျမာင္းတဲ့ မ်က္လုံးတို႔က ခ်က္ခ်င္းပင္ ေဒါသတို႔ျဖင့္ ျပည့္ႏွက္သြားေတာ့သည္။ သူ႔ရဲ့ေမွးေတးေတးမ်က္လုံးတို႔က အပစ္သားေျမေခြးတစ္ေယာက္လိုမ်ိဳး သ႑ာန္တူကာ သူ႔ေနာက္ေက်ာက ေမွာင္မိုက္တဲ့ညအေရာင္တို႔ေၾကာင့္ သူ႔ကို ပိုလို႔ေတာင္မွ ေၾကာက္မက္ဖြယ္ဟန္ပန္ ပိုေပါက္သြားေစ၏။
"ေတာင္အႀကီးအကဲ ယင္၊ အဓိပၸါယ္မရွိတာေတြ ေတာ္သင့္ၿပီ။ သူတို႔ကို အရင္ သတ္လိုက္ၾကစို႔။" ခ်င္းမင္က ေကာင္းကင္သို႔ ဆတ္ခနဲ ထပ်ံသန္းလိုက္ကာ ေတာင္အႀကီးအကဲ ယင္ရဲ့အေနာက္ ေျခလွမ္းအနည္းငယ္အကြာမွာ ရပ္လိုက္ၿပီး ဖုန့္ရွီကို ေအးစက္စြာ စိုက္ၾကည့္လိုက္သည္။ ေအးစက္မွုတို႔အျပင္ သူ႔မ်က္ႏွာထက္ ေဒါသရိပ္တို႔ကလည္း သမ္းစြက္လို႔ေန၏။ သူ႔အမူအယာကို ထိန္းတဲ့ေနရာမွ အေတာ္ႀကီးကို တစ္ဖက္ကမ္းခတ္ေနတယ္ဆိုတာ ရွင္းရွင္းလင္းလင္း သိနိုင္သည္ပင္။
"စိတ္မပူပါနဲ႔ မစ္စတာခ်င္းမင္၊ ငါ သူတို႔ကို အေျပးမခံပါဘူး။"
ေတာင္အႀကီးအကဲယင္ ေျပာၿပီးသည့္ေနာက္ သူ႔နားအနား ႐ုတ္တရက္ အသံတစ္သံ ထြက္ေပၚလာ၏။ ခ်င္းမင္က သူ႔ထံ တိတ္တဆိတ္ အသံျဖင့္ ဆက္သြယ္ေျပာၾကားလိုက္ျခင္းျဖစ္သည္၊ "ေတာင္ အႀကီးအကဲယင္၊ ကၽြန္ေတာ္တို႔ စတိုက္ၿပီဆိုတာနဲ႔ ဟိုတစ္ေယာက္ကို ခ်ဳပ္ထားၿပီး အနီနဲ႔ေကာင္ေလးနဲ႔ လူခ်င္းကြဲသြားေအာင္ လုပ္လိုက္။ အဲ့အခ်ိန္ ကၽြန္ေတာ္က ေကာင္ေလးကို ဝင္သတ္မယ္။ ခင္မ်ားအတြက္ အက်ိဳးအျမတ္ မေလ်ာ့နည္းေစရပါဘူး။"
"ေကာင္းၿပီေလ" ေတာင္အႀကီးအကဲ ယင္က တုံ႔ဆိုင္းမွုမရွိဘဲ တုန့္ျပန္လိုက္သည္။ ဒီအေျခအေနကို သူ ဝင္စြက္ၿပီးမွေတာ့ သူဘာပဲလုပ္လုပ္ ရလဒ္ကေတာ့ အတူတူပဲျဖစ္မွာပင္။
ႏွစ္ဦးသား အစီအစဥ္ကို တိတ္တဆိတ္တိုင္ပင္ေဆြးေႏြးလိုက္ၾကကာ သူတို႔ေျပာတာ ဘယ္သူမွ မၾကားဟု ထင္လိုက္ၾကသည္။ သူတို႔မသိသည္က ငရဲမင္းႀကီးထံကေန အသံကူးေျပာင္းဆက္သြယ္ခ်က္ကို ဖုံးကြယ္ထားလို႔မရနိုင္ဘူးဆိုသည္ပင္။ သူ႔သိစိတ္ကို အနည္းငယ္ေလာက္ေလးပဲ ဆန့္ထုတ္ဖို႔လိုအပ္ၿပီး သူတို႔ေျပာသမၽွအကုန္လုံး လုံးေစ့ပတ္ေစ့ အပ္က်မတ္က် အကုန္ သိနိုင္၏။
ငရဲမင္းႀကီးက သူတို႔ကို လ်စ္လ်ဴရွုလိုက္ၿပီး သက္ေတာင့္သက္သာအမူအယာတို႔ျဖင့္ ေကာင္ေလးရဲ့လက္ေသးေသးေလးေတြကို ကိုင္လိုက္ကာ၊ "ရွီ သူတို႔ကို သင္ခန္းစာတစ္ခု ေပးခ်င္သလား?"
"အင္းေပါ့၊ ကၽြန္ေတာ္ေပးခ်င္တယ္! အထူးသျဖင့္ အဲ့ခ်င္းမင္ဆိုတဲ့သူကို။ ေခါင္းေဆာင္မွာ နည္းလမ္းေကာင္းတစ္ခု ရွိေနလား?" ဖုန့္ရွီရဲ့ မ်က္လုံးတို႔က ခ်က္ခ်င္းလက္သြားေတာ့သည္။
ငရဲမင္းႀကီးက ပိုလို႔တိုးကပ္သြားကာ ဖုန႔္ရွီကို တီးတိုးေျပာလိုက္၏။ ဖုန့္ရွီ နားေထာင္ၿပီးၿပီးခ်င္းကို စတင္ ရယ္လိုက္ေတာ့သည္။ သူ ဘုရင္ႀကီးကို လက္မႀကီးႀကီး ေပးေတာ့မယ့္အခ်ိန္မွာပဲ ေတာင္အႀကီးအကဲယင္က ႐ုတ္တရက္ 'တိုက္!' ဟု ေအာ္လိုက္သည္။ ပစ္ခြင္းလိုက္တဲ့ ျမႇားေတြအလား လူတိုင္းက လက္နက္ကိုယ္စီျဖင့္ ခ်က္ခ်င္းပဲ သူတို႔ထံ ေျပးဝင္တိုက္ခိုက္ေတာ့သည္။ သူတို႔ရဲ့ ေအာ္သံတို႔က ရလဒ္ကို ထင္ဟပ္ေနသည့္အလား ျပင္းျပတဲ့ေသြးဆာမွုတို႔က သူတို႔ပတ္လည္က ေလထုထဲ ျပည့္ႏွက္လို႔သြားေတာ့သည္။
ငရဲမင္းႀကီးက သူ႔ေခါင္းကို ေမာ့ၾကည့္လိုက္ၿပီး သူ႔နဖူးထက္က ေငြေရာင္ေက်ာက္မ်က္ထံမွ ေတာက္ပတဲ့ေငြေရာင္အလင္းတန္းတစ္ခု ေလထုထဲ ပစ္ခြင္းသြားေတာ့သည္။ အဆုံးမဲ့စြမ္းအားတို႔က ပြင့္အံလာကာ သူတို႔ပတ္လည္ ပ်ံ႕ႏွံ့သြားေလ၏။ အဝတ္ပိုင္းတစ္စေပၚက ေၾကတြန့္ရာေတြလိုမ်ိဳး ေလက တစ္စစီၿပိဳကြဲသြားကာ ေကာင္းကင္အနားသတ္ၿမိဳ႕ တစ္ၿမိဳ႕လုံးကလူတိုင္းနီးပါး ထိုခြန္အားကို ခံစားမိသြားၾကသည္။ ရဲေသြးသတၱိ အားအနဲငယ္နည္းသူေတြက ေျမႀကီးေပၚ ဒူးေထာက္ညႊတ္က်သြားၿပီး ထမလာနိုင္ၾကေတာ့ေခ်။ ေလလွိုင္းက အျပင္ဘက္ပ်ံ႕ထြက္သြားသည္ႏွင့္ ေတာင္အႀကီးအကဲယင္ႏွင့္ အျခားသူေတြ၏ ကိုယ္ခႏၶာေရာ မ်က္ႏွာထက္္မွာပါ အံ့ဩထိတ္လန့္တုန္လွုပ္သြားမွုတို႔က ထင္းခနဲျဖစ္သြားေတာ့သည္။
"ဒါက ငရဲမင္းႀကီးရဲ့ ခြန္အားကိုး!" ေလာင္နန္ရွုနဲ႔ အျခားသူေတြ အံ့ဘနန္းေၾကာင္အမ္းသြားကာ မ်က္လုံးျပဴက်ယ္ဝိုင္းစက္သြားၾကသည္။ သူတို႔က ေကာင္းကင္ထက္က ငရဲမင္းႀကီးကို မ်က္ေတာင္တစ္ခ်က္ေတာင္မခတ္ဘဲ ေငးေနျခင္းျဖစ္သည္။
ေအာက္ကလူေတြရဲ့ အထိတ္တလန့္ေငးၾကည့္ေနမွုေအာက္မွာ ငရဲမင္းႀကီးက လက္ကို ေျဖးညႇင္းစြာ မလိုက္ၿပီး ေအးစက္ကာ အေလးမစိုက္မွုအျပည့္ျဖစ္ေနတဲ့ အသံျဖင့္ ေျပာလိုက္သည္၊ "အခ်ိန္ — ရပ္!" သူ႔စကားလုံးတို႔ေနာက္ ေနရာလြတ္က တြန့္ေၾကာင္းတို႔ ႐ုတ္တရက္ ျဖာထြက္လာၿပီး တမဟုတ္ခ်င္းပင္ ငရဲမင္းႀကီးႏွင့္ မီတာတစ္ရာပတ္လည္က လူတိုင္းေပၚကို ဖုံးလႊမ္းသြားသည္။ ခ်င္းမင္ႏွင့္ ေတာင္အႀကီးအကဲယင္တို႔ ခ်က္ခ်င္း လွုပ္ရွားမွုရပ္တန့္သြားၾကၿပီး သူတို႔မ်က္ႏွာထက္က အမူအယာတို႔က သူတို႔ ဆိုးဝါးထိတ္လန့္ေနတဲ့အေနအထားမ်ိဳးမွာ ရပ္တန့္ေနတာျဖစ္သည္။ လူတိုင္း သူတို႔ရဲ့အျပဳအမူအတြက္ ေနာင္တရသြားၿပီျဖစ္သည္။
ေျမျပင္ေပၚက ကာလြမ္သလာႏွင့္ အျခားသူေတြကေတာ့ သက္ေရာက္မွု မခံၾကရေခ်။ အဲ့အတြက္ေၾကာင့္ သူတို႔က ဘုရင္ႀကီးနဲ႔ ဖုန့္ရွီတို႔ကို ဝိုင္းတိုက္ခိုက္ေနတဲ့ ဆယ္ေယာက္ေလာက္ေသာ ပညာရွင္တို႔ တစ္ေယာက္ၿပီးတစ္ေယာက္ ရပ္တန့္သြားတာကို သူတို႔ မ်က္ျမင္ဒိဌ ေတြ႕လိုက္ၾကရသည္။ သူတို႔အားလုံး မလွုပ္နိုင္ မရွားနိုင္ျဖစ္ေနၾကကာ သူတို႔အမူအယာေတြကလည္း ေနာက္ဆုံးအေျခအနမွာတင္ ရပ္တန့္သြားၾကတာျဖစ္သည္။ သူတို႔မ်က္ႏွာထက္ ေဖာ္မျပနိုင္ေလာက္ေအာင္ ႀကီးမားတဲ့အေၾကာက္တရားႏွင့္ ေနာင္တတို႔က ထင္ဟပ္ေနသည္။ ဆယ္ေယာက္ေလာက္ေသာ ပညာရွင္ေတြက သူတို႔ လွုပ္ေတာင္မလွုပ္နိုင္ေလာက္ေအာင္ကို ရပ္တန့္သြားၾကျခင္းျဖစ္သည္။ ဒီခြန္အားက ေကာင္းကင္အနားသတ္ၿမိဳ႕ကလူတိုင္းကို အံ့အားသင့္သြားေစသည္။
"ဘုရင္ႀကီးက အခ်ိန္ကို ထိန္းခ်ဳပ္နိုင္မယ္လို႔ ငါ လုံးဝထင္မထားခဲ့မိဘူး။" ေလာင္နန္ရွုက မေနနိုင္ေတာ့ဘဲ အသက္ခပ္ျမန္ျမန္ရွုလိုက္ေတာ့သည္။
ေကာင္းကင္ဘုံဥပေဒေအာက္မွာ ဥပေဒသေတြ ဆယ္ႏွစ္ခု ဒါမွမဟုတ္ အဲ့နားပတ္လည္ေလာက္ ဥပေဒသေတြ ရွိသည္။ အဲ့ထဲကမွ အခ်ိန္ထိန္းခ်ဳပ္ျခင္းႏွင့္ ေနရာလပ္ထိန္းခ်ဳပ္ျခင္းတို႔က စြမ္းအားအႀကီးဆုံးျဖစ္ၿပီး မတြန္းခံနိုင္ဆုံးလည္းျဖစ္သည္။ တစ္စုံတစ္ေယာက္က အဲ့ဥပေဒသႏွစ္မ်ိဳးကို ထိန္းခ်ဳပ္နိုင္မယ္ဆိုရင္ တစ္ေလာကလုံးမွာ သူနဲ႔ ေျခရာျခင္းယွဥ္နိုင္မယ့္သူ လုံးဝရွိနိုင္မည္မဟုတ္ေခ်။ အဆင့္တူနယ္ပယ္ဆင့္အခ်င္းခ်င္းၾကား ၿပိဳင္ရင္ အဲ့အစြမ္းေတြ ပိုင္ဆိုင္ထားသူတို႔က လုံးဝရွုံးမွာမဟုတ္။ ဒါေပမဲ့ အဲ့အစြမ္းတို႔ကို ထိေတြ႕ဖို႔
You are reading the story above: TeenFic.Net