Uni...
.
.
.
.
အခန်းထဲတွင် ငူငူငိုင်ငိုင်ထိုင်နေသောကြင်ရော..
ဆီမီးခွက်ကိုအကြောင်းမဲ့စိုက်ကြည့်နေပြီး အတွေးတို့ကပျံ့လွင့်နေ၏
သခင်ကြီးက ကြင်ရောမိဘတွေကိုသတ်ခဲ့တယ်..
တိုင်းပြည်သစ္စာဖောက်ဖို့ ကြင်ရောမိဘတွေကိုပါ ရှင်းပစ်ခဲ့တယ်...
တွေးနေသော ကြင်ရောသည်မျက်ရည်စက်တို့တွဲခိုနေသောမျက်ဝန်းတို့ကိုမျက်တောင်ခပ်ရန်ပင်မေ့လျော့နေခဲ့သည်...
ကြင်ရော ရင်ဘတ်ကြီးတစ်ခုလုံးပူလောင်နေလိုက်တာ...
သခင်ကြီးရဲ့မျက်နှာလွှဲသွားခဲ့တဲ့ပုံကအခုထိ ကြင်ရောမျက်လုံးတွေထဲပုံပေါ်နေတုန်းပဲ...
ကြင်ရောသိခဲ့သင့်တယ်... သခင်ကြီးလူက ကြင်ရောအပေါ်အကြောင်းမဲ့မကောင်းပေးနိုင်ဘူး..မေတ္တာရှိတယ်လို့ပြောခဲ့တာလဲ ကြင်ရောကို သနားနေခဲ့လို့လား...
သခင်ကြီးက ထီးနန်းကိုလိုချင်ရုံနဲ့ ကြင်ရောမိဘတွေကိုသတ်ပစ်ခဲ့တာ..ကြင်ရောကို ဒုက္ခပင်လယ်ဝေခဲ့တာ...ကြင်ရောဘဝကိုစုတ်ပြတ်သတ်သွားအောင်လုပ်ခဲ့တာ...
ကြင်ရောကို နန်းတော်ခေါ်သွားခဲ့လို့..ကြင်ရော ခုလိုဘဝတွေဖြစ်ခဲ့ရတာ..ကြင်ရောမိဘတွေမရှိလို့ ကြင်ရော နန်းတွင်းမှာဒုက္ခခံခဲ့ရတာ...ကြင်ရောမိဘတွေရှိခဲ့ရင်... ကြင်ရောနန်းတွင်းကိုမသွားခဲ့ရင်... အရှင်နဲ့ဇာတ်လမ်းရှိလာခဲ့မှာလဲမဟုတ်သလို တစ်တိုင်းတစ်ပြည်လုံးရှေ့မှာအရှက်ကွဲခဲ့မှာလဲမဟုတ်ဘူး...
ကြင်ရောမျက်ရည်စက်တွေတတောက်တောက်ကျရင်း နာကျည်းသယောင်တွေးနေပေမယ့် သခင်ကြီးမျက်နှာကိုမြင်ယောင်တိုင်း အမုန်းတရားကိုခံစားကြည်လို့မရဘူး...မိဘတွေကိုသတ်ခဲ့မှန်းသိလဲ လွယ်လွယ်မုန်းပစ်လို့မရဘူး..သခင်ကြီးကိုကြောက်တာ..သခင်ကြီးကို ယုံကြည်ခဲ့မိလို့ကိုယ့်ကိုယ်ကိုယ်စိတ်ပျက်မိတာ..
တိုင်းပြည်ပေါ်သစ္စာဖောက်ပြီး ထီးနန်းလုချင်ခဲ့တာလာသခင်ကြီး..သည့်လောက်တောင် ထီးနန်းကိုမက်ရသလား...
သို့ပေမယ့် သခင်ကြီး လောကကြီးမှာ သခင်ကြီးရဲ့လောဘအတွက်ဘယ်သူ့ကိုမှထပ်မစတေးနိုင်တော့သလို ကြင်ရောလိုလူတွေလဲမပေါ်လာစေချင်ဘူး...
ကြင်ရော တုန်ရီသောလက်များဖြင့်စုတ်တံကိုလှမ်းယူခဲ့သည်...မျက်ရည်စက်လက်ဖြင့်ပင် စုတ်တံကိုတုန်ရီစွာကိုင်ပြီး မှင်တို့လိုက်သည်
စာရွက်ပေါ်တွင် အကြာကြီးထောက်ထားလိုက်ပြီးစိတ်ထဲတွင်တွေးနေမိသည်
သိပ်အတ္တကြီးတဲ့သခင်ကြီး...သည်အပြစ်ကြွေးကိုနောင်ဘဝကျ သေချာပေါက်ပြန်ဆပ်ပါ့မယ်...
အတွေးလွန်၍ စုတ်တံကိုထောက်ထားမိရာထောက်ထားသည့်နေရာသည် မှင်တွေစိုထိုင်းနေ၍ စာရွက်ပင်ပြဲလုနီးပါး...
နန်းတွင်းမရောက်ခင်ကသာ စာရေးစာဖတ်သင်ခဲ့ရပြီး နန်းတွင်းရောက်တော့ စာမသင်ခဲ့ရပေ..အရှင် အိမ်ရှေ့မင်းဘဝစာသင်ချိန် ရောယောင်၍ဝင်ကြည့်ခဲ့ဖူးခဲ့သည်...ထို့ကြောင့် ကြင်ရော၏ စာအရေးအသားသည် ချောမွေ့မနေပါပေ..
မှင်ဖျက်ရာတရပြည့်...ချွန်လိုက် ဝိုင်းလိုက်စကားလုံးတွေပြည့်နေသည့် စာရွက်ကိုကြည့်ပြီး ကြင်ရောနာကျင်စွာပြုံးမိသည်..
ကြင်ရောလုပ်ရပ်အတွက်နောင်တမရဘူး!
"ဟင့်....ဘဝကဆိုးလှပါပေ့...လောကဆိုတဲ့အတိုင်း လောနေအောင် က,နေရပါပေါ့လား..ဟင့်...အင့်"
(လော=မော)
တရှုံ့ရှုံ့ငိုနေပြီးနောက် စာရွက်လေးကိုခေါက်ကာ အိပ်ယာခင်းအောက်တွင်သွားထားလိုက်သည်...မည်သူမှမြင်၍မရသောကြောင့်ပင်..
.
.
.
မြတ်မင်းခေါင်စွာ.စာအုပ်ကိုကြည့်နေပေမယ့်အာရုံမရပေ..သူ့အတွေးထဲဝဲနေသည်က
ကလေးငယ်သူ့ကိုမုန်းနေပြီလား...
မြတ်မင်းခေါင်စွာ မဟုတ်ကြောင်းရှင်းပြချင်ပေမယ့် မြတ်မင်းခေါင်စွာတွင် သက်သေမရှိပေ..
ကလေးငယ်ရဲ့မိဘတွေကိုသတ်ခဲ့လို့သည်ရောက်လာရတာက ချောက်ချခံရတာဖြစ်ကြောင်းဘယ်မှာသက်သေရှိပါ့မလဲ..
"ငထင်!
ခပ်ကျယ်ကျယ်လှမ်းအော်လိုက်တော့ ငထင်ကချက်ချင်းဝင်လာပြီးအရိုသေပေးကာဆိုသည်
"သခင်..ဘာများအလိုရှိပါသလဲ"
"ပွဲတော်တည်မယ်...ကလေးငယ်ကိုပါခေါ်ခဲ့"
ငထင်ကခေါင်းငြိမ့်ပြပြီးနောက် ထွက်သွားတော့သည်..မြတ်မင်းခေါင်စွာ သက်ပြင်းသဲ့သဲ့သာချလိုက်သည်
.
.
.
စံပယ်ပန်းတို့သီကုံးနေရင်းဖြင့်ပြောလိုက်တော့ မစံပယ်ကမျက်နှာရှုံ့သွားပြီးအနားလှမ်းလာသည်
"သခင်လေး..မနေ့ကလဲ မစားထားတာမို့ သည်နေ့ကတော့ စားသင့်ပါပြီ"
"မစားချင်ပါဘူး..."
မစံပယ်က ကြင်ရောနဲ့ရင်းနှီးနေပြီမို့ ကြင်ရောကိုနားလည်နေဟန်ရသည်..အနားလာထိုင်ပြီးနောက်
"သခင်ကြီးနဲ့ပြဿနာတစ်ခုခုများရှိသလား"
"မရှိပါဘူး ကျွန်ုပ်အလုပ်ရှုပ်နေလို့ပါ"
မစံပယ်က ခေါင်းငြိမ့်ပြီးနောက် ထသွားရန်ပြင်သည်
"မစံပယ်..ကျွန်ုပ် အကူညီတစ်ခုလောက်တောင်းလို့ရနိုင်မလား"
မစံပယ်က အထူးတဆန်းကြည့်ပြီးနောက်
"ဘာများအလိုရှိပါသလဲ သခင်လေး"
"ဟို...ခို..တစ်ကောင်လောက်လိုချင်လို့ပါ..စာပို့လို့ရတဲ့ခို"
မျက်လုံးများမှေးကျဥ်းလိုက်ပြီး ကြည့်လာသည့် မစံပယ်ကို ကြင်ရော နူးညံ့စွာပြုံးပြလိုက်ပြီး
"ဟို..ကျွန်ုပ် အရှင့်ဆီစာပို့ချင်လို့ပါ"
"ဘာများပြောချင်ရတာလဲ ကြင်ရောရဲ့.."
"အရှင်က မနေ့ကကြင်ရောကိုစိတ်ဆိုးသွားခဲ့တာ.ကြင်ရောရှင်းပြချင်လို့ပါ"
စံပယ်နားလည်လိုက်သည်.. သခင်နှင့်သခင်လေးအတူ ခရီးထွက်ခဲ့တာကို မနေ့ကလာတဲ့ အရှင်မင်းကြီးက စိတ်ကွက်သွားခဲ့ပုံရသည်..
ထို့ကြောင့် သခင်လေးကငေးမှိုင်နေပုံရသည်
"ရပါတယ်..ခဏနေလာပို့ပေးပါ့မယ်"
"ဟို..မစံပယ်..သည်ကိစ္စကို သခင်ကြီးကိုပြန်မပြောပေးလို့ရမလား.."
"......"
"သခင်ကြီးက အရှင်နဲ့ဆက်သွယ်တာသိရင် အမျက်တော်ရှနေမှာစိုးလို့ပါ...သခင်ကြီးက အရှင်နှင့်ကျွန်ုပ်ကို သဘောမတူဘူးမလား"
မျက်နှာငယ်လေးဖြင့်ကြည့်နေသလို အသနားခံသလိုမျက်ဝန်းများကြောင့် စံပယ်ခေါင်းငြိမ့်ပြလိုက်သည်..
ထို့နောက် အပြင်ဘက်ထွက်ခဲ့တော့သည်
.
.
.
"ငါရဲ့ခိုကိုပေးလိုက်"
စံပယ်ကအမိန့်နာခံသည့်ဟန်ခေါင်းငြိမ့်ပြီးနောက်ထွက်သွားလေတော့သည်...
ကလေးငယ်က ဘာကြောင့်သက်တိုးမင်းထင်ကိုစာပို့ချင်ရတာလဲ..
မြတ်မင်းခေါင်စွာ ကြင်ရောကိုသွားကြည့်သင့်သလားစဥ်းစားမိသည်..ထို့ပြင် သူပို့မယ့်စာကိုပါစစ်ဆေးသင့်သလား။
မြတ်မင်းခေါင်စွာ ဆုံးဖြတ်ချက်ချပြီးနောက် အိမ်တော်၏ဥယျာဥ်တော်ဆီ လှမ်းခဲ့သည်...ပွင့်ချိန်ကုန်တော့မည်ဖြစ်၍ စံပယ်တို့ကများများစားစားမရှိတော့ပေ...
လန်းနေစေရန်ရည်ရွယ်ချက်ဖြင့် ငွေဖလားထဲ ရေအေးထည့်ကာ စံပယ်ပွင့်တို့ကိုထည့်သည်...စံပယ်ပွင့်တို့ကိုရှာကောက်ပြီးနောက် ဂရုတစိုက်သီလိုက်သည်..
ကြမ်းတမ်းနေတဲ့လက်က စံပယ်ဖြူဖြူတွေနဲ့မကိုက်ညီလှပေ..နူးညံ့စွာမကိုင်တွယ်တတ်၍ စံပယ်ပွင့်တို့က ကြေမွလျက်...
မညီမညာနဲ့စံပယ်ပန်းကုံးလေးရလသည့်အခါ ကလေးငယ်ရှိရာဆီခြေဆန့်ခဲ့တော့သည်...
အခန်းတံခါးကိုဖွင့်ကာဝင်ရန်ကြံတော့ ငိုကြွေးနေတဲ့ကလေးကိုမြင်ရသည်မို့ အသံတိတ်ကာ တံခါးပေါက်မှရပ်ကြည့်နေမိသည်..ငိုနေသည်ဟုဆိုသော်ငြားကလေးသည် အသံတစ်သံမျှပင်မထွက်ပေ..ယိုစီးနေသောမျက်ရည်တို့ကိုသုတ်ပြီး စာရွက်တစ်ရွက်ကို ကြည့်နေ၏
ထို့နောက် ခိုကိုအနားယူပြီး စာရွက်ကိုခြေတွင်ချည်လိုက်ကာ ခိုကိုလွှတ်လိုက်သည်..
ဘာတွေရေးထားလို့ သည်လောက်ဝမ်းနည်းနေရတာလဲ..ဘာအကြောင်းတွေများရှိလို့ စာပို့ရတာလဲ...
သို့သော် စာကိုကြည့်ချင်စိတ်တော့မရှိပေ..စာရွက်တစ်ရွက်ကြောင့်တော့ စိတ်မညစ်ချင်ပါ..
ပျံထွက်သွားသောခိုကို အမျှင်မပြတ်နိုင်စွာလှမ်းကြည့်နေသူအနားသွားလိုက်သည်..လက်ထဲကစံပယ်ပန်းကိုတော့ လက်နောက်ပစ်ကာဖုံးကွယ်ထားလျက်..
"ကြင်ရော.."
!
ကြင်ရောလန့်သွားသည်မှာ ခန္တာကိုယ်ပင်တုန်တက်သွားလေသည်။
"သခင်ကြီး!
တအံ့တသြပြောလာသူကို မြတ်မင်းခေါင်စွာခပ်စူးစူးကြည့်ပေးလိုက်တော့ သူကခိုကိုလှည့်ကြည့်လိုက် သူ့ကိုလှည့်ကြည့်လိုက်ဖြင့်...
သူခိုစာပို့တာမိသွားမှာစိုးနေတာပေါ့..အင်း.ငါကမသိတာကျလို့...
"အင့်..."
စံပယ်ကုံးကိုလှမ်းပေးလိုက်တော့ သူကခဏလောက်တအံ့တသြကြည့်ပြီး...
"ဘာလုပ်ဖို့လဲ..သခင်ကြီးကရောဘာလာလုပ်တာလဲ...အကြောင်းမရှိရင်ထွက်သွားပေးပါ သခင်ကြီး!
"မင်းဘာမင်းဘာလုပ်လုပ်..ငါယူလာပေးတာကိုယူ"
ကြင်ရောလက်မခံဘဲ အနားမှထွက်သွားသည်..မြတ်မင်းခေါင်စွာလက်ကိုဆွဲထားလိုက်ပြီး...
"ယူဆိုယူလိုက်!
ခပ်မာမာလေးငေါက်လိုက်တော့ စိတ်ပျက်သလိုကြည့်ပြီးစံပယ်ကုံးကိုလှမ်းယူသည်...ထို့နောက် တစ်စစီဖြစ်အောင်ချေမွလိုက်သည်
"ကြင်ရော.."
"မလိုချင်ဘူးပြောနေတာပဲ"
စကားသံကအနည်းပင်ဒေါသတို့ကိန်းအောင်းနေသေးသည်ကြောင့် မြတ်မင်းခေါင်စွာဒေါသတို့လှိုက်တက်လာသည်..သည်လိုလူက သူ့အတွက်လို့ဆိုပြီး တစ်သက်လုံးမလုပ်ခဲ့ဖူးတာကိုလုပ်ခဲ့ရတာ..
သို့သော်စိတ်ကိုပြန်လျှော့လိုက်ပြီး..
"ဘာလို့မစားမသောက်ဘဲနေတာလဲ..အခုစား"
"မစားချင်ပါဘူး"
"စားဆိုစားလိုက်..အထိန်းတော်ကြီး ထမင်းပွဲပြင်လိုက်!
ထိုသို့ပြောပြီးနောက် မြတ်မင်းခေါင်စွာ စားပွဲရှေ့တွင်နေရာယူလိုက်သည်
"ထိုင်..စားလို့ပြောနေတာမကြားဘူးလား!
ခပ်မာမာငေါက်လိုက်ပြန်တော့ မျက်လွှာကိုချပြီးထိုင်လာ၏..
အမှုထမ်းများက ပြင်ဆင်ပေးပြီးနောက် စားဖွယ်သောက်ဖွယ်များက စားပွဲအပြည့်ဖြစ်နေသော်ငြား ကြင်ရောကတစ်စက်တောင်မထိပေ..
"ကြင်ရော..မင်းကတော်တော်ဆိုးလာတာပဲ..ပြောနေတာနားထောင်စမ်း"
"မစားချင်ဘူး..သခင်ကြီးနဲ့အတူမစားချင်ဘူး..သည့်လိုလူနဲ့အတူမစားချင်ဘူး!
"သည့်လိုလူ? ဟက် မင်းကတော်တော်အတင့်ရဲလာတာပဲ!
"......"
"စား..တစ်လုတ်မှမဝင်ရင် ငါ့အဆိုးမဆိုနဲ့!
ခွမ်း...!
မြတ်မင်းခေါင်စွာ ခေတ္တမျှကြောင်ကြည့်နေမိသည်..ကြင်ရော..သူ့ရဲ့ကလေးငယ်က စားပွဲတစ်ခုလုံးကိုလှန်ချပစ်တာ...
စားစရာတွေက အကုန်မှောက်ကုန်ပြီး မြတ်မင်းခေါင်စွာ အဝတ်တွေမှာ စက်ဆုပ်စရာကောင်းလှအောင်စွန်းထင်းကုန်သည်...
မြတ်မင်းခေါင်စွာစိတ်ထိန်းထားစရာအကြောင်းမရှိတော့ပေ..
ဒေါသတကြီးမတ်တပ်ရပ်လိုက်ပြီး ကလေးငယ်အနားသွားကာ ပုခုံးစွန်းနှစ်ဖက်ကိုကြမ်းတမ်းစွာဖျစ်ညှစ်ပြီးကိုင်ထားသည်...
"တော်တော်ရဲတင်းနေတယ်..ဟုတ်လား..မင်းကအလျှော့ပေးလို့မရတဲ့လူပဲ"
"သခင်ကြီးကရော..သခင်ကြီးကရောဘယ်လိုလူလဲ..လူယုတ်မာလား"
ပုခုံးတို့ကိုအားပိုထည့်ကာညှစ်လိုက်ပြီး
"သိပ်နာကျည်းနေတယ်ပေါ့..ဟုတ်လား..သိပ်ဖြစ်ပျက်နေတယ်ပေါ့!
"မိဘနှစ်ပါးလုံးကိုသတ်သွားတဲ့လူကိုကြင်ရောက ချစ်ခင်နေရမှာလား..!
"ငါ့ကိုပြန်အော်ရဲတယ်လား..ဟမ်..ကျွေးတဲ့လက်ပြန်ကိုက်တဲ့ခွေးသာသာကောင်"
"သည်ခွေးသာသာကောင်ကို သည်ဘဝရောက်စေတာသခင်ကြီးပဲမလား"
"တောက်ခ်!တော်တော်ဖြစ်ပျက်ပြနေပါ့လားဟမ်..သေပြီးသားလူကသေပြီးပြီ မင်းကဘာထဖောက်နေတာလဲ..မိဘမရှိတော့ရောဘာဖြစ်လဲ လောကကြီးမှာ မိဘမရှိဘဲကြီးပြင်းလာရတာမင်းတစ်ယောက်ပဲမဟုတ်ဘူး!
"ဘယ်လိုစကားမျိုးပြောတာလဲသခင်ကြီး..သခင်ကြီးက ကျွန်ုပ်ရဲ့မိဘနှစ်ပါးလုံးကိုလုပ်ကြံခဲ့တာပါ"
ကြင်ရောကမျက်ရည်စက်လက်ဖြင့် တီးတိုးဆိုသည်
"အေး..သည်တော့ဘာဖြစ်သလဲ..ငါသတ်တာ..မင်းမိဘတွေကိုငါသတ်တာ!သည်တော့ဘာဖြစ်သလဲ..မင်းဘာလုပ်နိုင်သလဲ..ငါဘာလုပ်လုပ်မင်းမှာဘာမှာပြောပိုင်ခွင့်မရှိဘူး..ငါ့လောင်းရိပ်အောက်မှာ နေနေတဲ့ငါ့ပိုင်ဆိုင်မှုက ငါ့ကိုစောဒကလာတက်လို့မရဘူး"
"ကျွန်တွေထက်တောင် ဆိုးတဲ့ဘဝပဲ"
"အေး..သည့်ထက်ဆိုးတဲ့ဘဝမရောက်ချင်ရင် အပေါက်ပိတ်ပြီး အေးဆေးနေ!အာပြန်ကာပြန်မလာလုပ်နဲ့!အလကား အတွန့်တက်ချင်နေတဲ့ကောင်!
သခင်ကြီးက ရုန့်ရင်းကြမ်းတမ်းစွာပြောပြီးနောက် လှည့်ထွက်သွားရန်ပြင်သည်
"ဘဝကဆိုးလှပါရဲ့..ဘယ်တော့များ လူလိုသူလိုနေထိုင်ရပါ့မလဲ"
ကြင်ရောရဲ့တီးတိုးညည်းသံကိုသခင်ကြီးကြားမကြားတော့ကြင်ရောမသိပါ..သို့သော်သခင်ကြီးခြေလှမ်းတို့ရပ်တန့်သွားပါသည်
"စားစရာထပ်ပို့ခိုင်းလိုက်မယ်..မစားရင်သေမယ်မှတ်!
ကြင်ရောဒူးတုပ်ထိုင်ချလိုက်ပြီးနောက် တရှုံ့ရှုံ့ငိုကြွေးနေမိတော့သည်..ကျွန်ဘဝကတောင် ကြင်ရောဘဝထက်သာလောက်ပါရဲ့...
မြတ်မင်းခေါင်စွာ စိတ်ကိုလျှော့ပြီးနောက် မျက်ရည်တွေနဲ့ကလေးကိုမြင်ယောင်ကြည့်မိသည့်အခါ နောင်တရချင်သလို...
ဒေါသထွက်နေစဥ်တွင် ဒေါသအလျောက်စကားကြမ်းများက ထိန်းမရနိုင်စွာထွက်ကျလာခဲ့သည်..သူ့အပေါ်စေတနာထား မေတ္တာထားခဲ့ရသလောက် သူက သူ့အရှင်ကလွဲ ဘာမှမမြင်နိုင်တဲ့သူဆိုတာသိရတဲ့အခါ ပို၍ဒေါသထွက်ရသည်...
.
.
.
သက်တိုးမင်းထင် ခန်းဆောင်သို့ရောက်လာသောခိုလေးကိုကြည့်ပြီး ခဏတော့ကြောင်သွားသည်..ဘယ်သူ့ဆီရောက်လာသောစာလဲဆိုတာကိုလဲသိချင်လျက်..
ခိုခြေမှကြိုးလေးကိုဖြေလိုက်ပြီး စာရွက်ကိုဖွင့်ဖတ်ကြည့်သည့်အခါ...
"တောက်ခ်!
တောက်ခ်ခေါက်သံအကျယ်ကြီးနန်းဆောင်အတွင်း ပဲ့တင်သံထပ်ရလောက်အောင်ပင်ကျယ်လောင်စွာထွက်ပေါ်လာခဲ့လေသည်...
"စက္ခု စစ်တပ်အသင့်ပြင်!
.
တန်းလန်းလေးထားခဲ့ပါပြီ.. ကလိကလိဖြစ်အောင်လို့...
တစ်နေ့တစ်ပိုင်းဆိုတော့တိုသွားတယ်..
နောက်အပိုင်း(35)ကဇာတ်သိမ်း..မဟုတ်ရင် (36)ကဇာတ်သိမ်းပါ..36လောက်တော့ရောက်မယ်လို့ထင်ပါတယ်
စကားမစပ် ဂိုဏ်းတွေကွဲနေတာတွေးတယ်နော်..သခင်ကြီးနှင့်ဘုရင်ကြီးပေါ့..မေ့ကိုပါလာမေးနေကြလို့ မေက ကြင်ရော Teamကပါ(•̀ᴗ•́)و
.
.
.
.
Zawgyi...
.
.
.
.
(လော=မော)
.
.
.
"ငထင်!
.
.
.
"မစားချင်ဘူးလို့ပြောလိုက်ပါ မစံပယ်"
"မစားချင်ပါဘူး..."
"......"
.
.
.
"ငါရဲ့ခိုကိုပေးလိုက်"
"ကြင်ရော.."
!
"သခင်ကြီး!
"အင့်..."
"ယူဆိုယူလိုက်!
"ကြင်ရော.."
"မစားချင်ပါဘူး"
"......"
ခွမ်း...!
You are reading the story above: TeenFic.Net