အပိုင်း ၁၂၃။ ချွေးသိပ်ခြင်းနှင့် ခြိမ်းခြောက်ခြင်း
ကာလွမ်သလာတစ်ယောက်သာ ဒီအခြေအနေကို တွေ့ရှိသွားသည်မဟုတ်၊ အရှေ့နေမိစ္ဆာလည်း သတိပြုမိသွားခဲ့သည်။
သူ့မျက်နှာထက် ကြောင်အမ်းသွားတဲ့အမူအယာ ဖျက်ခနဲဖြတ်ပြေးသွားပြီးနောက် သူက ချက်ချင်းပဲ ထရယ်လိုက်တော့သည်။ သူ့ရယ်သံက သူ့ကိုယ်သူ အရမ်းကို ကျေနပ်အားရသွားဟန်ပေါ်နေ၏။ တကယ်လို့ သူ ကာလွမ်သလာကို မသတ်နိုင်ဘူးဆိုရင် အနည်းဆုံးတော့ ဆူးလားမိသားစုဝင်တွေအပေါ် ဒေါသပုံချရမည်လေ။
ကာလွမ်သလာက အဲ့တာကို ခပ်မြန်မြန် သိရှိသွားခဲ့ပေမဲ့လည်း အမှီဟန့်တားဖို့က သပ်သပ်တကဏ္ဍပင်။ အဲ့တိုက်ကွက်က နတ်ဘုရားဥဿျှောင်နယ်ပယ်ဆင့် အဆင့်ငါးသမားတစ်ယောက်ရဲ့ အားကောင်းတဲ့တိုက်ကွက်ဖြစ်တာကြောင့် သူ အဲ့တိုက်ကွက်ကို ဝင်ခံနိုင်စွမ်းရှိမရှိ သူ မသေချာ။ ဒါပေမဲ့ သူ ဒီလိုကြီး ဘာမှ မလုပ်ဘဲ ရပ်နေပြီး သူ့ဂိုဏ်းသားအဖွဲ့ဝင်တွေ သေဆုံးတာကို ဒီအတိုင်းလည်း ကြည့်မနေနိုင်။
"အစ်ကိုကြီး!"
"မုန်တိုင်းကာလွမ်သလာ!"
အသံနှစ်သံ တပြိုင်နက်တည်း အော်လိုက်သံထွက်ပေါ်လာ၏။
အဲ့အခိုက်အတန့်မှာ မုန်တိုင်းရဲ့စွမ်းအားရှေ့မှာပဲ ကမ္ဘာကြီးက တိတ်ဆိတ်သွားကာ လူတွေက သေးငယ်သွားဟန်ပေါက်နေသည်။
ဒါပေမဲ့ မုန်တိုင်းကာလွမ်သလာက တိုက်ခိုက်မှုကို ကြားဝင်တုန့်ပြန်တော့မယ့်အချိန်မှာပဲ ဘယ်ကမှန်းမသိတဲ့ ပိန်ပိန်ပါးပါး ဖြူလျော်လျော်လက်တစ်ဖက်က ဆန့်ထွက်လာပြီး မုန်တိုင်းကာလွမ်သလာရဲ့အင်္ကျီကို ဖမ်းဆွဲလိုက်၏။ ချိုသာတဲ့အသံတစ်ခု သူ့နားထဲ တီးတိုးဝင်လာသည်၊ "ကောင်လေး၊ ဘဝက အဖိုးတန်တယ်။ အဲ့လိုလွယ်လွယ် အရှုံးမပေးရဘူး။ အဲ့တာ တကယ့်ယောက်ျားကောင်း ယောက်ျားမြတ်တွေ လုပ်သင့်တာမဟုတ်ဘူး!"
မုန်တိုင်းကာလွမ်သလာတစ်ယောက် ရုတ်တရက် မျက်လုံးအစုံ ပြူးကျယ်သွားရကာ သူ အဲ့ဒီ့အမျိုးသမီးကို သေချာမကြည့်ရသေးခင်မှာပဲ တွန်းဖယ်ခြင်းခံလိုက်ရတော့သည်။
လှပသားနားတဲ့အမျိုးသမီးက ပန်းရောင်ဖျော့ဖျော့ဝတ်စုံ ဝတ်ဆင်ထားကာ သူမရဲ့ပိန်ပိန်ပါးပါးကိုယ်ခန္ဓာက နှစ်လိုဖွယ်ရှိကာ ဆွဲဆောင်အား ရှိလှသည်။ သူမရဲ့ ပန်းနုရောင်နှုတ်ခမ်းအစုံက အပြုံးတစ်ပွင့် ပွင့်ဟသွားကာ မုန်တိုင်းတိုက်ကွက်ကို မျက်တောင်တစ်ချက်မခတ်ဘဲ ရင်ဆိုင်လိုက်၏။ သူမက လက်ကို တည်တည်ငြိမ်ငြိမ် ဆန့်တန်းထုတ်လိုက်တဲ့အချိန်မှာပဲ သူမရဲ့ နှုတ်ခမ်းထောင့်က ရုတ်တရက် ကွေးတက်သွားကာ နှစ်လိုဖွယ်အပြုံးတစ်ပွင့် ဖြစ်ပေါ်လာတော့သည်။ အဖြူရောင်ကျောက်စိမ်းနဲ့တူတဲ့ သူမရဲ့ လှပတဲ့လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းတစ်ခု ရေးဆွဲလိုက်ကာ အပြင်ဘက်ကို တောက်လွှတ်လိုက်၏...
မုန်တိုင်းတိုက်ကွက်က တောင်ကြားကို ဖျက်ဆီးပစ်လိုက်တော့မယ်လို့ လူတွေ တွေးထင်နေကြချိန်မှာပဲ ခြေရာလက်ရာမကျန်အောင် ရုတ်တရက် ပျောက်ပျက်သွား၏။ အဲ့နေရာမှာတော့ ပန်းရောင်ဖျော့ဖျော့ ဝတ်စုံဝတ်ဆင်ထားတဲ့ သားနားလှပကာ ထင်းထွက်နေတဲ့အမျိုးသမီးတစ်ယောက်က တည်ငြိမ်စွာ ရပ်နေတာမို့ လူတိုင်းရဲ့ စိတ်ဝင်စားမှုတို့ကို အလွန်အမင်း ဖမ်းစားသွား၏။ သူမရဲ့ လှပတဲ့ကိုယ်ကောက်ကြောင်းက တိုက်ပွဲမှာရှိရှိသမျှသော ယောက်ျားတွေကို နှာခေါင်းသွေးလျံလာစေလောက်အောင် သူမက သိသိသာသာကြီးကို ထင်းထွက်နေတာဖြစ်သည်!
တိုက်နေကြတဲ့ မိစ္ဆာသားရဲတွေကလွဲရင် လူတိုင်းက တောင့်တင်းသွားကြကာ ကောင်းကင်ထက်က သားနားလှပတဲ့အမျိုးသမီး ထွက်ပေါ်လာမှုကို စူးစိုက်ကြည့်နေကြတော့သည်။
အရှေ့နေမိစ္ဆာ အကြာကြီးကြောင်သွားပေမဲ့ အဲ့တာကတော့ သားနားလှပတဲ့ အမျိုးသမီးကြောင့်မဟုတ်ဘဲ သူ့ရဲ့ အားပြင်းတဲ့တိုက်ကွက်ကို သူမက လုံးလုံးလျားလျား ဖယ်ရှားလိုက်နိုင်လို့ပဲဖြစ်သည်။ နတ်ဘုရားဥဿျှောင်နယ်ပယ်ဆင့် အဆင့်ကိုး ရောက်နေပြီဖြစ်တဲ့ သူတို့ဟွာမိသားစုရဲ့ မိသားစုခေါင်းဆောင်တောင်မှ ဒီတိုက်ကွက်ကို အဲ့လောက်လွယ်လွယ်လေး မရပ်တန့်နိုင်။ အဲ့အတွက်ကြောင့် အဲ့တာက ပြဿနာအကြီးကြီးတက်ပြီဆိုတာကို ပြသနေသည်ပင်၊ သားနားလှပတဲ့အမျိုးသမီးရဲ့ခွန်အားက သူ့ထက် အများကြီး ပိုများနေပြီး သူမက နတ်ဘုရားဥဿျှောင်နယ်ပယ်ဆင့် အဆင့်တွေအားလုံးကို ကျော်လွန်သွားပြီလောက်ပြီဖြစ်ကာ နတ်ဘုရားခေါင်ချုပ်နယ်ပယ်ဆင်ရောက်နေပြီဖြစ်တဲ့ ပညာရှင်တစ်ယောက်တစ်ယောက်ဖြစ်နိုင်သည်။
နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်ရဲ့ မြောက်ပိုင်းဒေသမှာ နတ်ဘုရားခေါင်ချုပ်နယ်ပယ်ဆင့်ပညာရှင် တစ်ယောက်တစ်လေတောင်မှ မရှိခဲ့ဘူး!
"အရှင်မက ဘယ်သူပါလဲ? ဘာလို့ ဆူးလားမိသားစုကို ကယ်တင်ရတာပါလဲ?"
အရှေ့နေမိစ္ဆာက အသက်တောင် မအောင့်ထားနိုင်တော့ချေ။ တကယ်လို့ ဒီအမျိုးသမီးက ဖြတ်သွားဖြတ်လာပဲဆိုရင်တော့ ပြဿနာက ဖြေရှင်းဖို့လွယ်ပေမဲ့ တကယ်လို့ သူမက ဆူးလားမိသားစုကို တမင်သပ်သပ် လာကယ်တာဆိုရင်တော့ ဟွာမိသားစုရဲ့နာမည်ဂုဏ်သတင်းက အဖတ်ဆယ်လို့ ရနိုင်တော့မှာမဟုတ်တော့ပေ။ နတ်ဘုရားခေါင်ချုပ်နယ်ပယ်ဆင့်ပညာရှင်တစ်ယောက်ရဲ့ အထောက်အပံ့နဲ့ဆိုရင် မြောက်ပိုင်းနယ်မြေတခွင်မှာ အင်အားအကြီးဆုံးဂိုဏ်းတစ်ခုဖြစ်တဲ့ ဟွာမိသားစုတောင်မှ ရှုံးမှာ အသေအချာပင်!
အရှေ့နေမိစ္ဆာရဲ့မျက်နှာက နက်မှောင်သွားပြီး အရှေ့ကတစ်ခုဖြစ်ပါစေလို့ မျှော်လင့်နေ၏။
(T/Nသူမက ဖြတ်သွားဖြတ်လာသမားတစ်ယောက်သာ ဖြစ်ပါစေလို့ အရှေ့နေမိစ္ဆာက မျှော်လင့်နေတာဖြစ်သည်)
'ဟားဟား!" ဟော့လင်းလုံ*က အရှေ့နေမိစ္ဆာပြောတာအပေါ် အလွန်အမင်း ရယ်စရာစကားတစ်ခု ကြားလိုက်ရသလို ခံစားမိတာကြောင့် သူမအပြုံးကို ကွယ်လိုက်သည်။ တဖက်လူက သူ့ရဲ့ခက်ထန်တဲ့အမူအယာကို ထိန်းမထားနိုင်တော့တဲ့အချိန်မှာတော့ သူမက ဖြည်းညင်းစွာ ပြန်ဖြေလိုက်သည်၊ "ငါ ဘယ်သူ့ကို ကယ်ချင်တယ်ဆိုတာကို ဒီသက်ကြားအိုတစ်ယောက်ကို ငါက ဘာလို့ တင်ပြရမှာလဲ?"
(T/N: အခန်း 120 မှာတုန်းက သူမကို Fire Linglone လို့ ရေးထားတာကြောင့် မီးလင်းလုံလို့ ဘာသာပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီအခန်းမှာတော့ သူမကို Huo Linglone လို့ ပြောင်းရေးထားတာကြောင့် ဟော့လင်းလုံလို့ အသံထွက်အတိုင်း နာမည်ကို ပေါင်းလိုက်ပါတယ်။ တကယ်က ဟော့ဆိုတာ မီးကိုပြောတာပါ)
အရှေ့နေမိစ္ဆာရဲ့မျက်နှာက ချက်ချင်းပဲ လူသေတစ်ယောက်လို ဖြူလျော်သွားကာ "မင်းရဲ့စကားတွေက...မင်းက ဟွာမိသားစုနဲ့ ရန်စပွါးချင်လို့လား?"
အတိတ်တုန်းက ဟွာမိသားစုရဲ့အရှိန်အဝါ အခြေအနေမပါရင်တောင်မှ အရှေ့နေမိစ္ဆာရဲ့နာမည်ကို ကြားလိုက်ရရင်တောင်မှ မလေးမခန့်မပြုရဲကြ။ အကျိုးဆက်အနေနဲ့ သူ တဖြည်းဖြည်း မောက်မာလာပြီး ထောင်လွှားလာတော့တာဖြစ်သည်။ သူ ဒီလောက်နှစ်တွေအကြာကြီး ရှင်သန်နေထိုင်ခဲ့ပြီးဖြစ်ပေမဲ့ ဘယ်သူကမှ သူ့ကို သက်ကြားအိုလို့ မခေါ်ဝံ့ကြ။ ဒီသားနားလှပတဲ့အမျိုးသမီးက ဖုံးကွယ်သိုဝှက်ထားတဲ့လျို့ဝှက်နက်နဲဆန်းကျယ်မှုတို့သာ ရှိမနေဘူးဆိုရင် အရှေ့နေမိစ္ဆာအနေနဲ့ သူမကို ခုလောက်ထိ သည်းခံနေမှာမဟုတ်ဘဲ သတ်ပြစ်ပြီးသွားမှာ အသေအချာပင်!
"ဟွာမိသားစု?" ဟော့လင်းလုံက ကြောင်သွားသလို ဟန်ဆောင်လိုက်ပြီးနောက် ရုတ်တရက် နှစ်လိုဖွယ် ပြုံးလိုက်သည်။ သူမရဲ့ နှင်းဆီရောင်နှုတ်ခမ်းဖူးတို့က အနည်းငယ် ပွင့်ဟသွားပြီးနောက် သူမက ပြောလိုက်၏၊ "အဲ့တာဘာလဲ?"
လူအုပ်ကြီးအတွင်း အုတ်အုတ်ကျပ်ကျပ် ဖြစ်ပွါးသွားရတော့သည်။
သူတို့အနေနဲ့ ဟွာမိသားစုအပေါ် အထင်သေးကြတဲ့လူတွေ အများကြီးကို သူတို့ မြင်ဖူးတွေ့ဖူးကြပေမဲ့ ဘယ်သူကမှတော့ အရှေ့နေမိစ္ဆာရဲ့အရှေ့မှာ ဟွာမိသားစုအပေါ် ပျက်ရယ်မပြုရဲကြ။ အဲ့ဒီ့စကားတွေက ဟွာမိသားစုရဲ့ ဂုဏ်သိက္ခာကို ရှင်းရှင်းလင်းလင်းကို စော်ကားလိုက်တာပဲဖြစ်သည်!
အရှေ့နေမိစ္ဆာက အလွန်ကို စိတ်ဆိုးသွားတာကြောင့် သူ့မျက်နှာက ပြာရာကနေ မည်းမှောင်လာပြီး သူ့မုတ်ဆိတ်ကို လွှဲယမ်းလိုက်ကာ ဒေါသတကြီး အသက်ရှုရှိုက်လိုက်တော့သည်။ သူ ဒီနေ့ တော်တော် သင်ယူစရာတွေ အများကြီး ကြုံခဲ့ရတာပဲ!
ဒါပေမဲ့ ဒေါသက ဒေါသအနေနဲ့သာ တည်ရှိနေတာဖြစ်ကာ သူက သူမကို မတိုက်ခိုက်ရဲပေ။ ကနဦးအကဲဖြတ်ရုံနဲ့တင် သူမက သာမာန်လူတစ်ယောက်မဟုတ်ဘူးဆိုတာကို သူ ပြောနိုင်ပြီးဖြစ်သည်။ သူမက ဒဏ္ဍာရီလာ နတ်ဘုရားခေါင်ချုပ်နယ်ပယ်ဆင့် ပညာရှင်တစ်ယောက်ဖြစ်နိုင်လောက်ပြီး တကယ်လို့ အဲ့တာသာ အမှန်ဆိုရင် ဟွာမိသားစုအနေနဲ့ အစီအစဉ်တွေ ပြောင်းလဲဖို့ လိုလာပြီဖြစ်သည်။ နတ်ဘုရားခေါင်ချုပ်ပညာရှင်တစ်ယောက်ကို ရန်သူလုပ်ဖို့ရာက ဟွာမိသားစုရဲ့လက်ရှိအနေအထားနဲ့ဆိုရင် ပညာဉာဏ်ရှိရှိ ရွေးချယ်မှုမျိုးမဟုတ်!
"သက်ကြားအိုကြီး၊ မင်းရဲ့လူတွေကို မင်း အသေမခံချင်ဘူးဆိုရင် အခု ထွက်သွားလိုက်! အဲ့လိုမှမဟုတ်ရင် ငါ့သခင်နှစ်ယောက် ရောက်လာတဲ့အခါမှာ မြောက်ပိုင်းနယ်မြေရဲ့ အားအကြီးဆုံး မိသားစုဆိုတဲ့ဂုဏ်ဒြပ်နေရာက အပြောင်းအလဲဖြစ်သွားလိမ့်မယ်!" ဟော့လင်းလုံက တဖြည်းဖြည်း ရှေ့တိုးလာကာ ဒေါသထွက်နေတဲ့ အရှေ့နေမိစ္ဆာကို ခြိမ်းခြောက်လိုက်၏။
"ကောင်းပြီလေ! ကောင်းပြီ! ကောင်းပြီ!" အရှေ့နေမိစ္ဆာက ဒေါသတကြီး ရယ်လိုက်ကာ၊ "ခြိမ်းခြောက်တာပေါ့! ငါ မင်းရဲ့စကားတွေကို ငါတို့ရဲ့ ဂိုဏ်းခေါင်းဆောင်ထံ ပါးလိုက်ပါ့မယ်။ အဲ့အချိန်ဆိုရင် မင်းအနေနဲ့ ဆူးလားမိသားစုကို ကာကွယ်ဖို့ နေ့တိုင်းကြိုးစားဖို့ လိုလိမ့်မယ်။ အဲ့လိုမှမဟုတ်ရင် အနှေးနဲ့အမြန်ဆိုသလို ဆူးလားမိသားစုက ဒီကမ္ဘာမြေပေါ်ကနေ ပျောက်ကွယ်သွားရလိမ့်မယ်!"
တကယ်လို့ ဟွာမိသားစုက ဒီအမျိုးသမီးရဲ့ ခြိမ်းခြောက်ခံရမှုကိုသာ ပြန်မတုန့်ပြန်ဘူးဆိုရင် သူတို့အနေနဲ့ မြောက်ပိုင်းနယ်မြေမှာ လူရယ်စရာဖြစ်လာမှာပင်။ ဟွာမိသားစုကို ထောက်ပံ့ပေးနေကြတဲ့ အခြားအင်အားစုတွေကလည်း သူတို့အပေါ်ကို စတင်ပြီး အထင်အမြင်သေးလာကြတော့မှာဖြစ်သည်။ အဲ့အချိန်မှဆို ဟွာမိသားစုရဲ့နာမည်ဂုဏ်သတင်းက နာမည်လည်း ကျဆင်းသွားမှာဖြစ်ပြီး မြောက်ပိုင်းနယ်မြေမှာ ရရှိနေတဲ့ သူတို့ရဲ့အခြေအနေကလည်း တကယ်ကို အန္တရာယ်တောထဲ ကျသွားတော့မှာဖြစ်သည်!
"ဟမ်? အဲ့တာဆို နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်ကလည်း ဟွာမိသာစုရဲ့ အစိတ်အပိုင်းတစ်ခုပဲလား?"
အရှေ့နေမိစ္ဆာနဲ့ သူ့အဖွဲ့က ထွက်သွားကြတော့မယ့်အချိန်မှာပဲ ကြည်လင်းရှင်းလင်းပြတ်သားနေပေမဲ့ ပဟေဌိတွေ ပြည့်နေတဲ့အသံတစ်သံ ကောင်းကင်ထက်မှာ ရုတ်တရက် ထွက်ပေါ်လာကာ မေးခွန်းထုတ်လိုက်တာဖြစ်သည်။ အဲ့ဒီ့မေးခွန်းကို မေးလိုက်တဲ့ မရေမရာဖြစ်နေတဲ့အသံက ရာနဲ့ချီတဲ့ကြိုးထုံးတွေနဲ့ ခွေထားသလိုမျိုး* ဖြစ်နေသည်။ ဒါပေမဲ့ အခြားသူတွေရဲ့နားထဲမှာတော့ သူ့စကားလုံးတွေက ပျက်ရယ်ပြုလိုဟန် စွက်နေတာ ရှင်းနေသည်ပင်။
(T/N: ရာနဲ့ချီတဲ့ကြိုးထုံးခွေထားတယ်ဆိုတာတော့ နားမလည်ပါ။ သူ့အတိုင်းသာ ပြန်လိုက်ပါသည်။)
နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်က ဟွာမိသားစုချုပ်ကိုင်ထိန်းချုပ်ထားတာမဟုတ်ဘူးဆိုတာ မှန်ပါသည်။ မြောက်ပိုင်းနယ်မြေထဲမှာတောင်မှ ဟွာမိသားစုက အင်အားအကြီးဆုံးအင်းအားစု မဟုတ်ပေ။ တကယ်တ်းတော့ သူတို့ကို နှိမ်နင်းနိုင်တဲ့ အနည်းငယ်သော လူနည်းစုတော့ ရှိသည်။ ဒီလိုပရမ်းပတာဖြစ်နေတဲ့ မြောက်ပိုင်းနယ်မြေမှာ သူတို့အရှေ့က လှပတဲ့ အမျိုးသမီးလိုမျိုး နတ်ဘုရားဥဿျှောင်နယ်ပယ်ဆင့်ထက် မြင့်တဲ့ပညာရှင်တွေ မရှိဘူးလို့ ဘယ်သူကမှ အာမမခံနိုင်။ ဒါပေမဲ့ နာမည်ဂုဏ်သတင်းနဲ့ အင်အားတို့အကြားမှာ အချို့ကျင့်ကြံသူတွေက လွတ်လပ်မှုကို ပို၍ အလေးသာကြသည့်အတွက် ခပ်လျိုလျို နေကြသူတွေလည်း ရှိနိုင်သည်ပင်!
နူးညံ့တဲ့အသံက ဘယ်ကလာသလဲ ရှာနေကြစဉ်မှာပဲ အရှေ့နေမိစ္ဆာက အံဩထိတ်လန့်မှုတွေကြောင့် ဆိုးဆိုးဝါးဝါးနဲ့ကို မျက်လုံးတွေ ပြူးကျယ်သွားတော့သည်။ အနက်ရောင်လေပွေတစ်ခု ရုတ်တရက် သူ့အရှေ့က လေဟာနယ်ထဲ ဝှေ့ယမ်းသွားကာ အလယ်မှာတော့ ပိန်ပိန်ပါးပါး ကိုယ်ခန္ဓာနှစ်ခု ထွက်ပေါ်လာ၏။ အသံက အဲ့ဒီ့လူနှစ်ယောက်ထဲက တစ်ယောက်ရဲ့အသံပဲ ဖြစ်သည်။
အမျိုးသားက အရပ်ရှည်ရှည် ခပ်မတ်မတ်ပုံစံရှိပြီး နတ်ဘုရားတစ်ပါးလိုမျိုး ဖြစ်ကာ အလွန့်အလွန်ကို ခန့်ညားချောမောတဲ့ သွင်ပြင်ရှိ၏။ အံ့အားသင့်စရာအကောင်းဆုံးကတော့ သူ့နဖူးထက်က ကျောက်မျက်ဖြစ်ပြီး တောက်ပလွန်းတာကြောင့် လူတွေက သူ့ကို တိုက်ရိုက်မကြည့်နိုင်ကြချေ။ သူ့မျက်နှာအနေအထားအရ စိတ်နေစိတ်ထားက လောကဆန္ဒတွေကို ဘေးဖယ်ထားပြီး ဘဝရဲ့အဆိပ်အတောက် ညစ်ညမ်းမှုတို့ သူ့နှလုံးသားထဲ ဝင်မလာနိုင်အောင် လောကကြီးနဲ့ ခွဲထွက်ကာသီးခြားနေထိုင်နေသလိုဟန်မျိုး ပေါ်နေ၏။ သူက ဥပက္ခာအမူအယာနဲ့ အရာရာလျစ်လျူရှုပြီး တိတ်ဆိတ်စွာရပ်နေကာ ကောင်းကင်နဲ့မြေကြီးကြား အာကာကနေရာလွတ်ထဲ ရောနှောနေထိုင်နေသလိုမျိုးဟန် ပေါ်နေသည်။ သူ့ဘေးဘက်မှာ ရပ်နေသူကတော့ အနီရောင်ဝတ်စုံဆင်မြန်းထားတဲ့ ကောင်လေးတစ်ယောက်ဖြစ်ကာ ပိုပြီး တက်ကြွနေဟန်ပေါ်နေသည်။ သူ့ရဲ့ရှည်လျားနက်မှောင်လှပတဲ့ ဆံနွယ်တို့ကို သူ့ခေါင်းအနောက်ဘက်မှာ အနီရောင်ဖဲပြားနဲ့ ချည်နှောင်ထားတာကြောင့် သန့်ရှင်းသပ်ရပ်တင့်တယ်တဲ့အသွင် ပေါ်နေ၏။ ဒါပေမဲ့ သူ့ရဲ့မျက်စံနက်တွေက ကောင်လေးဟာ ဉာဏ်ရည်ထက်မြက်သူမှန်း ထင်သာနေသည်ပင်!
ဒါပေမဲ့ အရှေ့နေမိစ္ဆာကို အလွန်အမင်း ထိတ်လန့်အံ့အားသင့်သွားစေတာက အဲ့လူနှစ်ယောက် ရုတ်တရက် ရောက်ချလာတာကြောင့် ဖြစ်သည်။
အာကာသရဲ့အကာအရံတွေကို တိုက်ရိုက်ဖြတ်ကျော်ပြီးလာတာ။ နတ်ဘုရားခေါင်ချုပ်နယ်ပယ်ဆင့် ပညာရှင်တောင်မှ ဒီလိုလုပ်နိုင်မှာမဟုတ်ဘူး!
အရှေ့နေမိစ္ဆာက ဟွာမိသားစုဟာ အင်အားအလွန့်အလွန်ကြီးမားတဲ့သူတစ်ချို့ကို ရန်စစော်ကာမိပြီဆိုတာကို နောက်ဆုံးတော့ သိရှိသွားပြီဖြစ်သည်။ လှပတဲ့အမျိုးသမီး ရည်ညွှန်းတဲ့ သခင်နှစ်ယောက်ဆိုတာက ဒီလူနှစ်ယောက် ဖြစ်ဟန်တူသည်။ မူလတုန်းကတော့ သူက သူမကို မယုံကြည်ခဲ့၊ သူထွက်သွားအောင် သူမက ခြောက်နေတာလို့သာ ထင်ခဲ့တာဖြစ်သည်။ ဒါပေမဲ့ အဲ့တာ တကယ်တော့ အမှန်ပဲဆိုတာ သူ မထင်ထားခဲ့၊ ဒါ ဒဏ္ဍာရီထဲက စွမ်းအားအကြီးဆုံးသူပဲ!
အရှေ့နေမိစ္ဆာက သူ ဒီနေ့ကို ထွက်မလာခဲ့သင့်ဘူးလို့ အမှန်အကန် ခံစားမိလိုက်ရတော့သည်!
အခြားသူတွေ၊ အထူးသဖြင့် ကာလွမ်သလာနဲ့ သူ့အဖွဲ့သားတွေကတော့ ကြောင်အမ်းနေကြတာ အတော်ကြာပြီဖြစ်သည်။ သူတို့ထဲက အချို့က ငရဲမင်းကြီးကို အရင်က မြင်ဖူးထားကြ၏။
ဖုန့်ရှီရဲ့ထွက်ပေါ်လာမှုက သူတို့မျှော်မှန်းထားတဲ့ဘောင်အတွင်းမှာ ရှိပေမဲ့ ငရဲမင်းကြီးပါ ပါလာတာကတော့ သူတို့ တွေးတောင် မတွေးဝံ့တဲ့ကိစ္စဖြစ်နေသည်။ ခြေတစ်လှမ်းနဲ့တင် ဘုံသုံးဘုံကို တုန်လှုပ်သွားစေနိုင်တဲ့ ဘုန်းတန်ခိုးပြည့်စုံတဲ့ ငရဲမင်းကြီးက ခုလိုမျိုး ပရမ်းပတာဖြစ်နေတဲ့ မြောက်ပိုင်းနယ်မြေလေးှာ ပေါ်လာလိမ့်မယလို့ ဘယ်သူက ထင်ထားမှာလဲ? ဒါလေးက အင်အားစုအသေးလေးနှစ်ခုကြားထဲက သဘောထားကွဲလွဲမှုလေးတစ်ခုပဲဆိုတာ အသိသာကြီးလေ၊ ဒါပေမဲ့ အဲ့တာက ငရဲမင်းကြီးရဲ့ အာရုံကိုတောင် ဆွဲယူသွားနိုင်တယ်တဲ့လား။ စကားတွေသာ ထွက်လာကြမယ်ဆိုရင် ဘယ်သူကမှ ယုံကြမှာမဟုတ်ဘူး!
လှပတဲ့အမျိုးသမီးပေါ်လာကတည်းက ကာလွမ်သလာက ဒီအနောက်မှာ ဖုန့်ရှီ ရှိနေတယ်ဆိုတာကို သံသယဝင်မိပေမဲ့လည်း ဖုန့်ရှီက ငရဲမင်းကြီးကိုပါ အပါခေါ်လာခဲ့လိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့။ ကြည့်ရတာ ဒီတိုက်ပွဲက တိုက်စရာတောင် မလိုတော့ဘူး!
မြောက်ပိုင်းနယ်မြေက ပြောင်းလဲတော့မှာပဲ!
"သက်ကြားအိုကြီး၊ မင်း တိုက်ချင်သေးလား?" ဖုန့်ရှီက အပြုံးနဲ့ မေးလိုက်၏။
အရှေ့နေမိစ္ဆာက တုန်ရီသွားကာ အဖြေကရှင်းနေသည်ပင်။
ဖုန့်ရှီက သူ့ရဲ့တိတ်ဆိတ်နေမှုကို သဘောတူတယ်လို့ မှတ်ယူလိုက်ပြီး ဆက်ပြောလိုက်သည်၊ "မင်း ဆက်မတိုက်ချင်တော့ဘူးဆိုတော့ ငါ ဒါကို မင်းအတွက် ရှင်းလင်းအောင် လုပ်ပါရစေ။ ဆူးလားမိသားစုက ငါ့ကာကွယ်မှုအောက်မှာ ရှိတယ်၊ မင်း သူတို့ကို တိုက်ချင်တယ်ဆိုရင် ငါ့ကို အရင် တိုက်ရလိမ့်မယ်။ မင်း နားလည်လား?"
အရှေ့နေမိစ္ဆာက သူ့ရဲ့တုန်ရီနေတဲ့နှုတ်ခမ်းကနေ စကားလုံးတစ်လုံးကိုတောင် မထုတ်ပြောနိုင်တော့တဲ့အတွက် စက်ရုပ်တစ်ရုပ်လိုမျိုး ခေါင်းကိုသာ တဆတ်ဆတ် ညိတ်လိုက်တော့သည်။
"ကောင်းပြီ၊ အခု မင်းက သဘောတူညီမှုလုပ်မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုတော့ ငါမင်းကို လွှတ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ မင်းက ဒီကို လူတွေအများကြီး ခေါ်လာပြီး ဆူးလားမိသားစုကို ပြဿနာလာပေးတဲ့အတွက် မင်းလုပ်ခဲ့တဲ့ပျက်ဆီးဆုံးရှုံးမှုတွေကို အလျော်မပေးခဲ့ဘူးဆိုရင် ကျိုးကြောင်းဘယ်သင့်ပါ့မလဲ။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ၊ ဆူးလားမိသားစုကို ခရမ်းရောင်သလင်း ထောင်ပေါင်း တစ်ရာပေးလိုက်ရင်လေ (တစ်သိန်းကိုပြောတာပါ)! အဲ့တာ အရမ်းကြီး မများပါဘူး" ဖုန့်ရှီက သူ အတော် ထောက်ထားစာနာ သက်ညှာလျော့ပေါ့ပေးပြီးသလိုမျိုး ယုံကြည်မှုအပြည့်နဲ့ ခံစားမှုမစွက်တဲ့အချက်တစ်ချက် ထုတ်ပြောလိုက်သည်။
အဲ့တာကို ကြားသွားတဲ့လူတွေကတော့ သူတို့နှုတ်ခမ်းတွေ မတွန့်လိမ်သွားဘဲ မနေနိုင်တော့ချေ။
အရှေ့နေမိစ္ဆာက နောက်ဆုံးမှာတော့ အသိပြန်ဝင်လာပြီး သူပေးလျော်ရမယ့် ခရမ်းရောင်သလင်း ထောင်ပေါင်း တစ်ရာဆိုတာကို ကြားတော့ သူ့မျက်လုံးတို့က ဦးခေါင်းအနောက်ဘက် လိမ့်ဝင်သွားလုမတတ်ဖြစ်သွားတော့သည်။ အဲ့တာက ခရမ်းရောင်သလင်း ထောင်ပေါင်း တစ်ရာကြီးများတောင်လေ၊ ဟွာမိသားစုရဲ့ နှစ်နှစ်စာ ဝင်ငွေနဲ့ ညီမျှတဲ့ငွေ! ခိုးတာကမှ ပိုမြန်နေဦးမယ်!
ကောင်လေးရဲ့ပြုံးနေတဲ့အမူအယာကို မြင်တာနဲ့ သူ့မှာ ညှိိနှိုင်းဖို့အခွင့်အရေးမရှိဘူးဆိုတာကို သူ သိလိုက်သည်။
အရှေ့နေမိစ္ဆာက ဟွာမိသားစုရဲ့ နာမည်ဂုဏ်သတင်းနဲ့ သူတို့ဂိုဏ်းရဲ့ အမြစ်ပြတ် အဆုံးသတ်သွားမယ့်အရေး နှစ်ခုကြားထဲက တစ်ခုကိုသာ ရွေးချယ်ရမည်ဖြစ်သည်။ ဒီနေ့ပြီးသွားရင် ဟွာမိသားစုရဲ့နာမည်ဂုဏ်သတင်းက ပျက်ဆီးသွားမှာဆိုပေမဲ့လည်း အရှေ့နေမိစ္ဆာအနေနဲ့ နောင်တမရချေ။ ဆူးလားမိသားစုကို ရန်သူအဖြစ်ပြုမိသည့်အပေါ်သာ သူ နောင်တရသည်။ ဆူးလားမိသားစုမှာ ဒီလိုမျိုး အင်အားကြီးတဲ့ ကျောထောက်နောက်ခံမျိုး ရှိနေမှန်းသာ သူ သိခဲ့မယ်ဆိုရင် သူ ဒီကို လူတွေခေါ်လာပြီး လာမသတ်ပါဘူး!
"အဲ့တာ သိပ်အများကြီးမဟုတ်ပါဘူး!" အရှေ့နေမိစ္ဆာက ခက်ခက်ခဲခဲ ပြောလိုက်သည်။
ရုတ်တရက် ဖုန့်ရှီရဲ့မျက်နှာထက် တောက်ပတဲ့အပြုံးတစ်ခု လူးလွန့်သွားတော့သည်!
20220202; 0740
Stay tuned for the next chapter:
124. Feng Xi's Luck
🥰Thanks for reading, sharing, comments and votes.🥰
ဖုန့်ရှီလေးကို နှစ်ခြိုက်သဘောကျကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။ ဖတ်ချင်နေပြီဆိုလို့ အချိန်လုပြီး အပြေးတင်လိုက်ပါတယ်။ စောင့်မျှော်အားပေးနေမှုတွေအားလုံးကို ကျေးဇူးကုဋေကုဋာပါ။
—————————— 👀 —————————
အပိုင္း ၁၂၃။ ေခၽြးသိပ္ျခင္းႏွင့္ ၿခိမ္းေျခာက္ျခင္း
ကာလြမ္သလာတစ္ေယာက္သာ ဒီအေျခအေနကို ေတြ႕ရွိသြားသည္မဟုတ္၊ အေရွ႕ေနမိစၧာလည္း သတိျပဳမိသြားခဲ့သည္။
သူ႔မ်က္ႏွာထက္ ေၾကာင္အမ္းသြားတဲ့အမူအယာ ဖ်က္ခနဲျဖတ္ေျပးသြားၿပီးေနာက္ သူက ခ်က္ခ်င္းပဲ ထရယ္လိုက္ေတာ့သည္။ သူ႔ရယ္သံက သူ႔ကိုယ္သူ အရမ္းကို ေက်နပ္အားရသြားဟန္ေပၚေန၏။ တကယ္လို႔ သူ ကာလြမ္သလာကို မသတ္နိုင္ဘူးဆိုရင္ အနည္းဆုံးေတာ့ ဆူးလားမိသားစုဝင္ေတြအေပၚ ေဒါသပုံခ်ရမည္ေလ။
ကာလြမ္သလာက အဲ့တာကို ခပ္ျမန္ျမန္ သိရွိသြားခဲ့ေပမဲ့လည္း အမွီဟန္႔တားဖို႔က သပ္သပ္တက႑ပင္။ အဲ့တိုက္ကြက္က နတ္ဘုရားဥႆၽွောင္နယ္ပယ္ဆင့္ အဆင့္ငါးသမားတစ္ေယာက္ရဲ့ အားေကာင္းတဲ့တိုက္ကြက္ျဖစ္တာေၾကာင့္ သူ အဲ့တိုက္ကြက္ကို ဝင္ခံနိုင္စြမ္းရွိမရွိ သူ မေသခ်ာ။ ဒါေပမဲ့ သူ ဒီလိုႀကီး ဘာမွ မလုပ္ဘဲ ရပ္ေနၿပီး သူ႔ဂိုဏ္းသားအဖြဲ႕ဝင္ေတြ ေသဆုံးတာကို ဒီအတိုင္းလည္း ၾကည့္မေနနိုင္။
"အစ္ကိုႀကီး!"
"မုန္တိုင္းကာလြမ္သလာ!"
အသံႏွစ္သံ တၿပိဳင္နက္တည္း ေအာ္လိုက္သံထြက္ေပၚလာ၏။
အဲ့အခိုက္အတန္႔မွာ မုန္တိုင္းရဲ့စြမ္းအားေရွ႕မွာပဲ ကမၻာႀကီးက တိတ္ဆိတ္သြားကာ လူေတြက ေသးငယ္သြားဟန္ေပါက္ေနသည္။
ဒါေပမဲ့ မုန္တိုင္းကာလြမ္သလာက တိုက္ခိုက္မွုကို ၾကားဝင္တုန္႔ျပန္ေတာ့မယ့္အခ်ိန္မွာပဲ ဘယ္ကမွန္းမသိတဲ့ ပိန္ပိန္ပါးပါး ျဖဴေလ်ာ္ေလ်ာ္လက္တစ္ဖက္က ဆန္႔ထြက္လာၿပီး မုန္တိုင္းကာလြမ္သလာရဲ့အကၤ်ီကို ဖမ္းဆြဲလိုက္၏။ ခ်ိဳသာတဲ့အသံတစ္ခု သူ႔နားထဲ တီးတိုးဝင္လာသည္၊ "ေကာင္ေလး၊ ဘဝက အဖိုးတန္တယ္။ အဲ့လိုလြယ္လြယ္ အရွုံးမေပးရဘူး။ အဲ့တာ တကယ့္ေယာက္်ားေကာင္း ေယာက္်ားျမတ္ေတြ လုပ္သင့္တာမဟုတ္ဘူး!"
မုန္တိုင္းကာလြမ္သလာတစ္ေယာက္ ႐ုတ္တရက္ မ်က္လုံးအစုံ ျပဴးက်ယ္သြားရကာ သူ အဲ့ဒီ့အမ်ိဳးသမီးကို ေသခ်ာမၾကည့္ရေသးခင္မွာပဲ တြန္းဖယ္ျခင္းခံလိုက္ရေတာ့သည္။
လွပသားနားတဲ့အမ်ိဳးသမီးက ပန္းေရာင္ေဖ်ာ့ေဖ်ာ့ဝတ္စုံ ဝတ္ဆင္ထားကာ သူမရဲ့ပိန္ပိန္ပါးပါးကိုယ္ခႏၶာက ႏွစ္လိုဖြယ္ရွိကာ ဆြဲေဆာင္အား ရွိလွသည္။ သူမရဲ့ ပန္းႏုေရာင္ႏွုတ္ခမ္းအစုံက အျပဳံးတစ္ပြင့္ ပြင့္ဟသြားကာ မုန္တိုင္းတိုက္ကြက္ကို မ်က္ေတာင္တစ္ခ်က္မခတ္ဘဲ ရင္ဆိုင္လိုက္၏။ သူမက လက္ကို တည္တည္ၿငိမ္ၿငိမ္ ဆန္႔တန္းထုတ္လိုက္တဲ့အခ်ိန္မွာပဲ သူမရဲ့ ႏွုတ္ခမ္းေထာင့္က ႐ုတ္တရက္ ေကြးတက္သြားကာ ႏွစ္လိုဖြယ္အျပဳံးတစ္ပြင့္ ျဖစ္ေပၚလာေတာ့သည္။ အျဖဴေရာင္ေက်ာက္စိမ္းနဲ႔တူတဲ့ သူမရဲ့ လွပတဲ့လက္ေခ်ာင္းေလးေတြနဲ႔ စက္ဝိုင္းတစ္ခု ေရးဆြဲလိုက္ကာ အျပင္ဘက္ကို ေတာက္လႊတ္လိုက္၏...
မုန္တိုင္းတိုက္ကြက္က ေတာင္ၾကားကို ဖ်က္ဆီးပစ္လိုက္ေတာ့မယ္လို႔ လူေတြ ေတြးထင္ေနၾကခ်ိန္မွာပဲ ေျခရာလက္ရာမက်န္ေအာင္ ႐ုတ္တရက္ ေပ်ာက္ပ်က္သြား၏။ အဲ့ေနရာမွာေတာ့ ပန္းေရာင္ေဖ်ာ့ေဖ်ာ့ ဝတ္စုံဝတ္ဆင္ထားတဲ့ သားနားလွပကာ ထင္းထြက္ေနတဲ့အမ်ိဳးသမီးတစ္ေယာက္က တည္ၿငိမ္စြာ ရပ္ေနတာမို႔ လူတိုင္းရဲ့ စိတ္ဝင္စားမွုတို႔ကို အလြန္အမင္း ဖမ္းစားသြား၏။ သူမရဲ့ လွပတဲ့ကိုယ္ေကာက္ေၾကာင္းက တိုက္ပြဲမွာရွိရွိသမၽွေသာ ေယာက္်ားေတြကို ႏွာေခါင္းေသြးလ်ံလာေစေလာက္ေအာင္ သူမက သိသိသာသာႀကီးကို ထင္းထြက္ေနတာျဖစ္သည္!
တိုက္ေနၾကတဲ့ မိစၧာသားရဲေတြကလြဲရင္ လူတိုင္းက ေတာင့္တင္းသြားၾကကာ ေကာင္းကင္ထက္က သားနားလွပတဲ့အမ်ိဳးသမီး ထြက္ေပၚလာမွုကို စူးစိုက္ၾကည့္ေနၾကေတာ့သည္။
အေရွ႕ေနမိစၧာ အၾကာႀကီးေၾကာင္သြားေပမဲ့ အဲ့တာကေတာ့ သားနားလွပတဲ့ အမ်ိဳးသမီးေၾကာင့္မဟုတ္ဘဲ သူ႔ရဲ့ အားျပင္းတဲ့တိုက္ကြက္ကို သူမက လုံးလုံးလ်ားလ်ား ဖယ္ရွားလိုက္နိုင္လို႔ပဲျဖစ္သည္။ နတ္ဘုရားဥႆၽွောင္နယ္ပယ္ဆင့္ အဆင့္ကိုး ေရာက္ေနၿပီျဖစ္တဲ့ သူတို႔ဟြာမိသားစုရဲ့ မိသားစုေခါင္းေဆာင္ေတာင္မွ ဒီတိုက္ကြက္ကို အဲ့ေလာက္လြယ္လြယ္ေလး မရပ္တန္႔နိုင္။ အဲ့အတြက္ေၾကာင့္ အဲ့တာက ျပႆနာအႀကီးႀကီးတက္ၿပီဆိုတာကို ျပသေနသည္ပင္၊ သားနားလွပတဲ့အမ်ိဳးသမီးရဲ့ခြန္အားက သူ႔ထက္ အမ်ားႀကီး ပိုမ်ားေနၿပီး သူမက နတ္ဘုရားဥႆၽွောင္နယ္ပယ္ဆင့္ အဆင့္ေတြအားလုံးကို ေက်ာ္လြန္သြားၿပီေလာက္ၿပီျဖစ္ကာ နတ္ဘုရားေခါင္ခ်ဳပ္နယ္ပယ္ဆင္ေရာက္ေနၿပီျဖစ္တဲ့ ပညာရွင္တစ္ေယာက္တစ္ေယာက္ျဖစ္နိုင္သည္။
နတ္ဘုရားနဲ႔မိစၧာနိုင္ငံေတာ္ရဲ့ ေျမာက္ပိုင္းေဒသမွာ နတ္ဘုရားေခါင္ခ်ဳပ္နယ္ပယ္ဆင့္ပညာရွင္ တစ္ေယာက္တစ္ေလေတာင္မွ မရွိခဲ့ဘူး!
"အရွင္မက ဘယ္သူပါလဲ? ဘာလို႔ ဆူးလားမိသားစုကို ကယ္တင္ရတာပါလဲ?"
အေရွ႕ေနမိစၧာက အသက္ေတာင္ မေအာင့္ထားနိုင္ေတာ့ေခ်။ တကယ္လို႔ ဒီအမ်ိဳးသမီးက ျဖတ္သြားျဖတ္လာပဲဆိုရင္ေတာ့ ျပႆနာက ေျဖရွင္းဖို႔လြယ္ေပမဲ့ တကယ္လို႔ သူမက ဆူးလားမိသားစုကို တမင္သပ္သပ္ လာကယ္တာဆိုရင္ေတာ့ ဟြာမိသားစုရဲ့နာမည္ဂုဏ္သတင္းက အဖတ္ဆယ္လို႔ ရနိုင္ေတာ့မွာမဟုတ္ေတာ့ေပ။ နတ္ဘုရားေခါင္ခ်ဳပ္နယ္ပယ္ဆင့္ပညာရွင္တစ္ေယာက္ရဲ့ အေထာက္အပံ့နဲ႔ဆိုရင္ ေျမာက္ပိုင္းနယ္ေျမတခြင္မွာ အင္အားအႀကီးဆုံးဂိုဏ္းတစ္ခုျဖစ္တဲ့ ဟြာမိသားစုေတာင္မွ ရွုံးမွာ အေသအခ်ာပင္!
အေရွ႕ေနမိစၧာရဲ့မ်က္ႏွာက နက္ေမွာင္သြားၿပီး အေရွ႕ကတစ္ခုျဖစ္ပါေစလို႔ ေမၽွာ္လင့္ေန၏။
(T/Nသူမက ျဖတ္သြားျဖတ္လာသမားတစ္ေယာက္သာ ျဖစ္ပါေစလို႔ အေရွ႕ေနမိစၧာက ေမၽွာ္လင့္ေနတာျဖစ္သည္)
'ဟားဟား!" ေဟာ့လင္းလုံ*က အေရွ႕ေနမိစၧာေျပာတာအေပၚ အလြန္အမင္း ရယ္စရာစကားတစ္ခု ၾကားလိုက္ရသလို ခံစားမိတာေၾကာင့္ သူမအျပဳံးကို ကြယ္လိုက္သည္။ တဖက္လူက သူ႔ရဲ့ခက္ထန္တဲ့အမူအယာကို ထိန္းမထားနိုင္ေတာ့တဲ့အခ်ိန္မွာေတာ့ သူမက ျဖည္းညင္းစြာ ျပန္ေျဖလိုက္သည္၊ "ငါ ဘယ္သူ႔ကို ကယ္ခ်င္တယ္ဆိုတာကို ဒီသက္ၾကားအိုတစ္ေယာက္ကို ငါက ဘာလို႔ တင္ျပရမွာလဲ?"
(T/N: အခန္း 120 မွာတုန္းက သူမကို Fire Linglone လို႔ ေရးထားတာေၾကာင့္ မီးလင္းလုံလို႔ ဘာသာျပန္ခဲ့ပါတယ္။ ဒါေပမဲ့ ဒီအခန္းမွာေတာ့ သူမကို Huo Linglone လို႔ ေျပာင္းေရးထားတာေၾကာင့္ ေဟာ့လင္းလုံလို႔ အသံထြက္အတိုင္း နာမည္ကို ေပါင္းလိုက္ပါတယ္။ တကယ္က ေဟာ့ဆိုတာ မီးကိုေျပာတာပါ)
အေရွ႕ေနမိစၧာရဲ့မ်က္ႏွာက ခ်က္ခ်င္းပဲ လူေသတစ္ေယာက္လို ျဖဴေလ်ာ္သြားကာ "မင္းရဲ့စကားေတြက...မင္းက ဟြာမိသားစုနဲ႔ ရန္စပြါးခ်င္လို႔လား?"
အတိတ္တုန္းက ဟြာမိသားစုရဲ့အရွိန္အဝါ အေျခအေနမပါရင္ေတာင္မွ အေရွ႕ေနမိစၧာရဲ့နာမည္ကို ၾကားလိုက္ရရင္ေတာင္မွ မေလးမခန္႔မျပဳရဲၾက။ အက်ိဳးဆက္အေနနဲ႔ သူ တျဖည္းျဖည္း ေမာက္မာလာၿပီး ေထာင္လႊားလာေတာ့တာျဖစ္သည္။ သူ ဒီေလာက္ႏွစ္ေတြအၾကာႀကီး ရွင္သန္ေနထိုင္ခဲ့ၿပီးျဖစ္ေပမဲ့ ဘယ္သူကမွ သူ႔ကို သက္ၾကားအိုလို႔ မေခၚဝံ့ၾက။ ဒီသားနားလွပတဲ့အမ်ိဳးသမီးက ဖုံးကြယ္သိုဝွက္ထားတဲ့လ်ိဳ႕ဝွက္နက္နဲဆန္းက်ယ္မွုတို႔သာ ရွိမေနဘူးဆိုရင္ အေရွ႕ေနမိစၧာအေနနဲ႔ သူမကို ခုေလာက္ထိ သည္းခံေနမွာမဟုတ္ဘဲ သတ္ျပစ္ၿပီးသြားမွာ အေသအခ်ာပင္!
"ဟြာမိသားစု?" ေဟာ့လင္းလုံက ေၾကာင္သြားသလို ဟန္ေဆာင္လိုက္ၿပီးေနာက္ ႐ုတ္တရက္ ႏွစ္လိုဖြယ္ ျပဳံးလိုက္သည္။ သူမရဲ့ ႏွင္းဆီေရာင္ႏွုတ္ခမ္းဖူးတို႔က အနည္းငယ္ ပြင့္ဟသြားၿပီးေနာက္ သူမက ေျပာလိုက္၏၊ "အဲ့တာဘာလဲ?"
လူအုပ္ႀကီးအတြင္း အုတ္အုတ္က်ပ္က်ပ္ ျဖစ္ပြါးသြားရေတာ့သည္။
သူတို႔အေနနဲ႔ ဟြာမိသားစုအေပၚ အထင္ေသးၾကတဲ့လူေတြ အမ်ားႀကီးကို သူတို႔ ျမင္ဖူးေတြ႕ဖူးၾကေပမဲ့ ဘယ္သူကမွေတာ့ အေရွ႕ေနမိစၧာရဲ့အေရွ႕မွာ ဟြာမိသားစုအေပၚ ပ်က္ရယ္မျပဳရဲၾက။
You are reading the story above: TeenFic.Net