Unicode
ရွာကိုလာတုန်းကအတိုင်းအဝေးပြေးကားဖြင့်သာပြန်ပြီးကားဂိတ်ရောက်မှသာအိမ်ကကားကိုလာကြိုခိုင်းဖို့တွေးထားလိုက်တာမို့ခက်လှိုင်းကတော့ထုံးစံအတိုင်းသူရိန့်ကိုပွစိပွစိပြောနေလေ၏။ တကယ်လည်းခက်လှိုင်းပြောတာမှားတော့မမှား ၊ အိမ်ကကားကိုလာကြိုခိုင်းမယ်ဆိုနေ့တစ်ဝက်ကျော်လောက်နှင့်ပြန်ရောက်နိုင်ပေမယ့်အခုလိုကျအချိန်ပိုကြာပြီးပိုလည်းခရီးပန်းနိုင်တယ်မဟုတ်လား။ ဒါပေမယ့်လည်းဒါမျိုးကကိုယ့်အကြံနှင့်ကိုယ်ပဲမို့သူရိန်ကိုယ်တိုင်ပဲနားလည်နိုင်တာမျိုးပင်။ ဆက်ပြောလျှင်အသက်ကြီးလာလေလေပိုပြီးပြောရဆိုရကပ်သီးကပ်ဖဲ့နိုင်လာလေဖြစ်လာတဲ့သူငယ်ချင်းဖြစ်သူကမရမကဇွတ်ငြင်းနေဦးမှာကြောင့်ဘာမှဆက်ပြောမနေတော့ဘဲပြင်ဆင်စရာရှိတာကိုသာဆက်ပြင်ဆင်နေလိုက်သည်။
" ကျုပ်ရောက်ပြီ......"
မပြောင်းလဲတဲ့မူအတိုင်းတိုပြတ်ပြတ်တုံးတိတိစကားသံကြောင့်စစ်လက်စluggageကိုပိတ်လိုက်ပြီးအသံလာရာဘက်လှည့်ကြည့်လိုက်မိတော့ပလတ်စတစ်သားလက်ဆွဲအိတ်တစ်လုံးကိုင်ကာရပ်နေတဲ့လူမိုက်ကောင်။ အဝါရောင်ရှပ်အင်္ကျီကိုတံတောင်ဆစ်အထိလက်ခေါက်တင်ထားပြီးရွှေအိုနှင့်ခဲရောင်အရင့်ရောဖောက်ထားသည့်ပုဆိုးအကွက်ကိုဝတ်ဆင်ထားတဲ့လူမိုက်ကောင်ရဲ့ပုံစံကအရင်နဲ့မတူအောင်တကယ့်ကိုသန့်သန့်ပြန့်ပြန့်။ ခါတိုင်းလိုဒူးနားအထိခပ်တိုတိုဝတ်ထားတာမျိုးမဟုတ်ဘဲပုဆိုးကိုခြေကျင်းဝတ်အထိဝတ်ထားပုံကအတော်လေးပြောင်းလဲနေကာတကယ့်လူယဥ်ကျေးလေးအတိုင်းပင်။ ဒါပေမယ့်လည်းရှပ်အင်္ကျီပေါ်ကဖြုတ်ထားတဲ့ကြယ်သီးသုံးလုံးကတော့သူ့ရဲ့ထုံးစံအတိုင်းမပြောင်းမလဲတည်ရှိနေလေသေး၏။
" နောက်ကျသွားလား......"
ကိုယ့်ဘက်ကဘာမှမပြောဘဲငေးရုံသာငေးကြည့်နေမိတာကြောင့်လူမိုက်ကောင်ဘက်ကနေသာစကားစပေးလာသည်။ သူ့ကိုအငေးလွန်နေမှန်းတောင်သိပုံမရတဲ့လူမိုက်ကောင်ကိုခပ်ဖြေးဖြေးသာခေါင်းခါပြလိုက်ပြီးကွပ်ပျစ်ပေါ်ပစ်တင်ထားမိသည့်ဘေးလွယ်အိတ်ကိုပါတစ်ခါတည်းကောက်လွယ်ကာluggageကိုဆွဲရင်းထွက်လာခဲ့လိုက်တော့လက်ထဲကအိတ်ကိုဆွဲယူပေးလာပြန်တယ်။ ပြီးတော့နှစ်ကိုယ်ကြား,ကြားရုံမျှလေသံဖြင့်ပြောလာတဲ့စကားလေးက ' ကျုပ်သယ်ပေးမှာပေါ့ အိတ်ကအလေးကြီးဆိုခင်ဗျားလက်နာနေမယ်......' တဲ့။
တစ်ဖက်လူကဘယ်လိုဆိုလိုရင်းဘယ်လိုသဘောနဲ့ပြောလိုက်လေသလဲမသိပေမယ့်သူရိန့်မှာတော့ရင်ထဲနွေးခနဲဖြစ်သွားတာကြောင့်တစ်ခဏမျှကကောင်အမ်းအမ်းဖြစ်သွားရတဲ့အဖြစ်။ ထို့နောက်အတောမသတ်နိုင်တဲ့အပြုံးတွေကိုမနည်းထိန်းချုပ်ရင်းလူမိုက်ကောင်ကိုကြည့်မိတော့မျက်လုံးချင်းပြန်ဆုံကြည့်ကာလူကိုပြုံးပြလာပြန်တဲ့အပြုံးချိုချိုတွေ။ ထင်းနေတဲ့ပါးချိုင့်ငယ်နဲ့နွေးထွေးမှုအပြည့်ရှိနေတဲ့မျက်ဝန်းညိုတွေဆီမှနေတစ်ခါတည်းညှို့ယူခံလိုက်ရသလိုဖယ်ခွာဖို့ခဲယဉ်းတာကြောင့်သူရိန်ဆက်သာငေးကြည့်နေလိုက်သည်။
အချိုးညီတဲ့နှုတ်ခမ်းပါးတွေရယ်။ ဆွဲဆောင်မှုရှိလွန်းတဲ့မျက်နှာကျရယ်။ နောက်ထပ်ကသာမန်ဆန်ပြီးကြည့်ကောင်းတဲ့မျက်ခုံးတန်းတွေရယ်။ ပြီးတော့ခံစားချက်တွေကိုမရမကဖုံးကွယ်တတ်တဲ့အဲ့ဒီ့မျက်ဝန်းညိုရယ်။
မင်းသိရဲ့လားလူမိုက်ကောင်...မင်းရဲ့သာမန်ဆန်ပြီးလက်တွေ့ကျတဲ့ပုံစံကအရမ်းကိုဆွဲဆောင်မှုရှိနိုင်လွန်းလို့ ငါတော့နမ်းချင်တာပဲသိတော့တယ်ဆိုတာ......။
_____________________________________________
တစ်စတစ်စပျောက်ကွယ်သွားတဲ့စိမ်းစိုစိုရှုခင်းတွေကိုငေးကြည့်ရင်းသူရိန်ထိုရွာလေးဆီစရောက်ကာစနေ့ကိုပြန်သတိရမိသည်။ သဲများဖြင့်ညီညက်နေတဲ့လှည်းလမ်းကြောင်းလေးရဲ့အဆုံးမှာရှိနေလောက်မည့်ရွာလေးကတကယ်ဆိုဘယ်တုန်းကမှလာဖို့မတွေးဖူးတဲ့နေရာလေး။ ပညာရေး ၊ ကျန်းမာရေး ၊ စီးပွားရေးစသည့်စသည့်အဖက်ဖက်ကနေမတိုးတက်သေးတဲ့ရွာငယ်လေး။ အခုအချိန်ထိရှေးကျနေဆဲရွာငယ်လေးကအနီးအနားကရွာတွေကြောင့်သာမဟုတ်ဘူးဆိုရင်ဆက်သွယ်ရေးလိုင်းနှင့်တခြားတခြားသောအရာတွေပါဒီ့ထက်ပိုရှေးကျပြီးခေတ်နောက်ကျနိုင်ဖွယ်ရှိသည်။ ထိုရွာလေးဆီလာခဲ့ပေးဖို့ကမ်းလှမ်းချိန်တုန်းကဆိုခက်လှိုင်းကိုဆဲတောင်ဆဲမိသေးသလားပဲ။ ဒီလောက်ရှေးကျတဲ့ရွာကိုမှရွေးရလေသလားဆိုတဲ့အတွေးကလည်းရွာရောက်တဲ့အချိန်အထိထပ်ကာတလဲလဲကိုမေးမြန်းနေခဲ့မိသေးတာ။
အခုတော့လည်းရွက်ကြွေနှောင်းဆိုတဲ့ရွာလေးကသူ့ဟာနဲ့သူသဘောကျစရာတော့ကောင်းပြန်သား......။
" မင်းရဲ့ရွာ......."
ပြတင်းပေါက်ရှုခင်းဆီမှအကြည့်လွှဲ၍ဘေးကလူမိုက်ကောင်ဆီအကြည့်ပို့ကာစကားစပြောဖို့ပြင်လိုက်မိပေမယ့်မျက်စိစုံမှိတ်ချထားတဲ့လူမိုက်ကောင်ကြောင့်ပြောမည့်စကားပင်ရပ်တန့်သွားရသည်။ ဘေးတစ်စောင်းသာမြင်နေရသည့်လူမိုက်ကောင်ရဲ့မျက်နှာကြောင့်ခပ်ဖွဖွသာပြုံးလိုက်ရင်းငြိမ်သက်ကာငေးကြည့်နေလိုက်မိတော့ထိုင်ခုံနောက်မှီပေါ်မှီအိပ်နေသည့်လူမိုက်ကောင်ရဲ့ခေါင်းကသူရိန့်ပခုံးပေါ်တဖြည်းဖြည်းမှီကျလာသည်။
ကားကပဲအရှိန်တင်လိုက်တာကြောင့်လား ၊ သူရိန့်ရဲ့မသိမသာတွန်းလိုက်မှုကြောင့်လားတော့အကြောင်းအရင်းရှာမရပေမယ့်ဒီအခြေအနေကိုတကယ်သဘောကျမိနေတယ်ဆိုတဲ့အကြောင်းအရင်းကတော့အမှန်တရားပင်။
" ငါကအရမ်းလူကဲခတ်ညံ့သေးတာပဲနော်လူမိုက်ကောင်...တကယ်ဆိုမင်းကအရမ်းလိမ္မာတဲ့ကောင်လေးတစ်ယောက်ပဲဟာ ငါဘာလို့များမင်းကိုဆိုးသွမ်းနေတဲ့လူဆိုးလူမိုက်လူရမ်းကားလို့ထင်မိခဲ့ရတာပါလိမ့်......"
ကိုယ့်ဘာသာခပ်တိုးတိုးရေရွတ်ရင်းလူမိုက်ကောင်မျက်နှာကိုမထိတထိနှင့်တို့ထိကြည့်နေလိုက်တော့အိပ်ပျော်နေတဲ့သူကတစ်ချက်လေးမျှပင်တုတ်တုတ်မလှုပ်။ ကြည့်ရတာညကအတွေးများပြီးအိပ်မပျော်ဘူးထင်ပါရဲ့။
ဒါမှမဟုတ် မင်းလည်းငါ့လိုပဲရင်ခုန်နေတာများလားလူမိုက်ကောင်......။
" ဒါပေမယ့်ငါတွေးမရတာရှိသေးတယ်...ပြီးတော့အခုထိအဖြေမရသေးတဲ့ဇာတ်ကြောင်းတွေလည်းရှိသေးတယ်...နောက်ထပ်တစ်ခုကငါရွာကိုစရောက်လာတဲ့နေ့တုန်းကပဲ အဲ့ဒီ့နေ့ကမင်းရဲ့အပြုအမူကဘာလို့ဒီလိုဖြစ်နေရတာလဲဆိုတာကိုပေါ့ တကယ်ဆိုမင်းလိုလူကအလကားသက်သက်နဲ့တော့ဘယ်သူ့ကိုမှရန်ရှာမယ့်သူမဟုတ်ဘူး......"
_____________________________________________
တရွေ့ရွေ့မောင်းနှင်လာတဲ့ကားကအချိန်တစ်ခုအထိရှိလာပြီဖြစ်တာကြောင့်သူရိန့်ပခုံးပေါ်မှီအိပ်နေတဲ့လူမိုက်ကောင်ကိုခပ်ဖြည်းဖြည်းတို့ထိကာလှုပ်နှိုးလိုက်ရသည်။ ကိုယ်ကဘာမှမဖြစ်ပေမယ့်လည်းသူ့အရပ်ဂလန်ဂလားနဲ့လာမှီအိပ်နေတဲ့ပုံစံကကြာရင်ခါးနာသွားနိုင်တယ်မဟုတ်လား။
" ရောက်ပြီလားခင်ဗျား......"
ဖွင့်ကြည့်လာတဲ့မျက်လုံးကမပွင့်တစ်ပွင့်။ ပြောလာတဲ့စကားသံကလည်းမပီတပီနှင့်မို့ကလေးဆန်တဲ့အပြုအမူကသူရိန့်အပြုံးတစ်ပွင့်ကိုခြွေယူပြန်သည်။
" မရောက်သေးပါဘူး ဒါပေမယ့်ရောက်တော့ရောက်တော့မှာ...ပြီးတော့မင်းအိပ်နေတာကြာပြီဆိုတော့အုံးလွဲတာဘာညာဖြစ်မှာစိုးလို့နှိုးလိုက်တာ......"
" အင်း......"
ခပ်ဖြေးဖြေးခေါင်းညိတ်ပြလာတဲ့လူမိုက်ကောင်ကြောင့်အပြုံးတစ်ပွင့်သာတုံ့ပြန်ပြုံးပြလိုက်မိသည်။ ထို့နောက်ပြန်တိတ်ဆိတ်ငြိမ်သက်သွားတဲ့အခြေအနေကတကယ့်ကိုအေးစက်စက်။ တိုက်ခတ်လာတဲ့လေပြည်တွေကနေကပ်ပါတဲ့နွေးထွေးမှုတွေကရင်ထဲစီးဝင်သွားသည့်အလားတစ်စတစ်စပူလောင်လာရပြန်သည်။
" ခင်ဗျားလူတစ်ယောက်ကိုချစ်ဖူးလား......"
" ဟင်......"
ရုတ်တရက်ကြားလိုက်ရတဲ့စကားကြောင့်ကြောင်အမ်းအမ်းနှင့်လူမိုက်ကောင်ဘက်ပြန်လှည့်ကြည့်မိသည်။ ပြတင်းပေါက်အပြင်ဘက်ကိုငေးကြည့်နေပုံရတဲ့လူမိုက်ကောင်ရဲ့မျက်ဝန်းတွေကတစ်စုံတစ်ခုကိုနာကျင်နေဟန်ရှိပေမယ့်လို့ဒီလိုပုံမှန်မဟုတ်တဲ့မေးခွန်းအတွက်ဘယ်လိုအဖြေပေးရမည်မှန်းသူရိန်တကယ်မသိ။ ဒီမေးခွန်းကိုဘာကြောင့်မေးရတာပါလိမ့်ဆိုတဲ့အကြောင်းကိုသာအဖြေမရပေမယ့်လည်းစဉ်းစားနေမိပြန်တယ်။
" အကယ်၍ခင်ဗျားလူတစ်ယောက်ကိုချစ်မိတယ်ဆိုရင်...ကိုယ်ချစ်တဲ့အဲ့ဒီ့သူက ကိုယ့်ကြောင့်နဲ့လောကကြီးထဲကနေထွက်သွားတယ်ဆိုတဲ့အခြေအနေဖြစ်လာတဲ့အခါခင်ဗျားကိုယ့်ကိုကိုယ်ခွင့်လွှတ်မှာလား......."
စကားအဆုံးဘေးကလူကိုကြည့်မိတော့နားမလည်သလိုမျက်ဝန်းလေးတွေနှင့်လာငေးကြည့်နေသည်။ သေချာငေးကြည့်နေတဲ့မျက်ဝန်းတွေကတကယ်ပဲနားမလည်လို့လား။ ဒါမှမဟုတ်ထူးဆန်းတဲ့စကားတွေကြောင့်ပဲအံ့ဩနေတာလားဆိုတာတော့မခန့်မှန်းတတ်တော့။ တဖြည်းဖြည်းတိုးဝင်လာတဲ့စို့နင့်နာကျင်မှုတွေကြောင့်ရင်ဘတ်တစ်ခုလုံးရောအသိစိတ်တစ်ခုလုံးရောကရောက်ယက်ခတ်ပြီးရှုပ်ထွေးနေသည်။ ထိုစဉ်မျက်နှာပေါ်ခပ်ဖွဖွအုပ်ကိုင်လာတဲ့လက်နှစ်ဖက်။ လှုပ်ရှားနေတဲ့လက်ချောင်းတွေကြားခံစားမိတဲ့စိုစွတ်တဲ့အထိအတွေ့။
ဒီလူရှေ့ငိုလိုက်မိတာများလား......။
" ကျုပ်...ကျုပ်လေ......"
ကျုပ်လေမရည်ရွယ်ခဲ့ပါဘူးခင်ဗျားရယ်။ ကျုပ်သူ့ကိုဒီလိုမျိုးထွက်ပေါက်မဲ့အောင်ဖိအားပေးမိဖို့မရည်ရွယ်ခဲ့ပါဘူး။ ကျုပ်ကလေကျုပ်စိတ်ကူးထားတဲ့အိပ်မက်လေးထဲကနေသူ့ကိုထွက်မသွားစေချင်ခဲ့ရုံပါ။ ကျုပ်မျှော်လင့်ချက်တွေကသူ့ကိုဖိအားဖြစ်စေခဲ့ဖို့မရည်ရွယ်ပါဘူး။ သူ့ကိုဒီလိုမျိုးဖြစ်သွားစေဖို့မရည်ရွယ်ပါဘူး။
လည်ချောင်းဝမှာတင်တစ်စို့ပြီးထွက်မလာတဲ့စကားလုံးတွေကိုစိတ်ထဲမှာသာအဆုံးသတ်အောင်ပြောဆိုရင်းမျက်စိစုံမှိတ်ချမိသည်။ ဒုတိယအကြိမ်ထပ်မံတွေ့ထိလာတဲ့လက်ချောင်းတွေနှင့်အတူဒီတစ်ခေါက်မှာတော့လည်ပင်းမှနေသိုင်းဖက်လာသည့်အထိအတွေ့ကခပ်နွေးနွေး။
ဒီလူကျုပ်ကိုဖက်လိုက်တာလား......။
" မငိုနဲ့နော် ငါရှိတယ်...ငါမင်းအနားမှာရှိတယ်လေ......"
ငိုနေတဲ့ကလေးကချော့ကာမှပိုငိုတယ်ဆိုသလိုထိုလူ့ဆီကအသံကြားရတော့မှညဉ့်ယံရဲ့မျက်ရည်စတွေကပိုစီးကျလာမိသည်။ အချိန်တိုင်းစိတ်တင်းထားခဲ့မိတဲ့မျက်ရည်တွေကအခုမှအသည်းအသန်ခုန်ပေါက်စီးဆင်းလာကြသလိုမျိုး။ အနည်းဆုံးတော့ခံစားချက်တွေကိုလှောင်ရယ်မှာမဟုတ်လောက်တဲ့လူတစ်ယောက်ရဲ့ရှေ့မှာဘယ်လိုနေနေ,နေလို့ရတာမျိုး။
" ငါရှိတယ်...ငါမင်းဘေးမှာရှိတယ်......"
ကဗျာတစ်ပုဒ်ကိုရွတ်နေသလိုမျိုးတောက်လျှောက်ရေရွတ်နေတဲ့လူကအကြောင်းရေရေရာရာတောင်မသိပါဘဲနှစ်သိမ့်ပေးနေတာမို့ရင်ထဲအနွေးလှိုင်းလေးတစ်ခုကဖြတ်ပြေးသည်။ တကယ်ဆိုဒီလူရှေ့မှာဒီလိုမျိုးပြိုလဲမနေချင်ခဲ့ဘူး။ တစ်ခဏလေးအိပ်ပျော်သွားမိတဲ့အချိန်အိပ်မက်ထဲကိုအဲ့နေ့ကအျြစ်အပျက်တွေပြန်ပေါ်မလာခဲ့ဘူးဆိုရင်ဒါတွေကိုဒီလိုမျိုးအစဖော်မိမှာမဟုတ်ဘူး။ တရွေ့ရွေ့,ရွေ့လျားနေတဲ့ရှုခင်းတွေကိုငေးရင်း ' ငါတို့တစ်ချိန်ကျရင်ခရီးတွေအတူတူထွက်ကြရအောင်......' ဆိုတဲ့သူစကားကိုသာပြန်မကြားမိခဲ့ရင်ကျုပ်ခင်ဗျားရှေ့မှာပါဟန်မဆောင်နိုင်ဘဲငိုနေမိမှာမဟုတ်ဘူး။
ရွက်ဝါနဲ့ပက်သက်ခဲ့တဲ့ခံစားချက်တွေကိုခင်ဗျားကတော့လှောင်မရယ်လို့တော်ပါသေးရဲ့.......။
" ငါရှိတယ်...ဘာမှမဖြစ်ဘူး ဒီမှာငါ့ကိုကြည့်......"
ပါးနှစ်ဖက်ကိုအုပ်ကိုင်ကာမျက်ဝန်းချင်းဆုံစေတဲ့ထိုလူကနှဖူးကိုတစ်ချက်ဖိကပ်နမ်းရှိုက်လာတာမို့အနည်းငယ်တော့အံ့ဩမှင်သက်သွားရပေမယ့်ငြိမ်နေပေးလိုက်မိသည်။ ထို့နောက်ထပ်မံဖိကပ်လာသည်ကမျက်ရည်စတို့ရှိနေသေးသည့်မျက်လုံးနှစ်ဖက်ဆီ။ ထိတွေ့သွားတဲ့နှုတ်ခမ်းလေးမှာမျက်ရည်စတွေပါကပ်ငြိသွားမလားစိုးရိမ်မိပေမယ့်ထိုအထိအတွေ့ကိုသဘောကျတာမို့ဆက်၍သာငြိမ်နေမိဆဲ။
" မျက်ရည်တွေသုတ်ပေးဖို့ကငါ့တာဝန်ထား...မင်းကအဆင်မပြေရင်ငိုလို့ရတယ် ခံစားရသမျှပြောပြလည်းရတယ်......"
ကြားလိုက်ရတဲ့စကားကြောင့်ညဉ့်ယံသဘောတကျပြုံးမိသည်။ ထိုအပြုံးက,ကလေးတစ်ယောက်လိုအပြုံးလည်းဖြစ်ကောင်းဖြစ်နိုင်ပါရဲ့။ ဒါမှမဟုတ်ကိုယ့်ဘက်မှာတစ်စုံတစ်ယောက်ရှိနေတာသိရလို့ကျေနပ်အပြုံးလည်းဖြစ်နိုင်ပါရဲ့။ ဒါပေမယ့်ဘာပဲဖြစ်ဖြစ်တော့ပူပန်မှုတွေ ၊ စိုးရိမ်မှုတွေ ၊ နာကျင်ခြင်းတွေကင်းဝေးနေတဲ့အပြုံးဆိုတာကတော့သေချာပေါက်အမှန်တရားပေါ့။
_____________________________________________
ကားဂိတ်ရောက်သည်နှင့်လူမိုက်ကောင်ရဲ့ပုံစံကစိတ်ရှုပ်နေသလိုမျက်မှောင်တကျုတ်ကျုတ်။ သူ့လက်ဆွဲအိတ်ကိုလက်တစ်ဖက်ကဆွဲထားရင်းကိုယ့်အိတ်ကိုကျလက်ကောက်ဝတ်မှာချိတ်ထားပြန်သည်။ ထို့နောက်သူရိန့်လက်ဆီယှက်သွယ်ထားသည့်လက်တစ်ဖက်ကတသ်းတင်းကျပ်ကျပ်။
ကြည့်ရတာရှုပ်ယှက်ခတ်နေတဲ့ကားတွေကြောင့်စိတ်မကြည်ဘူးထင်ပါရဲ့......။
" ခင်ဗျားအိမ်ကဝေးလား......"
" အင်း...ကားထပ်စီးရဦးမှာ......"
လှည့်ကြည့်လာတဲ့လူမိုက်ကောင်ရဲ့မျက်နှာကရှုံ့မဲ့နေတာကြောင့်ရယ်ချင်မိပေမယ့်လို့အတင်းကြိတ်မှိတ်ကာသာခေါင်းညိတ်ပြလိုက်ရသည်။ ထို့နောက်လာကြိုသည့်ကားဆီသို့သွားလိုက်ပြီးdriverကိုပြန်လွှတ်ကာသူရိန်ကိုယ်တိုင်သာမောင်းဖို့ပြင်လိုက်တော့ဘေးတွင်အလိုက်သင့်ဝင်ထိုင်လာသည့်လူမိုက်ကောင်။
" ကဲ...သွားကြမယ်......"
" အင်း......"
ခေါင်းညိတ်ပြလာတဲ့လူမိုက်ကောင်ကိုromanceဆန်ဆန်ခါးပတ်ပတ်ပေးလိုက်ပြီးကားစက်နှိုး၍သာထွက်လာခဲ့လိုက်သည်။ ကားမောင်းနေပေမယ့်လို့လူမိုက်ကောင်ရဲ့နီရဲရဲဖြစ်နေတဲ့နားရွက်ဖျားလေးတွေကိုတော့သေချာပေါက်မြင်လိုက်ပါသေးရဲ့။
တစ်လမ်းလုံးပြတင်းပေါက်ဘက်ကိုသာငေးကြည့်နေတဲ့လူမိုက်ကောင်ကိုဘာမှဆက်မပြောတော့ဘဲကားမောင်းခြင်းကိုသာအာရုံစိုက်ထားလိုက်သည်။ နောက်နေ့မှမြို့အနှံ့လိုက်ပြပေးရမည်ဟုသာစိတ်ထဲမှတ်ထားလိုက်ရင်းခြံဝန်းထဲကွေ့ဝင်လာလိုက်တော့လိုက်ငေးကြည့်နေတဲ့လူမိုက်ကောင်ရဲ့မျက်ဝန်းတွေကစူးစမ်းနေသယောင်ယောင်။
" ဆင်းကြမယ်လေ......"
" ဒါ...ဒါခင်ဗျားအိမ်လား......"
" ခင်ဗျားအိမ်ကကြီးလိုက်တာ...တကယ်ပဲဒီအိမ်မှာခင်ဗျားမိသားစုပဲနေတာလား......"
အံ့ဩတကြီးနှင့်အလန့်တကြားမေးလာတာကြောင့်သူရိန်လည်းယောင်နနနှင့်သာခေါင်းညိတ်ပြလိုက်ရသည်။ ဘာဖြစ်လို့ဖြစ်မှန်းမသိတာကြောင့်စိုးရိမ်စိတ်မြင့်တက်လာမိပေမယ့်လူမိုက်ကောင်ဆီကစကားကြားရတော့မှသာသူရိန့်မှာအော်ရယ်မိတော့တဲ့အဖြစ်။
ဘာတဲ့...' ကျုပ်ကိုအဆင်ပြေတဲ့ဘုန်းကြီးကျောင်းတစ်ခုခုမှာဖြစ်ဖြစ်ထားခဲ့ပေးပါလား...ခင်ဗျားအိမ်ကကြီးလွန်းလို့နေရမှာတစ်မျိုးပဲ......' တဲ့လေ။
################################
Zawgyi
႐ြာကိုလာတုန္းကအတိုင္းအေဝးေျပးကားျဖင့္သာျပန္ၿပီးကားဂိတ္ေရာက္မွသာအိမ္ကကားကိုလာႀကိဳခိုင္းဖို႔ေတြးထားလိုက္တာမို႔ခက္လႈိင္းကေတာ့ထုံးစံအတိုင္းသူရိန႔္ကိုပြစိပြစိေျပာေနေလ၏။ တကယ္လည္းခက္လႈိင္းေျပာတာမွားေတာ့မမွား ၊ အိမ္ကကားကိုလာႀကိဳခိုင္းမယ္ဆိုေန႔တစ္ဝက္ေက်ာ္ေလာက္ႏွင့္ျပန္ေရာက္ႏိုင္ေပမယ့္အခုလိုက်အခ်ိန္ပိုၾကာၿပီးပိုလည္းခရီးပန္းႏိုင္တယ္မဟုတ္လား။ ဒါေပမယ့္လည္းဒါမ်ိဳးကကိုယ့္အႀကံႏွင့္ကိုယ္ပဲမို႔သူရိန္ကိုယ္တိုင္ပဲနားလည္ႏိုင္တာမ်ိဳးပင္။ ဆက္ေျပာလွ်င္အသက္ႀကီးလာေလေလပိုၿပီးေျပာရဆိုရကပ္သီးကပ္ဖဲ့ႏိုင္လာေလျဖစ္လာတဲ့သူငယ္ခ်င္းျဖစ္သူကမရမကဇြတ္ျငင္းေနဦးမွာေၾကာင့္ဘာမွဆက္ေျပာမေနေတာ့ဘဲျပင္ဆင္စရာရွိတာကိုသာဆက္ျပင္ဆင္ေနလိုက္သည္။
" က်ဳပ္ေရာက္ၿပီ......"
မေျပာင္းလဲတဲ့မူအတိုင္းတိုျပတ္ျပတ္တုံးတိတိစကားသံေၾကာင့္စစ္လက္စluggageကိုပိတ္လိုက္ၿပီးအသံလာရာဘက္လွည့္ၾကည့္လိုက္မိေတာ့ပလတ္စတစ္သားလက္ဆြဲအိတ္တစ္လုံးကိုင္ကာရပ္ေနတဲ့လူမိုက္ေကာင္။ အဝါေရာင္ရွပ္အက်ႌကိုတံေတာင္ဆစ္အထိလက္ေခါက္တင္ထားၿပီးေ႐ႊအိုႏွင့္ခဲေရာင္အရင့္ေရာေဖာက္ထားသည့္ပုဆိုးအကြက္ကိုဝတ္ဆင္ထားတဲ့လူမိုက္ေကာင္ရဲ႕ပုံစံကအရင္နဲ႔မတူေအာင္တကယ့္ကိုသန႔္သန႔္ျပန႔္ျပန႔္။ ခါတိုင္းလိုဒူးနားအထိခပ္တိုတိုဝတ္ထားတာမ်ိဳးမဟုတ္ဘဲပုဆိုးကိုေျခက်င္းဝတ္အထိဝတ္ထားပုံကအေတာ္ေလးေျပာင္းလဲေနကာတကယ့္လူယဥ္ေက်းေလးအတိုင္းပင္။ ဒါေပမယ့္လည္းရွပ္အက်ႌေပၚကျဖဳတ္ထားတဲ့ၾကယ္သီးသုံးလုံးကေတာ့သူ႔ရဲ႕ထုံးစံအတိုင္းမေျပာင္းမလဲတည္ရွိေနေလေသး၏။
" ေနာက္က်သြားလား......"
ကိုယ့္ဘက္ကဘာမွမေျပာဘဲေငး႐ုံသာေငးၾကည့္ေနမိတာေၾကာင့္လူမိုက္ေကာင္ဘက္ကေနသာစကားစေပးလာသည္။ သူ႔ကိုအေငးလြန္ေနမွန္းေတာင္သိပုံမရတဲ့လူမိုက္ေကာင္ကိုခပ္ေျဖးေျဖးသာေခါင္းခါျပလိုက္ၿပီးကြပ္ပ်စ္ေပၚပစ္တင္ထားမိသည့္ေဘးလြယ္အိတ္ကိုပါတစ္ခါတည္းေကာက္လြယ္ကာluggageကိုဆြဲရင္းထြက္လာခဲ့လိုက္ေတာ့လက္ထဲကအိတ္ကိုဆြဲယူေပးလာျပန္တယ္။ ၿပီးေတာ့ႏွစ္ကိုယ္ၾကား,ၾကား႐ုံမွ်ေလသံျဖင့္ေျပာလာတဲ့စကားေလးက ' က်ဳပ္သယ္ေပးမွာေပါ့ အိတ္ကအေလးႀကီးဆိုခင္ဗ်ားလက္နာေနမယ္......' တဲ့။
တစ္ဖက္လူကဘယ္လိုဆိုလိုရင္းဘယ္လိုသေဘာနဲ႔ေျပာလိုက္ေလသလဲမသိေပမယ့္သူရိန႔္မွာေတာ့ရင္ထဲေႏြးခနဲျဖစ္သြားတာေၾကာင့္တစ္ခဏမွ်ကေကာင္အမ္းအမ္းျဖစ္သြားရတဲ့အျဖစ္။ ထို႔ေနာက္အေတာမသတ္ႏိုင္တဲ့အၿပဳံးေတြကိုမနည္းထိန္းခ်ဳပ္ရင္းလူမိုက္ေကာင္ကိုၾကည့္မိေတာ့မ်က္လုံးခ်င္းျပန္ဆုံၾကည့္ကာလူကိုၿပဳံးျပလာျပန္တဲ့အၿပဳံးခ်ိဳခ်ိဳေတြ။ ထင္းေနတဲ့ပါးခ်ိဳင့္ငယ္နဲ႔ေႏြးေထြးမႈအျပည့္ရွိေနတဲ့မ်က္ဝန္းညိဳေတြဆီမွေနတစ္ခါတည္းညႇိဳ႕ယူခံလိုက္ရသလိုဖယ္ခြာဖို႔ခဲယဥ္းတာေၾကာင့္သူရိန္ဆက္သာေငးၾကည့္ေနလိုက္သည္။
အခ်ိဳးညီတဲ့ႏႈတ္ခမ္းပါးေတြရယ္။ ဆြဲေဆာင္မႈရွိလြန္းတဲ့မ်က္ႏွာက်ရယ္။ ေနာက္ထပ္ကသာမန္ဆန္ၿပီးၾကည့္ေကာင္းတဲ့မ်က္ခုံးတန္းေတြရယ္။ ၿပီးေတာ့ခံစားခ်က္ေတြကိုမရမကဖုံးကြယ္တတ္တဲ့အဲ့ဒီ့မ်က္ဝန္းညိဳရယ္။
မင္းသိရဲ႕လားလူမိုက္ေကာင္...မင္းရဲ႕သာမန္ဆန္ၿပီးလက္ေတြ႕က်တဲ့ပုံစံကအရမ္းကိုဆြဲေဆာင္မႈရွိႏိုင္လြန္းလို႔ ငါေတာ့နမ္းခ်င္တာပဲသိေတာ့တယ္ဆိုတာ......။
_____________________________________________
တစ္စတစ္စေပ်ာက္ကြယ္သြားတဲ့စိမ္းစိုစိုရႈခင္းေတြကိုေငးၾကည့္ရင္းသူရိန္ထို႐ြာေလးဆီစေရာက္ကာစေန႔ကိုျပန္သတိရမိသည္။ သဲမ်ားျဖင့္ညီညက္ေနတဲ့လွည္းလမ္းေၾကာင္းေလးရဲ႕အဆုံးမွာရွိေနေလာက္မည့္႐ြာေလးကတကယ္ဆိုဘယ္တုန္းကမွလာဖို႔မေတြးဖူးတဲ့ေနရာေလး။ ပညာေရး ၊ က်န္းမာေရး ၊ စီးပြားေရးစသည့္စသည့္အဖက္ဖက္ကေနမတိုးတက္ေသးတဲ့႐ြာငယ္ေလး။ အခုအခ်ိန္ထိေရွးက်ေနဆဲ႐ြာငယ္ေလးကအနီးအနားက႐ြာေတြေၾကာင့္သာမဟုတ္ဘူးဆိုရင္ဆက္သြယ္ေရးလိုင္းႏွင့္တျခားတျခားေသာအရာေတြပါဒီ့ထက္ပိုေရွးက်ၿပီးေခတ္ေနာက္က်ႏိုင္ဖြယ္ရွိသည္။ ထို႐ြာေလးဆီလာခဲ့ေပးဖို႔ကမ္းလွမ္းခ်ိန္တုန္းကဆိုခက္လႈိင္းကိုဆဲေတာင္ဆဲမိေသးသလားပဲ။ ဒီေလာက္ေရွးက်တဲ့႐ြာကိုမွေ႐ြးရေလသလားဆိုတဲ့အေတြးကလည္း႐ြာေရာက္တဲ့အခ်ိန္အထိထပ္ကာတလဲလဲကိုေမးျမန္းေနခဲ့မိေသးတာ။
အခုေတာ့လည္း႐ြက္ေႂကြေႏွာင္းဆိုတဲ့႐ြာေလးကသူ႔ဟာနဲ႔သူသေဘာက်စရာေတာ့ေကာင္းျပန္သား......။
" မင္းရဲ႕႐ြာ......."
ျပတင္းေပါက္ရႈခင္းဆီမွအၾကည့္လႊဲ၍ေဘးကလူမိုက္ေကာင္ဆီအၾကည့္ပို႔ကာစကားစေျပာဖို႔ျပင္လိုက္မိေပမယ့္မ်က္စိစုံမွိတ္ခ်ထားတဲ့လူမိုက္ေကာင္ေၾကာင့္ေျပာမည့္စကားပင္ရပ္တန႔္သြားရသည္။ ေဘးတစ္ေစာင္းသာျမင္ေနရသည့္လူမိုက္ေကာင္ရဲ႕မ်က္ႏွာေၾကာင့္ခပ္ဖြဖြသာၿပဳံးလိုက္ရင္းၿငိမ္သက္ကာေငးၾကည့္ေနလိုက္မိေတာ့ထိုင္ခုံေနာက္မွီေပၚမွီအိပ္ေနသည့္လူမိုက္ေကာင္ရဲ႕ေခါင္းကသူရိန႔္ပခုံးေပၚတျဖည္းျဖည္းမွီက်လာသည္။
ကားကပဲအရွိန္တင္လိုက္တာေၾကာင့္လား ၊ သူရိန႔္ရဲ႕မသိမသာတြန္းလိုက္မႈေၾကာင့္လားေတာ့အေၾကာင္းအရင္းရွာမရေပမယ့္ဒီအေျခအေနကိုတကယ္သေဘာက်မိေနတယ္ဆိုတဲ့အေၾကာင္းအရင္းကေတာ့အမွန္တရားပင္။
" ငါကအရမ္းလူကဲခတ္ညံ့ေသးတာပဲေနာ္လူမိုက္ေကာင္...တကယ္ဆိုမင္းကအရမ္းလိမၼာတဲ့ေကာင္ေလးတစ္ေယာက္ပဲဟာ ငါဘာလို႔မ်ားမင္းကိုဆိုးသြမ္းေနတဲ့လူဆိုးလူမိုက္လူရမ္းကားလို႔ထင္မိခဲ့ရတာပါလိမ့္......"
ကိုယ့္ဘာသာခပ္တိုးတိုးေရ႐ြတ္ရင္းလူမိုက္ေကာင္မ်က္ႏွာကိုမထိတထိႏွင့္တို႔ထိၾကည့္ေနလိုက္ေတာ့အိပ္ေပ်ာ္ေနတဲ့သူကတစ္ခ်က္ေလးမွ်ပင္တုတ္တုတ္မလႈပ္။ ၾကည့္ရတာညကအေတြးမ်ားၿပီးအိပ္မေပ်ာ္ဘူးထင္ပါရဲ႕။
ဒါမွမဟုတ္ မင္းလည္းငါ့လိုပဲရင္ခုန္ေနတာမ်ားလားလူမိုက္ေကာင္......။
" ဒါေပမယ့္ငါေတြးမရတာရွိေသးတယ္...ၿပီးေတာ့အခုထိအေျဖမရေသးတဲ့ဇာတ္ေၾကာင္းေတြလည္းရွိေသးတယ္...ေနာက္ထပ္တစ္ခုကငါ႐ြာကိုစေရာက္လာတဲ့ေန႔တုန္းကပဲ အဲ့ဒီ့ေန႔ကမင္းရဲ႕အျပဳအမူကဘာလို႔ဒီလိုျဖစ္ေနရတာလဲဆိုတာကိုေပါ့ တကယ္ဆိုမင္းလိုလူကအလကားသက္သက္နဲ႔ေတာ့ဘယ္သူ႔ကိုမွရန္ရွာမယ့္သူမဟုတ္ဘူး......"
_____________________________________________
တေ႐ြ႕ေ႐ြ႕ေမာင္းႏွင္လာတဲ့ကားကအခ်ိန္တစ္ခုအထိရွိလာၿပီျဖစ္တာေၾကာင့္သူရိန္႔ပခုံးေပၚမွီအိပ္ေနတဲ့လူမိုက္ေကာင္ကိုခပ္ျဖည္းျဖည္းတို႔ထိကာလႈပ္ႏႈိးလိုက္ရသည္။ ကိုယ္ကဘာမွမျဖစ္ေပမယ့္လည္းသူ႔အရပ္ဂလန္ဂလားနဲ႔လာမွီအိပ္ေနတဲ့ပုံစံကၾကာရင္ခါးနာသြားႏိုင္တယ္မဟုတ္လား။
" ေရာက္ၿပီလားခင္ဗ်ား......"
ဖြင့္ၾကည့္လာတဲ့မ်က္လုံးကမပြင့္တစ္ပြင့္။ ေျပာလာတဲ့စကားသံကလည္းမပီတပီႏွင့္မို႔ကေလးဆန္တဲ့အျပဳအမူကသူရိန႔္အၿပဳံးတစ္ပြင့္ကိုေႁခြယူျပန္သည္။
" မေရာက္ေသးပါဘူး ဒါေပမယ့္ေရာက္ေတာ့ေရာက္ေတာ့မွာ...ၿပီးေတာ့မင္းအိပ္ေနတာၾကာၿပီဆိုေတာ့အုံးလြဲတာဘာညာျဖစ္မွာစိုးလို႔ႏႈိးလိုက္တာ......"
" အင္း......"
ခပ္ေျဖးေျဖးေခါင္းညိတ္ျပလာတဲ့လူမိုက္ေကာင္ေၾကာင့္အၿပဳံးတစ္ပြင့္သာတုံ႔ျပန္ၿပဳံးျပလိုက္မိသည္။ ထို႔ေနာက္ျပန္တိတ္ဆိတ္ၿငိမ္သက္သြားတဲ့အေျခအေနကတကယ့္ကိုေအးစက္စက္။ တိုက္ခတ္လာတဲ့ေလျပည္ေတြကေနကပ္ပါတဲ့ေႏြးေထြးမႈေတြကရင္ထဲစီးဝင္သြားသည့္အလားတစ္စတစ္စပူေလာင္လာရျပန္သည္။
" ခင္ဗ်ားလူတစ္ေယာက္ကိုခ်စ္ဖူးလား......"
" ဟင္......"
႐ုတ္တရက္ၾကားလိုက္ရတဲ့စကားေၾကာင့္ေၾကာင္အမ္းအမ္းႏွင့္လူမိုက္ေကာင္ဘက္ျပန္လွည့္ၾကည့္မိသည္။ ျပတင္းေပါက္အျပင္ဘက္ကိုေငးၾကည့္ေနပုံရတဲ့လူမိုက္ေကာင္ရဲ႕မ်က္ဝန္းေတြကတစ္စုံတစ္ခုကိုနာက်င္ေနဟန္ရွိေပမယ့္လို႔ဒီလိုပုံမွန္မဟုတ္တဲ့ေမးခြန္းအတြက္ဘယ္လိုအေျဖေပးရမည္မွန္းသူရိန္တကယ္မသိ။ ဒီေမးခြန္းကိုဘာေၾကာင့္ေမးရတာပါလိမ့္ဆိုတဲ့အေၾကာင္းကိုသာအေျဖမရေပမယ့္လည္းစဥ္းစားေနမိျပန္တယ္။
" အကယ္၍ခင္ဗ်ားလူတစ္ေယာက္ကိုခ်စ္မိတယ္ဆိုရင္...ကိုယ္ခ်စ္တဲ့အဲ့ဒီ့သူက ကိုယ့္ေၾကာင့္နဲ႔ေလာကႀကီးထဲကေနထြက္သြားတယ္ဆိုတဲ့အေျခအေနျဖစ္လာတဲ့အခါခင္ဗ်ားကိုယ့္ကိုကိုယ္ခြင့္လႊတ္မွာလား......."
စကားအဆုံးေဘးကလူကိုၾကည့္မိေတာ့နားမလည္သလိုမ်က္ဝန္းေလးေတြႏွင့္လာေငးၾကည့္ေနသည္။ ေသခ်ာေငးၾကည့္ေနတဲ့မ်က္ဝန္းေတြကတကယ္ပဲနားမလည္လို႔လား။ ဒါမွမဟုတ္ထူးဆန္းတဲ့စကားေတြေၾကာင့္ပဲအံ့ဩေနတာလားဆိုတာေတာ့မခန႔္မွန္းတတ္ေတာ့။ တျဖည္းျဖည္းတိုးဝင္လာတဲ့စို႔နင့္နာက်င္မႈေတြေၾကာင့္ရင္ဘတ္တစ္ခုလုံးေရာအသိစိတ္တစ္ခုလုံးေရာကေရာက္ယက္ခတ္ၿပီးရႈပ္ေထြးေနသည္။ ထိုစဥ္မ်က္ႏွာေပၚခပ္ဖြဖြအုပ္ကိုင္လာတဲ့လက္ႏွစ္ဖက္။ လႈပ္ရွားေနတဲ့လက္ေခ်ာင္းေတြၾကားခံစားမိတဲ့စိုစြတ္တဲ့အထိအေတြ႕။
ဒီလူေရွ႕ငိုလိုက္မိတာမ်ားလား......။
" က်ဳပ္...က်ဳပ္ေလ......"
က်ဳပ္ေလမရည္႐ြယ္ခဲ့ပါဘူးခင္ဗ်ားရယ္။ က်ဳပ္သူ႔ကိုဒီလိုမ်ိဳးထြက္ေပါက္မဲ့ေအာင္ဖိအားေပးမိဖို႔မရည္႐ြယ္ခဲ့ပါဘူး။ က်ဳပ္ကေလက်ဳပ္စိတ္ကူးထားတဲ့အိပ္မက္ေလးထဲကေနသူ႔ကိုထြက္မသြားေစခ်င္ခဲ့႐ုံပါ။ က်ဳပ္ေမွ်ာ္လင့္ခ်က္ေတြကသူ႔ကိုဖိအားျဖစ္ေစခဲ့ဖို႔မရည္႐ြယ္ပါဘူး။ သူ႔ကိုဒီလိုမ်ိဳးျဖစ္သြားေစဖို႔မရည္႐ြယ္ပါဘူး။
လည္ေခ်ာင္းဝမွာတင္တစ္စို႔ၿပီးထြက္မလာတဲ့စကားလုံးေတြကိုစိတ္ထဲမွာသာအဆုံးသတ္ေအာင္ေျပာဆိုရင္းမ်က္စိစုံမွိတ္ခ်မိသည္။ ဒုတိယအႀကိမ္ထပ္မံေတြ႕ထိလာတဲ့လက္ေခ်ာင္းေတြႏွင့္အတူဒီတစ္ေခါက္မွာေတာ့လည္ပင္းမွေနသိုင္းဖက္လာသည့္အထိအေတြ႕ကခပ္ေႏြးေႏြး။
ဒီလူက်ဳပ္ကိုဖက္လိုက္တာလား......။
" မငိုနဲ႔ေနာ္ ငါရွိတယ္...ငါမင္းအနားမွာရွိတယ္ေလ......"
ငိုေနတဲ့ကေလးကေခ်ာ့ကာမွပိုငိုတယ္ဆိုသလိုထိုလူ႔ဆီကအသံၾကားရေတာ့မွညဥ့္ယံရဲ႕မ်က္ရည္စေတြကပိုစီးက်လာမိသည္။ အခ်ိန္တိုင္းစိတ္တင္းထားခဲ့မိတဲ့မ်က္ရည္ေတြကအခုမွအသည္းအသန္ခုန္ေပါက္စီးဆင္းလာၾကသလိုမ်ိဳး။ အနည္းဆုံးေတာ့ခံစားခ်က္ေတြကိုေလွာင္ရယ္မွာမဟုတ္ေလာက္တဲ့လူတစ္ေယာက္ရဲ႕ေရွ႕မွာဘယ္လိုေနေန,ေနလို႔ရတာမ်ိဳး။
" ငါရွိတယ္...ငါမင္းေဘးမွာရွိတယ္......"
ကဗ်ာတစ္ပုဒ္ကို႐ြတ္ေနသလိုမ်ိဳးေတာက္ေလွ်ာက္ေရ႐ြတ္ေနတဲ့လူကအေၾကာင္းေရေရရာရာေတာင္မသိပါဘဲႏွစ္သိမ့္ေပးေနတာမို႔ရင္ထဲအေႏြးလႈိင္းေလးတစ္ခုကျဖတ္ေျပးသည္။ တကယ္ဆိုဒီလူေရွ႕မွာဒီလိုမ်ိဳးၿပိဳလဲမေနခ်င္ခဲ့ဘူး။ တစ္ခဏေလးအိပ္ေပ်ာ္သြားမိတဲ့အခ်ိန္အိပ္မက္ထဲကိုအဲ့ေန႔ကအ်ျစ္အပ်က္ေတြျပန္ေပၚမလာခဲ့ဘူးဆိုရင္ဒါေတြကိုဒီလိုမ်ိဳးအစေဖာ္မိမွာမဟုတ္ဘူး။ တေ႐ြ႕ေ႐ြ႕,ေ႐ြ႕လ်ားေနတဲ့ရႈခင္းေတြကိုေငးရင္း ' ငါတို႔တစ္ခ်ိန္က်ရင္ခရီးေတြအတူတူထြက္ၾကရေအာင္......' ဆိုတဲ့သူစကားကိုသာျပန္မၾကားမိခဲ့ရင္က်ဳပ္ခင္ဗ်ားေရွ႕မွာပါဟန္မေဆာင္ႏိုင္ဘဲငိုေနမိမွာမဟုတ္ဘူး။
႐ြက္ဝါနဲ႔ပက္သက္ခဲ့တဲ့ခံစားခ်က္ေတြကိုခင္ဗ်ားကေတာ့ေလွာင္မရယ္လို႔ေတာ္ပါေသးရဲ႕.......။
" ငါရွိတယ္...ဘာမွမျဖစ္ဘူး ဒီမွာငါ့ကိုၾကည့္......"
ပါးႏွစ္ဖက္ကိုအုပ္ကိုင္ကာမ်က္ဝန္းခ်င္းဆုံေစတဲ့ထိုလူကႏွဖူးကိုတစ္ခ်က္ဖိကပ္နမ္းရႈိက္လာတာမို႔အနည္းငယ္ေတာ့အံ့ဩမွင္သက္သြားရေပမယ့္ၿငိမ္ေနေပးလိုက္မိသည္။ ထို႔ေနာက္ထပ္မံဖိကပ္လာသည္ကမ်က္ရည္စတို႔ရွိေနေသးသည့္မ်က္လုံးႏွစ္ဖက္ဆီ။ ထိေတြ႕သြားတဲ့ႏႈတ္ခမ္းေလးမွာမ်က္ရည္စေတြပါကပ္ၿငိသြားမလားစိုးရိမ္မိေပမယ့္ထိုအထိအေတြ႕ကိုသေဘာက်တာမို႔ဆက္၍သာၿငိမ္ေနမိဆဲ။
က်ဳပ္ေတာ့ခင္ဗ်ားဆီမွာနစ္ေမ်ာေနၿပီထင္ပါတယ္ဗ်ာ......။
" မ်က္ရည္ေတြသုတ္ေပးဖို႔ကငါ့တာဝန္ထား...မင္းကအဆင္မေျပရင္ငိုလို႔ရတယ္ ခံစားရသမွ်ေျပာျပလည္းရတယ္......"
ၾကားလိုက္ရတဲ့စကားေၾကာင့္ညဥ့္ယံသေဘာတက်ၿပဳံးမိသည္။ ထိုအၿပဳံးက,ကေလးတစ္ေယာက္လိုအၿပဳံးလည္းျဖစ္ေကာင္းျဖစ္ႏိုင္ပါရဲ႕။ ဒါမွမဟုတ္ကိုယ့္ဘက္မွာတစ္စုံတစ္ေယာက္ရွိေနတာသိရလို႔ေက်နပ္အၿပဳံးလည္းျဖစ္ႏိုင္ပါရဲ႕။ ဒါေပမယ့္ဘာပဲျဖစ္ျဖစ္ေတာ့ပူပန္မႈေတြ ၊ စိုးရိမ္မႈေတြ ၊ နာက်င္ျခင္းေတြကင္းေဝးေနတဲ့အၿပဳံးဆိုတာကေတာ့ေသခ်ာေပါက္အမွန္တရားေပါ့။
_____________________________________________
ကားဂိတ္ေရာက္သည္ႏွင့္လူမိုက္ေကာင္ရဲ႕ပုံစံကစိတ္ရႈပ္ေနသလိုမ်က္ေမွာင္တက်ဳတ္က်ဳတ္။
You are reading the story above: TeenFic.Net