အပိုင်း ၁၂၄။ ဖုန့်ရှီရဲ့ကံ
ပြီးခဲ့တဲ့ သေရေးရှင်ရေးတိုက်ပွဲက ခပ်မြန်မြန်ပဲ ပွဲသိမ်းသွားတော့သည်။
အဲ့ဒီ့လူစိမ်းသုံးယောက်ရဲ့ ရုတ်တရက် ပေါ်ထွက်လာမှုကြောင့် ဟွာမိသားစုအနေနဲ့ အလဲလဲအကွဲကွဲဖြစ်သွားရုံသာမက ဆူးလားမိသားစုထံကိုပါ ခရမ်းရောင် သလင်းကျောက် ထောင်ပေါင်း တစ်ရာ ကြွေးတင်သွားတော့သည်။ အဲ့ဒီ့သတင်းက မြောက်ပိုင်းနယ်မြေတခွင်ဝယ် အလင်းရဲ့လျင်မြန်မှုလိုမျိုး ချက်ချင်းကို ပျံ့နှံ့သွားကာ ဟွာမိသားစုက နာမည်မရှိတဲ့ အင်အားစုအသေးလေးတစ်ခုကို ရှုံးသွားပြီး ခြိမ်းတောင် အခြိမ်းခြောက်ခံလိုက်ရတယ်ဆိုတာကို လူတိုင်း သိသွားကြတော့သည်!
သူတို့ကို သနားကြသူ တစ်ဦးတစ်ယောက်တောင် မရှိပေမဲ့ ဒရမ်မာလေးကြည့်ဖို့ လာကြတဲ့သူတွေကတော့ အမြောက်အများပင်။
ဒီသတင်းက မြောက်ပိုင်းနယ်မြေတလွှားမှာ အချိန်အတော်ကြာအောင် ဆွေးနွေးမှုတွေ မြင့်တက်သွားတော့သည်။ ဟွာမိသားစုက သူတို့ရဲ့ ကြီးမြတ်ှုကို ထိန်းတဲ့နေရာမှာ နာမည်ကြီးတာမို့ လူတော်တော် များများက ဟွာမိသားစုရဲ့ တန်ပြန်တိုက်ခိုက်မှုကို စောင့်နေကြပေမဲ့ အခြားသူတွေရဲ့ချိန်ဆတွက်ဆနေကြမှုအောက်မှာပဲ အချိန်တစ်လက ကျော်လွန်သွားခဲ့ပြီဖြစ်ပေမဲ့ ဟွာမိသားစုဘက်ကတော့ ဘာလှုပ်ရှားမှုမှ ရှိမလာခဲ့။ သူတို့က ပြင်ပမှာ သင်တန်းတက် သင်ယူနေခဲ့ကြတဲ့ တပည့်တပန်းတွေကိုတောင်မှ ပြန်ခေါ်ယူလိုက်ကြပြီဖြစ်သည်။
ဒီအပြုအမူက ဟွာမိသားစုရဲ့ ဒီအခြေအနေအပေါ်ထားတဲ့ သဘောထားကို လှစ်ဟပြနေသည်မို့ သူတို့ကို ပျက်ရယ်ပြုလိုတဲ့ လူတွေအနေနဲ့ စကားလုံးတွေကို မနည်း မြိုချနေကြရတော့သည်။ နာမည်ကြီး ဟွာမိသားစုကို ကြောက်ရွံ့ပုန်းအောင်နေစေလောက်အောင် ဆူးလားမိသားစုကို အလွန်အမင်း စွမ်းအားကြီးတဲ့လူမျိုးက ကျောထောက်နောက်ခံ ရှိနေပုံပင်။
အဲ့လိုနားလည်သွားမှုနဲ့အတူ မြောက်ပိုင်းနယ်မြေအတွင်းက အင်အားစုတွေအားလုံးက ဟွာမိသားစုကို ပျက်ရယ်ပြုရဲပေမဲ့ ဆူးလားမိသားစုကိုတော့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ရန်မစရဲတော့ချေ!
ဟွာမိသားစုအနေနဲ့ ဆူးလားမိသားစုက ဒီဖြစ်ရပ်ကနေ ဒီလောက် နာမည်ဂုဏ်သတင်း ကြီးသွားလိမ့်မယ်လို့ တွေးတောင်မတွေးထားမိခဲ့။
သူတို့သာ သိခဲ့မယ်ဆိုရင် သူတို့ သေလုမတတ် သွေးအန်သွားမှာဖြစ်သည်။ သူတို့တွေ တကယ်ကို သေချာမဆန်းစစ်ပဲ အလောသုံးဆယ် ဆုံးဖြတ်ချက် ချခဲ့မိပြီး ဆူးလားမိသားစုကို သွားတိုက်မိတာပဲ!
ပြင်ပမှာတော့ သတင်းက တောမီးပမာ ပျံ့နှံ့သွားပေမဲ့ ဆူးလားမိသားစုအတွင်းမှာတော့ အတော်ကို ငြိမ်သက်နေသည်ပင်။ အကြောင်းရင်းကတော့ အခြားမဟုတ်၊ ဖုန့်ရှီက ကြီးမြတ်တဲ့ပုဂ္ဂိုလ်ကို ပင့်ဖိတ်ခဲ့တာကြောင့်ပဲဖြစ်သည်။ ကောင်းကင်နယ်ပယ်ဆင့်လူတွေတောင်မှ သူ့ကို မဖိတ်ကြားနိုင်ပေမဲ့ သူကတော့ ဒီတောင်ကြားသေးသေးလေးတစ်ခုအတွင်း ကြွချီသက်ဆင်းလာခဲ့သည်။ အကြီးအကျယ် အံ့အားသင့်စရာပင်!
အကျိုးဆက်အနေနဲ့ ဆူးလားမိသားစုက အောင်နိုင်သူဖြစ်သွားပေမဲ့ တောင်ကြားထဲမှာ ဘယ်သူကမှ မပျော်ပါးရဲကြ။ ပျော်ရွှင်မှုစိတ်ခံစားချက်တွေ ဆောင့်တက်နေတဲ့လူငယ်လူရွယ်တို့အဖို့တော့ အဲ့တာက အရမ်းကို ခက်ခဲလှတာဖြစ်သည်။ သူတို့အနေနဲ့ နဂိုပုံမှန်လျောက်နေကြလိုမျိုးတောင် လမ်းရဲရဲမလျောက်ရဲကြ၊ ငရဲမင်းကြီးကို မပျော်မရွှင်ဖြစ်အောင် ပြုမိမှာစိုးတာကြောင့် သူတို့မှာ အသံကျယ်ကျယ်တောင် မဟရဲကြဘဲ အချင်းချင်း တစ်ယောက်နား တစ်ယောက် တီးတိုးသာ တွတ်ထိုးရဲကြ၏!
ကာလွမ်သလာနဲ့သူ့အဖွဲ့တောင်မှ ဒီအခြေအနေမျိုးမှာ ဘာမှမကူညီနိုင် ဘာမှမလုပ်နိုင် ဖြစ်နေကြတာဖြစ်သည်။ အဆုံးမတော့ ငရဲမင်းကြီးကို သူတို့မြင်ထားတဲ့အမြင်က အလွန့်အလွန်ကို ခမ်းနားကြီးကျယ်မြင့်မြတ်တယ်လို့ ခံယူထားတာကြောင့ သူတို့ လူကိုယ်တိုင် ဖူးတွေ့ခွင့်ရတဲ့အချိန်မှာတော့ အစစ်အမှန်လို့ ခံစားလို့မရဖြစ်နေတော့သည်။ ဒဏ္ဍာရီလာ ဘုရင်မင်းကြီးအရှေ့မှာ သူတို့အလုပ်ကို သူတို့ ဂရုတစိုက် စိုးတရွံ့ရွံ့နဲ့သာ လုပ်နေရဲကြတော့သည်။ အဲ့လိုအခြေအနေမျိုးမှာ သူတို့အားလုံး ထိတ်လန့်အံ့အားသင့်နေကြတာမို့ ဘယ်သူကမှလည်း သူတို့ကို အပစ်မတင်နိုင်!
တစ်စုံတစ်ယောက်ကတော့ ဆူးလားမိသားစုရဲ့အပြုအမူကို 'ချစ်စရာ' အပြုအမူလို့ သဘာဝကျကျ ရှုမြင်ကာ အူလှိုက်သဲလှိုက် ရယ်လိုက်၏။
"သခင်၊ ဆူးလားမိသားစုကသူတွေက အရမ်း ချစ်စရာကောင်းတယ်နော်၊ ဟားဟား..." ဟော့လင်းလုံရဲ့ပုံရိပ်က သူမ ရယ်လိုက်တဲ့အချိန်မှာပဲ ပျက်ပြားသွားပြီဖြစ်သည်။ ဖုန့်ရှီရဲ့မျက်လုံးထဲမှာတော့ သူမရဲ့ ဆွဲညှို့နေတဲ့ပုံရိပ်ဟာ အရူးတစ်ယောက်အဖြစ် ပြောင်းသွားပြီဖြစ်သည်။ သူမက အဲ့တာကို သတိမပြုမိဘဲ ဆက်ပြောလိုက်၏၊ "မနေ့တုန်းက၊ ကျွန်မ ဆူးလားမိသားစုရဲ့တပည့်နှစ်ယောက် ကြောင်တွေလိုမျိုး လမ်းလျောက်နေတာကို တွေ့ခဲ့တယ်၊ ပြီးတော့ သူတို့က တစ်ယောက်နဲ့တစ်ယောက် တီးတိုးပြောနေကြတယ်။ တကယ်ပဲ... အဲ့တာ တကယ်ကို အရမ်းရီစရာကောင်းတယ်!"
ငရဲမင်းကြီးရဲ့အရှေ့မှာ ဟော့လင်းလုံရဲ့မျက်နှာက ရယ်လွန်းလို့ တွန့်လိမ့်နေပေမဲ့လည်း ငရဲမင်းကြီးရဲ့အမူအယာက မပြောင်းမလဲ အရင်အတိုင်းပဲ ဖြစ်သည်။
သူမရဲ့သဘောထားက အရင်ကနဲ့ယှဉ်ရင် ထင်မှတ်မထားနိုင်လောက်အောင်ကို ပြောင်းလဲသွားတာမို့ ဖုန့်ရှီက ဟော့လင်းလုံကို စိုက်ကြည့်လိုက်သည်။ ကောင်းကင်ထွတ်ထိပ်နန်းတော်မှာတုန်းက သူမရဲ့လေးစားမှုအပြည့်ရှိတဲ့သဘောထားက သူတို့ နန်းတော်ကနေ ထွက်လာတာ သိပ်မကြာသေးခင်မှာပဲ ပျောက်ကွယ်သွားပုံရကာ သူမရဲ့ပုံရိပ်စစ် ပုံရိပ်မှန်က ကွာကျသွားပြီဖြစ်သည်။ အဲ့အတွက်ကြောင့်၊ ဖုန့်ရှီက ဟော့လင်းလုံဟာ သူ့လိုမျိုးပဲ ဦးလေးဖြူကို အလွန်အမင်း ကြောက်ရတာပဲလို့ ခိုင်ခိုင်မာမာ ခံစားမိလိုက်ရတော့သည်!
အစကဆို ဖုန့်ရှီ သူမနဲ့ ဖက်ပြိုင်ပြောနေဦးမှာဆိုပေမဲ့ သူ့ခေါင်းဆောင်ရဲ့အပြုအမူကို မြင်တဲ့အချိန်မှာတော့ သူက အနည်းငယ်တွေးလိုက်ကာ အဲ့နောက်မှာတော့ သူ့ခေါင်းဆောင်ကို အတုခိုးဖို့ ဆုံးဖြတ်လိုက်ပြီး အဲ့ဒီ့လူကို လျစ်လျူရှုလိုက်ရင်း လက်ဖက်ရည်ကြမ်းပဲ သောက်နေလိုက်တော့သည်!
ဟော့လင်းလုံက ဘယ်သူကမှ သူမကို မထောက်ခံတာကို မြင်တော့ ဝတဲ့အထိ အတန်ကြာရယ်နေလိုက်ပြီးနောက် သူမရဲ့တောင့်တင်းနေတဲ့အမူအယာကို ပြင်လိုက်ပြီး နွေးထွေးငြင်သာတဲ့အသံနေအသံထားနဲ့ပြောလိုက်သည်၊ "သခင်တို့၊ ကျွန်တော်မျိုးမ လက်ဖက်ရည်ကြမ်း နှပ်ဖို့ ရေနွေးသွားကြိုလိုက်ပါဦးမယ်!"
ဖုန့်ရှီက ချက်ချင်းပဲ ဆွံ့အသွားရတော့သည်။
ဟော့လင်းလုံထွက်သွားပြီးနောက် ငရဲမင်းကြီးက သူ့ရဲ့လက်ဖက်ရည်ပန်းကန်ကို အောက်သို့ချလိုက်သည်။ သူက နှုတ်ခမ်းပေါ်က လက်ဖက်ရည်ကြမ်းကို လျာနဲ့သပ်လိုက်ပြီး ဖုန့်ရှီမေးဆီ လက်လှမ်းလိုက်ပြီး ခပ်မြန်မြန် ပြောလိုက်သည်၊ "သူမရဲ့ကိုယ်ရည်ကိုယ်သွေးက အဲ့လိုမျိုးပဲမို့၊ အနာဂတ်မှာ မင်း သူမကို အာရုံစိုက်စရာမလိုဘူး။ ရှီက သူ့ကို လျစ်လျူရှုထားဖို့ပဲ လိုတယ်!"
ဖုန့်ရှီရဲ့စိတ်က ငရဲမင်းကြီးရဲ့ တမြတ်တနိုးအပြုအမူလေးကြောင့် တိမ်ပေါ်လွင့်စင်သွားပြီဖြစ်သည်။
တံခါးခေါက်သံ မကြားမချင်း သူ အသိပြန်မဝင်လာခဲ့ပေ။ ဟော့လင်းလုံက ကောင်းကင်ကျောက်တုံးပွဲကြည့်စင်မှာ ဆူးလားမိသားစုကတပည့်ငယ်လေးတွေကို သွားပြီး ကလူ၏သို့ မြူ၏သို့ သွားလုပ်မှာမို့ ရေနွေးသွားကြိုဦးမယ်လို့ အကြောင်းပြချက် ပေးသွားခဲ့တာဖြစ်နိုင်သည်၊ အဲ့အတွက်ကြောင့် ဖုန့်ရှီက ထပြီး တံခါးဖွင့်ပေးလိုက်၏။ တံခါးလာခေါက်သူက ကာလွမ်သလာတို့သားအဖ ဖြစ်နေတာကို မြင်လိုက်ရတော့ သူက စိတ်အေးသွားရကာ သက်ပြင်းတစ်ချက်ချလိုက်၏။ ဖုန့်ရှီက သူတို့ကို ချက်ချင်း အထဲခေါ်သွင်းလိုက်ကာ၊ "ခေါင်းဆောင်က ဒီမှာ၊ မြန်မြန်ဝင်!"
ကံကောင်းတာက နှစ်ယောက်လုံးက ငရဲမင်းကြီးကို အရင်ကတည်းက မြင်ဖူးထားတာမို့ သူတို့က တုန့်ဆိုင်းမသွားခဲ့။ သူတို့ တောင်ကြားထဲက ကျန်နေသေးတဲ့ ကိစ္စဝိစ္စတွေကို ဖြေရှင်းပြီးသွားတဲ့အချိန်မှာတော့ ကာလွမ်သလာရော သူ့အဖေပါ ချက်ချင်း အခစား လာကြတာဖြစ်သည်!
"ကျန်းပါးလား (ကာလွမ်သလာ)က ငရဲမင်းကြီးကို နှုတ်ဆက်ခစားပါတယ်!" သူတို့က ထိုင်ခုံမှာထိုင်နေတဲ့ ငရဲမင်းကြီးကိုမြင်တော့ ချက်ချင်းပဲ တလေးတစား ဦးညွှတ်လိုက်၏။
ငရဲမင်းကြီးက အမူအယာကင်းမဲ့စွာ ခေါင်းညိတ်ပြလိုက်သည်။
ငရဲမင်းကြီးက ဘယ်လို မကျေနပ်တဲ့လက္ခဏာမျိုးမှ မပြတာကို သူမြင်တော့ ကျန်းပါးလားက အနည်းငယ် ချင့်ချိန်စဉ်းစားလိုက်ကာ ပြောလိုက်သည်၊ "ဒါတွေအားလုံးက အရှင်မင်းကြီးကြောင့်သာ ကျွန်တော်မျိုးတို့ ဆူးလားမိသားစုက ဒီဘေးဒုက္ခကနေ လွတ်မြောက်နိုင်တာပါ။ နောင်အနာဂတ်မှာ ဆူးလားမိသားစုအနေနဲ့ အရှင်မင်းကြီးကို ကူညီနိုင်တာမျိုးရှိရင် တုန့်ဆိုင်းမှုမရှိဘဲ ကျေးဇူးပြုပြီး ခိုင်းပါအရှင်မင်းကြီး!"
"တခြားဘာရှိသေးလဲ?"
"ဒါကတော့ မြောက်ပိုင်းနယ်မြေရဲ့ မြေပုံအသေးစိတ်တစ်ခုပါ။ အရှင်မင်းကြီး မြောက်ပိုင်းနယ်မြေကို ခရီးလှည့်လည်ဖို့ ဒီမြေပုံကို အသုံးပြုနိုင်ပါတယ်။"
ကျန်းပါးလားက သလင်းနက်တစ်ခုကို ထုတ်ယူလိုက်ပြီး ငရဲမင်းကြီးထံ ဆက်သလိုက်သည်။ အဲ့တာကတော့ ဆူးလားမိသားစု မှတ်တမ်းတင်ထားတဲ့ မြောက်ပိုင်းနယ်မြေအကြောင်းပဲဖြစ်သည်။ နေရာအများစုကတော့ သူတို့ဘာသာသူတို့ ကိုယ်တိုင်ကိုယ်ကျ သွားခဲ့ကြတာဖြစ်ပြီး သူတို့မရောက်ဖူးသေးတဲ့နေရာတွေကိုတော့ အခြားသူတွေရဲ့ မြေပုံတွေကနေ ကူးယူထားကာ ဖြည့်သွင်းထားသည်မို့ ဘယ်မြေပုံထက်မဆို ပိုပြီး အသေးစိတ်ကျနေတဲ့ မြေပုံတစ်ခုပဲဖြစ်သည်။ မြောက်ပိုင်းနယ်မြေက အလွန်ကျယ်ပြောလှတာကြောင့် သူတို့ နေရာအနှံ့ မသွားရောက်နိုင်ကြပေ။ အချို့နေရာတွေက အလွန်ထူးထူးခြားခြား အန္တရာယ်ကြီးတာကြောင့် ဆူးလားမိသားစုအနေနဲ့ စူးစမ်းရှာဖွေဖို့ အင်အား မရှိချေ။
ငရဲမင်းကြီးက မငြင်းဆိုလိုက်ပေ။ သူ့အနေနဲ့ သူ့ခေါင်းထဲမှာ သူ့ရဲ့နတ်ဘုရားအသိ၊ နတ်တို့မျက်စိနဲ့ မြောက်ပိုင်းနယ်မြေကို မြင်နိုင်နေပေမဲ့လည်း မြေပုံတစ်ခုရှိတာကတော့ ပိုပြီး အဆင်ပြေသည်ပင်။
ဒါပေမဲ့ ကျန်းပါးလားမှန်းဆချက်တို့ မှားယွင်းသွားခဲ့သည်။ သူတို့က ဒီကို ရှုခင်းကြည့်ဖို့ လာခဲ့ကြတာမဟုတ်ချေ။
"ကျွန်တော်လည်း ကြည့်ချင်တယ်။" ဖုန့်ရှီရဲ့ အပြုအမူက သူ့စကားထက်ကို ပိုမြန်နေသည်။ သူပြောပြီးသည်နှင့် သူ့လက်ကို ဆန့်ထုတ်ပြီးဖြစ်သည်။ အကျိုးဆက်အနေနဲ့ ငရဲမင်းကြီးကို ဆက်သလိုက်တဲ့ဟာက သူ့ရဲ့ယူဆောင်ခြင်းကို ခံလိုက်ရတော့သည်။
ကာလွမ်သလာနဲ့ သူ့အဖေတို့က ဘာပြောရမှန်းမသိဘဲ အချင်းချင်း ငေးကြောင်ကြည့်နေကြပြီးနောက် လျောက်ထားပန်ကြားလိုက်ကာ ပြန်လည်ထွက်ခွါသွားတော့သည်။
ငရဲမင်းကြီးက သူကြည့်ပြီးတဲ့အထိ တည်တည်ငြိမ်ငြိမ်ပဲ စောင့်နေလိုက်ကာ ပြောလိုက်သည်၊ "ရှီက မြေပုံကို နားလည်သလား?"
ဖုန့်ရှီက မျက်နှာကျက်ကို မော့ကြည့်လိုက်ကာ၊ "ဒီလိုပါပဲ"
ငရဲမင်းကြီးက သူ့ကို ဆက်မမေးတော့ဘဲ ပြောလိုက်သည်၊ "မင်းနားလည်တယ်ဆိုတော့ ဒါဆို ကိုယ်တော်တို့သွားရင် ရှီက ကိုယ်တော်တို့ကို ဦးဆောင်နိုင်တယ်နော်!"
"..." ရှီတစ်ယောက် အတန်ကြာအောင် တိတ်ကျသွားပေမဲ့ ငရဲမင်းကြီး သူ့အပေါ် အထင်သေးတာကို မလိုချင်တဲ့အတွက် အဲ့နောက်မှာတော့ သူက ချက်ချင်း ရင်ကော့လိုက်ပြီး "ရတာပေါ့၊ ကျွန်တော် ခေါင်းဆောင်ကို ဦးဆောင်နိုင်တယ်!"
နောက်တစ်ရက်မှာတော့ ဖုန့်ရှီတစ်ယောက် အထုတ်အပိုးတွေ ထုတ်ပိုးအပြီးမှာ ငရဲမင်းကြီးနဲ့အတူ ခရီးဆက်တော့သည်။ ရက်တစ်ရာကြာရင် ကောင်းကင်ဘုံက မင်းသမီးရဲ့ မွေးနေ့ပွဲကို တက်ရောက်ရမှာဖြစ်တာကြောင့် သတ္တုရိုင်းကြောကိစ္စက ဒီ့မတိုင်ခင် ဖြေရှင်းထားရမှာဖြစ်သည်၊ အကြောင်းကတော့ သူတို့ သတ္တုရိုင်းကြောကို တွေ့ရှိရင်တောင်မှ သူတို့အနေနဲ့ မကာကွယ်နိုင်ဘူးဆိုရင် အချည်းအနှီးပဲ ဖြစ်သွားမှာဖြစ်သည်။ အဲ့အတွက်ကြောင့် သူတို့ အသေအချာ အပြည့်အဝ ကြိုတင်ပြင်ဆင်ထားရမှာဖြစ်သည်!
ပျော်ပျော်နေတတ်တဲ့ ဟော့လင်းလုံရဲ့ဘေးမှာတော့ ကာလွမ်သလာလည်း သူတို့နဲ့အတူ လိုက်ပါလာခဲ့၏။ လူလေးယောက် အတူတကွ ထွက်ခွါသွားကြပြီး ကျန်သူတွေအကုန်လုံးကတော့ တောင်ကြားထဲမှာ ကျန်နေရစ်ခဲ့ကြ၏။ ဟွာမိသားစုနဲ့ဖြစ်ခဲ့တဲ့ဖြစ်ရပ်ကြောင့် လူတွေက အလောသုံးဆယ် ဆုံးဖြတ်လုပ်ကိုင်မှာတော့မဟုတ်ပေမဲ့ စောင့်ကြည့်ဖို့ကိုတော့ သန်မာအားကောင်းတဲ့သူတစ်ယောက် ထားရစ်စောင့်ကြပ်ရမှာပင်။ ကျန်းပါးလားက ဂိုဏ်းခေါင်းဆောင်ဖြစ်တာမို့ သူက သဘာဝကျကျကို ကျန်နေရစ်ခဲ့တာဖြစ်ပေမဲ့ စာအုပ်နတ်ဘုရားနဲ့အခြားသူတွေကပါ ကျန်ရစ်ခဲ့ကြသည်။ ငရဲမင်းကြီးက ဖုန့်ရှီဘေးနားမှာ ရှိနေတာမို့ သူတို့အနေနဲ့ အတူလိုက်ပါဖို့ မလိုအပ်ပေ။
စာအုပ်နတ်ဘုရားက နှာခေါင်းရှုံ့လိုက်ပြီး သူတို့ထွက်သွားရာကို ကြည့်နေကာ မျက်ရည်တို့ သုတ်လိုက်၏။ သူတို့တွေက သတ္တုရိုင်းကြောတွေ ကြည့်ရဖို့ ဖုန့်ရှီနဲ့အတူ လိုက်ပါသွားချင်ခဲ့ကြတာဖြစ်သည်။
စာအုပ်နတ်ဘုရားက အဲ့တာကို စာအုပ်ထဲမှာပဲ သီအိုရီအရ သိရှိထားခဲ့တာဖြစ်ပေမဲ့ မလုံလောက်ပေ။ သတင်းအချက်အလက်ကို အချိန်နဲ့တပြေးညီ update လုပ်နိုင်ဖို့ သူ့အနေနဲ့ အဲ့တာကို ကိုယ်တိုင်ကိုယ်ကျ မြင်ဖို့လည်း လိုအပ်တယ်လေ!
ကံဆိုးတာက ငရဲမင်းကြီးက သူ့ကို လက်တွေ့ကျကျ သင်ယူခွင့် မပေးခဲ့ချေ!
တဆက်တည်းဖြစ်နေတဲ့ တောင်တန်းတွေက များပြားလှတဲ့အစိမ်းရောင်နဂါးတို့ ခွေရစ်ကာ အနားယူနေသလို ထင်ရသည်။ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် အစိမ်းရောင်ကျောက်တို့ရဲ့ကမ္ဘာတစ်ခုနဲ့ အလားသဏ္ဍာန်တူနေ၏။ လေထုက လတ်ဆတ်တဲ့မြက်ရနံ့တို့နဲ့ ပြည့်နှက်နေပြီး အနံ့ရတဲ့သူတိုင်းက လန်းဆန်းသွားသလို ခံစားရမှာဖြစ်သည်။
ရှုခင်းက အလွန်ကို လှပပေမဲ့ အဲ့ဒီ့တောင်တန်းတွေမှာ လူသားသက်ရှိတို့ တည်ရှိတဲ့လက္ခဏာလေး တစ်ခုတစ်လေတောင်မှ ရှိမနေချေ။ အဲ့ဒီ့တောင်တန်းတွေကို ရှေးကျတဲ့ ကမ္ဘာဦးတောအုပ်တွေနဲ့ ဖုံးအုပ်ထားပြီး ဘာမှန်းမသိနိုင်တဲ့ မိစ္ဆာသားရဲတို့ နေထိုင်ကျက်စားကြသည်။ အကျိုးဆက်အနေနဲ့ ကျင့်ကြံသူအများစုက တောအုပ်ထဲကို အဖော်နဲ့သာ ဝင်လေ့ရှိကြပြီး မိစ္ဆာသားရဲတွေကို အမဲလိုက်ခြင်းနဲ့ သက်မွေးဝမ်းကျောင်းမှု ပြုကြတာမို့ အဲ့ဒီ့မှာ တောင်တန်းတွေရဲ့အောက်ခြေမှာ မြို့ငယ်လေးတစ်ခု တဖြည်းဖြည်းနဲ့ ဖွဲ့တည်ဖွံ့ဖြိုးစ ပြုနေပြီဖြစ်သည်။ စီးပွါးရေး ဖွံ့ဖြိုးတိုက်တက်လာသည်နှင့်တပြိုင်နက် လူဦးရေထူထပ်မှုကလည်း တဖြည်းဖြည်း တိုးပွါးလာမှာဖြစ်သည်ပင်။
ဒီနေရာကတော့ မြောက်ပိုင်းနယ်မြေရဲ့ အရှေ့မြောက်အရပ်ဖြစ်ပြီး တောင်တန်းတွေအနည်းဆုံးရှိသည့်နေရာဖြစ်သည်။ မြောက်ပိုင်းနယ်မြေမှာ အကြီးဆုံးသော တောင်တန်းတွေ တည်ရှိတဲ့နေရာက သူတို့ရဲ့အရှေ့တည့်တည့်မှာမို့ ဒီနေရာက သတ္တုရိုင်းကြောကို ရှာဖွေဖို့ရန် မသင့်တော်ဆုံးသော နေရာဖြစ်၏။
သူတို့လေးယောက် တောင်ထိပ်ထက် ရပ်နေကြပြီး အောက်ကရှုခင်းကို အချိန်အကြာကြီး ကြည့်နေကြပြီးနောက်...
ဟော့လင်းလုံက အရှေ့တည့်တည့်ကို ငေးစိုက်ကြည့်နေတဲ့ ကောင်ငယ်လေးကို တစ်ချက်ကြည့်လိုက်ပြီး လှောင်လိုက်သည်၊ "ငါတို့ အရှေ့တောင်ဘက်ပိုင်းကို သွားမယ်လို့ ထင်ခဲ့တာ? ဒီနေရာက ကြည့်ရတာ အရှေ့မြောက်နဲ့တူနေတာပဲ!" သူမရဲ့အသံနေအသံထားက သူ့ကို လှောင်နေတဲ့အဓိပ္ပါယ်မှန်း သိသာထင်ရှားနေ၏။
ကာလွမ်သလာက အေးဆေးတည်ငြိမ်နေတဲ့ ငရဲမင်းကြီးကို ကြည့်လိုက်ပြီးနောက် စူပုပ်ပုပ်ဖြစ်နေတဲ့ဖုန့်ရှိကို ကြည့်လိုက်၏။ အဲ့နောက်မှာတော့ သူက ပါးစပ်ပိတ်ထားဖို့သာ ဆုံးဖြတ်လိုက်ကာ ကောင်းကင်ကိုပဲ ကြည့်နေလိုက်တော့သည်!
မနေ့က ဟွာမိသားစုက ဆူးလားမိသားစုထံ ခရမ်းရောင်သလင်း ထောင်ပေါင်း ရာနဲ့ချီ ပေးပို့ခဲ့တာကို သူ သတိရသွား၏။ အကျိုးဆက်အနေနဲ့ သူက ဆူးလားမိသားစုကို ကာကွယ်ပေးခဲ့သလိုမျိုးနဲ့ အဲ့တာတွေကို အိတ်ထောင်ထဲ အရှက်မဲ့စွာ ကောက်ထည့်ထားလိုက်သည်။ ကြည့်ရတာ လူတစ်ယောက်ဟာ အရှက်မရှိဘူးဆိုရင် သူတို့အတွက် တစ်လောကလုံးမှာ ရန်သူတစ်ယောက်မှ မရှိမယ့်ပုံပင်!
"ကျွတ်-ကျွတ်။ အရှေ့တောင်ဆိုတာက အရှေ့မြောက်နဲ့ လုံးဝကို ဆန့်ကျင်ဖက်ကြီးရယ်။ ကြည့်ရတာ တစ်စုံတစ်ယောက်ကတော့ မြေပုံကို မကြည့်ပုံပဲ!" ဟော့လင်းလုံက ဖုန့်ရှီကို အလွှတ်ပေးဖို့ စိတ်ကူးရှိဟန်မတူ၊ အဲ့နေရာမှာ ဘယ်သူမှ ရှိမနေသလိုမျိုး ဆက်ပြောလိုက်၏။
ဖုန့်ရှီက နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူ ဒီလိုမျိုး စော်ကားတဲ့စကားမျိုးတွေကို တစ်လမ်းလုံး နားထောင်ခဲ့ပြီးပြီ။
"လင်းလုံ" ငရဲမင်းကြီးက ဟော့လင်းလုံကို ခေါ်လိုက်၏။
ဟော့လင်းလုံက ချက်ချင်းပဲ ပြုံးလိုက်ပြီး မေးလိုက်သည်၊ "အမိန့်ရှိပါ အရှင်မင်းကြီး?"
ငရဲမင်းကြီးက သူ့မျက်လုံးထောင့်ကနေ သူမကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပေါ့ပေါ့ပါးပါးပြောလိုက်သည်၊ "မင်း အရင်ပြန်လို့ရပြီ!"
ဟော့လင်းလုံရဲ့အပြုံးက ချက်ချင်းပဲ တောင့်တင်းသွားရတော့သည်။ အတန်ကြာပြီးနောက် သူမက စပြီး စကားပြောလာသည်၊ "အရှင်မင်းကြီး၊ ကျွန်တော်မျိုးမက အရှင်မင်းကြီးနဲ့ သခင်လေးကို ခစားနေချင်ပါသေးတယ်"
"ရှီကလည်း မင်းရဲ့သခင်ပဲ၊ မင်း ထပ်ပြီး မမေ့တော့ဖို့ ငါကိုယ်တော် မျှော်လင့်တယ်။" ငရဲမင်းကြီးက ခပ်ပေါ့ပေါ့ သတိပေးလိုက်ပေမဲ့ သူမကို ထပ်မကြည့်တော့ချေ။
"...မှန်လှပါ" ဟော့လင်းလုံက သူမရဲ့အကြည့်ကို ငုံ့ချလိုက်ပြီး၊ "ကျွန်တော်မျိုးမ မှတ်သားထားပါ့မယ်။"
"အခုတော့ မင်း အရင်ပြန်လို့ရပြီ။" ငရဲမင်းကြီးက ဆက်ပြောလိုက်သည်၊ "သတ္တုရိုင်းကြောတစ်ခုကို ဒီမှာ တွေ့ပြီလို့ ဆူးလားမိသားစုရဲ့ခေါင်းဆောင်ကို ပြောလိုက်။"
ငရဲမင်းကြီးရဲ့စကားသံအဆုံးမှာပဲ ဖုန့်ရှီရဲ့ပုခုံးထက် လဲလျောင်းနေတဲ့ သလင်းကြွက်က ရုတ်တရက် ထပြီး တကျွိကျွိမြည်သံထွက်လာတော့သည်...
20220202; 2145
Stay tuned for the next chapter:
125. Tracks
🥰Thanks for reading, sharing, comments and votes.🥰
—————————— 👀 —————————
အပိုင္း ၁၂၄။ ဖုန္႔ရွီရဲ့ကံ
ၿပီးခဲ့တဲ့ ေသေရးရွင္ေရးတိုက္ပြဲက ခပ္ျမန္ျမန္ပဲ ပြဲသိမ္းသြားေတာ့သည္။
အဲ့ဒီ့လူစိမ္းသုံးေယာက္ရဲ့ ႐ုတ္တရက္ ေပၚထြက္လာမွုေၾကာင့္ ဟြာမိသားစုအေနနဲ႔ အလဲလဲအကြဲကြဲျဖစ္သြား႐ုံသာမက ဆူးလားမိသားစုထံကိုပါ ခရမ္းေရာင္ သလင္းေက်ာက္ ေထာင္ေပါင္း တစ္ရာ ေႂကြးတင္သြားေတာ့သည္။ အဲ့ဒီ့သတင္းက ေျမာက္ပိုင္းနယ္ေျမတခြင္ဝယ္ အလင္းရဲ့လ်င္ျမန္မွုလိုမ်ိဳး ခ်က္ခ်င္းကို ပ်ံ႕ႏွံ့သြားကာ ဟြာမိသားစုက နာမည္မရွိတဲ့ အင္အားစုအေသးေလးတစ္ခုကို ရွုံးသြားၿပီး ၿခိမ္းေတာင္ အၿခိမ္းေျခာက္ခံလိုက္ရတယ္ဆိုတာကို လူတိုင္း သိသြားၾကေတာ့သည္!
သူတို႔ကို သနားၾကသူ တစ္ဦးတစ္ေယာက္ေတာင္ မရွိေပမဲ့ ဒရမ္မာေလးၾကည့္ဖို႔ လာၾကတဲ့သူေတြကေတာ့ အေျမာက္အမ်ားပင္။
ဒီသတင္းက ေျမာက္ပိုင္းနယ္ေျမတလႊားမွာ အခ်ိန္အေတာ္ၾကာေအာင္ ေဆြးေႏြးမွုေတြ ျမင့္တက္သြားေတာ့သည္။ ဟြာမိသားစုက သူတို႔ရဲ့ ႀကီးျမတ္ွုကို ထိန္းတဲ့ေနရာမွာ နာမည္ႀကီးတာမို႔ လူေတာ္ေတာ္ မ်ားမ်ားက ဟြာမိသားစုရဲ့ တန္ျပန္တိုက္ခိုက္မွုကို ေစာင့္ေနၾကေပမဲ့ အျခားသူေတြရဲ့ခ်ိန္ဆတြက္ဆေနၾကမွုေအာက္မွာပဲ အခ်ိန္တစ္လက ေက်ာ္လြန္သြားခဲ့ၿပီျဖစ္ေပမဲ့ ဟြာမိသားစုဘက္ကေတာ့ ဘာလွုပ္ရွားမွုမွ ရွိမလာခဲ့။ သူတို႔က ျပင္ပမွာ သင္တန္းတက္ သင္ယူေနခဲ့ၾကတဲ့ တပည့္တပန္းေတြကိုေတာင္မွ ျပန္ေခၚယူလိုက္ၾကၿပီျဖစ္သည္။
ဒီအျပဳအမူက ဟြာမိသားစုရဲ့ ဒီအေျခအေနအေပၚထားတဲ့ သေဘာထားကို လွစ္ဟျပေနသည္မို႔ သူတို႔ကို ပ်က္ရယ္ျပဳလိုတဲ့ လူေတြအေနနဲ႔ စကားလုံးေတြကို မနည္း ၿမိဳခ်ေနၾကရေတာ့သည္။ နာမည္ႀကီး ဟြာမိသားစုကို ေၾကာက္ရြံ့ပုန္းေအာင္ေနေစေလာက္ေအာင္ ဆူးလားမိသားစုကို အလြန္အမင္း စြမ္းအားႀကီးတဲ့လူမ်ိဳးက ေက်ာေထာက္ေနာက္ခံ ရွိေနပုံပင္။
အဲ့လိုနားလည္သြားမွုနဲ႔အတူ ေျမာက္ပိုင္းနယ္ေျမအတြင္းက အင္အားစုေတြအားလုံးက ဟြာမိသားစုကို ပ်က္ရယ္ျပဳရဲေပမဲ့ ဆူးလားမိသားစုကိုေတာ့ ဘယ္လိုအေျခအေနမ်ိဳးမွာပဲျဖစ္ျဖစ္ ရန္မစရဲေတာ့ေခ်!
ဟြာမိသားစုအေနနဲ႔ ဆူးလားမိသားစုက ဒီျဖစ္ရပ္ကေန ဒီေလာက္ နာမည္ဂုဏ္သတင္း ႀကီးသြားလိမ့္မယ္လို႔ ေတြးေတာင္မေတြးထားမိခဲ့။
သူတို႔သာ သိခဲ့မယ္ဆိုရင္ သူတို႔ ေသလုမတတ္ ေသြးအန္သြားမွာျဖစ္သည္။ သူတို႔ေတြ တကယ္ကို ေသခ်ာမဆန္းစစ္ပဲ အေလာသုံးဆယ္ ဆုံးျဖတ္ခ်က္ ခ်ခဲ့မိၿပီး ဆူးလားမိသားစုကို သြားတိုက္မိတာပဲ!
ျပင္ပမွာေတာ့ သတင္းက ေတာမီးပမာ ပ်ံ႕ႏွံ့သြားေပမဲ့ ဆူးလားမိသားစုအတြင္းမွာေတာ့ အေတာ္ကို ၿငိမ္သက္ေနသည္ပင္။ အေၾကာင္းရင္းကေတာ့ အျခားမဟုတ္၊ ဖုန္႔ရွီက ႀကီးျမတ္တဲ့ပုဂၢိဳလ္ကို ပင့္ဖိတ္ခဲ့တာေၾကာင့္ပဲျဖစ္သည္။ ေကာင္းကင္နယ္ပယ္ဆင့္လူေတြေတာင္မွ သူ႔ကို မဖိတ္ၾကားနိုင္ေပမဲ့ သူကေတာ့ ဒီေတာင္ၾကားေသးေသးေလးတစ္ခုအတြင္း ႂကြခ်ီသက္ဆင္းလာခဲ့သည္။ အႀကီးအက်ယ္ အံ့အားသင့္စရာပင္!
အက်ိဳးဆက္အေနနဲ႔ ဆူးလားမိသားစုက ေအာင္နိုင္သူျဖစ္သြားေပမဲ့ ေတာင္ၾကားထဲမွာ ဘယ္သူကမွ မေပ်ာ္ပါးရဲၾက။ ေပ်ာ္ရႊင္မွုစိတ္ခံစားခ်က္ေတြ ေဆာင့္တက္ေနတဲ့လူငယ္လူရြယ္တို႔အဖို႔ေတာ့ အဲ့တာက အရမ္းကို ခက္ခဲလွတာျဖစ္သည္။ သူတို႔အေနနဲ႔ နဂိုပုံမွန္ေလ်ာက္ေနၾကလိုမ်ိဳးေတာင္ လမ္းရဲရဲမေလ်ာက္ရဲၾက၊ ငရဲမင္းႀကီးကို မေပ်ာ္မရႊင္ျဖစ္ေအာင္ ျပဳမိမွာစိုးတာေၾကာင့္ သူတို႔မွာ အသံက်ယ္က်ယ္ေတာင္ မဟရဲၾကဘဲ အခ်င္းခ်င္း တစ္ေယာက္နား တစ္ေယာက္ တီးတိုးသာ တြတ္ထိုးရဲၾက၏!
ကာလြမ္သလာနဲ႔သူ႔အဖြဲ႕ေတာင္မွ ဒီအေျခအေနမ်ိဳးမွာ ဘာမွမကူညီနိုင္ ဘာမွမလုပ္နိုင္ ျဖစ္ေနၾကတာျဖစ္သည္။ အဆုံးမေတာ့ ငရဲမင္းႀကီးကို သူတို႔ျမင္ထားတဲ့အျမင္က အလြန္႔အလြန္ကို ခမ္းနားႀကီးက်ယ္ျမင့္ျမတ္တယ္လို႔ ခံယူထားတာေၾကာင့ သူတို႔ လူကိုယ္တိုင္ ဖူးေတြ႕ခြင့္ရတဲ့အခ်ိန္မွာေတာ့ အစစ္အမွန္လို႔ ခံစားလို႔မရျဖစ္ေနေတာ့သည္။ ဒ႑ာရီလာ ဘုရင္မင္းႀကီးအေရွ႕မွာ သူတို႔အလုပ္ကို သူတို႔ ဂ႐ုတစိုက္ စိုးတရြံ့ရြံ့နဲ႔သာ လုပ္ေနရဲၾကေတာ့သည္။ အဲ့လိုအေျခအေနမ်ိဳးမွာ သူတို႔အားလုံး ထိတ္လန္႔အံ့အားသင့္ေနၾကတာမို႔ ဘယ္သူကမွလည္း သူတို႔ကို အပစ္မတင္နိုင္!
တစ္စုံတစ္ေယာက္ကေတာ့ ဆူးလားမိသားစုရဲ့အျပဳအမူကို 'ခ်စ္စရာ' အျပဳအမူလို႔ သဘာဝက်က် ရွုျမင္ကာ အူလွိုက္သဲလွိုက္ ရယ္လိုက္၏။
"သခင္၊ ဆူးလားမိသားစုကသူေတြက အရမ္း ခ်စ္စရာေကာင္းတယ္ေနာ္၊ ဟားဟား..." ေဟာ့လင္းလုံရဲ့ပုံရိပ္က သူမ ရယ္လိုက္တဲ့အခ်ိန္မွာပဲ ပ်က္ျပားသြားၿပီျဖစ္သည္။ ဖုန္႔ရွီရဲ့မ်က္လုံးထဲမွာေတာ့ သူမရဲ့ ဆြဲညႇို႔ေနတဲ့ပုံရိပ္ဟာ အ႐ူးတစ္ေယာက္အျဖစ္ ေျပာင္းသြားၿပီျဖစ္သည္။ သူမက အဲ့တာကို သတိမျပဳမိဘဲ ဆက္ေျပာလိုက္၏၊ "မေန႔တုန္းက၊ ကၽြန္မ ဆူးလားမိသားစုရဲ့တပည့္ႏွစ္ေယာက္ ေၾကာင္ေတြလိုမ်ိဳး လမ္းေလ်ာက္ေနတာကို ေတြ႕ခဲ့တယ္၊ ၿပီးေတာ့ သူတို႔က တစ္ေယာက္နဲ႔တစ္ေယာက္ တီးတိုးေျပာေနၾကတယ္။ တကယ္ပဲ... အဲ့တာ တကယ္ကို အရမ္းရီစရာေကာင္းတယ္!"
ငရဲမင္းႀကီးရဲ့အေရွ႕မွာ ေဟာ့လင္းလုံရဲ့မ်က္ႏွာက ရယ္လြန္းလို႔ တြန္႔လိမ့္ေနေပမဲ့လည္း ငရဲမင္းႀကီးရဲ့အမူအယာက မေျပာင္းမလဲ အရင္အတိုင္းပဲ ျဖစ္သည္။
သူမရဲ့သေဘာထားက အရင္ကနဲ႔ယွဥ္ရင္ ထင္မွတ္မထားနိုင္ေလာက္ေအာင္ကို ေျပာင္းလဲသြားတာမို႔ ဖုန္႔ရွီက ေဟာ့လင္းလုံကို စိုက္ၾကည့္လိုက္သည္။ ေကာင္းကင္ထြတ္ထိပ္နန္းေတာ္မွာတုန္းက သူမရဲ့ေလးစားမွုအျပည့္ရွိတဲ့သေဘာထားက သူတို႔ နန္းေတာ္ကေန ထြက္လာတာ သိပ္မၾကာေသးခင္မွာပဲ ေပ်ာက္ကြယ္သြားပုံရကာ သူမရဲ့ပုံရိပ္စစ္ ပုံရိပ္မွန္က ကြာက်သြားၿပီျဖစ္သည္။ အဲ့အတြက္ေၾကာင့္၊ ဖုန္႔ရွီက ေဟာ့လင္းလုံဟာ သူ႔လိုမ်ိဳးပဲ ဦးေလးျဖဴကို အလြန္အမင္း ေၾကာက္ရတာပဲလို႔ ခိုင္ခိုင္မာမာ ခံစားမိလိုက္ရေတာ့သည္!
အစကဆို ဖုန္႔ရွီ သူမနဲ႔ ဖက္ၿပိဳင္ေျပာေနဦးမွာဆိုေပမဲ့ သူ႔ေခါင္းေဆာင္ရဲ့အျပဳအမူကို ျမင္တဲ့အခ်ိန္မွာေတာ့ သူက အနည္းငယ္ေတြးလိုက္ကာ အဲ့ေနာက္မွာေတာ့ သူ႔ေခါင္းေဆာင္ကို အတုခိုးဖို႔ ဆုံးျဖတ္လိုက္ၿပီး အဲ့ဒီ့လူကို လ်စ္လ်ဴရွုလိုက္ရင္း လက္ဖက္ရည္ၾကမ္းပဲ ေသာက္ေနလိုက္ေတာ့သည္!
ေဟာ့လင္းလုံက ဘယ္သူကမွ သူမကို မေထာက္ခံတာကို ျမင္ေတာ့ ဝတဲ့အထိ အတန္ၾကာရယ္ေနလိုက္ၿပီးေနာက္ သူမရဲ့ေတာင့္တင္းေနတဲ့အမူအယာကို ျပင္လိုက္ၿပီး ေႏြးေထြးျငင္သာတဲ့အသံေနအသံထားနဲ႔ေျပာလိုက္သည္၊ "သခင္တို႔၊ ကၽြန္ေတာ္မ်ိဳးမ လက္ဖက္ရည္ၾကမ္း ႏွပ္ဖို႔ ေရေႏြးသြားႀကိဳလိုက္ပါဦးမယ္!"
ဖုန္႔ရွီက ခ်က္ခ်င္းပဲ ဆြံ့အသြားရေတာ့သည္။
ေဟာ့လင္းလုံထြက္သြားၿပီးေနာက္ ငရဲမင္းႀကီးက သူ႔ရဲ့လက္ဖက္ရည္ပန္းကန္ကို ေအာက္သို႔ခ်လိုက္သည္။ သူက ႏွုတ္ခမ္းေပၚက လက္ဖက္ရည္ၾကမ္းကို လ်ာနဲ႔သပ္လိုက္ၿပီး ဖုန္႔ရွီေမးဆီ လက္လွမ္းလိုက္ၿပီး ခပ္ျမန္ျမန္ ေျပာလိုက္သည္၊ "သူမရဲ့ကိုယ္ရည္ကိုယ္ေသြးက အဲ့လိုမ်ိဳးပဲမို႔၊ အနာဂတ္မွာ မင္း သူမကို အာ႐ုံစိုက္စရာမလိုဘူး။ ရွီက သူ႔ကို လ်စ္လ်ဴရွုထားဖို႔ပဲ လိုတယ္!"
ဖုန္႔ရွီရဲ့စိတ္က ငရဲမင္းႀကီးရဲ့ တျမတ္တနိုးအျပဳအမူေလးေၾကာင့္ တိမ္ေပၚလြင့္စင္သြားၿပီျဖစ္သည္။
တံခါးေခါက္သံ မၾကားမခ်င္း သူ အသိျပန္မဝင္လာခဲ့ေပ။ ေဟာ့လင္းလုံက ေကာင္းကင္ေက်ာက္တုံးပြဲၾကည့္စင္မွာ ဆူးလားမိသားစုကတပည့္ငယ္ေလးေတြကို သြားၿပီး ကလူ၏သို႔ ျမဴ၏သို႔ သြားလုပ္မွာမို႔ ေရေႏြးသြားႀကိဳဦးမယ္လို႔ အေၾကာင္းျပခ်က္ ေပးသြားခဲ့တာျဖစ္နိုင္သည္၊ အဲ့အတြက္ေၾကာင့္ ဖုန္႔ရွီက ထၿပီး တံခါးဖြင့္ေပးလိုက္၏။ တံခါးလာေခါက္သူက ကာလြမ္သလာတို႔သားအဖ ျဖစ္ေနတာကို ျမင္လိုက္ရေတာ့ သူက စိတ္ေအးသြားရကာ သက္ျပင္းတစ္ခ်က္ခ်လိုက္၏။ ဖုန္႔ရွီက သူတို႔ကို ခ်က္ခ်င္း အထဲေခၚသြင္းလိုက္ကာ၊ "ေခါင္းေဆာင္က ဒီမွာ၊ ျမန္ျမန္ဝင္!"
ကံေကာင္းတာက ႏွစ္ေယာက္လုံးက ငရဲမင္းႀကီးကို အရင္ကတည္းက ျမင္ဖူးထားတာမို႔ သူတို႔က တုန္႔ဆိုင္းမသြားခဲ့။ သူတို႔ ေတာင္ၾကားထဲက က်န္ေနေသးတဲ့ ကိစၥဝိစၥေတြကို ေျဖရွင္းၿပီးသြားတဲ့အခ်ိန္မွာေတာ့ ကာလြမ္သလာေရာ သူ႔အေဖပါ ခ်က္ခ်င္း အခစား လာၾကတာျဖစ္သည္!
"က်န္းပါးလား (ကာလြမ္သလာ)က ငရဲမင္းႀကီးကို ႏွုတ္ဆက္ခစားပါတယ္!" သူတို႔က ထိုင္ခုံမွာထိုင္ေနတဲ့ ငရဲမင္းႀကီးကိုျမင္ေတာ့ ခ်က္ခ်င္းပဲ
You are reading the story above: TeenFic.Net