" မင်း သိလားဖန်ရှင်း "
" ငါဘယ်သိမှာလဲရိပေါ် မင်းရင်ထဲကခံစားနေရတာတွေကို မင်းကိုယ်တိုင်ဖွင့်ပြောမှငါသိမှာပေါ့ "
ရင်တွင်းစကားတွေရင်ဖွင့်ပြဖို့အသင့်ဖြစ်နေတဲ့ရိပေါ်ဟာ ဖန်ရှင်းမျက်နှာကိုမကြည့်နိုင်ပဲ ရှောင်းအိမ်တော်ရဲ့ခြံဝကြီးကိုငေးကြည့်နေတယ်။
ဦးရှေ့မှာဘာမှမဖြစ်သလိုဟန်ဆောင်ထားပေမယ့် ရိပေါ်ရင်ထဲမှာတော့ ကမ္ဘာပျက်နေခဲ့ရသည်မလား။
" လူတွေကပြောနေကြတယ် ငါ့ကို "
" ဘာတွေပြောနေကြတာလဲ "
" ငါက ဦးအတွက် သင့်တော်တဲ့အိမ်ထောင်ဖက်မဟုတ်ဘူးတဲ့ဖန်ရှင်းရယ် "
" ဘာဆိုင်လို့လဲရိပေါ် "
" ငါက ငါကလေ ဦးအတွက် သားသမီးရတနာမမွေးဖွားပေးနိုင်တဲ့ လူတစ်ယောက်မလို့တဲ့ "
ရိပေါ်စကားကြောင့် ဖန်ရှင်းသက်ပြင်းအသာချသည်။ ဝန်ကြီးချုပ်ရှောင်းပြောခဲ့တာ အလွန်မှန်သည်။ သူ့ရဲ့အိမ်သားလေးက စိတ်တွေပျော်ရွှင်မှုကင်းမဲ့နေပါသည်တဲ့။ ထိုစကားကို အစကဖန်ရှင်းမယုံကြည်ခဲ့ပေမယ့် ယခုရိပေါ်ပြောစကားတွေအရ ဖန်ရှင်းဝန်ကြီးချုပ်ရှောင်းစကားကို အကြွင်းမဲ့ယုံကြည်လာသည်။ ဒါကြောင့် ဖန်ရှင်း ဝန်ကြီးချုပ်ရှောင်းမှာခဲ့သည့်အတိုင်း ဝမ်ရိပေါ်ကို နှစ်သိမ့်ပေးဖို့ပြင်ရ၏။
" ရိပေါ် "
" အင်း ပြောလေဖန်ရှင်း "
" ငါတို့အမျိုးသားတွေက မြင့်မြတ်လွန်းတယ်လို့အထင်ဘူးလား "
ဖန်ရှင်းစကားကြောင့် ရိပေါ်မျက်လုံးဝိုင်းလေးမျာသည် ဖန်ရှင်းနားအကြည့်ရောက်လာသည်။ ဒါကြောင့် ဖန်ရှင်းကစကားဆက်ပြောသည်။
" ဒီလိုကွာရိပေါ်ရာ ငါတို့အမျိုးသားတွေက မြင့်မြတ်လွန်းလို့ ဘုရားဆုတောင်ပန်လို့ရတယ်မလား "
ဖန်ရှင်းစကားကို ခေါင်းလေးငြိမ့်ပြလာသည့် ဝမ်ရိပေါ်ကြောင့် ဖန်ရှင်းနှုတ်ခမ်းလေးသည်လည်း ပြုံးကျလာသည်။
" အင်းလေရိပေါ်ရာ ဒါကိုဘာကြောင့်မင်းက မင်းရဲ့ဦးနဲ့မထိုက်တန်ဘူးလို့ထင်ရတာလဲ "
ဖန်ရှင်းစကားကြောင့် ရိပေါ်မျက်လုံးလေးတွေ ဝိုင်းသွားရပြန်သည်၊ ဒါကြောင့် ဖန်ရှင်းကစကားဆက်ပြောသည်။
" ဒီလိုကွာ ဝမ်ရိပေါ်ရာ မင်းနားလည်အောင် ငါပြောပြရရင် မင်းရဲ့ဦးက မြင့်မြတ်လွန်းတဲ့အမျိုးကောင်းသားတစ်ယောက်ဆိုရင် မင်းကလည်း မြင့်မြတ်လွန်းတဲ့အမျိုးကောင်းသားတစ်ယောက်ပဲမလား။ ဒါကြောင့် မြင့်မြတ်လွန်းတဲ့အမျိုးသားတစ်ယောက်ရဲ့ အိမ်ထောင်ဖက်ဟာ နောက်ထပ်မြင့်မြတ်လွန်းတဲ့အမျိုးကောင်းသားတစ်ယောက်ဖြစ်နေတယ်ဆိုတာ အရမ်းကိုကံကောင်းလွန်းနေတယ်လေ။ ဒါကြောင့် မြင့်မြတ်လွန်းတဲ့အမျိုးနှစ်ယောက်ရဲ့ ပေါင်းဖက်မှုကို မသင့်တော်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲကွာ "
ဖန်ရှင်းစကားအဆုံး ရိပေါ်သက်ပြင်းအသာချသည်။ ဒါကြောင့်ဖန်ရှင်းသည် ရိပေါ်ပခုံးလေးအား အသာဖက်ကာ စကားဆက်ပြော၏။
" ဒါကြောင့်ရိပေါ် လူတွေနောက်တစ်ခါ မင်းကိုကလေးမမွေးနိုင်လို့ မင်းရဲ့ဦးနဲ့ မသင့်တော်ဘူးလို့ပြောရင် မင်းရဲ့မြင့်မြတ်တဲ့ဘုန်းကံကြောင့် မင်းရဲ့ဦးရဲ့အိမ်ထောင်ဖက်ဖြစ်ခဲ့နိုင်တဲ့အကြောင်းကိုတွေးလိုက်။ ဒါဆိုမင်းစိတ်ထဲမှာ လူတွေပြောတဲ့ မလိုက်ဖက်ဘူးဆိုတဲ့အတင်းစကားတွေနေရာမှာ မင်းသာမင်းရဲ့ဦးရဲ့အိမ်ထောင်ဖက်ဖြစ်ရတာ အသင့်တော်ဆုံးဆိုတာ တွေးမိလာလိမ့်မယ်။ ဒါဆို ကမ္ဘာပေါ်မှာ မင်းရဲ့ဦးအတွက် အိမ်သားလေးဆိုတာ မင်းတစ်ယောက်တည်းသာ ထိုက်တန်တယ်ဆိုသာ မင်းသိလာလိမ့်မယ် "
ဖန်ရှင်းရဲ့စကားအဆုံး ရိပေါ်စဥ်းစားခန်းဝင်မိ၏၊ ဖန်ရှင်းပြောသလို ရိပေါ်ဟာ ဦးအတွက် သားသမီးရတနာမမွေးပေးနိုင်ပေမယ့် မြင့်မြတ်တဲ့အမျိုးသားတစ်ယောက်ဖြစ်သည်၊ ထိုအတူ ဦးဟာလည်းမြင့်မြတ်တဲ့အမျိုးသားကောင်းတစ်ယောက်ပေမလို့ မလိုက်ဖက်ဘူးဆိုတာ မရှိနိုင်။ ဒါကြောင့် မြင့်မြတ်တဲ့အမျိုးသားကောင်းနှစ်ယောက်ရဲ့ပေါင်းဖက်မှုဟာ မသင့်တော်ဘူးဆိုတာ ဘယ်မှာဖြစ်နိုင်ပါ့မလဲ။ ပြီးတော့ ဦးကလည်းရိပေါ်ကိုအရမ်းချစ်ပေးသလို ရိပေါ်ကလည်းဦးကိအရမ်းချစ်ခဲ့သည်မလို့ အချို့အားကျသူတွေတောင်ရှိနေကြတဲ့ဟာ ဒါကိုရိပေါ်က အချို့အချို့လူတွေရဲ့အတင်းစကားကြောင့် ဝမ်းနည်းမပျော်မရွှင်ဖြစ်နေရပါသနည်း။ ထို့အပြင်ဦးကတောင် ဒီကိစ္စကိုစိတ်ကူးထဲမထည့်နဲ့ပြောထားတဲ့ဟာကို ရိပေါ်တစ်ယောက်တည်းသာရင်ဘက်ကြီးနဲ့ခံစားနေမိတဲ့အတွက် မိမိကိုယ်တိုင်သာ စိတ်ပျက်မိသွားသည်။
" ဖန်ရှင်း "
" အင်းပြောလေ ရိပေါ် "
" ဦးကိုငါအရမ်းချစ်တာ "
" အင်း ငါသိတယ် ပြီးတော့ ဝန်ကြီးချုပ်ရှောင်းကလည်း မင်းကိုအရမ်းချစ်တာလေ "
ဖန်ရှင်းစကားအဆုံး ဝမိရိပေါ်ပြုံးရွှင်စွာခေါင်းလေးငြိမ့်သည်။
" ဟုတ်တယ် ဦးကလည်း ငါ့ကိုအရမ်းချစ်တယ် "
" အေးလေ အဲ့ဒါကိုမင်းကဘာတွေခံစားနေရတာလည်း ကာယကံရှင်ဖြစ်တဲ့မင်းနဲ့မင်းဦးအဆင်ပြေနေရင်ပြီးပြီပေါ့၊။ ဘာလို့ အခြားသူတွေစကားကြောင့်ဝမ်းနည်းနေရတာလဲကွာ "
ဖန်ရှင်းရဲ့ရှင်းပြချက်စကားအဆုံး ဝမ်ရိပေါ်ခေါင်းငြိမ့်ပြသည်။
" ဟုတ်တယ် ငါနဲ့ ငါ့ဦးအဆင်ပြေရင်ရပြီ ဒါကြောင့်ငါဝမ်းမနည်းတော့ဘူးနော် "
သွားသေးသေးလေးများပေါ်သည်အထိ ရယ်ကာပြောလာသည့် ဝမ်ရိပေါ်ကြောင့် ဖန်ရှင်းသက်ပြင်းမသိမသာချကာ ပြန်ရယ်ပြလိုက်သည်၊
" အင်း ဝမ်းမနည်းတော့နဲ့ "
ဖန်ရှင်းစကားအဆုံး ခေါင်းလေးငြိမ့်လိုက်တဲ့ဝမ်ရိပေါ်က ဖန်ရှင်းကိုစကားဆက်ပြောလာသည်။
ငါဦးကိုလွမ်းသွားပါပြီတဲ့။
ဒါကြောင့် ဖန်ရှင်းက ဝမ်ရိပေါ်မသိအောင် တစ်စုံတစ်ယောက်ကိုခေါ်ထားသည့် ဖုန်းလေးအား မသိမသာချလိုက်ကာ စကားဆက်ပြော၏။
အဲ့ဒါဆိုဖုန်းဆက်လိုက်လေလို့။
ရှောင်းကျန့်တစ်ယောက် ကျသွားသည့်ဖုန်းလေးကိုကြည့်ကာ ပြုံးလိုက်သည်။
" ကျိုးချန် "
" ဟုတ်ကဲ့ပါ ဝန်ကြီးချုပ်ရှောင်း "
" ကားခဏပြန်ကွေ့မယ် "
" ခင်ဗျာ "
ဝန်ကြီးချုပ်ရှောင်းစကားကြောင့် ရုတ်တရက်စွန့်အသွားသည့် ကျိုးချန်ဟာ ဝန်ကြီးချုပ်ဆက်ပြောလာသည့်စကားကြောင့် ကားတန်းကြီးအားပြန်ကွေ့ဖို့အမိန့်ပေးလိုက်ပါတော့သည်။
သူ့နှလုံးသားကို အပိုင်စားရထားသည့် အိမ်သားလေးကို ပြန်သွားခေါ်မလို့ပါတဲ့။
🌻 Updateမှန်အောင် ကြိုးစားပေးပါမယ်ဗျ 🌻
" မင္း သိလားဖန္ရွင္း "
" ငါဘယ္သိမွာလဲရိေပၚ မင္းရင္ထဲကခံစားေနရတာေတြကို မင္းကိုယ္တိုင္ဖြင့္ေျပာမွငါသိမွာေပါ့ "
ရင္တြင္းစကားေတြရင္ဖြင့္ျပဖို႔အသင့္ျဖစ္ေနတဲ့ရိေပၚဟာ ဖန္ရွင္းမ်က္ႏွာကိုမၾကည့္နိုင္ပဲ ေရွာင္းအိမ္ေတာ္ရဲ႕ၿခံဝႀကီးကိုေငးၾကည့္ေနတယ္။
ဦးေရွ႕မွာဘာမွမျဖစ္သလိုဟန္ေဆာင္ထားေပမယ့္ ရိေပၚရင္ထဲမွာေတာ့ ကမၻာပ်က္ေနခဲ့ရသည္မလား။
" လူေတြကေျပာေနၾကတယ္ ငါ့ကို "
" ဘာေတြေျပာေနၾကတာလဲ "
" ငါက ဦးအတြက္ သင့္ေတာ္တဲ့အိမ္ေထာင္ဖက္မဟုတ္ဘူးတဲ့ဖန္ရွင္းရယ္ "
" ဘာဆိုင္လို႔လဲရိေပၚ "
" ငါက ငါကေလ ဦးအတြက္ သားသမီးရတနာမေမြးဖြားေပးနိုင္တဲ့ လူတစ္ေယာက္မလို႔တဲ့ "
ရိေပၚစကားေၾကာင့္ ဖန္ရွင္းသက္ျပင္းအသာခ်သည္။ ဝန္ႀကီးခ်ဳပ္ေရွာင္းေျပာခဲ့တာ အလြန္မွန္သည္။ သူ႕ရဲ႕အိမ္သားေလးက စိတ္ေတြေပ်ာ္႐ႊင္မႈကင္းမဲ့ေနပါသည္တဲ့။ ထိုစကားကို အစကဖန္ရွင္းမယုံၾကည္ခဲ့ေပမယ့္ ယခုရိေပၚေျပာစကားေတြအရ ဖန္ရွင္းဝန္ႀကီးခ်ဳပ္ေရွာင္းစကားကို အႂကြင္းမဲ့ယုံၾကည္လာသည္။ ဒါေၾကာင့္ ဖန္ရွင္း ဝန္ႀကီးခ်ဳပ္ေရွာင္းမွာခဲ့သည့္အတိုင္း ဝမ္ရိေပၚကို ႏွစ္သိမ့္ေပးဖို႔ျပင္ရ၏။
" ရိေပၚ "
" အင္း ေျပာေလဖန္ရွင္း "
" ငါတို႔အမ်ိဳးသားေတြက ျမင့္ျမတ္လြန္းတယ္လို႔အထင္ဘူးလား "
ဖန္ရွင္းစကားေၾကာင့္ ရိေပၚမ်က္လုံးဝိုင္းေလးမ်ာသည္ ဖန္ရွင္းနားအၾကည့္ေရာက္လာသည္။ ဒါေၾကာင့္ ဖန္ရွင္းကစကားဆက္ေျပာသည္။
" ဒီလိုကြာရိေပၚရာ ငါတို႔အမ်ိဳးသားေတြက ျမင့္ျမတ္လြန္းလို႔ ဘုရားဆုေတာင္ပန္လို႔ရတယ္မလား "
ဖန္ရွင္းစကားကို ေခါင္းေလးၿငိမ့္ျပလာသည့္ ဝမ္ရိေပၚေၾကာင့္ ဖန္ရွင္းႏႈတ္ခမ္းေလးသည္လည္း ၿပဳံးက်လာသည္။
" အင္းေလရိေပၚရာ ဒါကိုဘာေၾကာင့္မင္းက မင္းရဲ႕ဦးနဲ႕မထိုက္တန္ဘူးလို႔ထင္ရတာလဲ "
ဖန္ရွင္းစကားေၾကာင့္ ရိေပၚမ်က္လုံးေလးေတြ ဝိုင္းသြားရျပန္သည္၊ ဒါေၾကာင့္ ဖန္ရွင္းကစကားဆက္ေျပာသည္။
" ဒီလိုကြာ ဝမ္ရိေပၚရာ မင္းနားလည္ေအာင္ ငါေျပာျပရရင္ မင္းရဲ႕ဦးက ျမင့္ျမတ္လြန္းတဲ့အမ်ိဳးေကာင္းသားတစ္ေယာက္ဆိုရင္ မင္းကလည္း ျမင့္ျမတ္လြန္းတဲ့အမ်ိဳးေကာင္းသားတစ္ေယာက္ပဲမလား။ ဒါေၾကာင့္ ျမင့္ျမတ္လြန္းတဲ့အမ်ိဳးသားတစ္ေယာက္ရဲ႕ အိမ္ေထာင္ဖက္ဟာ ေနာက္ထပ္ျမင့္ျမတ္လြန္းတဲ့အမ်ိဳးေကာင္းသားတစ္ေယာက္ျဖစ္ေနတယ္ဆိုတာ အရမ္းကိုကံေကာင္းလြန္းေနတယ္ေလ။ ဒါေၾကာင့္ ျမင့္ျမတ္လြန္းတဲ့အမ်ိဳးႏွစ္ေယာက္ရဲ႕ ေပါင္းဖက္မႈကို မသင့္ေတာ္ဘူးလို႔ ဘယ္သူေျပာနိုင္မွာလဲကြာ "
ဖန္ရွင္းစကားအဆုံး ရိေပၚသက္ျပင္းအသာခ်သည္။ ဒါေၾကာင့္ဖန္ရွင္းသည္ ရိေပၚပခုံးေလးအား အသာဖက္ကာ စကားဆက္ေျပာ၏။
" ဒါေၾကာင့္ရိေပၚ လူေတြေနာက္တစ္ခါ မင္းကိုကေလးမေမြးနိုင္လို႔ မင္းရဲ႕ဦးနဲ႕ မသင့္ေတာ္ဘူးလို႔ေျပာရင္ မင္းရဲ႕ျမင့္ျမတ္တဲ့ဘုန္းကံေၾကာင့္ မင္းရဲ႕ဦးရဲ႕အိမ္ေထာင္ဖက္ျဖစ္ခဲ့နိုင္တဲ့အေၾကာင္းကိုေတြးလိုက္။ ဒါဆိုမင္းစိတ္ထဲမွာ လူေတြေျပာတဲ့ မလိုက္ဖက္ဘူးဆိုတဲ့အတင္းစကားေတြေနရာမွာ မင္းသာမင္းရဲ႕ဦးရဲ႕အိမ္ေထာင္ဖက္ျဖစ္ရတာ အသင့္ေတာ္ဆုံးဆိုတာ ေတြးမိလာလိမ့္မယ္။ ဒါဆို ကမၻာေပၚမွာ မင္းရဲ႕ဦးအတြက္ အိမ္သားေလးဆိုတာ မင္းတစ္ေယာက္တည္းသာ ထိုက္တန္တယ္ဆိုသာ မင္းသိလာလိမ့္မယ္ "
ဖန္ရွင္းရဲ႕စကားအဆုံး ရိေပၚစဥ္းစားခန္းဝင္မိ၏၊ ဖန္ရွင္းေျပာသလို ရိေပၚဟာ ဦးအတြက္ သားသမီးရတနာမေမြးေပးနိုင္ေပမယ့္ ျမင့္ျမတ္တဲ့အမ်ိဳးသားတစ္ေယာက္ျဖစ္သည္၊ ထိုအတူ ဦးဟာလည္းျမင့္ျမတ္တဲ့အမ်ိဳးသားေကာင္းတစ္ေယာက္ေပမလို႔ မလိုက္ဖက္ဘူးဆိုတာ မရွိနိုင္။ ဒါေၾကာင့္ ျမင့္ျမတ္တဲ့အမ်ိဳးသားေကာင္းႏွစ္ေယာက္ရဲ႕ေပါင္းဖက္မႈဟာ မသင့္ေတာ္ဘူးဆိုတာ ဘယ္မွာျဖစ္နိုင္ပါ့မလဲ။ ၿပီးေတာ့ ဦးကလည္းရိေပၚကိုအရမ္းခ်စ္ေပးသလို ရိေပၚကလည္းဦးကိအရမ္းခ်စ္ခဲ့သည္မလို႔ အခ်ိဳ႕အားက်သဴေတြေတာင္ရွိေနၾကတဲ့ဟာ ဒါကိုရိေပၚက အခ်ိဳ႕အခ်ိဳ႕လူေတြရဲ႕အတင္းစကားေၾကာင့္ ဝမ္းနည္းမေပ်ာ္မ႐ႊင္ျဖစ္ေနရပါသနည္း။ ထို႔အျပင္ဦးကေတာင္ ဒီကိစၥကိုစိတ္ကူးထဲမထည့္နဲ႕ေျပာထားတဲ့ဟာကို ရိေပၚတစ္ေယာက္တည္းသာရင္ဘက္ႀကီးနဲ႕ခံစားေနမိတဲ့အတြက္ မိမိကိုယ္တိုင္သာ စိတ္ပ်က္မိသြားသည္။
" ဖန္ရွင္း "
" အင္းေျပာေလ ရိေပၚ "
" ဦးကိုငါအရမ္းခ်စ္တာ "
" အင္း ငါသိတယ္ ၿပီးေတာ့ ဝန္ႀကီးခ်ဳပ္ေရွာင္းကလည္း မင္းကိုအရမ္းခ်စ္တာေလ "
ဖန္ရွင္းစကားအဆုံး ဝမိရိေပၚၿပဳံး႐ႊင္စြာေခါင္းေလးၿငိမ့္သည္။
" ဟုတ္တယ္ ဦးကလည္း ငါ့ကိုအရမ္းခ်စ္တယ္ "
" ေအးေလ အဲ့ဒါကိုမင္းကဘာေတြခံစားေနရတာလည္း ကာယကံရွင္ျဖစ္တဲ့မင္းနဲ႕မင္းဦးအဆင္ေျပေနရင္ၿပီးၿပီေပါ့၊။ ဘာလို႔ အျခားသူေတြစကားေၾကာင့္ဝမ္းနည္းေနရတာလဲကြာ "
ဖန္ရွင္းရဲ႕ရွင္းျပခ်က္စကားအဆုံး ဝမ္ရိေပၚေခါင္းၿငိမ့္ျပသည္။
" ဟုတ္တယ္ ငါနဲ႕ ငါ့ဦးအဆင္ေျပရင္ရၿပီ ဒါေၾကာင့္ငါဝမ္းမနည္းေတာ့ဘူးေနာ္ "
သြားေသးေသးေလးမ်ားေပၚသည္အထိ ရယ္ကာေျပာလာသည့္ ဝမ္ရိေပၚေၾကာင့္ ဖန္ရွင္းသက္ျပင္းမသိမသာခ်ကာ ျပန္ရယ္ျပလိုက္သည္၊
" အင္း ဝမ္းမနည္းေတာ့နဲ႕ "
ဖန္ရွင္းစကားအဆုံး ေခါင္းေလးၿငိမ့္လိုက္တဲ့ဝမ္ရိေပၚက ဖန္ရွင္းကိုစကားဆက္ေျပာလာသည္။
ငါဦးကိုလြမ္းသြားပါၿပီတဲ့။
ဒါေၾကာင့္ ဖန္ရွင္းက ဝမ္ရိေပၚမသိေအာင္ တစ္စုံတစ္ေယာက္ကိုေခၚထားသည့္ ဖုန္းေလးအား မသိမသာခ်လိဳက္ကာ စကားဆက္ေျပာ၏။
အဲ့ဒါဆိုဖုန္းဆက္လိုက္ေလလို႔။
ေရွာင္းက်န႔္တစ္ေယာက္ က်သြားသည့္ဖုန္းေလးကိုၾကည့္ကာ ၿပဳံးလိုက္သည္။
" က်ိဳးခ်န္ "
" ဟုတ္ကဲ့ပါ ဝန္ႀကီးခ်ဳပ္ေရွာင္း "
" ကားခဏျပန္ေကြ႕မယ္ "
" ခင္ဗ်ာ "
ဝန္ႀကီးခ်ဳပ္ေရွာင္းစကားေၾကာင့္ ႐ုတ္တရက္စြန႔္အသြားသည့္ က်ိဳးခ်န္ဟာ ဝန္ႀကီးခ်ဳပ္ဆက္ေျပာလာသည့္စကားေၾကာင့္ ကားတန္းႀကီးအားျပန္ေကြ႕ဖို႔အမိန႔္ေပးလိုက္ပါေတာ့သည္။
သူ႕ႏွလုံးသားကို အပိုင္စားရထားသည့္ အိမ္သားေလးကို ျပန္သြားေခၚမလို႔ပါတဲ့။
Updateမွန္ေအာင္ ႀကိဳးစားေပးပါမယ္ဗ်
You are reading the story above: TeenFic.Net