Unicode
" လျှောက်မပြောပါဘူး တကယ်အတည်ပြောနေတာပဲလေ...ငါမနက်ဖြန်ဆိုရင်ရန်ကုန်ပြန်တော့မှာ......."
" အာ...အင်း....."
အချိန်တစ်ခုကြာမှခေါင်းအသာညိတ်ရင်းပြောလာတဲ့စကားကတိုပြတ်ပြတ်။ မျက်နှာသေနှင့်ခပ်ငြိမ်ငြိမ်သာနေနေတဲ့သူကဘာမှမဟုတ်သလိုနေ,နေပေမယ့်လို့စိတ်နဲ့လူနဲ့မကပ်သလိုဂယောက်ဂယက်အခြေအနေတွေကအထင်းသားပင်။ ငှဲ့ပေးနေတဲ့ရေနွေးတွေကဘေးဖိတ်ရင်ဖိတ်သွားလိုက် ၊ ရေနွေးဓါတ်ဘူးကိုမပိတ်ဘဲဖွင့်လျက်သားကြီးကိုထိုင်ကြည့်နေလိုက်နှင့်။
မင်းကတော့လေ...စိတ်ထဲနဲ့လက်တွေ့ကစကားတွေမညီပါလားကွာ......။
သူရိန်ကိုယ့်အတွေးနှင့်ကိုယ်တွေးကာရှေ့ကလူမိုက်ကောင်ကိုငေးကြည့်နေမိသည်။ ငြိမ်သက်လွန်းနေတဲ့လူမိုက်ကောင်ကအပြင်ကကြည့်ရင်တော့ဘာမှမခံစားရပုံရပေမယ့်မျက်ဝန်းတွေကတော့တစ်ခုခုကိုစိုးရိမ်ပူပန်နေပုံပေါ်၏။ မျက်တောင်ဖျားလေးတွေကတစ်ချက်တစ်ချက်လှုပ်ခတ်သွားတတ်ပြီးအရင်ကလောက်တောက်ပမနေတော့တဲ့မျက်ဝန်းတွေကစိတ်မကောင်းဖြစ်နေတယ်ဆိုတဲ့သဘောလား။ ဒါမှမဟုတ်ရင်တစ်ခုခုကိုကြောက်ရွံ့နေတာပဲလား။
" အဲ့ဒါ......"
စကားကိုစမိလိုက်ပေမယ့်မဆက်သေးဘဲလူမိုက်ကောင်ကိုစူးစိုက်ကြည့်နေလိုက်တော့ငုံ့ထားတဲ့ခေါင်းကိုမော့လာပြီးသူရိန့်မျက်ဝန်းတွေထဲပြန်ငေးကြည့်လာသည်။
ဟား...တကယ့်ချစ်စရာလေး......။
" ငါနဲ့ရန်ကုန်ကိုလိုက်ခဲ့မလား......"
" ဟမ်......"
မထင်ထားတဲ့စကားကိုကြားလိုက်ရလို့ထင်ပါရဲ့ ၊ အနည်းငယ်ပွင့်ဟသွားတဲ့နှုတ်ခမ်းလေးကအံ့ဩမှုရဲ့သက်သေပင်။ ခေါင်းအသာညိတ်ပြကာလူမိုက်ကောင်ဆီမှအဖြေကိုစောင့်နေလိုက်တော့တစ်ခုခုကိုစဉ်းစားသွားဟန်မျက်နှာပေးကသူရိန့်ဆီမှနေတစ်ဖြည်းဖြညိးမျက်နှာပြန်လွှဲသွားပြန်သည်။
" ကျုပ်အလုပ်တွေရှိသေးတယ် ပြီးတော့...ကျုပ်......"
" ငါမင်းကိုစိတ်မချဘူး......"
ငြင်းဖို့စကားဦးသန်းနေတဲ့လူမိုက်ကောင်ရဲ့စကားမဆုံးခင်အမြန်ဖြတ်ပြောလိုက်မိတော့သူရိန့်ဆီဖျတ်ခနဲပင့်ကြည့်လာတဲ့မျက်ဝန်းတွေကစူးစူးရှရှ။ အကြည့်မလွှဲတဲ့မျက်ဝန်းညိုတွေကနေတစ်ဆင့်မေးခွန်းတစ်ခုကိုမေးလာပြန်တာမို့သူရိန်လည်းခပ်ရဲရဲပြန်ကြည့်ရင်းသာအဖြေပြန်ပေးလိုက်သည်။
မင်းဘယ်အချိန်မေးမေးငါကဖြေရဲတယ်နော်လူမိုက်ကောင်...မင်းသာနှုတ်ကနေထုတ်မေးလိုက်ကြည့် ငါကတစ်လောကလုံးကြားအောင်အထိကိုအော်ပြောပစ်ပေးမှာ......။
" ခင်ဗျားကတော့ဗျာ......"
ထင်းခနဲပေါ်လာတဲ့ပါးချိုင့်နဲ့အတူအကြည့်လွှဲသွားပါလေတဲ့လူမိုက်ကောင်။ သူ့ဘာသာရေရွတ်သလိုလိုကိုယ့်ကိုဆူသလိုလိုပုံစံနှင့်လည်းရေရွတ်ရင်းခေါင်းခါနေသေးတာကြောင့်သူရိန်လည်းထိုင်နေတဲ့ခုံပုလည်းကိုဆွဲမကာအနားပိုတိုးကပ်လိုက်သည်။ နီးကပ်သွားတဲ့အခြေအနေမှာကိုယ့်ကိုငေးကြည့်လာတဲ့မျက်ဝန်းတွေကနူးညံ့ခြင်းတွေအပြည့်။
" လိုက်မယ်မဟုတ်လား......."
" ကျုပ်နဲ့အဆင်ပြေပါ့မလားခင်ဗျားရာ......"
" ငါရှိတယ်လေ......"
ဒုတိယအကြိမ်အဖြစ်ပီပီပြင်ပြင်ပေါ်လာတဲ့အပြုံး။ သွားတန်းညီညီလေးတွေပါပေါ်သည်အထိခပ်ဟဟရယ်လာတာမို့သူရိန်ထိုအခြေအနေလေးကိုသေချာလေးငေးကြည့်နေခဲ့မိသည်။ ဟိုတစ်ခါကဓါတ်ပုံထဲမှာမြင်ခဲ့ဖူးတဲ့ပုံစံလေးအတိုင်းပဲ။
ချောလိုက်တာကွာ......။
" ငါမင်းကိုနေရာအစုံလိုက်ပို့ပေးမယ်လေ...စရိတ်ငြိမ်းပဲကို လူလေးပဲလိုက်ခဲ့ရုံလေးပဲလေလို့ ပြီးတော့......"
" ပြီးတော့ဘာဖြစ်လဲခင်ဗျား......"
သေချာငေးကြည့်နေတဲ့မျက်ဝန်းတွေနဲ့အတူခေါင်းကိုပါအနည်းငယ်စောင်းရင်းမေးလာတာမို့ညာဘက်မျက်လုံးတစ်ဝက်ကိုအုပ်နေတဲ့ဆံပင်ကဖယ်ခွာသွားကာမျက်ဝန်းညိုတစ်စုံကရှင်းရှင်းလင်းလင်း။ မျက်ခုံးထောင့်စွန်းနှင့်နှဖူးစပ်နားကလက်တစ်ဆစ်လောက်အရွယ်ရှိတဲ့အမာရွတ်လိုလိုအရာတစ်ခုကိုပါလှမ်းမြင်လိုက်ရသည်။ တော်ရုံလူဆိုမြင်ဖို့ခက်ပေမယ့်သူရိန့်လိုမျက်လုံးလျင်တဲ့သူအဖို့တော့ဒီလောက်လေးကအေးအေးဆေးဆေးပင်။
" အကြာကြီးခွဲရရင်လွမ်းတယ်လေ......"
စကားအဆုံးလူမိုက်ကောင်ကအသံထွက်သည်အထိအော်ရယ်သည်။ ထို့နောက်သူရိန့်ကိုကြည့်ရင်းပြောလာသည်က ' ခင်ဗျားကတကယ်စကားတတ်လွန်းတာပဲ......' တဲ့။ ဟင့်အင်း...ငါကမင်းအတွက်ပဲစကားတတ်တာပါလူမိုက်ကောင်ရာ။ အမြဲစကားကိုတုံးတိကြီးပြောတတ်လွန်းတဲ့မင်းအတွက်ပဲငါ့ရဲ့အနေအေးပြီးစကားနည်းတဲ့အကျင့်တွေကပျောက်သွားတာ။ အရာအားလုံးကမင်းကြောင့်ပါပဲ။
" ဒီတော့ ငါနဲ့လိုက်ခဲ့မယ်မဟုတ်လား......"
" ကျုပ်ပြောမိလို့လား......"
" မင်းနော် ဒီလောက်အကြောင်းပြချက်ခိုင်လုံနေတာကို......"
သူရိန်စိတ်မရှည်တော့တာကြောင့်အနည်းငယ်ဆူအောင့်အောင့်လေသံဖြင့်ပြောမိတော့နောက်တစ်ကြိမ်ထပ်ပြီးပြုံးကြည့်လာပြန်သည်။ ထို့နောက်မျက်လုံးအနည်းငယ်မှေးစဉ်းကာခေါင်းတစ်ချက်ညိတ်ပြလာတာမို့.......
" ဒါဆိုမင်းလိုက်ခဲ့မယ်ပေါ့......"
" အင်း ခင်ဗျားလိုက်စေချင်မှတော့လိုက်ရမှာပေါ့......"
ချိုင့်ဝင်နေတဲ့ပါးချိုင့်လေးတွေမမှေးမှိန်ခင် ၊ လူမိုက်ကောင်စကားသံလေးတွေလေထဲခပ်ဝေးဝေးသို့လွင့်ပြယ်ပျောက်ကွယ်မသွားခင်မှာတင်ခပ်မြန်မြန်ခေါင်းညိတ်ပြလိုက်သည်။ ဒီလောက်ဆိုရင်ရပါပြီ။ တကယ်ပဲသူပြန်သွားတဲ့အခါလူမိုက်ကောင်ကိုစိတ်မချနိုင်ဖြစ်နေခဲ့ရတာမဟုတ်လား။ အခုရပြီ...ဒီလောက်ဆိုရင်လုံလောက်ပြီ။
ငါတော့လောဘကြီးနေမိပြီထင်ပါရဲ့လူမိုက်ကောင်ရယ်...ငါဘယ်နေရာသွားသွားမင်းကိုငါ့အနားမှာပဲရှိနေစေချင်မိနေတော့တာပဲ......။
_____________________________________________
ဟိုလူကိုပြန်လိုက်ပို့ပေးပြီးအိမ်အပြန်လမ်းတစ်လျှောက်လုံးညဉ့်ယံမှာသက်ပြင်းတချချ။ တကယ်တမ်းပြောရရင်သီတင်းကျွတ်အချိန်တိုင်းကသူ့အတွက်အရေးမပါခဲ့သလိုဘယ်အရာမှလည်းထူးခြားမနေခဲ့။ ပြောရရင်ပိုပြီးတော့စိတ်ညစ်စရာကောင်းသည်။
မိုးရာသီအတောအတွင်းစိုက်ခဲ့သမျှစိုက်ခင်းထဲကပိုက်ဆံတွေအကုန်လုံးအမေ့လက်ထဲအပ်ရတဲ့အချိန်ဖြစ်တာမို့အမေလိုချင်တဲ့အနေအထားမဟုတ်တိုင်းဘယ်တော့မှအေးအေးဆေးဆေးမနေရ။ တစ်ခုမဟုတ်တစ်ခုအပြစ်ရှာပြီးဆူပူနေတတ်သလို ၊ စိတ်ညစ်စရာကောင်းအောင်လည်းငွေလိုအပ်ကြောင်းအချိန်တိုင်းညည်းပြနေသေးသည်။
အဲ့ဒီ့လိုအချိန်တွေတိုင်းစိတ်ညစ်ရလွန်းလို့လောကကြီးကိုပါလက်လျှော့ပစ်ချင်လိုက်ပေါင်းမနည်းတော့ဘူးပဲ......။
" ဟူး......"
အတွေးထဲနစ်မျောရင်းလျှောက်လာမိသည်ကအိမ်ကိုဘယ်လိုမျိုးရောက်လာလို့ရောက်လာမှန်းမသိ။ ခြံအဝင်ဝရောက်မှသာအိမ်ရှေ့ရောက်နေမှန်းသတိထားမိပြီးအလိုလိုသက်ပြင်းချမိသည်။
ဒီကိစ္စအမေ့ကိုပြောရင်သေချာပေါက်လက်ခံမှာမဟုတ်လောက်ဘူး.....။
" ကိုကို ပြန်လာပြီလား......"
အိမ်ထဲဝင်လိုက်သည်နှင့်ထမင်းစားပွဲမှာထိုင်နေတဲ့နေ့ယံကဝမ်းသာအားရလှမ်းခေါ်သည်။ ပြုံးပြနေတဲ့အပြုံးတွေကစစ်မှန်ပေမယ့်ပြန်တော့မပြုံးပြမိသလိုစကားလည်းပြန်မပြောချင်တာကြောင့်ခေါင်းညိတ်ရုံသာညိတ်ပြလိုက်မိတယ်။
မဟုတ်ရင်ဘေးမှာရှိနေတဲ့အမေကသူ့သားပညာတတ်လေးကျုပ်ကြောင့်သိက္ခာကျရပါတယ်ဆိုပြီးစွပ်စွဲချက်တွေထုတ်နေပါဦးမယ်......။
" ထမင်းစားလာခဲ့ပြီးပြီလားကိုကို...မစားရသေးရင်ကျွန်တော်တို့နဲ့အတူတူတစ်ခါတည်းလာစားပါလား မိသားစုအတူတူထမင်းလက်စုံစားရအောင်လေ......"
" မဆာသေးဘူး...မင်းဘာသာစား......"
" ဘာဖြစ်လို့လဲကိုကို......"
အိပ်ခန်းဆီသို့ဦးတည်လှမ်းဖို့ပြင်နေသည့်ညဉ့်ယံခြေလှမ်းတွေမှာတုံ့ခနဲ။ ' ဘာဖြစ်လို့လဲ......' တဲ့လား။ တကယ်ပဲအဖြေမသိသလို ၊ အဖြေမရှိတဲ့နောက်ထပ်မေးခွန်းတစ်ခုပဲကို။ အကြောင်းပြချက်မရှိတဲ့မေးခွန်းတွေကိုဘယ်လိုများထပ်ပြီးအဖြေပေးရမလဲဆိုတဲ့အကြောင်းသင်ပေးမယ့်သူများရှိရင်ပြန်တောင်သင်ယူလိုက်ချင်ပါသေးသည်။ ပြောမထွက်ခဲ့လို့သိမ်းဆည်းမျိုသိပ်ထားရတဲ့စကားလုံးတွေကနည်းမှအနည်းတော့ဘဲ။
" ဒီလိုပဲ ဒီအချိန်စားနေကျမဟုတ်လို့......"
စကားဆုံးသည်နှင့်နောက်ထပ်မေးခွန်းတွေထပ်မမေးခင်မှာတင်ခြေလှမ်းတို့ကိုခပ်သွက်သွက်လှမ်းခဲ့လိုက်သည်။ ' သူ့ကိုဂရုစိုက်မနေစမ်းပါနဲ့သားလေးရယ်......' ဆိုတဲ့အမေ့ရဲ့စကားသံအပါအဝင်ဘာကိုမှထက်ဂရုမစိုက်ချင်တော့သလိုအရာအားလုံးကိုလည်းမေ့ပျောက်လျစ်လျူရှုချင်ပြီးကိုယ်ကြိုက်တာသာကိုယ်လုပ်ပစ်ချင်မိတယ်။
တစ်ခါလောက်များတစ်ကိုယ်ကောင်းဆန်တတ်ရင်ကောင်းသား.......။
_____________________________________________
" ကိုကို့ကိုဘယ်အချိန်အထိဥပက္ခာပြုထားကြဦးမှာလဲဗျာ......"
ခပ်ခွာခွာသာနေပြီးထမင်းစားပွဲဘက်ကိုကြည့်တောင်ကြည့်မသွားတဲ့ကိုကို့ကြောင့်နေ့ယံမနေနိုင်စွာပြောလိုက်မိခြင်း။ တကယ်ဆိုကိုကိုမမှားဘူးဘဲလေ။ အမြဲလိုလိုဆူပူနေခဲ့ဖူးတဲ့ထမင်းဝိုင်းကိုဘယ်လိုလုပ်ပြီးထိုင်ချင်ပါတော့မလဲ။ ရိုက်နှက်ခံခဲ့ရတဲ့အကြိမ်ပေါင်းမနည်းတော့တဲ့မိသားစုထမင်းဝိုင်းဆိုတဲ့နေရာကိုဘယ်လိုစိတ်နဲ့များထပ်ပြီးဖန်တီးချင်ပါတော့မလဲ။ သိပ်ချစ်ပါတယ်ဆိုတဲ့မိသားစုကပဲနှိမ့်ချဆက်ဆံပြောဆိုနေခဲ့မှတော့မိသားစုနဲ့ခပ်ကင်းကင်းနေချင်ခဲ့တာကိုကိုမှမမှားတာ။
" ကိုကိုအရမ်းပင်ပန်းနေလောက်ပြီအမေ...စိတ်ရောလူရောပင်ပန်းနေပြီ......"
" တော်တော့သား...မင်းအစ်ကိုကဒီလိုအခြေအနေတောင်ဒီလောက်အထိရိုင်းစိုင်းနေတာ အဲ့ဒီ့လိုသာမဟုတ်ရင်ဘယ်လောက်တောင်ဆိုးလိုက်မလဲမင်းမသိဘူးလား နောက်ဆိုမိဘတွေကိစ္စဝင်မပါစမ်းနဲ့......"
ဒေါသထွက်သလိုနှင့်ပြောလာတဲ့အဖေ့ရဲ့လေသံခပ်မာမာကြောင့်နေ့ယံစိတ်ပျက်လက်ပျက်ဖြင့်သာငြိမ်နေလိုက်ရသည်။ တကယ်ပဲအဖေတို့ကအခုထိတစ်ယူသန်ဖြစ်နေဆဲပါပင်။
အကယ်၍ကိုကို့ကိုခေါ်ထုတ်သွားပေးမယ့်သူရှိရင်သိပ်ကောင်းမယ်...ဒီမိသားစုကကိုကို့လိုလူအတွက်နေရာကောင်းမဟုတ်ဘူး......။
_____________________________________________
အိပ်ခန်းထဲရောက်သည်နှင့်အံဆွဲထဲကဆေးကိုထုတ်ကာယူသောက်လိုက်ပြီးသာအိပ်နေခဲ့လိုက်သည်။ ဆေးရှိန်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားမိတာကပြန်နိုးလာမိတော့အချိန်ကညနေတောင်စောင်းလို့နေဝင်လုနီးနေလေပေပြီ။ အံဆွဲဒုတိယအဆင့်မှပိုက်ဆံအထပ်လိုက်ကိုထုတ်ကာအခန်းအပြင်ထွက်လာလိုက်တော့ကုလားထိုင်မှာထိုင်နေတဲ့အဖေ့ကိုသာတွေ့ရသည်။ ခြံထဲဆင်းလိုက်ကာဟိုဒီကြည့်မိတော့ကွပ်ပျစ်ပေါ်ထိုင်နေတဲ့အမေကနေ့ယံနဲ့စကားပြောကာပြုံးရွှင်လို့ပင်။
" မိုးတွင်းစိုက်ခင်းကရတဲ့ငွေ......"
အမေ့အနားသွားကာငါးထောင်တန်အုပ်အထပ်လိုက်ကိုကမ်းပေးမိတော့တစ်ချက်သာလှည်းကြည့်ပြီးယူသွားသည်။ နေ့ယံနဲ့စကားပြောနေတုန်းကလိုတော့အရယ်အပြုံးမရှိတာသိသာနေပေမယ့်လို့ပြောစရာရှိတာကတော့ပြောရမှာပဲမဟုတ်လား။
" ကျုပ်မနက်ဖြန်ရန်ကုန်သွားမလို့......"
" နင်ကဘာသွားလုပ်မှာလဲ...သက်သက်မဲ့အလုပ်ပိုပြီးငွေကုန်တယ် သွားမနေနဲ့......"
အမေ့စကားကြောင့်ညဉ့်ယံနည်းနည်းတော့ရယ်ချင်သွားမိသည်။ ရသမျှငွေတွေအကုန်သိမ်းသွားတဲ့အမေကအခုကျငွေကုန်သတဲ့လား။ တကယ်တမ်းရှာပေးထားတဲ့သူကကျုပ်ဆိုတာကိုပါအမေကမေ့ထားပစ်လိုက်တဲ့ပုံပဲ။
" စရိတ်မကုန်ဘူး အဲ့ဒါကြောင့်ကျုပ်လိုက်ချင်တယ်......"
" ငါပြောပြီးပြီမလား သွားမနေနဲ့ဆိုမသွားနဲ့ပေါ့......"
နောက်တစ်ကြိမ်ထပ်ပြောလာတဲ့အမေ့စကားသံကခပ်ကျယ်ကျယ်နှင့်ဒေါသထွက်နေပုံပင်။ ဒါလေးပြောတာကိုဘာတွေများဒေါသထွက်နေသလဲမသိပေမယ့်အမေကကျုပ်နဲ့ပက်သက်ရင်အမြဲလိုလိုမကောင်းမြင်နေတတ်သည်။ ဘယ်လောက်ပဲကောင်းတာလုပ်ပေးပေးအမေ့အမြင်မှာကျုပ်ကအရိုင်းအစိုင်းတစ်ယောက်သာသာပဲ။
" ကျုပ်သွားမှာ......"
" နင်......"
" အမေ...ကိုကိုသွားချင်နေတဲ့ဟာသွားပါစေဗျာ ကိုကိုကဘယ်တော့မှဒီလောက်အထိအတိုက်အခံလုပ်ပြီးပြောဖူးတာမဟုတ်ဘူး......"
နေ့ယံဝင်ပြောမှငြိမ်သွားတဲ့အမေကမကြည်သလိုတစ်ချက်ပြန်ကြည့်လာပြီးမှခေါင်းညိတ်ပြသည်။ ရင်ထဲတော့နင့်ခနဲဖြစ်သွားပေမယ့်ဝင်ပြောပေးတဲ့နေ့ယံကိုပဲကျေးဇူးတင်မိပါရဲ့။ အနည်းဆုံးတော့ခင်ဗျားရှိတဲ့ရန်ကုန်ကိုလိုက်ရသေးတာပဲလေ။
_____________________________________________
အကျင့်ရပြီးစောစောအိပ်တတ်ပေမယ့်လို့သူရိန်ဒီနေ့မှာတော့စောစောမအိပ်ဖြစ်။ မနက်ဖြန်လူမိုက်ကောင်နှင့်အတူတူရန်ကုန်ပြန်ရမည်ဆိုသောအသိကအတော်လေးဝင်ရောက်ကာနေရာယူလျက်ရှိသည်။
အကယ်၍ရန်ကုန်ရောက်လျှင်အရင်ဆုံးဘယ်ကိုခေါ်သွားရပါ့မလဲ......။
" Hello......."
ကိုယ့်အတွေးနှင့်ကိုယ်ပျော်မြူးနေမိစဉ်ဘယ်ကမှန်းမသိတဲ့ဖုန်းဝင်လာတာကြောင့်ခပ်မြန်မြန်သာကောက်ကိုင်လိုက်ရသည်။ contact nameလည်းမကြည့်မိသလို ၊ ဘာဆိုဘာမှလည်းဂရုမပြုမိလိုက်။
ဒီလောက်အခြေအနေကောင်းလေးကိုဖျင်ဆီးတဲ့ဖုန်း...ရှုပ်ကိုရှုပ်တယ်......။
" မနက်ဖြန်ပြန်လာမှာမဟုတ်လားသား......"
" မာမီ!....."
ဖုန်းထဲကနေရုတ်တရက်ကြားလိုက်ရတဲ့အသံကြောင့်သူရိန်အလန့်တကြားထထိုင်မိသည်အထိ။ သူ့အော်သံကြောင့်မေမေကပါလန့်သွားတယ်ထင်ပါရဲ့။ ဘုရားတသံတွေပါအတိုင်းသားကြားနေရသည်။
" အင်းလေသားရယ်...ဘာဖြစ်လို့များဒီလောက်တောင်အော်နေရတာတုန်း......"
" ဟို မဟုတ်ပါဘူး......"
အရှက်ပြေပြန်ဖြေလိုက်ရပေမယ့်ကိုယ့်အကြောင်းကိုယ်သိတာမို့သူရိန့်မှာနေလို့ထိုင်လို့အဆင်မပြေမိသေး။
တကယ်ပါပဲ......။
" မနက်ဖြန်သားပြန်လာမှာသေချာလားလို့လေ...အဲ့ဒါလှမ်းမေးတာ......"
" ဟုတ်ကဲ့သေချာပါတယ်မာမီ...ပြီးတော့လူတစ်ယောက်ကိုပါခေါ်လာခဲ့မယ်နော်......"
" ဟောရှင် ဘယ်သူများလဲ....."
" မနက်ဖြန်မိတ်ဆက်ပေးမှာပေါ့မာမီရ....."
" ဟုတ်ပါပြီသားရယ်...ကဲ ဒါဆိုစောစောအိပ်နော် Goodnight......"
ဖုန်းပြောပြီးသွားသည်နှင့်သူရိန်အိပ်ရာပေါ်သာပြန်လှဲနေလိုက်သည်။ မနက်ဖြန်အကြောင်းပြန်တွေးမိတော့အခုန်မြန်လာတဲ့နှလုံးသားကပို၍ပင်ခုန်ပေါက်လို့။
မင်းပါလာမယ့်အိမ်အပြန်ခရီးကတော့သိပ်လှနေတော့မှာပဲလူမိုက်ကောင်ရာ......။
################################
Zawgyi
" ေလွ်ာက္မေျပာပါဘူး တကယ္အတည္ေျပာေနတာပဲေလ...ငါမနက္ျဖန္ဆိုရင္ရန္ကုန္ျပန္ေတာ့မွာ......."
" အာ...အင္း....."
အခ်ိန္တစ္ခုၾကာမွေခါင္းအသာညိတ္ရင္းေျပာလာတဲ့စကားကတိုျပတ္ျပတ္။ မ်က္ႏွာေသႏွင့္ခပ္ၿငိမ္ၿငိမ္သာေနေနတဲ့သူကဘာမွမဟုတ္သလိုေန,ေနေပမယ့္လို႔စိတ္နဲ႔လူနဲ႔မကပ္သလိုဂေယာက္ဂယက္အေျခအေနေတြကအထင္းသားပင္။ ငွဲ႔ေပးေနတဲ့ေရေႏြးေတြကေဘးဖိတ္ရင္ဖိတ္သြားလိုက္ ၊ ေရေႏြးဓါတ္ဘူးကိုမပိတ္ဘဲဖြင့္လ်က္သားႀကီးကိုထိုင္ၾကည့္ေနလိုက္ႏွင့္။
မင္းကေတာ့ေလ...စိတ္ထဲနဲ႔လက္ေတြ႕ကစကားေတြမညီပါလားကြာ......။
သူရိန္ကိုယ့္အေတြးႏွင့္ကိုယ္ေတြးကာေရွ႕ကလူမိုက္ေကာင္ကိုေငးၾကည့္ေနမိသည္။ ၿငိမ္သက္လြန္းေနတဲ့လူမိုက္ေကာင္ကအျပင္ကၾကည့္ရင္ေတာ့ဘာမွမခံစားရပုံရေပမယ့္မ်က္ဝန္းေတြကေတာ့တစ္ခုခုကိုစိုးရိမ္ပူပန္ေနပုံေပၚ၏။ မ်က္ေတာင္ဖ်ားေလးေတြကတစ္ခ်က္တစ္ခ်က္လႈပ္ခတ္သြားတတ္ၿပီးအရင္ကေလာက္ေတာက္ပမေနေတာ့တဲ့မ်က္ဝန္းေတြကစိတ္မေကာင္းျဖစ္ေနတယ္ဆိုတဲ့သေဘာလား။ ဒါမွမဟုတ္ရင္တစ္ခုခုကိုေၾကာက္႐ြံ႕ေနတာပဲလား။
" အဲ့ဒါ......"
စကားကိုစမိလိုက္ေပမယ့္မဆက္ေသးဘဲလူမိုက္ေကာင္ကိုစူးစိုက္ၾကည့္ေနလိုက္ေတာ့ငုံ႔ထားတဲ့ေခါင္းကိုေမာ့လာၿပီးသူရိန႔္မ်က္ဝန္းေတြထဲျပန္ေငးၾကည့္လာသည္။
ဟား...တကယ့္ခ်စ္စရာေလး......။
" ငါနဲ႔ရန္ကုန္ကိုလိုက္ခဲ့မလား......"
" ဟမ္......"
မထင္ထားတဲ့စကားကိုၾကားလိုက္ရလို႔ထင္ပါရဲ႕ ၊ အနည္းငယ္ပြင့္ဟသြားတဲ့ႏႈတ္ခမ္းေလးကအံ့ဩမႈရဲ႕သက္ေသပင္။ ေခါင္းအသာညိတ္ျပကာလူမိုက္ေကာင္ဆီမွအေျဖကိုေစာင့္ေနလိုက္ေတာ့တစ္ခုခုကိုစဥ္းစားသြားဟန္မ်က္ႏွာေပးကသူရိန႔္ဆီမွေနတစ္ျဖည္းျဖညိးမ်က္ႏွာျပန္လႊဲသြားျပန္သည္။
" က်ဳပ္အလုပ္ေတြရွိေသးတယ္ ၿပီးေတာ့...က်ဳပ္......"
" ငါမင္းကိုစိတ္မခ်ဘူး......"
ျငင္းဖို႔စကားဦးသန္းေနတဲ့လူမိုက္ေကာင္ရဲ႕စကားမဆုံးခင္အျမန္ျဖတ္ေျပာလိုက္မိေတာ့သူရိန႔္ဆီဖ်တ္ခနဲပင့္ၾကည့္လာတဲ့မ်က္ဝန္းေတြကစူးစူးရွရွ။ အၾကည့္မလႊဲတဲ့မ်က္ဝန္းညိဳေတြကေနတစ္ဆင့္ေမးခြန္းတစ္ခုကိုေမးလာျပန္တာမို႔သူရိန္လည္းခပ္ရဲရဲျပန္ၾကည့္ရင္းသာအေျဖျပန္ေပးလိုက္သည္။
မင္းဘယ္အခ်ိန္ေမးေမးငါကေျဖရဲတယ္ေနာ္လူမိုက္ေကာင္...မင္းသာႏႈတ္ကေနထုတ္ေမးလိုက္ၾကည့္ ငါကတစ္ေလာကလုံးၾကားေအာင္အထိကိုေအာ္ေျပာပစ္ေပးမွာ......။
" ခင္ဗ်ားကေတာ့ဗ်ာ......"
ထင္းခနဲေပၚလာတဲ့ပါးခ်ိဳင့္နဲ႔အတူအၾကည့္လႊဲသြားပါေလတဲ့လူမိုက္ေကာင္။ သူ႔ဘာသာေရ႐ြတ္သလိုလိုကိုယ့္ကိုဆူသလိုလိုပုံစံႏွင့္လည္းေရ႐ြတ္ရင္းေခါင္းခါေနေသးတာေၾကာင့္သူရိန္လည္းထိုင္ေနတဲ့ခုံပုလည္းကိုဆြဲမကာအနားပိုတိုးကပ္လိုက္သည္။ နီးကပ္သြားတဲ့အေျခအေနမွာကိုယ့္ကိုေငးၾကည့္လာတဲ့မ်က္ဝန္းေတြကႏူးညံ့ျခင္းေတြအျပည့္။
" လိုက္မယ္မဟုတ္လား......."
" က်ဳပ္နဲ႔အဆင္ေျပပါ့မလားခင္ဗ်ားရာ......"
" ငါရွိတယ္ေလ......"
ဒုတိယအႀကိမ္အျဖစ္ပီပီျပင္ျပင္ေပၚလာတဲ့အၿပဳံး။ သြားတန္းညီညီေလးေတြပါေပၚသည္အထိခပ္ဟဟရယ္လာတာမို႔သူရိန္ထိုအေျခအေနေလးကိုေသခ်ာေလးေငးၾကည့္ေနခဲ့မိသည္။ ဟိုတစ္ခါကဓါတ္ပုံထဲမွာျမင္ခဲ့ဖူးတဲ့ပုံစံေလးအတိုင္းပဲ။
ေခ်ာလိုက္တာကြာ......။
" ငါမင္းကိုေနရာအစုံလိုက္ပို႔ေပးမယ္ေလ...စရိတ္ၿငိမ္းပဲကို လူေလးပဲလိုက္ခဲ့႐ုံေလးပဲေလလို႔ ၿပီးေတာ့......"
" ၿပီးေတာ့ဘာျဖစ္လဲခင္ဗ်ား......"
ေသခ်ာေငးၾကည့္ေနတဲ့မ်က္ဝန္းေတြနဲ႔အတူေခါင္းကိုပါအနည္းငယ္ေစာင္းရင္းေမးလာတာမို႔ညာဘက္မ်က္လုံးတစ္ဝက္ကိုအုပ္ေနတဲ့ဆံပင္ကဖယ္ခြာသြားကာမ်က္ဝန္းညိဳတစ္စုံကရွင္းရွင္းလင္းလင္း။ မ်က္ခုံးေထာင့္စြန္းႏွင့္ႏွဖူးစပ္နားကလက္တစ္ဆစ္ေလာက္အ႐ြယ္ရွိတဲ့အမာ႐ြတ္လိုလိုအရာတစ္ခုကိုပါလွမ္းျမင္လိုက္ရသည္။ ေတာ္႐ုံလူဆိုျမင္ဖို႔ခက္ေပမယ့္သူရိန႔္လိုမ်က္လုံးလ်င္တဲ့သူအဖို႔ေတာ့ဒီေလာက္ေလးကေအးေအးေဆးေဆးပင္။
" အၾကာႀကီးခြဲရရင္လြမ္းတယ္ေလ......"
စကားအဆုံးလူမိုက္ေကာင္ကအသံထြက္သည္အထိေအာ္ရယ္သည္။ ထို႔ေနာက္သူရိန႔္ကိုၾကည့္ရင္းေျပာလာသည္က ' ခင္ဗ်ားကတကယ္စကားတတ္လြန္းတာပဲ......' တဲ့။ ဟင့္အင္း...ငါကမင္းအတြက္ပဲစကားတတ္တာပါလူမိုက္ေကာင္ရာ။ အၿမဲစကားကိုတုံးတိႀကီးေျပာတတ္လြန္းတဲ့မင္းအတြက္ပဲငါ့ရဲ႕အေနေအးၿပီးစကားနည္းတဲ့အက်င့္ေတြကေပ်ာက္သြားတာ။ အရာအားလုံးကမင္းေၾကာင့္ပါပဲ။
" ဒီေတာ့ ငါနဲ႔လိုက္ခဲ့မယ္မဟုတ္လား......"
" က်ဳပ္ေျပာမိလို႔လား......"
" မင္းေနာ္ ဒီေလာက္အေၾကာင္းျပခ်က္ခိုင္လုံေနတာကို......"
သူရိန္စိတ္မရွည္ေတာ့တာေၾကာင့္အနည္းငယ္ဆူေအာင့္ေအာင့္ေလသံျဖင့္ေျပာမိေတာ့ေနာက္တစ္ႀကိမ္ထပ္ၿပီးၿပဳံးၾကည့္လာျပန္သည္။ ထို႔ေနာက္မ်က္လုံးအနည္းငယ္ေမွးစဥ္းကာေခါင္းတစ္ခ်က္ညိတ္ျပလာတာမို႔.......
" ဒါဆိုမင္းလိုက္ခဲ့မယ္ေပါ့......"
" အင္း ခင္ဗ်ားလိုက္ေစခ်င္မွေတာ့လိုက္ရမွာေပါ့......"
ခ်ိဳင့္ဝင္ေနတဲ့ပါးခ်ိဳင့္ေလးေတြမေမွးမွိန္ခင္ ၊ လူမိုက္ေကာင္စကားသံေလးေတြေလထဲခပ္ေဝးေဝးသို႔လြင့္ျပယ္ေပ်ာက္ကြယ္မသြားခင္မွာတင္ခပ္ျမန္ျမန္ေခါင္းညိတ္ျပလိုက္သည္။ ဒီေလာက္ဆိုရင္ရပါၿပီ။ တကယ္ပဲသူျပန္သြားတဲ့အခါလူမိုက္ေကာင္ကိုစိတ္မခ်ႏိုင္ျဖစ္ေနခဲ့ရတာမဟုတ္လား။ အခုရၿပီ...ဒီေလာက္ဆိုရင္လုံေလာက္ၿပီ။
ငါေတာ့ေလာဘႀကီးေနမိၿပီထင္ပါရဲ႕လူမိုက္ေကာင္ရယ္...ငါဘယ္ေနရာသြားသြားမင္းကိုငါ့အနားမွာပဲရွိေနေစခ်င္မိေနေတာ့တာပဲ......။
_____________________________________________
ဟိုလူကိုျပန္လိုက္ပို႔ေပးၿပီးအိမ္အျပန္လမ္းတစ္ေလွ်ာက္လုံးညဥ့္ယံမွာသက္ျပင္းတခ်ခ်။ တကယ္တမ္းေျပာရရင္သီတင္းကြၽတ္အခ်ိန္တိုင္းကသူ႔အတြက္အေရးမပါခဲ့သလိုဘယ္အရာမွလည္းထူးျခားမေနခဲ့။ ေျပာရရင္ပိုၿပီးေတာ့စိတ္ညစ္စရာေကာင္းသည္။
မိုးရာသီအေတာအတြင္းစိုက္ခဲ့သမွ်စိုက္ခင္းထဲကပိုက္ဆံေတြအကုန္လုံးအေမ့လက္ထဲအပ္ရတဲ့အခ်ိန္ျဖစ္တာမို႔အေမလိုခ်င္တဲ့အေနအထားမဟုတ္တိုင္းဘယ္ေတာ့မွေအးေအးေဆးေဆးမေနရ။ တစ္ခုမဟုတ္တစ္ခုအျပစ္ရွာၿပီးဆူပူေနတတ္သလို ၊ စိတ္ညစ္စရာေကာင္းေအာင္လည္းေငြလိုအပ္ေၾကာင္းအခ်ိန္တိုင္းညည္းျပေနေသးသည္။
အဲ့ဒီ့လိုအခ်ိန္ေတြတိုင္းစိတ္ညစ္ရလြန္းလို႔ေလာကႀကီးကိုပါလက္ေလွ်ာ့ပစ္ခ်င္လိုက္ေပါင္းမနည္းေတာ့ဘူးပဲ......။
" ဟူး......"
အေတြးထဲနစ္ေမ်ာရင္းေလွ်ာက္လာမိသည္ကအိမ္ကိုဘယ္လိုမ်ိဳးေရာက္လာလို႔ေရာက္လာမွန္းမသိ။ ၿခံအဝင္ဝေရာက္မွသာအိမ္ေရွ႕ေရာက္ေနမွန္းသတိထားမိၿပီးအလိုလိုသက္ျပင္းခ်မိသည္။
ဒီကိစၥအေမ့ကိုေျပာရင္ေသခ်ာေပါက္လက္ခံမွာမဟုတ္ေလာက္ဘူး.....။
" ကိုကို ျပန္လာၿပီလား......"
အိမ္ထဲဝင္လိုက္သည္ႏွင့္ထမင္းစားပြဲမွာထိုင္ေနတဲ့ေန႔ယံကဝမ္းသာအားရလွမ္းေခၚသည္။ ၿပဳံးျပေနတဲ့အၿပဳံးေတြကစစ္မွန္ေပမယ့္ျပန္ေတာ့မၿပဳံးျပမိသလိုစကားလည္းျပန္မေျပာခ်င္တာေၾကာင့္ေခါင္းညိတ္႐ုံသာညိတ္ျပလိုက္မိတယ္။
မဟုတ္ရင္ေဘးမွာရွိေနတဲ့အေမကသူ႔သားပညာတတ္ေလးက်ဳပ္ေၾကာင့္သိကၡာက်ရပါတယ္ဆိုၿပီးစြပ္စြဲခ်က္ေတြထုတ္ေနပါဦးမယ္......။
" ထမင္းစားလာခဲ့ၿပီးၿပီလားကိုကို...မစားရေသးရင္ကြၽန္ေတာ္တို႔နဲ႔အတူတူတစ္ခါတည္းလာစားပါလား မိသားစုအတူတူထမင္းလက္စုံစားရေအာင္ေလ......"
" မဆာေသးဘူး...မင္းဘာသာစား......"
" ဘာျဖစ္လို႔လဲကိုကို......"
အိပ္ခန္းဆီသို႔ဦးတည္လွမ္းဖို႔ျပင္ေနသည့္ညဥ့္ယံေျခလွမ္းေတြမွာတုံ႔ခနဲ။ ' ဘာျဖစ္လို႔လဲ......' တဲ့လား။ တကယ္ပဲအေျဖမသိသလို ၊ အေျဖမရွိတဲ့ေနာက္ထပ္ေမးခြန္းတစ္ခုပဲကို။ အေၾကာင္းျပခ်က္မရွိတဲ့ေမးခြန္းေတြကိုဘယ္လိုမ်ားထပ္ၿပီးအေျဖေပးရမလဲဆိုတဲ့အေၾကာင္းသင္ေပးမယ့္သူမ်ားရွိရင္ျပန္ေတာင္သင္ယူလိုက္ခ်င္ပါေသးသည္။ ေျပာမထြက္ခဲ့လို႔သိမ္းဆည္းမ်ိဳသိပ္ထားရတဲ့စကားလုံးေတြကနည္းမွအနည္းေတာ့ဘဲ။
" ဒီလိုပဲ ဒီအခ်ိန္စားေနက်မဟုတ္လို႔......"
စကားဆုံးသည္ႏွင့္ေနာက္ထပ္ေမးခြန္းေတြထပ္မေမးခင္မွာတင္ေျခလွမ္းတို႔ကိုခပ္သြက္သြက္လွမ္းခဲ့လိုက္သည္။ ' သူ႔ကိုဂ႐ုစိုက္မေနစမ္းပါနဲ႔သားေလးရယ္......' ဆိုတဲ့အေမ့ရဲ႕စကားသံအပါအဝင္ဘာကိုမွထက္ဂ႐ုမစိုက္ခ်င္ေတာ့သလိုအရာအားလုံးကိုလည္းေမ့ေပ်ာက္လ်စ္လ်ဴရႈခ်င္ၿပီးကိုယ္ႀကိဳက္တာသာကိုယ္လုပ္ပစ္ခ်င္မိတယ္။
တစ္ခါေလာက္မ်ားတစ္ကိုယ္ေကာင္းဆန္တတ္ရင္ေကာင္းသား.......။
_____________________________________________
" ကိုကို႔ကိုဘယ္အခ်ိန္အထိဥပကၡာျပဳထားၾကဦးမွာလဲဗ်ာ......"
ခပ္ခြာခြာသာေနၿပီးထမင္းစားပြဲဘက္ကိုၾကည့္ေတာင္ၾကည့္မသြားတဲ့ကိုကို႔ေၾကာင့္ေန႔ယံမေနႏိုင္စြာေျပာလိုက္မိျခင္း။ တကယ္ဆိုကိုကိုမမွားဘူးဘဲေလ။ အၿမဲလိုလိုဆူပူေနခဲ့ဖူးတဲ့ထမင္းဝိုင္းကိုဘယ္လိုလုပ္ၿပီးထိုင္ခ်င္ပါေတာ့မလဲ။ ႐ိုက္ႏွက္ခံခဲ့ရတဲ့အႀကိမ္ေပါင္းမနည္းေတာ့တဲ့မိသားစုထမင္းဝိုင္းဆိုတဲ့ေနရာကိုဘယ္လိုစိတ္နဲ႔မ်ားထပ္ၿပီးဖန္တီးခ်င္ပါေတာ့မလဲ။ သိပ္ခ်စ္ပါတယ္ဆိုတဲ့မိသားစုကပဲႏွိမ့္ခ်ဆက္ဆံေျပာဆိုေနခဲ့မွေတာ့မိသားစုနဲ႔ခပ္ကင္းကင္းေနခ်င္ခဲ့တာကိုကိုမွမမွားတာ။
" ကိုကိုအရမ္းပင္ပန္းေနေလာက္ၿပီအေမ...စိတ္ေရာလူေရာပင္ပန္းေနၿပီ......"
" ေတာ္ေတာ့သား...မင္းအစ္ကိုကဒီလိုအေျခအေနေတာင္ဒီေလာက္အထိ႐ိုင္းစိုင္းေနတာ အဲ့ဒီ့လိုသာမဟုတ္ရင္ဘယ္ေလာက္ေတာင္ဆိုးလိုက္မလဲမင္းမသိဘူးလား ေနာက္ဆိုမိဘေတြကိစၥဝင္မပါစမ္းနဲ႔......"
ေဒါသထြက္သလိုႏွင့္ေျပာလာတဲ့အေဖ့ရဲ႕ေလသံခပ္မာမာေၾကာင့္ေန႔ယံစိတ္ပ်က္လက္ပ်က္ျဖင့္သာၿငိမ္ေနလိုက္ရသည္။ တကယ္ပဲအေဖတို႔ကအခုထိတစ္ယူသန္ျဖစ္ေနဆဲပါပင္။
အကယ္၍ကိုကို႔ကိုေခၚထုတ္သြားေပးမယ့္သူရွိရင္သိပ္ေကာင္းမယ္...ဒီမိသားစုကကိုကို႔လိုလူအတြက္ေနရာေကာင္းမဟုတ္ဘူး......။
_____________________________________________
အိပ္ခန္းထဲေရာက္သည္ႏွင့္အံဆြဲထဲကေဆးကိုထုတ္ကာယူေသာက္လိုက္ၿပီးသာအိပ္ေနခဲ့လိုက္သည္။ ေဆးရွိန္ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားမိတာကျပန္ႏိုးလာမိေတာ့အခ်ိန္ကညေနေတာင္ေစာင္းလို႔ေနဝင္လုနီးေနေလေပၿပီ။ အံဆြဲဒုတိယအဆင့္မွပိုက္ဆံအထပ္လိုက္ကိုထုတ္ကာအခန္းအျပင္ထြက္လာလိုက္ေတာ့ကုလားထိုင္မွာထိုင္ေနတဲ့အေဖ့ကိုသာေတြ႕ရသည္။ ၿခံထဲဆင္းလိုက္ကာဟိုဒီၾကည့္မိေတာ့ကြပ္ပ်စ္ေပၚထိုင္ေနတဲ့အေမကေန႔ယံနဲ႔စကားေျပာကာၿပဳံး႐ႊင္လို႔ပင္။
" မိုးတြင္းစိုက္ခင္းကရတဲ့ေငြ......"
အေမ့အနားသြားကာငါးေထာင္တန္အုပ္အထပ္လိုက္ကိုကမ္းေပးမိေတာ့တစ္ခ်က္သာလွည္းၾကည့္ၿပီးယူသြားသည္။
You are reading the story above: TeenFic.Net