=38=

Background color
Font
Font size
Line height

Unicode

ထန်ယဲ့ ခေါင်းလှည့်ကာ ကင်မရာကိုကြည့်လိုက်ပြီး

"ငါ့ကို ဘယ်သူမှပြန်ပေးမဆွဲဘူး၊ ငါ ရှိုးမှာပါဖို့ ဘယ်သူမှလည်း အတင်းအကြပ်မလုပ်ထားဘူး။ စုချီယွဲ့က ဘယ်လိုလူမျိုးလဲဆိုတာကတော့ ငါက တခြားသူတွေထက် ပိုသိတယ်လို့ ထင်တာပဲ။ မင်းတို့က သူဘယ်လိုလူမျိုးလဲသိချင်ရင် ငါတို့ရှိုးကိုဆက်ကြည့်နေလို့ရတယ်၊ စုချီယွဲ့ကို ဆက်ပြီးအာရုံစိုက်ထားနိုင်တယ်"

[ဘုရားရေ ကောကောက ပြန်​တုံ့ပြန်လာတယ်ဟ၊ ငါတို့ကွန်မန့်ကို သူမြင်သွားပြီပဲ]

[ဝူး ဝူး ဝူး ကောကောက တကယ့်ကို ကမ္ဘာပေါ်မှာ အကောင်းဆုံးကောကောပဲ။ ငါတို့ရဲ့အချစ်က နှစ်လမ်းသွားပဲဟေ့!]

[စုရှောင်ကောကောအတွက် စကားပြောပေးတဲ့ မင်းသားကို ကျေးဇူးတင်ပါတယ်နော်၊ အခု စုရှောင်ကောကောက သနားစရာမကောင်းတော့ပါဘူး]

[မင်း နာမည်ကြီးလာရင် အတင်းအဖျင်းအများကြီးအပြောခံရမှာပဲ။ တချို့လူတွေက မမောမပန်း တစ်နေ့ ၂၄ နာရီ ကီးဘုတ်ထိုင်ရိုက်နိုင်ကြတာကိုး]

စုချီယွဲ့သည် ထန်ယဲ့၏ လေးနက်နေပုံကို ကြည့်ကာ သူ့နှလုံးသားလေး နွေးထွေးသွားရသည်။ ဒါ့ကြောင့် အလိုလိုက်ခံရတဲ့ ခံစားချက်က တကယ့်ကို စွဲလမ်းစရာကောင်းတယ်လို့ လူတွေပြောကြတာကိုး။

စုချီယွဲ့နှင့် ထန်ယဲ့လည်း အဝတ်အစားလဲကာ လမ်းလျှောက်ထွက်ခဲ့ကြသည်။ ပထမဆုံးနေ့လည်းဖြစ်သလို သူတို့ နောက်ကျမှလည်းရောက်သည်ဖြစ်ရာ ယခုအချိန်မှာ နောက်ကျနေပြီဖြစ်၍ အခြားနေရာသို့သွားရန်လည်း အချိန်မလောက်တော့ပေ။

သူတို့နှစ်ဦး ရပ်ကွက်ထဲက ထွက်လာပြီး သိပ်မကြာခင်မှာဘဲ စန်းယကမ်းခြေသို့ ရောက်လာခဲ့ကြသည်။ နေမဝင်ခင်အချိန်ထိ အုန်းပင်လမ်းတစ်လျှောက် အတူတူလမ်းလျှောက်ခဲ့ကြပြီးနောက် ညစာစားရန် ဒေသခံစားသောက်ဆိုင်ကို သွားခဲ့ကြသည်။

နောက်တစ်နေ့နံနက်စောစောတွင် စုချီယွဲ့နှင့် ထန်ယဲ့တို့က စောစောထပြီး ကားငှား၍ ဝူကျစ်ကျိုးကျွန်းသို့ ဦးတည်သွားခဲ့သည်။

စန်းယကိုရောက်သည့်အခါ လှပသော ပင်လယ်ကြီးနှင့် လှပသော ကောင်းကင်ရှုခင်းတို့ကို ခံစားကိုခံစားရမည်ပင်။

စုချီယွဲ့နှင့် ထန်ယဲ့တို့က ပရိုဂရမ်အဖွဲ့ထံသို့ တစ်ရက်ကြိုတင်သတင်းပို့ထားကြသောကြောင့် ပရိုဂရမ်အဖွဲ့က ထိုနေရာများကို ကြိုတင်စစ်ဆေးပေးခဲ့ပြီး လူနည်းသောနေရာကို ရွေးချယ်ပေးခဲ့သည်။

ထန်ယဲ့နှင့် စုချီယွဲ့ နှစ်ယောက်လုံး အနည်းငယ် စိတ်မကောင်းဖြစ်သွားရလျက်။ သူတို့အလိုရှိရာ သွားနိုင်သည်ဟု ဆိုထားသော်ငြား အမှန်တကယ်တွင်မူ ကန့်သတ်ချက်များစွာ ရှိနေပါသေးသည်။

သို့သော်လည်း နှစ်ယောက်သား ကမ်းခြေမှာ လှဲကာ လှပသောရှုခင်းများကို ကြည့်နေရင်း စိတ်အခြေအနေကောင်းလာလေ၏။ ထန်ယဲ့က သူ့အတွက် ဝိုင်ဖြူအေးအေးလေးတစ်ခွက်နှင့် စုချီယွဲ့အတွက် အအေးဖျော်ရည်တစ်ခွက်မှာလိုက်သည်။

အဆုံးတွင်မူ စုချီယွဲ့၏ အရက်သောက်နိုင်စွမ်းကို သူအရင်ကမြင်ဖူးထားပြီးဖြစ်ရာ... တကယ်ပဲ... မပြောထွက်နိုင်လောက်အောင်ပါပဲ...

ထန်ယဲ့နှင့် စုချီယွဲ့တို့က ရေနှင့်စပ်လျဥ်းသည့် အားကစားတို့ကို ကြည့်ရင်း ဖျော်ရည်သောက်နေခဲ့သည်။ နောက်ဆုံးတွင် သူတို့နှစ်ယောက်လုံးက စုံတွဲများအတွက် အလွန်သင့်လျော်လှသော Yatch Parasailingကို ရွေးချယ်ခဲ့ကြသည်။

ထိုနေရာမှ လုံခြုံရေးဝန်ထမ်းများက သူတို့နှစ်ဦးအတွက် လုံခြုံရေးခါးပတ်များကို စီစဉ်ပေးလေသည်။ စုချီယွဲ့ ကောင်းကင်ကို စိတ်အားထက်သန်စွာ မော့ကြည့်၍

"အမှန်တကယ်တော့ ကျွန်တော် အမြင့်နည်းနည်းကြောက်တယ်ဗျ"

ထန်ယဲ့ : "အဆင်ပြေပါတယ် ကိုယ်ဒီမှာရှိတယ်"

လုံခြုံရေးဝန်ထမ်းများက ကြိုတင်ကာကွယ်မှုများကို ဂရုတစိုက်ရှင်းပြပြီးနောက် ရွက်လှေမှာ ပင်လယ်ပြင်ဘက်သို့ ဦးတည်ထွက်ခွာသွားလေပြီ။

လေထီးမှာ လေထဲသို့ တဖြည်းဖြည်းမြင့်တက်လာကာ အမြင့်ဆုံးနေရာသို့ ရောက်သည့်အခါ စုချီယွဲ့က သူ့လက်များကို ဆန့်တန်းလျက် အော်ဟစ်လိုက်သည်။

"အရမ်းခံစားလို့ကောင်းတာပဲ!!!"

လူနှစ်ဦး၏ ပုံရိပ်များဟာ သေးသထက် သေးငယ်သွားသည်မှာ ပင်လယ်နှင့် ကောင်းကင်ပြာပြာတို့နှင့် ပေါင်းစပ်သွားသည့်နှယ်...

ရွက်လှေသည်ကား ပင်လယ်ပြင်တွင် လှည့်ပတ်နေလျက်၊ လေထီးဟာ ဖြည်းညှင်းစွာ ဆင်းသက်လာပြီး နှစ်ယောက်သား အောင်အောင်မြင်မြင် ဆင်းသက်နိုင်ခဲ့သည်။

စုချီယွဲ့ ဆင်းသက်ပြီးနောက် မြင်းရိုင်းတစ်ကောင်ကဲ့သို့ ဖြစ်နေချေသည်။

"တကယ် စိတ်လှုပ်ရှားစရာကောင်းပြီး ပျော်စရာကောင်းတယ်"

ထန်ယဲ့လည်း သဘောတူစွာပင်

"ကိုယ်တို့ အခွင့်အရေးရရင် နောက်တစ်ခေါက် လာကစားကြမယ်လေ"

အဆုံးတွင်မူ သူတို့က ရှိုးရိုက်ကူးနေကြသည်ဖြစ်၍ အချိန်အကန့်အသတ်ရှိနေသလို စန်းယ၌ စိတ်ဝင်စားဖွယ်ကောင်းသောနေရာများစွာ ရှိနေသေးသည်။

စုချီယွဲ့ ခေါင်းညိတ်ပြပြီးနောက် ခုနက သူလှဲနေခဲ့သည့်နေရာကို ပြေးသွားလိုက်၏။ သူ့ဘေးမှာ ဝန်ထမ်းများရှိနေ၍ သူတို့သောက်လက်စဖျော်ရည်များလည်း စားပွဲပေါ်မှာ ရှိနေဆဲ။

စုချီယွဲ့ ပြေးသွားခဲ့ပြီး သေချာကြည့်ပင်မကြည့်လိုက်ချေ။ ဖျော်ရည်နှစ်ခွက်မှာ အရောင်ကွာခြားမှုမရှိသောကြောင့် သူ ထန်ယဲ့၏ ခွက်ကို လှမ်းယူကာ အကုန်သောက်ချလိုက်တော့သည်။

သူ့နောက်မှ ထန်ယဲ့ အော်ပြောချင်သော်ငြား အချိန်ပင်မရှိခဲ့။

စုချီယွဲ့သောက်လိုက်ပြီးနောက် တစ်ခုခုမှားနေပြီမှန်း သဘောပေါက်သွားကာ သူ့မျက်လုံးတွေ ပြူးကျယ်လာလျက်။

"ခုနက ကျွန်တော်သောက်ခဲ့တာက..."

ထန်ယဲ့ ခေါင်းညိတ်ပြကာ

"ဒီတော့ မင်း ခဏလောက်ထိန်းထားဦးနော်"

စုချီယွဲ့က ပူလောင်စပြုနေပြီဖြစ်သော သူ့ပါးပြင်ကို ပွတ်သပ်ကာ

"ကောင်းပါပြီ ကောင်းပါပြီ"

စုချီယွဲ့ ခဏလောက် လှဲအိပ်နေလိုက်ကာ နေလို့ထိုင်လို့သိပ်မကောင်းတော့ကြောင်း သူခံစားမိလာ၏။ ယခုအခါ တိုက်ရိုက်ထုတ်လွှင့်နေချိန်ဖြစ်၍ သူ့ကိုယ်သူ အရူးလုပ်မိမှာကို ကြောက်ရွံ့နေမိသည်။ အရင်တစ်ခေါက်ကလို အလွန်အကျွံသောက်မိပြီး အိပ်ပျော်သွားမှာဖြစ်လို့ ပြဿနာကြီးကြီးမားမား မဖြစ်သင့်ပါဘူးလို့ သူ့ကိုယ်သူ နှစ်သိမ့်နေလိုက်သည်။

"ပြန်ကြရအောင်၊ ကျွန်တော် အဆင်မပြေတော့ဘူးလို့ ခံစားနေရတယ်"

ထန်ယဲ့လည်း သူ့မှာ တစ်ခုခုမှားနေပြီမှန်း သတိထားမိ၍ သူ့ကို ထရန် ကူညီပေးလိုက်၏။ မတ်တပ်ရပ်လိုက်သည့်နှင့် စုချီယွဲ့ ပိုလေးလံလာကာ ထန်ယဲ့၏ ကိုယ်ပေါ်သို့ လဲကျသွားတော့သည်။

ထန်ယဲ့က သူ့အား မင်းသမီးလေးပွေ့ချီသလို ပွေ့ချီရုံကလွဲပြီး ရွေးချယ်စရာမရှိတော့။

စုချီယွဲ့ သူ့ကိုယ်သူ ပိုပြီးနိုးကြားစေဖို့ တွန်းအားပေးနေခဲ့သည်။ သူ့ကိုယ်သူ ဆွဲဆိတ်ကာတစ်ဖုံ၊ ကုတ်ခြစ်ကာတစ်လှည့် လုပ်နေသော်လည်း အလုပ်ဖြစ်ပုံမပေါ်ဘဲ သူ့ခေါင်းဟာ ပိုလေးသထက် လေးလံလာလေ၏။

ထန်ယဲ့သည် စုချီယွဲ့ အိပ်ပျော်သွားသည်ကို မြင်လိုက်သည်နှင့် မထွက်သွားနိုင်တော့ဘဲ ကျွန်းပေါ်မှာ တည်းခိုရန် ဟိုတယ်တစ်လုံးကို အမြန်ရှာဖွေခဲ့သည်။

ထန်ယဲ့ အခန်းကိုစစ်ဆေးကြည့်ပြီးနောက် လူကို အထဲသယ်သွားလိုက်၏။

စုချီယွဲ့ ထန်ယဲ့ရင်ခွင်ထဲမှာ ကွေးနေကာ မှိန်းနေခဲ့သည်။ သူ လုံခြုံပြီး သက်တောင့်သက်သာဖြစ်နေသော်လည်း ရုတ်တရက် အလေးချိန်မရှိတော့သလို ခံစားလိုက်ရသောကြောင့် မသိစိတ်အရ ထန်ယဲ့၏ ရင်ဘတ်နားက အင်္ကျီကို ဆုပ်ကိုင်လိုက်သည်။

ထန်ယဲ့လည်း ယခင်အကြိမ်ကဲ့သို့ ပြုမူလာမည်ကို စိုးရွံ့ပေမယ့် ဂရုမစိုက်ပါချေ။ စုချီယွဲ့ နိုးလာသောအခါ ဝင်ပုန်းရန် တွင်းတစ်တွင်းရှာမည်ကိုသာ သူစိုးရိမ်မိသည်ပင်။

စုချီယွဲ့က ထန်ယဲ့၏ အင်္ကျီကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး လွှတ်ပေးရန် ငြင်းဆန်နေခဲ့၏။ နောက်ဆုံးတွင် သူ့အောက်ရှိ နူးနူးညံ့ညံ့အိပ်ယာလေးကို ခံစားလိုက်ရ၍ သူ့အားဖြင့် သတိလက်လွတ်ဖြစ်နေသော ထန်ယဲ့ကို ဆွဲချလိုက်ရာ ထန်ယဲ့လည်း သူ့ဘေးမှာ လဲလျောင်းလိုက်ရတော့သည်။

စုချီယွဲ့၏ ပါးစပ်ထောင့်မှာ ကွေးတက်သွားပြီး သူ့အိပ်မက်ထဲမှာ အလွန်တရာ စိတ်ကျေနပ်နေမှန်း သိသာထင်ရှားနေလျက်။ ထို့နောက် သူလှည့်လာကာ သူ့တစ်ကိုယ်လုံးကို ထန်ယဲ့ပေါ်မှာ ဖိထားပြီး

"နည်းနည်းတော့မာတယ်နော်"

စာရေးသူမှာ ပြောစရာရှိပါတယ်။

ထန်ယဲ့ : ဘာမာတာလဲ၊ ရှင်းရှင်းလင်းလင်းပြောဦး!

xxx

Zawgyi

ထန္ယဲ့ ေခါင္းလွည့္ကာ ကင္မရာကိုၾကၫ့္လိုက္ၿပီး

"ငါ့ကို ဘယ္သူမျွပန္ေပးမဆြဲဘူး၊ ငါ ရိႈးမွာပါဖို႔ ဘယ္သူမွလည္း အတင္းအၾကပ္မလုပ္ထားဘူး။ စုခ်ီယြဲ႔က ဘယ္လိုလူမ်ိဳးလဲဆိုတာကေတာ့ ငါက တျခားသူေတြထက္ ပိုသိတယ္လို႔ ထင္တာပဲ။ မင္းတို႔က သူဘယ္လိုလူမ်ိဳးလဲသိခ်င္ရင္ ငါတို႔ရိႈးကိုဆက္ၾကၫ့္ေနလို႔ရတယ္၊ စုခ်ီယြဲ႔ကို ဆက္ၿပီးအာရံုစိုက္ထားႏိုင္တယ္"

[ဘုရားေရ ေကာေကာက ျပန္​တံု႔ျပန္လာတယ္ဟ၊ ငါတို႔ကြန္မန္႔ကို သူျမင္သြားၿပီပဲ]

[ဝူး ဝူး ဝူး ေကာေကာက တကယ့္ကို ကမ႓ာေပၚမွာ အေကာင္းဆံုးေကာေကာပဲ။ ငါတို႔ရဲ့အခ်စ္က ႏွစ္လမ္းသြားပဲေဟ့!]

[စုေရွာင္ေကာေကာအတြက္ စကားေျပာေပးတဲ့ မင္းသားကို ေက်းဇူးတင္ပါတယ္ေနာ္၊ အခု စုေရွာင္ေကာေကာက သနားစရာမေကာင္းေတာ့ပါဘူး]

[မင္း နာမည္ႀကီးလာရင္ အတင္းအဖ်င္းအမ်ားႀကီးအေျပာခံရမွာပဲ။ တခ်ိဳ႕လူေတြက မေမာမပန္း တစ္ေန့ ၂၄ နာရီ ကီးဘုတ္ထိုင္ရိုက္ႏိုင္ၾကတာကိုး]

စုခ်ီယြဲ႔သည္ ထန္ယဲ့၏ ေလးနက္ေနပံုကို ၾကည့္ကာ သူ႔ႏွလံုးသားေလး ေနြးေထြးသြားရသည္။ ဒါ့ေၾကာင့္ အလိုလိုက္ခံရတဲ့ ခံစားခ်က္က တကယ့္ကို စြဲလမ္းစရာေကာင္းတယ္လို႔ လူေတြေျပာၾကတာကိုး။

စုခ်ီယြဲ႔ႏွင့္ ထန္ယဲ့လည္း အဝတ္အစားလဲကာ လမ္းေလ်ွာက္ထြက္ခဲ့ၾကသည္။ ပထမဆံုးေန့လည္းျဖစ္သလို သူတို႔ ေနာက္က်မွလည္းေရာက္သည္ျဖစ္ရာ ယခုအခ်ိန္မွာ ေနာက္က်ေနၿပီျဖစ္၍ အျခားေနရာသို႔သြားရန္လည္း အခ်ိန္မေလာက္ေတာ့ေပ။

သူတို႔ႏွစ္ၪီး ရပ္ကြက္ထဲက ထြက္လာၿပီး သိပ္မၾကာခင္မွာဘဲ စန္းယကမ္းေျခသို႔ ေရာက္လာခဲ့ၾကသည္။ ေနမဝင္ခင္အခ်ိန္ထိ အုန္းပင္လမ္းတစ္ေလ်ွာက္ အတူတူလမ္းေလ်ွာက္ခဲ့ၾကၿပီးေနာက္ ညစာစားရန္ ေဒသခံစားေသာက္ဆိုင္ကို သြားခဲ့ၾကသည္။

ေနာက္တစ္ေန့နံနက္ေစာေစာတြင္ စုခ်ီယြဲ႔ႏွင့္ ထန္ယဲ့တို႔က ေစာေစာထၿပီး ကားငွား၍ ဝူက်စ္က်ိဳးကြၽန္းသို႔ ဦးတည္သြားခဲ့သည္။

စန္းယကိုေရာက္သည့္အခါ လွပေသာ ပင္လယ္ႀကီးႏွင့္ လွပေသာ ေကာင္းကင္ရႈခင္းတို႔ကို ခံစားကိုခံစားရမည္ပင္။

စုခ်ီယြဲ႔ႏွင့္ ထန္ယဲ့တို႔က ပရိုဂရမ္အဖြဲ႔ထံသို႔ တစ္ရက္ႀကိဳတင္သတင္းပို႔ထားၾကေသာေၾကာင့္ ပရိုဂရမ္အဖြဲ႔က ထိုေနရာမ်ားကို ႀကိဳတင္စစ္ေဆးေပးခဲ့ၿပီး လူနည္းေသာေနရာကို ေရြးခ်ယ္ေပးခဲ့သည္။

ထန္ယဲ့ႏွင့္ စုခ်ီယြဲ႔ ႏွစ္ေယာက္လံုး အနည္းငယ္ စိတ္မေကာင္းျဖစ္သြားရလ်က္။ သူတို႔အလိုရိွရာ သြားႏိုင္သည္ဟု ဆိုထားေသာ္ျငား အမွန္တကယ္တြင္မူ ကန႔္သတ္ခ်က္မ်ားစြာ ရိွေနပါေသးသည္။

သို႔ေသာ္လည္း ႏွစ္ေယာက္သား ကမ္းေျခမွာ လွဲကာ လွပေသာရႈခင္းမ်ားကို ၾကၫ့္ေနရင္း စိတ္အေျခအေနေကာင္းလာေလ၏။ ထန္ယဲ့က သူ႔အတြက္ ဝိုင္ျဖဴေအးေအးေလးတစ္ခြက္ႏွင့္ စုခ်ီယြဲ႔အတြက္ အေအးေဖ်ာ္ရည္တစ္ခြက္မွာလိုက္သည္။

အဆံုးတြင္မူ စုခ်ီယြဲ႔၏ အရက္ေသာက္ႏိုင္စြမ္းကို သူအရင္ကျမင္ဖူးထားၿပီးျဖစ္ရာ... တကယ္ပဲ... မေျပာထြက္ႏိုင္ေလာက္ေအာင္ပါပဲ...

ထန္ယဲ့ႏွင့္ စုခ်ီယြဲ႔တို႔က ေရႏွင့္စပ္လ်ဥ္းသည့္ အားကစားတို႔ကို ၾကၫ့္ရင္း ေဖ်ာ္ရည္ေသာက္ေနခဲ့သည္။ ေနာက္ဆံုးတြင္ သူတို႔ႏွစ္ေယာက္လံုးက စံုတြဲမ်ားအတြက္ အလြန္သင့္ေလ်ာ္လွေသာ Yatch Parasailingကို ေရြးခ်ယ္ခဲ့ၾကသည္။

ထိုေနရာမွ လံုၿခံဳေရးဝန္ထမ္းမ်ားက သူတို႔ႏွစ္ဦးအတြက္ လံုၿခံဳေရးခါးပတ္မ်ားကို စီစဉ္ေပးေလသည္။ စုခ်ီယြဲ႔ ေကာင္းကင္ကို စိတ္အားထက္သန္စြာ ေမာ့ၾကၫ့္၍

"အမွန္တကယ္ေတာ့ ကြၽန္ေတာ္ အျမင့္နည္းနည္းေၾကာက္တယ္ဗ်"

ထန္ယဲ့ : "အဆင္ေျပပါတယ္ ကိုယ္ဒီမွာရိွတယ္"

လံုၿခံဳေရးဝန္ထမ္းမ်ားက ႀကိဳတင္ကာကြယ္မႈမ်ားကို ဂရုတစိုက္ရွင္းျပၿပီးေနာက္ ရြက္ေလွမွာ ပင္လယ္ျပင္ဘက္သို႔ ၪီးတည္ထြက္ခြာသြားေလၿပီ။

ေလထီးမွာ ေလထဲသို႔ တျဖည္းျဖည္းျမင့္တက္လာကာ အျမင့္ဆံုးေနရာသို႔ ေရာက္သည့္အခါ စုခ်ီယြဲ႔က သူ႔လက္မ်ားကို ဆန႔္တန္းလ်က္ ေအာ္ဟစ္လိုက္သည္။

"အရမ္းခံစားလို႔ေကာင္းတာပဲ!!!"

လူႏွစ္ၪီး၏ ပံုရိပ္မ်ားဟာ ေသးသထက္ ေသးငယ္သြားသည္မွာ ပင္လယ္ႏွင့္ ေကာင္းကင္ျပာျပာတို႔ႏွင့္ ေပါင္းစပ္သြားသည့္ႏွယ္...

ရြက္ေလွသည္ကား ပင္လယ္ျပင္တြင္ လွၫ့္ပတ္ေနလ်က္၊ ေလထီးဟာ ျဖည္းၫွင္းစြာ ဆင္းသက္လာၿပီး ႏွစ္ေယာက္သား ေအာင္ေအာင္ျမင္ျမင္ ဆင္းသက္ႏိုင္ခဲ့သည္။

စုခ်ီယြဲ႔ ဆင္းသက္ၿပီးေနာက္ ျမင္းရိုင္းတစ္ေကာင္ကဲ့သို႔ ျဖစ္ေနေခ်သည္။

"တကယ္ စိတ္လႈပ္ရွားစရာေကာင္းၿပီး ေပ်ာ္စရာေကာင္းတယ္"

ထန္ယဲ့လည္း သေဘာတူစြာပင္

"ကိုယ္တို႔ အခြင့္အေရးရရင္ ေနာက္တစ္ေခါက္ လာကစားၾကမယ္ေလ"

အဆံုးတြင္မူ သူတို႔က ရိႈးရိုက္ကူးေနၾကသည္ျဖစ္၍ အခ်ိန္အကန္႔အသတ္ရိွေနသလို စန္းယ၌ စိတ္ဝင္စားဖြယ္ေကာင္းေသာေနရာမ်ားစြာ ရိွေနေသးသည္။

စုခ်ီယြဲ႔ ေခါင္းညိတ္ျပၿပီးေနာက္ ခုနက သူလွဲေနခဲ့သည့္ေနရာကို ေျပးသြားလိုက္၏။ သူ႔ေဘးမွာ ဝန္ထမ္းမ်ားရိွေန၍ သူတို႔ေသာက္လက္စေဖ်ာ္ရည္မ်ားလည္း စားပြဲေပၚမွာ ရိွေနဆဲ။

စုခ်ီယြဲ႔ ေျပးသြားခဲ့ၿပီး ေသခ်ာၾကည့္ပင္မၾကည့္လိုက္ေခ်။ ေဖ်ာ္ရည္ႏွစ္ခြက္မွာ အေရာင္ကြာျခားမႈမရိွေသာေၾကာင့္ သူ ထန္ယဲ့၏ ခြက္ကို လွမ္းယူကာ အကုန္ေသာက္ခ်လိုက္ေတာ့သည္။

သူ႔ေနာက္မွ ထန္ယဲ့ ေအာ္ေျပာခ်င္ေသာ္ျငား အခ်ိန္ပင္မရိွခဲ့။

စုခ်ီယြဲ႔ေသာက္လိုက္ၿပီးေနာက္ တစ္ခုခုမွားေနၿပီမွန္း သေဘာေပါက္သြားကာ သူ႔မ်က္လံုးေတြ ျပဴးက်ယ္လာလ်က္။

"ခုနက ကြၽန္ေတာ္ေသာက္ခဲ့တာက..."

ထန္ယဲ့ ေခါင္းညိတ္ျပကာ

"ဒီေတာ့ မင္း ခဏေလာက္ထိန္းထားၪီးေနာ္"

စုခ်ီယြဲ႔က ပူေလာင္စျပဳေနၿပီျဖစ္ေသာ သူ႔ပါးျပင္ကို ပြတ္သပ္ကာ

"ေကာင္းပါၿပီ ေကာင္းပါၿပီ"

စုခ်ီယြဲ႔ ခဏေလာက္ လွဲအိပ္ေနလိုက္ကာ ေနလို႔ထိုင္လို႔သိပ္မေကာင္းေတာ့ေၾကာင္း သူခံစားမိလာ၏။ ယခုအခါ တိုက္ရိုက္ထုတ္လႊင့္ေနခ်ိန္ျဖစ္၍ သူ႔ကိုယ္သူ အရူးလုပ္မိမွာကို ေၾကာက္ရြံ႔ေနမိသည္။ အရင္တစ္ေခါက္ကလို အလြန္အကြၽံေသာက္မိၿပီး အိပ္ေပ်ာ္သြားမွာျဖစ္လို႔ ျပႆနာႀကီးႀကီးမားမား မျဖစ္သင့္ပါဘူးလို႔ သူ႔ကိုယ္သူ ႏွစ္သိမ့္ေနလိုက္သည္။

"ျပန္ၾကရေအာင္၊ ကြၽန္ေတာ္ အဆင္မေျပေတာ့ဘူးလို႔ ခံစားေနရတယ္"

ထန္ယဲ့လည္း သူ႔မွာ တစ္ခုခုမွားေနၿပီမွန္း သတိထားမိ၍ သူ႔ကို ထရန္ ကူညီေပးလိုက္၏။ မတ္တပ္ရပ္လိုက္သည့္ႏွင့္ စုခ်ီယြဲ႔ ပိုေလးလံလာကာ ထန္ယဲ့၏ ကိုယ္ေပၚသို႔ လဲက်သြားေတာ့သည္။

ထန္ယဲ့က သူ႔အား မင္းသမီးေလးေပြ့ခ်ီသလို ေပြ့ခ်ီရံုကလြဲၿပီး ေရြးခ်ယ္စရာမရိွေတာ့။

စုခ်ီယြဲ႔ သူ႔ကိုယ္သူ ပိုၿပီးႏိုးၾကားေစဖို႔ တြန္းအားေပးေနခဲ့သည္။ သူ႔ကိုယ္သူ ဆြဲဆိတ္ကာတစ္ဖံု၊ ကုတ္ျခစ္ကာတစ္လွည့္ လုပ္ေနေသာ္လည္း အလုပ္ျဖစ္ပံုမေပၚဘဲ သူ႔ေခါင္းဟာ ပိုေလးသထက္ ေလးလံလာေလ၏။

ထန္ယဲ့သည္ စုခ်ီယြဲ႔ အိပ္ေပ်ာ္သြားသည္ကို ျမင္လိုက္သည္ႏွင့္ မထြက္သြားႏိုင္ေတာ့ဘဲ ကြၽန္းေပၚမွာ တည္းခိုရန္ ဟိုတယ္တစ္လံုးကို အျမန္ရွာေဖြခဲ့သည္။

ထန္ယဲ့ အခန္းကိုစစ္ေဆးၾကည့္ၿပီးေနာက္ လူကို အထဲသယ္သြားလိုက္၏။

စုခ်ီယြဲ႔ ထန္ယဲ့ရင္ခြင္ထဲမွာ ေကြးေနကာ မိွန္းေနခဲ့သည္။ သူ လံုၿခံဳၿပီး သက္ေတာင့္သက္သာျဖစ္ေနေသာ္လည္း ရုတ္တရက္ အေလးခ်ိန္မရိွေတာ့သလို ခံစားလိုက္ရေသာေၾကာင့္ မသိစိတ္အရ ထန္ယဲ့၏ ရင္ဘတ္နားက အက်ႌကို ဆုပ္ကိုင္လိုက္သည္။

ထန္ယဲ့လည္း ယခင္အႀကိမ္ကဲ့သို႔ ျပဳမူလာမည္ကို စိုးရြံ႔ေပမယ့္ ဂရုမစိုက္ပါေခ်။ စုခ်ီယြဲ႔ ႏိုးလာေသာအခါ ဝင္ပုန္းရန္ တြင္းတစ္တြင္းရွာမည္ကိုသာ သူစိုးရိမ္မိသည္ပင္။

စုခ်ီယြဲ႔က ထန္ယဲ့၏ အက်ႌကို တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားၿပီး လႊတ္ေပးရန္ ျငင္းဆန္ေနခဲ့၏။ ေနာက္ဆံုးတြင္ သူ႔ေအာက္ရိွ ႏူးႏူးညံ့ညံ့အိပ္ယာေလးကို ခံစားလိုက္ရ၍ သူ႔အားျဖင့္ သတိလက္လြတ္ျဖစ္ေနေသာ ထန္ယဲ့ကို ဆြဲခ်လိုက္ရာ ထန္ယဲ့လည္း သူ႔ေဘးမွာ လဲေလ်ာင္းလိုက္ရေတာ့သည္။

စုခ်ီယြဲ႔၏ ပါးစပ္ေထာင့္မွာ ေကြးတက္သြားၿပီး သူ႔အိပ္မက္ထဲမွာ အလြန္တရာ စိတ္ေက်နပ္ေနမွန္း သိသာထင္ရွားေနလ်က္။ ထို႔ေနာက္ သူလွည့္လာကာ သူ႔တစ္ကိုယ္လံုးကို ထန္ယဲ့ေပၚမွာ ဖိထားၿပီး

"နည္းနည္းေတာ့မာတယ္ေနာ္"

စာေရးသူမွာ ေျပာစရာရိွပါတယ္။

ထန္ယဲ့ : ဘာမာတာလဲ၊ ရွင္းရွင္းလင္းလင္းေျပာၪီး!

xxx


You are reading the story above: TeenFic.Net