Chapter 5

Background color
Font
Font size
Line height

ရှီဖုန်းက တခြားလူတွေ အကူအညီနဲ့ အခန်းထဲရောက်သွားကာ ကုတင်ပေါ် ထိုင်နေတယ်။ မိနစ်အနည်းငယ် အကြာမှာ သူက ထပြီးတော့ အခန်းအပြင် ပြန်ထွက်သွားတယ်။ သူနဲ့အတူတည်းတဲ့ လုပ်ဖော်ကိုင်ဖက်က ဘယ်သွားမလို့လဲဆိုပြီးမေးလာတယ်။ ဒါပေမဲ့ သူဘာမှ ပြန်မဖြေဘဲ တံခါးဖွင့်လို့ ထွက်သွားတယ်။

သူ ဟေ့ယန်ရှန်းနေတဲ့ အခန်းဆီ ထွက်သွားခဲ့တယ်။

ဟေ့ယန်ရှန်းက သူ့ဖာသာ အခန်းတစ်ခုမှာ သပ်သပ်နေတယ်။ ဘာလို့လဲဆိုတဲ့ အကြောင်းပြချက်က ပြောနေစရာမလိုတော့။
ဟေ့ယန်ရှန်းက အခန်းထဲရောက်ပြီးတော့ ရေချိုးလိုက်တယ်။ သူအိပ်တော့မလို့ လုပ်တဲ့အခါမှာပဲ တံခါးခေါက်သံ ကြားလိုက်ရတယ်။
ဟေ့ယန်ရှန်းက တံခါးဖွင့်လိုက်တဲ့အခါ ရှီဖုန်းအခန်းအပြင်မှာ ရပ်နေတာကိုတွေ့လိုက်ရတယ်။ သူမျက်နှာထားက ပြန်အေးစက်သွားတယ်။

ရှီဖုန်းက သူ့ကိုတွေ့တဲ့အခါ စကားမပြော‌ပေမဲ့အထဲဝင်ဖို့ လုပ်တယ်။
ဟေ့ယန်ရှန်းဘက်က အမြန်ကာလိုက်ပြီး မေးတယ်။

" မင်းဘာလုပ်နေတာလဲ?"

ရှီဖုန်းက ပြန်မပြောဘူး။ သူ့အရပ်ကြီးနဲ့ ဟေ့ယန်ရှန်းကို ဘေးတွန်းကပ်လိုက်ပြီးတောင် အထဲဝင်ဖို့ပဲလုပ်နေတယ်။

ဟေ့ယန်ရှန်းက တံခါးပိတ်လိုက်ဖို့ ကြိုးစားတယ်။ ဒါပမဲ့ ရှီဖုန်းကအရင် လက်မြောက်ပြီး တံခါးရွက်ကိုလက်နဲ့ ခုထားလိုက်တယ်။ ခုထားတဲ့အားက များတော့ ဟေ့ယန်ရှန်းက လန့်သွားပြီး ထပ်ပိတ်ဖို့ မလုပ်ရဲတော့ဘူး။ ရှီဖုန်းကို ဝင်ခွင့်ပဲ ပြုလိုက်ရတယ်။

" မင်းဘာလုပ်နေတာလဲလို့?" ဟေ့ယန်ရှန်းက တံခါးပေါက်နားမှာပဲ ဆက်ရပ်‌နေပြီး မျက်နှာတွန့်ချိုးနေကာ မေးတယ်။

ရှီဖုန်းမျက်နှာလည်း အုံးမှိုင်းနေတယ်။ သူက ကုတင်စွန်းမှာထိုင်ချလိုက်တယ်။

" ခင်ဗျားက ကျွန်တော့်ကို ကြိုက်နေတာမဟုတ်ဘူးလား?"

ဟေ့ယန်ရှန်း ချက်ချင်းဒေါသထွက်သွားတယ်။ ခက်ခက်ထန်ထန် ပြောလိုက်တယ်။

" ရူးနေတာလား?"

ရှီဖုန်းက ပြန်ပြောတယ်။

" ဒါမှမဟုတ် ခင်ဗျား တခြားဝန်ထမ်းအသစ်တစ်ယောက်ကို ပစ်မှတ် ပြန်ထားနေတာလား?"

ရှီဖုန်းက တံခါးကို ဆွဲပိတ်လိုက်တယ်။ သူတို့ပြောနေတဲ့အရာတွေကို တခြားသူတွေကို မကြားစေချင်ဘူး။ ပြီးနောက် ရှီဖုန်းဆီ လျှောက်သွားလိုက်ကာ ပြောတယ်။

" မင်းဘာတွေ အထင်လွဲနေတာလဲ?"

ရှီဖုန်းက ဟေ့ယန်ရှန်းကို မော့ကြည့်မိတယ်။
ဟေ့ယန်ရှန်းက ရေချိုးထားပြီး ညအိပ်အင်္ကျီပဲဝတ်ထားတယ်။ သူ့ရဲ့ ဖြူဖွေးတဲ့ လည်တိုင်နဲ့ လက်ကောက်ဝတ်တွေက ပေါ်နေတယ်။ သူ့ရဲ့ ဆံပင်တွေလည်း နည်းနည်းဖရိုဖရဲဖြစ်နေပြီး မျက်စိတစ်ဝက်လောက်ထိ ဖုံးထားတယ်။
သူက ရုတ်တရက် တံတွေးမျိုချမိလိုက်တယ်။ သူသောက်ထားတဲ့ ဝိုင်က အခုမှ အလုပ်လုပ်လာတယ် ထင်တယ်။ သူ့သွေးတွေ ဆူပွက်လာတယ်။

ဟေ့ယန်ရှန်းက ရှီဖုန်းသူ့လက်မောင်းကို ဆွဲကိုင်လိုက်တဲ့ထိ ဘာဖြစ်နေမှန်းသဘောမပေါက်သေးဘူး။ ဒါပေမဲ့ ရှီဖုန်းက သူ့ကို ကုတင်ပေါ် ဆွဲချကာ အပေါ်ကနေ အုပ်မိုးလိုက်တယ်။ ပြီးနောက် ပါးစပ်ကို နမ်းတယ်။
ရှီဖုန်းက ဟေ့ယန်ရှန်းရဲ့ နှုတ်ခမ်းတွေပေါ် ခနတာ ဝေ့ဝဲနေတယ်။

ဟေ့ယန်ရှန်း အသိဝင်လာတဲ့အခါ ရှီဖုန်းကို တွန်းထုတ်လိုက်တယ်။

ရှီဖုန်းက အနောက်ကို ခြေလှမ်းအနည်းငယ်စာလောက် ဆုတ်သွားပြီး နောက်က TV နဲ့သွားရိုက်မိတယ်။ ဒါပေမဲ့ သူက အရှိန်ထိန်းလိုက်ကာ ဟေ့ယန်ရှန်းပေါ် ပြန်ခုန်အုပ်လာတယ်။ ပြီးတော့ ပြန်နမ်းဖို့ ကြိုးစားရင်းနဲ့

" ခင်ဗျားက ကျွန်တော့်ကို ကြိုက်တာမဟုတ်ဘူးလား? ယောကျ်ားတစ်ယောက်ကို နမ်းရတာက ဘယ်လိုမျိုးလဲဆိုတာကို ဘာလို့ ကျွန်တော့်ကို မစမ်းခိုင်းတာလဲ?"

ဟေ့ယန်ရှန်းက စော်ကားခံရသလို ချက်ချင်း ခံစားလိုက်ရတယ်။ သူက ယဉ်ကျေးနေတာတွေကို ရပ်လိုက်ကာ ခြေထောက်မြောက်ပြီး ရှီဖုန်းဝမ်းဗိုက်ကို ကန်လိုက်တယ်။

ရှီဖုန်းက နာကျင်မှုကြောင့် အော်လိုက်တယ်။ နောက်ကို တစ်ချက်ပြန်ဆုတ်သွားပြီး TV စင်ရှေ့မှာ လျှောကျသွားတယ်။ ဒီတစ်ခေါက်တော့ သူပြန်မထလာတော့ဘူး။

ဟေ့ယန်ရှန်း အသက်ပြင်းပြင်းရှူနေတယ်။ ကုတင်ပေါ် ခနလဲနေလိုက်ပြီးတော့မှ စိတ်ပြန်ငြိမ်သွားတယ်။ ရှီဖုန်းက မလှုပ်တော့တာကို မြင်လိုက်ရတယ်။ သူက သွားပြီးတော့ ကြည့်လိုက်တဲ့အခါ နီးကပ်လာရင်းနဲ့ ရှီဖုန်းရဲ့ ဟောက်သံတိုးတိုးကို ကြားလိုက်တယ်။ရှီဖုန်းက TV ရှေ့ထိုင်ပြီး အိပ်ပျော်သွားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

ဟေ့ယန်ရှန်းက သူ့လက်ကို ပင့်ပြီး နဖူးထောက်လိုက်တယ်။ ခေါင်းက တဆစ်ဆစ်ကိုက်နေတယ်။ သူ ကုတင်စွန်းမှာ ပြန်ထိုင်လိုက်ပြီး သူ့လက်တွေနဲ့ မျက်နှာကို ကားထားမိတယ်။

သူ အချိန်အတော်ကြာတဲ့ထိ အဲလိုထိုင်နေတယ်။ နောက်တော့မှ ရှုပ်ရှုပ်ထွေးထွေးအတွေးတွေကနေ သူ့ကိုယ်သူဆွဲခေါ်လိုက်ကာ သူ့လက်ကို ပြန်ချလိုက်ပြီး ရှီဖုန်းကို ပြန်ကြည့်လိုက်တယ်။

ရှီဖုန်းက တကယ်အိပ်ပျော်နေတာဖြစ်တယ်။ ဒီအကွာအဝေးကနေတောင်မှ ဟောက်သံကို ကြားနေရတယ်။

ဟေ့ယန်ရှန်းက ရှီဖုန်းကို ကန်နှိုးပြီး ထွက်သွားဖို့ ပြောချင်တယ်။ ဒါပေမဲ့ သူကန်လိုက်တာတောင် မှ အဲ့ကောင်လေးက မနှိုးလာဘူး။ ဆိုတော့ နောက်ဆုံး ဟေ့ယန်ရှန်းက ရှီဖုန်းကို ပုခုံးကနေ တရွတ်တိုက်ဆွဲကာ ကော်စောပေါ် ဆွဲလဲလိုက်တယ်။ စောင်တစ်ထည် ပစ်တင်ပေးလိုက်ပြီး တစ်ယောက်ထည်း ပစ်ထားလိုက်တယ်။

နောက်တစ်နေ့ ရှီဖုန်းပြန်နိုးလာတဲ့အခါ အခန်းထဲမှာ သူတစ်ယောက်တည်း ရှိနေတယ်။

သူ အရင်ညက အတော်မူးသွားခဲ့တယ်။ သူ့ရဲ့နောက်ဆုံး မှတ်ညဏ်က သူမူးပြီးတော့ ဟေ့ယန်ရှန်းကို ရန်သွားရှာပြီးနောက် အထိုးခံလိုက်ရတဲ့ထိပဲဖြစ်တယ်။ ရှီဖုန်းက လက်ကိုမလိုက်တယ်။ သူ့မျက်နှာပေါ် နည်းနည်းနာကျင်နေတယ်။

ဒါပေမဲ့ သူက ဘာလို့ ကြမ်းပြင်ပေါ် အိပ်နေရတာလဲ?

အစကတော့ သူ့အခန်းထဲမှာလို့ ထင်လိုက်မိတယ်။ ဒါပေမဲ့ သူမတ်တပ်ရပ်လိုက်တော့မှ သူ့အခန်း ဟုတ်မနေမှန်း သိလိုက်ရတယ်။ တကယ်တော့ သူက လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ ပုံမှန်ခန်းထဲမှာနေတယ်။ ဟေ့ယန်ရှန်းက king size ကုတင်နဲ့အခန်းထဲမှာနေတယ်။

ရှီဖုန်း တွေတွေဝေဝေနဲ့ အခန်းကို ဝေ့ကြည့်လိုက်တဲ့အခါမှ သူ့မျက်နှာပဲ နီမြန်းနေတာမဟုတ်ဘဲ ခေါင်းလည်း အတော်ကိုက်နေတာကို သတိထားမိသွားတယ်။ ခေါင်းကိုက်ရုံတင်မကဘူး ဝမ်းဗိုက်မှာလည်း နာနေတယ်။ သူ့အင်္ကျီကိုလှန့်ကြည့်လိုက်တော့ ဗိုက်နေရာမှာ အညိုအမဲစွဲနေတာကိုတွေ့လိုက်ရတယ်။ အကန်ခံခဲ့ရသလိုမျိုး။

အဲဒီအချိန်မှာပဲ ဟေ့ယန်ရှန်းက တံခါးဖွင့်ပြီး အပြင်ကနေ ဝင်လာတယ်။
ရှီဖုန်း လှည့်ကြည့်လိုက်တော့ အံ့သြသွားတယ်။

ဟေ့ယန်ရှန်းက မနေ့ညက ရှီဖုန်းကိုတစ်ယောက်တည်း ချန်ထားခဲ့တာဖြစ်တယ်။ သူ ကောင်တာဆီသွားပြီး တခြားအခန်းပြန်ယူလိုက်တယ်။ အရမ်းနောက်ကျနေပြီကြောင့်မို့ သူ့ပစ္စည်းတွေ မယူသွားခဲ့လိုက်ရဘူး။

သူအခုပြန်လာတဲ့အချိန်က တကယ်တမ်း အတော်လေး နောက်ကျနေပြီဖြစ်တယ်။ အစကတော့ သူ ရှီဖုန်းအိပ်ယာထပြီးတာနဲ့ ထွက်သွားလောက်ပြီလို့တွေးထားခဲ့တယ်။ ဒါပေမဲ့ အခုချိန်ထိ အိပ်နေဖို့တော့ မမျှော်လင့်ထားမိခဲ့ဘူး။

ရှီဖုန်းက ခနဆွံ့အသွားကာ မေးတယ်။

" ဒါ ခင်ဗျားရဲ့ အခန်းလား?"

ဟေ့ယန်ရှန်းက သူ့ကို စကားမပြောချင်ဘူး။ အခန်းထဲပဲ ဝင်သွားလိုက်တယ်။ သူက ခရီးဆောင်အိတ်ကို ထုတ်ကာ ပစ္စည်းတွေ သိမ်းတယ်။

ရှီဖုန်းက သူဟေ့ယန်ရှန်းအခန်းထဲ ဘယ်လို အိပ်မိသွားမှန်း မသိဘူး။ ဒါပေမဲ့ သူမနေ့ညက ဟေ့ယန်ရှန်းကို ရန်သွားရှာပြီး ပေါက်ကရတွေ ပြောခဲ့တာတော့ မှတ်မိတယ်။ သူ့ရဲ့ နာကျင်နေတဲ့ နဖူးကို ပွတ်လိုက်ကာ ပြောတယ်။

" ကျွန်တော်တောင်းပန်ပါတယ်"

ဟေ့ယန်ရှန်း ပစ္စည်းထုတ်ပိုးနေတာ ရပ်တန့်သွားတယ်။ သူမနေ့ညက ကောင်းကောင်းမအိပ်ခဲ့ရတာကြောင့် သူ့ရဲ့ အက်နေတဲ့ အသံက ပိုလို့တောင် တိုးနေတယ်။

" ကိုယ်မင်းကို ထပ်မနှောင့်ယှက်တော့ဘူး။ ကျေးဇူးပြုပြီးတော့ မင်း ကိုယ်နဲ့ ဝေးဝေးနေ ပေးလို့ရမလား?"

ရှီဖုန်း ကြက်သေသေသွားတယ်။

ဟေ့ယန်ရှန်းက ပစ္စည်းတွေ ဆက်သိမ်းနေပြီး သူ့ရဲ့လုပ်ဆောင်နေတဲ့ အပြုအမူတွေက ဒေါသထွက်နေဟန်ရှိတယ်။

ရှီဖုန်းက လက်ကိုမြှောက်ကာ ဆံပင်ထိုးဖွလိုက်ပြီး

" ကျွန်တော်မနေ့ညက အများကြီး သောက်လိုက်မိတယ်။ အဲဒါကြောင့် အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောခဲ့မိတယ်။ ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်။"
ဟေ့ယန်ရှန်းက အေးစက်စက် ပြန်တုန့်ပြန်တယ်။

" အနာဂါတ်မှာ ကိုယ့်ကို စကားထပ်လာမပြောနဲ့တော့။"

ရှီဖုန်းက အဲ့နေရာမှာပဲ အေးခဲသွားတယ်။ ဘာလို့ဆို အရင်က ဟေ့ယန်ရှန်းက သူ့ကို အဲလို အေးစက်စက်တစ်ခါမှ မပြောခဲ့ဖူးဘူး။ သူ့မျက်နှာပေါ် ပါးရိုက်ခံလိုက်ရသလို ခံစားလိုက်ရတယ်။ သူက နည်းနည်းလည်း ရှက်သွားပြီးတော့ နည်းနည်းနေရခက်နေတယ်။ သူက ထပ်ပြောမိတယ်။

" မှားခဲ့တဲ့သူက ကျွန်တော်ဟုတ်တယ်။ ခင်ဗျားကို ထိခိုက်စေတဲ့ စကားတွေကိုလည်း ပြောခဲ့မိလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော် မရည်ရွယ်ခဲ့ဘူး။ ကျွန်တော်ထင်ခဲ့တာ ကျွန်တော်တို့...." သူက ခနရပ်လိုက်ပြီး " သာမန်သူငယ်ချင်းတွေတော့ ဆက်ဖြစ်လို့ရတယ် မလား? ခင်ဗျားဘာလို့ အဲလောက်ဖြစ်နေရတာလဲ?"

ဟေ့ယန်ရှန်းက ပစ္စည်းတွေ ထုပ်ပိုးတာ ပြီးသွားပြီ။ သူက ရှီဖုန်းကို "စောက်ရူး"လို့ပြောထားခဲ့ပြီး ခရီးဆောင်အိတ်ကို သယ်ကာ ထွက်သွားတယ်။

ရှီဖုန်းက သူ့စကားကြောင့် ဒေါသထွက်သွားတယ်။ ဟေ့ယန်ရှန်းရဲ့ လက်မောင်းကို လိုက်ဆွဲလို့ နံရံပေါ်ဆွဲကပ်လိုက်တယ်။

" ခင်ဗျား ဘာစောက်စကားပြောနေတာလဲ?"

သူအဲလိုပြောပြီးမှ ဟေ့ယန်ရှန်းရဲ့ ကုတင်က သပ်သပ်ရပ်ရပ်ရှိနေတုန်းဆိုတာကို သတိထားမိသွားတယ်။ အသုံးပြုခဲ့ဟန်မရှိ။ သူ့ခေါင်းထဲ ထူးထူးဆန်းဆန်းခံစားချက်ဖြစ်လာကာ

" ခင်ဗျား မနေ့ညက ဘယ်မှာ အိပ်ခဲ့တာလဲ?"

ဟေ့ယန်ရှန်းကသူ့ကို ကြည့်ပြီးတော့

" မင်းနဲ့ ဘာဆိုင်လို့လဲ?"

ရှီဖုန်းက သူ့အတွေးတွေကို မရပ်နိုင်တော့ဘူး။

" ခင်ဗျားအသံလည်း အက်ကွဲနေတယ်။"

ဟေ့ယန်ရှန်းက ပိုဒေါသထွက်လာတယ်။ သူက အသက်ပြင်းပြင်းရှူလိုက်ပြီးတော့ နှာမှုတ်ကာ ပြောတယ်။

" ငါ တစ်ခြားတစ်ယောက်နဲ့ အိပ်ခဲ့တာ။"

" ခင်ဗျား !!!!"

ရှီဖုန်းက ဒေါသထွက်ပြီးတော့ ရွံရှာနေဟန်ပေါ်တယ်။
ဟေ့ယန်ရှန်းက ဆက်ပြောတယ်။

" ငါ ဘယ်သူနဲ့ အိပ်အိပ် မင်းနဲ့ ဘာဆိုင်လို့လဲ? မင်း ငါ့ကို ကြိုက်နေတာလား? မင်းလည်း နှာဗူးပဲလား?"

ရှီဖုန်းက ဒေါသထွက်နေပြီးတော့ နှလုံးခုန်မြန်နေတယ်။
" ခင်ဗျားဘာစောက်အဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ?"

ဟေ့ယန်ရှန်းက သူ့အားနည်းချက်ကို ထိသွားစေတယ်ထင်တယ်။

" မင်းက ကိုယ့်ကို မကြိုက်ဘူးလား? ဒါဆို မနေ့ညက ဘာလို့ ကိုယ့်အခန်းထဲ ဝင်လာပြီး လာနမ်းရတာလဲ? မင်းလည်း ဂေးပဲလား? အချိန်အကြာကြီး မသိခဲ့ဘူးပဲ။"

" ခင်ဗျား ပါးစပ်ကို ပိတ်ထား။" ရှီဖုန်းက ဒေါသတကြီး ပြောတယ်။

ဟေ့ယန်ရှန်းက ဒီလို စိတ်သဘောထား သေးသိမ်တာမျိုး ဘယ်တုန်းကမှ မလုပ်ဖူးဘူး။ အခုတော့ သူက ဒေါသမွှန်နေပြီ။ သူက အခု ရှီဖုန်းကို ပြန်အနိုင်ပိုင်းဖို့အတွက် အရုပ်ဆိုးတဲ့ စကားတွေကို သုံးပြီး တိုက်ခိုက်‌ နေတာပဲဖြစ်တယ်။

" ကိုယ့်ဆီကနေ ဝေးဝေးနေဟန်ဆောင်ပြီး‌တော့ ညလယ်ခေါင်ကြီး မူးဟန်ဆောင်ပြီး လာစော်ကားတာ ဘယ်သူလဲ?"

ရှီဖုန်းက သူ့လက်ကို ဆန့်ထုတ်ကာ ဟေ့ယန်ရှန်းပါးစပ်ကို ပိတ်ပေးလိုက်တယ်။

ဟေ့ယန်ရှန်းက သူ့လက်ကို ဆုပ်ကိုင်ကာ ဖယ်လိုက်ဖို့လုပ်တယ်။ ဒါပေမဲ့ သူက ရှီဖုန်းလောက် မသန်ဘူး။ ဆိုတော့ သူဒေါသတကြီးနဲ့ တဖက်လူကို စိုက်ကြည့်ဖို့ပဲ တတ်နိုင်တယ်။

အဲဒီအချိန်မှာ ရှီဖုန်းက သူ့လက်ဖဝါးကနေ ဟေ့ယန်ရှန်းနှုတ်ခမ်းတွေရဲ့ အထိအတွေ့ကို ခံစားလိုက်ရတယ်။ ဟေ့ယန်ရှန်းရှူထုတ်လိုက်တဲ့ လေက သူ့လက်ဖဝါးကနေလို့ သူ့နှလုံးသားထိ ယားယံသွားစေတယ်။ သူ့စိတ်ထဲက အတွေးကို သတိထားမိသွားတဲ့အခါ သူ့မျက်နှာက သရဲမြင်လိုက်ရသလိုဖြစ်သွားတယ်။ သူက လက်ကို ချက်ချင်း ဆွဲခွါလိုက်ပြီး ဟေ့ယန်ရှန်းကိုပုခုံးကနေ တွန်းထုတ်ကာ အပြင်ကို ပြေးထွက်သွားလိုက်တယ်။

ဟေ့ယန်ရှန်းက ကြမ်းပေါ် ထိုင်လျက်သား ကျသွားတယ်။ သူ့ရဲ့လက်တွေကလည်း ကြမ်ပြင်ပေါ် ထိ ကျနေတယ်။ သူက ဒေါသဖြေဖို့ ရှေ့က မှန်တင်ခုံးကို ကန်လိုက်တယ်။

ဟေ့ယန်ရှန်း သူ့ဘဝမှာ နောင်တအရဆုံးလုပ်ရပ်က ရှီဖုန်းကို သူနဲ့ နီးကပ်ခွင့် ပြုမိခဲ့တာကို ဖြစ်တယ်။ သူက သူငယ်ချင်းရဖို့ မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ သူအကျိုးဆက်ကို ခံစားနေရပြီ။

အဲဒီ နွေးဦးခရီးအပြီးမှာ ရှီဖုန်းက စိတ်ဓာတ်ကျနေပုံပေါ်တယ်။

သူအဲ့နေ့က ဖြစ်ပျက်ခဲ့တဲ့အရာတွေရယ် ဟေ့ယန်ရှန်းပြောခဲ့တဲ့စကားတွေရယ်ကိုပဲ ထပ်ခါတလဲလဲ တွေးနေမိတယ်။ နောက်မှာ သူနဲ့အတူနေတဲ့ သူငယ်ချင်းကို ပြန်မေးခဲ့တော့ သူကတကယ်တမ်းပဲ ပြန်ထွက်သွားပြီး ဘယ်သွားမှန်းလည်း မသိဘဲ တစ်ညလုံး ပြန်မလာဘူးလို့ပြောတယ်။

ဒါဆို ဟေ့ယန်ရှန်း မလိမ်ဘူးပေါ့။ သူက ဟေ့ယန်ရှန်းကို သွားရှာခဲ့တယ်။ ဒါပေမဲ့ အဲဒီနောက် ဘာလုပ်ခဲ့မိမှန်းတော့ မမှတ်မိတော့ဘူး။

တကယ်တမ်းသူသာ ဟေ့ယန်ရှန်းကို နမ်းခဲ့မိရင်ရော? ရှီဖုန်းစိတ်ထဲမှာ အကြောင်းပြချက်မရှိဘဲ ပူပန်နေခဲ့တယ်။

ဒီလို အဆင်မပြေတဲ့ခံစားချက်တွေကြောင့် သူက သူ့ကိုယ်သူ ဟေ့ယန်ရှန်းကို ပိုလို့ အာရုံစိုက်မိနေမှန်းသတိထားမိသွားတယ်။
ချစ်တာ မချစ်တာ အပထား သူက ဟေ့ယန်ရှန်းအကြောင်းနေ့တိုင်းနီးပါး တွေးနေမိတယ်။ အကျိုးဆက်အနေနဲ့ အလုပ်မှာ အမှားကြီးကြီးတစ်ခု လုပ်မိတော့တယ်။

အဲဒီအမှားအတွက် သူ ရက်အနည်းငယ် ညဆိုင်းဆင်းခဲ့ရတယ်။

တစ်ရက်မှာ မိုးရွာနေတယ်။ သူက အချိန်ပိုဆင်းပြီးလို့ ကုမ္ပဏီကနေထွက်လာချိန်ထိ မရပ်ဘူး။ သူကုမ္ပဏိဂိတ်ကနေ ထွက်လာတဲ့အခါ ဂိတ်ကနေ သိပ်မဝေးတဲ့နေရာမှာ ဟေ့ယန်ရှန်းရဲ့ ကားရပ်ထားတာကို တွေ့လိုက်တယ်။ သူမသိလိုက်ပဲ ရှေ့ကို လှမ်းသွားကာ မိုးသည်းထဲ ပြေးမိတော့မလို့။ ဒါပေမဲ့ မကြာခင်မှာပဲ သူဘာလုပ်နေမိသလဲဆိုတာကို သတိထားမိသွားတာကြောင့် ခြေလှမ်းတွေကို ရပ်လိုက်တယ်။

ရှီဖုန်းက ထီးမယူလာဘူး။ အဲဒါကြောင့် သူတက္ကစီစီးလိုက်ဖို့ စီစဉ်ထားတာဖြစ်တယ်။
ဒါပေမဲ့ ခနစောင့်ကြည့်ပြီးနောက်မှာလည်း ဟေ့ယန်ရှန်းက အဲ့နေရာကနေ မရွေ့လာတာကို တွေ့ရတယ်။ ထူးထူးဆန်းဆန်း သူက အဲ့ဘက်ကိုပဲ ဆက်ကြည့်နေမိတယ်။

ခနနေတော့ ဟေ့ယန်ရှန်းက ကားတံခါးဖွင့်ပြီး ထွက်လာတာကို တွေ့လိုက်တယ်။

အပြင်မှာက မိုးတအားသည်းနေတယ်။ ဟေ့ယန်ရှန်းက ထီးမဖွင့်ဘူး။ သူအပြင်ရောက်တာနဲ့ တကိုယ်လုံးနီးပါးရွှဲစိုသွားတယ်။ ရှီဖုန်းက ဟေ့ယန်ရှန်းကို ကြည့်နေတယ်။ သူဘာဖြစ်ချင်နေမှန်းတော့ မသိဘူး။

ဟေ့ယန်ရှန်း ကားကနေထွက်လာပြီးတော့ ကားနောက်ဘက်ကနေ တွန်းတယ်။ သူ့ရဲ့တွန်းအားကြောင့် ကားက ရှေ့ကို နည်းနည်းရွှေ့လာတယ်။

ဟေ့ယန်ရှန်းကားက ပျက်နေတာဖြစ်ရမယ်ဆိုတာကို သဘောပေါက်သွားတယ်။
သူဘာလုပ်ချင်သလဲ စဉ်းစားမိတဲ့အခါ သူက မိုးရေတောထဲ ပြေးဆင်းသွားပြီးပြီ။ သူ ဟေ့ယန်ရှန်းဆီ ပြေးသွားလိုက်တယ်။ သူ လမ်းပေါ်သေချာတောင် ခြေမချမိဘူး။ ဆိုတော့ ချော်သွားတော့မလို့ထိ ဖြစ်တယ်။ ဟေ့ယန်ရှန်းကားနားရောက်တဲ့အခါမှ တစ်ဖက်လူကို အော်ပြောလိုက်တယ်။

" ခင်ဗျားအထဲဝင်ပြီးတော့ ကားစက်နှိုး။"

မိုးက အရမ်းသည်းနေတယ်။ သူ စကားပြောလိုက်တဲ့အခါ မိုးရေတစ်ချို့တောင် ပါးစပ်ထဲဝင်သွားတယ်။
ဟေ့ယန်ရှန်းက သူ့ကို အံ့သြသလို ကြည့်လာတယ်။ ရှီဖုန်း ဘာပြောလိုက်သလဲဆိုတာ သေချာမကြားလိုက်ရဘူး။
ရှီဖုန်းက မိုးရေကို ပြန်ထွေးထုတ်လိုက်ကာ ပြန်အော်ပြောတယ်။

" အထဲဝင်ပြီးတော့ စတီယာထိန်းလို့။ ကျွန်တော်နောက်ကနေ တွန်းပေးမယ်။"

ဟေ့ယန်ရှန်းက နည်းနည်း တုန့်ဆိုင်းနေပုံပေါ်တယ်။ သူတို့နှစ်ယောက်စလုံးက လုံးဝ စိုရွှဲနေပြီ။

ရှီဖုန်းက ပြန်အော်တယ်။ "သွား"

ဟေ့ယန်ရှန်းက တုန့်ဆိုင်းနေခြင်းကို ရပ်လိုက်ပြီး ရှီဖုန်းဘေးကနေ ဖြတ်ကာ ဒါရိုက်ဘာခုံဆီ ပြေးသွားတယ်။

~~~~~~~~~~~||~~~~~~~~~~~


You are reading the story above: TeenFic.Net