Chapter 22 ( part-1 )

Background color
Font
Font size
Line height

ဆုန်းယွီဆီက ကြားခဲ့ရတဲ့ စကားတွေက ရှီဖုန်းကို တစ်ညလုံး အိပ်မရဖြစ်စေခဲ့တယ်။ သူက ဟိုလှည့်ဒီလှန်နဲ့ တစ်ညလုံး အိပ်ယာပေါ် ရှိနေကာ သူ့မျက်နှာကတော့ ခမ်းနားတဲ့ မီးရှူးမီးပန်းပွဲကို ကြည့်နေသလို ထင်ရတယ်။ တလက်လက် မီးတောက်တွေက အလှမ်းဝေးဟန်လည်းပေါ်ပေမဲ့ လက်နဲ့ထိကိုင်လို့ ရတော့မလိုလည်း ဖြစ်နေတယ်။ ပြပွဲ ပြီးသွားတဲ့နောက်မှာ ရှီဖုန်းက နောက်တစ်ရက်ကျရင် ဘာလုပ်ရမလဲဆိုတာကိုလည်း အဖြေရတော့တယ်။ သူက အမှောင်ထဲ မျက်လုံးတွေကို မှိတ်ထားလိုက်ကာ ဖြည်းဖြည်းချင်း အိပ်ပျော်သွားတယ်။

သူပြန်ရောက်လာပြီး သုံးရက်နေ့မြောက် မနက်မှာ လုပ်ငန်းနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြချက် စည်းဝေးပွဲမှာ ပါခဲ့ရတယ်။ စည်းဝေးခန်းထဲက  ပထမဆုံးအတန်းမှာ ရုံးခွဲကိုယ်စားလှယ်အနေနဲ့ထိုင်ရပြီး ဟေ့ယန်ရှန်းရဲ့ ထိုင်ခုံက ဒုတိယတန်းမှာဖြစ်တယ်။ သူက မမျှော်လင့်ဘဲ ခေါင်းကို နောက်လှည့်ကြည့်မိတဲ့အခါ ဟေ့ယန်ရှန်းလာနေတာကို တွေ့လိုက်ရတယ်။

ဟေ့ယန်ရှန်းလည်း သူ့အကြည့်ကို သတိထားမိလိုက်ကာ သူ့ကို ခေါင်းညိတ်ပြလာတယ်။ ရှီဖုန်းက ချက်ချင်းပဲ အားတက်သွားမှုကို ခံစားလိုက်ရတယ်။ သူလည်းပဲ လက်မှာတော့ အစီရင်ခံမဲ့ စာရွက်စာတမ်းတွေကို ကိုင်ထားလျက် ဝမ်းသားပီတိဖြစ်တဲ့ စိတ်ခွန်အားနဲ့အတူ ခေါင်းညိတ်လိုက်တယ်။

ရှီဖုန်းက အစီရင်ခံဖို့ ရှေ့ကို ထွက်သွားတဲ့အခါ သူ့အကြည့်တွေက တည်ကြည်လေးနက်နေလျက်ရှိတယ်။ ပထမတော့ သူက စိတ်လှုပ်ရှားနေပေမဲ့ နောက်တော့ ပိုပိုပြီး တည်ငြိမ်လာတယ်။ သူက အခုသူဘယ်လိုဖြစ်နေပြီလဲဆိုတဲ့ အခြေအနေကို ဟေ့ယန်ရှန်းကိုလည်း မြင်စေချင်တယ်။

ရီပို့ အစည်းဝေးပြီးသွားတာနဲ့ ချက်ချင်းပဲ ရှီဖုန်းက ဟေ့ယန်ရှန်းကို လိုက်ရှာပေမဲ့ ဟေ့ယန်ရှန်းက ထရပ်ပြီး စည်းဝေးခန်းကနေ ထွက်သွားတာကို တွေ့လိုက်ရတယ်။

သို့ပေမဲ့ သိပ်မကြာခင်မှာပဲ ရှီဖုန်းက ဟေ့ယန်ရှန်းဆီကနေ ညနေကျ ညစာအတူသွားစားဖို့ ဖိတ်တဲ့ ဝီချက်စာကို လက်ခံရရှိတယ်။

ရှီဖုန်းက သူ့ရဲ့ စိတ် ဝမ်းသာ လှုပ်ရှား မှု အလုံးစုံကို ‘ဟုတ်ကဲ့’ တစ်လုံးတည်းအနေနဲ့ ပြောင်းလဲချုံ့လိုက်တယ်။

သို့ပေမဲ့ ကံမကောင်းစွာနဲ့ ညနေစာက အဲဒီညနေမှာ မဖြစ်နိုင်ခဲ့။

အဲဒီနေ့လည်မှာ ရှီဖုန်းနဲ့ အတူလာတဲ့ ခေါင်းဆောင်က ညကျရင် သူနဲ့ ညစာအတူစားဖို့ ဖိတ်လာတယ်။ ပြီးတော့ ညစာလိုက်ကျွေးမဲ့သူက ဌာနချုပ်က ရှီဖုန်းရဲ့ အရင်က လက်ထောက်မန်နေဂျာဖြစ်တယ်။

ဒီလိုညစာမျိုးကနေတော့ သူဆင်ခြေပေးထွက်လာဖို့က မဖြစ်နိုင်တော့။ အဲဒါကြောင့် သူ့မှာ ရွေးချယ်စရာမရှိတော့ပဲ ဟေ့ယန်ရှန်းဆီ စာပို့ကာ အခြေအနေကို ရှင်းပြပြီး နောက်တစ်ရက်ကို ပြောင်းလို့ ရမလား မေးလိုက်ရတယ်။

ဟေ့ယန်ရှန်းက နောက်ရက်ကျမှ ပြန်ပြောကြရအောင်လို့ပဲ တုန့်ပြန်လာတယ်။

ရှီဖုန်းက ချက်ချင်းပဲ စိတ်ဓာတ်ကျသွားတယ်။ နောက်တစ်ရက်က မကုန်ဆုံးနိုင်တဲ့ နေ့ရက်တွေအဖြစ် ပြောင်းလဲသွားမှာကို စိုးရိမ်နေမိတယ်။

ထိုအတွက်ကြောင့် ရှီဖုန်းအနေနဲ့ လက်ထောက်မန်နေဂျာက ဟေ့ယန်ရှန်းကိုလည်း ထိုနေ့ညစာကို ဖိတ်ထားလိမ့်မယ်လို့ လုံးဝမမျှော်လင့်ထားခဲ့။

သီးသန့်ခန်းထဲမှာ ဟေ့ယန်ရှန်းကို သူတွေ့တွေ့လိုက်ရချင်း သူ့စိတ်လှုပ်ရှားမှုကိုတောင် မထိန်းချုပ်နိုင်ဖြစ်သွားတယ်။ သူထိုင်ချလိုက်ပြီးမှ ပြသနာတစ်ခုကို တွေးလိုက်မိတယ်။ လက်ထောက်မန်နေဂျာက ဟေ့ယန်ရှန်းကို နေရာတိုင်းကို ခေါ်သွားနေသလိုပဲ။ အဲဒီအတွေးက သူ့ကို ချက်ချင်း မသက်မသာဖြစ်လာစေတယ်။

သူက ဟေ့ယန်ရှန်းကို သဘောကျတယ်။ သူ့အနေနဲ့ ဟေ့ယန်ရှန်းက သဲလဲစင်ပြည့်စုံတဲ့ ရတနာလို့ ခံစားရတယ်။ လူတိုင်းက ဟေ့ယန်ရှန်းကို သဘောကျကြသလိုပဲ။ အင်းပေါ့ လူတိုင်း ကြိုက်သင့်ပါတယ်လေ။

ဟေ့ယန်ရှန်းကတော့ ရှီဖုန်းအခန်းထဲ ခြေလှမ်းအနည်းငယ် ဝင်လာပြီးမှ ရှီဖုန်းကို သတိထားမိတယ်။ သူက တခြားသူတွေနဲ့အတူ မတ်တပ်ထရပ်လိုက်ပြီး အပြုံးနဲ့အတူ အချင်းချင်း နှုတ်ဆက်ကြတယ်။

ထိုနေ့ညစာက အချင်းချင်း အရက်ငှဲ့ပေးကြပြီး သောက်ကြတဲ့အစီအစဉ်ပဲဖြစ်တယ်။

ထိုစားပွဲဝိုင်းမှာဆိုရင် ရှီဖုန်းက အငယ်ဆုံးဖြစ်နေတယ်။ အဲဒါကြောင့် သူကအများဆုံးသောက်ရတာသာမက လူကြီးတွေရဲ့ ခွက်တွေကိုလည်း လိုက်ဂရုစိုက်ပေးရပြီး သူတို့ကိုလည်း စကားပြောဖျော်ဖြေပေးရသေးတယ်။ တစ်ယောက်ယောက်က ရေနွေးကြမ်းကုန်သွားရင် သူက ချက်ချင်းပြန်ထည့်ပေးတယ်။ တစ်ယောက်ယောက်က ဝိတ်တာခေါ်ဖို့ လုပ်နေတာကိုတွေ့ရင် သူက ထရပ်ပြီးတော့ ဝိတ်တာသွားခေါ်ပေးတာမျိုးတွေလုပ်ရတယ်။

အကယ်၍ ရှီဖုန်းအမေသာ ထိုစားပွဲဝိုင်းမှာ အတူရှိပါက သူမရင်ကျိုးရလောက်တယ်။

သို့ပေမဲ့ အခုအချိန်မှာ ဘယ်သူမှ ရင်မကျိုးတာသာမက လူတိုင်းက သူ့ကို သိတတ်ပြီး ယဉ်ကျေးမှုရှိတဲ့သူလို့ အသိအမှတ်ပြုကြတယ်။ ဒီလိုအပြုအမူမျိုးက အလုပ်ခွင်မှာဆို အတော်လေး အသုံးဝင်ပြီး ချီးကြူးလည်း ခံရလေ့ရှိတယ်။ သူ့ရဲ့ အရင်က လက်ထောက်မန်နေဂျာဆိုရင် သူ့လက်မောင်းပေါ် အားရပါးရပုတ်ပေးရင်း သူက အရမ်းပြောင်းလဲသွားပြီဖြစ်ကြောင်း တောက်ပတဲ့အနာဂါတ် ရှိနိုင်ကြောင်း ပြောတယ်။

ဟေ့ယန်ရှန်းကတော့ သူ့ကို ရန်ဖန်ရန်ခါပဲ ကြည့်ပေမဲ့ ရှီဖုန်းခွက်ထဲ ရေနွေးကြမ်းကုန်သွားရင်တော့ တိတ်တဆိတ် ပြန်ဖြည့်ပေးတယ်။

စားသောက်ပြီးကြတဲ့နောက်မှာ သူတို့က လက်ထောက်မန်နေဂျာရဲ့ အကျင့်နဲ့ ဝါသနာအရ သီချင်းသွားဆိုဖို့ လုပ်ကြပြန်တယ်။

KTV အခန်းထဲက အမှောင်ကျကျ ထောင့်မှာ ထိုင်လိုက်ရတဲ့အခါမှ ရှီဖုန်းက သက်ပျင်းချနိုင်တော့တယ်။ လူတိုင်းရဲ့ အာရုံက သူ့ပေါ်မကျရောက်နေတဲ့အခါ သူက ဟေ့ယန်ရှန်းကို ခနတဖြုတ် ခိုးကြည့်မိတယ်။

သူကအများကြီးသောက်ပြီးသွားပေမဲ့ မူးတော့မမူးရဲချေ။ သူက ဒီလိုအခြေအနေမှာ ဘယ်လိုလုပ် မူးရဲရမလဲလေ။ သူက မိုက်ခရိုဖုန်း မဆွဲယူဘဲ ဆိုဖာပေါ် တစ်ဝက်တစ်ပျက်မှီထားရင်း နားထောင်သူပဲလုပ်တယ်။

နောက်တော့ ဟေ့ယန်ရှန်းက သူ့အိတ်ထောင်ထဲက ဖုန်းကိုထုတ်ပြီး ဖုန်းဖြေဖို့ အပြင်ထွက်သွားတာကို ရှီဖုန်းတွေ့လိုက်ရတယ်။

သူက ချက်ချင်းဆိုသလို မတ်မတ်ပြန်ထိုင်မိကာ ဆင်ခြေရှာပြီး အပြင်ထွက်ရင်ကောင်းမလား တုန့်ဆိုင်းနေတယ်။ သို့ပေမဲ့ သန့်စင်ခန်းကလည်း သူတို့ သီးသန့်ခန်းတွင်းမှာပဲ ရှိတဲ့အခါ သူဆင်ခြေမရှာတတ်တော့။

နောက်နှစ်မိနစ်ခန့်ကြာတဲ့အခါ ဟေ့ယန်ရှန်းက လက်မှာဖုန်းကိုင်ထားပြီး အခန်းထဲပြန်ဝင်လာတာကို တွေ့ရတယ်။ သူ့ရဲ့ မျက်ခုံးတွေကတော့ အနည်းငယ်တွန့်ချိုးနေလျက်ရှိတယ်။

ဟေ့ယန်ရှန်းခနက ဖုန်းဖြေဖို့ ထွက်သွားကတည်းက မျက်ခုံးတွန့်ချိုးနေခဲ့တာဖြစ်တယ်။ ဟေ့ယန်ရှန်းစိတ်ထဲမှာ တစ်ခုခုကို တွေးနေပုံပေါ်တယ်။ သူက တစ်မိနစ်လောက် ဂနာမငြိမ်ထိုင်လိုက်ပြီးနောက် ရုတ်တရက်ပဲ တစ်စုံတစ်ခုကို တွေးမိသွားသလိုမျိုး ချက်ချင်းထရပ်ပြီး အခန်းထဲက ထွက်သွားပြန်တယ်။

ဟေ့ယန်ရှန်းဘယ်ကို သွားဖို့လုပ်နေသလဲ ရှီဖုန်းမသိပေ။ ဟေ့ယန်ရှန်းက ဘယ်သူ့ကိုမှ နှုတ်မဆက်သွားတာကြောင့် နှုတ်မဆက်ထားဘဲ အရင်ပြန်နှင့်သွားဖို့က မဖြစ်နိုင်။ ရှီဖုန်းက ထိုကဲ့သို့တွေးပြီးနောက် ဆက်ထိုင်မနေနိုင်တော့ဘဲ ဆိုဖာပေါ်မှ ထကာ အခန်းထဲက လိုက်ထွက်လာခဲ့တယ်။

သူက ခြေလှမ်းတွေယိုင်နဲ့နဲ့ဖြစ်လျက် သီးသန့်ခန်းထဲက ထွက်လာတုန်း တံခါးဘောင်ပေါ်တောင် ဝင်တိုက်သွားလိုက်သေးတယ်။

နာကျင်မှုကြောင့် သူ့မျက်ခုံးတွေက အနည်းငယ် တွန့်ချိုးသွားတယ်။

သီးသန့်ခန်းအပြင်ဘက် ရောက်လာမှ ဟေ့ယန်ရှန်းက ဝေးဝေးသွားတာမဟုတ်ဘဲ ကော်ရီဒါမှာပဲ နံရံကိုမှီကာ သူ့ကို အံ့သြသလို ကြည့်နေတာကို တွေ့လိုက်ရတယ်။

“ မင်းက ဘာလို့ ထွက်လာတာလဲ?” ဟေ့ယန်ရှန်းကမေးတယ်။

ဒီမေးခွန်းက ရှီဖုန်းလည်း တစ်ဖက်လူကို မေးချင်နေတဲ့ မေးခွန်းဖြစ်တယ်။ သူက ဘာမှ မဖြေရသေးခင် ကော်ရီဒါစွန်းကနေ လူတစ်ယောက် လမ်းလျှောက်လာသံကို ကြားလိုက်ရတာကြောင့် သူလှည့်ပြီး ကြည့်မိတယ်။

ရှီဖုန်းက အစင်းရာပါတဲ့ တီရှပ်ဝတ်ထားပြီး ဆံပင်အဝါရောင် ဆိုးထားတဲ့ လူငယ်လေးတစ်ယောက်က သူ့တို့ကို အကြည့်စူးစူးနဲ့ ကြည့်ပြီး ထွက်လာတာကို တွေ့လိုက်ရတယ်။
ဟေ့ယန်ရှန်းက ရှီဖုန်းလက်ကို ဆွဲယူလိုက်ပြီး ရှေ့ကို ခေါ်သွားလိုက်တယ်။

“ သူ့ကို ဂရုစိုက်မနေနဲ့။”

ရှီဖုန်းလည်းပဲ ဟေ့ယန်ရှန်းခေါ်ရာနောက် ခုခံခြင်းမပြုဘဲ လိုက်လာခဲ့တယ်။ သူက ဘာဖြစ်နေသလဲ ခန့်မှန်းနိုင်တာကြောင့် မေးလိုက်တယ်။

“ သူက ချန်းလေ့ ရည်းစားမဟုတ်ဘူးလား?”

ဟေ့ယန်ရှန်းမျက်နှာက အံ့သြသွားဟန် ဖြစ်လာတယ်။

သူတို့နှစ်ယောက်က သီးသန့်ခန်းနဲ့ နည်းနည်းလှမ်းလှမ်းကို ရောက်သွားတဲ့အခါမှ ခနက ကောင်လေးက လိုက်အော်လာတယ်။

“ ဟေ့ယန်ရှန်း ”

ပြီးနောက် သူတို့ဆီ လိုက်လာတယ်။ သို့ပေမဲ့ ထိုလူငယ်လေးက ဟေ့ယန်ရှန်းပုခုံးပေါ်ဆုပ်ကိုင်ကာ ဆွဲရပ်စေဖို့ လုပ်ခါနီးမှာပဲ ရှီဖုန်းက ရုတ်တရက် သွားနေတာကို ရပ်လိုက်ကာ နောက်လှည့်လာပြီး ထိုကောင်လေးရဲ့ အင်္ကျီကို ဆုပ်ကိုင်ကာ နံရံပေါ် ဖိကပ်ထားလိုက်တယ်။

ရှီဖုန်းက အရပ်ရှည်တာသာမက အခုအချိန်မှာ အရက်မူးနေပုံပေါ်ပြီး ဒေါသထွက်နေဟန်လည်း ရှိတယ်။ လွမ်းမိုးနိုင်မှု အပြည့်နဲ့။ ထိုကောင်လေးက ကြောက်ရွံ့သွားတယ်။ ဟေ့ယန်ရှန်းကလည်း ထိတ်လန့်သွားတယ်။ ဟေ့ယန်ရှန်းက ရှိဖုန်းလက်မောင်းကို ဆုပ်ကိုင်လာကာ

“ စိတ်လိုက်မာန်ပါ မလုပ်နဲ့။”

ရှီဖုန်းကတော့ တစ်လုံးချင်း တစ်လုံးပြောလိုက်တယ်။

“ မင်း သူ့ ကို ထပ်ပြီး နှောင့်ယှက်ရဲရင်.. ငါ. မင်းကို.. လွတ်ပေးမှာ မဟုတ်ဘူး ”

ဟေ့ယန်ရှန်းမှာ အနည်းငယ် ဆွံ့အသွားရလေတယ်။

ကောင်ငယ်လေးကလည်း အချိန်တစ်ခုထိ ကြက်သေသေသွားရာမှ ပြန်တုန့်ပြန်လာနိုင်တယ်။

“ မင်းက သူနဲ့ ဘာဆိုင်လို့လဲ?”

“ ငါတို့ဘာဖြစ်ဖြစ် မင်းနဲ့ မင်းလူနဲ့လည်း ဘာမှမဆိုင်ဘူး။”

ကောင်ငယ်လေးက အံ့သြသွားပြီး တစ်ခုခုကို မသင်္ကာဟန်နဲ့ ဟေ့ယန်ရှန်းနဲ့ ရှီဖုန်းကို တစ်လှည့်စီ ကြည့်လာတယ်။

ဟေ့ယန်ရှန်းအရင် စိတ်တည်ငြိမ်သွားကာ ရှီဖုန်းလက်ကို ဆွဲယူပြီး ပြောလိုက်တယ်။

“ သူက လွတ်တော့။”

ရှီဖုန်းကတော့ ဟေ့ယန်ရှန်းစကားကို မကြားသကဲ့သို့ တစ်ဖက်က ကောင်လေးကို စိုက်ကြည့်နေတယ်။

ဟေ့ယန်ရှန်းက အသံကိုမြင့်လိုက်ကာ

“ ရှီဖုန်း သူ့ကို လွတ်တော့လို့။”

ထိုအခါကျမှ ရှီဖုန်းက ဟေ့ယန်ရှန်းကို ကြည့်လာကာ နာနာခံခံနှင့် ခေါင်းညိတ်ပြီး လက်ကို လွတ်ချလိုက်တယ်။

ကောင်လေးက သူ့လက်နဲ့ အခုလေးတင်ရှီဖုန်းရဲ့ဖိအားကြောင့် နာကျင်သွားရတဲ့ ရင်ဘတ်ပေါ် ဖိထားတယ်။ သူက နောက်ဘက် ခြေလှမ်းနှစ်လှမ်းစာလောက် ဆုတ်သွားပြီးမှ ဟေ့ယန်ရှန်းကို ပြောတယ်။

“ မင်းဆီမှာ ယောကျ်ားတစ်ယောက်ရှိနေတာတောင် ချန်းလေ့ကို နှောင့်ယှက်သေးတယ်ပေါ့။”

ဟေ့ယန်ရှန်းက မတုန့်ပြန်ရသေးခင် ရှီဖုန်းက ဦးစွာပြောလိုက်တယ်။

“ ဘယ်သူက ဘယ်သူ့ကို နှောင့်ယှက်နေလို့လဲ? မင်းကိစ္စမင်းလုပ်။ တခြားသူတွေကို နှောင့်ယှက်နေတာပဲ ရပ်လိုက်။ ”

အဲဒီကောင်လေးက ရှီဖုန်းကို ကြောက်နေသေးဟန်ပေါ်တယ်။ သူကဟေ့ယန်ရှန်းကို တစ်ချက် လှည့်ကြည့်ပြီးနောက် ဘာမှ မပြောဘဲ ထွက်သွားတော့တယ်။

ကော်ရီဒါမှာ သူတို့နှစ်ဦးပဲ ကျန်ထားခဲ့တယ်။ အခုနလေးတင်က ဆူညံတဲ့ ရန်ဖြစ်သံက ဘေးကအခန်းတွေကလာတဲ့ သီချင်းသံစူးစူးတွေနဲ့ တဖန် ဖုံးလွှမ်းသွားပြန်တယ်။ ဟေ့ယန်ရှန်းက ရှီဖုန်းကို ကြည့်လိုက်တယ်။ ရှီဖုန်းက အငြိမ်မရပ်နိုင်တော့ဘဲ နံရံကို မှီနေတယ်။

ဟေ့ယန်ရှန်းရဲ့ လည်ချောင်းက အနည်းငယ် နာကျင်‌ လျက်ရှိတယ်။ သူ့လက်နဲ့ လည်တိုင်နောက်ဘက်ကို တစ်ချက်ဖိလိုက်ကာ အသံနိမ့်နိမ့်နဲ့ ချောင်းတစ်ချက်ဆိုးလိုက်ပြီး ပြောတယ်။

“ သူက နားလည်မှုလွဲနေတာ၊ ကိုယ်နဲ့တွေ့တိုင်း ရန်ရှာနေကျပဲ။”

“ ကျွန်တော်သိတယ်။ တကယ်တမ်း ခင်ဗျားဆီမှာ ရည်းစားမရှိဘူး။”

ဟေ့ယန်ရှန်းက ချက်ချင်းပဲ ခေါင်းမော့ကာ သူ့ကို ကြည့်လာတယ်။

ရှီဖုန်းက ပြုံးတယ်။ သူ့မျက်ခုံးတွေက ပြေလျော့နေပြီး

“ ကျွန်တော်သိတယ်။”

ဟေ့ယန်ရှန်းက ချက်ချင်းဆိုသလိုပဲ ထိတ်ထိတ်ပျာပျာဖြစ်သွားတယ်။ လူနှစ်ယောက်ကြားက ဆက်ဆံရေးမှာ တစ်ဖက်လူက အရမ်းသက်သောင့်သက်သာသလို ပြုမူတဲ့အခါ ကျန်လူက မလွဲမသေ စိုးရိမ်ကြောင့်ကြလာရတယ်။ သူက ရှီဖုန်းနဲ့ မျက်နှာချင်းဆိုင်ရတဲ့အခါတိုင်း ဦးစွာလှုပ်ရှားတာကို အချိန်အကြာကြီး ချုပ်ကိုင်ထားခဲ့တယ်။ သို့ပေမဲ့ အခုတော့ ရှီဖုန်းက စတင်လှုပ်ရှားခြင်းကိုပြုမူလာတဲ့အခါ သူတို့ ဆက်ဆံရေးနဲ့ပတ်သက်ပြီး သူမသေမချာ စဖြစ်လာတော့တယ်။

ဟေ့ယန်ရှန်းက နောက်ကိုလှည့်ကာ သူတို့သီးသန့်ခန်းဘက်ဆီ ပြန်လျှောက်သွားလိုက်တယ်။

တကယ်တမ်းတော့ သူက ရှီဖုန်းကို တည်တည်ငြိမ်ငြိမ်နဲ့ပဲ ‘ ဟုတ်တယ်လေ၊ ကိုယ်မင်းကို လိမ်ခဲ့တယ်။ ကိုယ်က တစ်ကိုယ်တည်းပဲ၊ ဘာဖြစ်လဲ? မင်းလိုလူနဲ့ အတူနေရမဲ့အစား တစ်သက်လုံး တစ်ယောက်တည်းပဲ နေလိုက်တော့မယ်’ လို့ပြောနိုင်ခဲ့တယ်။ အဲဒါက ရှီဖုန်း ခံစားချက်ကို ထိခိုက်စေလိမ့်မယ်။ ဒါပေမဲ့ ဘာအရေးလဲ။

သူ့အပေါ်ထားရှိတဲ့ တစ်ဖက်လူရဲ့ ခံစားချက်ကို အသုံးချပြီး ပြန်တိုက်ခိုက်ဖို့ မပြောနဲ့ သူ ဒီတိုင်းလည်း ရှီဖုန်းကို မနာကျင်စေချင်မိ။
 
အခုလက်ရှိ ရှီဖုန်းနဲ့ အတိတ်က ရှီဖုန်းကိုသာ လူနှစ်ယောက်အဖြစ် ခွဲခြားထားနိုင်ရင် အခုရှီဖုန်းက ဟေ့ယန်ရှန်းသဘောကျလောက်တဲ့ ပုံစံမျိုးဖြစ်တယ်။ သူ့မှာ အတိတ်မှာတုန်းက ရှီဖုန်းနဲ့ အကြိမ်ကြိမ် ပတ်သက်ခဲ့မိတယ်။ အဲဒါကလည်း ရှီဖုန်းက ရင့်ကျက်ပြီး နူးညံ့ကာ သူ့အပေါ် ကောင်းပေးခဲ့လို့ဖြစ်တယ်။ သို့ပေမဲ့ အဲဒီတုန်းက ရှီဖုန်းက သူ့အပြုအမူတွေကို မထိန်းချုပ်တတ်တာကြောင့် အတိတ်က ဒဏ်ရာတွေက ဟေ့ယန်ရှန်းစိတ်ထဲ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ခဲ့ရတယ်။ အဲဒါကြောင့် အခုအချိန်မှာ တစ်ဖက်သူ ကမ်းပေးလာတဲ့ ကြင်နာမှုတွေကို သူမျက်စိစုံမှိတ်ပြီး ချက်ချင်းလက်ခံနိုင်ဖို့က သူ့အတွက် ခက်ခဲတယ်။

ဟေ့ယန်ရှန်းက အခန်းထဲ ပြန်ဝင်လာပြီးနောက်မှာ ထောင့်မှာပဲ စကားတစ်ခွန်းမှ ဝင်မပြောလာတော့ဘဲ ပါတီပြီးတဲ့ထိ တိတ်တဆိတ် ထိုင်နေခဲ့တယ်။

အဲဒီညက အဖြစ်အပျက်ရှိခဲ့ပေမဲ့ နောက်နှစ်ရက်ကြာတဲ့အခါ ဟေ့ယန်ရှန်းက ရှီဖုန်းကို သူ့အိမ်ဆီ ထမင်းစားဖိတ်ခဲ့တယ်။

အဲဒီနေ့မှာ ရှီဖုန်းအမူးပြေသွားတဲ့အချိန် သူဟေ့ယန်ရှန်းကို ပြောခဲ့တာတွေကို ရှင်းရှင်းလင်းလင်းမှတ်မိနေခဲ့ပေမဲ့ ဟေ့ယန်ရှန်းဘယ်လို တုန့်ပြန်မှုလုပ်ခဲ့သလိုဆိုတာကိုတော့ သူမမှတ်မိတော့။

ဒီအဆင့်ထိ ပြောထားပြီးမှတော့ ရှီဖုန်းက သူ့ကိုယ်ကို စိတ်တွန်းအားပြန်ပေးတယ်။ သူ့အနေနဲ့ အခုတစ်ခေါက်က သူ့အတွက် နောက်ဆုံးအခွင့်အရေးဖြစ်မယ်လို့ ခံစားရတယ်။ သူက ဘာမှ မပြောသေးဘူးဆိုရင် ဟေ့ယန်ရှန်းလည်း တုန့်ပြန်မှာ မဟုတ်သလို နောက်နှစ်ရက်အတွင်းမှာ သူက ချုံဖုန်းဆီ ပြန်သွားရပြန်တော့မယ်။

ဟေ့ယန်ရှန်းအမေ ချက်ပေးတဲ့ ဝက်စတူးဟင်းစားဖို့ ပြောထားကြတာကြောင့် ဒီတစ်ခေါက် ညစာကိုတော့ ဟေ့ယန်ရှန်းအိမ်မှာ စားကြမှာဖြစ်တယ်။ ဟေ့ယန်ရှန်းက ပထမတော့ တခြားသူငယ်ချင်းတွေကိုလည်း ဖိတ်ချင်ခဲ့ပေမဲ့ အခုသူနဲ့ ရှီဖုန်းကြားက ဆက်ဆံရေးက တစ်မျိုးတမည်ဖြစ်နေတာကြောင့် မဖိတ်ဖြစ်တော့။ တခြားသူတွေအတွက်လည်း အဆင်မပြေခံစားနေရလိမ့်မယ်။ သူတို့နှစ်ဦးတည်းကပဲ ပိုကောင်းလိမ့်မယ်လို့ တွေးလိုက်တယ်။

ညနေပိုင်း ရှီဖုန်းက အလုပ်ကိစ္စအားလုံးပြီးသွားတဲ့အခါ မောလ်တစ်ခုဆီ သွားပြီး ညကျ ဟေ့ယန်ရှန်းအိမ်သွားတဲ့အခါ လက်ဆောင်ပေးဖို့ ဝိုင်နီတစ်ပုလင်းသွားဝယ်ခဲ့တယ်။

ဟေ့ယန်ရှန်းက ညနေမှာလည်း အလုပ်လုပ်ရတာကြောင့် ညစာ ကြိုတင်ပြင်ဆင်နိုင်ခြင်း မရှိခဲ့။ သူက နေ့လည်မှာ အနီးက တရုတ်စားသောက်ဆိုင်တစ်ခုဆီ ဖုန်းဆက်ပြီး ဟင်းနှစ်မယ် မှာလိုက်တယ်။ အိမ်ပြန်လမ်းမှာ စူပါမားကက်ဝင်ပြီး လိုအပ်တဲ့ ပါဝင်ပစ္စည်းတချို့ ဝင်ဝယ်တယ်။ သူက အိမ်ပြန်ရောက်တဲ့အခါ ဟင်းနှစ်မျိုးလောက် သူကိုယ်တိုင်ချက်ဖို့ စီစဉ်ထားတယ်။

ဒီတစ်ခေါက်က ရှီဖုန်း ဟေ့ယန်ရှန်းအိမ်ရောက်ဖူးတာ ပထမဆုံးအကြိမ်မဟုတ်တော့။ ပြီးတော့ သူ့မှာ ကောင်းမွန်တဲ့ အမှတ်တရတောင် ရှိသေးတယ်။ အင်းပေါ့ အခုချိန်မှာ အဲဒီတုန်းက ရမ္မက်ကြွဖွယ်အမှတ်တရကို ပြန်တွေးကြည့်မိရင် ခါးသီးဖို့ကောင်းတဲ့ အရှက်ရမှုကို ပြန်ခံစားနေရတယ်။

သူက ဧည့်ခန်းထဲ တခနထိုင်နေပြီးမှ မီးဖိုချောင်ဘက် လျှောက်လာကာ ဟေ့ယန်ရှန်းကို ပြောတယ်။

“ ကျွန်တော် ကူပေးနိုင်တာ မရှိဘူးလား?”

ဟေ့ယန်ရှန်းက အသီးအရွက်လှီးနေတာဖြစ်တယ်။ အိုးထဲမှာ ရေက ဆူနေပြီဖြစ်တာကြောင့် ဟေ့ယန်ရှန်းက ဓားကို ချလိုက်ကာ မီးဖို သွားပိတ်တယ်။ လုပ်နေရင်းနဲ့ပဲ ရှိဖုန်းကို ပြန်ဖြေတယ်။

“ မလိုဘူး။ တီဗွီ ခနသွားကြည့်နေအုံး။”

သို့ပေမဲ့ ရှီဖုန်းက ဝင်လာပြီး ဓားကို ကိုင်ကာ အရွက်လှီးတာကို လုပ်ပေးတယ်။

ဟေ့ယန်ရှန်းက ခေါင်းကို လှည့်လာပြီး ရှီဖုန်းတစ်ယောက် ကျွမ်းကျွမ်းကျင်ကျင်ဖြင့် အရွက်လှီးနေတာကို ကြည့်ကာ “ လွန်ခဲ့တဲ့ ခြောက်လလုံး မင်းကိုယ်တိုင် ချက်ပြုတ်ခဲ့ရတာလား?”

ရှီဖုန်းက အရွက်ပိုင်းနေရင်းနဲ့ ပြန်ဖြေတယ်။
“ အချိန်ရှိရင် ကျွန်တော့်ဖာသာ ချက်ပါတယ်။ ကျွန်တော် သေချာကျွမ်းကျင်သွားရင် ခင်ဗျားအတွက်လည်း ချက်ပေးနိုင်မယ်ထင်တယ်။”

ဟေ့ယန်ရှန်းက တိတ်ဆိတ်သွားကာ စကားမပြောလာတော့။

ရှီဖုန်းက ကူညီလိုက်တဲ့အခါ ပိုမြန်မြန်ဆန်ဆန် ပြီးသွားတယ်။ ခုနှစ်နာရီ မခွဲခင်မှာ သူတို့နှစ်ယောက်က ထမင်းစားပွဲပေါ်ထိုင်နေကြပြီး ဟင်းက စုစုပေါင်း ငါးမျိုးနဲ့ ဟင်းရည်တစ်ခွက်ဖြစ်တယ်။

ဟေ့ယန်ရှန်းက ရှီဖုန်း ဝယ်လာတဲ့ ဝိုင်နီကိုလည်း ဖောက်ကာ ခွက်ထဲထည့်တယ်။

ရှီဖုန်းက ပြောတယ်။

“ ဖုယောင်းတိုင်မီးလည်း ထွန်းထားမယ်ဆို အကောင်းဆုံးဖြစ်မှာ။”

ဟေ့ယန်ရှန်းက ရှီဖုန်းကို ကြည့်လာကာ
“ steak စားနေတာလည်း မဟုတ်ဘဲနဲ့”

ရှီဖုန်းက ဝိုင်ခွက်ကို ကောက်ယူလိုက်ပြီး ဟေ့ယန်ရှန်းခွက်နဲ့ တိုက်ကာ

“ ဧည့်ခံပေးလို့ ကျေးဇူးပါ။”

ဟေ့ယန်ရှန်းက ပြန်ပြောတယ်။
“ ကိုယ်ကပဲ မင်းကို ကျေးဇူးတင်ရမှာ အရင်က ဒုက္ခတွေများစေခဲ့လို့။”

ရှိဖုန်းက ပြုံးကာ ပြန်တုန့်ပြန်တယ်။

“ အဲ့အကြောင်း ထပ်မပြောတော့ဖို့ ပြောကြတယ်လေ။”

ဟေ့ယန်ရှန်းက ရှီဖုန်းကို ဟင်းထည့်ပေးပြီး

“ ကိုယ့်အမေရဲ့ အမဲသားနှပ်လည်း စားကြည့်လေ။”

ရှီဖုန်းက တစ်လုတ်စားလိုက်ပြီး ချီးကြူးတယ်။

“ အန်တီ့ရဲ့ ချက်ပြုတ်စွမ်းရည်က အံ့သြဖွယ်ပဲ။”

“ မင်းနောက်ကျရင် ကိုယ့်အမေဆီ ညစာသွားစားလို့ရတယ်လေ။”

“ ခင်ဗျားရော ကျွန်တော်နဲ့လိုက်မှာလား?”

ဟေ့ယန်ရှန်းရဲ့ တူနဲ့ ဟင်းကောက်ဖို့လုပ်နေတဲ့ လက်လှုပ်ရှားမှုက တခန တန့်သွားတယ်။

ရှီဖုန်းက ချက်ချင်းပဲ ပြန်မေးလာတယ်။
“ ခင်ဗျားရဲ့ အခြေအနေကို အန်တီသိထားလား?”

ဟေ့ယန်ရှန်းက ပြန်ဖြေတယ်။

“အင်း”

ရှီဖုန်းက အဲဒါကို ကြားတဲ့အခါ ပြုံးလိုက်ပြီး

“ အန်တီ ကျွန်တော့်ကို ကြည့်ရင် ထူးထူးဆန်းဆန်းနဲ့ စူးစမ်းသလို ကြည့်တတ်တာ မဆန်းပါဘူး။”

“ ကိုယ့်အမေကို ဂရုစိုက်မနေနဲ့။”

“ မဟုတ်ပါဘူး။ ကျွန်တော် အန်တီ့ကို ဘယ်လိုပြောရင် ကောင်းမလဲ စဉ်းစားနေတာ။”

ဟေ့ယန်ရှန်းအကြည့်တွေက အောက်စိုက်သွား၏။

ရှီဖုန်းက ဟေ့ယန်ရှန်းသဘောထားကို မသေချာသေးတာကြောင့် ဆက်မသွားရဲတော့။ သူသာ တစ်ဖက်လူကို စိတ်ဆိုးစေမိသွားရင် အညှာတာကင်းစွာ ကန်ထုတ်ခံရမှာကို စိုးရိမ်မိတယ်။ အဲဒါဆို သူ့မှာ လုံးဝ အခွင့်အရေးရှိတော့မှာ မဟုတ်။

ဘယ်သူမှ ထိုအကြောင်း ဆက်မပြောကြတော့ပဲ အာလာပတွေပဲ စားရင်းနဲ့ ပြောဖြစ်ကြတော့တယ်။

အစာစားပြီးသွားတဲ့အခါ ဟေ့ယန်ရှန်းက မီးဖိုချောင်ထဲ ပြန်ဝင်သွားပြီး ပန်းကန်ဆေးတယ်။ ရှီဖုန်းကတော့ ဝါရန်တာတံခါးဖွင့်ကာ အပြင်ထွက်ပြီး လေညှင်းခံနေခဲ့တယ်။ သူက ဝိုင်သောက်ထားတာကြောင့် ခေါင်းကနေ ခြေအဆုံး ပူကျစ်နေတယ်။

မီးဖိုချောင်ကနေ ခွမ်းခနဲ အသံထွက်လာတယ်။ ဟေ့ယန်ရှန်းက တစ်ခုခုကို လွတ်ချမိလိုက်ပုံရတယ်။

ရှီဖုန်းက ချက်ချင်းလှည့်ကာ မီးဖိုချောင်ထဲ သွားလိုက်တယ်။ ဟေ့ယန်ရှန်းက ဆောင့်ကြောင့်ထိုင်ပြီး ဖန်ကွဲစတွေကို ကောက်ဖို့ လုပ်နေတာကို တွေ့တဲ့အခါ သူက ရှေ့ကို လှမ်းလာပြီး ထိုင်ချကာ ဟေ့ယန်ရှန်းလက်တွေကို ဆုပ်ကိုင်လိုက်တယ်။

“ ခင်ဗျားရဲ့ လက်နဲ့ မကောက်နဲ့။”

ဟေ့ယန်ရှန်းရဲ့လက်တွေက ဆပ်ပြာမြှုပ်တွေကပ်နေတုန်းဖြစ်တာကြောင့် စေးကပ်ကပ်နဲ့ ပြောင်ချောနေတယ်။ ဟေ့ယန်ရှန်းက လက်ကို ဆွဲယူဖို့ လုပ်တယ်။

“ ငါ ဖန်စ အကြီးတွေကိုပဲ ကောက်လိုက်မယ်။ ပြီးမှ တံမြက်စီးနဲ့ သိမ်းလိုက်မယ်။”

ထိုသို့ဆိုသော်လည်း ရှိဖုန်းက ဟေ့ယန်ရှန်းလက်ကို မလွတ်ပေးချင်။ သူက စိတ်လှုပ်ရှားစွာနဲ့ ဟေ့ယန်ရှန်းက စိတ်ဆိုးပြီး ဆူပူလာဖို့ကို စောင့်မျှော်လိုက်တယ်။ ဟေ့ယန်ရှန်းသာ ရန်မလိုလာဘူးဆိုရင် သူက မျက်နှာဆက်ထူပြီးတော့ တစ်ဖက်လူလက်ကို လွတ်ပေးတော့မှာ မဟုတ်ချေ။

ဟေ့ယန်ရှန်းက ပြောလာတယ်။

“ ကိုယ့်လက်ကို အရင်လွတ်ပေးလေ။”

ရှိဖုန်းက တစ်ဖက်လူလက်ကို ပိုလို့ပင် တင်းတင်းဆုပ်ကိုင်လိုက်တယ်။ အခုတော့ သူ့လက်တွေလည်း ဆပ်ပြုမြှုပ်တွေ ထနေတော့ပြီ။ ဆပ်ပြာမြှုပ်တွေရဲ့ စေးကပ်မှုက သူတို့လက်တွေကို ပိုလို့ပင် ပူးကပ်သွားစေသလို သူခံစားနေရကာ လက်တွေက ချောနေပေမဲ့ သူတို့လက်တွေက ပိုတင်းတင်းကပ်လျက် ရှိနေလျက်သား။

ဟေ့ယန်ရှန်းလည်းပဲ မငြင်းဆိုလာ။

ရှီဖုန်းက သူ့လက်တွေနဲ့ ဟေ့ယန်ရှန်းအနောက်ဘက်ကနေလို့ ခါးပေါ် မှ ဝေ့ဖက်ကာ တစ်ဖက်လူလက်တွေကို ဆုပ်ကိုင်ထားပြီး ရေပိုက်ခေါင်းအောက် ဆေးကြောပေးတယ်။

သူ့ရင်ခွင်ထဲမှာ ဟေ့ယန်ရှန်းခန္ဓာကိုယ် တောင့်တင်းလာတာကို သူခံစားနေရတယ်။ သူထပ်ပြီး မထိန်းချုပ်နိုင်တော့။ သူ့ခေါင်းကို ငုံ့ချကာ တစ်ဖက်လူရဲ့ ပါးပေါ် အနမ်းခြွေလိုက်တယ်။

ချစ်သွေးကြွယ်ပြီး စိတ်ပြင်းပြသော လေထုက ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာတော့၏။

ဟေ့ယန်ရှန်းက ရှီဖုန်းကို အိမ်ကိုတောင် ဖိတ်ပြီးသွားပြီကြောင့်မို့ဖြစ်မည်။ ငြင်းဆိုလာမည့်ဟန် မပြု‌တော့။

သူတို့က မီးဖိုချောင်မှ ဧည့်ခန်းဆီ သွားလိုက်ကာ မီးဖိုချောင်ထဲက အပျက်အစီးကိုလည်း ဘယ်သူမှ ဂရုစိုက်မနေတော့‌ပေ။
ရှိဖုန်းတစ်ကိုယ်လုံးက အရက်ဓာတ်တွေဖုံးလွှမ်းနေပြီး အနည်းငယ် ထွေနေပေမဲ့ သူ့မှာ အတွေးလွန်နေဖို့ အချိန်မရှိ။ သူ့မှာ သူ့ရှေ့ကလူကို ထွေးပွေ့ထားလျက် ပွတ်သပ်နေကာ ကြားလပ်နေရာတစ်ခုမှ မချန်ထားစေရ။

နောက်ပိုင်းမှာတော့ ရှီဖုန်းက ဟေ့ယန်ရှန်းဘေးနား လဲလျောင်းကာ တစ်ဖက်လူရဲ့ နောက်ကျောပေါ် သူ့လက်ဖဝါးနဲ့ အထက်အောက် ပွတ်သပ်ပေးနေလျက် ပြောတယ်။

“ ယန်ရှန်း ကျွန်တော်နဲ့ အတူလာနေပါလား။”

သူတို့နှစ်ယောက် အတူအိပ်ပျော်သွားကြပြီးနောက် ရှီဖုန်းခေါင်းက ပိုကြည်လင်လာတယ်။ သူနဲ့ ဟေ့ယန်ရှန်းဆက်ဆံဖြစ်တာ အခုက ပထမဆုံးအကြိမ်မဟုတ်တော့။ နောက်ဆုံးတစ်ခေါက်က ဆက်ဆံမှုက ဘာအဓိပ္ပါယ်မှ မဟုတ်ခဲ့ပေမဲ့ ဒီတစ်ကြိမ်လည်းပဲ ဟေ့ယန်ရှန်းအတွက်တော့ ဘာအဓိပ္ပါယ်မျှ မဟုတ်ဟန်ပေါ်တယ်။

ရှီဖုန်းရဲ့ တောင်းဆိုမှုကို ဟေ့ယန်ရှန်းက ပြန်မဖြေ။

ရှီဖုန်းက ရုတ်တရက် ခါးသီးမှုကို ခံစားလိုက်ရကာ သူ့လက်ဖဝါးနဲ့ ဟေ့ယန်ရှန်းခါးပေါ် ဖိကပ်ထားလျက်

“ ဒါကလည်း ခင်ဗျားအတွက်တော့ ဘာမှ မဟုတ်ဘူးပေါ့?”

ဟေ့ယန်ရှန်းအသံက ကွဲအက်နေတယ်။
“ အိပ်တော့”

ရှီဖုန်းက ချက်ချင်းပဲ စိတ်ဆိုးချင်လာတယ်။ သူက ကစားခံနေရသလို ခံစားရတယ်။ ခြောက်လကြာပြီးနောက် သူတို့နှစ်ယောက် ပြန်တွေ့ကြတဲ့အခါ သူက စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုလည်း ပိုကောင်းလာပြီး သူ့ကိုယ်သူ စိတ်လိုက်မာန်ပါ မလုပ်ဖို့ အဓိပ္ပါယ်မရှိတာတွေ မပြောတော့ဖို့ အကြိမ်ကြိမ် သတိပေးခဲ့တယ်။ သို့ပေမဲ့ ဒီအချိန်မှာတော့ သူက ဘယ်လို မှဆက်မထိန်းချုပ်နိုင်တော့။
သူက အိပ်ယာပေါ်က လိမ့်ချကာ ကြမ်းပေါ် ဟိုနေရာ ဒီနေရာ ပစ်ချထားခဲ့တဲ့ သူ့အဝတ်အစားတွေကို ကောက်ဝတ်ရင်း

“ ကျွန်တော် ဒီကိုလာခဲ့တာ ခင်ဗျားနဲ့ sex လုပ်ဖို့ မဟုတ်ဘူး။ ကျွန်တော်က ကျွန်တော်တို့နှစ်ယောက် အတူရှိနိုင်ဖို့ မျှော်လင့်တာ။ တစ်ရက်နှစ်ရက်ပဲ မဟုတ်ဘူး နှစ်ဝက်စာဘဲမဟုတ်ဘူး။ တစ်သက်လုံး အတူရှိသွားနိုင်ဖို့ မျှော်လင့်တာ။ ကျွန်တော့်ကို အဖြေရှင်းရှင်းလင်းလင်းပေး။ ဒီလို မဆွဲထားနဲ့။ အဲဒါက တအားနာကျင်ရတယ်။”

ဟေ့ယန်ရှန်းက ထထိုင်ကာ သူ့ကို ကြည့်ပြီး ပြောလာတယ်။

“ ကိုယ် စဉ်းစားဖို့ လိုအပ်တယ်။”

ရှီဖုန်းက မာနကြောင့် ပြန်ထိန်းချုပ်လိုက်ကာ သူ့အင်္ကျီကို ဝတ်နေရင်းနဲ့ ဟေ့ယန်ရှန်းကို ပြောတယ်။

“ ကျွန်တော် ခင်ဗျား စဉ်းစားဖို့ အချိန်ပေးမယ်။ ကျွန်တော် မထွက်သွားခင်တော့ အဖြေပေးလို့ရမလား?”

ဟေ့ယန်ရှန်းက ပြန်ဖြေတယ်။ “ကိုယ်ကျိုးစားပါ့မယ်။”

ရှီဖုန်း ဟေ့ယန်ရှန်းအိမ်ကနေ ထွက်လာတဲ့အခါ သန်းခေါင်ချိန်တောင် ရောက်နေပြီဖြစ်တယ်။ သူက တက္ကစီခေါ်မဲ့အစား အစိမ်းပတ်လမ်းတစ်လျှောက် ဖြည်းဖြည်းပဲ လမ်းလျှောက်ပြီး ပြန်လာခဲ့လိုက်တယ်။ သူ့ရဲ့ မာနတွေလည်း အခုတော့ အငွေ့ပြန်သွားပြီဖြစ်တယ်။ သူတို့နှစ်ယောက်ကောင်းမွန်တဲ့ ပြန်လည်ဆုံစည်းပြီးချင်းမှာပဲ ဒီလို မပျော်မရွှင် ထွက်လာရတာကြောင့် သူအခုနောင်တရလာတယ်။ သူက ဟေ့ယန်ရှန်းဆီ ဝီချက်ကနေ စာပို့လိုက်တယ်။

“ ကျွန်တော်တောင်းပန်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ခင်ဗျားကို တကယ်ချစ်တာ။ ကျွန်တော့်ကို လက်ခံပေးပါလား?”

ဟေ့ယန်ရှန်းက စာမပြန်လာခဲ့။

နောက်နှစ်ရက် သုံးရက်ကြာတဲ့အထိ ဟေ့ယန်ရှန်းက မတုန့်ပြန်လာ။

သူ့အလုပ်ခရီးနောက်ဆုံးရက်မှာ လေယာဉ်ပေါ်တက်ပြီးနောက်  ရှီဖုန်းက ဟေ့ယန်ရှန်းကို ဖုန်းခေါ်လိုက်တယ်။ သို့ပေမဲ့ ဟေ့ယန်ရှန်းက ဖုန်းမကိုင်ခဲ့ချေ။

ရှီဖုန်းက သူ့လက်ကို မြှောက်ကာ မျက်နှာကို

You are reading the story above: TeenFic.Net