=14=

Background color
Font
Font size
Line height

[Unicode]

ယခင်ဘဝက မူလပိုင်ရှင်ကြောင့် ဖျော်ဖြေရေးနယ်ပယ်ထိပ်ဆုံးမှနိမ့်ကျသွားခဲ့ပြီး နှင်းတောထဲမှာ ပုန်းရှောင်ခဲ့ရသော ပြန်လည်မွေးဖွားလာသည့်လူတစ်ယောက်ဟာ သူ့ကို မည်သို့ဆက်ဆံလိမ့်မည်လဲဆိုသည်ကို စုချီယွဲ့တွေးပင်မတွေးဝံ့ပါချေ။

ထိုနေ့က ကျန်းဇီဖျင်၏အကြည့်များကို စုချီယွဲ့ ပြန်တွေးမိရင်း တုန်လှုပ်သွားရလျက်။

စုချီယွဲ့သည် Weiboကြည့်ပြီးနောက် အမူအရာပြောင်းလဲသွားသည်ကို ကင်မရာမန်း သတိထားမိလိုက်၍

"ဧည့်သည်တွေနဲ့ အဆင်မပြေမှာကို စိုးရိမ်နေတာလား?"

စုချီယွဲ့လည်း ကင်မရာမန်း၏လက်ကို ဆုပ်ကိုင်မိတော့မလိုပင်။ သူ​ပြောတာ ဘာလို့အရမ်းမှန်နေရတာလဲလို့? သူ အရူးအမူးခေါင်းညိတ်ပြလိုက်ပြီး "ကျွန်တော်က ဆက်ဆံ​ပြောဆိုရာမှာသိပ်မတော်လို့" အထူးသဖြင့် ကျန်းဇီဖျင်နဲ့ပေါ့...

"စိတ်မပူပါနဲ့ ဒီတစ်ခေါက် ဖိတ်ကြားထားတဲ့ ဧည့်သည်တွေရဲ့ ဂုဏ်သတင်းတွေက ဒီအသိုင်းအဝိုင်းထဲမှာ အရမ်းကောင်းကြတယ်" ကင်မရာမန်းက နှစ်သိမ့်ပေးလေသည်။

စုချီယွဲ့လည်း ကင်မရာမန်း၏စကားကို သဘောတူလိုက်သည်။ သူတို့အားလုံးနီးပါး နာမည်ကြီးတွေဖြစ်ကြပေမယ့် အဲဒီထဲမှာ ကျန်းဇီဖျင်က ဘာကြောင့်ရောပါနေရတာလဲလို့?

မဟုတ်သေးဘူး... ကျန်းဇီဖျင်လောက် မတော်တဲ့အတွေ့အကြုံနုသူနောက်တစ်ယောက်ရှိသေးတာပဲ... အဲဒါ သူပဲလေ။

"ဒီလျှို့ဝှက်ဆန်းကြယ်ဧည့်သည်က ဘယ်သူလဲဗျ?"

ကင်မရာမန်းလည်း ခေါင်းခါပြလာ၏။ "ငါလည်းမသိဘူး"

စုချီယွဲ့သည် Weiboအောက်ရှိ ပရိသတ်တို့၏ မှတ်ချက်များကို ကြည့်ရှုလိုက်သည့်အခါ တခြားဘာကိုမှမမြင်ရဘဲ သူ့အကြောင်း မည်သူမှမှတ်ချက်မပေးထားသည့်နှယ်... တော်ပါသေးရဲ့ တော်ပါသေးရဲ့။

သို့သော်လည်း သူ နောက်တစ်မျက်နှာလှန်လိုက်သည့်အခါ သူ့အကြောင်းအများကြီးအာရုံစိုက်နေကြသည်ကို တွေ့လိုက်ရ၍ အံ့အားသင့်သွားရ၏။
(cmtတွေကို see moreလုပ်တဲ့သဘောပါနော်)

[ဒီအသစ်လေးက ဘယ်သူလဲဟ? သူတို့က နာမည်ကြီးတွေအများကြီး ဖိတ်ခေါ်ထားတာကို၊ ဒီအသစ်လေးက ဘယ်ကပါလာရတာတုန်း?]

[သူက အဆက်အသွယ်နဲ့ဝင်လာတာပဲဖြစ်ရမယ်၊ သူက အရူးအမူးနာမည်ကျော်ချင်လို့ဖြစ်နိုင်တယ်ဟေ့]

[လူတိုင်း သတိထားသင့်ပြီနော်၊ စုချီယွဲ့ဆိုတဲ့ ဒီအသစ်လေးနဲ့ သွားမရှုပ်ကြနဲ့ဦး၊ သူဘယ်လိုပြဿနာတွေရှာမလဲဆိုတာ ဘယ်သူသိမှာလဲ]

[အပေါ်ထပ်​ရေ +1 ငါ့ကောကောကျဲကျဲတို့ကို တကယ်စိတ်ပူလာပြီလို့။ ဒါက Dating reality showလေ၊ အချိန်တန်ရင် CPစန်းတင်ဖို့အတွက် အတင်းအဖျင်းတွေလာတော့မှာ]

[နင်တို့က ဘာလို့ ဒီအပျော်တမ်းလေးအကြောင်းပဲ ပြောနေကြတာလဲဟင်? တစ်ခါမှတောင်မမြင်ဖူးသေးတဲ့လူတစ်ယောက်ကို ဒီလောက်ပြောဆိုနေလိုက်ကြတာ ကောင်းကြသေးရဲ့လား?]

[သူက Weiboမှာ ပို့စ်တောင်မတင်ရဲဘူးဆိုတော့ သူ့ရုပ်က ဒိုင်နိုဆောနဲ့များတူနေလို့များလားနော်? အနက်ရောင်နဲ့ အနီရောင်ဟာ အနီရောင်ပဲလေ နားလည်ရဲ့လားဟယ်?]

[နင်တို့မကြည့်ချင်ရင် မကြည့်နဲ့ပေါ့။ ပြီးတော့ ကျန်းဇီဖျင်နဲ့ ယန်ယွဲ့ကတော့ရော? သူတို့လည်း နာမည်မကြီးကြပါဘူးဟယ်၊ သူတို့အကြောင်းတော့ နင်တို့ဘာလို့မပြောကြလဲ?]

[ကျန်းဇီဖျင်က နာမည်မကြီးပေမယ့် သူ့မှာ တရားဝင်ကုမ္ပဏီရှိတယ်လေ၊ ပြီးတော့ ရှောင်ကောကောက အရမ်းချောတာကို၊ ဘယ်လိုလုပ်တူမှာတုန်းဟဲ့]

[ဒီအပျော်တမ်းလေးက ရုပ်ချောနေရင် ငါ တိုက်ရိုက်လွှင့်ပြီး ချီးစားပြမယ်!]

[အပေါ်ထပ်ကတစ်ယောက်ရေ မလိုပါဘူးနော်၊ သူက ကြည့်ကောင်းတယ်ဆိုရင်ရော]

[ချီးစားချင်နေတဲ့အပေါ်ထပ်ကတစ်ယောက်ရေ liveဘယ်မှာလွှင့်မလဲပြောထားဦး၊ ငါလာစောင့်နေမလို့]

စုချီယွဲ့လည်း အချိန်နှင့်တစ်ပြေးညီလွှင့်နေတဲ့စခရင်လေးထောင့်ကွက်ကို နှိပ်လိုက်သည်...

[တိုက်ရိုက်ထုတ်လွှင့်မှုက မကြာခင်စတော့မှာနော်၊ ငါကတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ဧည့်သည်ကဘယ်သူလဲဆိုတာ သိချင်နေတာဟေ့]

[ဒီအပျော်တမ်းလေးက ဘယ်လိုပုံစံရှိမလဲ ငါကြည့်ချင်နေပြီ၊ သူအရမ်းရုပ်ဆိုးရင်တော့ ငါမကြည့်တော့ဘူးလို့]

[အွန်လိုင်းမှာ ဆုတောင်းနေပါတယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့ဧည့်သည်က ငါ့ထန်ကောဖြစ်ရင်တော့ အဲဒီအပျော်တမ်းလေး ဘယ်လောက်ပဲရုပ်ဆိုးနေပါစေ သူ့နောက်ကိုလိုက်မယ်ကွာ!]

[ဧည့်သည်က ထန်ယဲ့ဖြစ်စေချင်တယ်ဆိုတဲ့ ဆုတောင်းတဲ့သူရေ နင့်ဦးနှောက်ပျက်နေတာလားလို့၊ ထန်ယဲ့က ရသစုံရှိုးတွေမှာ တစ်ခါမှမပါဝင်ဘူးဆိုတာ မသိဘူးလားဟ?]

စုချီယွဲ့ ခေါင်းညိတ်သဘောတူလိုက်၏။ မည်သည့်ရသစုံရှိုးကမှ ထန်ယဲ့ကို ဖိတ်ခေါ်လို့မရခဲ့ကြပေ။ ထန်ယဲ့ကို ဖိတ်ခေါ်နိုင်ပြီဆိုပါက ratingအတွက် ပူနေစရာမလိုတော့ဘူးလေ။ စပွန်ဆာတွေလည်း ထုတ်လုပ်ရေးအဖွဲ့ဆီကို အရူးအမူးဖုန်းခေါ်ကြမှာ ဖြစ်ကောင်းဖြစ်နိုင်တယ်။

သို့သော်လည်း စုချီယွဲ့ လေယာဉ်ပေါ်မှဆင်းပြီးနောက် မကြာမီ တိုက်ရိုက်ထုတ်လွှင့်မှုစတင်တော့မည်ဖြစ်ကြောင်း အချိန်နှင့်တစ်ပြေးညီစခရင်လေးထောင့်ကွက်က သူ့ကို သတိပေးနေခဲ့သည်။ ဧည့်သည်တစ်ဦးစီတွင် တိုက်ရိုက်ထုတ်လွှင့်သည့်သီးခြားအခန်းတစ်ခုစီရှိကြပြီး ပရိသတ်များက လိုသလိုပြောင်းကြည့်နိုင်ကြသည်။ စုချီယွဲ့က သူ့တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းတွင် မည်သူမျှရှိမည်မဟုတ်ကြောင်း တွေးစရာပင်မလို သိထားပေသည်။

အဆိုပါပရိုဂရမ်ကို နာနတ်သီးဗီဒီယိုချန်နယ်တွင် သီးသန့်ထုတ်လွှင့်မည်ဖြစ်ပြီး တည်းဖြတ်ထားသည့်အပိုင်းများကို နာနတ်သီးတီဗွီရုပ်သံတွင် တစ်ပတ်အတွင်းရရှိမည်ဖြစ်သည်။

တစ်နာရီကျော်ကြာပြီးနောက် စုချီယွဲ့သည် သူ့၏ခရီးဆောင်အိတ်ကိုဆွဲကာ လေဆိပ်မှထွက်လာခဲ့ပြီး ကင်မရာမန်းကလည်း သူ့ကင်မရာကိုထမ်း၍ စုချီယွဲ့နောက်မှလိုက်ပါလာခဲ့သည်။

မွန်းတည့်ချိန်တွင် လေယာဉ်ဆင်းသက်ခဲ့၏။ စုချီယွဲ့လည်း နွေးထွေးပူပြင်းလှသော အပြာရောင်ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီး သူ့ခရီးဆောင်အိတ်ထဲမှာ နေရာအများကြီးယူထားသည့် လေဖောင်းဂျာကင်ဟာ သိပ်မလိုအပ်လောက်ဘူးလို့ ခံစားလိုက်ရသည်။

သူသည် အဖြူရောင်ရှပ်လက်တို၊ အပြာနုရောင် ဂျင်းဘောင်းဘီနှင့် အဖြူရောင်အားကစားဖိနပ်ကိုစီးထားပြီး သူ့ရှုပ်ပွနေသောဆံပင်တိုတိုလေးကြောင့် သူ့ကိုကြည့်ရသည်မှာ သန့်ရှင်းပြီး လန်းဆန်းနေပုံရသည်။ သူကား ရွှင်ပြသောကောင်လေးအစစ်ပါပင်။

သူဟာ မူလက အသားဖြူသူဖြစ်၍ ယခု ကောင်းကင်ကြီးကိုမော့ကြည့်လိုက်ချိန်တွင် ရွှေရောင်အလွှာဖြင့်အုပ်ထားသကဲ့သို့ သူ့မျက်နှာပေါ်မှာ နေရောင်ခြည်ဖြာကျနေလျက်၊ သူ့၏အသားအရေမှာလည်း ချွေးပေါက်များကို မမြင်နိုင်လောက်အောင် နူးညံ့လွန်းလှ၏။ အပြာရောင်ကောင်းကင်ကြီး၏နောက်ခံနှင့် သူ့၏မျက်တောင်ရှည်ရှည်များနှင့် ဆွဲဆောင်မှုရှိရှိလည်တိုင်ဖြင့် သူဟာ လှပသောဆီဆေးပန်းချီကားတစ်ချပ်ကဲ့သို့ပင်၊ ကမ္ဘာကြီးထဲကို ဝင်ရောက်လာသည့် elfတစ်ကောင်နှင့်တူနေ၍ လူများကိုအကြည့်ပင်မလွှဲနိုင်စေတော့။

အမှန်တကယ်တွင်မူ စုချီယွဲ့၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ ဒီအပျော်တမ်းလေးဟာ ဘယ်လိုပုံစံရှိမလဲဆိုသည်ကို သိချင်နေကြသည့်၊ အပျော်လာကြည့်ကြသည့် ကြည့်ရှုသူများဖြင့်ပြည့်နှက်နေလေ၏။

သူတို့မြင်လိုက်ရသည်ကား စုချီယွဲ့က ခရီးဆောင်အိတ်နှင့် လျှောက်ထွက်လာခဲ့ပြီး၊ သည့်နောက် ဤပန်းချီကားအသွင်ဖြစ်ပေါ်လာခဲ့ခြင်းပင်။

[ဖာ့ခ် ဒီလိုအလှလေးက တကယ်ရှိတာလားဟ?]

[ဘုရားရေ ဒါဘယ်လိုအလှတရားမျိုးလဲဟယ်? ပရိုဂရမ်အဖွဲ့က ဘယ်ကတူးထားတာလဲလို့။ ငါဘာလို့မမြင်နိုင်ခဲ့ရတာလဲ?]

[ဒီတော့ ရှောင်ကောကောက ကြာမြစ်ကိုစားတယ်လို့ Weiboမှာပြောခဲ့တဲ့လူရော?]

[Weiboမှာတစ်စုံတစ်ယောက်က ရှောင်ကောကောသာ ရုပ်ချောနေရင် liveလွှင့်ပြီးချီးစားပြမယ်လို့ပြောခဲ့တာကို ငါဘာလို့မှတ်မိနေရတာလဲနော်?]

[ချီးစားပြမယ့်တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်မျှော်နေပြီလို့]

[ဒီရှောင်ကောကောလေးက မဟားတရားရင်းနှီးလွန်းနေတယ်လို့ ဘယ်သူမှမထင်ကြဘူးလားဟင်?]

[ငါရောပဲ... အဲဒါက ထန်ယဲ့ အရင်တစ်ခေါက်က ပွေ့ဖက်ခဲ့တဲ့သူနဲ့တူတယ်နော်]

[အား အား အား... နင်ပြောလိုက်တော့မှပဲ... တကယ်ကြီး ထန်ယဲ့အရင်တစ်ခေါက်ကပွေ့ဖက်ခဲ့တဲ့ ရှောင်ကောကောလေးပဲဟ၊ သူ့မျိုးရိုးနာမည်က စုလေ]

[ဒါဆို လျှို့ဝှက်ဆန်းကြယ်တဲ့ဧည့်သည်က ထန်ကောလို့ ငါမျှော်လင့်လို့ရပြီလားဟင်?]

[ငါတို့ထန်ကော ဒီရှိုးအကြောင်း မသိရင်ပိုကောင်းမှာဘဲနော်။ သူပွေ့ဖက်ခဲ့တဲ့လူက dating reality showတစ်ခုမှာပါဝင်နေပြီး တစ်ခြားတစ်ယောက်နဲ့ အချစ်တွေပြလာခဲ့ရင် ထန်ကော အရမ်းဝမ်းနည်းနေမှာ]

[တော်ပြီ၊ သူက ရုပ်ချောနေရင်တောင် သူကလူယုတ်မာပဲ!]

စုချီယွဲ့သည် သူဟာ ရုတ်ချည်းလူယုတ်မာတစ်ယောက်ဖြစ်သွားခဲ့ကြောင်း မသိခဲ့ချေ။ သူက ပရိုဂရမ်အဖွဲ့၏ ကားပေါ်တက်လိုက်ပြီး အမည်မသိနေရာတစ်ခုဆီသို့ အပြေးအလွှားသွားနေရပြီဖြစ်သည်။

နှစ်နာရီခန့်ကားစီးပြီးနောက် နောက်ဆုံးတွင် ဆုံရပ်သို့ ရောက်ရှိလာလေပြီ။

စုချီယွဲ့ ကားပေါ်မှဆင်းလိုက်သည်နှင့် သူ့မျက်နှာဆီသို့ တိုက်ခတ်လာသောလေမှာ သစ်ပင်ရနံ့၊ မြေဆီလွှာရနံ့များဖြင့် ပြည့်နှက်နေလျက်၊ သစ်သားနှင့်ဆောက်လုပ်ထားသည့် အပန်းဖြေစခန်းတစ်ခုပင်။

ဤနေရာရှိ ရှုခင်းမှာလှပသည့်အပြင် ပတ်ဝန်းကျင်လည်း သာယာလှ၏။ စုချီယွဲ့ ခေါင်းလှည့်ပြီး ကင်မရာမနိးကိုကြည့်၍

"ဒီတော့ ပရိုဂရမ်အဖွဲ့က အားလပ်ရက်အတွက် ဒီလိုနေရာကောင်းတစ်ခု စီစဉ်ပေးထားတာပေါ့နော်?"

ကင်မရာမန်းက စကားတစ်ခွန်းမှပြန်မပြောဘဲ သူ့ကို အလေးအနက်စိုက်ကြည့်နေလျက်၊ အဓိပ္ပါယ်ကတော့ သူ့ဘာသာသူ သဘောပေါက်အောင်လုပ်ပေါ့လေ...

xxx

ဒီနေ့က အစ်မရဲ့မွေးနေ့လေးမို့ လက်ဆောင် ၃ပိုင်း upပေးမယ်နော်... ❤️ အားလုံးပဲ လပ်ဖ်ယူ 😘

...

[Zawgyi]

ယခင္ဘဝက မူလပိုင္ရွင္ေၾကာင့္ ေဖ်ာ္ေျဖေရးနယ္ပယ္ထိပ္ဆုံးမွနိမ့္က်သြားခဲ့ၿပီး ႏွင္းေတာထဲမွာ ပုန္းေရွာင္ခဲ့ရေသာ ျပန္လည္ေမြးဖြားလာသည့္လူတစ္ေယာက္ဟာ သူ႔ကို မည္သို႔ဆက္ဆံလိမ့္မည္လဲဆိုသည္ကို စုခ်ီယြဲ႕ေတြးပင္မေတြးဝံ့ပါေခ်။

ထိုေန႔က က်န္းဇီဖ်င္၏အၾကည့္မ်ားကို စုခ်ီယြဲ႕ ျပန္ေတြးမိရင္း တုန္လႈပ္သြားရလ်က္။

စုခ်ီယြဲ႕သည္ Weiboၾကည့္ၿပီးေနာက္ အမူအရာေျပာင္းလဲသြားသည္ကို ကင္မရာမန္း သတိထားမိလိုက္၍

"ဧည့္သည္ေတြနဲ႔ အဆင္မေျပမွာကို စိုးရိမ္ေနတာလား?"

စုခ်ီယြဲ႕လည္း ကင္မရာမန္း၏လက္ကို ဆုပ္ကိုင္မိေတာ့မလိုပင္။ သူ​ေျပာတာ ဘာလို႔အရမ္းမွန္ေနရတာလဲလို႔? သူ အ႐ူးအမူးေခါင္းညိတ္ျပလိုက္ၿပီး "ကြၽန္ေတာ္က ဆက္ဆံ​ေျပာဆိုရာမွာသိပ္မေတာ္လို႔" အထူးသျဖင့္ က်န္းဇီဖ်င္နဲ႔ေပါ့...

"စိတ္မပူပါနဲ႔ ဒီတစ္ေခါက္ ဖိတ္ၾကားထားတဲ့ ဧည့္သည္ေတြရဲ႕ ဂုဏ္သတင္းေတြက ဒီအသိုင္းအဝိုင္းထဲမွာ အရမ္းေကာင္းၾကတယ္" ကင္မရာမန္းက ႏွစ္သိမ့္ေပးေလသည္။

စုခ်ီယြဲ႕လည္း ကင္မရာမန္း၏စကားကို သေဘာတူလိုက္သည္။ သူတို႔အားလုံးနီးပါး နာမည္ႀကီးေတြျဖစ္ၾကေပမယ့္ အဲဒီထဲမွာ က်န္းဇီဖ်င္က ဘာေၾကာင့္ေရာပါေနရတာလဲလို႔?

မဟုတ္ေသးဘူး... က်န္းဇီဖ်င္ေလာက္ မေတာ္တဲ့အေတြ႕အႀကဳံႏုသူေနာက္တစ္ေယာက္ရွိေသးတာပဲ... အဲဒါ သူပဲေလ။

"ဒီလွ်ိဳ႕ဝွက္ဆန္းၾကယ္ဧည့္သည္က ဘယ္သူလဲဗ်?"

ကင္မရာမန္းလည္း ေခါင္းခါျပလာ၏။ "ငါလည္းမသိဘူး"

စုခ်ီယြဲ႕သည္ Weiboေအာက္ရွိ ပရိသတ္တို႔၏ မွတ္ခ်က္မ်ားကို ၾကည့္ရႈလိုက္သည့္အခါ တျခားဘာကိုမွမျမင္ရဘဲ သူ႔အေၾကာင္း မည္သူမွမွတ္ခ်က္မေပးထားသည့္ႏွယ္... ေတာ္ပါေသးရဲ႕ ေတာ္ပါေသးရဲ႕။

သို႔ေသာ္လည္း သူ ေနာက္တစ္မ်က္ႏွာလွန္လိုက္သည့္အခါ သူ႔အေၾကာင္းအမ်ားႀကီးအာ႐ုံစိုက္ေနၾကသည္ကို ေတြ႕လိုက္ရ၍ အံ့အားသင့္သြားရ၏။
(cmtေတြကို see moreလုပ္တဲ့သေဘာပါေနာ္)

[ဒီအသစ္ေလးက ဘယ္သူလဲဟ? သူတို႔က နာမည္ႀကီးေတြအမ်ားႀကီး ဖိတ္ေခၚထားတာကို၊ ဒီအသစ္ေလးက ဘယ္ကပါလာရတာတုန္း?]

[သူက အဆက္အသြယ္နဲ႔ဝင္လာတာပဲျဖစ္ရမယ္၊ သူက အ႐ူးအမူးနာမည္ေက်ာ္ခ်င္လို႔ျဖစ္ႏိုင္တယ္ေဟ့]

[လူတိုင္း သတိထားသင့္ၿပီေနာ္၊ စုခ်ီယြဲ႕ဆိုတဲ့ ဒီအသစ္ေလးနဲ႔ သြားမရႈပ္ၾကနဲ႔ဦး၊ သူဘယ္လိုျပႆနာေတြရွာမလဲဆိုတာ ဘယ္သူသိမွာလဲ]

[အေပၚထပ္​ေရ +1 ငါ့ေကာေကာက်ဲက်ဲတို႔ကို တကယ္စိတ္ပူလာၿပီလို႔။ ဒါက Dating reality showေလ၊ အခ်ိန္တန္ရင္ CPစန္းတင္ဖို႔အတြက္ အတင္းအဖ်င္းေတြလာေတာ့မွာ]

[နင္တို႔က ဘာလို႔ ဒီအေပ်ာ္တမ္းေလးအေၾကာင္းပဲ ေျပာေနၾကတာလဲဟင္? တစ္ခါမွေတာင္မျမင္ဖူးေသးတဲ့လူတစ္ေယာက္ကို ဒီေလာက္ေျပာဆိုေနလိုက္ၾကတာ ေကာင္းၾကေသးရဲ႕လား?]

[သူက Weiboမွာ ပို႔စ္ေတာင္မတင္ရဲဘူးဆိုေတာ့ သူ႔႐ုပ္က ဒိုင္ႏိုေဆာနဲ႔မ်ားတူေနလို႔မ်ားလားေနာ္? အနက္ေရာင္နဲ႔ အနီေရာင္ဟာ အနီေရာင္ပဲေလ နားလည္ရဲ႕လားဟယ္?]

[နင္တို႔မၾကည့္ခ်င္ရင္ မၾကည့္နဲ႔ေပါ့။ ၿပီးေတာ့ က်န္းဇီဖ်င္နဲ႔ ယန္ယြဲ႕ကေတာ့ေရာ? သူတို႔လည္း နာမည္မႀကီးၾကပါဘူးဟယ္၊ သူတို႔အေၾကာင္းေတာ့ နင္တို႔ဘာလို႔မေျပာၾကလဲ?]

[က်န္းဇီဖ်င္က နာမည္မႀကီးေပမယ့္ သူ႔မွာ တရားဝင္ကုမၸဏီရွိတယ္ေလ၊ ၿပီးေတာ့ ေရွာင္ေကာေကာက အရမ္းေခ်ာတာကို၊ ဘယ္လိုလုပ္တူမွာတုန္းဟဲ့]

[ဒီအေပ်ာ္တမ္းေလးက ႐ုပ္ေခ်ာေနရင္ ငါ တိုက္႐ိုက္လႊင့္ၿပီး ခ်ီးစားျပမယ္!]

[အေပၚထပ္ကတစ္ေယာက္ေရ မလိုပါဘူးေနာ္၊ သူက ၾကည့္ေကာင္းတယ္ဆိုရင္ေရာ]

[ခ်ီးစားခ်င္ေနတဲ့အေပၚထပ္ကတစ္ေယာက္ေရ liveဘယ္မွာလႊင့္မလဲေျပာထားဦး၊ ငါလာေစာင့္ေနမလို႔]

စုခ်ီယြဲ႕လည္း အခ်ိန္ႏွင့္တစ္ေျပးညီလႊင့္ေနတဲ့စခရင္ေလးေထာင့္ကြက္ကို ႏွိပ္လိုက္သည္...

[တိုက္႐ိုက္ထုတ္လႊင့္မႈက မၾကာခင္စေတာ့မွာေနာ္၊ ငါကေတာ့ လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ဧည့္သည္ကဘယ္သူလဲဆိုတာ သိခ်င္ေနတာေဟ့]

[ဒီအေပ်ာ္တမ္းေလးက ဘယ္လိုပုံစံရွိမလဲ ငါၾကည့္ခ်င္ေနၿပီ၊ သူအရမ္း႐ုပ္ဆိုးရင္ေတာ့ ငါမၾကည့္ေတာ့ဘူးလို႔]

[အြန္လိုင္းမွာ ဆုေတာင္းေနပါတယ္။ လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ဧည့္သည္က ငါ့ထန္ေကာျဖစ္ရင္ေတာ့ အဲဒီအေပ်ာ္တမ္းေလး ဘယ္ေလာက္ပဲ႐ုပ္ဆိုးေနပါေစ သူ႔ေနာက္ကိုလိုက္မယ္ကြာ!]

[ဧည့္သည္က ထန္ယဲ့ျဖစ္ေစခ်င္တယ္ဆိုတဲ့ ဆုေတာင္းတဲ့သူေရ နင့္ဦးေႏွာက္ပ်က္ေနတာလားလို႔၊ ထန္ယဲ့က ရသစုံရႈိးေတြမွာ တစ္ခါမွမပါဝင္ဘူးဆိုတာ မသိဘူးလားဟ?]

စုခ်ီယြဲ႕ ေခါင္းညိတ္သေဘာတူလိုက္၏။ မည္သည့္ရသစုံရႈိးကမွ ထန္ယဲ့ကို ဖိတ္ေခၚလို႔မရခဲ့ၾကေပ။ ထန္ယဲ့ကို ဖိတ္ေခၚႏိုင္ၿပီဆိုပါက ratingအတြက္ ပူေနစရာမလိုေတာ့ဘူးေလ။ စပြန္ဆာေတြလည္း ထုတ္လုပ္ေရးအဖြဲ႕ဆီကို အ႐ူးအမူးဖုန္းေခၚၾကမွာ ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။

သို႔ေသာ္လည္း စုခ်ီယြဲ႕ ေလယာဥ္ေပၚမွဆင္းၿပီးေနာက္ မၾကာမီ တိုက္႐ိုက္ထုတ္လႊင့္မႈစတင္ေတာ့မည္ျဖစ္ေၾကာင္း အခ်ိန္ႏွင့္တစ္ေျပးညီစခရင္ေလးေထာင့္ကြက္က သူ႔ကို သတိေပးေနခဲ့သည္။ ဧည့္သည္တစ္ဦးစီတြင္ တိုက္႐ိုက္ထုတ္လႊင့္သည့္သီးျခားအခန္းတစ္ခုစီရွိၾကၿပီး ပရိသတ္မ်ားက လိုသလိုေျပာင္းၾကည့္ႏိုင္ၾကသည္။ စုခ်ီယြဲ႕က သူ႔တိုက္႐ိုက္ထုတ္လႊင့္သည့္အခန္းတြင္ မည္သူမွ်ရွိမည္မဟုတ္ေၾကာင္း ေတြးစရာပင္မလို သိထားေပသည္။

အဆိုပါပ႐ိုဂရမ္ကို နာနတ္သီးဗီဒီယိုခ်န္နယ္တြင္ သီးသန႔္ထုတ္လႊင့္မည္ျဖစ္ၿပီး တည္းျဖတ္ထားသည့္အပိုင္းမ်ားကို နာနတ္သီးတီဗြီ႐ုပ္သံတြင္ တစ္ပတ္အတြင္းရရွိမည္ျဖစ္သည္။

တစ္နာရီေက်ာ္ၾကာၿပီးေနာက္ စုခ်ီယြဲ႕သည္ သူ႔၏ခရီးေဆာင္အိတ္ကိုဆြဲကာ ေလဆိပ္မွထြက္လာခဲ့ၿပီး ကင္မရာမန္းကလည္း သူ႔ကင္မရာကိုထမ္း၍ စုခ်ီယြဲ႕ေနာက္မွလိုက္ပါလာခဲ့သည္။

မြန္းတည့္ခ်ိန္တြင္ ေလယာဥ္ဆင္းသက္ခဲ့၏။ စုခ်ီယြဲ႕လည္း ေႏြးေထြးပူျပင္းလွေသာ အျပာေရာင္ေကာင္းကင္ႀကီးကို ေမာ့ၾကည့္လိုက္ၿပီး သူ႔ခရီးေဆာင္အိတ္ထဲမွာ ေနရာအမ်ားႀကီးယူထားသည့္ ေလေဖာင္းဂ်ာကင္ဟာ သိပ္မလိုအပ္ေလာက္ဘူးလို႔ ခံစားလိုက္ရသည္။

သူသည္ အျဖဴေရာင္ရွပ္လက္တို၊ အျပာႏုေရာင္ ဂ်င္းေဘာင္းဘီႏွင့္ အျဖဴေရာင္အားကစားဖိနပ္ကိုစီးထားၿပီး သူ႔ရႈပ္ပြေနေသာဆံပင္တိုတိုေလးေၾကာင့္ သူ႔ကိုၾကည့္ရသည္မွာ သန႔္ရွင္းၿပီး လန္းဆန္းေနပုံရသည္။ သူကား ႐ႊင္ျပေသာေကာင္ေလးအစစ္ပါပင္။

သူဟာ မူလက အသားျဖဴသူျဖစ္၍ ယခု ေကာင္းကင္ႀကီးကိုေမာ့ၾကည့္လိုက္ခ်ိန္တြင္ ေ႐ႊေရာင္အလႊာျဖင့္အုပ္ထားသကဲ့သို႔ သူ႔မ်က္ႏွာေပၚမွာ ေနေရာင္ျခည္ျဖာက်ေနလ်က္၊ သူ႔၏အသားအေရမွာလည္း ေခြၽးေပါက္မ်ားကို မျမင္ႏိုင္ေလာက္ေအာင္ ႏူးညံ့လြန္းလွ၏။ အျပာေရာင္ေကာင္းကင္ႀကီး၏ေနာက္ခံႏွင့္ သူ႔၏မ်က္ေတာင္ရွည္ရွည္မ်ားႏွင့္ ဆြဲေဆာင္မႈရွိရွိလည္တိုင္ျဖင့္ သူဟာ လွပေသာဆီေဆးပန္းခ်ီကားတစ္ခ်ပ္ကဲ့သို႔ပင္၊ ကမာၻႀကီးထဲကို ဝင္ေရာက္လာသည့္ elfတစ္ေကာင္ႏွင့္တူေန၍ လူမ်ားကိုအၾကည့္ပင္မလႊဲႏိုင္ေစေတာ့။

အမွန္တကယ္တြင္မူ စုခ်ီယြဲ႕၏တိုက္႐ိုက္ထုတ္လႊင့္မႈအခန္းမွာ ဒီအေပ်ာ္တမ္းေလးဟာ ဘယ္လိုပုံစံရွိမလဲဆိုသည္ကို သိခ်င္ေနၾကသည့္၊ အေပ်ာ္လာၾကည့္ၾကသည့္ ၾကည့္ရႈသူမ်ားျဖင့္ျပည့္ႏွက္ေနေလ၏။

သူတို႔ျမင္လိုက္ရသည္ကား စုခ်ီယြဲ႕က ခရီးေဆာင္အိတ္ႏွင့္ ေလွ်ာက္ထြက္လာခဲ့ၿပီး၊ သည့္ေနာက္ ဤပန္းခ်ီကားအသြင္ျဖစ္ေပၚလာခဲ့ျခင္းပင္။

[ဖာ့ခ္ ဒီလိုအလွေလးက တကယ္ရွိတာလားဟ?]

[ဘုရားေရ ဒါဘယ္လိုအလွတရားမ်ိဳးလဲဟယ္? ပ႐ိုဂရမ္အဖြဲ႕က ဘယ္ကတူးထားတာလဲလို႔။ ငါဘာလို႔မျမင္ႏိုင္ခဲ့ရတာလဲ?]

[ဒီေတာ့ ေရွာင္ေကာေကာက ၾကာျမစ္ကိုစားတယ္လို႔ Weiboမွာေျပာခဲ့တဲ့လူေရာ?]

[Weiboမွာတစ္စုံတစ္ေယာက္က ေရွာင္ေကာေကာသာ ႐ုပ္ေခ်ာေနရင္ liveလႊင့္ၿပီးခ်ီးစားျပမယ္လို႔ေျပာခဲ့တာကို ငါဘာလို႔မွတ္မိေနရတာလဲေနာ္?]

[ခ်ီးစားျပမယ့္တိုက္႐ိုက္ထုတ္လႊင့္မႈကို ေစာင့္ေမွ်ာ္ေနၿပီလို႔]

[ဒီေရွာင္ေကာေကာေလးက မဟားတရားရင္းႏွီးလြန္းေနတယ္လို႔ ဘယ္သူမွမထင္ၾကဘူးလားဟင္?]

[ငါေရာပဲ... အဲဒါက ထန္ယဲ့ အရင္တစ္ေခါက္က ေပြ႕ဖက္ခဲ့တဲ့သူနဲ႔တူတယ္ေနာ္]

[အား အား အား... နင္ေျပာလိုက္ေတာ့မွပဲ... တကယ္ႀကီး ထန္ယဲ့အရင္တစ္ေခါက္ကေပြ႕ဖက္ခဲ့တဲ့ ေရွာင္ေကာေကာေလးပဲဟ၊ သူ႔မ်ိဳး႐ိုးနာမည္က စုေလ]

[ဒါဆို လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ဧည့္သည္က ထန္ေကာလို႔ ငါေမွ်ာ္လင့္လို႔ရၿပီလားဟင္?]

[ငါတို႔ထန္ေကာ ဒီရႈိးအေၾကာင္း မသိရင္ပိုေကာင္းမွာဘဲေနာ္။ သူေပြ႕ဖက္ခဲ့တဲ့လူက dating reality showတစ္ခုမွာပါဝင္ေနၿပီး တစ္ျခားတစ္ေယာက္နဲ႔ အခ်စ္ေတြျပလာခဲ့ရင္ ထန္ေကာ အရမ္းဝမ္းနည္းေနမွာ]

[ေတာ္ၿပီ၊ သူက ႐ုပ္ေခ်ာေနရင္ေတာင္ သူကလူယုတ္မာပဲ!]

စုခ်ီယြဲ႕သည္ သူဟာ ႐ုတ္ခ်ည္းလူယုတ္မာတစ္ေယာက္ျဖစ္သြားခဲ့ေၾကာင္း မသိခဲ့ေခ်။ သူက ပ႐ိုဂရမ္အဖြဲ႕၏ ကားေပၚတက္လိုက္ၿပီး အမည္မသိေနရာတစ္ခုဆီသို႔ အေျပးအလႊားသြားေနရၿပီျဖစ္သည္။

ႏွစ္နာရီခန႔္ကားစီးၿပီးေနာက္ ေနာက္ဆုံးတြင္ ဆုံရပ္သို႔ ေရာက္ရွိလာေလၿပီ။

စုခ်ီယြဲ႕ ကားေပၚမွဆင္းလိုက္သည္ႏွင့္ သူ႔မ်က္ႏွာဆီသို႔ တိုက္ခတ္လာေသာေလမွာ သစ္ပင္ရနံ႔၊ ေျမဆီလႊာရနံ႔မ်ားျဖင့္ ျပည့္ႏွက္ေနလ်က္၊ သစ္သားႏွင့္ေဆာက္လုပ္ထားသည့္ အပန္းေျဖစခန္းတစ္ခုပင္။

ဤေနရာရွိ ရႈခင္းမွာလွပသည့္အျပင္ ပတ္ဝန္းက်င္လည္း သာယာလွ၏။ စုခ်ီယြဲ႕ ေခါင္းလွည့္ၿပီး ကင္မရာမနိးကိုၾကည့္၍

"ဒီေတာ့ ပ႐ိုဂရမ္အဖြဲ႕က အားလပ္ရက္အတြက္ ဒီလိုေနရာေကာင္းတစ္ခု စီစဥ္ေပးထားတာေပါ့ေနာ္?"

ကင္မရာမန္းက စကားတစ္ခြန္းမွျပန္မေျပာဘဲ သူ႔ကို အေလးအနက္စိုက္ၾကည့္ေနလ်က္၊ အဓိပၸါယ္ကေတာ့ သူ႔ဘာသာသူ သေဘာေပါက္ေအာင္လုပ္ေပါ့ေလ...

xxx

ဒီေန႔က အစ္မရဲ႕ေမြးေန႔ေလးမို႔ လက္ေဆာင္ ၃ပိုင္း upေပးမယ္ေနာ္... ❤️ အားလုံးပဲ လပ္ဖ္ယူ 😘


You are reading the story above: TeenFic.Net