ကလစ်!
စိတ်ပြေနပြေပဲ တံခါးကိုဆွဲပိတ်လိုက်တယ်။
တဖြည်းဖြည်းအေးစိမ့်လာတယ့် မြူငွေ့တွေထက် တစ်ကိုယ်တော်အတွေးစတွေက ပိုတိတ်ဆိတ်ပြီး ခံစားချက်ကိုပါ ရေခဲရိုက်ခံနေရသလိုမျိုးမို့..
ပြတင်းပေါက်ကို ကျောခိုင်းလိုက်ပြီဆိုတာနဲ့ နံရံကပ်ကိုယ်လုံးပေါ်မှန်ရဲ့ ထောင့်စွန်းမကျတကျလေးမှာ ..
တချိန်တခါက ဆွဲဆောင်မှုကောင်းလွန်းတယ့်ရနံ့လေး စွဲထင်ကျန်နေမြဲဖြစ်တယ့် နှုတ်ခမ်းနီအရာလေး နှစ်ခု။
~~~~~~~~~~~~~~~~~~~~
<3 ဝသန်ဇူး
ငယ်ပေါင်းတွေကတော့ "ဇူး"တဲ့...
ငနာတွေကိုအဖော်မခေါ်ခဲ့ပဲနဲ့ တစ်ဗွေတည်းလှိမ့်လာလိုက်တာ မီနီမားကက်လေးထဲယောင်ချာချာ ကိုယ်ပေါ့..
အာ့!
sorry sorry … သရေစာတပွေ့တပိုက်နဲ့ ရုတ်တရက် ဟန်ချက်ပျက်သွားတယ့်ကိုယ့်ကို လက်မောင်းလေးလှမ်းဆွဲရင်း သူမနှုတ်ခမ်းပါးလေးတစ်စုံက တတွတ်တွတ်နဲ့အဆက်မပြတ်ရွတ်လို့..
ဟုတ်! ရပါတယ်.. လို့သာပြန်ပြောမိပြီး ကိုယ့်အကြိုက်ရေညှိအခြောက်ထုပ်လေး ကြေမွသွားမှာစိုးလို့ အလောတကြီးပြေးကောက်ဖို့ပြင်ချိန်
အင့်!
လက်ဆချင်းကလည်းအတူတူ ဒူးကွေးအနေထားကလည်းအတူတူ
ကိုယ်က သူမရင်ခွင်ထဲရောက်လုမတတ်
ပြိုင်တူကုန်းကောက်မိတယ့်အဖြစ်လေး ..
အမျိုးအမည်မသိတယ့်ခံစားမှုလေးကြောင့် သွေးကြောထဲရှိန်းခနဲဖြစ်သွားချိန် သူမမျက်နှာလေးကို ငဲ့ကြည့်မိလိုက်တယ်..
ဟာ!!
နက်မှောင်ပြီးအချိုးကျလှတယ့် မျက်ခုံးနှစ်ခုအောက်က အကြည်ဓာတ်အပြည့်ရှိပြီး ထွင်းဖောက်မြင်နိုင်စွမ်းရှိသော မျက်ဝန်းစိုလက်လက်လေးတစ်စုံ...
(အဲအချိန်ကတည်းက ကိုယ်က သူမ မခူးမဆွတ်ရပဲ အကြည့်တစ်ချက်နဲ့တင် နှလုံးသားလေး တဖြုတ်ဖြုတ် ကြွေခဲ့ရသူပါလေ)
တဒင်္ဂအဖြစ်ပျက်လေးဟာ ရေတမော့သောက်ချိန်လောက်တောင် မကြာခဲ့သော်လည်း သူမရဲ့ကိုယ်သင်းရနံ့၊တဖက်သားစိတ်နှလုံးကို ဆွဲညှို့ယူနိုင်တယ့် အမွှေးသန့်သန့်လေးတစ်မျိုးက ပြန်တွေးမိတိုင်းရင်တလှပ်လှပ်နဲ့ ခံစားမှုလေးလတ်ဆတ်နေတုန်းပေါ့...
အကြည့်ချင်းဆုံတော့ သူမရဲ့ပါးချိုင့်ပါတယ့်ပါးတဖက်က နှုတ်ခမ်းထောင့်စွန်းလေး ကွေးညွတ်သွားတယ်။ နှစ်ယောက်သားအနေထားကလည်း တကယ့််ကို နီးနီးကပ်ကပ်မို့ ထူထူပူပူနဲ့ တန်းထွက်လာလိုက်တာ ကိုယ့်အခန်းကို ကိုယ်ဘယ်လိုပြန်ရောက်မှန်းတောင် သိလိုက်ဘူး ။
မနက်ဖြန် ကမ်းခြေသွားဖို့အတွက် ဘာတွေမေ့ကျန်ခဲ့ပြန်ပါလိမ့်။ သေချာတာကတော့ နှလုံးသားလေး ကိုယ့်ရင်ဘတ်ထဲပြန်ပါမလာတော့ဘူးလေ..
~~~~~~~~~~~~~~~~~~~
<3 ထက်ဝင့်ဝါထန်
အိမ်ခေါ်က ဝင့်ဝါ ဖြစ်ပြီး bff ပြောမနာဆိုမနာတွေခေါ်တာက "အထန်"
အရာရာပေါ် ပြတ်သားတာရယ် မဟုတ်မခံစိတ်ကလေးရယ် ကိုယ့်ကိုယ်ကိုယ်အမြဲယုံကြည့်ချက်ရှိတယ့် အမူအကျင့်တွေက သူမရဲ့ သင်္ကေတတစ်ခုလို..
ကျောင်းပြီးကတည်းက တနေရာစီရောက်နေတယ့် သူမတို့အဖွဲ့လေး အွန်လိုင်းပေါ်လူပြန်စုရင်း ခရီးတစ်ခုအတူသွားကြဖုိ့ အစီစဉ်ဆွဲဖြစ်တယ်။
အလုပ်နားရက်လေးတူနေတယ့် ချောချောကိုခေါ်ပြီး တစ်လမ်းကျော်က မီနီမားကက်လေးထဲ ဟိုရှာဒီမွှေနဲ့ပေါ့။
ရှန်ပူခရီးဆောင်ဆိုဒ်အသေးလေးတစ်ဗူး ယူသွားမှပါလေ ဆိုပြီး တစ်ယောက်တည်း ရှာရင်းသွားရင်းနဲ့
အချိုးကွေ့လေးထဲ ကောင်မလေးတစ်ယောက်ရဲ့ အင့်!ခနဲအသံနဲ့အတူ
ပုခုံးချင်းတိုက်မိပြီး ယိုင်လဲလုလု အခြေနေ..
ရုတ်တရက် နီးရာလှမ်းကူထိန်းပေးရင်း ကိုယ့်ကြောင့်ပြုတ်ကျကုန်တယ့် ပစ္စည်းတွေကို အမြန်ကူကောက်ပေးမိတယ်။
ဟဟ ခလေးတွေလုကောက်နေသလိုမျိုးကြီး ..
အတူတူလက်ဆုံယူမိတော့ အပြစ်ကင်းတယ့်မျက်နှာလေးနဲ့ ကိုယ့်ကိုငေးနေလိုက်တာ ချစ်ဖို့ကောင်းသလိုလို ဘာလိုလိုနဲ့ တစ်ချက်ပြုံးဖြစ်သွားသေးတယ်။
ဝင့်ဝါ " ဘာဖြစ် ဆိုတယ့်မေးသံနဲ့အတူ ချောချောရောက်လာတော့ ဟိုတစ်ယောက်ကို အရိပ်တောင်မမြင်ရတော့ဘူး။ ခလေးကျနေတာပဲ မုန့်တွေ တပွေ့တပိုက်နဲ့လို့ ပြန်တွေးမိရင်း ထပ်ပြုံးမိပြန်တယ်။
~~~~~~~~~~~~~~~~~~~
<3 <3
သူများတွေ တစ်ယောက်တစ်ပေါက်နဲ့ ကားပေါ်ဆူညံနေပေမယ့် ဇူးကတော့ အဝေးရှုခင်းလေးငေးရင်း နားကြပ်ထဲကသီချင်းလေးလိုက်ညည်းမိရင်း ပတ်ဝန်းကျင်ကိုတောင် ခပ်မေ့မေ့ရယ်။
ကမ်းခြေအနားနီးလာလေ လေကသန့်ရှင်းပြီး ရှူရှိုက်လိုက်ရတာကိုက ကိုယ့်ကိုယ်ကိုယ် မိုးပျံပူဖောင်းလို ထင်မှတ်မှားလောက်အောင် ပေါ့ပါးလန်းဆန်းချက်။
ဝိုးးးအဟေဟေ့ .. ဆိုပြီး အသံမျိုးစုံနဲ့ ခုန်ပေါက်မတတ် ကြွနေယွနေကြတယ့် ငနာတွေကြားထဲ ကိုယ်ပါအပျော်လေးကူးစက်လာပြီလေ။
ကျီးးး
ဇူးတို့ကားလေး တစ်ချက်ညည်းသံနဲ့အတူ ထိုးရပ်သွားတယ်။ ခေါင်းလေးထုတ်ကြည့်မိတော့ အရှေ့မှာ ကားတစ်စီး မဒီတစ်သိုက်နဲ့ ပါလာတယ့်ဒရိုင်ဘာက ဟိုသည်နှိုက်လို့။
ဇိုး ဦးလေးက အရှေ့ကားဆီဆင်းသွားပြီး သွားကူရှာပြီ။
ကွာ.. ရောက်တော့မှာကို ...
ဦးလေးပြန်လျှောက်လာတော့ မဒီနှစ်ယောက်လိုက်ပါလာတယ်။ ကမ်းခြေလည်း လှမ်းမြင်နေရပြီမို့ ကားကြုံလိုက်ခဲ့တော့မယ်ဆိုပဲ။ ကျန်သူမတို့သူငယ်ချင်းတွေနဲ့ ဒရိုင်ဘာက အတူရပ်စောင့်ကျန်နေခဲ့တယ်။ ဇူးတို့ကို ကမ်းခြေမှာထားခဲ့ပြီးမှ ဦးလေးက သွားပြန်ခေါ်ကြိုမယ်လို့ ပြောနေသံတော့ သဲ့သဲ့လေးကြားလိုက်တယ်။
ဒီဖက်တိုးကွာ ဇူး"ဆိုပြီး ဂျစ်က ကျောလာပုတ်တော့ ကိုယ်ကိုရွေ့ပေးရတော့မှာပေါ့။ ကားတံခါးပြန်ဆွဲပိတ်လိုက်ချိန်မှာ အာရုံထဲတိုးဝင်လာတယ့် အမွှေးရနံ့လေးတစ်ခု...
သိသိသာသာရင်တစ်ချက်ဆောင့်ခုန်သွားတယ်။
ပြီးတော့တစ်ဆက်တည်း လက်မောင်းသားလေး လှမ်းဖမ်းကိုင်လာတယ့် အထိတွေ့လေးး ပြန်သတိရလို့ ....
ကိုယ်ကိုလှည့်ပြင်ထိုင်သလိုမျိုးလေး လှုပ်ရှားမိရင်း တစ်ချက်ဝှေ့ကြည့်လိုက်တာပေါ့။
ဟာ!!!!
မြင်လိုက်ရတယ့် မျက်နှာအကျလေး ပြီးတော့ မနေ့က သူမအဖော်လေးခေါ်သံထဲမှာ ပါတဲ့ "ဝင့်ဝါ"ဆိုတယ့်နာမည်လေးနဲ့လိုက်ဖက်လွန်းတယ့် အသားရောင်ဝါနုနုဝင်းကြည်ကြည်လေးနဲ့ သူမ။
ဆုံမှဆုံတတ်လေခြင်း
ကံတရားကို ကြိတ်ချစ်သွားမိတယ်။ လိုအပ်တာထက်လည်း ပိုပျော်လာသလိုလို။
ဒါပေမယ့် တကယ့်အနေထားမှာက အကြည့်တွေက လမ်းမဘေးဝဲယာကနေ မလွှဲမိတော့ဘူး။ အာရုံထဲလည်း သူမက ကိုယ့်ဘေးနားဆိုတယ့်အသိနဲ့ တစ်လမ်းမောင်းလေး ရင်ခုန်ဆဲအနေထားလေ။
တစ်ချက်တစ်ချက် သူမ ဆံနွယ်ပါးမျှင်မျှင်လေးတွေက ကိုယ်ဘက်ဝဲလာသလိုလို ဘာရှန်ပူအမျိုးအစားသုံးတတ်လဲလို့ စိတ်ဝင်စားမှုက ပိုလာတယ်။ ကိုယ်ကတော့ တွေ့ရာအကုန်ယူသုံးတတ်သူမို့ ဘာမှမသိ။
~~~~~~~~~~~~~~~~~
တစ်ယောက်ယောက် ကိုယ့်ကိုစိုက်ကြည့်နေသလို ခံစားမှုဖြစ်လာတယ်။
ဟေ့.. ယူ!
ဒိန်းခနဲ့ဆောင့်တက်လာတယ့်သွေးနဲ့အတူ သူမခေါ်သံတိုးတိုးလေးကို ကြားလိုက်တယ်။
ပြီးတော့ သူမကပဲစမေးလာတယ်။ မနေ့က တွေ့တာ "ယူ"မဟုတ်ဘူးလားတဲ့။
ဟုတ်! ကိုယ်ပါ
လည်ပြန်ကြည့်ရင်း တစ်ချက်ပြုံးပြဖြစ်တယ်။ ရင်ထဲနွေးသွားသလိုလို ခြေဖျားလက်ဖျားလေးတွေကျ သွေးဆုတ်အေးစက်လာသလိုလို တစ်ခုခုတော့ ဖြစ်ပြီထင်ရဲ့..
~~~~~~~~~~~~~~~
ကားကြုံတခါမှ မစီးဖူးပေမယ့် အဲကားပေါ်မှာလည်း အရွယ်တူမိန်းကလေးချည်းပဲမို့ ချောချောနဲ့နှစ်ယောက်သား လိုက်ဖို့စိတ်ဝင်စားသွားမိတယ်။
ကားပေါ်ရောက်တာနဲ့ မျက်စိအရှေ့တည့်တည့်က ပုံရိပ်လေးတစ်ခုက စိတ်ကို အနည်းငယ်လှုပ်ရှားစေတာတော့ အမှန်ပဲ။
တချိန်တခါက ရင်းနှီးကျွမ်းဝင်ဖူးတယ့် သူလိုလို အသွေးသားရင်းထဲက လူလိုလို ..
စိတ်ထဲတော့ ပိုပေါ့ပါးပြီး နေသာသွားတယ်။
ကားစထွက်ချိန် သူလေးဘက်က တစ်ချက်ဝှေ့ကြည့်လာတော့မှ သူပဲဆိုတာ သံသယကပိုခိုင်မာပြီး ပျော်သွားတယ်။
~~~~~~~~~~~~~~~
ဆုံပြန်ပြီ..
ဟဟ ဒီတခါတော့ ကိုယ်ကဝင်တိုက်တာမျိုးမဟုတ်ပဲ သူလေးတိုက်တာကို ပြန်ခံရမယ့်အလှည့်လားပဲ။
ကိုယ့်ကိုပဲမမှတ်မိနေတာလား စမခေါ်ချင်လို့များလား တစ်ခုခုပဲ ၊ဘာဖြစ်ဖြစ် အထန်နဲ့ရေစက်ရှိသူတွေအထဲမှာ သူလေးပါလာပြီ။ ဒီတော့ ထုံးစံမဟုတ်ပေမယ့် ကိုယ်ကအရင်ပဲ စခေါ်မိတ်ဆက်ဖြစ်ခဲ့တယ်။
ကိုယ်က ထက်ဝင့်ဝါထန် ပါ။
ကိုယ်တို့သူငယ်ချင်းဖြစ်လို့ရတယ်မလား။ သူစိမ်းတစ်ယောက်ကို အရေးတယူမိတ်ဆက် ခင်မင်ချင်ပါတယ်လို့ ဘယ်တုန်းကမှ မပြောဖူးတယ့် ကိုယ်က သူလေးနဲ့ကျ မြောင်းဖောက်ချောင်းဖောက် လုပ်မိတယ်။
(အာ့ဘာကြောင့်လဲဆိုတာ ကိုယ်လည်းကြိုမသိခဲ့ဘူး ဝသန်ရယ်..)
~~~~~~~~~~~~~~~~
ဇူး!
မွန်းဗိုက်ဆာလာပြီ။ ရောက်တာနဲ့. တစ်ခုခုဝယ်ကျွေးနော် နော်လို့...
ကောက်ကာငင်ကာ ပြောလာတယ့်မွန်း"ဆိုတယ့်တစ်ယောက်အနား အာရုံစိုက်မိလျက်သားဖြစ်သွားတယ်။
အင်းပါ လို့သူလေးဆီက အသံမပီမသလေးပါ ကပ်ပါလာပြီး အစာမကြေတယ့်အကြည့်တွေနဲ့...
ဘာကြည့်နာလဲ ဇူး မဝယ်ကျွေးရင် ကွကိုဗိုက်နာနာ ဘာနာနာ အကုန်တွေ့တာလျှောက်စားပစ်ရမလား ပြော!
ဝသန်နဲ့ အဲ"မွန်း"ဆိုတယ့် နှုတ်ခမ်းထော်မလေးကြားက လေအေးစစ်ပွဲကို မသိချင်ယောင်ဆောင်လို့ရပေမယ့် မကြားချင်လည်း ကြားနေရတယ်။
အထန်ကို အာရုံရှိပုံမရတယ့် ဇိုးကတော့ "တော်ပြီနောက်မှဆက်ပြောတော့နင် ရောက်ပြီ ကားပေါ်ကဆင်းဖို့လုပ်တော့ဆိုပြီး "လူကြီးလေးလို ဖိဟောက်လိုက်သေးတယ်။
ကားတံခါးဖွင့်လိုက်တာနဲ့
လေတိုးသံတွေ လှိုင်းရိုက်သံတွေနဲ့ နေချင်စရာကြီး မြို့ထဲမွန်းကျပ်ခဲ့သမျှ ဒီမှာမှ လွတ်လပ်မှုအရသာကို အပြည့်အဝရှူရှိုက်ရင်းးး
ဒီသဲသောင်ဖြူလွှလွှတွေ အနားကွပ်ထားတယ့် ပင်လယ်ပြင်ကြီးကို ချစ်လိုက်တာ.....
-
See you နော် အားလုံးပဲ နောက်တွေ့ရင်လည်း ဝင့်ဝါတို့ကို ခေါ်ပါခင်ပါလို့..
အခန်းယူထားတာက ဟို့ဖက်မှာမို့ သွားပြီနော်။
လှည့်ထွက်လာတယ့်ခြေလှမ်းတွေဟာ သိပ်ပြီးတော့လည်း မပေါ့ပါးနေသလို ရင်ထဲလည်းဟာတာတာနဲ့ ဟူးးး။
(အမောပဲပြေမလား ဇောပဲချွေမလား ဝသန်ရယ်)
~~~~~~~~~~~~~~~~~~~~
ကိုယ်က "ဝသန်ဇူး" ပါ။
ဇူးလို့လည်း ခေါ်နိုင်ပါတယ်။ ကိုယ်ပြောသမျှ ကိုယ့်ကိုခလေးတစ်ယောက်လို ပြုံးကြည့်နားထောင်နေတယ့် သူမအရှေ့မှာ ကိုယ်မနေတတ်ဖြစ်နေမိတယ်။
တဖက်က မွန်းနဲ့ကြိတ်ပြောနေရပေမယ့် သူမကို အာရုံမနောက်စေချင်တယ့်စိတ်ကလေးက ဘယ်ကနေဘယ်လို ဖြစ်ပေါ်လာတယ်ဆိုတာ ကိုယ့်ဘာသာမသိလိုက်ဘူး။
နှုတ်ဆက်ထွက်သွားတယ့် သူမကို ခုမှအသေချာပြန်ကြည့်မိတယ်။ အရပ်အမြင့်နဲ့ကိုယ်လုံးဆိုဒ်က ကွက်တိ။
အင်တာနေရှင်နယ်ဘော်ဒီလို့ ပြောရမလားပဲ။ ပိုသေချာတာလေး ဖြည့်ပြောရရင် ညှို့ချက်ပြင်းတယ့် ကောက်ကြောင်းတွေရှိပြီး ဆံနွယ်ယဉ်စစ ကျောလယ်လောက် မှာ မတိုမရှည်လှိုင်းဖော်ပြီး ဟိုက်လိုက်သွင်းထားတယ်။
ပစ်ရက်စရာတစ်ကွက်မှမရှိတာတော့ အမှန်ပဲ။
စကားပြောလေယူလေသိမ်းကအစ ချစ်ဖို့ကောင်းပြီး နောက်တခါပြန်တွေ့ချင်နေအောင်လည်း ရည်မွန်ဖော်ရွေလွန်းတယ်။
"မ"ရယ် .. အခုဒီမှာဆုံတဲ့ ရေစက်ဟာ ဒီပင်လယ်ကြီးရဲ့သက်သေနဲ့မို့ ဒီပင်လယ်လောက် ကြီးမားကျယ်ပြန့်ခွင့်ရပါစေ..
-------- ။ ---------
You are reading the story above: TeenFic.Net