ထုံးစံအတိုင်း ဇူး"ကအအိပ်မက်တာမို့ သူများတွေ ကမ်းပေါ်ပြန်တက်စားသောက်နေချိန်မှ တရေးနိုးလာတယ်။
နိုးနိုးချင်း တွေးမိတာက ဒီအချိန်သူမ ဘာလုပ်နေမလဲ၊ဘယ်ရောက်နေမလဲပေါ့။
ဇူး" ဈေးဆိုင်တွေဘက် လျှောက်ကြမယ်လေ ..
အကင်လိုက်စား ထ ဆိုပြီး ငဂျစ်ကလာဆွဲတယ်။ တဆက်တည်းလည်း "မိမွန်း"တစ်ယောက်ဘာလဲ၊ဘယ်လဲကြည့်ဖြစ်တော့ လက်ဖက်တွေ ပလုပ်ပလောင်းနဲ့ ။
"မွန်း"လျော့စားလေ ။
ပြီးမှ ဘာညာလာမညည်းပြနဲ့၊
အကင်ဝါးဖို့ နေရာချန်ထားအုံးလို့ ပြောပြီး အပြင်သွားဖို့ပြင်ကြတယ်။
~~~~~~~~
ကစားဝိုင်းတွေ ပူဖောင်းသည်တွေ၊ အကင်ဆိုင်တွေ ပတ်လည်ဝိုင်းနေတယ့် သဲသောင်ပြင် စားသောက်ဆိုင်လေးတွေနားရောက်လာတော့ "ဒီမှာထိုင်ကြမယ်ဟေ့"ဆိုပြီး တစ်ယောက်တစ်ပေါက်နဲ့ ညံနေရောပဲ။
ဇူး"က ဘာစားရပါ့လို့ စဉ်းစားရင်း ဗိုက်ကအခုကျမှ ပိုဆာတတ်နေလိုက်တာ "မိမွန်း"လက်ထဲက ရေသန့်ဗူးလေး လှမ်းဆွဲမော့မိတယ်။
ပင်လယ်ကိုလာမှတော့ ပင်လယ်အစာ စားမယ်လေ။ ပင်လယ်စာအသုပ်တွေ၊အရည်သောက်တွေကို ငဂျစ်"က မီနူးကြည့်မှာနေတုန်း ဇူး"စိတ်ထဲ အုန်းရည်သောက်ချင်တယ့် အာသီသက ပြင်းလာရော။
အာ့နဲ့ ဘေးဝဲယာဝှိုက်ကြည့်လိုက်တော့ ....
အယ်!!
ဝင့်ဝါ"တို့အဖွဲ့ကို လှမ်းတွေ့ရပြီ။
ရေဆင်းဆော့ထားတာထင်တယ်။ ဆံပင်ရေစို မခြောက်တခြောက်လေးနဲ့ ..
ပြီးတော့ ဒူးအထိလောက်သာအရှည်ရှိသော ကြိုးတစ်လုံးဂါဝန် အပျော့အပြာရောင်လေးနဲ့ လိုက်ဖက်လွန်းသော သူမ။
ဘယ်အချိန်တွေ့တွေ့ ကြည်ရွှင်နေသော သူမပုံရိပ်လေးကို မြင်လိုက်တိုင်း အသည်းယားနေမိတယ်။
~~~~~~~~~~~~~~~~
ဘုတ်! ဘုတ်!!
အခန်းထဲရောက်လို့ အထုပ်တွေကိုယ်စီ ပစ်ချရင်း အိပ်ရာထက် ကန့်လန့်လှဲချလိုက်တယ်။
ပြီးတော့ မျက်လုံးလေးခဏမှိတ်ပြီး ငြိမ်ငြိမ်လေးအနားယူလိုက်တော့ ...
ကားပေါ်ကဆင်းနေတယ့်လူတွေကြားထဲမှ သူလေးကို တစ်ချက်ခိုးငေးမိတယ့် အခိုက်အတန့်လေး အာရုံထဲပြန်ပေါ်လာတယ်။
တီရှပ်လည်ပင်းဗွီရှိတ် ဇီးနက်အရောင်လေးပေါ် အဖြူစင်းခြစ်ရာ အသေးလေးတွေနဲ့ အရှေ့ရောအနောက်ပါ အိတ်အပိုလေးတွေပါတယ့် ချည်သားဘောင်းဘီမပွတပွလေးကို တွဲဝတ်ထားပြီး
ကိုယ်ဟန်က စမတ်ကျတယ်ပြောရမလား
မျက်နှာအနုလေးက ချောတယ်ပြောရမလား၊
နှုတ်ခမ်းဖူးစုစုလေးက ပန်းသွေးလေးရဲလို့ ဘယ်လိုနေနေ ကြည့်ကောင်းမယ့်သူတစ်ယောက်ပဲ။
အသက်ကရှိလှ 22 လောက်ရှိမယ်။ ထူးခြားမှုတစ်ခုက သူလေး မျက်ခုံးက ဘွိုင်းဆန်တယ်။ ခုလက်ရှိခုတ်ထားတယ့် ကေနဲ့သူ့မျက်နှာသွင်ပြင်နဲ့လည်း လိုက်ဖက်လွန်းတယ်။
ရုတ်တရက်ကြည့်ရင် တကယ့်လူပျိုကျားပေါက်လေးပေါ့။
မိန်းခလေးဆန်တာဆိုလို့ မျက်တောင်အကော့လေးနဲ့ မျက်ရွဲနူးနူးညံ့ညံ့လေး တွေ့မှသိရတာ။
အရပ်အမြင့်က ကိုယ့်နဲ့အရွယ်တူဆိုပေမယ့် သူက ခါးပိုရှည်မယ်ထင်တယ်။
ကားထဲမှာတုန်းက ဖုန်းပွတ်နေတဲ့
သူ့လက်ချောင်းပြည့်ပြည့်လေးတွေကိုလည်း ကိုယ်ကခိုးငေးခဲ့တာပါလားလို့ သတိရပြီး တစ်ယောက်တည်း ရှက်ရယ် ရယ်ဖြစ်တယ်။
ကမ်းခြေလာရလို့လား ဘာလားမသိပေမယ့် စိတ်ထဲမြူးနေမိတာတော့ ဝန်ခံပါတယ်။
~~~~~~~~~~~~~
"အထန်"ရေ...
သွားရအောင် သဲသောင်ပေါ် "လို့. ချောချော က အော်ပြောတော့မှ အိပ်နေရာက ထဖြစ်တယ်။
ရေစပ်သောင်ပြင်လေးပေါ် ခြေချမိပြီဆိုတာနဲ့ ဖဝါးအောက်က သဲမှုန့်လေးတွေ ရေနဲ့မျောပါပျော်ကျနေပုံက ခြေဖဝါးလေးယားကျိကျိနဲ့ ...
အာဟားးး အသည်းတွေယားတာ။
လှိုင်းပုတ်ချက်တွေကြောင့် ဒူးလောက်အထိ ရေလည်းစိုပြီမို့ "မယ်ချော"ဆွဲခေါ်ရာနောက် လိုက်ရင်း ရေခဏစိမ်ဆော့၊ကူးဆော့နဲ့..
မိနစ်၃၀လောက်နေတော့
သွားလာနေသူတွေ၊ရေကူး ကျီစယ်နေသူတွေထဲ တစ်ချက်တစ်ချက် ကြည့်မိတိုင်း မျက်နှာအသိဆိုလို့ တစ်ယောက်မှမတွေ့ရဘူး။
အဲဆို ဝသန်"တို့အဖွဲ့ 8ယောက်ကို အရိပ်လေးတောင် မမြင်ရဘူးဆိုတော့ ပျင်းလာတာနဲ့ "ချောရေ"ဗိုက်ဆာတယ်။
ပြန်ကြမယ်ပြောပြီး ကမ်းပေါ်ပြန်တက်ခဲ့ကြတယ်။ အခန်းရောက်တော့ ရေအပြေးချိုး ခေါင်းလျှော်။
အလှတွေဘာတွေလည်း သိပ်မလုပ်ဖြစ်တော့ပဲ ကျန်လူတွေကို ခဏစောင့်ရင်း လမ်းလျှောက်ထွက်ခဲ့လိုက်တယ်။
~~~~~~~~~~~~
ပင်လယ်ကဗွီးပင်တွေ လမ်းဘေးတဖက်တချက်မှာ အစီအရီပေါက်နေပုံက ကဗျာဆန်လိုက်တာ ...
အာ့နဲ့ အထန်"တို့အဖွဲ့တွေ ဆယ်ဖီဆွဲကြ ဖုန်းလုကြည့်ကြနဲ့၊ တဖြည်းဖြည်း စားသောက်ဆိုင်ဘက်ခြမ်း ကစားဝိုင်းတွေအနား ရောက်လာတယ်။
မယ်ချော"နဲ့ ချိုရီတို့ကတော့ အုန်းသီးနုတွေမြင်တာနဲ့ကို ဟန်တောင်မဆောင်နိုင်ကြဘူး။ ကိုယ်ကတော့ အကင်ပဲ ပတ်ရှာကြည့်နေတာ ။
အမွှေးနံ့တွေက အကင်နံ့တွေပဲရနေတာကိုး။
ချော"ရေ.. အကင်အရင်မှာရအောင်လေ လို့ ပြောလည်းပြော စားပွဲရှည်အတန်းကြီးထဲ နေရာယူဖြစ်ကြတယ်။
ဒီဆိုင်အနေထားက ကန်းထရီးစတိုင်ဘားလိုမျိုးလေး၊
စားပွဲကအရှည် ထိုင်ခုံက အတန်းလိုက်အရှည်။
ဖွင့်ထားတယ့်သီချင်းက မြုဇစ်သီးသန့်။
အရာအားလုံးက ပေါ့ပါးလွတ်လပ်တဲ့ ဟန်ပန်တွေနဲ့ ခဏလေးအတွင်း နေသားတကျဖြစ်သွားတယ်။
~~~~~~~~~~~~~~
တအောင့်ကြာတော့...
တစ်ယောက်တစ်မျိုး တွန့်ထိုးပုတ်ခတ်ရင်း ပြေးဆော့ကျီစယ်နေကြတဲ့ အဖွဲ့သစ်တစ်ဖွဲ့ရောက်ချလာပြန်ရော။
အထန်" ဟိုမှာ ဝသန်"တို့အဖွဲ့တွေ တွေ့လား" ဆိုပြီး မယ်ချော"ကကပ်ပြောလာတယ်။
အာ့နဲ့ အဖွဲ့လေးထဲ သူလေး ပါတယ်ဆိုတယ့် အသိနဲ့ကို ရင်ကတသိမ့်သိမ့်ခုန်လာတယ်။
ကိုယ့်ကိုကိုယ်လည်း အံ့ဩမိတယ်။ ပုံမှန်တွေ့နေကျ မိန်းခလေးသူငယ်ချင်းတွေ ၊
"ဝင့်ဝါ"အချစ်ကိုရရင် သေပျော်ပါတယ်ပြောတတ်ကြတဲ့ ယောက်ျားလေးတွေကို ပုံစံအမျိုးမျိုး ကြုံခဲ့ထိတွေ့ခဲ့ရဖူးပေမယ့်....
အခုလို ကိုယ့်ရင်ခုန်သံကိုယ် ပြန်သတိထားမိလောက်အောင်အထိ မရှိခဲ့ဖူးဘူးလေ။
~~~~~~~~~~~~
ဝသန်"လှုပ်ရှားမှုလေးတွေကို မသိမသာလေး ခိုးကြည့်နေမိတယ်။
ကြည့်နေရင်းမှာပဲ ဝသန်"က အထန်"တို့ဘက်လှည့်ကြည့်လာတာတွေ့တော့ ...
အမြန်အမြန်လေး မသိသလို မကြည့်သလိုလေး နေလိုက်မိတယ်။
အာ့မှာ "ဒေါ်မယ်ချော"က လက်ပြထရပ်လိုက်ရော .. နှုတ်ကလည်းတဆက်တည်း ဂျစ်ရေ"ဒီမှာတဲ့...
~~~~~~~~~~~
ခုဆို 2ဖွဲ့စုထိုင်ဖြစ်သွားပြီ။ ဝသန်"နဘေးနားမှာ ကပ်ထိုင်နေသူက "မွန်း"။
စားပွဲအရှည်ကြီးမှာ တဖက်တချက်စီ ခွဲထိုင်ကြတာမို့ အထန်"တို့နဲ့မျက်နှာချင်းဆိုင်ပေါ့။
အားလုံးက စားလိုက်သောက်လိုက် ဆယ်ဖီဆွဲလိုက်နဲ့ ... ငြိမ်နေတာဆိုလို့ ဝသန်"တစ်ယောက်တည်း။
လူကမငြိမ်ပဲ စိတ်ကငြိမ်နေတယ့်သူဆိုလည်း အထန်"တစ်ယောက်တည်းပဲဖြစ်မယ်။
"မွန်း"ကတော့ ဝသန့်"ပန်းကန်ထဲကဟာတွေ လှမ်းနှိုက်လိုက် ပြန်ထည့်လိုက်နဲ့ တတွတ်တွတ်ပြောရင်း အလုပ်ကိုရှုပ်လို့။
~~~~~~~~~~~
"ဇူး"ရဲ့ FB အကောင့်ကရောတဲ့..
ကိုယ့်နာမည်ခေါ်သံကြားမှ
ဂိမ်းဆော့ရင်း သတိဝင်လာတယ်။
ကိုယ်ကလည်း အာရုံထဲ သူမရယ် ဂိမ်းရယ်ပဲရှိနေတာကိုး။
ချောချော"လှမ်းမေးသံကြားမှ
သူတို့ဖက် လှမ်းကြည့်ဖြစ်တယ်။ တဆက်တည်းလည်း မချော အကောင့်ကိုပြောလေ လာအဒ်လိုက်မယ်"လို့ပြန်ပြောရင်း သူမကို ခိုးကြည့်မိပြန်ရော။
မချော"ပြန်ပြောလာတဲ့ အကောင့်တွေထဲမှာ မ"ရဲ့အကောင့်ကို စိတ်ဝင်စားဆုံးဆိုတာ ဘယ်သူ့မှ သိလိုက်မှာဟုတ်ဘူး။
အကောင့်ကိုယ်စီရကြပြီဆိုတော့ ပြောရင်းချက်ရင်းနဲ့ ညကျရင် အတူတွေ့ကြဖို့ ချိန်းဖြစ်သွားကြတယ်။
အဲထဲမှာ ကြိတ်ပျော်မိတာက ကိုယ်ပဲပေါ့။
တွေ့နေချင်တယ်။
သူမအသံလေးရော အမြဲကြားချင်နေတယ် ။
တကယ်လို့
တစ်စုံတစ်ရာသာ ကိုယ်တို့နှစ်ယောက်ကြားထဲ ရှိလာခဲ့မယ်ဆို ဒီညတွေကို အသည်းထဲထိ ကဗျည်းထိုးထားခွင့်ပြုပါ "မ"ရယ်...
--------------- ။ ---------------
You are reading the story above: TeenFic.Net