155. Can't Let Them Go

Background color
Font
Font size
Line height

အပိုင်း ၁၅၅။ အလွှတ်မပေးနိုင်ဘူး

ပြင်းအားက ပြင်းထန်လွန်းလှသည့်အတွက် ကောင်းကင်အနားသတ်မြို့တော်တွင်းက သိုင်းပညာရှင်တွေအားလုံး ထိတ်လန့်သွားကြရ၏။

ဒါပေမဲ့ ဘာဖြစ်သွားတာလဲဆိုတာကို သူတို့ မစစ်ဆေးရသေးခင်မှာပင် အကြီးစားပေါက်ကွဲမှုအသံကြီးတစ်သံကို ကြားလိုက်ကြရသည်။ လူတိုင်း ပြေးထွက်ကြည့်လိုက်ကြတော့ မြစိမ်းရောင်နဂါးတည်းခိုခန်းရဲ့ အခန်းတစ်ခန်းက အပိုင်းပိုင်းအစစ ဖြစ်သွားတာကို သူတို့ တွေ့လိုက်ကြရသည်။ နံရံတွေ၊ ကျောက်ပြားတွေ အမိုးတွေ အားလုံး မွစာကြဲသွားပြီး အနီးအနားပတ်လည်က အဆောက်အဦးတွေကိုပါ သက်ရောက်မှုဖြစ်သွားခြင်းဖြစ်သည်။

မြစိမ်းရောင်နဂါးတည်းခိုခန်းက ကောင်းကင်အနားသတ်မြို့တော်က အစည်ကားဆုံးနေရာမှ တည်ရှိတာဖြစ်တဲ့အတွက် လူအတော်များများက ပွဲကြည့်ဖို့ ထွက်လာကြကာ စပ်စုကြတော့သည်။ နေ့ခင်းတုန်းက ဖြစ်ပျက်သွားတဲ့အကြောင်းအရာတွေကို သူတို့ကြားခဲ့ကြပြီးဖြစ်တာကြောင့် သူတို့ သေချာတွေးကြည့်လိုက်ကြတော့ အရမ်းကြီးတော့ ထိတ်လန့်မသွားခဲ့ကြပေ။ သတ္တုတွင်းကို လက်မလွှတ်နိုင်တဲ့ တစ်စုံတစ်ယောက်က ပြန်လှည့်လာပြီး ပြဿနာရှာတာလို့ သူတို့ ယူဆလိုက်ကြပေမဲ့ အဲ့လောက်ကြီး ကြီးကြီးမားမား ပြဿနာရှာလိမ့်မယ်လို့တော့ သူတို့ တွေးထင်မထားခဲ့ကြချေ။

"ဘာဖြစ်တာလဲ?"

လောင်နန်ရှုက တည်းခိုခန်းထဲကနေ အပြေးထွက်သွားပြီးနောက် ကာလွမ်သလာက ရပ်ပြီး တည်းခိုခန်းအပေါ်ကို အေးစက်တဲ့အကြည့်တို့နဲ့ စိုက်ကြည့်နေတာကို မြင်သွားတာကြောင့် လောင်နန်ရှုလည်း မော့ကြည့်လိုက်တော့ လေထဲမှာ အနက်ရောင်အရိပ်တစ်ခုက ရပ်နေပြီး ဝန်းကျင်တစ်ခွင်လုံးကို ခြိမ်းခြောက်တဲ့အရှိန်အဝါတွေ ထုတ်လွှတ်နေတာကို သူတွေ့လိုက်ရသည်။ အကွာအဝေးကြောင့် လောင်နန်ရှု အဲ့လူရဲ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေမဲ့လည်း အဲ့လိုအရှိန်အဝါတွေအရ အနိမ့်တန်းကောင်းကင်နတ်ဘုရားနယ်ပယ်ဆင့်ရောက်နေတဲ့ ပညာရှင်တစ်ယောက်ဖြစ်လိမ့်မည်။

"မသိဘူး" ကာလွမ်သလာက တည့်တိုးပဲ ဖြေလိုက်သည်။ သူလည်းပဲ အခုလေးတင် အရိပ်ကို မြင်လိုက်ရခြင်းပင်။

"ငါ့ခေါင်းထဲ နာမည်တစ်ခုပေါ်လာတယ်လို့ ငါထင်တယ်။" လောင်နန်ရှုနဲ့ ကာလွမ်သလာတို့ ထွက်လာတာကို မြင်တော့ ဟွမ်ရဲနဲ့ ကျုံးဝူချင်းတို့က လူအုပ်ထဲကနေ လျှောက်လှမ်းထွက်လာ၏။

"ဘယ်သူလဲ?"

လောင်နန်ရှုက အဲ့လူဟာ ဘုရင်ကြီးဆီလာတာဖြစ်မယ်လို့ ယူဆလိုက်သည်။ အခုလောလောဆယ်မှာ သီနိုမိသားစုက ပညာရှင်တွေကလွဲရင် ဘုရင်ကြီးအပေါ် နက်နက်ရှိုင်းရှိုင်း အမုန်းတရား ထားမည့်သူ မရှိ၊ ဘာမပြောညာမပြောနဲ့ တိုက်ရိုက်ကြီး တိုက်ခိုက်မယ့်သူ ရှိမှာမဟုတ်ပေ။ ပြီးတော့ သီနိုမိသားစုက မြစိမ်းရောင်နဂါးတောင်တန်းတွေနဲ့ သိပ်မဝေးတဲ့နေရာမှာနေတာကြောင့် အဲ့မိသာစုကလူက ဘုရင်ကြီးကို လက်စားလာချေမှာမျိုးဆိုလျင် အခုချိန်က အကောင်းဆုံးအချိန်ဖြစ်သည်။ ဒါပေမဲ့လည်း လောင်နန်ရှုက သီနိုမိသားစုဝင်တွေကို သိပ်မသိတာကြောင့် အနက်ရောင်အရိပ် ဘယ်သူဆိုတာကို သူ မမှန်းဆနိုင်ဖြစ်နေခြင်းပင်။

ဟွမ်ရဲတို့ ကောင်းကင်စိတ်ကူးမိသားစုက သီနိုမိသားစုနဲ့ ပြိုင်ဘက်တွေဖြစ်တာကြောင့် သီနိုမိသားစုအကြောင်းကို သူက အခြားသူတွေထက် ပိုသိခြင်းဖြစ်သည်။

"ငါထင်တာမှန်မယ်ဆိုရင် အဲ့တာ သီနိုမိသားစုခေါင်းဆောင်ရဲ့ညီ ချင်းမင်ဖြစ်လိမ့်မယ်။ သူက ဟိုးနှစ်ပေါင်းများစွာကတည်းက ပေါ်ထွက်လာခဲ့တဲ့ သူ့ကိုယ်သူသာ အထင်ကြီးပြီး မောက်မာတဲ့လူ။ သီနိုမိသားစုခေါင်းဆောင်နဲ့မတူတာက ချင်းမင်က သူ့မိသားစုပိုင်ဆိုင်မှုအပေါ် ဘာစိတ်ဝင်စားမှုမှမရှိဘူး၊ မှော်ပစ္စည်းတွေသန့်စင်ဖို့ရာမှာပဲ စိတ်နှစ်မြှုပ်နှံထားတဲ့သူစား။ သီနိုမိသားစုက သူမရှိဘဲနဲ့ ခုလောက် အောင်မြင်မှုတွေ ရမှာမဟုတ်ဘူး။ အဲ့တာကြောင့် သူ့နေရာ သူ့ရာထူးက တကယ်တမ်းတော့ သီနိုမိသားစုခေါင်းဆောင်ထက် ပိုမြင့်တယ်။ ဒါပေမဲ့ သူက မှော်ပစ္စည်းတွေသန့်စင်တာအပေါ် အရမ်းကို စိတ်ရောကိုယ်ပါ မြှုပ်နှံထားပေမဲ့လည်း ကာလွမ်သလာ သတ်လိုက်တဲ့ သူ့အစ်ကိုရဲ့သား ယောင်းကျုံသီနို ကိုတော့ သူက အတော်ချစ်တယ်။ အဲ့တာကြောင့် သူက သူ့တူအတွက် လက်စားချေဖို့ ဒီကိုရောက်လာတာဖြစ်ရမယ်။"

"ချင်းမင်းသီနိုက ကောင်းကင်နတ်ဘုရားနယ်ပယ်ဆင့်ပညာရှင်တစ်ယောက်တင်မကဘူး အဆင့်ရှစ် နတ်ဘုရားမီး သန့်စင်သူတစ်ယောက်လည်းဖြစ်တယ်။" ဟွမ်ရဲရဲ့ မိတ်ဆက်စကားကိုကြားတော့ လောင်နန်ရှုက အဲ့လူနဲ့ပတ်သက်တဲ့တစ်စုံတစ်ရာကို သွားအမှတ်ရသွားတော့သည်။

"မှန်တယ်၊ ဒါပေမဲ့ အဲ့တာက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းက ဖြစ်ခဲ့တာ။ အခုက သူ့သန့်စင်အဆင့် မြင့်သွားပြီလားဆိုတာကို ငါ့မိသားစုတွေတောင်မှ မသိဘူး။ တကယ်လို့ မြင့်သွားပြီဆိုရင် ဂူနီလာကုန်သည်ကြီးများအသင်းအတွက် ဆိုးကျိုးတစ်ခုပဲ။" ဟွမ်ရဲက ခေါင်းညိတ်လိုက်သည်။

ကျုံးဝူချင်းက ပြုံးကာ၊ "သူက မပြင်မဆင်ဘဲ လာလက်စားချေမယ်လို့တော့ မထင်ဘူးနော်"

"မပြင်မဆင်ဘဲဖြစ်ဖြစ်၊ ယုံကြည်မှုရှိရှီနဲ့လာတာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး၊ ရလဒ်က တူတူပဲဖြစ်မှာ။" ကာလွမ်သလာက မြင့်တက်လာတဲ့ သတ်ဖြတ်ချင်ရိပ်တို့နှင့်အတူ သူ့ဓါးကို ပွတ်တိုက်လိုက်သည်။

"မှန်တယ်။" ကျုံးဝူချင်းနဲ့ တခြားသူတွေက အချင်းချင်းကြည့်ကာ ပြုံးလိုက်ကြသည်။

"အာ၊ သေစမ်း... ငါ မြောက်သွားတော့မလို့။ ဘယ်သူက အရမ်းမိုက်ကန်းတာလဲ? ငါတို့အိပ်နေတဲ့အချိန်ကြီးကိုမှ သူတို့တွေက ဘာလို့ ရောက်လာဖို့ ရွေးချယ်ခဲ့ကြတာလဲ?"

အဲ့လူတွေ စကားပြောလို့ဆိုလို့ ပြီးသွားတဲ့အချိန်မှာပဲ စာအုပ်နတ်ဘုရားနဲ့ ကံဆိုးမှုနတ်ဘုရားတို့က တစ်ကိုယ်လုံး ဖုန် တစ်လုံးလုံးနဲ့ တည်းခိုခန်းထဲကနေ မကျေမနပ်မျက်နှာပေးတို့ဖြင့် အပြေးထွက်လာကြသည်။။ ကာလွမ်သလာနဲ့ အခြားသူတွေက အဲ့မှာ ရပ်နေကြတာကို မြင်တော့ နတ်ဘုရားနှစ်ပါးက တောက်ပတဲ့အပြုံးတို့နဲ့ အပြေးသွားလိုက်ကြပြီးနောက် မေးခွန်းတွေ စတင် အမေးထုတ်တော့သည်။

"မင်းတို့မျက်လုံးကို ဖွင့်ကြည့်လိုက်၊ တွေ့လိမ့်မယ်။" ကာလွမ်သလာက သူတို့ရဲ့ အဓိပ္ပါယ်မရှိပွါးတာတွေကို ချက်ချင်းပင် ကြားဖြတ်ချလိုက်သည်။

စာအုပ်နတ်ဘုရားက ကာလွမ်သလာရဲ့ စိတ်တိုတတ်မှုကို သိတာကြောင့် သူ့နှာခေါင်းကိုသာ ပွတ်လိုက်ကာ ဘာမှ ထပ်မမေးတော့ချေ။ အဲ့နောက် သူက ခေါင်းမော့ကြည့်လိုက်တော့ လေထဲရပ်နေတဲ့သဏ္ဍာန်တစ်ခုကို မြင်သွားတော့သည်။ အဲ့အပြင် သူတို့က ဘုရင်ကြီးနဲ့ ဖုန့်ရှီတို့ကို မမြင်ရသေးတာကြောင့် နတ်ဘုရားနှစ်ပါးက ထပ်ပြီး အမေးထုတ်တော့မယ့်အချိန်မှာပဲ ခပ်ပြတ်ပြတ် အုတ်အုတ်အသံတစ်သံ ကောင်းကင်ကနေ ထွက်လာသည်။

"သူရဲဘောကြောင်တဲ့သူလိုမျို ပုန်းမနေနဲ့။ မင်းမသေဘူးဆိုတာ ငါသိတယ်။ လာကိုယ်ထင်ပြချေ!" ချင်းမင်က ရေခဲတမျှအေးစက်တဲ့မျက်နှာထားနဲ့ ဘေးဘီဝဲယာကို ထက်ရှတဲ့မျက်လုံးတို့နှင့်ကြည့်ကာ ပြောလိုက်သည်။ ကံဆိုးတာက ဘုရင်ကြီးကို ဘယ်မှာမှ ရှာမတွေ့တာကြောင့် သူ့မျက်နှာက ညိုပုတ်လာတော့သည်။

"အိုး.." နက်မှောင်နေတဲ့ ကောင်းကင်ထက် သက်ပျင်းချသံတစ်သံ ထွက်ပေါ်လာသည်။

ချင်းမင်က ရက်စက်တဲ့အကြည့်တို့နဲ့ ချက်ချင်းပင် မျက်လုံးအစုံ ပြူးကျယ်သွားပေမဲ့ ဘုရင်ကြီးနဲ့ ဖုန့်ရှီကို သူ လုံးဝ ရှာမတွေ့နိုင်သေးချေ။

"တကယ်တော့... ငါတို့တွေက မင်းအနောက်မှာရပ်နေခဲ့တာ အတော်ကြာနေပြီ။ မင်း သတိမထားမိဘူးလား? အိုး၊ ဆောရီး၊ ငါမေ့သွားတယ်။ မင်းနောက်ကျောမှာ မျက်စိမှ မပါတာ။" ပေါ့ပါးပေမဲ့ အခြားသူတွေကို ဆိုးရွားတဲ့ခံစားချက်တို့ ပေးစွမ်းစေတဲ့အသံက ထပ်မံထွက်ပေါ်လာသည်။

ချင်းမင် ထိတ်လန့်သွားကာ နောက်လှည့်မကြည့်ဘဲ နောက်ပြန် တိုက်လိုက်၏။ တချိန်တည်းမှာပဲ ရှေ့ကို ခြေဆယ်လှမ်းလောက် တိုးလိုက်ပေမဲ့ သူ လှည့်ကြည့်လိုက်တော့ သူ ဘယ်သူ့ကိုမှ တိုက်ခိုက်မိလိုက်ရဘဲ တိုက်ကွက်က လေထဲမှာပဲ ပျောက်ကွယ်သွားတာကို သူတွေ့လိုက်ရသည်။ သူ့မျက်နှာပေါ်က အကြည့်တို့က တမဟုတ်ချင်းပင် ညိုမှောင်လာသည်။ အဲ့နောက်မှာတော့ ကောင်လေးရဲ့ လေသံသဲ့သဲ့အသံက ထပ်မံထွက်ပေါ်လာပြန်သည်။

"လူကြီးလူကောင်းတစ်ယောက်က လျှာကိုသုံးတယ်၊ လက်သီးမသုံးဘူး။ ငါတို့တွေ အဲ့တာကို ဆွေးနွေးနိုင်ပါတယ်။ စိတ်ဆိုးတာက မင်းကို အရေးအကြောင်းတွေ ပိုဖြစ်စေတယ်လေ။"

"ထွက်လာ! ထွက်လာစမ်း!" ချင်းမင်က သူ့ပတ်လည်မှာ အမှောင်ထုပဲရှိနေခြင်းအပေါ် ကြောက်စိတ်ရိပ်ရိပ်ခံစားသွားရမှုနှင့် အကူအညီကင်းမဲ့သွားမှုတို့အပေါ် ဆက်မသည်းခံနိုင်တော့ချေ။ သူ့ရန်သူက သူ့အနီးအနားမှာပေမဲ့ သူတို့ ဘယ်မှာဆိုတာကို သူ ခံစားလို့မရဘူးဖြစ်နေတာကြောင့် သူ့ကို ပိုပို စိုးရိမ်စိတ်ဖြစ်လာစေသည်။ သူ ဒီလိုခံစားချက်မျိုး မဖြစ်ပေါ်ခဲ့တာ အတော်ကြာပြီဖြစ်သည်။

"ကောင်းပြီလေ၊ မင်းက ငါတို့ကို လိုလိုလားလားဖိတ်ခေါ်မှတော့ ငါတို့ ပေါ်လာပေးပါ့မယ်။ လန့်မသွားနဲ့နော်၊ ငါတို့တွေက အရမ်းကို လန့်စရာကောင်းလို... တကယ်တော့ ငါတို့တွေက အခု မင်းအနောက်ကျောတည့်တည့်မှာပဲ!"

ချင်းမင်က လှည့်လိုက်တော့ အဖြူရောင်မီးလက်သီးတစ်လုံးက သူ့မျက်နှာကို မိတ်ဆက်သွားသည်။ ကြီးမားတဲ့ ရိုက်ချက်ကြီးကြောင့် သူ တန်းတန်းမတ်မတ်ကြီးကို အဝေးလွင့်စင်သွားတော့၏။

ချင်းမင်ရဲ့မျက်နှာက အထိတ်တလန့်ဖြစ်သွားတော့သည်။ သူ အနည်းငယ်နောက်ကျပြီးမှ တုန့်ပြန်လိုက်တာဆိုပေမဲ့ သူနဲ့အတူ ကာကွယ်ရေးလက်နက် ပါလာတာဖြစ်တဲ့အတွက် အခုလိုမျိုး အတိုက်ခိုက်တော့ မခံရသင့်ဘူးလေ။ သူက လက်နက်သန့်စင်သူတစ်ယောက်၊ အဲ့တာကြောင့် သူ့ကိုယ်သူအတွက် ကာကွယ်ရေးသံချပ်ကာတစ်ခု သန့်စင်ဖို့ဆိုတာ ခက်ခဲတာမှမဟုတ်တာ။ ဒါပေမဲ့ သူ့ရန်သူက လက်သီးတစ်လုံးတည်းနဲ့ သူ့အကာအကွယ်ကို ချိုးဖျက်လိုက်ခြင်းပင်။ ပြီးတော့ သူ ကောင်လေးတစ်ယောက်ရဲ့အသံကို ကြားလိုက်ရသလိုပဲ၊ ကောင်လေးတစ်ယောက်က သူ့ကာကွယ်ရေးသံချပ်ကာကို ဖျက်ဆီးနိုင်လိမ့်မယ်လို့ သူမယုံနိုင်ဖြစ်နေသည်။

ချင်းမင်က ကြယ်ကြွေတစ်စင်းလို ပျက်ဆီးနေတဲ့တည်းခိုခန်းဆီ ပစ်အလွှင့်ခံလိုက်ရကာ မြေကြီးပေါ် တွင်းနက်ကြီးတစ်ခု ဖြစ်တည်သွားတော့၏။

ချင်းမင် အပျက်အဆီးအပုံကြားကနေ ထလျှောက်လာပြီးနောက် ကောင်းကင်ထက်က ပုံသဏ္ဍာန်နှစ်ခုကို သတ်ဖြတ်ချင်ငွေ့တို့ဖြင့် ကြည့်လိုကသည။ သူ့ရဲ့ မာကျောတောင့်တင်းနေတဲ့ မျက်နှာက လုံးဝကို တွန့်လိမ်သွားခြင်းနှင့်အတူ ဒေါသဖြေဖျောက်လိုက်သလိုမျိုး အော်ဟစ်လိုက်တော့သည်၊ "သူတို့ကို သတ်နိုင်တဲ့ဘယ်သူ့ကိုမဆို အလယ်လတ်အဆင့် သိမ်မွေ့နက်နဲလက်နက်နှစ်လက်ကို လက်ဆောင်အဖြစ်ပေးမယ်လို့ ကောင်းကင်အနားသတ်မြို့တော်တွင်းက ပညာရှင်တွေအားလုံးကို သီနိုမိသားစုကိုယ်စား ငါ ကတိပေးတယ်။"

"ဖူး၊ ချင်းမင်၊ မင်းက အဆင့်ရှစ် လက်နက်သန့်စင်သမားတစ်ယောက်ပဲ ဖြစ်သေးတာပဲ၊ အဆင့်မြင့်ဆုံး အရည်အသွေးဖြစ်တဲ့ သိမ်မွေ့နက်နဲအဆင့် အလယ်လတ်တန်းစားလက်နက်တစ်လက်ကို ဘယ်လိုလုပ် သန့်စင်နိုင်မှာလဲ? မင်း အဆင့်ကိုး၊ ဒါမှမဟုတ် အဆင့်တစ်ဆယ် သန့်စင်သူတစ်ယောက် ဖြစ်မလာသေးသ၍ပေါ့။"

တစ်ခဏလောက် တိတ်ဆိတ်သွားပြီးနေက အသက်ကြီးကြီး မှုန်ဝါးဝါးအသံတစ်သံက ထွက်ပေါ်လာသည်။

တစ်စုံတစ်ယောက်က တုန့်ပြန်မှုပြုပြီဖြစ်တာကြောင့် တစ်ယောက်ပြီးတစ်ယောက် ပဲ့တင်ထပ်အောင် ပြောဆိုနေကြတော့သည်။ အဆင့်မြင့်ဆုံး အရည်အသွေးရှိတဲ့ အလယ်လတ်တန်းစား သိမ်မွေ့နက်နဲလက်နက်တစ်လက်က သူတို့အတွက်တော့ ကြီးမားတဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်သည်။ အဆင့်မြင့်ဆုံးအရည်အသွေးရှိတဲ့ သတ္တုကြောသတင်းကြောင့် ကောင်းကင်အနားသတ်မြို့တော်က အခု အစွမ်းထက် ကျင့်ကြံသူတွေ အပြည့်ဖြစ်လို့နေသည်။ ပညာရှင်အများစုက ဒီတစ်လောအတွင်းမှ ရောက်လာကြခြင်းဖြစ်ကာ အချို့က ကောင်းကင်နတ်ဘုရားနယ်ပယ်ဆင့် ကျင့်ကြံသူတွေတောင်မှ ပါသည်။ ချင်းမင်က အဲ့အချက်ကိုသိသည့်အတွက် ခပ်ကျယ်ကျယ် ကြေငြာလိုက်ခြင်းဖြစ်သည်။

"ငါက လွန်ခဲ့တဲ့တစ်နှစ်ကတည်းက အဆင့်ကိုး သန့်စင်သူတစ်ယောက်ဖြစ်ပြီးသွားပြီ။" ချင်းမင်က ဂုဏ်ယူစွာဖြင့် ကြေငြာလိုက်၏။ သူက အဆင့်ကိုး သန့်စင်သူတစ်ယောက်ဖြစ်သွားတဲ့ သူ့အောင်မြင်မှုအပေါ် အမြဲဂုဏ်ယူဝံ့ကြွားခဲ့သည်၊ အကြောင်းကတော့ သီနိုမိသားစုက ဂူနီလာကုန်သည်ကြီးများအသင်းကို စိန်ခေါ်နိုင်ပြီဆိုတဲ့ အဓိပ္ပါယ်ဖြစ်တာကြောင့် ဖြစ်သည်။

"မင်း တကယ်ပဲ အဆင့်ကိုး သန့်စင်သူအဆင့်ကို ရောက်နေပြီဆိုတာကို ငါ မယုံဘူး။" စိတ်လှုပ်ရှားနေတဲ့ လူအနည်းငယ်ရဲ့အသံက ထပ်မံထွက်ပေါ်လာပြန်သည်။

"ငါက မင်းတို့တွေ အဲ့သူတွေကို သတ်ပေးဖို့ပဲလိုတာ။ အခု လူတိုင်းက ကြည့်နေတာမို့ ငါတို့မိသားစုရဲ့ ဂုဏ်သိက္ခါ ကျဆင်းသွားမယ့်အရေးကို စွန့်စားမှာမဟုတ်ဘူး။" (ဆိုလိုတာက သူ မညာဘူး၊ တကယ်ပဲ အဆင့်ကိုးရောက်နေပြီဆိုတဲ့သဘောပါ) ချင်းမင်က သူတို့တွေ သဘောမတူမှာကို စိုးတဲ့အတွက် သူ့မိသာစုရဲ့ နာမည်ဂုဏ်ကို ထပ်မံ ထည့်သွင်းဖော်ပြလိုက်ခြင်းဖြစ်သည်။ မိသားစုကြီးတစ်ခုရဲ့ အရေးအကြီးဆုံးအချက်တွေထဲကတစ်ခုက နာမည်ဂုဏ်သတင်းပဲဆိုတာကို ဦးဏှောက်ရှိတဲ့သူ ဘယ်သူမဆို သိသည်။ အမည်ဂုဏ်သတင်း ပျက်ဆီးခြင်းက မိသားစုတစ်စုအဖို့ အတော်ကြီးကို အထိနာစေတဲ့အတွက်ဖြစ်သည်။

"ကောင်းပြီလေ၊ ငါတို့ သဘောတူတယ်" ကောင်းကင်အနားသတ်မြို့တော်တွင်းက ပညာရှင်အချို့က အတန်ငယ်တုန့်ဆိုင်းနေကြပြီးနေက် နောက်ဆုံးတော့ အရည်အသွေးအမြင့်ဆုံး အလယ်လတ်တန်းစား သိမ်မွေ့နက်နဲလက်နက်ဆိုတဲ့ ဆွဲဆောင်မှုအပေါ် တောင့်မခံနိုင်ကြတော့ချေ။

သူတို့အသံ မပျောက်ကွယ်သွားသေးခင်မှာပဲ ဆယ်ယောက်လောက်သော ပညာရှင်တို့က ကောင်းကင်အနားသတ်မြို့တော်ရဲ့ အဘက်ဘက် အရပ်မျက်နှာကနေ တိုက်ခိုက်မှု အစပြုလိုက်ကြတော့သည်။ အဲ့နောက် သူတို့ အလင်းတန်းများအဖြစ် ပြောင်းသွားကြကာ ချင်းမင်ထံ ပျံသွားကြလေတော့၏။ အချိန်မဆိုင်းမှာပဲ သူတို့တွေက ဘုရင်ကြီးနဲ့ ဖုန့်ရှီကို ဦးတည်ကာ အုပ်စုဖွဲ့တိုက်ခိုက်လိုက်ကြတော့သည်။

လူအုပ်ကြီးတွင်းက လောင်နန်ရှုနဲ့ အခြားသူတွေက သူတို့မျက်နှာထက် သိသာထင်ရှာစွာ အံ့အားသင့်သွားကြပေမဲ့ သူတို့ အံ့အားအသင့်ရဆုံးကတော့ ဖုန့်ရှီပင်။ ကောင်လေးကို ကောင်းကောင်းသိတဲ့ ကာလွမ်သလာကတော့ အံ့အားအသင့်သွားဆုံးဖြစ်သွားသည်။ ဖုန့်ရှီရဲ့ ကျင့်ကြံဆင့်အရ ကောင်းကင်နတ်ဘုရားနယ်ပယ်ဆင့်ကို လွင့်စင်အောင်လုပ်နိုင်ဖို့ မဖြစ်နိုင်။

ကာလွမ်သလာက လက်သီးကျစ်ကျစ်ပါအောင် မဆုပ်ဘဲ မနေနိုင်တော့ချေ။ သူ နောက်ကောက်မကျခင်ပေ။

"ခေါင်းဆောင်၊ အဲ့အဘိုးကြီးက အခု အကူအညီတွေ ခေါ်နေတယ်" ဖုန့်ရှီက ထူးထူးဆန်းဆန်းဖြင့် အော်ပြောလိုက်ပေမဲ့ သူ့အသံက အလွန်ကို စိတ်လှုပ်ရှားနေသည့်ဟန် ပေါက်နေသည်။

"ရှီ၊ မင်းရော အကူအညီလိုချင်လား?" ဘုရင်ကြီးက ဘေးပတ်ဝန်းကျင်ကို အလေးမထားဟန် ကြည့်လိုက်သည်။ ကောင်းကင်အနားသတ်မြို့တော်မှာ ပညာရှင်တွေ ဘယ်နှစ်ယောက်ရှိနေတယ်ဆိုတာကို သူ ကောင်းကောင်းသတိပြုမိသည်။ သူတို့ကို ကျင့်ကြံသူတစ်ဒါဇင်လောက်သာ လာဝိုင်းထားကြတာဖြစ်သည့်အတွက် တစ်ဝက်ထက်တောင် နည်းတဲ့လူအရေအတွက်သာ လာကြခြင်းဖြစ်သည်။ ကြည့်ရတာ ခေါင်းဆောင်တော်တော်များများက ရှင်းရှင်းလင်းလင်း တွေးနိုင်ကြပုံရသည်။

"ဟင့်အင်း၊ ကျွန်တော် အဆင့်မြင့်ဆုံးသိမ်မွေ့နက်နဲလက်နက်ကို ဒီလူတွေကို မပေးနိုင်ဘူး။" ဖုန့်ရှီက သူ့ခေါင်းကို ခါယမ်းလိုက်သည်။ တကယ်လို့ သူ့မှာ အဆင့်မြင့်ဆုံး သိမ်မွေ့နက်နဲလက်နက် ရှိတယ်ဆိုရင်တောင်မှ အဲ့တာတွေကို သူ ဝှက်ထားမှာ။ တခြားသူတွေကို သူက ပေးစရာလား?

"ရှီ၊ ဒီလူတွေကို ဘယ်လိုလုပ်ချင်လဲ?" ဘုရင်ကြီးက ဖုန့်ရှီကို လက်မောင်းတွင်း ဖက်ထားကာ ခေါင်းကိုငုံ့လိုက်ပြီး နားတွင်းကို တိုးတိုးလေး ကပ်ပြောလိုက်သည်။

သူ အဲ့တာကိုပြောလိုက်တော့ ဖုန့်ရှီတစ်ယောက် ဒေါသတကြီးဖြင့် အံကိုတင်းတင်းကြိတ်ကာ သူတို့တွေကို လက်သီးအနည်းငယ်လောက် ထပ်ပြီး ကျွေးချင်သွားတော့၏။

"သူတို့တွေက ကျွန်တော် ပြင်ဆင်ချက်ပြုတ်နေတုန်းကြီး ဘယ်လိုတောင် လာပြီး နှောက်ယှက်ရဲရတာလဲ? ကျွန်တော်တို့ သူတို့ကို လွှတ်မပေးနိုင်ဘူး။"

20220911; 2239

Stay tuned for the next chapter:
156. The Evolution of a Robber

🥰Thanks for reading, sharing, comments and votes.

—————————— 👀 —————————

အပိုင္း ၁၅၅။ အလႊတ္မေပးႏိုင္ဘူး

ျပင္းအားက ျပင္းထန္လြန္းလွသည့္အတြက္ ေကာင္းကင္အနားသတ္ၿမိဳ႕ေတာ္တြင္းက သိုင္းပညာရွင္ေတြအားလုံး ထိတ္လန့္သြားၾကရ၏။

ဒါေပမဲ့ ဘာျဖစ္သြားတာလဲဆိုတာကို သူတို႔ မစစ္ေဆးရေသးခင္မွာပင္ အႀကီးစားေပါက္ကြဲမွုအသံႀကီးတစ္သံကို ၾကားလိုက္ၾကရသည္။ လူတိုင္း ေျပးထြက္ၾကည့္လိုက္ၾကေတာ့ ျမစိမ္းေရာင္နဂါးတည္းခိုခန္းရဲ့ အခန္းတစ္ခန္းက အပိုင္းပိုင္းအစစ ျဖစ္သြားတာကို သူတို႔ ေတြ႕လိုက္ၾကရသည္။ နံရံေတြ၊ ေက်ာက္ျပားေတြ အမိုးေတြ အားလုံး မြစာၾကဲသြားၿပီး အနီးအနားပတ္လည္က အေဆာက္အဦးေတြကိုပါ သက္ေရာက္မွုျဖစ္သြားျခင္းျဖစ္သည္။

ျမစိမ္းေရာင္နဂါးတည္းခိုခန္းက ေကာင္းကင္အနားသတ္ၿမိဳ႕ေတာ္က အစည္ကားဆုံးေနရာမွ တည္ရွိတာျဖစ္တဲ့အတြက္ လူအေတာ္မ်ားမ်ားက ပြဲၾကည့္ဖို႔ ထြက္လာၾကကာ စပ္စုၾကေတာ့သည္။ ေန႔ခင္းတုန္းက ျဖစ္ပ်က္သြားတဲ့အေၾကာင္းအရာေတြကို သူတို႔ၾကားခဲ့ၾကၿပီးျဖစ္တာေၾကာင့္ သူတို႔ ေသခ်ာေတြးၾကည့္လိုက္ၾကေတာ့ အရမ္းႀကီးေတာ့ ထိတ္လန့္မသြားခဲ့ၾကေပ။ သတၱဳတြင္းကို လက္မလႊတ္နိုင္တဲ့ တစ္စုံတစ္ေယာက္က ျပန္လွည့္လာၿပီး ျပႆနာရွာတာလို႔ သူတို႔ ယူဆလိုက္ၾကေပမဲ့ အဲ့ေလာက္ႀကီး ႀကီးႀကီးမားမား ျပႆနာရွာလိမ့္မယ္လို႔ေတာ့ သူတို႔ ေတြးထင္မထားခဲ့ၾကေခ်။

"ဘာျဖစ္တာလဲ?"

ေလာင္နန္ရွုက တည္းခိုခန္းထဲကေန အေျပးထြက္သြားၿပီးေနာက္ ကာလြမ္သလာက ရပ္ၿပီး တည္းခိုခန္းအေပၚကို ေအးစက္တဲ့အၾကည့္တို႔နဲ႔ စိုက္ၾကည့္ေနတာကို ျမင္သြားတာေၾကာင့္ ေလာင္နန္ရွုလည္း ေမာ့ၾကည့္လိုက္ေတာ့ ေလထဲမွာ အနက္ေရာင္အရိပ္တစ္ခုက ရပ္ေနၿပီး ဝန္းက်င္တစ္ခြင္လုံးကို ၿခိမ္းေျခာက္တဲ့အရွိန္အဝါေတြ ထုတ္လႊတ္ေနတာကို သူေတြ႕လိုက္ရသည္။ အကြာအေဝးေၾကာင့္ ေလာင္နန္ရွု အဲ့လူရဲ့မ်က္ႏွာကို ရွင္းရွင္းလင္းလင္း မျမင္ရေပမဲ့လည္း အဲ့လိုအရွိန္အဝါေတြအရ အနိမ့္တန္းေကာင္းကင္နတ္ဘုရားနယ္ပယ္ဆင့္ေရာက္ေနတဲ့ ပညာရွင္တစ္ေယာက္ျဖစ္လိမ့္မည္။

"မသိဘူး" ကာလြမ္သလာက တည့္တိုးပဲ ေျဖလိုက္သည္။ သူလည္းပဲ အခုေလးတင္ အရိပ္ကို ျမင္လိုက္ရျခင္းပင္။

"ငါ့ေခါင္းထဲ နာမည္တစ္ခုေပၚလာတယ္လို႔ ငါထင္တယ္။" ေလာင္နန္ရွုနဲ႔ ကာလြမ္သလာတို႔ ထြက္လာတာကို ျမင္ေတာ့ ဟြမ္ရဲနဲ႔ က်ဳံးဝူခ်င္းတို႔က လူအုပ္ထဲကေန ေလၽွာက္လွမ္းထြက္လာ၏။

"ဘယ္သူလဲ?"

ေလာင္နန္ရွုက အဲ့လူဟာ ဘုရင္ႀကီးဆီလာတာျဖစ္မယ္လို႔ ယူဆလိုက္သည္။ အခုေလာေလာဆယ္မွာ သီနိုမိသားစုက ပညာရွင္ေတြကလြဲရင္ ဘုရင္ႀကီးအေပၚ နက္နက္ရွိုင္းရွိုင္း အမုန္းတရား ထားမည့္သူ မရွိ၊ ဘာမေျပာညာမေျပာနဲ႔ တိုက္ရိုက္ႀကီး တိုက္ခိုက္မယ့္သူ ရွိမွာမဟုတ္ေပ။ ၿပီးေတာ့ သီနိုမိသားစုက ျမစိမ္းေရာင္နဂါးေတာင္တန္းေတြနဲ႔ သိပ္မေဝးတဲ့ေနရာမွာေနတာေၾကာင့္ အဲ့မိသာစုကလူက ဘုရင္ႀကီးကို လက္စားလာေခ်မွာမ်ိဳးဆိုလ်င္ အခုခ်ိန္က အေကာင္းဆုံးအခ်ိန္ျဖစ္သည္။ ဒါေပမဲ့လည္း ေလာင္နန္ရွုက သီနိုမိသားစုဝင္ေတြကို သိပ္မသိတာေၾကာင့္ အနက္ေရာင္အရိပ္ ဘယ္သူဆိုတာကို သူ မမွန္းဆနိုင္ျဖစ္ေနျခင္းပင္။

ဟြမ္ရဲတို႔ ေကာင္းကင္စိတ္ကူးမိသားစုက သီနိုမိသားစုနဲ႔ ၿပိဳင္ဘက္ေတြျဖစ္တာေၾကာင့္ သီနိုမိသားစုအေၾကာင္းကို သူက အျခားသူေတြထက္ ပိုသိျခင္းျဖစ္သည္။

"ငါထင္တာမွန္မယ္ဆိုရင္ အဲ့တာ သီနိုမိသားစုေခါင္းေဆာင္ရဲ့ညီ ခ်င္းမင္ျဖစ္လိမ့္မယ္။ သူက ဟိုးႏွစ္ေပါင္းမ်ားစြာကတည္းက ေပၚထြက္လာခဲ့တဲ့ သူ႔ကိုယ္သူသာ အထင္ႀကီးၿပီး ေမာက္မာတဲ့လူ။ သီနိုမိသားစုေခါင္းေဆာင္နဲ႔မတူတာက ခ်င္းမင္က သူ႔မိသားစုပိုင္ဆိုင္မွုအေပၚ ဘာစိတ္ဝင္စားမွုမွမရွိဘူး၊ ေမွာ္ပစၥည္းေတြသန့္စင္ဖို႔ရာမွာပဲ စိတ္ႏွစ္ျမႇုပ္ႏွံထားတဲ့သူစား။ သီနိုမိသားစုက သူမရွိဘဲနဲ႔ ခုေလာက္ ေအာင္ျမင္မွုေတြ ရမွာမဟုတ္ဘူး။ အဲ့တာေၾကာင့္ သူ႔ေနရာ သူ႔ရာထူးက တကယ္တမ္းေတာ့ သီနိုမိသားစုေခါင္းေဆာင္ထက္ ပိုျမင့္တယ္။ ဒါေပမဲ့ သူက ေမွာ္ပစၥည္းေတြသန့္စင္တာအေပၚ အရမ္းကို စိတ္ေရာကိုယ္ပါ ျမႇုပ္ႏွံထားေပမဲ့လည္း ကာလြမ္သလာ သတ္လိုက္တဲ့ သူ႔အစ္ကိုရဲ့သား ေယာင္းက်ဳံသီနို ကိုေတာ့ သူက အေတာ္ခ်စ္တယ္။ အဲ့တာေၾကာင့္ သူက သူ႔တူအတြက္ လက္စားေခ်ဖို႔ ဒီကိုေရာက္လာတာျဖစ္ရမယ္။"

"ခ်င္းမင္းသီနိုက ေကာင္းကင္နတ္ဘုရားနယ္ပယ္ဆင့္ပညာရွင္တစ္ေယာက္တင္မကဘူး အဆင့္ရွစ္ နတ္ဘုရားမီး သန့္စင္သူတစ္ေယာက္လည္းျဖစ္တယ္။" ဟြမ္ရဲရဲ့ မိတ္ဆက္စကားကိုၾကားေတာ့ ေလာင္နန္ရွုက အဲ့လူနဲ႔ပတ္သက္တဲ့တစ္စုံတစ္ရာကို သြားအမွတ္ရသြားေတာ့သည္။

"မွန္တယ္၊ ဒါေပမဲ့ အဲ့တာက လြန္ခဲ့တဲ့ အႏွစ္ႏွစ္ဆယ္တုန္းက ျဖစ္ခဲ့တာ။ အခုက သူ႔သန့္စင္အဆင့္ ျမင့္သြားၿပီလားဆိုတာကို ငါ့မိသားစုေတြေတာင္မွ မသိဘူး။ တကယ္လို႔ ျမင့္သြားၿပီဆိုရင္ ဂူနီလာကုန္သည္ႀကီးမ်ားအသင္းအတြက္ ဆိုးက်ိဳးတစ္ခုပဲ။" ဟြမ္ရဲက ေခါင္းညိတ္လိုက္သည္။

က်ဳံးဝူခ်င္းက ျပဳံးကာ၊ "သူက မျပင္မဆင္ဘဲ လာလက္စားေခ်မယ္လို႔ေတာ့ မထင္ဘူးေနာ္"

"မျပင္မဆင္ဘဲျဖစ္ျဖစ္၊ ယုံၾကည္မွုရွိရွီနဲ႔လာတာပဲျဖစ္ျဖစ္ ကိစၥမရွိဘူး၊ ရလဒ္က တူတူပဲျဖစ္မွာ။" ကာလြမ္သလာက ျမင့္တက္လာတဲ့ သတ္ျဖတ္ခ်င္ရိပ္တို႔ႏွင့္အတူ သူ႔ဓါးကို ပြတ္တိုက္လိုက္သည္။

"မွန္တယ္။" က်ဳံးဝူခ်င္းနဲ႔ တျခားသူေတြက အခ်င္းခ်င္းၾကည့္ကာ ျပဳံးလိုက္ၾကသည္။

"အာ၊ ေသစမ္း... ငါ ေျမာက္သြားေတာ့မလို႔။ ဘယ္သူက အရမ္းမိုက္ကန္းတာလဲ? ငါတို႔အိပ္ေနတဲ့အခ်ိန္ႀကီးကိုမွ သူတို႔ေတြက ဘာလို႔ ေရာက္လာဖို႔ ေရြးခ်ယ္ခဲ့ၾကတာလဲ?"

အဲ့လူေတြ စကားေျပာလို႔ဆိုလို႔ ၿပီးသြားတဲ့အခ်ိန္မွာပဲ စာအုပ္နတ္ဘုရားနဲ႔ ကံဆိုးမွုနတ္ဘုရားတို႔က တစ္ကိုယ္လုံး ဖုန္ တစ္လုံးလုံးနဲ႔ တည္းခိုခန္းထဲကေန မေက်မနပ္မ်က္ႏွာေပးတို႔ျဖင့္ အေျပးထြက္လာၾကသည္။။ ကာလြမ္သလာနဲ႔ အျခားသူေတြက အဲ့မွာ ရပ္ေနၾကတာကို ျမင္ေတာ့ နတ္ဘုရားႏွစ္ပါးက ေတာက္ပတဲ့အျပဳံးတို႔နဲ႔ အေျပးသြားလိုက္ၾကၿပီးေနာက္ ေမးခြန္းေတြ စတင္ အေမးထုတ္ေတာ့သည္။

"မင္းတို႔မ်က္လုံးကို ဖြင့္ၾကည့္လိုက္၊ ေတြ႕လိမ့္မယ္။" ကာလြမ္သလာက သူတို႔ရဲ့ အဓိပၸါယ္မရွိပြါးတာေတြကို ခ်က္ခ်င္းပင္ ၾကားျဖတ္ခ်လိုက္သည္။

စာအုပ္နတ္ဘုရားက ကာလြမ္သလာရဲ့ စိတ္တိုတတ္မွုကို သိတာေၾကာင့္ သူ႔ႏွာေခါင္းကိုသာ ပြတ္လိုက္ကာ ဘာမွ ထပ္မေမးေတာ့ေခ်။ အဲ့ေနာက္ သူက ေခါင္းေမာ့ၾကည့္လိုက္ေတာ့ ေလထဲရပ္ေနတဲ့သ႑ာန္တစ္ခုကို ျမင္သြားေတာ့သည္။ အဲ့အျပင္ သူတို႔က ဘုရင္ႀကီးနဲ႔ ဖုန့္ရွီတို႔ကို မျမင္ရေသးတာေၾကာင့္ နတ္ဘုရားႏွစ္ပါးက ထပ္ၿပီး အေမးထုတ္ေတာ့မယ့္အခ်ိန္မွာပဲ ခပ္ျပတ္ျပတ္ အုတ္အုတ္အသံတစ္သံ ေကာင္းကင္ကေန ထြက္လာသည္။

"သူရဲေဘာေၾကာင္တဲ့သူလိုမ်ိဳ ပုန္းမေနနဲ႔။ မင္းမေသဘူးဆိုတာ ငါသိတယ္။ လာကိုယ္ထင္ျပေခ်!" ခ်င္းမင္က ေရခဲတမၽွေအးစက္တဲ့မ်က္ႏွာထားနဲ႔ ေဘးဘီဝဲယာကို ထက္ရွတဲ့မ်က္လုံးတို႔ႏွင့္ၾကည့္ကာ ေျပာလိုက္သည္။ ကံဆိုးတာက ဘုရင္ႀကီးကို ဘယ္မွာမွ ရွာမေတြ႕တာေၾကာင့္ သူ႔မ်က္ႏွာက ညိဳပုတ္လာေတာ့သည္။

"အိုး.." နက္ေမွာင္ေနတဲ့ ေကာင္းကင္ထက္ သက္ပ်င္းခ်သံတစ္သံ ထြက္ေပၚလာသည္။

ခ်င္းမင္က ရက္စက္တဲ့အၾကည့္တို႔နဲ႔ ခ်က္ခ်င္းပင္ မ်က္လုံးအစုံ ျပဴးက်ယ္သြားေပမဲ့ ဘုရင္ႀကီးနဲ႔ ဖုန့္ရွီကို သူ လုံးဝ ရွာမေတြ႕နိုင္ေသးေခ်။

"တကယ္ေတာ့... ငါတို႔ေတြက မင္းအေနာက္မွာရပ္ေနခဲ့တာ အေတာ္ၾကာေနၿပီ။ မင္း သတိမထားမိဘူးလား? အိုး၊ ေဆာရီး၊ ငါေမ့သြားတယ္။ မင္းေနာက္ေက်ာမွာ မ်က္စိမွ မပါတာ။" ေပါ့ပါးေပမဲ့ အျခားသူေတြကို ဆိုးရြားတဲ့ခံစားခ်က္တို႔ ေပးစြမ္းေစတဲ့အသံက ထပ္မံထြက္ေပၚလာသည္။

ခ်င္းမင္ ထိတ္လန့္သြားကာ ေနာက္လွည့္မၾကည့္ဘဲ ေနာက္ျပန္ တိုက္လိုက္၏။ တခ်ိန္တည္းမွာပဲ ေရွ႕ကို ေျခဆယ္လွမ္းေလာက္ တိုးလိုက္ေပမဲ့ သူ လွည့္ၾကည့္လိုက္ေတာ့ သူ ဘယ္သူ႔ကိုမွ တိုက္ခိုက္မိလိုက္ရဘဲ တိုက္ကြက္က ေလထဲမွာပဲ ေပ်ာက္ကြယ္သြားတာကို သူေတြ႕လိုက္ရသည္။ သူ႔မ်က္ႏွာေပၚက အၾကည့္တို႔က တမဟုတ္ခ်င္းပင္ ညိဳေမွာင္လာသည္။ အဲ့ေနာက္မွာေတာ့ ေကာင္ေလးရဲ့ ေလသံသဲ့သဲ့အသံက ထပ္မံထြက္ေပၚလာျပန္သည္။

"လူႀကီးလူေကာင္းတစ္ေယာက္က လၽွာကိုသုံးတယ္၊ လက္သီးမသုံးဘူး။ ငါတို႔ေတြ အဲ့တာကို ေဆြးေႏြးနိုင္ပါတယ္။ စိတ္ဆိုးတာက မင္းကို အေရးအေၾကာင္းေတြ ပိုျဖစ္ေစတယ္ေလ။"

"ထြက္လာ! ထြက္လာစမ္း!" ခ်င္းမင္က သူ႔ပတ္လည္မွာ အေမွာင္ထုပဲရွိေနျခင္းအေပၚ ေၾကာက္စိတ္ရိပ္ရိပ္ခံစားသြားရမွုႏွင့္ အကူအညီကင္းမဲ့သြားမွုတို႔အေပၚ ဆက္မသည္းခံနိုင္ေတာ့ေခ်။ သူ႔ရန္သူက သူ႔အနီးအနားမွာေပမဲ့ သူတို႔ ဘယ္မွာဆိုတာကို သူ ခံစားလို႔မရဘူးျဖစ္ေနတာေၾကာင့္ သူ႔ကို ပိုပို စိုးရိမ္စိတ္ျဖစ္လာေစသည္။ သူ ဒီလိုခံစားခ်က္မ်ိဳး မျဖစ္ေပၚခဲ့တာ အေတာ္ၾကာၿပီျဖစ္သည္။

"ေကာင္းၿပီေလ၊ မင္းက ငါတို႔ကို လိုလိုလားလားဖိတ္ေခၚမွေတာ့ ငါတို႔ ေပၚလာေပးပါ့မယ္။ လန့္မသြားနဲ႔ေနာ္၊ ငါတို႔ေတြက အရမ္းကို လန့္စရာေကာင္းလို... တကယ္ေတာ့ ငါတို႔ေတြက အခု မင္းအေနာက္ေက်ာတည့္တည့္မွာပဲ!"

ခ်င္းမင္က လွည့္လိုက္ေတာ့ အျဖဴေရာင္မီးလက္သီးတစ္လုံးက သူ႔မ်က္ႏွာကို မိတ္ဆက္သြားသည္။ ႀကီးမားတဲ့ ရိုက္ခ်က္ႀကီးေၾကာင့္ သူ တန္းတန္းမတ္မတ္ႀကီးကို အေဝးလြင့္စင္သြားေတာ့၏။

ခ်င္းမင္ရဲ့မ်က္ႏွာက အထိတ္တလန့္ျဖစ္သြားေတာ့သည္။ သူ အနည္းငယ္ေနာက္က်ၿပီးမွ တုန့္ျပန္လိုက္တာဆိုေပမဲ့ သူနဲ႔အတူ ကာကြယ္ေရးလက္နက္ ပါလာတာျဖစ္တဲ့အတြက္ အခုလိုမ်ိဳး အတိုက္ခိုက္ေတာ့ မခံရသင့္ဘူးေလ။ သူက လက္နက္သန့္စင္သူတစ္ေယာက္၊ အဲ့တာေၾကာင့္ သူ႔ကိုယ္သူအတြက္ ကာကြယ္ေရးသံခ်ပ္ကာတစ္ခု သန့္စင္ဖို႔ဆိုတာ ခက္ခဲတာမွမဟုတ္တာ။ ဒါေပမဲ့ သူ႔ရန္သူက လက္သီးတစ္လုံးတည္းနဲ႔ သူ႔အကာအကြယ္ကို ခ်ိဳးဖ်က္လိုက္ျခင္းပင္။ ၿပီးေတာ့ သူ ေကာင္ေလးတစ္ေယာက္ရဲ့အသံကို ၾကားလိုက္ရသလိုပဲ၊ ေကာင္ေလးတစ္ေယာက္က သူ႔ကာကြယ္ေရးသံခ်ပ္ကာကို ဖ်က္ဆီးနိုင္လိမ့္မယ္လို႔ သူမယုံနိုင္ျဖစ္ေနသည္။

ခ်င္းမင္က ၾကယ္ေႂကြတစ္စင္းလို ပ်က္ဆီးေနတဲ့တည္းခိုခန္းဆီ

You are reading the story above: TeenFic.Net