ရိပေါ်တစ်ယောက် ဖန်ရှင်းရဲ့ရှင်းပြနှစ်သိမ့်မှုအပြီး သူခံစားနေရသော ခံစားချက်များသည် ကွယ်ပြောက်သွားရသည်။ ဟုတ်ပါတယ် ဖန်ရှင်းပြောသလို တစ်ကယ်ပေါင်းဖက်နေရသည့် သူနဲ့ဦး အဆင်ပြေနေရင်ပြီးသာပဲ။ ဘာကြောင့်ဝမ်းနည်းနေရဦးမှာလဲ။ ပြီးတော့ သားသမီးမမွေးနိုင်လို့ ထားခဲ့ခံရမယ်ဆိုလို့သာပြောနေပေမယ့် သားသမီးမွေးထားရက်နဲ့ ထားခဲ့ခံရသည့် မိန်းမတွေတစ်ပုံကြီးပဲမလား။ ဒါကြောင့် ရိပေါ်သည် ထိုမိန်းမတွေထက် အားသာပါရဲ့။ ဘာလို့လည်းဆိုတော့ ရိပေါ်တစ်ယောက် ဦးကိုသားသမီးမမွေးပေးနိုင်ပေမယ့် ဦးကရိပေါ်ကိုတုန်နေအောင်ချစ်သည်လေ။ ဒါကြောင့်ရိပေါ်သည် အစံမကျတဲ့စိတ်ခံစားချက်တွေကို ထားခဲ့လိုက်ပြီး ဦးနဲ့သာ ပျော်ရွင်စွာနေတော့မယ်ဟု ရည်ရွယ်မိပါ၏။
ရိပေါ်သည် ဦးအကြောင်းတွေးရင် အခုမှခဏလေးမတွေ့ရသေးတဲ့ဦးကိုလွမ်းမိသွားသည်။ ပြီးနောက် မဟုတ်ကဟုတ်ကခံစားနေမိတဲ့ မိမိကိုယ်ကိုယ်အပြစ်တင်ရင်း လွမ်းမိသွားတဲ့ အိမ်ထောင်ဦးစီးကြီးကို ဖုန်ခေါ်လိုက်မိသည်။
" ဟယ်လို အိမ်သားလေး "
ရိပေါ်ဖုန်းခေါ်လိုက်တာနဲ့ တစ်ဖက်ကချက်ချင်းကိုင်ကာ ထူးလာသည့် ဦးအသံကြောင့် ရိပေါ်ဦးကို ပို၍လွမ်းမိသွား၏။ ဒါကြောင့် မလိုက်သွားမိသော ကိုယ့်ကိုယ်ကို ဒေါသထွက်ရင်း လွမါးမိလေသော အိမ်ထောင်ဦးစီးကြီးကို ဝမ်းနည်းစွာစကားလေးတိုးတိုးပြောသည်။
" လွမ်းတယ် ကိုကို "
တစ်ဖက်ကဝမ်းနည်းသံလေးနဲ့ပြောလာသည့် အိမ်သားလေးအသံကြောင့် ရှောင်းကျန့်နှုတ်ခမ်းပါးလေးသည် ပြုံးရိပ်ထင်သွားခဲ့သည်။
မလိမ်ညာတက်တဲ့အိမ်သားလေး ဖြူစင်လွန်းတဲ့အိမ်သားလေး ပြီးတော့ ကိုယ့်အရမ်းချစ်ရပါသောအိမ်သားလေးက နာရီပိုင်းလေးတောင် မကွာသေးတဲ့အချိန်လေးမှာတောင် သူ့ကိုလွမ်းနေပါရဲ့လို့ပြောလာသည့်အခါ ရှောင်းကျန့်အရမ်းကိုပျော်ရပါသည်။
" ကိုယ့်ကိုလွမ်းရင် အိမ်အောက်ဆင်းလာခဲ့လေ "
ဖုန်းထဲကပြန်ပြောလာသည့် အိမ်ထောင်ဦးစီးစကားအဆုံး ရိပေါ်အိပ်ယာပေါ်ထိုင်နေရာမှ ထရပ်မိလိုက်သည်။ ထို့နောက် မဝင့်မရဲအတွေးတို့ရှိပေမယ့် သွက်လက်နေတဲ့ခြေလှမ်းတွေက အိမ်အောင်းထပ်ကိုပြေးဆင်းခဲ့မိရင်း။
အိုး ဘုရားရေ ရိပေါ်အမြင်မှားနေသည်လား ။ ခုဏကတန်းစီထွက်ခွါသွားသော ကားတန်းကြီးဟာ ယခုအခါ ရှောင်းအိမ်တော်ရှေ့မှာ စီတန်းနေသည်လေ။ ဒါပေမယ့်ရိပေါ်စဥ်းစားကာ အဖြေရှာမနေတော့ပဲ မခွဲနိုင်သူကြီးအား အမြန်ဆုံး ရှာဖွေလိုက်မိသည်။
ဟောတွေ့ပါပြီး ကားအောက်အထိဆင်းကာ ရိပေါ်ကိုရင်ဘက်ကြီးဖွင့်ကာကြိုဆိုနေသော ဦး။ ရိပေါ်အရမ်းချစ်ရပါသောဦး။
ရိပေါ်သည် ဦးကိုတွေ့လိုက်ရသည့်အခါ ဟန်ပင်မဆောင်နိုင်တော့စွာ ဦးရင်ခွင်ထဲပြေးကာ ခိုနားလိုက်၏။
" ကိုကို "
အားနှင့်ပြေးဝင်လာသော ရိပေါ်ခန္ဓာကိုယ်လေးကို ဦးကနွေးထွေးစွာပိုက်ထွေးကြိုဆို၏။ ဒါကြောင့် ရိပေါ်သည် မနေနိုင်တော့စွာ အလွမ်းတွေဖွင့်ဟပါတော့သည်။
" လွမ်းတယ် လွမ်တယ်လို့ "
ရှောင်းကျန့်ရင်ဘက်ကို မျက်နှာလေးကပ်ကာ အလွမ်းစကားဆိုလာသည့်အိမ်သားလေးကို ရှောင်းကျန့်ဟာ မြတ်နိုးစွာငုံ့ကြည့်သည်။ ထို့နောက်ချစ်ရသူအိမ်သားလေးရဲ့ ခေါင်းလုံးလုံးလေးအား ဖွဖွနမ်းကာ အလွမ်းစကားပြန်ဆို၏၊
" အင်း ကိုယ်ရောပဲ "
ရှောင်းကျန့်စကားကြောင့် အိမ်သားလေးရဲ့ခေါင်းလေးဟာ မော့ကြည့်လာသည်။ ထို့နောက် ရှောင်းကျန့်နောက်မှာ တန်းစီရပ်တန့်နေသော ကားတန်းကြီးအား အကြည့်ပို့ကာ စကားဆို၏။
" ကျွန်တော့ကိုလွမ်းလို့ပြန်လာတာလားဟင် ။ အဲ့ဒါဆို အရေးကြီးတဲ့အလုပ်တွေကရော "
အိမ်သားလေးအမေးစကားကြောင့် ရှောင်းကျန့်နှုတ်ခမ်းပါးလေးဟာ ပြုံးရယ်ကျသွားသည်။ ထို့နောက် ချစ်ရသူအိမ်သားလေးနှုတ်ခမ်းအား ဖွဖွလေးငုံ့နမ်းကာ အဖြေစကားပြန်ပြောသည်။
" ကိုယ့်မှာမင်းလေးထက်အရေးကြီးတာမရှိဘူးဘေဘီ။ ဒါကြောင့် အခုကိုယ်ပြန်လာတယ်ဆိုတာကလည်း ကိုယ်ချစ်တဲ့မင်းလေးကိုထားခဲ့ရတာစိတ်မချလို့ ပြန်လာခေါ်တာ။ ဒါကြောင့် မင်းလေးကိုယ်နဲ့လိုက်ခဲ့မယ်မလားဟင် "
ဝန်ကြီးချုပ်ရှောင်းရဲ့ မြတ်နိုးစွာအလေးထားပြီးပြောလာတဲ့ အကြင်နာစကားအဆုံး ရိပေါ်ခေါင်းလေးမြန်မြန်ငြိမ့်ပြလိုက်ပါသည်။
ခွဲပြီးမှမနေခဲ့နိုင်တာ တစ်ဖဝါးမကွာလိုက်သွားယုံပေါ့လေဟုတ်ဖူးလား။
အိမ်သားလေးရဲ့ကလေးဆန်မှုကိုကြည့်ကာ အိမ်ထောင်ဦးစီးကြီးကသဘောကျစွာရယ်သည်။ ထို့အပြင် အိမ်သားလေးကို နဖူးကိုမြတ်နိုးစွာနမ်းရှိုက်သည်။ ထို့နောက် အိမ်သားလေးလက်ကိုဆွဲကာ ကားထဲသို့ညှင်သာစွာဝင်စေသည်။ ပြီးနောက် ကားတန်းကြီးရှောင်းအိမ်တော်မှ ထွက်ခွာနိုင်ပြီဖြစ်ကြောင်း အမိန့်ပေးလိုက်ပါတော့သည်။
" အိပ်ချင်နေပြီလား ကလေးငယ်ငယ်"
ကားစထွက်ကတည်းက ရှောင်းကျန့်နားကပ်ကာ စကားတစ်တွတ်တွတ်ပြောနေသည့် အကောင်ပေါက်လေးသည် ယခုအခါ မျက်လုံးလေးများ မှေးကျလာသည်။ ဒါကြောင့် ရှောင်းကျန့်အမေးစကားဆိုလေတော့ ခေါင်းလေးငြိမ့်ပြလာအကောင်ပေါက်လေးကြောင့် ရှောင်းကျန့်သဘောကျစွာရယ်၏။
" အဲ့ဒါဆိုခဏအိပ်လိုက်လေ "
" ဟင့်အင့် "
ဟောကြည့် အိပ်ချင်တယ်ပြောလို့ အိပ်ခိုင်းပြန်တော့လည်း ခေါင်းခါပြန်သည့်အကောင်ပေါက်လေး။ ဒါကြောင့် ရှောင်းကျန့်စကားပြန်ပြောရပြန်သည်။
" အိပ်ချင်တယ်ဆို "
" ဟုတ်ကဲ့ အိပ်ချင်တယ်လို့ "
" အဲ့ဒါဆိုအိပ်လေ အိမ်သားလေးရဲ့ "
အိမ်သားလေးနဖူးကိုဖွဖွလေးနမ်းကာ စကားဆိုတော့ ခေါင်းလေးခါပြန်တဲ့အိမ်သားလေးက စကားပြန်ပြောလာပါရဲ့။
ကျွန်တော်အိပ်သွားရင် ကိုကိုပျင်းနေမှာပေါ့တဲ့။
ဒါကြောင့် ရှောင်းကျန့်ဟာ အိမ်သားလေးကိုအူယားစွာဖြင့် အိမ်သားလေးခန္ဓာကိုယ်လေးအား မြတ်နိုးစွာဖိညစ်လိုက်မိသည်။ ထိုအခါ ငြီးသံတိုးတိုးထုတ်လွင့်လာသည့်အိမ်သားလေးကြောင့် ရှောင်းကျန့်သဘောကျစွာရယ်မိပြန်သည်။
ဟင့် နာတယ်လေ ကိုကိုရဲ့....။
ဒါပေမယ့် ဘာပဲပြောပြော ရှောင်းကျန့်ပျင်းနေမှာကြောက်တဲ့အိမ်သားလေးဟာ မကြာခင်အတွင်း ရှောင်းကျန့်ရင်ခွင်ထဲ ခေါင်းလေးတိုးဝင်ကာ အိပ်ပျော်သွားခဲ့ပါသည်။ ထိုအခါမှရှောင်းကျန့်သည် အိပ်ပျော်နေသော အိမ်သားလေးအား မနိုးသွားရလေအောင် ဖွဖွလေးထွေးဖက်ပေးထားကာ ယခုသွားနေသည့် မြို့လေး၏ ခန့်မှန်းအခြေအနေဖိုင်အား လေ့လာကြည့်နေသည်။
ဒီလိုနဲ့နိုင်ငံခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဝန်ကြီးချုပ်ရှောင်းသည် သူအလိုရှိရာခရီးကိုဆက်နေပေမယ့် တစ်ဖက်ကအိမ်သားလေးကိုဂရုစိုက်ဖို့မေ့မနေသလို တစ်ဖက်ကလည်း သူ့တာဝန်ကိုကျေပွန်အောင်လည်း ထမ်းဆောင်သွားခဲ့ပါသည် ။
ပြီးပါပြီ........ TheEND
" ဟယ်လို အိမ်သားလေး "
" လွမ်းတယ် ကိုကို "
" ကိုကို "
" လွမ်းတယ် လွမ်တယ်လို့ "
" အင်း ကိုယ်ရောပဲ "
" ဟင့်အင့် "
" အိပ်ချင်တယ်ဆို "
ပြီးပါပြီ........ TheEND
You are reading the story above: TeenFic.Net