"မင်းဉာဏ်သာ နင်အဲ့နေရာမှာ ဘာလုပ်နေတာလဲ"
မနက်လေးနာရီ အိပ်ရာက နိုးသည့်အချိန်တွင် ဉာဏ်သာကို အိမ်ရှေ့ သစ်ပင်အောက်တွင် ငူငူကြီး ထိုင်နေသည့်ကို တွေ့လိုက်ရလေသည်။
"မင်းဉာဏ်သာ"
သူမ မင်းဉာဏ်သာ ပခုံးကို အသာလှုပ်ယမ်းခေါ်လိုက်သော်လည်း မင်းဉာဏ်သာသည် သူမကိုပင် လှည့်မကြည့်ဘဲ
"အစ်မ ကျွန်တော်ကို အရမ်းမုန်းနေတာလား ဟင်"
သူသည် ခံစားချက်မဲ့နေသူ တစ်ဦးကဲ့သို့ ထိုမေးခွန်းအား သူမကို မေးမိလိုက်သည်။ ထို့နောက် သူမ၏ အဖြေစကားကိုပင် မစောင့်တော့ဘဲ စကားဆက်လာ၏။
"ကျွန်တော်ရဲ့ အချစ်ဦးက ဝါဆို ဆိုတာ မှန်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် အစ်မကို ရင်ခုန်သံတွေရဲ့ စေစားရာအတိုင်း ချစ်မိသွားတယ်။ ချစ်မိသွားတာမှ ရူးရူးမူးမူးပါ။ ဒါကို အစ်မ သိမှာ မဟုတ်သလို ယုံမှာလဲ မဟုတ်ပါဘူး။ အစ်မကတော့ ထင်မှာပေါ့။ ဒီကောင်ရူးကြောင်ကြောင်နိုင်ပြီး ပြောချင်ရာ ပြောနေတယ်လို့လေ။ ဒါပေမဲ့ ဒီကောင်ရင်ထဲက အချစ်တွေကိုတော့ အစ်မ မြင်အောင်မကြည့်တတ်ခဲ့ပါဘူး"
စကားကို တစ်ထောက်နားပြီး သူ သက်ပြင်းကို ခပ်ဖွဖွရှိုက်ကာ စကားဆက်လာ၏။
"ကျွန်တော် ပြန်သွားတဲ့ အပေါ်မှာ အစ်မ စိတ်နာသွားမယ်ဆိုတာ ကျွန်တော် နားလည်သလို သိလည်း သိနေခဲ့တယ်။ အစ်မကို ကျွန်တော် ဖွင့်မပြောခဲ့တာ အစ်မစိတ်နာစရာဖြစ်သွားခဲ့မယ် ဆိုတာ ကျွန်တော် ကြိုမတွက်ခဲ့မိတာပါ။ အမှန်က ကျွန်တော် အစ်မဆီက ပြန်သွားပြီး မေမေကို အစ်မနဲ့ တရားဝင်လက်တွဲခွင့် ရဖို့ ပြောခဲ့ပါတယ်။ ချိုသဲနဲ့ လက်ထပ်ပွဲကို အတိအလင်း ဖျက်သိမ်းခဲ့ပြီး မေမေနဲ့ အစ်မဆီပြန်ခဲ့ဖို့ စီစဥ်နေချိန်မှာ မေမေရဲ့ နှလုံးရောဂါ ပြန်ဖြစ်လာခဲ့တယ်။ နောက်ဆုံး မေမေကို လက်လွှတ်လိုက်ရတဲ့ အနေအထားဖြစ်သွားခဲ့တယ်။ မေမေက နှလုံး အစားထိုးကုရမယ်တဲ့။ ဒီအချိန်မှာ ရူးမတက်ဖြစ်ခဲ့ရတယ်။ တစ်ဖက်က အစိမဆီကို အပြေးပြန်လာချင်ခဲ့တဲ့ စိတ်။ တစ်ဖက်က ကျွန်တော်ကို ငယ်ငယ်ထဲက အကောင်းဆုံး ပျိုးထောင်ခဲ့တဲ့ မေမေ။ ကျွန်တော်စိတ်တွေ အများကြီး လွန်ဆွဲနေခဲ့ရတယ်။ နောက်ဆုံး အစ်မဆီ ပြန်လာဖို့ထက် ရင်နာနာနဲ့ မေမေ အသက်ရှင်ဖို့ အတွက်ကိုသာ ရွေးချယ်ခဲ့မိတယ်။ စင်္ကာပူမှာ မေမေကို အကောင်းဆုံး ခွဲစိတ်နိုင်ခဲ့ပေမဲ့ မေမေဟာ ကိုမာဝင်သွားခဲ့တယ်။ ကျွန်တော် အစ်မကို တစ်နေ့မှ မေ့မရခဲ့တာတော့ ယုံကြည်ပေးပါ။ ကျွန်တော် အစ်မကို ချစ်တယ်။ ချစ်လို့လဲ ပြန်ရောက်ချင်း အစ်မဆီလာခဲ့တာပါ"
"ဉာဏ်သာရယ်"
စီရံ တစ်ယောက် ဉာဏ်သာကြုံခဲ့သည့် အဖြစ်အပျက်တွေကို သိခဲ့ရချိန်တွင် သူမ ရှောင်ပုန်းခဲ့သည့် အချိန်တွေအတွက် နောင်တရမိခဲ့သည်။ ထိုကြောင့် သူကို ရင်ခွင်ထဲ ထည့်ပြီး ဖက်ထားလိုက်မိသည်။
"တို့လည်း မင်းကို ချစ်ပါတယ် ကောင်လေးရယ်"
"ကျွန်တော်လည်း မကို ချစ်တယ်"
မနက်ခင်း၏ လေပြည်လေအေးတို့သည် ထပ်တူကျသော ရင်ခုန်သံပိုင်ရှင်နှစ်ဦး၏ အချစ်တွေကို ကောင်းချီးပေးနေသလား တိုးဝှေ့တိုက်ခက်လာကြလေသည်။
☔☔☔☔☔☔☔☔☔☔☔☔☔
"သမီးလေး ထတော့"
သမီးဖြစ်သူကို ဉာဏ်သာ ဖွဖွလေး နမ်းရင်း လှုပ်နှိုးလေတော့
"အွန်း အိပ်ချင်တာ ဖေဖေ"
"အမလေး ဘာအိပ်ချင်တာလဲ ရွှေလေး၊ ဘယ်တုန်းက ဒီအချိန်ထိ အိပ်ဖူးလို့လဲ၊ ထတော့ အခု"
"ဟာ အစ်မကလည်းဗျာ၊ သမီးက ငယ်ငယ်လေး ရှိသေးတယ် အဲ့လိုရိုက်ရလားဗျာ၊ ကလေး အသားက နုနုလေးရယ်"
"မင်းဉာဏ်သာ"
စီရံ တစ်ယောက် မင်းဉာဏ်သာကို မျက်ထောက်နီကြီးဖြင့် ကြည့်လိုက်ပြီး
"ဒီမှာ မင်းဉာဏ်သာ အရမ်းတွေ အကဲပိုမနေနဲ့၊ ငါ့သမီး အကြောင်း ငါ့က နင့်ထက် ၁၀ စသိတယ်၊ ဒါနဲ့ နေပါဦး ၊ နင်ကရော နိုးနေတာတောင် မထသေးဘဲ အဲ့ဒါ ဘာလုပ်နေတာလဲ၊ ငါတောင် ချက်လို့ ပြုတ်လို့ ပြီးပြီ၊ ထ အခု ၊ သွား မျက်နှာသစ်"
"ရွတ်"
"ဟာ မင်းဉာဏ်သာ ကောင်စုတ် ၊ နင် သေတော့မယ်"
"ဖေဖေ ညစ်ပတ် ခိခိ"
ပွစိစိ လုပ်လာသော အစ်မကြီး ပါးပြင်ကို ဖျက်ခနဲ့ နမ်းလိုက်ပြီး သူ ထထွက်လာခဲ့လိုက်လေသည်။ နောက်ပါးဆီမှ ချစ်စရာ သမီးလေး အသံနှင့် သူမ အသံတစ်ချို့က မနက်ခင်းရဲ့ သာယာဖွယ်တေးတစ်ပုဒ်ပမာ။
☔☔☔
"လာ သမီး အိမ်ထဲကို၊ လာပါဦး ဘွားမြေးလေးရယ်"
ဒေါ်ခက်ခင် တစ်ယောက် သားနှင့် ချွေးမ အိမ်ကို အတူရောက်လာသည့် အပြင် မြေးကိုပါ မြင်လိုက်ရတော့ သူမ နှလုံးသားမှာ ဝမ်းသာပီတိ ဂွမ်းဆီထိသလို နူးညံခြင်း ချစ်ခြင်းတွေ ပြည့်စုံနေရလေသည်။
စီရံ တစ်ယောက် မင်းဉာဏ်သာတို့ အိမ်ကြီးကို ဝေ့ဝိုက်ကြည့်ပြီး သူမ မထင်ထားခဲ့ရိုး အမှန်ပါ။ မင်းဉာဏ်သာ ဆိုသော လူတစ်ယောက်က ဤမျှလောက်ချမ်းသာကြွယ်ဝမည် ဟုပင် မထင်ခဲ့သည့်မှာ အမှန်ပင်။
"အစ်မ"
"ဟင်"
သူ့ ခေါ်သံတိုးတိုးကို ကြားမှ သူမ သတိလက်လွှတ်ငေးနေရာမှ အသိတစ်ချို့ ဝင်လာကာ
"ကျွန်တော်တို့ အိမ်ပြောင်းနေရအောင်လား"
"ဟုတ်သားပဲ သမီးရယ်၊ အမေ လည်း တစ်ယောက်ထဲ နေရမဲ့အတူတူ အမေ ချွေးမ နဲ့ သား နဲ့ မြေးနဲ့ အတူတူ နေချင်တာပေါ့၊ ဟုတ်လား မြေးလေး"
"ဘွားဘွားကြီးက ရွှေလေးကို ချစ်လား"
ချစ်စရာ မျက်နှာလေးက မြင်သူ ဖက်နမ်းချင်စရာ။ ဒေါ်ခက်ခင် မြေး ဖြစ်သူ၏ ပါးလေးအား နမ်းရှိုက်လိုက်ပြီး
"ချစ်တာပေါ့ ဖွားဖွားကြီးမှာ ဒီမြေးလေးပဲ ရှိတာကို"
မြေး ဖြစ်သူကို နမ်းလိုက် ။ စကားတွေပြောလိုက် လုပ်နေသော ဒေါ်ခက်ခင် တစ်ယောက် ရင်ထဲမှာ ကြည်နူးမှု အပြည့်ပင်။
"ဘယ်လိုလဲ အစ်မ ၊ ပြောင်းမှာလား"
စီရံ နားရွက်လေးကို အကြောင်းမဲ့ ပွတ်သပ်ရင်း
"အဲ့ဒါကလေ"
"အဲ့ဒါတွေ ဘာတွေလုပ်မနေနဲ့ သမီးရယ်၊ မြန်မြန်သာ ပြောင်းလာလိုက်၊ အမေလို အဖွားကြီး တစ်ယောက်ထဲ နေရတာ အထီးကျန်တယ်"
"စီရံ စဥ်းစားပါရစေဦး"
"ဘာမှ စဥ်းစားမနေနဲ့ ချစ်ယောင်းမရေ၊ ချိုသဲလဲ တူမလေးနဲ့ မခွဲချင်ဘူး၊ ပြောင်းသာ ပြောင်းခဲ့လိုက်တော့"
"မေမေ ရွှေလေးတို့ ဘွားဘွားကြီးနဲ့ အတူနေမယ်နော်"
ရွှေလေး စကားအဆုံးတွင် မင်းဉာဏ်သာ တစ်ယောက် စီရံကို စူးစူးနစ်နစ်ကြည့်ပြီး
"ကဲ ဘယ်လိုလုပ်မှာလဲ ၊ တောင်တွေးမြောက်တွေး တွေးမနေနဲ့တော့ ဒေါ်စီရံခြယ်၊ မိသားစု သိုက်သိုက်ဝန်းဝန်းလေးနဲ့ စိုစိုပြေပြေလေး ကျွန်တော်နေချင်တယ်"
"နေချင်တာတော့ ဟုတ်ပြီ၊ မင်းဉာဏ်သာ သမီး စီရံကို လူသိရှင်ကြား လက်ထပ်ဖို့ စီစဥ်"
ယောက္ခဖြစ်သူ၏ စကားကြောင့် စီရံ မျက်ဝန်းလေး ဝိုင်းသွားရပြီး
"စီရံတို့က လက်ထပ်ပြီးပြီလေ"
ချွေးမဖြစ်သူ၏ စကားကြောင့် ဒေါ်ခက်ခင် ပြုံးလိုက်ပြီး
"ဒါက အမေတို့ အသိုင်းအဝိုင်းက မသိသေးဘူးလေ၊ သမီး အသိုင်းအဝိုင်းကပဲ သိထားတာ၊ ဒီကောင် အသုံးမကျလို့၊ အဲ့တော့ ဘာမှ မပြောကြနဲ့၊ မင်္ဂလာပွဲ စီစဥ်ဖို့ ပြင်ကြတော့၊ သမီး ချိုသဲ ၊ သမီး ယောင်းမ အတွက် အလှဆုံး မင်္ဂလာဝတ်စုံ တစ်စုံ အမြန်စီစဥ်"
"ဟုတ်ကဲ့ မေမေခက်"
သူတို့ အရပ်နှင့် သူတို့ဇာတ်တော့ ဟုတ်နေကြသည့်ပင်။ စီရံလည်း ဘာတစ်ခုမှ ဝင်မပြောတော့ဘဲ ယောက္ခမ စီစဥ်ရာကိုသာ ခေါင်းငြိမ့်လက်ခံလိုက်မိလေသည်။
☔☔☔
မြန်မာ ထိုင်မသိမ်းဝတ်စုံလေးဖြင့် လှပကျော့ရှင်းနေသော သတိုးသမီးလေးက ကျွန်တော် မင်းဉာဏ်သာ ချစ်ရပါသော စီရံခြယ် ဆိုသော အမျိုးသမီးပင်။
အဟွန့် ရယ်တော့ ရယ်စရာကောင်းသား။ သမီးဖြစ်သူ အရွယ်ရောက်မှ သူမကို ပြန်လည် လက်ထပ်ရသည့် ဘဝ။ တကယ်ပါ ယခု လက်ထပ်ပွဲလေးက ချစ်ခြင်းများစွာဖြင့် မွန်းမံခြယ်သထားသော လက်ထပ်ပွဲလေးပင်။
ချစ်ဇနီး နှင့် ချစ်သမီး အနားတွင်သာ ကျွန်တော် အချစ်တွေ ကျွန်တော် နှလုံးသားတွေ ရာသက်ပန် သက်ဆုံးထိ တည်မြဲသွားဖို့ပင်။
အမှန်စင်စစ်တော့ မင်းဉာဏ်သာ၏ နှလုံးသား တစ်စုံက ထို ခပ်စွာစွာ အစ်မကြီးကိုမှ ချစ်ခဲ့မိသည့်မို့ ထိုအစ်မကြီး၏ လက်တို့အား ခိုင်မြဲစွာ တွဲရင်း ချစ်ခြင်းများစွာဖြင့် ပြည့်စုံသော အနာဂါတ် အချစ်မေတ္တာအိမ်လေးဆီသို့ ~~~~။
☔☔☔
"ပင်ပန်းသွားပြီလားဟင်"
ဉာဏ်သာ သူမကို နောက်ကျောမှ သိုင်းဖက်ရင်း မေးလာလေတော့
"နင့်စိတ်အလိုကျ စီစဥ်ခဲ့ပြီးမှ ပင်ပန်းလား မေးနေတယ်နော်"
"ကျွန်တော်ကို ချစ်လား"
"အဟွန့်"
ကလေးဆန်လွန်းသော သူ့ အမေးကြောင့် သူမ ပြုံးလိုက်ပြီး
"မေးနေဖို့ လိုသေးလား ဉာဏ်သာရယ်"
သူမ လည်ဂုတ်သား ဝင်းဝင်းလေးကို သူ့မြတ်မြတ်နိုးနိုး နမ်းရှိုက်ရင်း
"အဲ့ဒါဆို မောင်လို့ခေါ်"
"ဟွန့် ဘာမှလဲ မဆိုင်ဘူး"
"အဲ့ဒါဆို မချစ်ဘူးပေါ့"
သူမအား စိတ်ကောက်သွားသည့် ပုံနှယ် တစ်ဖက်လှည့်သွားသော သူ့မျက်နှာကို သူမ နမ်းလိုက်ပြီး
"ချစ်တာပေါ့ မောင်လူဆိုးရယ်"
"အဲ့ဒါဆို မောင်ရဲ့ ရင်ခုန်သံတွေနဲ့အတူ အချစ်တွေတွေ ထပ်တူကျပါရစေ အချစ်ရယ်"
"မောင် ရဲ့ ရင်ခုန်သံတွေနဲ့ ဖွဲ့သီထားတဲ့ ့အချစ်တွေ ပေးပါ မောင်ရယ်"
အချစ်ည၏ ရင်ခုန်ခြင်းတွေက သူတို့ နှစ်ဦးအတွက် ချစ်ခြင်းတစ်ခုရဲ့ ပြယုဂ်တစ်ခုသဖွယ်~~~။
❤️ပြီးပါပြီ❤️
ချစ်ခြင်းနဲ့ ရင်ခုန်သံတွေ ထပ်တူကျပါစေ ဆုတောင်းရင်း~~~
zawgyi
"မင္းဉာဏ္သာ နင္အဲ့ေနရာမွာ ဘာလုပ္ေနတာလဲ"
မနက္ေလးနာရီ အိပ္ရာက ႏိုးသည့္အခ်ိန္တြင္ ဉာဏ္သာကို အိမ္ေရ႔ွ သစ္ပင္ေအာက္တြင္ ငူငူႀကီး ထိုင္ေနသည့္ကို ေတြ့လိုက္ရေလသည္။
"မင္းဉာဏ္သာ"
သူမ မင္းဉာဏ္သာ ပခံုးကို အသာလႈပ္ယမ္းေခၚလိုက္ေသာ္လည္း မင္းဉာဏ္သာသည္ သူမကိုပင္ လွည့္မၾကည့္ဘဲ
"အစ္မ ကြၽန္ေတာ္ကို အရမ္းမုန္းေနတာလား ဟင္"
သူသည္ ခံစားခ်က္မဲ့ေနသူ တစ္ၪီးကဲ့သို႔ ထိုေမးခြန္းအား သူမကို ေမးမိလိုက္သည္။ ထို႔ေနာက္ သူမ၏ အေျဖစကားကိုပင္ မေစာင့္ေတာ့ဘဲ စကားဆက္လာ၏။
"ကြၽန္ေတာ္ရဲ့ အခ်စ္ၪီးက ဝါဆို ဆိုတာ မွန္ခဲ့တယ္။ ဒါေပမဲ့ ကြၽန္ေတာ္ အစ္မကို ရင္ခုန္သံေတြရဲ့ ေစစားရာအတိုင္း ခ်စ္မိသြားတယ္။ ခ်စ္မိသြားတာမွ ရူးရူးမူးမူးပါ။ ဒါကို အစ္မ သိမွာ မဟုတ္သလို ယံုမွာလဲ မဟုတ္ပါဘူး။ အစ္မကေတာ့ ထင္မွာေပါ့။ ဒီေကာင္ရူးေၾကာင္ေၾကာင္ႏိုင္ၿပီး ေျပာခ်င္ရာ ေျပာေနတယ္လို႔ေလ။ ဒါေပမဲ့ ဒီေကာင္ရင္ထဲက အခ်စ္ေတြကိုေတာ့ အစ္မ ျမင္ေအာင္မၾကည့္တတ္ခဲ့ပါဘူး"
စကားကို တစ္ေထာက္နားၿပီး သူ သက္ျပင္းကို ခပ္ဖြဖြရိႈက္ကာ စကားဆက္လာ၏။
"ကြၽန္ေတာ္ ျပန္သြားတဲ့ အေပၚမွာ အစ္မ စိတ္နာသြားမယ္ဆိုတာ ကြၽန္ေတာ္ နားလည္သလို သိလည္း သိေနခဲ့တယ္။ အစ္မကို ကြၽန္ေတာ္ ဖြင့္မေျပာခဲ့တာ အစ္မစိတ္နာစရာျဖစ္သြားခဲ့မယ္ ဆိုတာ ကြၽန္ေတာ္ ႀကိဳမတြက္ခဲ့မိတာပါ။ အမွန္က ကြၽန္ေတာ္ အစ္မဆီက ျပန္သြားၿပီး ေမေမကို အစ္မနဲ႔ တရားဝင္လက္တြဲခြင့္ ရဖို႔ ေျပာခဲ့ပါတယ္။ ခ်ိဳသဲနဲ႔ လက္ထပ္ပြဲကို အတိအလင္း ဖ်က္သိမ္းခဲ့ၿပီး ေမေမနဲ႔ အစ္မဆီျပန္ခဲ့ဖို႔ စီစဥ္ေနခ်ိန္မွာ ေမေမရဲ့ ႏွလံုးေရာဂါ ျပန္ျဖစ္လာခဲ့တယ္။ ေနာက္ဆံုး ေမေမကို လက္လႊတ္လိုက္ရတဲ့ အေနအထားျဖစ္သြားခဲ့တယ္။ ေမေမက ႏွလံုး အစားထိုးကုရမယ္တဲ့။ ဒီအခ်ိန္မွာ ရူးမတက္ျဖစ္ခဲ့ရတယ္။ တစ္ဖက္က အစိမဆီကို အေျပးျပန္လာခ်င္ခဲ့တဲ့ စိတ္။ တစ္ဖက္က ကြၽန္ေတာ္ကို ငယ္ငယ္ထဲက အေကာင္းဆံုး ပ်ိဳးေထာင္ခဲ့တဲ့ ေမေမ။ ကြၽန္ေတာ္စိတ္ေတြ အမ်ားႀကီး လြန္ဆြဲေနခဲ့ရတယ္။ ေနာက္ဆံုး အစ္မဆီ ျပန္လာဖို႔ထက္ ရင္နာနာနဲ႔ ေမေမ အသက္ရွင္ဖို႔ အတြက္ကိုသာ ေရြးခ်ယ္ခဲ့မိတယ္။ စကၤာပူမွာ ေမေမကို အေကာင္းဆံုး ခြဲစိတ္ႏိုင္ခဲ့ေပမဲ့ ေမေမဟာ ကိုမာဝင္သြားခဲ့တယ္။ ကြၽန္ေတာ္ အစ္မကို တစ္ေန့မွ ေမ့မရခဲ့တာေတာ့ ယံုၾကည္ေပးပါ။ ကြၽန္ေတာ္ အစ္မကို ခ်စ္တယ္။ ခ်စ္လို႔လဲ ျပန္ေရာက္ခ်င္း အစ္မဆီလာခဲ့တာပါ"
"ဉာဏ္သာရယ္"
စီရံ တစ္ေယာက္ ဉာဏ္သာႀကံဳခဲ့သည့္ အျဖစ္အပ်က္ေတြကို သိခဲ့ရခ်ိန္တြင္ သူမ ေရွာင္ပုန္းခဲ့သည့္ အခ်ိန္ေတြအတြက္ ေနာင္တရမိခဲ့သည္။ ထိုေၾကာင့္ သူကို ရင္ခြင္ထဲ ထည့္ၿပီး ဖက္ထားလိုက္မိသည္။
"တို႔လည္း မင္းကို ခ်စ္ပါတယ္ ေကာင္ေလးရယ္"
"ကြၽန္ေတာ္လည္း မကို ခ်စ္တယ္"
မနက္ခင္း၏ ေလျပည္ေလေအးတို႔သည္ ထပ္တူက်ေသာ ရင္ခုန္သံပိုင္ရွင္ႏွစ္ၪီး၏ အခ်စ္ေတြကို ေကာင္းခ်ီးေပးေနသလား တိုးေဝ႔ွတိုက္ခက္လာၾကေလသည္။
☔☔☔☔☔☔☔☔☔☔☔☔☔
"သမီးေလး ထေတာ့"
သမီးျဖစ္သူကို ဉာဏ္သာ ဖြဖြေလး နမ္းရင္း လႈပ္ႏိႈးေလေတာ့
"အြန္း အိပ္ခ်င္တာ ေဖေဖ"
"အမေလး ဘာအိပ္ခ်င္တာလဲ ေရႊေလး၊ ဘယ္တုန္းက ဒီအခ်ိန္ထိ အိပ္ဖူးလို႔လဲ၊ ထေတာ့ အခု"
"ဟာ အစ္မကလည္းဗ်ာ၊ သမီးက ငယ္ငယ္ေလး ရိွေသးတယ္ အဲ့လိုရိုက္ရလားဗ်ာ၊ ကေလး အသားက ႏုႏုေလးရယ္"
"မင္းဉာဏ္သာ"
စီရံ တစ္ေယာက္ မင္းဉာဏ္သာကို မ်က္ေထာက္နီႀကီးျဖင့္ ၾကည့္လိုက္ၿပီး
"ဒီမွာ မင္းဉာဏ္သာ အရမ္းေတြ အကဲပိုမေနနဲ႔၊ ငါ့သမီး အေၾကာင္း ငါ့က နင့္ထက္ ၁၀ စသိတယ္၊ ဒါနဲ႔ ေနပါၪီး ၊ နင္ကေရာ ႏိုးေနတာေတာင္ မထေသးဘဲ အဲ့ဒါ ဘာလုပ္ေနတာလဲ၊ ငါေတာင္ ခ်က္လို႔ ျပဳတ္လို႔ ၿပီးၿပီ၊ ထ အခု ၊ သြား မ်က္ႏွာသစ္"
"ရြတ္"
"ဟာ မင္းဉာဏ္သာ ေကာင္စုတ္ ၊ နင္ ေသေတာ့မယ္"
"ေဖေဖ ညစ္ပတ္ ခိခိ"
ပြစိစိ လုပ္လာေသာ အစ္မႀကီး ပါးျပင္ကို ဖ်က္ခနဲ႔ နမ္းလိုက္ၿပီး သူ ထထြက္လာခဲ့လိုက္ေလသည္။ ေနာက္ပါးဆီမွ ခ်စ္စရာ သမီးေလး အသံႏွင့္ သူမ အသံတစ္ခ်ိဳ႕က မနက္ခင္းရဲ့ သာယာဖြယ္ေတးတစ္ပုဒ္ပမာ။
☔☔☔
"လာ သမီး အိမ္ထဲကို၊ လာပါၪီး ဘြားေျမးေလးရယ္"
ေဒၚခက္ခင္ တစ္ေယာက္ သားႏွင့္ ေခြၽးမ အိမ္ကို အတူေရာက္လာသည့္ အျပင္ ေျမးကိုပါ ျမင္လိုက္ရေတာ့ သူမ ႏွလံုးသားမွာ ဝမ္းသာပီတိ ဂြမ္းဆီထိသလို ႏူးညံျခင္း ခ်စ္ျခင္းေတြ ျပည့္စံုေနရေလသည္။
စီရံ တစ္ေယာက္ မင္းဉာဏ္သာတို႔ အိမ္ႀကီးကို ေဝ့ဝိုက္ၾကည့္ၿပီး သူမ မထင္ထားခဲ့ရိုး အမွန္ပါ။ မင္းဉာဏ္သာ ဆိုေသာ လူတစ္ေယာက္က ဤမ်ွေလာက္ခ်မ္းသာႂကြယ္ဝမည္ ဟုပင္ မထင္ခဲ့သည့္မွာ အမွန္ပင္။
"အစ္မ"
"ဟင္"
သူ႔ ေခၚသံတိုးတိုးကို ၾကားမွ သူမ သတိလက္လႊတ္ေငးေနရာမွ အသိတစ္ခ်ိဳ႕ ဝင္လာကာ
"ကြၽန္ေတာ္တို႔ အိမ္ေျပာင္းေနရေအာင္လား"
"ဟုတ္သားပဲ သမီးရယ္၊ အေမ လည္း တစ္ေယာက္ထဲ ေနရမဲ့အတူတူ အေမ ေခြၽးမ နဲ႔ သား နဲ႔ ေျမးနဲ႔ အတူတူ ေနခ်င္တာေပါ့၊ ဟုတ္လား ေျမးေလး"
"ဘြားဘြားႀကီးက ေရႊေလးကို ခ်စ္လား"
ခ်စ္စရာ မ်က္ႏွာေလးက ျမင္သူ ဖက္နမ္းခ်င္စရာ။ ေဒၚခက္ခင္ ေျမး ျဖစ္သူ၏ ပါးေလးအား နမ္းရိႈက္လိုက္ၿပီး
"ခ်စ္တာေပါ့ ဖြားဖြားႀကီးမွာ ဒီေျမးေလးပဲ ရိွတာကို"
ေျမး ျဖစ္သူကို နမ္းလိုက္ ။ စကားေတြေျပာလိုက္ လုပ္ေနေသာ ေဒၚခက္ခင္ တစ္ေယာက္ ရင္ထဲမွာ ၾကည္ႏူးမႈ အျပည့္ပင္။
"ဘယ္လိုလဲ အစ္မ ၊ ေျပာင္းမွာလား"
စီရံ နားရြက္ေလးကို အေၾကာင္းမဲ့ ပြတ္သပ္ရင္း
"အဲ့ဒါကေလ"
"အဲ့ဒါေတြ ဘာေတြလုပ္မေနနဲ႔ သမီးရယ္၊ ျမန္ျမန္သာ ေျပာင္းလာလိုက္၊ အေမလို အဖြားႀကီး တစ္ေယာက္ထဲ ေနရတာ အထီးက်န္တယ္"
"စီရံ စဥ္းစားပါရေစဦး"
"ဘာမွ စဥ္းစားမေနနဲ႔ ခ်စ္ေယာင္းမေရ၊ ခ်ိဳသဲလဲ တူမေလးနဲ႔ မခြဲခ်င္ဘူး၊ ေျပာင္းသာ ေျပာင္းခဲ့လိုက္ေတာ့"
"ေမေမ ေရႊေလးတို႔ ဘြားဘြားႀကီးနဲ႔ အတူေနမယ္ေနာ္"
ေရႊေလး စကားအဆံုးတြင္ မင္းဉာဏ္သာ တစ္ေယာက္ စီရံကို စူးစူးနစ္နစ္ၾကည့္ၿပီး
"ကဲ ဘယ္လိုလုပ္မွာလဲ ၊ ေတာင္ေတြးေျမာက္ေတြး ေတြးမေနနဲ႔ေတာ့ ေဒၚစီရံျခယ္၊ မိသားစု သိုက္သိုက္ဝန္းဝန္းေလးနဲ႔ စိုစိုေျပျပေလး ကြၽန္ေတာ္ေနခ်င္တယ္"
"ေနခ်င္တာေတာ့ ဟုတ္ၿပီ၊ မင္းဉာဏ္သာ သမီး စီရံကို လူသိရွင္ၾကား လက္ထပ္ဖို႔ စီစဥ္"
ေယာကၡျဖစ္သူ၏ စကားေၾကာင့္ စီရံ မ်က္ဝန္းေလး ဝိုင္းသြားရၿပီး
"စီရံတို႔က လက္ထပ္ၿပီးၿပီေလ"
ေခြၽးမျဖစ္သူ၏ စကားေၾကာင့္ ေဒၚခက္ခင္ ၿပံဳးလိုက္ၿပီး
"ဒါက အေမတို႔ အသိုင္းအဝိုင္းက မသိေသးဘူးေလ၊ သမီး အသိုင္းအဝိုင္းကပဲ သိထားတာ၊ ဒီေကာင္ အသံုးမက်လို႔၊ အဲ့ေတာ့ ဘာမွ မေျပာၾကနဲ႔၊ မဂၤလာပြဲ စီစဥ္ဖို႔ ျပင္ၾကေတာ့၊ သမီး ခ်ိဳသဲ ၊ သမီး ေယာင္းမ အတြက္ အလွဆံုး မဂၤလာဝတ္စံု တစ္စံု အျမန္စီစဥ္"
"ဟုတ္ကဲ့ ေမေမခက္"
သူတို႔ အရပ္ႏွင့္ သူတို႔ဇာတ္ေတာ့ ဟုတ္ေနၾကသည့္ပင္။ စီရံလည္း ဘာတစ္ခုမွ ဝင္မေျပာေတာ့ဘဲ ေယာကၡမ စီစဥ္ရာကိုသာ ေခါင္းၿငိမ့္လက္ခံလိုက္မိေလသည္။
☔☔☔
ျမန္မာ ထိုင္မသိမ္းဝတ္စံုေလးျဖင့္ လွပေက်ာ့ရွင္းေနေသာ သတိုးသမီးေလးက ကြၽန္ေတာ္ မင္းဉာဏ္သာ ခ်စ္ရပါေသာ စီရံျခယ္ ဆိုေသာ အမ်ိဳးသမီးပင္။
အဟြန္႔ ရယ္ေတာ့ ရယ္စရာေကာင္းသား။ သမီးျဖစ္သူ အရြယ္ေရာက္မွ သူမကို ျပန္လည္ လက္ထပ္ရသည့္ ဘဝ။ တကယ္ပါ ယခု လက္ထပ္ပြဲေလးက ခ်စ္ျခင္းမ်ားစြာျဖင့္ မြန္းမံျခယ္သထားေသာ လက္ထပ္ပြဲေလးပင္။
ခ်စ္ဇနီး ႏွင့္ ခ်စ္သမီး အနားတြင္သာ ကြၽန္ေတာ္ အခ်စ္ေတြ ကြၽန္ေတာ္ ႏွလံုးသားေတြ ရာသက္ပန္ သက္ဆံုးထိ တည္ၿမဲသြားဖို႔ပင္။
အမွန္စင္စစ္ေတာ့ မင္းဉာဏ္သာ၏ ႏွလံုးသား တစ္စံုက ထို ခပ္စြာစြာ အစ္မႀကီးကိုမွ ခ်စ္ခဲ့မိသည့္မို႔ ထိုအစ္မႀကီး၏ လက္တို႔အား ခိုင္ၿမဲစြာ တြဲရင္း ခ်စ္ျခင္းမ်ားစြာျဖင့္ ျပည့္စံုေသာ အနာဂါတ္ အခ်စ္ေမတၲာအိမ္ေလးဆီသို႔ ~~~~။
☔☔☔
"ပင္ပန္းသြားၿပီလားဟင္"
ဉာဏ္သာ သူမကို ေနာက္ေက်ာမွ သိုင္းဖက္ရင္း ေမးလာေလေတာ့
"နင့္စိတ္အလိုက် စီစဥ္ခဲ့ၿပီးမွ ပင္ပန္းလား ေမးေနတယ္ေနာ္"
"ကြၽန္ေတာ္ကို ခ်စ္လား"
"အဟြန္႔"
ကေလးဆန္လြန္းေသာ သူ႔ အေမးေၾကာင့္ သူမ ၿပံဳးလိုက္ၿပီး
"ေမးေနဖို႔ လိုေသးလား ဉာဏ္သာရယ္"
သူမ လည္ဂုတ္သား ဝင္းဝင္းေလးကို သူ႔ျမတ္ျမတ္ႏိုးႏိုး နမ္းရိႈက္ရင္း
"အဲ့ဒါဆို ေမာင္လို႔ေခၚ"
"ဟြန္႔ ဘာမွလဲ မဆိုင္ဘူး"
"အဲ့ဒါဆို မခ်စ္ဘူးေပါ့"
သူမအား စိတ္ေကာက္သြားသည့္ ပံုႏွယ္ တစ္ဖက္လွည့္သြားေသာ သူ႔မ်က္ႏွာကို သူမ နမ္းလိုက္ၿပီး
"ခ်စ္တာေပါ့ ေမာင္လူဆိုးရယ္"
"အဲ့ဒါဆို ေမာင္ရဲ့ ရင္ခုန္သံေတြနဲ႔အတူ အခ်စ္ေတြေတြ ထပ္တူက်ပါရေစ အခ်စ္ရယ္"
"ေမာင္ ရဲ့ ရင္ခုန္သံေတြနဲ႔ ဖြဲ႔သီထားတဲ့ ့အခ်စ္ေတြ ေပးပါ ေမာင္ရယ္"
အခ်စ္ည၏ ရင္ခုန္ျခင္းေတြက သူတို႔ ႏွစ္ၪီးအတြက္ ခ်စ္ျခင္းတစ္ခုရဲ့ ျပယုဂ္တစ္ခုသဖြယ္~~~။
❤️ၿပီးပါၿပီ❤️
ခ်စ္ျခင္းနဲ႔ ရင္ခုန္သံေတြ ထပ္တူက်ပါေစ ဆုေတာင္းရင္း~~~
ေမျခဴးသြယ္
You are reading the story above: TeenFic.Net