[Unicode]
ဤနေရာရှိ ရှုခင်းမှာလှပသည့်အပြင် ပတ်ဝန်းကျင်လည်း သာယာလှ၏။ စုချီယွဲ့ ခေါင်းလှည့်ကာ ကင်မရာမန်းကိုကြည့်၍
"ဒီတော့ ပရိုဂရမ်အဖွဲ့က အားလပ်ရက်အတွက် ဒီလိုနေရာကောင်းတစ်ခု စီစဉ်ပေးထားတာပေါ့နော်?"
ကင်မရာမန်းက စကားတစ်ခွန်းမှပြန်မပြောဘဲ သူ့ကို အလေးအနက်စိုက်ကြည့်နေလျက်၊ အဓိပ္ပါယ်ကတော့ သူ့ဘာသာသူ သဘောပေါက်အောင်လုပ်ပေါ့လေ...
စုချီယွဲ့သည် ဆိုင်းဘုတ်များအတိုင်းလိုက်နာကာ သစ်သားတံတားကိုဖြတ်ကျော်၍ စင်္ကြံမှာလမ်းလျှောက်လာပြီး နောက်ဆုံးတွင် အပန်းဖြေစခန်း၏ဧည့်သည်စောင့်ဆိုင်းခန်း(lobby)သို့ ရောက်လာခဲ့သည်။
သူဝင်လာပြီးနောက် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်နေကြသော ဧည့်သည်များစွာရှိနေပြီမှန်း တွေ့လိုက်ရလေသည်။
"အားလုံးပဲမင်္ဂလာပါဗျ ကျွန်တော်က စုချီယွဲ့ပါ"
လူတိုင်းခေါင်းလှည့်လာကြ၍ စုချီယွဲ့လည်း အားလုံးကို အမြန်နှုတ်ဆက်လိုက်သည်။
ဤနေရာရှိလူအများစုမှာ ဖျော်ဖြေရေးနယ်ပယ်၏ ထိပ်တန်းနာမည်ကြီးများပင်။ စုချီယွဲ့၊ ကျန်းဇီဖျင်နှင့် မင်းသမီးယန်ယွဲ့တို့ကသာ လူသိမများကြသော်ငြား ကျန်းဇီဖျင်နှင့် ယန်ယွဲ့တို့ကိုမူ သူတို့ကုမ္ပဏီက ပျိုးထောင်လိုစိတ်ရှိကြမှန်း တွေ့မြင်နိုင်သည်။ ဤအခွင့်အရေးမှာ ချဲ့ကားလွန်းသည်မဟုတ်။
ဧည့်သည်တော်တော်များများက ဤအပျော်တမ်းလေး၏ပုံစံကို အမှန်တကယ်တွေ့ချင်ခဲ့ကြသည်။ သို့သော်လည်း ယနေ့ သူတို့ သူ့ကိုတွေ့လိုက်ရသောအခါ ဤမျှချောမောပြီး ယဥ်ကျေးသူဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထား၍ ချက်ခြင်းပင် သူ့ကို သဘောကျသွားကြသည်။
နာမည်ကြီးမင်းသမီးအန်းလုက သူ့ကိုလက်ပြကာ "ဒီမှာလာထိုင်လေ"
စုချီယွဲ့ ကျေးဇူးတင်လိုက်ကာ၊ အန်းလု၏ဘေးတွင် တကယ်ပဲနေရာနှစ်ခုရှိနေသည်ကိုတွေ့လိုက်ရသဖြင့် သွားထိုင်လိုက်သည်။
စုချီယွဲ့သည် ပတ်ပတ်လည်ကို ကြည့်လိုက်သည့်အခါ နာမည်ကြီးမင်းသမီး အန်းလု၊ မျိုးဆက်သစ်အဆိုတော် ထုန်ယန်၊ နာမည်ကြီး တေးရေးဆရာ ဖန်းမင်ရွှီ၊ နာမည်ကျော်ကြယ်ပွင့် ဟယ်ဝမ်ကျောင်းတို့ကိုတွေ့လိုက်ရသည်။ သူမသိသောတစ်ဦးတည်းလူမှာ သူ့ဘေးနားရှိ ယန်ယွဲ့ပင်။
သူတို့ထဲမှ လူတော်တော်များများဟာ ဖျော်ဖြေရေးနယ်ပယ်တွင် အဆင့်အတန်းတစ်ခုရှိကြပြီး လွှမ်းမိုးနိုင်သူများဖြစ်ကြသည်။ စုချီယွဲ့ကို မဆိုးဘူးလို့ သူတို့ခံစားရသော်လည်း လူတိုင်းက ရိုးရိုးရှင်းရှင်း နှုတ်ဆက်ပြီးနောက် ထွေထွေထူးထူး ဘာမှဆက်မပြောကြတော့ပေ။
စုချီယွဲ့သည် ဒါကသာမန်ပါပဲလို့ ခံစားရ၏။ သူတို့အချင်းချင်းမသိကြတဲ့ဟာ၊ စကားစမြည်ပြောဖို့အဆင်မပြေဘူးလေ။
သူတို့ထိုင်ပြီးသိပ်မကြာခင်မှာပင် ခုနစ်ယောက်မြောက်ဧည့်သည် ရောက်လာခဲ့သည်။
စုချီယွဲ့ကြည့်လိုက်သည့်အခါ ကျန်းဇီဖျင်ကို တွေ့လိုက်ရသည်။
အန်းလုက ကျန်းဇီဖျင်ကိုကြည့်ပြီး "ဒီရသစုံရှိုးမှာ ပါဝင်ရတာ ဒီလောက်ကောင်းလိမ့်မယ်လို့ ငါမမျှော်လင့်ထားမိဘူး။ မျက်စိပဒေသာရှိလိုက်တာနော်"ဟူ၍ ပြောလိုက်၏။
ကျန်းဇီဖျင် လူတိုင်းကိုနှုတ်ဆက်ရန် လမ်းလျှောက်လာပြီး နောက်မှ သူ့အကြည့်များက စုချီယွဲ့ထံ ကော်နှင့်ကပ်သွားပုံရလျက်။
စုချီယွဲ့သည် ကျန်းဇီဖျင်ဝင်လာသည်ကို မြင်လိုက်ရသည့်အခါ သူ့နှလုံးသားထဲမှာ ခံစစ်စည်းထားလိုက်လေပြီ။ ဆိုရိုးစကားအတိုင်း ရန်သူများတွေ့ဆုံကြသည့်အခါ အမြဲလိုလိုမနာလိုဖြစ်တတ်သောကြောင့် တိုက်ပွဲဝင်ရန်အမြဲအသင့်ရှိနေရမည်ပင်။
လုပ်အားခမြင့်မြင့်ရဖို့ မလွယ်ကူမှန်း၊ သူ့ဘေးမှာ အချိန်မရွေး နောက်ကျောကိုဓားနှင့်ထိုးနိုင်သည့်သူ ပေါ်လာနိုင်ပြီး သူ့အသက်အန္တရာယ်ကို အချိန်မရွေးခြိမ်းခြောက်ခံရလိမ့်မည်ဟု သူပြောခဲ့သားပဲလေ။
ထုန်ယန်သည် ဆိုဖာပေါ်တွင် ပျင်းရိစွာခွေခေါက်နေလျက် ကျန်းဇီဖျင်နှင့် စုချီယွဲ့တို့ကို စိတ်ဝင်တစားကြည့်နေပြီး
"ဒီတော့ ရုပ်ချောတဲ့ဆယ်ကျော်သက်လူငယ်လေးတွေကြားမှာ မီးပွားထတောက်ဖို့ လွယ်ကူတာလား?"
ဤသည်မှာ စုချီယွဲ့နှင့် ကျန်းဇီဖျင်ကို ရည်ညွှန်းခြင်းပင်။
ကျန်းဇီဖျင်ကို ဤကဲ့သို့မြင်ရသူတိုင်းက သူဝင်ဝင်လာချင်းမှာပင် စုချီယွဲ့ကို ချစ်မိသွားတယ်လို့ တွေးကြပေလိမ့်မည်။
"ဒါရိုက်တာအဖွဲ့ရေ သူတို့ကို ဘာလို့တစ်သင်းထဲမထားလိုက်လဲ?"
ထုန်ယန်က လူတွေကို ကျပန်းတွဲဖက်ပေးနေတော့သည်။
"ဟင့်အင်း!"
"အိုကေ!"
နှစ်ယောက်သား အတူတူအော်လိုက်ကြပေမယ့် အဖြေကတော့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေလျက်။
စုချီယွဲ့ နားမလည်နိုင်တော့ပါချေ။ ကျန်းဇီဖျင်က ပြန်လည်မွေးဖွားခဲ့ပြီး သူ့ယခင်ဘဝမှာလည်း လက်စားချေခဲ့ပြီးပြီလေ။ ဒီဘဝမှာ သူ့ဘ၀သူ ကောင်းကောင်းရှင်သန်တာ ပိုမကောင်းဘူးလား? ဘာလို့ သူနဲ့လာရှုပ်နေရသေးတာတုန်းလို့?
[ဒီတော့ ကျန်းဇီဖျင်က မြင်မြင်ချင်းချစ်မိသွားတာလားဟင်?]
[ဘာကိုမြင်မြင်ချင်းချစ်မိသွားရမှာလဲ? ဒါက မြင်မြင်ချင်းလိုချင်တပ်မက်သွားတာပဲပေါ့ဟ!]
[ဝူး ဝူး ဝူး ထန်ကောရေ ကောပွေ့ဖက်ခဲ့တဲ့ ရှောင်ကောကောအလှလေးကို တစ်ယောက်ယောက်လုယူသွားတော့မယ်လို့]
[ငါ့ထန်ကောက တကယ်သနားစရာကောင်းတာပဲဟာ။ သူ တစ်ယောက်ယောက်နဲ့ ရင်းနှီးဖို့ဆိုတာ ဒီလောက်ခက်တာကို၊ ဒါပေမဲ့ သူ(SCY)ကတော့ တခြားသူတွေနဲ့ ဖလစ်နေတုန်းပဲ။ ငါ့ထန်ကောက သူ့ကို ထပ်ပြီးကောင်းကောင်းဆက်ဆံရင် ငါက ပထမဆုံးကန့်ကွက်မှာပဲ]
[ကန့်ကွက်တယ် +1 ]
[ငါက စင်စစ်ဖြတ်သွားဖြတ်လာလေးပါ။ နင်တို့ပရိတ်သတ်တွေက အရမ်းသဘောထားကြီးလွန်းတာပဲနော်။ နင်တို့က နင်တို့ထန်ကောကို စုချီယွဲ့ဆီရောင်းစားနေကြတာလားဟ?]
[နင်နားမလည်ပါဘူးနော်၊ ငါ့ကောကောက တစ်ယောက်တည်းနေဖို့ ကံပါလာတာလေ၊ နားလည်ရဲ့လား? ငါ့ကောကောက တစ်ယောက်ယောက်နဲ့ ရင်းရင်းနှီးနှီးဆက်ဆံလိုတာကို တွေ့ရတာဟာ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်ပဲလေ၊ သူက ဘယ်လိုလုပ်ပြီး ငါ့ကောကောကို ရက်ရက်စက်စက် စွန့်ပစ်နိုင်ရလဲ? ဝူး ဝူး ဝူး... ငါ့ကောကောက တစ်နေရာရာမှာ ပုန်းအောင်းနေပြီး ဝမ်းနည်းနေတော့မှာပဲ]
နောက်ကွယ်မှ ဒါရိုက်တာလည်း သူ့နဖူးပေါ်ကချွေးတွေကို သုတ်လိုက်ရသည်။ ဘယ်လိုလုပ်ပြီး သူ့စိတ်တိုင်းကျ စုချီယွဲ့ကို အဖွဲ့ဖွဲ့ပေးနိုင်မှာလဲလို့?
စုချီယွဲ့နှင့် ကျန်းဇီဖျင်တို့က အော်ဟစ်လိုက်ကြပြီးနောက် နားနေခန်းမှာ တိတ်ဆိတ်သွားလျက်။
ကျန်းဇီဖျင် နှာမှုတ်ကာ စုချီယွဲ့၏ဆန့်ကျင်ဘက်တွင် ဝင်ထိုင်လိုက်ပြီး စကားတစ်ခွန်းမှမပြောတော့ပေ။
စုချီယွဲ့လည်း သူ့ကိုကြည့်ပင်မကြည့်ခဲ့။ အဲ့ဒါက စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်လေ၊ နားလည်တယ်မလား?
လူတိုင်း ရောက်ရှိနေကြပြီဖြစ်၍ ပရိုဂရမ်အဖွဲ့လည်း စကားစပြောလာချေပြီ။
"အခုကတော့ အဖွဲ့ခွဲတော့မှာပဲဖြစ်ပါတယ်"
အဖွဲ့ခွဲတော့မည်မှန်း လူတိုင်းကြားလိုက်ရသောအခါ စည်းမျဥ်းများကို သေချာနားထောင်ခဲ့ကြသည်။
"ဒီမှာ နေရာရှစ်ခုရှိပြီး လူတိုင်းရဲ့ ဓာတ်ပုံတွေကိုတင်ထားပါတယ်။ ကြည့်ရတာအဆင်ပြေအောင်လို့ စခရင်ကြီးကြီးမှာ ကြည့်လို့ရပါတယ်"
စုချီယွဲ့ ခေါင်းမော့ကြည့်လိုက်သည့်အခါ ခန်းမ၏တစ်ဖက်ခြမ်းဟာ ပြခန်းအသွင် ပြောင်းသွားမှန်း တွေ့လိုက်ရသည်။ လူရှစ်ဦး၏ဓာတ်ပုံနှင့် အမည်များကို ရှင်းရှင်းလင်းလင်းစီစဥ်ထားကာ "လျှို့ဝှက်ဆန်းကြယ်ဧည့်သည်"ဟူသော စကားလုံးသည်လည်း လျှို့ဝှက်ဆန်းကြယ်ဧည့်သည်အဖြစ်သာ ရေးသားထားဆဲ။
"တရားမျှတဖို့အတွက် လူတိုင်းက မဲနှိုက်ထားတဲ့အစဥ်အတိုင်း ဒီဘောလုံးတွေကို ပစ်ရပါမယ်။ ဘောလုံးဝင်သွားတဲ့ကျင်းရဲ့ သက်ဆိုင်ရာနံပါတ် ဧည့်သည်နဲ့ အဖွဲ့ဖွဲ့ရမှာပါ..."
ဝန်ထမ်းများက မဲနှိုက်ရန်သေတ္တာတစ်လုံးကို ယူလာပေးခဲ့ပေမယ့် စုချီယွဲ့ မဲမနှိုက်လိုက်ရချေ။ အားလုံးမဲနှိုက်ပြီးနောက် သူ ကျန်သည့်နောက်ဆုံးတစ်ခုကိုယူလိုက်ပြီး ဖွင့်ကြည့်လိုက်သည့်အခါ နံပါတ်သုံးကို တွေ့လိုက်ရသည်။ ဆိုလိုသည်မှာ သူသည် အသင်းဖွဲ့ရန်အတွက် ဧည့်သည်ရွေးချယ်ရန် ဘောလုံးပစ်ရမည့် တတိယမြောက်လူပင်။
နံပါတ်တစ်ကိုမဲနှိုက်ခဲ့သူမှာ လှပချောမောပြီး ကြော့ရှင်းသည့် အန်းလုပင်။ သူမ၏ဘောလုံးမှာ ဟယ်ဝမ်ကျောင်း၏ခြင်းတောင်းထဲသို့ လှိမ့်ဝင်သွားသည်ကို လူတိုင်းတွေ့လိုက်ရသည်။
အန်းလုက ဟယ်ဝမ်ကျောင်းဆီကို လျှောက်သွားကာ မေးလိုက်လေသည်။
"ငါတို့က မောင်နှမ ဆက်ဆံရေးလို့ ယူဆလို့ရမလား?"
ဟယ်ဝမ်ကျောင်းသည်လည်း အလွန်ကျော်ကြားပြီး လူကြိုက်များသောကြောင့် သူ့လက်ကို သဘာဝဆန်ဆန် ဆန့်ထုတ်၍ "ဂုဏ်ယူစရာပါပဲဗျာ"ဟူ၍ ပြောလိုက်လေသည်။
အန်းလုက သူ့လက်ကိုလှမ်းကိုင်လိုက်၏။ သူတို့နှစ်ယောက်ဟာ လူချောလေးနှင့် မိန်းမလှလေးဖြစ်နေသဖြင့် အလွန်မျက်စိပဒေသာရှိလှသည်။
နံပါတ်နှစ်မဲလိပ်မှာ ဖန်းမင်ရွှီဖြစ်ပြီး သူက စကားအများကြီးမပြောဘဲ သေသေသပ်သပ် ဘောလုံးကို ပစ်လိုက်သည်။ သူ ရွေးချယ်လိုက်သည့်လူမှာ မင်းသမီးယန်ယွဲ့ပင်။
သူတို့နှစ်ယောက်စလုံးက စကားပြောကောင်းပုံမရသလို ယန်ယွဲ့သည်လည်း အနည်းငယ်ရှက်ရွံ့နေလျက်။
စုချီယွဲ့ကမူ နံပါတ်သုံးဖြစ်၍ သူက အစီအစဉ်အဖွဲ့မှပေးသောဘောလုံးကို လမ်းကြောင်းတစ်လျှောက်ပစ်လိုက်သော်ငြား အနှီဘောလုံးဟာ အရမ်းလေးနေသည်ဟု ခံစားလိုက်ရ၏။ ထို့နောက် အဘယ်ကြောင့်ရယ်မသိ၊ လမ်းကြောင်းမှသွေဖယ်သွားကာ နောက်ဆုံးတွင်မူ လျှို့ဝှက်ဆန်းကြယ်ဧည့်သည်၏ခြင်းတောင်းထဲသို့ ကျသွားလေသည်။
စုချီယွဲ့က ဘောလုံးကိုပိုကြည့်လေလေ တစ်ခုခုမှားနေသည်ဟု အမြဲခံစားနေရလျက်။
အဖွဲ့ဖွဲ့ပြီးသည့်နောက် စုချီယွဲ့က လူတိုင်းမှာ အတွဲလိုက်ဖြစ်နေသည်ကို တွေ့လိုက်ရလေ၏။ ကောင်းတယ်၊ သူကတော့ အရမ်းကျေနပ်တယ်ဟေ့။ အနည်းဆုံးတော့ ကျန်းဇီဖျင်နဲ့ တစ်အုပ်စုတည်းမနေရတော့ဘူးလေ၊ ဘုရားသခင်ကျေးဇူးတင်လိုက်တာဗျာ။
ကျန်းဇီဖျင်နှင့် ထုန်ယန်တို့ နောက်ဆုံးတွင် အုပ်စုဖွဲ့လိုက်ကြသည်။ နှစ်ယောက်အတူရပ်လိုက်ပြီးနောက် ကျန်းဇီဖျင်က စုချီယွဲ့အား ပြင်းပြင်းထန်ထန် စိုက်ကြည့်နေပါသေးသည်။
[အား အား အား ငါ့ရဲ့နတ်ဘုရားမအန်းလုနဲ့ ငါ့ရဲ့နတ်ဘုရားဟယ်ဝမ်ကျောင်းတို့ တစ်ဖွဲ့တည်းတဲ့လား? အိုးမိုင်ဂေါ့ ချိုမြိန်တဲ့အချစ်ပုံပြင်လေးကို မြင်ချင်နေပါပြီနော်]
[လျှို့ဝှက်ဆန်းကြယ်ဧည့်သည်က ဘယ်သူလဲတော့ ငါမသိဘူး၊ အရမ်းသနားစရာကောင်းတာပဲ၊ ဒီအပျော်တမ်းလေးနဲ့ဒိတ်လုပ်ရတော့မှာပေါ့]
[ကျန်းဇီဖျင်က သူလိုချင်တဲ့အချစ်ကိုမရလို့ သူ့ကို မုန်းလိုက်တော့မှာလားဟ? သူကချစ်စရာကောင်းတယ်လို့ ငါ ရုတ်တရက်ကြီးခံစားမိသွားရင် ဘာလုပ်ရမလဲနော်?]
စာရေးသူမှာ ပြောစရာရှိပါတယ်။
ထန်ယဲ့: ငါက လုံးဝသနားစရာမကောင်းပါဘူးနော်၊ စောင့်မျှော်နေရတာ~
အထက်ပုဂ္ဂိုလ်(Gong)က အောက်ပုဂ္ဂိုလ်(Shou)လေးကို ဘာလို့ရုတ်တရက်ကြီးချစ်မိသွားရတာလဲလို့ ခရုတီလေးတစ်ယောက်မေးထားတာ ငါတွေ့လိုက်ရတယ်။ အကြောင်းရင်းကို နောက်မှ ရှင်းပြပါမယ်။
စကားမစပ် Gongက လက်ရှိshouလေးကို ကြိုက်နေတာပါ။ မူရင်းစာအုပ်ထဲမှာ Gongက shouကိုကြိုက်နေလို့လားလို့ မေးခွန်းထုတ်စရာမလိုပါဘူး။ ချစ်တယ်နော် ~
xxx
ကဲ ပရိသတ်ကြီးတို့ရော လျှို့ဝှက်ဆန်းကြယ်ဧည့်သည်ကို ထန်ယဲ့လို့ ထင်ကြသလားဝေ့...
...
[Zawgyi]
ဤေနရာရွိ ရႈခင္းမွာလွပသည့္အျပင္ ပတ္ဝန္းက်င္လည္း သာယာလွ၏။ စုခ်ီယြဲ႕ ေခါင္းလွည့္ကာ ကင္မရာမန္းကိုၾကည့္၍
"ဒီေတာ့ ပ႐ိုဂရမ္အဖြဲ႕က အားလပ္ရက္အတြက္ ဒီလိုေနရာေကာင္းတစ္ခု စီစဥ္ေပးထားတာေပါ့ေနာ္?"
ကင္မရာမန္းက စကားတစ္ခြန္းမွျပန္မေျပာဘဲ သူ႔ကို အေလးအနက္စိုက္ၾကည့္ေနလ်က္၊ အဓိပၸါယ္ကေတာ့ သူ႔ဘာသာသူ သေဘာေပါက္ေအာင္လုပ္ေပါ့ေလ...
စုခ်ီယြဲ႕သည္ ဆိုင္းဘုတ္မ်ားအတိုင္းလိုက္နာကာ သစ္သားတံတားကိုျဖတ္ေက်ာ္၍ စႀကႍမွာလမ္းေလွ်ာက္လာၿပီး ေနာက္ဆုံးတြင္ အပန္းေျဖစခန္း၏ဧည့္သည္ေစာင့္ဆိုင္းခန္း(lobby)သို႔ ေရာက္လာခဲ့သည္။
သူဝင္လာၿပီးေနာက္ ဧည့္ခန္းရွိ ဆိုဖာေပၚတြင္ ထိုင္ေနၾကေသာ ဧည့္သည္မ်ားစြာရွိေနၿပီမွန္း ေတြ႕လိုက္ရေလသည္။
"အားလုံးပဲမဂၤလာပါဗ် ကြၽန္ေတာ္က စုခ်ီယြဲ႕ပါ"
လူတိုင္းေခါင္းလွည့္လာၾက၍ စုခ်ီယြဲ႕လည္း အားလုံးကို အျမန္ႏႈတ္ဆက္လိုက္သည္။
ဤေနရာရွိလူအမ်ားစုမွာ ေဖ်ာ္ေျဖေရးနယ္ပယ္၏ ထိပ္တန္းနာမည္ႀကီးမ်ားပင္။ စုခ်ီယြဲ႕၊ က်န္းဇီဖ်င္ႏွင့္ မင္းသမီးယန္ယြဲ႕တို႔ကသာ လူသိမမ်ားၾကေသာ္ျငား က်န္းဇီဖ်င္ႏွင့္ ယန္ယြဲ႕တို႔ကိုမူ သူတို႔ကုမၸဏီက ပ်ိဳးေထာင္လိုစိတ္ရွိၾကမွန္း ေတြ႕ျမင္ႏိုင္သည္။ ဤအခြင့္အေရးမွာ ခ်ဲ႕ကားလြန္းသည္မဟုတ္။
ဧည့္သည္ေတာ္ေတာ္မ်ားမ်ားက ဤအေပ်ာ္တမ္းေလး၏ပုံစံကို အမွန္တကယ္ေတြ႕ခ်င္ခဲ့ၾကသည္။ သို႔ေသာ္လည္း ယေန႔ သူတို႔ သူ႔ကိုေတြ႕လိုက္ရေသာအခါ ဤမွ်ေခ်ာေမာၿပီး ယဥ္ေက်းသူျဖစ္ေနလိမ့္မည္ဟု မေမွ်ာ္လင့္ထား၍ ခ်က္ျခင္းပင္ သူ႔ကို သေဘာက်သြားၾကသည္။
နာမည္ႀကီးမင္းသမီးအန္းလုက သူ႔ကိုလက္ျပကာ "ဒီမွာလာထိုင္ေလ"
စုခ်ီယြဲ႕ ေက်းဇူးတင္လိုက္ကာ၊ အန္းလု၏ေဘးတြင္ တကယ္ပဲေနရာႏွစ္ခုရွိေနသည္ကိုေတြ႕လိုက္ရသျဖင့္ သြားထိုင္လိုက္သည္။
စုခ်ီယြဲ႕သည္ ပတ္ပတ္လည္ကို ၾကည့္လိုက္သည့္အခါ နာမည္ႀကီးမင္းသမီး အန္းလု၊ မ်ိဳးဆက္သစ္အဆိုေတာ္ ထုန္ယန္၊ နာမည္ႀကီး ေတးေရးဆရာ ဖန္းမင္႐ႊီ၊ နာမည္ေက်ာ္ၾကယ္ပြင့္ ဟယ္ဝမ္ေက်ာင္းတို႔ကိုေတြ႕လိုက္ရသည္။ သူမသိေသာတစ္ဦးတည္းလူမွာ သူ႔ေဘးနားရွိ ယန္ယြဲ႕ပင္။
သူတို႔ထဲမွ လူေတာ္ေတာ္မ်ားမ်ားဟာ ေဖ်ာ္ေျဖေရးနယ္ပယ္တြင္ အဆင့္အတန္းတစ္ခုရွိၾကၿပီး လႊမ္းမိုးႏိုင္သူမ်ားျဖစ္ၾကသည္။ စုခ်ီယြဲ႕ကို မဆိုးဘူးလို႔ သူတို႔ခံစားရေသာ္လည္း လူတိုင္းက ႐ိုး႐ိုးရွင္းရွင္း ႏႈတ္ဆက္ၿပီးေနာက္ ေထြေထြထူးထူး ဘာမွဆက္မေျပာၾကေတာ့ေပ။
စုခ်ီယြဲ႕သည္ ဒါကသာမန္ပါပဲလို႔ ခံစားရ၏။ သူတို႔အခ်င္းခ်င္းမသိၾကတဲ့ဟာ၊ စကားစျမည္ေျပာဖို႔အဆင္မေျပဘူးေလ။
သူတို႔ထိုင္ၿပီးသိပ္မၾကာခင္မွာပင္ ခုနစ္ေယာက္ေျမာက္ဧည့္သည္ ေရာက္လာခဲ့သည္။
စုခ်ီယြဲ႕ၾကည့္လိုက္သည့္အခါ က်န္းဇီဖ်င္ကို ေတြ႕လိုက္ရသည္။
အန္းလုက က်န္းဇီဖ်င္ကိုၾကည့္ၿပီး "ဒီရသစုံရႈိးမွာ ပါဝင္ရတာ ဒီေလာက္ေကာင္းလိမ့္မယ္လို႔ ငါမေမွ်ာ္လင့္ထားမိဘူး။ မ်က္စိပေဒသာရွိလိုက္တာေနာ္"ဟူ၍ ေျပာလိုက္၏။
က်န္းဇီဖ်င္ လူတိုင္းကိုႏႈတ္ဆက္ရန္ လမ္းေလွ်ာက္လာၿပီး ေနာက္မွ သူ႔အၾကည့္မ်ားက စုခ်ီယြဲ႕ထံ ေကာ္ႏွင့္ကပ္သြားပုံရလ်က္။
စုခ်ီယြဲ႕သည္ က်န္းဇီဖ်င္ဝင္လာသည္ကို ျမင္လိုက္ရသည့္အခါ သူ႔ႏွလုံးသားထဲမွာ ခံစစ္စည္းထားလိုက္ေလၿပီ။ ဆို႐ိုးစကားအတိုင္း ရန္သူမ်ားေတြ႕ဆုံၾကသည့္အခါ အၿမဲလိုလိုမနာလိုျဖစ္တတ္ေသာေၾကာင့္ တိုက္ပြဲဝင္ရန္အၿမဲအသင့္ရွိေနရမည္ပင္။
လုပ္အားချမင့္ျမင့္ရဖို႔ မလြယ္ကူမွန္း၊ သူ႔ေဘးမွာ အခ်ိန္မေ႐ြး ေနာက္ေက်ာကိုဓားႏွင့္ထိုးႏိုင္သည့္သူ ေပၚလာႏိုင္ၿပီး သူ႔အသက္အႏၲရာယ္ကို အခ်ိန္မေ႐ြးၿခိမ္းေျခာက္ခံရလိမ့္မည္ဟု သူေျပာခဲ့သားပဲေလ။
ထုန္ယန္သည္ ဆိုဖာေပၚတြင္ ပ်င္းရိစြာေခြေခါက္ေနလ်က္ က်န္းဇီဖ်င္ႏွင့္ စုခ်ီယြဲ႕တို႔ကို စိတ္ဝင္တစားၾကည့္ေနၿပီး
"ဒီေတာ့ ႐ုပ္ေခ်ာတဲ့ဆယ္ေက်ာ္သက္လူငယ္ေလးေတြၾကားမွာ မီးပြားထေတာက္ဖို႔ လြယ္ကူတာလား?"
ဤသည္မွာ စုခ်ီယြဲ႕ႏွင့္ က်န္းဇီဖ်င္ကို ရည္ၫႊန္းျခင္းပင္။
က်န္းဇီဖ်င္ကို ဤကဲ့သို႔ျမင္ရသူတိုင္းက သူဝင္ဝင္လာခ်င္းမွာပင္ စုခ်ီယြဲ႕ကို ခ်စ္မိသြားတယ္လို႔ ေတြးၾကေပလိမ့္မည္။
"ဒါ႐ိုက္တာအဖြဲ႕ေရ သူတို႔ကို ဘာလို႔တစ္သင္းထဲမထားလိုက္လဲ?"
ထုန္ယန္က လူေတြကို က်ပန္းတြဲဖက္ေပးေနေတာ့သည္။
"ဟင့္အင္း!"
"အိုေက!"
ႏွစ္ေယာက္သား အတူတူေအာ္လိုက္ၾကေပမယ့္ အေျဖကေတာ့ လုံးဝဆန႔္က်င္ဘက္ျဖစ္ေနလ်က္။
စုခ်ီယြဲ႕ နားမလည္ႏိုင္ေတာ့ပါေခ်။ က်န္းဇီဖ်င္က ျပန္လည္ေမြးဖြားခဲ့ၿပီး သူ႔ယခင္ဘဝမွာလည္း လက္စားေခ်ခဲ့ၿပီးၿပီေလ။ ဒီဘဝမွာ သူ႔ဘ၀သူ ေကာင္းေကာင္းရွင္သန္တာ ပိုမေကာင္းဘူးလား? ဘာလို႔ သူနဲ႔လာရႈပ္ေနရေသးတာတုန္းလို႔?
[ဒီေတာ့ က်န္းဇီဖ်င္က ျမင္ျမင္ခ်င္းခ်စ္မိသြားတာလားဟင္?]
[ဘာကိုျမင္ျမင္ခ်င္းခ်စ္မိသြားရမွာလဲ? ဒါက ျမင္ျမင္ခ်င္းလိုခ်င္တပ္မက္သြားတာပဲေပါ့ဟ!]
[ဝူး ဝူး ဝူး ထန္ေကာေရ ေကာေပြ႕ဖက္ခဲ့တဲ့ ေရွာင္ေကာေကာအလွေလးကို တစ္ေယာက္ေယာက္လုယူသြားေတာ့မယ္လို႔]
[ငါ့ထန္ေကာက တကယ္သနားစရာေကာင္းတာပဲဟာ။ သူ တစ္ေယာက္ေယာက္နဲ႔ ရင္းႏွီးဖို႔ဆိုတာ ဒီေလာက္ခက္တာကို၊ ဒါေပမဲ့ သူ(SCY)ကေတာ့ တျခားသူေတြနဲ႔ ဖလစ္ေနတုန္းပဲ။ ငါ့ထန္ေကာက သူ႔ကို ထပ္ၿပီးေကာင္းေကာင္းဆက္ဆံရင္ ငါက ပထမဆုံးကန႔္ကြက္မွာပဲ]
[ကန္႔ကြက္တယ္ +1 ]
[ငါက စင္စစ္ျဖတ္သြားျဖတ္လာေလးပါ။ နင္တို႔ပရိတ္သတ္ေတြက အရမ္းသေဘာထားႀကီးလြန္းတာပဲေနာ္။ နင္တို႔က နင္တို႔ထန္ေကာကို စုခ်ီယြဲ႕ဆီေရာင္းစားေနၾကတာလားဟ?]
[နင္နားမလည္ပါဘူးေနာ္၊ ငါ့ေကာေကာက တစ္ေယာက္တည္းေနဖို႔ ကံပါလာတာေလ၊ နားလည္ရဲ႕လား? ငါ့ေကာေကာက တစ္ေယာက္ေယာက္နဲ႔ ရင္းရင္းႏွီးႏွီးဆက္ဆံလိုတာကို ေတြ႕ရတာဟာ ႏွစ္ေပါင္းမ်ားစြာအတြင္း ပထမဆုံးအႀကိမ္ပဲေလ၊ သူက ဘယ္လိုလုပ္ၿပီး ငါ့ေကာေကာကို ရက္ရက္စက္စက္ စြန႔္ပစ္ႏိုင္ရလဲ? ဝူး ဝူး ဝူး... ငါ့ေကာေကာက တစ္ေနရာရာမွာ ပုန္းေအာင္းေနၿပီး ဝမ္းနည္းေနေတာ့မွာပဲ]
ေနာက္ကြယ္မွ ဒါ႐ိုက္တာလည္း သူ႔နဖူးေပၚကေခြၽးေတြကို သုတ္လိုက္ရသည္။ ဘယ္လိုလုပ္ၿပီး သူ႔စိတ္တိုင္းက် စုခ်ီယြဲ႕ကို အဖြဲ႕ဖြဲ႕ေပးႏိုင္မွာလဲလို႔?
စုခ်ီယြဲ႕ႏွင့္ က်န္းဇီဖ်င္တို႔က ေအာ္ဟစ္လိုက္ၾကၿပီးေနာက္ နားေနခန္းမွာ တိတ္ဆိတ္သြားလ်က္။
က်န္းဇီဖ်င္ ႏွာမႈတ္ကာ စုခ်ီယြဲ႕၏ဆန႔္က်င္ဘက္တြင္ ဝင္ထိုင္လိုက္ၿပီး စကားတစ္ခြန္းမွမေျပာေတာ့ေပ။
စုခ်ီယြဲ႕လည္း သူ႔ကိုၾကည့္ပင္မၾကည့္ခဲ့။ အဲ့ဒါက စိတ္အေႏွာင့္အယွက္ျဖစ္စရာေကာင္းတယ္ေလ၊ နားလည္တယ္မလား?
လူတိုင္း ေရာက္ရွိေနၾကၿပီျဖစ္၍ ပ႐ိုဂရမ္အဖြဲ႕လည္း စကားစေျပာလာေခ်ၿပီ။
"အခုကေတာ့ အဖြဲ႕ခြဲေတာ့မွာပဲျဖစ္ပါတယ္"
အဖြဲ႕ခြဲေတာ့မည္မွန္း လူတိုင္းၾကားလိုက္ရေသာအခါ စည္းမ်ဥ္းမ်ားကို ေသခ်ာနားေထာင္ခဲ့ၾကသည္။
"ဒီမွာ ေနရာရွစ္ခုရွိၿပီး လူတိုင္းရဲ႕ ဓာတ္ပုံေတြကိုတင္ထားပါတယ္။ ၾကည့္ရတာအဆင္ေျပေအာင္လို႔ စခရင္ႀကီးႀကီးမွာ ၾကည့္လို႔ရပါတယ္"
စုခ်ီယြဲ႕ ေခါင္းေမာ့ၾကည့္လိုက္သည့္အခါ ခန္းမ၏တစ္ဖက္ျခမ္းဟာ ျပခန္းအသြင္ ေျပာင္းသြားမွန္း ေတြ႕လိုက္ရသည္။ လူရွစ္ဦး၏ဓာတ္ပုံႏွင့္ အမည္မ်ားကို ရွင္းရွင္းလင္းလင္းစီစဥ္ထားကာ "လွ်ိဳ႕ဝွက္ဆန္းၾကယ္ဧည့္သည္"ဟူေသာ စကားလုံးသည္လည္း လွ်ိဳ႕ဝွက္ဆန္းၾကယ္ဧည့္သည္အျဖစ္သာ ေရးသားထားဆဲ။
"တရားမွ်တဖို႔အတြက္ လူတိုင္းက မဲႏႈိက္ထားတဲ့အစဥ္အတိုင္း ဒီေဘာလုံးေတြကို ပစ္ရပါမယ္။ ေဘာလုံးဝင္သြားတဲ့က်င္းရဲ႕ သက္ဆိုင္ရာနံပါတ္ ဧည့္သည္နဲ႔ အဖြဲ႕ဖြဲ႕ရမွာပါ..."
ဝန္ထမ္းမ်ားက မဲႏႈိက္ရန္ေသတၱာတစ္လုံးကို ယူလာေပးခဲ့ေပမယ့္ စုခ်ီယြဲ႕ မဲမႏႈိက္လိုက္ရေခ်။ အားလုံးမဲႏႈိက္ၿပီးေနာက္ သူ က်န္သည့္ေနာက္ဆုံးတစ္ခုကိုယူလိုက္ၿပီး ဖြင့္ၾကည့္လိုက္သည့္အခါ နံပါတ္သုံးကို ေတြ႕လိုက္ရသည္။ ဆိုလိုသည္မွာ သူသည္ အသင္းဖြဲ႕ရန္အတြက္ ဧည့္သည္ေ႐ြးခ်ယ္ရန္ ေဘာလုံးပစ္ရမည့္ တတိယေျမာက္လူပင္။
နံပါတ္တစ္ကိုမဲႏႈိက္ခဲ့သူမွာ လွပေခ်ာေမာၿပီး ေၾကာ့ရွင္းသည့္ အန္းလုပင္။ သူမ၏ေဘာလုံးမွာ ဟယ္ဝမ္ေက်ာင္း၏ျခင္းေတာင္းထဲသို႔ လွိမ့္ဝင္သြားသည္ကို လူတိုင္းေတြ႕လိုက္ရသည္။
အန္းလုက ဟယ္ဝမ္ေက်ာင္းဆီကို ေလွ်ာက္သြားကာ ေမးလိုက္ေလသည္။
"ငါတို႔က ေမာင္ႏွမ ဆက္ဆံေရးလို႔ ယူဆလို႔ရမလား?"
ဟယ္ဝမ္ေက်ာင္းသည္လည္း အလြန္ေက်ာ္ၾကားၿပီး လူႀကိဳက္မ်ားေသာေၾကာင့္ သူ႔လက္ကို သဘာဝဆန္ဆန္ ဆန္႔ထုတ္၍ "ဂုဏ္ယူစရာပါပဲဗ်ာ"ဟူ၍ ေျပာလိုက္ေလသည္။
အန္းလုက သူ႔လက္ကိုလွမ္းကိုင္လိုက္၏။ သူတို႔ႏွစ္ေယာက္ဟာ လူေခ်ာေလးႏွင့္ မိန္းမလွေလးျဖစ္ေနသျဖင့္ အလြန္မ်က္စိပေဒသာရွိလွသည္။
နံပါတ္ႏွစ္မဲလိပ္မွာ ဖန္းမင္႐ႊီျဖစ္ၿပီး သူက စကားအမ်ားႀကီးမေျပာဘဲ ေသေသသပ္သပ္ ေဘာလုံးကို ပစ္လိုက္သည္။ သူ ေ႐ြးခ်ယ္လိုက္သည့္လူမွာ မင္းသမီးယန္ယြဲ႕ပင္။
သူတို႔ႏွစ္ေယာက္စလုံးက စကားေျပာေကာင္းပုံမရသလို ယန္ယြဲ႕သည္လည္း အနည္းငယ္ရွက္႐ြံ႕ေနလ်က္။
စုခ်ီယြဲ႕ကမူ နံပါတ္သုံးျဖစ္၍ သူက အစီအစဥ္အဖြဲ႕မွေပးေသာေဘာလုံးကို လမ္းေၾကာင္းတစ္ေလွ်ာက္ပစ္လိုက္ေသာ္ျငား အႏွီေဘာလုံးဟာ အရမ္းေလးေနသည္ဟု ခံစားလိုက္ရ၏။ ထို႔ေနာက္ အဘယ္ေၾကာင့္ရယ္မသိ၊ လမ္းေၾကာင္းမွေသြဖယ္သြားကာ ေနာက္ဆုံးတြင္မူ လွ်ိဳ႕ဝွက္ဆန္းၾကယ္ဧည့္သည္၏ျခင္းေတာင္းထဲသို႔ က်သြားေလသည္။
စုခ်ီယြဲ႕က ေဘာလုံးကိုပိုၾကည့္ေလေလ တစ္ခုခုမွားေနသည္ဟု အၿမဲခံစားေနရလ်က္။
အဖြဲ႕ဖြဲ႕ၿပီးသည့္ေနာက္ စုခ်ီယြဲ႕က လူတိုင္းမွာ အတြဲလိုက္ျဖစ္ေနသည္ကို ေတြ႕လိုက္ရေလ၏။ ေကာင္းတယ္၊ သူကေတာ့ အရမ္းေက်နပ္တယ္ေဟ့။ အနည္းဆုံးေတာ့ က်န္းဇီဖ်င္နဲ႔ တစ္အုပ္စုတည္းမေနရေတာ့ဘူးေလ၊ ဘုရားသခင္ေက်းဇူးတင္လိုက္တာဗ်ာ။
က်န္းဇီဖ်င္ႏွင့္ ထုန္ယန္တို႔ ေနာက္ဆုံးတြင္ အုပ္စုဖြဲ႕လိုက္ၾကသည္။ ႏွစ္ေယာက္အတူရပ္လိုက္ၿပီးေနာက္ က်န္းဇီဖ်င္က စုခ်ီယြဲ႕အား ျပင္းျပင္းထန္ထန္ စိုက္ၾကည့္ေနပါေသးသည္။
[အား အား အား ငါ့ရဲ႕နတ္ဘုရားမအန္းလုနဲ႔ ငါ့ရဲ႕နတ္ဘုရားဟယ္ဝမ္ေက်ာင္းတို႔ တစ္ဖြဲ႕တည္းတဲ့လား? အိုးမိုင္ေဂါ့ ခ်ိဳၿမိန္တဲ့အခ်စ္ပုံျပင္ေလးကို ျမင္ခ်င္ေနပါၿပီေနာ္]
[လွ်ိဳ႕ဝွက္ဆန္းၾကယ္ဧည့္သည္က ဘယ္သူလဲေတာ့ ငါမသိဘူး၊ အရမ္းသနားစရာေကာင္းတာပဲ၊ ဒီအေပ်ာ္တမ္းေလးနဲ႔ဒိတ္လုပ္ရေတာ့မွာေပါ့]
[က်န္းဇီဖ်င္က သူလိုခ်င္တဲ့အခ်စ္ကိုမရလို႔ သူ႔ကို မုန္းလိုက္ေတာ့မွာလားဟ? သူကခ်စ္စရာေကာင္းတယ္လို႔ ငါ ႐ုတ္တရက္ႀကီးခံစားမိသြားရင္ ဘာလုပ္ရမလဲေနာ္?]
စာေရးသူမွာ ေျပာစရာရွိပါတယ္။
ထန္ယဲ့: ငါက လုံးဝသနားစရာမေကာင္းပါဘူးေနာ္၊ ေစာင့္ေမွ်ာ္ေနရတာ~
အထက္ပုဂၢိဳလ္(Gong)က ေအာက္ပုဂၢိဳလ္(Shou)ေလးကို ဘာလို႔႐ုတ္တရက္ႀကီးခ်စ္မိသြားရတာလဲလို႔ ခ႐ုတီေလးတစ္ေယာက္ေမးထားတာ ငါေတြ႕လိုက္ရတယ္။ အေၾကာင္းရင္းကို ေနာက္မွ ရွင္းျပပါမယ္။
စကားမစပ္ Gongက လက္ရွိshouေလးကို ႀကိဳက္ေနတာပါ။ မူရင္းစာအုပ္ထဲမွာ Gongက shouကိုႀကိဳက္ေနလို႔လားလို႔ ေမးခြန္းထုတ္စရာမလိုပါဘူး။ ခ်စ္တယ္ေနာ္ ~
xxx
ကဲ ပရိသတ္ႀကီးတို႔ေရာ လွ်ိဳ႕ဝွက္ဆန္းၾကယ္ဧည့္သည္ကို ထန္ယဲ့လို႔ ထင္ၾကသလားေဝ့...
You are reading the story above: TeenFic.Net