မင်းဉာဏ်သာ တစ်ယောက်ဇနီး နှင့် သမီးကို ပြန်တွေ့သည့် အကြောင်းမိခင်ကို အကြောင်းကြားခဲ့လေသည်။
ဒေါ်ခက်ခင်မှာလည်း မြေး နှင့် ချွေးမကို ပြန်တွေ့ပြီ ဟူသော သတင်းစကားကြောင့် လှည်းကူးသို့ ချိုသဲငယ်နှင့် အတူ ချက်ချင်းလိုက်လာခဲ့လေသည်။
"သမီးရယ် အမေဖြင့် သမီးကို တွေ့ခွင့်ရတာ ဝမ်းသာလိုက်တာ"
ဒေါ်ခက်ခင်မှာ ရင့်ကျက်ပြီး တည်ငြိမ်လွန်းသော ချွေးမကိုကြည့်ပြီး ပီတိတွေ ဖြစ်နေရလေသည်။ ဒီလိုမိန်းကလေးကို ချွေးမ တော်ခွင့်ရသည့် သူမက အတော်ကို ကံကောင်းသလိုပင် ခံစားရလေသည်။
"ဒါ အမေမြေးလေးလား၊ ဖြူဖြူဥဥလေးနဲ့ သားနဲ့တူလိုက်တာ ၊ ဘွားဘွားမြေးလေး ရွတ်"
ရွှေလေး ပါးပြင်လေးကို အားရပါးရ နမ်းရှိုက်ရင်း စကားတွေဆိုနေသော မိခင်ကို ဉာဏ်သာ ပြုံး၍သာ ကြည့်နေမိလေသည်။
"မေမေခက်ကလေ သူ့ မြေးနဲ့ ချွေးမကို တွေ့ရမယ်ဆိုတာနဲ့ ခံစားနေရတဲ့ ရောဂါတောင် တစ်ဝက်သက်သာသွားသလား မှတ်ရတယ်"
ချိုသဲငယ် စကားကြောင့် ရင်ခွင်ထဲက မြေးဖြစ်သူကို ချစ်မဝသော မျက်ဝန်းတြွေဖင့် ကြည့်ပြီး
"ရောဂါက တစ်ဝက်မဟုတ်ဘူး သိလား၊ မေမေခက်ရောဂါက အရှင်းပျောက်သွားသလို၊ သားကို မိသားစု စုံစုံလင်လင်နဲ့ တွေ့ရတာ မေမေခက်သိပ်ဝမ်းသာတာပဲ၊ အမေ ချွေးမကိုလည်း ကျေးဇူးတင်ပါတယ်၊ သား နဲ့ တူတဲ့ မြေးလေးမွေးပေးလို့လေ၊ တစ်ဆက်တည်း မေမေ ပြောချင်တာက ရန်ကုန်ပြန်ရင် သမီးနဲ့ သမီးကို တစ်ခါတည်း လိုက်ခဲ့စေချင်တယ်"
"အဲ့ အဲ့ဒါကလေ"
စီရံ သူ့နှင့် သူ့ မိခင်ကို တစ်လှည့်စီကြည့်ကာ မျက်လွှာလေးချလိုက်ပြီး
"အထိုင်ကျပြီးသား နေရာတစ်နေရာကို ကျွန်မ စွန့်လွှတ်ဖို့ ခက်ခဲနေသေးတယ်၊ ပြီးတော့ မင်းဉာဏ်သာနဲ့ ကျွန်မ အဆင်ပြေဖို့ ဆိုတာက ကျွန်မ နဲ့ သူ့ကြားမှာ ညှိုနှိုင်းစရာလေးတွေ ရှိဉီးမယ်လို့ မြင်ပါတယ်၊ အဲ့ဒါကလည်း ပထမ တစ်ကြိမ်ကလို အမှားမျိုး ထပ်မမှားချင်တာလဲ ပါ ပါတယ်"
"အမေ နားလည်ပါတယ်၊ ဒါပေမယ့် သမီးရယ်၊ ကလေးကိုတော့ အဖေ အမေရှိရဲ့ နဲ့ မိတကွဲ ဖတကွဲ မဖြစ်စေချင်ဘူး၊ သမီး အနေနဲ့ သေချာလေးတော့ စဉ်းစားစေချင်တယ်"
"ဟုတ်ကဲ့"
စီရံ သူမဘေးတွင် မျက်နှာငယ်လေးဖြင့် ရှိနေသော ဉာဏ်သာကို တစ်လှည့် အဘွားဖြစ်သူ၏ ရင်ခွင်အတွင်းမှာငြိမ်သက်နေသော သမီးလေးကို တလှည့်ဆီ ကြည့်ကာ သက်မနွေးနွေးကိုသာ ရှိုက်လိုက်မိလေသည်။
အမှန်တကယ်တော့ သူမကို ပစ်ပယ်ထားခဲ့သည့် ထိုယောကျာ်းကို မုန်းချင်သော်လည်း ၅နှစ်အတွင်း အိမ်အဟောင်းလေးမှာ နေပြီး သူမကို စောင့်နေသည့် ဆိုသည့် စကားကြောင့် သူမရင်ထဲမှာ သူကို ပစ်ပစ်ခါခါ မမုန်းရက်နိုင်ခဲ့သည့်က သေချာနေပြန်လေသည်။
☔☔☔
"ဘာပဲဖြစ်ဖြစ် ယောင်းမကို အချိန်တစ်ခုတော့ ပေးလိုက်ပါကိုကိုရယ်"
ချိုသဲ အရှုံးသမားတစ်ဉီးသဖွယ် အရှုံးပေး လက်မြှောက်ချင်နေသော အစ်ကို ဖြစ်သူကို ကြည့်ပြီး သက်မနွေးနွေးကို ရှိုက်လိုက်မိလေသည်။
"ငါ ငါ ဘာလုပ်သင့်လဲ ချိုသဲ၊ အစ်မကို စိတ်ကျေနပ်တဲ့ အထိ ငါ ဘာပြန်လုပ်ပေးရမလဲဟင်"
ချိုသဲလည်း သူတို့ နှစ်ဦးကိုကြည့်ပြီး ဘာပြောရမည်မှန်း မသိဖြစ်ရလေသည်။
တစ်ယောက်နှင့် နှစ်တွေ အကြာကြီးစောင့်စားခဲ့ကြပြီး ဝေးကြဖို့ ဆိုတာက မဖြစ်နိုင်တော့ဘူး ထင်ပါရဲ့။ ချိုသဲ ကိုကို ပခုံးကို အသာပုတ်ရင်း
"အချိန်တွေရှိပါသေးတယ် ကိုကို ၊ သေချာစဥ်းစားပါ၊ အစ်မကို နားလည်အောင် ဖြောင်းဖျပြောပါ"
"အင်းပါ"
ချိုသဲ အိမ်ထဲပြန်ဝင်သွားသည့် အထိ သူ့ အိမ်ထဲမဝင်နိုင်ခဲ့ပေ။ ထိုညက သူ့ အိပ်လည်းမပျော်နိုင်ခဲ့ပေ။ ဘာအတွက်ကြောင့် အစ်မက အမှားတစ်ခုကို ကျူးလွန်မိတယ်လို့ ထင်မိနေရတာလဲ။
မွန်းကျပ်လာရသည့် စိတ်အစဥ်ကြောင့် ဉာဏ်သာ ည အမှောင်အောက်တွင်သာ တစ်ညတာကုန်ဆုံးခဲ့ရလေပြီ။ အချိန်တွေ နောက်ပြန်လှည့်၍ ရလေလျှင် သူမနှင့် ပျော်ခဲ့ဖူးသည့် အချိန်တွေကိုသာ နောက်တစ်ခေါက်ပြန်သွားခွင့် ရပါရစေ ဆုတောင်းရင်း~~~။
☔☔☔
မန္တလေးမှာ တစ်ပတ်သာနေပြီး ဒေါ်ခက်ခင်နှင့် ချိုသဲတို့ ပြန်သွားကြလေသည်။ မပြန်လေဘဲ ရှိနေသူက မင်းဉာဏ်သာ ဖြစ်သည်။
"နင် ဘာလို့ပြန်မလိုက်သွားတာလဲ"
လျှော်ဖွတ်ရန် သမီးအဝတ်တွေကို ခြင်းတစ်လုံးထဲ စုထည့်နေသော သူမ အနားကို ဉာဏ်သာလျှောက်လာလေတော့ သူမ မေးလိုက်ခြင်း ဖြစ်သည်။ ဉာဏ်သာ အခန်းထဲရောက်တော့ သူမကို ခပ်တွေတွေကြည့်ပြီး
"ဘာလို့အတင်းပြန်လွှတ်နေတာလဲ၊ ကျွန်တော် အစ်မကို ဘယ်လိုတောင်းပန်ရမှာလဲ"
"ဘယ်လိုမှ မတောင်းပန်နဲ့၊ နင်နဲ့ ငါ့ကြားမှာ တောင်းပန်တယ်ဆိုတဲ့ စကားမလိုခဲ့ဘူးထင်ပါတယ်၊ ဘာလို့လဲ ဆိုတော့ ငါတို့နှစ်ယောက်လုံးက ကိုယ့်အမှန်တရားနဲ့ ကိုယ်လေ"
လေသံခပ်အေးအေးလေးဖြင့် ပြောနေလေသော အစ်မကို ဉာဏ်သာနားမလည်နိုင်ဖြစ်ခဲ့ရလေသည်။ သူ့ သက်မနွေးနွေးကို ရှိုက်ပြီး
"ကျွန်တော် အစ်မရဲ့ ခင်ပွန်း နောက်တစ်ကြိမ် မဖြစ်နိုင်တော့ဘူးလား"
ရီဝေဆွေးမြေ့နေသော သူ့ မျက်ဝန်းတွေက တစ်စုံတစ်ခုကို မျှော်လင့်နေသယောင်။ စီရံမျက်နှာလွှဲလိုက်ပြီး
"ခင်ပွန်းဟောင်းတစ်ဦးအနေနဲ့ လက်ခံနိုင်သလို သမီးရဲ့ အဖေအဖြစ်နဲ့လည်း လက်ခံနိုင်ပါတယ်၊ ဒါပေမယ့် နင့်ကို ပြန်လက်ခံပေးဖို့ကတော့ ငါ မစဥ်းစားချင်ဘူး၊ အခြေအနေအရပ်ရပ်က မဖြစ်နိုင်တော့ဘူး ထင်တယ်"
"ဟာ ကျစ်"
သူမ စကားအဆုံးတွင် ဉာဏ်သာ စိတ်တွေ ရှုပ်ထွေးသွားရလေသည်။ ဘာတွေ ဘာတွေကများ သူမစိတ်ကို အရင်လိုမဟုတ်လေဘဲ ပြောင်းလဲသွားစေရတာလဲ။
☔☔☔
မင္းဉာဏ္သာ တစ္ေယာက္ဇနီး ႏွင့္ သမီးကို ျပန္ေတြ့သၫ့္ အေၾကာင္းမိခင္ကို အေၾကာင္းၾကားခဲ့ေလသည္။
ေဒၚခက္ခင္မွာလည္း ေျမး ႏွင့္ ေခြၽးမကို ျပန္ေတြ့ၿပီ ဟူေသာ သတင္းစကားေၾကာင့္ လွည္းကူးသို႔ ခ်ိဳသဲငယ္ႏွင့္ အတူ ခ်က္ခ်င္းလိုက္လာခဲ့ေလသည္။
"သမီးရယ္ အေမျဖင့္ သမီးကို ေတြ့ခြင့္ရတာ ဝမ္းသာလိုက္တာ"
ေဒၚခက္ခင္မွာ ရင့္က်က္ၿပီး တည္ၿငိမ္လြန္းေသာ ေခြၽးမကိုၾကၫ့္ၿပီး ပီတိေတြ ျဖစ္ေနရေလသည္။ ဒီလိုမိန္းကေလးကို ေခြၽးမ ေတာ္ခြင့္ရသၫ့္ သူမက အေတာ္ကို ကံေကာင္းသလိုပင္ ခံစားရေလသည္။
"ဒါ အေမေျမးေလးလား၊ ျဖဴျဖဴဥဥေလးနဲ႔ သားနဲ႔တူလိုက္တာ ၊ ဘြားဘြားေျမးေလး ရြတ္"
ေရႊေလး ပါးျပင္ေလးကို အားရပါးရ နမ္းရိႈက္ရင္း စကားေတြဆိုေနေသာ မိခင္ကို ဉာဏ္သာ ၿပံဳး၍သာ ၾကၫ့္ေနမိေလသည္။
"ေမေမခက္ကေလ သူ႔ ေျမးနဲ႔ ေခြၽးမကို ေတြ့ရမယ္ဆိုတာနဲ႔ ခံစားေနရတဲ့ ေရာဂါေတာင္ တစ္ဝက္သက္သာသြားသလား မွတ္ရတယ္"
ခ်ိဳသဲငယ္ စကားေၾကာင့္ ရင္ခြင္ထဲက ေျမးျဖစ္သူကို ခ်စ္မဝေသာ မ်က္ဝန္းေႂတြဖင့္ ၾကၫ့္ၿပီး
"ေရာဂါက တစ္ဝက္မဟုတ္ဘူး သိလား၊ ေမေမခက္ေရာဂါက အရွင္းေပ်ာက္သြားသလို၊ သားကို မိသားစု စံုစံုလင္လင္နဲ႔ ေတြ့ရတာ ေမေမခက္သိပ္ဝမ္းသာတာပဲ၊ အေမ ေခြၽးမကိုလည္း ေက်းဇူးတင္ပါတယ္၊ သား နဲ႔ တူတဲ့ ေျမးေလးေမြးေပးလို႔ေလ၊ တစ္ဆက္တည္း ေမေမ ေျပာခ်င္တာက ရန္ကုန္ျပန္ရင္ သမီးနဲ႔ သမီးကို တစ္ခါတည္း လိုက္ခဲ့ေစခ်င္တယ္"
"အဲ့ အဲ့ဒါကေလ"
စီရံ သူ႔ႏွင့္ သူ႔ မိခင္ကို တစ္လွၫ့္စီၾကၫ့္ကာ မ်က္လႊာေလးခ်လိုက္ၿပီး
"အထိုင္က်ၿပီးသား ေနရာတစ္ေနရာကို ကြၽန္မ စြန႔္လႊတ္ဖို႔ ခက္ခဲေနေသးတယ္၊ ၿပီးေတာ့ မင္းဉာဏ္သာနဲ႔ ကြၽန္မ အဆင္ေျပဖို႔ ဆိုတာက ကြၽန္မ နဲ႔ သူ႔ၾကားမွာ ၫွိုႏိႈင္းစရာေလးေတြ ရိွဉီးမယ္လို႔ ျမင္ပါတယ္၊ အဲ့ဒါကလည္း ပထမ တစ္ႀကိမ္ကလို အမွားမ်ိဳး ထပ္မမွားခ်င္တာလဲ ပါ ပါတယ္"
"အေမ နားလည္ပါတယ္၊ ဒါေပမယ့္ သမီးရယ္၊ ကေလးကိုေတာ့ အေဖ အေမရိွရဲ့ နဲ႔ မိတကြဲ ဖတကြဲ မျဖစ္ေစခ်င္ဘူး၊ သမီး အေနနဲ႔ ေသခ်ာေလးေတာ့ စဉ္းစားေစခ်င္တယ္"
"ဟုတ္ကဲ့"
စီရံ သူမေဘးတြင္ မ်က္ႏွာငယ္ေလးျဖင့္ ရိွေနေသာ ဉာဏ္သာကို တစ္လွၫ့္ အဘြားျဖစ္သူ၏ ရင္ခြင္အတြင္းမွာၿငိမ္သက္ေနေသာ သမီးေလးကို တလွၫ့္ဆီ ၾကၫ့္ကာ သက္မေနြးေနြးကိုသာ ရိႈက္လိုက္မိေလသည္။
အမွန္တကယ္ေတာ့ သူမကို ပစ္ပယ္ထားခဲ့သၫ့္ ထိုေယာက်ာ္းကို မုန္းခ်င္ေသာ္လည္း ၅ႏွစ္အတြင္း အိမ္အေဟာင္းေလးမွာ ေနၿပီး သူမကို ေစာင့္ေနသၫ့္ ဆိုသၫ့္ စကားေၾကာင့္ သူမရင္ထဲမွာ သူကို ပစ္ပစ္ခါခါ မမုန္းရက္ႏိုင္ခဲ့သၫ့္က ေသခ်ာေနျပန္ေလသည္။
☔☔☔
"ဘာပဲျဖစ္ျဖစ္ ေယာင္းမကို အခ်ိန္တစ္ခုေတာ့ ေပးလိုက္ပါကိုကိုရယ္"
ခ်ိဳသဲ အရႈံးသမားတစ္ဉီးသဖြယ္ အရႈံးေပး လက္ေျမႇာက္ခ်င္ေနေသာ အစ္ကို ျဖစ္သူကို ၾကၫ့္ၿပီး သက္မေနြးေနြးကို ရိႈက္လိုက္မိေလသည္။
"ငါ ငါ ဘာလုပ္သင့္လဲ ခ်ိဳသဲ၊ အစ္မကို စိတ္ေက်နပ္တဲ့ အထိ ငါ ဘာျပန္လုပ္ေပးရမလဲဟင္"
ခ်ိဳသဲလည္း သူတို႔ ႏွစ္ၪီးကိုၾကည့္ၿပီး ဘာေျပာရမည္မွန္း မသိျဖစ္ရေလသည္။
တစ္ေယာက္ႏွင့္ ႏွစ္ေတြ အၾကာႀကီးေစာင့္စားခဲ့ၾကၿပီး ေဝးၾကဖို႔ ဆိုတာက မျဖစ္ႏိုင္ေတာ့ဘူး ထင္ပါရဲ့။ ခ်ိဳသဲ ကိုကို ပခံုးကို အသာပုတ္ရင္း
"အခ်ိန္ေတြရိွပါေသးတယ္ ကိုကို ၊ ေသခ်ာစဥ္းစားပါ၊ အစ္မကို နားလည္ေအာင္ ေျဖာင္းဖ်ေျပာပါ"
"အင္းပါ"
ခ်ိဳသဲ အိမ္ထဲျပန္ဝင္သြားသည့္ အထိ သူ႔ အိမ္ထဲမဝင္ႏိုင္ခဲ့ေပ။ ထိုညက သူ႔ အိပ္လည္းမေပ်ာ္ႏိုင္ခဲ့ေပ။ ဘာအတြက္ေၾကာင့္ အစ္မက အမွားတစ္ခုကို က်ူးလြန္မိတယ္လို႔ ထင္မိေနရတာလဲ။
မြန္းက်ပ္လာရသည့္ စိတ္အစဥ္ေၾကာင့္ ဉာဏ္သာ ည အေမွာင္ေအာက္တြင္သာ တစ္ညတာကုန္ဆံုးခဲ့ရေလၿပီ။ အခ်ိန္ေတြ ေနာက္ျပန္လွည့္၍ ရေလလ်ွင္ သူမႏွင့္ ေပ်ာ္ခဲ့ဖူးသည့္ အခ်ိန္ေတြကိုသာ ေနာက္တစ္ေခါက္ျပန္သြားခြင့္ ရပါရေစ ဆုေတာင္းရင္း~~~။
☔☔☔
မႏၲေလးမွာ တစ္ပတ္သာေနၿပီး ေဒၚခက္ခင္ႏွင့္ ခ်ိဳသဲတို႔ ျပန္သြားၾကေလသည္။ မျပန္ေလဘဲ ရိွေနသူက မင္းဉာဏ္သာ ျဖစ္သည္။
"နင္ ဘာလို႔ျပန္မလိုက္သြားတာလဲ"
ေလ်ွာ္ဖြတ္ရန္ သမီးအဝတ္ေတြကို ျခင္းတစ္လံုးထဲ စုထည့္ေနေသာ သူမ အနားကို ဉာဏ္သာေလ်ွာက္လာေလေတာ့ သူမ ေမးလိုက္ျခင္း ျဖစ္သည္။ ဉာဏ္သာ အခန္းထဲေရာက္ေတာ့ သူမကို ခပ္ေတြေတြၾကည့္ၿပီး
"ဘာလို႔အတင္းျပန္လႊတ္ေနတာလဲ၊ ကြၽန္ေတာ္ အစ္မကို ဘယ္လိုေတာင္းပန္ရမွာလဲ"
"ဘယ္လိုမွ မေတာင္းပန္နဲ႔၊ နင္နဲ႔ ငါ့ၾကားမွာ ေတာင္းပန္တယ္ဆိုတဲ့ စကားမလိုခဲ့ဘူးထင္ပါတယ္၊ ဘာလို႔လဲ ဆိုေတာ့ ငါတို႔ႏွစ္ေယာက္လံုးက ကိုယ့္အမွန္တရားနဲ႔ ကိုယ္ေလ"
ေလသံခပ္ေအးေအးေလးျဖင့္ ေျပာေနေလေသာ အစ္မကို ဉာဏ္သာနားမလည္ႏိုင္ျဖစ္ခဲ့ရေလသည္။ သူ႔ သက္မေနြးေနြးကို ရိႈက္ၿပီး
"ကြၽန္ေတာ္ အစ္မရဲ့ ခင္ပြန္း ေနာက္တစ္ႀကိမ္ မျဖစ္ႏိုင္ေတာ့ဘူးလား"
ရီေဝေဆြးေျမ့ေနေသာ သူ႔ မ်က္ဝန္းေတြက တစ္စံုတစ္ခုကို ေမ်ွာ္လင့္ေနသေယာင္။ စီရံမ်က္ႏွာလႊဲလိုက္ၿပီး
"ခင္ပြန္းေဟာင္းတစ္ၪီးအေနနဲ႔ လက္ခံႏိုင္သလို သမီးရဲ့ အေဖအျဖစ္နဲ႔လည္း လက္ခံႏိုင္ပါတယ္၊ ဒါေပမယ့္ နင့္ကို ျပန္လက္ခံေပးဖို႔ကေတာ့ ငါ မစဥ္းစားခ်င္ဘူး၊ အေျခအေနအရပ္ရပ္က မျဖစ္ႏိုင္ေတာ့ဘူး ထင္တယ္"
"ဟာ က်စ္"
သူမ စကားအဆံုးတြင္ ဉာဏ္သာ စိတ္ေတြ ရႈပ္ေထြးသြားရေလသည္။ ဘာေတြ ဘာေတြကမ်ား သူမစိတ္ကို အရင္လိုမဟုတ္ေလဘဲ ေျပာင္းလဲသြားေစရတာလဲ။
☔☔☔
You are reading the story above: TeenFic.Net