Unicode
စုချီယွဲ့ မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ပြီးနောက် ထန်ယဲ့ကို သွားရှာလိုက်သည့်အခါ သူ ကုတင်ပေါ်မှာ အိပ်ပျော်သွားပြီမှန်း တွေ့ရှိလိုက်ရသည်။
စုချီယွဲ့ ခြေဖျားထောက်ကာ သာသာလေး လျှောက်လာပြီး သူ့ကို စောင်ပါးတထည်ခြုံပေးလိုက်၏။ လေအေးပေးစက်၏ အပူချိန်ဟာ အတော်လေးနိမ့်နေသည်ကြောင့် စောင်မခြုံထားပါက အအေးမိသွားနိုင်သည်လေ။
[စုချီယွဲ့က သူ့စကားတွေမတည်ဘူးဟ။ ကောကောနဲ့ အတူတူအိပ်ပေးမယ်လို့ ကတိပေးထားပေမယ့် တကယ်တမ်းကျတော့ သူ့ကို စောင်လေးပဲခြုံပေးပြီး ထွက်ပြေးသွားတယ်ဟေ့]
[@အစီအစဉ်အဖွဲ့ရေ ထွက်လာပြီး ဒါကိုအရေးယူပါဦး။ ဧည့်သည်က သူ့ကတိကို ဖောက်ဖျက်ရင် ဘာလုပ်သင့်သလဲ]
[ငါ့ကောကော အိပ်ပျော်နေတဲ့ပုံလေးက တကယ်ကို လှပနေလိုက်တာဟယ်၊ ငါ ဘယ်လိုနတ်ဘုရားမျိုးနောက်ကိုလိုက်နေတာပါလိမ့်]
စုချီယွဲ့သည် ထန်ယဲ့ အိပ်ပျော်သွားသည်ကို အခွင့်ကောင်းယူကာ ဧည့်ခန်းထဲသို့ အလျင်အမြန်ပြေးသွားခဲ့သည်။
ကင်မရာရှေ့မှာ သူ ထန်ယဲ့နှင့်အတူတူ လဲလျောင်းနေရမယ်ပေါ့လေ၊ သူက ရူးနေလို့လားလို့?
သူ တွေးတောနေစဥ်မှာပင် WeChatမှာ အဆက်မပြတ်တုန်ခါလာလေ၏။
စုချီယွဲ့ နောက်ဆုံးတစ်ခေါက်မှ အတွေ့အကြုံကြောင့် သီးသန့်စခရင်အကာအကွယ်ကို အရင်ထားနှင့်ပြီးမှ Wechatကိုဖွင့်ကြည့်လိုက်ရာ ဟယ်ချောင်းဖြစ်နေသည်။
ဟယ်ချောင်း : [[Screenshot.jpg] မင်း ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ချင်လဲ]
စုချီယွဲ့ ၎င်းကို နှိပ်လိုက်သည့်အခါ Weiboပို့စ်တချို့၏ screenshotများကို တွေ့လိုက်ရ၏။
@စုချီယွဲ့ ဒီနေ့ အရှက်ရှိလား : စုချီယွဲ့မှာ နောက်ခံကောင်းကောင်းရှိတာပဲ ဟုတ်တယ်မလား? မင်းက ငါ့ Weiboအကောင့်ကို ဖျက်ပစ်လိုက်ရင် ငါကလည်း နောက်တစ်ခါထပ်ဖွင့်မှာပေါ့၊ မင်း ငါ့ကို ဘာလုပ်နိုင်မလဲ ကြည့်နေမယ်ကွ။ ဘာလဲ မင်းက ကျန်းတရဲ့ အချောဆုံး ကျိုးရှင်းယဲ့နှင့် ချစ်ကြိုက်ခဲ့တာကို ဝန်မခံရဲဘူးလား? မင်း ဝန်မခံရဲရင်လည်း မလုပ်နဲ့လေ။ ကျန်းတဖိုရမ်တစ်ခုလုံးမှာ မင်းတို့နှစ်ယောက်ပို့စ်တွေချည်းပဲဆိုတာ မင်းမသိဘူးလား? တကယ်ကို ရွံစရာကောင်းတယ်!
@စုချီယွဲ့ ဒီနေ့ အရှက်ရှိလား : အပျော်တမ်းတွေက သူတို့ပွဲဦးထွက်ဖို့ ထန်ယဲ့ကို ဖားယားဖို့ကြိုးစားနေတာပဲ မှန်တယ်မလား? ထန်ယဲ့နှင့် အတူတူတွဲပေါ်လာပြီဆိုတာနဲ့ သူတို့ရဲ့ ကျော်ကြားမှုကလည်း တနေ့တခြား တိုးလာတာပဲလေ။ အခု သူလည်း သူတို့CP hypeလုပ်ဖို့ တခြားသူတွေကို အသုံးချနေပြီ။ စုချီယွဲ့ နောက်ခံက ထန်ယဲ့ထက် ပိုအင်အားကြီးပုံရတယ်နော်။ ငါတော့ သူ့ကို တကယ်လေးစားမိပါရဲ့ကွာ။ စုချီယွဲ့ ငါ ကောလဟာလတွေဖြန့်နေတာလို့ မင်းထင်ရင် ဘာလို့ ငါ့ကိုတရားမစွဲတာလဲ?
@စုချီယွဲ့ ဒီနေ့ အရှက်ရှိလား : စုချီယွဲ့ မင်း ငါ့ကိုတရားမစွဲရင် မင်း ယောကျ်ားမဟုတ်ဘူးပဲ!
ဤ "စုချီယွဲ့ ဒီနေ့ အရှက်ရှိလား"ဆိုသော အကောင့်သည် ယခင် "စုချီယွဲ့ကအမှိုက်ကောင်"ဆိုသော အကောင့်က အသစ်ပြန်ဖွင့်ထားသည့် အကောင့်ဖြစ်သလို ပို့စ်တင်သောအကြောင်းအရာမှာ လူတစ်ဦးတည်းအကြောင်းပင်။
ဒီလူဟာ အတော်လေးဒေါသထွက်နေပုံရကာ Weiboမှာ ပို့စ် ၃ခု ဆက်တိုက်တင်ပစ်ခဲ့ပြီး #စုချီယွဲ့# နာမည်ကို hot searchဖြစ်လာရန် ဝယ်ခဲ့ပေသည်။
နောက်ဆုံးအကြိမ်နှင့် ကွာခြားသည်မှာ ယခုအကြိမ်ကား အမြင့်ဆုံးရှာဖွေမှု ၁၀နေရာမြောက်ကို တိုက်ရိုက်ဝယ်လိုက်ခြင်းပင်။ ခေါင်းစဉ်မှာ လုံးဝတစ်ဖက်သတ်ဖြစ်နေသလို တချို့ Big Vsများကလည်း ဤအကြောင်းကို ပြန်တင်ထားသောကြောင့် trendဖြစ်နေလေ၏။
စုချီယွဲ့ : [ခင်ဗျားဘယ်လိုထင်လဲ? ကျွန်တော်က အတွေ့အကြုံတကယ်မရှိလို့။ ပြီးခဲ့တဲ့အကြိမ်တုန်းက ဒီအကောင့်ကို ကုမ္ပဏီက ဖျက်ပစ်လိုက်တာ]
ဟယ်ချောင်း : [ဘာမှမတုံ့ပြန်ဘဲ လျစ်လျူရှုလိုက်။ Hot searchကို ငါကိုင်တွယ်လိုက်မယ်၊ Weiboမှာ ပို့စ်တင်ထားတဲ့သူရဲ့ IP ကိုလည်း စစ်ဆေးလိုက်မယ်]
စုချီယွဲ့ တွေးနေမိသည်မှာ - သူက ဘာမှမတုံ့ပြန်ဘဲ လျစ်လျူရှုထားပါက ဒီလူဟာ ဆက်တိုက်ခုန်ပေါက်နေလောက်တယ်ပေါ့။ ဘာလို့လဲဆိုတော့ လူတွေ အကောင့်အသစ်တွေဖွင့်ပြီး hot searchဝယ်ဖို့ ပိုက်ဆံသုံးနေတာကို ဘယ်သူမှသွားတားနေလို့မရဘူးလေ....
သို့သော် ဟယ်ချောင်းက ဤနယ်ပယ်တွင် အတွေ့အကြုံများစွာရှိသောကြောင့် သူ့ကို ကိုင်တွယ်ခွင့်ပေးလိုက်သည်ကလည်း ပြဿနာမရှိလောက်ပေ။
စုချီယွဲ့ : [ကောင်းပါပြီ]
ဟယ်ချောင်း : [အနာဂတ်မှာ မင်း ဘယ်လိုပုံရိပ်မျိုး တည်ဆောက်ချင်လဲ? ဘယ်လမ်းကြောင်းကို သွားချင်လဲ?]
စုချီယွဲ့ : [ပုံရိပ်လား? ကျွန်တော်က ကျွန်တော်ပဲလေ၊ ဘယ်လိုပုံရိပ်မျိုးလိုအပ်လို့လဲဗျ?]
စုချီယွဲ့ လုံးဝ နားမလည်ပါချေ။ ပုံစံအစစ်အတိုင်းနေသည်က ပိုကောင်းသည်မဟုတ်ပါလော။ ကင်မရာရှေ့မှာ တခြားတစ်ယောက်လို ဟန်ဆောင်ရသည်မှာ ပင်ပန်းလွန်းလှသလို တစ်နေ့မှာ ဖော်ထုတ်ခံရနိုင်သေးသည်လေ...
ဟယ်ချောင်း : [ပုံရိပ်ကောင်းတွေက ပိုပြီးဆွဲဆောင်မှုရှိတယ်လေ။ ဥပမာပြောရရင် တည့်တိုးဆန်တာ၊ အစားသမား... အဲ့လိုမျိုးပေါ့]
စုချီယွဲ့ : [မလိုပါဘူးဗျာ၊ ကျွန်တော်ကိုယ်တိုင်ကပဲ ပိုကောင်းပါတယ်။ တခြားသူတွေ ကျွန်တော့်ကို မကြိုက်ရင် ကျွန်တော်လည်း ဘာမှမတတ်နိုင်ဘူးလေနော်]
ဟယ်ချောင်း : [ကုမ္ပဏီက မင်းအတွက် Weiboအကောင့်သစ်ဖွင့်ထားပေးတယ်။ လောလောဆယ် ငါ မင်းအတွက် ဂရုစိုက်ပေးထားလိုက်မယ်။ ဒီတစ်ပိုင်းရိုက်ကူးရေးပြီးသွားရင် ကုမ္ပဏီက မင်းကို ဟိုင်နမီဒီယာရဲ့ လက်မှတ်ထိုးထားတဲ့ အနုပညာရှင်အသစ်အဖြစ် တရားဝင်ကြေငြာပေးလိမ့်မယ်]
စုချီယွဲ့ : [ကျွန်တော့်အတွက် ဖွင့်ပေးထားတဲ့ Weiboအကောင့်ကို ကျွန်တော့်ဆီ ဘာလို့မပေးတာလဲဟင်?]
ဟယ်ချောင်း : [မင်း weiboမှာ လျှောက်တင်မလား၊ ကျပန်းပို့စ်တွေကို လိုက်ခ်လုပ်မလား ဆိုတာတွေ ငါမသေချာသေးလို့ ငါပဲဂရုစိုက်ထားရမှာပေါ့]
စုချီယွဲ့ : [ခင်ဗျားက ကျွန်တော့်ကို အထင်သေးလိုက်တာဗျာ။ ကျွန်တော်က Weiboမှာ ကြုံသလိုမှတ်ချက်တွေ လိုက်ရေးပြီး ပို့စ်လျှောက်တင်တတ်တဲ့လူစားမျိုးလား? ဟာသပဲ!]
စုချီယွဲ့ Weiboကို စစ်ဆေးကြည့်လိုက်သည့်အခါ ခဏအကြာတွင် hot searchခေါင်းစဉ်မှာ ပျောက်ကွယ်သွားပြီမှန်း တွေ့ရှိလိုက်ရ၏။
သို့သော်လည်း သူတို့က အစီအစဉ်ကို ရိုက်ကူးနေဆဲဖြစ်သည်ကြောင့် hot searchမှာ လျင်လျင်မြန်မြန်ဖယ်ရှားခံလိုက်ရသော်ငြား တိုက်ရိုက်ထုတ်လွှင့်မှုအပေါ် သက်ရောက်မှုတချို့ ရှိနေပါသေးသည်။
[ငါ အခုပဲ hot searchကပြန်လာတာ၊ စုချီယွဲ့ရဲ့ နောက်ခံကဘာလဲ၊ တစ်ယောက်ယောက်လောက် ရှင်းပြပေးနိုင်မလားဟင်?]
[ဘာနောက်ခံပဲဖြစ်ဖြစ်လေ သူက တခြားတစ်ယောက်နဲ့ ချစ်ကြိုက်နေတာက အမှန်ပဲပေါ့။ မှားနေရင် ကောလာဟလတွေ လိုက်ဖြန့်နေတယ်ဆိုပြီး သူများတွေကို တရားစွဲသင့်တယ်လေ]
[hot searchကို ဖယ်ရှားလိုက်ပြီ။ နောက်ခံက အံ့သြစရာပဲဟေ့]
[ထန်ယဲ့က ရှိုးမှာပါဝင်ဖို့ အတင်းတွန်းအားပေးခံရတာလည်း ဖြစ်နိုင်တယ်နော်။ ထန်ယဲ့က ရသစုံရှိုးတွေမှာ တစ်ခါမှမပါဝင်ဖူးမှန်း လူတိုင်းသိကြတာပဲ၊ အထူးသဖြင့် အချစ်ရသစုံရှိုးတွေမှာပေါ့]
[ကောကောက စုရှောင်ကောကောကို သဘောကျနေတာ အသိသာကြီးကို၊ မဟုတ်တာတွေလျှောက်ပြောမနေနဲ့ဟဲ့]
[ဝူး ဝူး ဝူး ကောကောရေ နင့်ပေါင်ပေ့လေး နာမည်ဖျက်ခံနေရပြီနော်၊ နင်တို့က တကယ်ချစ်နေကြတာလို့ လူတိုင်းကို မြန်မြန်ပြောလိုက်တော့!]
ထန်ယဲ့ တစ်နာရီကြာအိပ်ပြီးနောက် နိုးလာသည့်အခါ ကုတင်ပေါ်တွင် တစ်ယောက်တည်းဖြစ်နေမှန်း တွေ့ရှိလိုက်ရ၍ အိပ်ယာမှထကာ စုချီယွဲ့ကို လိုက်ရှာလေပြီ။ သူ ဧည့်ခန်းသို့ လျှောက်လာသည့်အခါ မျက်မှောင်ကြုတ်လျက် ဖုန်းကိုစိုက်ကြည့်နေသော စုချီယွဲ့ကို တွေ့လိုက်ရသည်။
"မင်း ဘာကြည့်နေတာလဲ?"
"ကွန်မန့်တွေကို"
ထန်ယဲ့ သူ့ဖုန်းကို ယူလိုက်ရာ ကွန်မန့်အများအပြား ချက်ချင်းပြန်တက်လာပြန်သည်။
[အား အား အား ကောကော ငါ့ကိုကြည့်နေပြီ၊ ငါတို့အားလုံးဒီမှာရှိတယ်နော်]
[ထန်ယဲ့ ကျေးဇူးပြုပြီး ကိုယ့်ကိုကိုယ်ဂရုစိုက်ပါဦး၊ နောက်ခံရှိတဲ့ အပျော်တမ်းလေးက မင်းကို ဒီအခြေအနေထိရောက်အောင် တွန်းအားပေးခံရတာ ရှက်စရာပဲနော်]
[ကောကော မင်း ပြန်ပေးဆွဲခံရတာဆိုရင် မျက်တောင်ခတ်ပြလိုက်]
စုချီယွဲ့ အလျင်စလို ပြောလိုက်မိသည်။ သူ တုံ့ပြန်နိုင်သည့်အချိန် ထန်ယဲ့က ဖုန်းကို ယူသွားနှင့်ပြီးဖြစ်သည်။
ထန်ယဲ့ မကြာသေးမီက အလုပ်များလွန်းခဲ့ပြီး ဖန်းပိုင်ကလည်း ဘာမှမပြောပြထားသည်ကြောင့် စုချီယွဲ့ ဒီလိုအရာတွေကို ကြုံတွေ့ခဲ့ရမှန်း သူလုံးဝမသိခဲ့။
စုချီယွဲ့ မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီး အသံသွင်းခံရမည်ကိုစိုး၍ တိုးတိုးလေးပြောလိုက်သည်။
"ချောင်းကောက သူ ကိုင်တွယ်လိုက်မယ်လို့ ပြောတယ်"
ထန်ယဲ့ ခေါင်းလှည့်ကာ ကင်မရာကိုကြည့်လိုက်ပြီး
"ငါ့ကို ဘယ်သူမှပြန်ပေးမဆွဲဘူး၊ ငါ ရှိုးမှာပါဖို့ ဘယ်သူမှလည်း အတင်းအကြပ်မလုပ်ထားဘူး။ စုချီယွဲ့က ဘယ်လိုလူမျိုးလဲဆိုတာကတော့ ငါက တခြားသူတွေထက် ပိုသိတယ်လို့ ထင်တာပဲ။ မင်းတို့က သူဘယ်လိုလူမျိုးလဲသိချင်ရင် ငါတို့ရှိုးကိုဆက်ကြည့်နေလို့ရတယ်၊ စုချီယွဲ့ကို ဆက်ပြီးအာရုံစိုက်ထားနိုင်တယ်"
xxx
Zawgyi
စုခ်ီယြဲ႔ မီးဖိုေခ်ာင္ကို သန႔္ရွင္းေရးလုပ္ၿပီးေနာက္ ထန္ယဲ့ကို သြားရွာလိုက္သည့္အခါ သူ ကုတင္ေပၚမွာ အိပ္ေပ်ာ္သြားၿပီမွန္း ေတြ့ရိွလိုက္ရသည္။
စုခ်ီယြဲ႔ ေျခဖ်ားေထာက္ကာ သာသာေလး ေလ်ွာက္လာၿပီး သူ႔ကို ေစာင္ပါးတထည္ၿခံဳေပးလိုက္၏။ ေလေအးေပးစက္၏ အပူခ်ိန္ဟာ အေတာ္ေလးနိမ့္ေနသည္ေၾကာင့္ ေစာင္မၿခံဳထားပါက အေအးမိသြားႏိုင္သည္ေလ။
[စုခ်ီယြဲ႔က သူ႔စကားေတြမတည္ဘူးဟ။ ေကာေကာနဲ႔ အတူတူအိပ္ေပးမယ္လို႔ ကတိေပးထားေပမယ့္ တကယ္တမ္းက်ေတာ့ သူ႔ကို ေစာင္ေလးပဲၿခံဳေပးၿပီး ထြက္ေျပးသြားတယ္ေဟ့]
[@အစီအစဉ္အဖြဲ႔ေရ ထြက္လာၿပီး ဒါကိုအေရးယူပါၪီး။ ဧၫ့္သည္က သူ႔ကတိကို ေဖာက္ဖ်က္ရင္ ဘာလုပ္သင့္သလဲ]
[ငါ့ေကာေကာ အိပ္ေပ်ာ္ေနတဲ့ပံုေလးက တကယ္ကို လွပေနလိုက္တာဟယ္၊ ငါ ဘယ္လိုနတ္ဘုရားမ်ိဳးေနာက္ကိုလိုက္ေနတာပါလိမ့္]
စုခ်ီယြဲ႔သည္ ထန္ယဲ့ အိပ္ေပ်ာ္သြားသည္ကို အခြင့္ေကာင္းယူကာ ဧၫ့္ခန္းထဲသို႔ အလ်င္အျမန္ေျပးသြားခဲ့သည္။
ကင္မရာေရ႔ွမွာ သူ ထန္ယဲ့ႏွင့္အတူတူ လဲေလ်ာင္းေနရမယ္ေပါ့ေလ၊ သူက ရူးေနလို႔လားလို႔?
သူ ေတြးေတာေနစဥ္မွာပင္ WeChatမွာ အဆက္မျပတ္တုန္ခါလာေလ၏။
စုခ်ီယြဲ႔ ေနာက္ဆံုးတစ္ေခါက္မွ အေတြ့အႀကံဳေၾကာင့္ သီးသန႔္စခရင္အကာအကြယ္ကို အရင္ထားႏွင့္ၿပီးမွ Wechatကိုဖြင့္ၾကည့္လိုက္ရာ ဟယ္ေခ်ာင္းျဖစ္ေနသည္။
ဟယ္ေခ်ာင္း : [[Screenshot.jpg] မင္း ဒီကိစၥကို ဘယ္လိုကိုင္တြယ္ခ်င္လဲ]
စုခ်ီယြဲ႔ ၄ကို ႏိွပ္လိုက္သည့္အခါ Weiboပို႔စ္တခ်ိဳ႕၏ screenshotမ်ားကို ေတြ့လိုက္ရ၏။
@စုခ်ီယြဲ႔ ဒီေန့ အရွက္ရိွလား : စုခ်ီယြဲ႔မွာ ေနာက္ခံေကာင္းေကာင္းရိွတာပဲ ဟုတ္တယ္မလား? မင္းက ငါ့ Weiboအေကာင့္ကို ဖ်က္ပစ္လိုက္ရင္ ငါကလည္း ေနာက္တစ္ခါထပ္ဖြင့္မွာေပါ့၊ မင္း ငါ့ကို ဘာလုပ္ႏိုင္မလဲ ၾကည့္ေနမယ္ကြ။ ဘာလဲ မင္းက က်န္းတရဲ့ အေခ်ာဆံုး က်ိဳးရွင္းယဲ့ႏွင့္ ခ်စ္ႀကိဳက္ခဲ့တာကို ဝန္မခံရဲဘူးလား? မင္း ဝန္မခံရဲရင္လည္း မလုပ္နဲ႔ေလ။ က်န္းတဖိုရမ္တစ္ခုလံုးမွာ မင္းတို႔ႏွစ္ေယာက္ပို႔စ္ေတြခ်ည္းပဲဆိုတာ မင္းမသိဘူးလား? တကယ္ကို ရြံစရာေကာင္းတယ္!
@စုခ်ီယြဲ႔ ဒီေန့ အရွက္ရိွလား : အေပ်ာ္တမ္းေတြက သူတို႔ပြဲၪီးထြက္ဖို႔ ထန္ယဲ့ကို ဖားယားဖို႔ႀကိဳးစားေနတာပဲ မွန္တယ္မလား? ထန္ယဲ့ႏွင့္ အတူတူတြဲေပၚလာၿပီဆိုတာနဲ႔ သူတို႔ရဲ့ ေက်ာ္ၾကားမႈကလည္း တေန့တျခား တိုးလာတာပဲေလ။ အခု သူလည္း သူတို႔CP hypeလုပ္ဖို႔ တျခားသူေတြကို အသံုးခ်ေနၿပီ။ စုခ်ီယြဲ႔ ေနာက္ခံက ထန္ယဲ့ထက္ ပိုအင္အားႀကီးပံုရတယ္ေနာ္။ ငါေတာ့ သူ႔ကို တကယ္ေလးစားမိပါရဲ့ကြာ။ စုခ်ီယြဲ႔ ငါ ေကာလဟာလေတျြဖန႔္ေနတာလို႔ မင္းထင္ရင္ ဘာလို႔ ငါ့ကိုတရားမစြဲတာလဲ?
@စုခ်ီယြဲ႔ ဒီေန့ အရွက္ရိွလား : စုခ်ီယြဲ႔ မင္း ငါ့ကိုတရားမစြဲရင္ မင္း ေယာက်္ားမဟုတ္ဘူးပဲ!
ဤ "စုခ်ီယြဲ႔ ဒီေန့ အရွက္ရိွလား"ဆိုေသာ အေကာင့္သည္ ယခင္ "စုခ်ီယြဲ႔ကအမိႈက္ေကာင္"ဆိုေသာ အေကာင့္က အသစ္ျပန္ဖြင့္ထားသည့္ အေကာင့္ျဖစ္သလို ပို႔စ္တင္ေသာအေၾကာင္းအရာမွာ လူတစ္ၪီးတည္းအေၾကာင္းပင္။
ဒီလူဟာ အေတာ္ေလးေဒါသထြက္ေနပံုရကာ Weiboမွာ ပို႔စ္ ၃ခု ဆက္တိုက္တင္ပစ္ခဲ့ၿပီး #စုခ်ီယြဲ႔# နာမည္ကို hot searchျဖစ္လာရန္ ဝယ္ခဲ့ေပသည္။
ေနာက္ဆံုးအႀကိမ္ႏွင့္ ကြာျခားသည္မွာ ယခုအႀကိမ္ကား အျမင့္ဆံုးရွာေဖြမႈ ၁၀ေနရာေျမာက္ကို တိုက္ရိုက္ဝယ္လိုက္ျခင္းပင္။ ေခါင္းစဉ္မွာ လံုးဝတစ္ဖက္သတ္ျဖစ္ေနသလို တခ်ိဳ႕ Big Vsမ်ားကလည္း ဤအေၾကာင္းကို ျပန္တင္ထားေသာေၾကာင့္ trendျဖစ္ေနေလ၏။
စုခ်ီယြဲ႔ : [ခင္ဗ်ားဘယ္လိုထင္လဲ? ကြၽန္ေတာ္က အေတြ့အႀကံဳတကယ္မရိွလို႔။ ၿပီးခဲ့တဲ့အႀကိမ္တုန္းက ဒီအေကာင့္ကို ကုမၸဏီက ဖ်က္ပစ္လိုက္တာ]
ဟယ္ေခ်ာင္း : [ဘာမွမတံု႔ျပန္ဘဲ လ်စ္လ်ူရႈလိုက္။ Hot searchကို ငါကိုင္တြယ္လိုက္မယ္၊ Weiboမွာ ပို႔စ္တင္ထားတဲ့သူရဲ့ IP ကိုလည္း စစ္ေဆးလိုက္မယ္]
စုခ်ီယြဲ႔ ေတြးေနမိသည္မွာ - သူက ဘာမွမတံု႔ျပန္ဘဲ လ်စ္လ်ူရႈထားပါက ဒီလူဟာ ဆက္တိုက္ခုန္ေပါက္ေနေလာက္တယ္ေပါ့။ ဘာလို႔လဲဆိုေတာ့ လူေတြ အေကာင့္အသစ္ေတြဖြင့္ၿပီး hot searchဝယ္ဖို႔ ပိုက္ဆံသံုးေနတာကို ဘယ္သူမွသြားတားေနလို႔မရဘူးေလ....
သို႔ေသာ္ ဟယ္ေခ်ာင္းက ဤနယ္ပယ္တြင္ အေတြ့အႀကံဳမ်ားစြာရိွေသာေၾကာင့္ သူ႔ကို ကိုင္တြယ္ခြင့္ေပးလိုက္သည္ကလည္း ျပႆနာမရိွေလာက္ေပ။
စုခ်ီယြဲ႔ : [ေကာင္းပါၿပီ]
ဟယ္ေခ်ာင္း : [အနာဂတ္မွာ မင္း ဘယ္လိုပံုရိပ္မ်ိဳး တည္ေဆာက္ခ်င္လဲ? ဘယ္လမ္းေၾကာင္းကို သြားခ်င္လဲ?]
စုခ်ီယြဲ႔ : [ပံုရိပ္လား? ကြၽန္ေတာ္က ကြၽန္ေတာ္ပဲေလ၊ ဘယ္လိုပံုရိပ္မ်ိဳးလိုအပ္လို႔လဲဗ်?]
စုခ်ီယြဲ႔ လံုးဝ နားမလည္ပါေခ်။ ပံုစံအစစ္အတိုင္းေနသည္က ပိုေကာင္းသည္မဟုတ္ပါေလာ။ ကင္မရာေရ႔ွမွာ တျခားတစ္ေယာက္လို ဟန္ေဆာင္ရသည္မွာ ပင္ပန္းလြန္းလွသလို တစ္ေန့မွာ ေဖာ္ထုတ္ခံရႏိုင္ေသးသည္ေလ...
ဟယ္ေခ်ာင္း : [ပံုရိပ္ေကာင္းေတြက ပိုၿပီးဆြဲေဆာင္မႈရိွတယ္ေလ။ ဥပမာေျပာရရင္ တည့္တိုးဆန္တာ၊ အစားသမား... အဲ့လိုမ်ိဳးေပါ့]
စုခ်ီယြဲ႔ : [မလိုပါဘူးဗ်ာ၊ ကြၽန္ေတာ္ကိုယ္တိုင္ကပဲ ပိုေကာင္းပါတယ္။ တျခားသူေတြ ကြၽန္ေတာ့္ကို မႀကိဳက္ရင္ ကြၽန္ေတာ္လည္း ဘာမွမတတ္ႏိုင္ဘူးေလေနာ္]
ဟယ္ေခ်ာင္း : [ကုမၸဏီက မင္းအတြက္ Weiboအေကာင့္သစ္ဖြင့္ထားေပးတယ္။ ေလာေလာဆယ္ ငါ မင္းအတြက္ ဂရုစိုက္ေပးထားလိုက္မယ္။ ဒီတစ္ပိုင္းရိုက္ကူးေရးၿပီးသြားရင္ ကုမၸဏီက မင္းကို ဟိုင္နမီဒီယာရဲ့ လက္မွတ္ထိုးထားတဲ့ အႏုပညာရွင္အသစ္အျဖစ္ တရားဝင္ေၾကျငာေပးလိမ့္မယ္]
စုခ်ီယြဲ႔ : [ကြၽန္ေတာ့္အတြက္ ဖြင့္ေပးထားတဲ့ Weiboအေကာင့္ကို ကြၽန္ေတာ့္ဆီ ဘာလို႔မေပးတာလဲဟင္?]
ဟယ္ေခ်ာင္း : [မင္း weiboမွာ ေလ်ွာက္တင္မလား၊ က်ပန္းပို႔စ္ေတြကို လိုက္ခ္လုပ္မလား ဆိုတာေတြ ငါမေသခ်ာေသးလို႔ ငါပဲဂရုစိုက္ထားရမွာေပါ့]
စုခ်ီယြဲ႔ : [ခင္ဗ်ားက ကြၽန္ေတာ့္ကို အထင္ေသးလိုက္တာဗ်ာ။ ကြၽန္ေတာ္က Weiboမွာ ႀကံဳသလိုမွတ္ခ်က္ေတြ လိုက္ေရးၿပီး ပို႔စ္ေလ်ွာက္တင္တတ္တဲ့လူစားမ်ိဳးလား? ဟာသပဲ!]
စုခ်ီယြဲ႔ Weiboကို စစ္ေဆးၾကၫ့္လိုက္သည့္အခါ ခဏအၾကာတြင္ hot searchေခါင္းစဉ္မွာ ေပ်ာက္ကြယ္သြားၿပီမွန္း ေတြ့ရိွလိုက္ရ၏။
သို႔ေသာ္လည္း သူတို႔က အစီအစဉ္ကို ရိုက္ကူးေနဆဲျဖစ္သည္ေၾကာင့္ hot searchမွာ လ်င္လ်င္ျမန္ျမန္ဖယ္ရွားခံလိုက္ရေသာ္ျငား တိုက္ရိုက္ထုတ္လႊင့္မႈအေပၚ သက္ေရာက္မႈတခ်ိဳ႕ ရိွေနပါေသးသည္။
[ငါ အခုပဲ hot searchကျပန္လာတာ၊ စုခ်ီယြဲ႔ရဲ့ ေနာက္ခံကဘာလဲ၊ တစ္ေယာက္ေယာက္ေလာက္ ရွင္းျပေပးႏိုင္မလားဟင္?]
[ဘာေနာက္ခံပဲျဖစ္ျဖစ္ေလ သူက တျခားတစ္ေယာက္နဲ႔ ခ်စ္ႀကိဳက္ေနတာက အမွန္ပဲေပါ့။ မွားေနရင္ ေကာလာဟလေတြ လိုက္ျဖန႔္ေနတယ္ဆိုၿပီး သူမ်ားေတြကို တရားစြဲသင့္တယ္ေလ]
[hot searchကို ဖယ္ရွားလိုက္ၿပီ။ ေနာက္ခံက အံ့ၾသစရာပဲေဟ့]
[ထန္ယဲ့က ရိႈးမွာပါဝင္ဖို႔ အတင္းတြန္းအားေပးခံရတာလည္း ျဖစ္ႏိုင္တယ္ေနာ္။ ထန္ယဲ့က ရသစံုရိႈးေတြမွာ တစ္ခါမွမပါဝင္ဖူးမွန္း လူတိုင္းသိၾကတာပဲ၊ အထူးသျဖင့္ အခ်စ္ရသစံုရိႈးေတြမွာေပါ့]
[ေကာေကာက စုေရွာင္ေကာေကာကို သေဘာက်ေနတာ အသိသာႀကီးကို၊ မဟုတ္တာေတြေလ်ွာက္ေျပာမေနနဲ႔ဟဲ့]
[ဝူး ဝူး ဝူး ေကာေကာေရ နင့္ေပါင္ေပ့ေလး နာမည္ဖ်က္ခံေနရၿပီေနာ္၊ နင္တို႔က တကယ္ခ်စ္ေနၾကတာလို႔ လူတိုင္းကို ျမန္ျမန္ေျပာလိုက္ေတာ့!]
ထန္ယဲ့ တစ္နာရီၾကာအိပ္ၿပီးေနာက္ ႏိုးလာသည့္အခါ ကုတင္ေပၚတြင္ တစ္ေယာက္တည္းျဖစ္ေနမွန္း ေတြ့ရိွလိုက္ရ၍ အိပ္ယာမွထကာ စုခ်ီယြဲ႔ကို လိုက္ရွာေလၿပီ။ သူ ဧၫ့္ခန္းသို႔ ေလ်ွာက္လာသည့္အခါ မ်က္ေမွာင္ၾကဳတ္လ်က္ ဖုန္းကိုစိုက္ၾကၫ့္ေနေသာ စုခ်ီယြဲ႔ကို ေတြ့လိုက္ရသည္။
"မင္း ဘာၾကၫ့္ေနတာလဲ?"
"ကြန္မန္႔ေတြကို"
ထန္ယဲ့ သူ႔ဖုန္းကို ယူလိုက္ရာ ကြန္မန္႔အမ်ားအျပား ခ်က္ခ်င္းျပန္တက္လာျပန္သည္။
[အား အား အား ေကာေကာ ငါ့ကိုၾကၫ့္ေနၿပီ၊ ငါတို႔အားလံုးဒီမွာရိွတယ္ေနာ္]
[ထန္ယဲ့ ေက်းဇူးျပဳျပီး ကိုယ့္ကိုကိုယ္ဂရုစိုက္ပါၪီး၊ ေနာက္ခံရိွတဲ့ အေပ်ာ္တမ္းေလးက မင္းကို ဒီအေျခအေနထိေရာက္ေအာင္ တြန္းအားေပးခံရတာ ရွက္စရာပဲေနာ္]
[ေကာေကာ မင္း ျပန္ေပးဆြဲခံရတာဆိုရင္ မ်က္ေတာင္ခတ္ျပလိုက္]
စုခ်ီယြဲ႔ အလ်င္စလို ေျပာလိုက္မိသည္။ သူ တံု႔ျပန္ႏိုင္သည့္အခ်ိန္ ထန္ယဲ့က ဖုန္းကို ယူသြားႏွင့္ၿပီးျဖစ္သည္။
ထန္ယဲ့ မၾကာေသးမီက အလုပ္မ်ားလြန္းခဲ့ၿပီး ဖန္းပိုင္ကလည္း ဘာမွမေျပာျပထားသည္ေၾကာင့္ စုခ်ီယြဲ႔ ဒီလိုအရာေတြကို ႀကံဳေတြ့ခဲ့ရမွန္း သူလံုးဝမသိခဲ့။
စုခ်ီယြဲ႔ မ်က္ေတာင္တဖ်တ္ဖ်တ္ခတ္လိုက္ၿပီး အသံသြင္းခံရမည္ကိုစိုး၍ တိုးတိုးေလးေျပာလိုက္သည္။
"ေခ်ာင္းေကာက သူ ကိုင္တြယ္လိုက္မယ္လို႔ ေျပာတယ္"
ထန္ယဲ့ ေခါင္းလွည့္ကာ ကင္မရာကိုၾကၫ့္လိုက္ၿပီး
"ငါ့ကို ဘယ္သူမျွပန္ေပးမဆြဲဘူး၊ ငါ ရိႈးမွာပါဖို႔ ဘယ္သူမွလည္း အတင္းအၾကပ္မလုပ္ထားဘူး။ စုခ်ီယြဲ႔က ဘယ္လိုလူမ်ိဳးလဲဆိုတာကေတာ့ ငါက တျခားသူေတြထက္ ပိုသိတယ္လို႔ ထင္တာပဲ။ မင္းတို႔က သူဘယ္လိုလူမ်ိဳးလဲသိခ်င္ရင္ ငါတို႔ရိႈးကိုဆက္ၾကၫ့္ေနလို႔ရတယ္၊ စုခ်ီယြဲ႔ကို ဆက္ၿပီးအာရံုစိုက္ထားႏိုင္တယ္"
xxx
You are reading the story above: TeenFic.Net