Uni...
.
.
.
"မင်းကို ထိမ်းမြားခြင်း မင်္ဂလာဆယ်ပါးနဲ့အညီ ထိမ်းမြားလက်ထပ်ချင်တယ်"
ပြာလဲ့နေသော မိုးသားတိမ်တိုက်တို့၏ရွေ့လျားမှုသည် ရုတ်ချည်းရပ်တန့်သွားသည်...လေကြောင့် ယိမ်းနွဲ့နေသော အပင်အရွက်တို့သည်လဲ ရပ်တန့်သွားပြီ....
ကြင်ရောကိုယ်တိုင်လဲ ရပ်တန့်သွားသလို သူ့အမြင်ရှိအရာအားလုံးသည်လဲ ရပ်တန့်သွားခဲ့သည်...
"မင်းကိုပိုင်ဆိုင်တဲ့လူအဖြစ် ထိမ်းမြားမင်္ဂလာပွဲလုပ်ပြီးကြေညာချင်တယ်"
"သခင်ကြီး..."
ကြင်ရောဘာစကားမှမပြောနိုင်ပေ..သခင်ကြီးဟူသော စကားလုံးသာထွက်လာခဲ့ပြီး ဆွံ့အသွားပြန်သည်
"မေတ္တာရှိသလားဆိုတာဖြေရရင်တော့...."
"........"
"ငါကမေတ္တာမရှိဘဲ လူတစ်ယောက်ကို အားနေ လက်ထပ်ထိမ်းမြားမဲ့သူမဟုတ်ဘူး"
ကြင်ရော ကြောင်အမ်းစွာရပ်နေမိသည်..ကြင်ရောပဲစိတ်ထင်နေသည်လားမသိ..ထိုစကားများပြောနေချိန်တွင် သခင်ကြီးသည် အတော်လေး နေရခက်နေပုံပေါ်၏
"သို့ပေမယ့် ငါထိမ်းမြားမယ့်လူက ငါ့ကိုမေတ္တာရှိရမယ်..သည့်လိုမှမဟုတ်ရင် ငါ့အနားသည်တိုင်းလေးထားပြီး အပိုင်သိမ်းထားမယ်...ငါ့ကိုမေတ္တာရှိတဲ့လူကို ငါကမေတ္တာရှိရတဲ့လူကို လက်တွဲဖော်ဆိုတဲ့ ခေါင်းစဥ်အောက်မှာထားပြီး ပိုင်ဆိုင်မယ်..."
သခင်ကြီး၏စကားသည် ကြင်ရောကိုပါမေးခွန်းထုတ်နေသယောင်...ထိမ်းမြားပြီးအပိုင်သိမ်းခံမလား...အနားမှာ အစေပါးလိုပဲ အပိုင်သိမ်းခံမလား..ဒါထက်
သခင်ကြီးကိုမေတ္တာရှိသလား...မရှိဘူးလား..
သခင်ကြီး၏ဖွင့်ဟဝန်ခံချက်ကိုကြားပြီးနောက် ကြင်ရော ရင်တုန်လွန်းနေပြီး အမည်မဖော်နိုင်သော ခံစားချက်သည် ကြင်ရောကို အေးချမ်းစေသည်...
ရင်ဘတ်တစ်ခုလုံးပေါက်ထွက်မတတ်တုန်ခါနေပြီး လက်တွေခြေတွေ တုန်ယင်နေပေမယ့် ကြင်ရော ဘာလို့ ပြုံးချင်နေရတာလဲ...
"ငါပြောတာနားလည်တယ်မလား..ကဲ သည်လို့ဆို..ရွေး..ဘယ်လိုပုံစံနဲ့အပိုင်သိမ်းခံချင်လဲ..."
ဖွင့်ဟဝန်ခံရမည့်သူသည် သခင်ကြီးတစ်ယောက်ပဲဟုတ်မနေပါချေ...
သခင်ကြီးက သူ့ခံစားချက်တွေ ထုတ်ပြောထားသည်ကို ဖုံးပစ်ချင်တာနဲ့ ကြင်ရောကိုပါ မေးခွန်းထုတ်နေခဲ့သည်...
သခင်ကြီးကကြင်ရောကိုမေတ္တာရှိတယ်..ကြင်ရောကရော...
ကြင်ရော မယုံနိုင်စွာဖြင့် သခင်ကြီးကိုကြည့်နေသည်ကိုရပ်တန့်လိုက်ပြီး အသက်ကိုပြင်းပြင်းရှုလိုက်သည်.တံတွေးမျိုလိုက်သည်ကြောင့် မထင်မရှား လာ်စလုတ်သေးသေးလေးက အထက်အောက်ရွေ့လျားသွားပြီး မျက်လွှာလေးချလိုက်သည်..
လက်ထဲကိုင်ထားသော တောင်ဇလပ်ပန်းတို့သည် ကြင်ရော၏လက်နှစ်ဖက်ပွတ်သပ်မှုကြောင့် တစ်စစီပင်...
နီရဲသော အရောင်အသွေးတွေပေပွနေသော လက်ဖဝါးကိုကြင်ရော အကြောင်းမဲ့စိုက်ကြည့်နေမိသည်...
ကြင်ရောက ထိုနေရာကိုစိုက်ကြည့်နေပေမယ့် စိတ်ကတော့တခြားနေရာကိုပျံ့လွင့်နေခဲ့သည်...
ထိုနေရာကတော့..သူ့ရဲ့စွဲလမ်းရသူဆီ....
"ဖြေလေ!
သခင်ကြီးအသံသည် စိတ်မရှည်ဟန်ပေါက်နေပြီး စောင့်စားနေသည်ကိုသိသာစေသည်မို့ ကြင်ရော သက်ပြင်းချလိုက်သည်...သခင်ကြီးမျက်နှာကိုတည့်တည့်ကြည့်ပြီး အတွေးထဲရှိသော စကားကိုထုတ်ပြောလိုက်သည်...
"ကြင်ရောအတွက် အရှင်ရှေးဘဝဝဋ်ကြွေးဖြစ်ပြီး သခင်ကြီးက နောင်ဘဝလည်ရမယ့် ဝဋ်ကြွေးဖြစ်ပါလိမ့်မယ်.... "
ကြင်ရောသည် ရှေးဘဝက အရှင့်အပေါ် မေတ္တာမတုံ့ပြန်နိုင်ခဲ့သည်ဖြစ်ဖြစ်..အရှင့်ထံ ကြွေးကျန်သည် ခဲ့သည်ဖြစ်ဖြစ်.. အရှင့်ကိုနှိပ်စက်ညှင်းပန်းခဲ့သည်ဖြစ်ဖြစ်..အရှင့်အပေါ် အပြစ်တစ်ခုခုကျူးလွန်ခဲ့၍ သည်ဘဝတွင်ယောက်ျားဖြစ်ပါလျက်...အရှင့်ပစ်ပယ်ခြင်းတွေကိုခံရပါလျက်ဖြင့်ပင်..အရှင့်ဘေးဝပ်တွားခဲ့သည်..အရှင့်အပေါ် မေတ္တာနယ်ကျွံခဲ့ရသည်..ထို့ကြောင့် ကြင်ရောအရှင့်အပေါ် ဝဋ်ကြွေးဆပ်ရခြင်းပင်...
သည်ဘဝတွင်တော့ သခင်ကြီး၏ချစ်ခြင်းမေတ္တာကိုခံစားရပါလျက်...သခင်ကြီး၏ ကျေးဇူးကြွေးများပါလျက်..သခင်ကြီး၏ မေတ္တာကိုမတုန့်ပြန်နိုင်သည့်အပြင် ကျေးဇူးကန်းသည်..သခင်ကြီးအပေါ် မေတ္တာရှိသည်မရှိသည် ကိုယ့်စိတ်ကိုယ်သေချာမသိသော်ငြား ကြင်ရော အရှင့်ပေါ်လဲ သစ္စာမဖောက်ချင်ပေ...
ထို့ကြောင့် အရှင့်ကိုရွေးချယ်ထားရပြီမို့ ဝဋ်ကြွေးတစ်ခုလို့သဘောမထားသော်ငြား နောင်ဘဝတွင်မှ သခင်ကြီးအပေါ် သေချာပေါက် ကြွေးဆပ်ပါ့မယ်..သခင်ကြီးကို ချစ်မြတ်နိုးပေမယ့် သခင်ကြီးဆီကပစ်ပယ်ခံရသည့် လူတစ်ယောက်အဖြစ်မွေးဖွားရမလား...သခင်ကြီး၏အစေခံအဖြစ်လား...သခင်ကြီးထံ ခစားရမယ့် တိရစ္ဆာန်တစ်ကောင်အဖြစ်လား...
"ဟက်...!
သခင်ကြီးက ခနဲ့သလိုရယ်ပြီးတော့ ကြင်ရောပုခုံးစွန်းတို့ကိုဆုပ်ကိုင်လိုက်သည်...
"ထင်မှတ်မထားဘဲ မင်းက မင်းလူကိုမေတ္တာရှိတာကြောင့်မဟုတ်ဘဲ ဝဋ်ကြွေးလို့သဘောထားနေတာပဲ..မင်းကဝဋ်ကြွေးဆပ်မယ်ဆိုပြီး စိတ်ကိုချုပ်လှောင်ထားတာ"
"မဟုတ်ပါဘူး..ကြင်ရောက ကိုယ့်စိတ်ကိုယ်တောင်မထိန်းချုပ်နိုင်ဘဲ အရှင့်ကိုမေတ္တာရှိခဲ့တာပါ.."
"မင်းသိရမယ်...လူတစ်ယောက်ကိုမေတ္တာရှိဖူးတာနဲ့သူ့ကိုပဲတစ်သက်လုံးရွေးချယ်ရမှာမဟုတ်ဘူး..ပြီးတော့ မင်းကဝဋ်ကြွေးတစ်ခုလို့သတ်မှတ်ထားခဲ့တယ်ဆိုရင်တောင်...မင်းသိပါတယ်..ဝဋ်ကြွေးဆိုတာ ကျေတတ်တယ်...!
"........"
"ငယ်သေးတယ်..ကလေးငယ်..အကြာကြီးရှင်သန်ရအုန်းမှာ...အချိန်တွေရှိပါသေးတယ်"
သခင်ကြီး၏အသံသည် အနည်းငယ်နူးညံ့နေသယောင်...
ကြင်ရော၏စကားကြောင့် သခင်ကြီးဒေါသထွက်သွားမည်ဟုထင်မှတ်ခဲ့သော်ငြား သခင်ကြီးက ခနဲ့သလိုသာရယ်ခဲ့သည်...ထို့ပြင် ထိုစကားအသွားအလာအရ သခင်ကြီးက ကြင်ရောကိုစောင့်မည်ဟူသော အဓိပ္ပါယ်မဟုတ်ပါလား...
"သွားကြမယ်...နေမြင့်လိမ့်မယ်"
အဆက်စပ်မရှိသောစကားကိုဆိုလာသည့်သခင်ကြီးကို ကြင်ရောဆွေးမြေ့စွာကြည့်မိသည်...သခင်ကြီးကတော့ ဘာမှပြောင်းလဲမှုမရှိသော စူးရဲသောအကြည့်နဲ့ခက်ထန်သောမျက်နှာထားပင်...
သည်လိုနဲ့ခရီးပြန်စခဲ့ကြပြီး လမ်းတစ်လျှောက်နှစ်ဦးလုံးတိတ်ဆိတ်နေခဲ့ကြသည်...
မြင်းခွာသံသည်လဲ သူတို့၏ပတ်ဝန်းကျင်ကို စိုးမိုးထားပြီး တစ်ခါတလေတွင် သက်ပြင်းချသံတစ်ချို့တော့ ပေါ်လာတတ်ပါသည်....
.
.
အစောင့်ကြပ်တွေက အိမ်တော်အပြင်နှင့်အနားတစ်ဝိုက်ပြည့်နေပြီး ဘေးနားတွင် စက္ခုကလဲ စောင့်ကြပ်ပေးနေသေးသည်...
"ဦးရီးတော်!
"အိုး...တူတော်မင်းကြီး"
"ကြင်ရောဘယ်မှာလဲ..."
တည့်တိုးဆန်သောမေးခွန်းကြောင့် မြတ်မင်းခေါင်စွာက ခနဲ့သလိုရယ်သည်
"ခရီးရောက်မဆိုက်ကြီးကို ဦးရီးတော်ကိုတောင်နှုတ်မဆက်ဘဲ ဘယ့်နှယ်ကြောင့် ဦးရီးတော်ရဲ့ကလေးငယ်ကိုစိတ်ဝင်စားနေရသလဲ"
"ကြင်ရောကို ဘယ်ခေါ်သွားတာလဲ..သည့်ပြင် ဘာလုပ်လိုက်တာလဲ.."
"ငါ့ကလေးငယ်ပဲ...ငါဘာလုပ်လုပ်ပေါ့"
"ဦးရီးတော်!
"သူ့ခန်းဆောင်မှာရှိတယ်..သွားမေးကြည့်ပါ အရှင်မင်းကြီး"
မျက်နှာပြောင်စွာပြောလာသူကိုသက်တိုးမင်းထင် ခပ်စူးစူးကြည့်ပေးလိုက်သည်။
"တစ်ခုခုဆို ဦးရီးတော်ကို သက်ညှာမယ်မထင်နဲ့!
သက်တိုးမင်းထင် မှတ်မိနေသောလမ်းအတိုင်း ကြင်ရောရှိရာ အခန်းဆီသို့မြန်ဆန်သောခြေလှမ်းများဖြင့်လှမ်းခဲ့သည်..အခန်းတံခါးမကြီးကိုတွန်းဖွင့်လိုက်တော့..
"ကြင်ရော"
လှမ်းခေါ်လိုက်သော်လည်း အိပ်ယာထက်ထိုင်ကာ နီရဲရဲအရာတို့အား စူးစိုက်ကြည့်နေသောအမျိုးသားသည် လှည့်မကြည့်လာပေ...
ကြင်ရောဘာတွေများသည်လောက်ကြည့်နေသလဲ စိတ်ဝင်စား၍ ကြင်ရောလက်ထဲမှအရာကို သေချာကြည့်လိုက်သည်..
နီရဲနေတဲ့ ပန်းပွင့်လေးတွေပါပဲ..ဘာကများ သည့်လောက်ဆွဲဆောင်ထားပါလိမ့်...
"ကြင်ရော..."
ထပ်ပြီးခေါ်လိုက်တော့မှ ကြင်ရောသည် လှည့်ကြည့်လာပြီး မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့်..
"အရှင်မင်းကြီး..."
အံ့သြနေဟန်ရှိသော ကြင်ရောသည် ခေါ်လေ့မရှိသော အရှင်မင်းကြီးဟူသောအသုံးကိုသုံးလိုက်သည်ကြောင့် သက်တိုးမင်းထင် ခေတ္တတော့ မှင်သက်မိသွားသည်...
ကြင်ရောပြောခဲ့ဖူးသည်..."အရှင်ကသာ ကြင်ရောနှင့်ကြင်ရောအချစ်တွေရဲ့ပိုင်ရှင်...သို့ကြောင့် အရှင်လို့ပဲ ခေါ်ပါ့မယ်"
ထိုစကားလုံးတွေကို ကြင်ရောမေ့သွားသလား...
"လက်ထဲကဘာတွေလဲ...."
မေးလိုက်တော့ လက်ထဲကပန်းကို ငုံ့ကြည့်ပြီး...
"တောင်ဇလပ်ပန်းတွေပါ..သခင်ကြီးကိုယ်တိုင်ခူးပေးထားတာ..."
ကြင်ရော၏စကားကြောင့် နဂိုကတင်ခက်ထန်နေသော မျက်နှာသည် တမဟုတ်ချင်းပင် မည်းမှောင်သွားသည်
ကြင်ရော၏ပုခုံးကိုတင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး
"ဦးရီးတော်က ကြင်ရောကိုဘယ်ကိုခေါ်သွားရတာလဲ...ဘာတွေများလုပ်ခဲ့သေးသလဲ"
အရှင်က ကြင်ရောကိုစူးရဲစွာကြည့်ရင်း စိုးရိမ်နေဟန်ဖြင့်မေးလာသည့်အခါ ကြင်ရော ကြောင်အမ်းစွာခေါင်းခါပြလိုက်သည်
ဘာကိုခေါင်းခါမိသလဲ ကြင်ရောကိုယ်တိုင်လဲမသိပါ...
ထို့အတူ အရှင့်မေးခွန်းတို့ကိုမည်သို့ဖြေရမည်လဲမသိပါ
သခင်ကြီးနဲ့အတူ တောင်ပေါ်ကိုသွားခဲ့တာပြောပြလို့ဖြစ်ရဲ့လား..ပြီးတော့ ကြင်ရောတစ်စွန်းတစကြားခဲ့သလောက် သခင်ကြီးတို့က နန်းတော်နဲ့ပါတ်သက်သည့်အကြောင်းရင်းကိုပြောဆိုခဲ့ကြသည်..
ဒါကိုအရှင်သိသွားလို့ဖြစ်ပါ့မလား...
ကြင်ရောမသိမသာလေးခေါင်းရမ်းလိုက်ရင်း...
"သခင်ကြီးကကြင်ရောကို လည်ပတ်ဖို့ခေါ်သွားရသည်ပါအရှင်..သခင်ကြီးနဲ့အတူမြင်းဖြူကိုစီးပြီး တောင်တန်းတွေဆီ အလည်ပတ်သွားခဲ့ကြတာပါ"
ကြင်ရော၏စကားကြောင့် သက်တိုးမင်းထင်၏မျက်ခုံးတို့ကို တွန့်ချိုးသထက် တွန့်ချိုးလာ၏
အလည်ပတ်တဲ့လား...မြင်းဖြူကိုစီးတယ်...
"ဘာကြောင့်လဲ..ဒါ့ပြင် ဦးရီးတော်နဲ့မြင်းတစ်ကောင်ကိုအတူစီးခဲ့တာလား...!
"ဟုတ်ပါတယ် အရှင်မင်းကြီး...ကြင်ရောမြင်းမစီးတတ်တာမို့ သခင်ကြီးနဲ့အတူစီးခဲ့ရပါတယ်..သခင်ကြီးနဲ့အတူ တောင်တန်းပြာတွေဆီသွားခဲ့ကြပြီး စိတ်အပန်းဖြေခဲ့ကြတယ်...သည့်ပြင် တောင်ဇလပ်ပန်းတွေရဲ့ အလှနှင့်...."
စကားရပ်သွားပြီး လက်ထဲက တောင်ဇလပ်ပန်းဟုခေါ်သော ပန်းရဲများကိုမြတ်နိုးစွာကြည့်လိုက်ပြီး...
"အရသာကိုခံစားခဲ့ကြပါတယ်..."
ကြင်ရောသည် ရွှင်ပျစွာစကားဆက်ခဲ့သည်..အရသာကိုခံစားခဲ့ရသည်မှာသိပ်ကိုကြည်နူးစရာကောင်းနေသယောင်...
ကြင်ရောက သက်တိုးမင်းထင်မည်သို့မည်ပုံဖြစ်နေသလဲ ဂရုမစိုက်မိချေ..ရွှန်းလဲ့နေသော မျက်ဝန်းတို့ဖြင့် ပြုံးရွှင်စွာပြောနေသည်...
သက်တိုးမင်းထင်စိတ်တွေရှုပ်ထွေးလာသည်...သူသည် ကြင်ရော၏ထိုသို့ပုံစံကိုမရင်းနှီးပေ...
သိပ်ကိုပျော်ရွှင်နေပြီး တက်ကြွနေသည်..ထိုသို့သောပုံစံကို ကြင်ရောနန်းတွင်းကိုစရောက်လာခဲ့အချိန်...
ဦးရီးတော်၏လက်တို့်အား တွဲထားခဲ့သည့်အချိန်...
သက်တိုးမင်းထင်သည် ကြင်ရော၏သိမ်မွေ့သောပုံစံကိုကျွမ်းဝင်ခဲ့သည်..
ညို့မှိုင်းသောမျက်ဝန်းတို့ကိုဖုံးကွယ်ရန် အမြဲမျက်လွှာချထားတတ်ပြီး နှုတ်ခမ်းပါးတို့ကို မထိတထိလေးကော့ကာ နူးညံ့စွာပြုံးတတ်သည့်ပုံရိပ်
နှုတ်ခမ်းကတော့အမြဲပြုံးနေတတ်ပြီး မျက်ဝန်းတွေကအမြဲအသက်မဲ့နေခဲ့သည့်ပုံရိပ်..
ထိုပုံရိပ်သည်သာ သက်တိုးမင်းထင်စိတ်ထဲပုံပေါ်၏
*အမောင်မှားခဲ့တယ်ရောငယ်..အမောင်ရောငယ်အတွက်မကြည့်ပေးခဲ့ဘူး..ရောငယ်ကိုနာကျင်စေခဲ့တယ်*
"ကြင်ရော..ပျော်နေသည်လား"
"သိပ်ကိုပျော်ပါတယ်..အရှင်"
"ဦးရီးတော်နဲ့ရှိရတာသည့်လောက်ပျော်တယ်ပေါ့..!
ကြင်ရောကမျက်လုံးလေးကလယ်ကလယ်လုပ်ပြီး...
"သည့်လိုတော့လဲမဟုတ်ပါဘူး..."
ဦးရီးတော်အကြောင်းပြောနေတဲ့အချိန် ကြင်ရောမျက်ဝန်းတွေမှာ အမည်ဖော်မရတဲ့ ပုံရိပ်တွေရှိတယ်..အကြမ်းဖျင်းပြောရရင် ကြည်နူးနေသလိုမျိုး
"ဦးရီးတော်ကို သိပ်မယုံစားနဲ့..သူကမကောင်းတဲ့လူ..ကောက်ကျစ်စဥ်းလဲပြီး ယုတ်မာရိုင်းစိုင်းတဲ့အကောင်!
"ဟင့်အင်း..မဟုတ်ရပါဘူး.. သခင်ကြီးရဲ့အတွင်းစိတ်က သိပ်ကိုနူးညံ့ပြီး ကြင်နာတတ်တဲ့စိတ်ရှိပါတယ်"
ကြင်ရောအမှန်တိုင်းဆိုလိုက်ခြင်းသာ..သခင်ကြီးပ တစ်ခါတလေ ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုတတ်ပေမယ့် သိပ်ကို ကြင်နာတတ်သူပါ..ကြင်ရောကိုသိပ်ပြီးအလိုလိုက်ဂရုစိုက်တတ်တဲ့သူပါ..ပြီးတော့ ကြင်ရောကို မေတ္တာရှိပြီး ထိမ်းမြားလက်ထပ်ရဲတဲ့လူ...
"ကြင်ရော..ဦးရီးတော်ကို တော်တော်ယုံကြည်နေပြီပေါ့"
"ကိုယ့်ဒူးကိုယ်တောင်မယုံရဘူးဆိုတဲ့ ဆိုရိုးရှိပေမယ့် သခင်ကြီးကို ကြင်ရော အကြွင်းမဲ့ယုံပါတယ်"
"ကြင်ရော..အမောင်မေးတာဖြေ!
ကြင်ရောက ချစ်စဖွယ်ပြုံးပြီးခေါင်းငြိမ့်ပြလာသည်
"အမောင်နှင့်ဦးရီးတော်ဆို..ဘယ်သူ့ကိုပိုပြီးယုံကြည်မလဲ"
ကြင်ရောက အံ့သြနေဟန်ရပြီးနောက် သက်တိုးမင်းထင်၏မျက်ဝန်းတို့ကိုစိုက်ကြည့်လာသည်..ထိုအကြည့်တို့တွင် ဝေခွဲမရသည့်အရိပ်တို့ကိန်းအောင်းနေ၏
"ဖြေပါ ရောငယ်"
"ကြင်ရော...အရှင့်ကို မေတ္တာခဲ့ရှိပေမယ့် အရှင့်ကိုထပ်ပြီးမယုံရဲတော့ပါဘူး"
သက်တိုးမင်းထင် ခြေတို့ယိုင်သွားပြီး တစ်ကိုယ်လုံးပူလောင်လာသည်..သူ့ကမ္ဘာကြီးပြိုလဲသွားသလို...
"ကြင်ရော..ဦးရီးတော်ကို...သိပ်ကိုယုံတယ်ပေါ့"
မယုံနိုင်ခြင်းများစွာဖြင့် မေးလာသည့်အရှင့်ကိုစေ့စေ့မကြည့်ရဲတော့ပေ..
"အရှင်..ကြင်ရော ခရီးပန်းလာခဲ့လို့ အနားယူချင်ပါတယ်"
အရှင့်နဲ့ရင်မဆိုင်ရဲတော့၍ မသိမသာနှင်မိသည့်အခါ အရှင့် ခနဲ့သည့်ရယ်သံသဲ့သဲ့ကိုကြားရသည်..
"သိပ်ကိုယုံနေတဲ့ ဦးရီးတော်က ဘယ်လိုလူမျိုးလဲ သိလို့လား!
"....."
"ဟက်..ဦးရီးတော်က နန်းတွင်းကနေနှင်ခံရပြီး နယ်စပ်မှာဘာလို့ရှိနေရသလဲ သိလား...သူဘာလို့နှင်ခံရလား သိလား"
ကြင်ရောဘာမှပြန်မပြောဖြစ်ပါ..ကြင်ရောသိလဲမသိသလို ခုကိစ္စနဲ့သက်ဆိုင်မနေပါ..
"သူက ကြင်ရောရဲ့ မိဘတွေကိုလုပ်ကြံခဲ့တာ..မဃဒေဝစံအိမ်ရဲ့သခင်ကြီး မဃရာဇာနှင့်သခင်မကြီးကိုလုပ်ကြံခဲ့တာ.."
ကျောခိုင်းနေသည့်ကြင်ရောသည် စိုးထိတ်စွာဖြင့် အရှင့်ကိုကြည့်လိုက်သည်..
"သခင်ကြီးက..."
"စစ်ပြေငြိမ်းလွှာသွားပို့တဲ့ မဃရာဇာကိုလုပ်ကြံပြီး ပုန်ကန်သူတွေနဲ့အတူ ရန်ဘက်ဝေဿတိပြည်နဲ့ပေါင်းပြီး နိုင်ငံတော်ကိုပုန်ကန်ခဲ့တယ်.."
"............"
"ဝေဿတိပြည်က ပို့တဲ့စိန်ခေါ်စာမှာ အကုန်ပြောပြထားလို့ ခမည်းတော်ကသူ့ကိုနယ်စပ်ကို လွှတ်ခဲ့တာ..ကြင်ရော အမောင်ပြောတာနားလည်တယ်မလား..."
"အဖ..အဖ(အဖေ)ကို သခင်ကြီး..သခင်ကြီးက"
"ဟုတ်တယ်..သည့်လူကိုကြင်ရောက အကြွင်းမဲ့ယုံနေတာ!
"ဟင့်အင်း..မဖြစ်နိုင်ဘူး"
"ဦးရီးတော်ကကြင်ရောကိုနန်းတော်ကိုအကြောင်းမဲ့ခေါ်ယူမွေးစားမယ်ထင်နေသလား..သူကကြင်ရောမိဘတွေကို ဆုံးရှုံးစေခဲ့လို့ ကြင်ရောကိုခေါ်ယူခဲ့တာ"
"မဖြစ်နိုင်ဘူး"
"မဖြစ်နိုင်တာရှိသလားရောငယ်...ဦးရီးတော်က သည့်လိုယုတ်မာကြမ်းတမ်းတဲ့လူပဲမလား"
တသိမ့်သိမ့်တုန်ရီလာသော ကြင်ရောကိုသက်တိုးမင်းထင် ထွေးပွေ့လိုက်သည်..သို့သော်ကြင်ရောက ရုန်းလိုက်ပြီး...
"ကြင်ရော..သခင်ကြီးပြောတာကိုပဲယုံမယ်..သခင်ကြီးကိုယ်တိုင်ပြောပြမှယုံမယ်!
ကြင်ရောသည်ထိုစကားကိုပြောပြီးနောက် အခန်းထဲမှပြေးထွက်သွားသည်..သက်တိုးမင်းထင် ခနဲ့ပြုံးလေးပြုံးလိုက်ပြီးနောက် လမ်းမအတိုင်းပင် အိမ်တော်မှထွက်ခဲ့တော့သည်...
"ဟက်...ဦးရီးတော်..လွယ်လွယ်တော့ မရဘူးလေ.."
ကြင်ရောတစ်ယောက် မျက်ရည်စက်လက်နဲ့ပြေးလာခဲ့ကြီး သခင်ကြီး၏ ခန်းဆောင်တံခါးမကြီးကို တွန်းဖွင့်လိုက်သည်..
အထဲတွင်သခင်ကြီးသည် စားပွဲရှေ့ထိုင်ကာ စာတစ်ချို့ကိုဖတ်နေသည်..
မျက်ရည်စက်လက်နဲ့ ကြင်ရောကိုမြင်သည့်အခါ အလျင်အမြန်ထ,ရပ်လိုက်ပြီး..
"ဘာဖြစ်လာရတာလဲ..ဘာလို့ငို...."
"သခင်ကြီး..ဖခမည်းတော်နှင့်အမိကို လုပ်ကြံခဲ့တယ်ဆိုတာဟုတ်သလား"
ကြင်ရောဆီလှမ်းလာသောခြေလှမ်းတို့သည် ရုတ်ချည်းရပ်တန့်သွားသည် သူကမယုံနိုင်စွာကြည့်ရင်း လေသံမာဖြင့်...
"ဘယ်သူပြောတာလဲ"
"ဖြေပေးပါ သခင်ကြီး ဟုတ်ပါရဲ့လား..."
သခင်ကြီးက ကြင်ရော၏ မျက်ရည်ရွဲကာနီရဲနေသော မျက်လုံးတို့ကိုရှောင်လိုက်ပြီး
"ကလေးနဲ့မဆိုင်ဘူး!
"ဟက်..ဟုတ်နေတာပဲ...ဟုတ်နေခဲ့တာပဲသခင်ကြီး"
သခင်ကြီးက ဘာစကားမှပြောမလာတော့ပေ..ဆိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းမဟုတ်ပါလား...
ကြင်ရော ခြေထောက်တို့ယိုင်သွားပြီးနောက် အားတင်းရပ်လိုက်ပြီး သခင်ကြီးကိုအရိုသေပေးလိုက်ပြီး ချိနဲ့စွာပင် အခန်းထဲမှထွက်လာခဲ့သည်..သခင်ကြီးကတော့ နောက်ဆုံးအချိန်ထိ အကြည့်လွှဲထားတုန်းပင်..
ကြင်ရော..တကယ့်ကိုဝဋ်ကြွေးကြီးလွန်းတယ်..
တစ်စုံတစ်ယောက်ကိုယုံကြည်မိလိုက်တိုင်း ပြန်ရတာက နာကျင်မှုတွေပဲ..
တစ်စုံတစ်ယောက်ကို မေတ္တာထားမိတိုင်း ပြန်ရတာက ကြေကွဲခြင်းတွေပဲ...
သည်လိုမျိုးသာဆို ဘယ်သူ့ကိုမှ ထပ်ပြီးမယုံကြည်ချင်တော့ဘူး..ဘယ်သူ့ကိုမှထပ်ပြီး မေတ္တာမထားချင်တော့ဘူး...
(ဒီအပိုင်းကိုရေးခဲ့တဲ့အချိန် ကိုယ်လဲပျော်ရွှင်နေမယ်လို့မထင်ကြပါနဲ့..အားလုံးနဲ့ထပ်တူခံစားရပါတယ်)
အပိုင်း(33)
ကလေးငယ်က သူကလဲ သခင်ကြီးကိုမေတ္တာရှိနေတယ်ဆိုတာ သူကိုယ်တိုင်ရိပ်မိလာပါပြီ..နောက်ဆုံးအကြောင်းလေးမှာ သိသိသာသာကိုဖော်ပြထားပါတယ်..ဒါပေမယ့် သူကအရှင့်ကိုမေတ္တာရှိပါတယ်ဆိုတဲ့စကားကိုစွဲနေတာ..အရှင့်ကို သစ္စာဖောက်သလိုဖြစ်မှာစိုးနေတာ..မင်းတို့တွေနားမလည်ဖြစ်နေမှာသိလို့..မဟုတ်ရင် ကိုယ့်ကလေးကို လှေနံနှစ်ဖက်နင်းတယ်ဆိုပြီး ဆဲနေကြမှာစိုးလို့..
စကားမစပ် Happy Merry Christmas ပါရှင်
25.12.2023
Monday
By May
.
.
.
Zawgyi
.
(ဤေနရာသည္ စခရင္ေရွာ့(ss)ရန္ အသင့္ေတာ္ဆုံးေနရာျဖစ္ေၾကာင္း အႀကံေပးအပ္ (☞ ͡° ͜ʖ ͡°)☞)
ျပာလဲ့ေနေသာ မိုးသားတိမ္တိုက္တို႔၏ေ႐ြ႕လ်ားမႈသည္ ႐ုတ္ခ်ည္းရပ္တန့္သြားသည္...ေလေၾကာင့္ ယိမ္းႏြဲ႕ေနေသာ အပင္အ႐ြက္တို႔သည္လဲ ရပ္တန့္သြားၿပီ....
ၾကင္ေရာကိုယ္တိုင္လဲ ရပ္တန့္သြားသလို သူ႕အျမင္ရွိအရာအားလုံးသည္လဲ ရပ္တန့္သြားခဲ့သည္...
"မင္းကိုပိုင္ဆိုင္တဲ့လူအျဖစ္ ထိမ္းျမားမဂၤလာပြဲလုပ္ၿပီးေၾကညာခ်င္တယ္"
"သခင္ႀကီး..."
ၾကင္ေရာဘာစကားမွမေျပာနိုင္ေပ..သခင္ႀကီးဟူေသာ စကားလုံးသာထြက္လာခဲ့ၿပီး ဆြံ႕အသြားျပန္သည္
"ေမတၱာရွိသလားဆိုတာေျဖရရင္ေတာ့...."
"........"
"ငါကေမတၱာမရွိဘဲ လူတစ္ေယာက္ကို အားေန လက္ထပ္ထိမ္းျမားမဲ့သူမဟုတ္ဘူး"
ၾကင္ေရာ ေၾကာင္အမ္းစြာရပ္ေနမိသည္..ၾကင္ေရာပဲစိတ္ထင္ေနသည္လားမသိ..ထိုစကားမ်ားေျပာေနခ်ိန္တြင္ သခင္ႀကီးသည္ အေတာ္ေလး ေနရခက္ေနပုံေပၚ၏
"သို႔ေပမယ့္ ငါထိမ္းျမားမယ့္လူက ငါ့ကိုေမတၱာရွိရမယ္..သည့္လိုမွမဟုတ္ရင္ ငါ့အနားသည္တိုင္းေလးထားၿပီး အပိုင္သိမ္းထားမယ္...ငါ့ကိုေမတၱာရွိတဲ့လူကို ငါကေမတၱာရွိရတဲ့လူကို လက္တြဲေဖာ္ဆိုတဲ့ ေခါင္းစဥ္ေအာက္မွာထားၿပီး ပိုင္ဆိုင္မယ္..."
သခင္ႀကီး၏စကားသည္ ၾကင္ေရာကိုပါေမးခြန္းထုတ္ေနသေယာင္...ထိမ္းျမားၿပီးအပိုင္သိမ္းခံမလား...အနားမွာ အေစပါးလိုပဲ အပိုင္သိမ္းခံမလား..ဒါထက္
သခင္ႀကီးကိုေမတၱာရွိသလား...မရွိဘူးလား..
သခင္ႀကီး၏ဖြင့္ဟဝန္ခံခ်က္ကိုၾကားၿပီးေနာက္ ၾကင္ေရာ ရင္တုန္လြန္းေနၿပီး အမည္မေဖာ္နိုင္ေသာ ခံစားခ်က္သည္ ၾကင္ေရာကို ေအးခ်မ္းေစသည္...
ရင္ဘတ္တစ္ခုလုံးေပါက္ထြက္မတတ္တုန္ခါေနၿပီး လက္ေတြေျခေတြ တုန္ယင္ေနေပမယ့္ ၾကင္ေရာ ဘာလို႔ ၿပဳံးခ်င္ေနရတာလဲ...
"ငါေျပာတာနားလည္တယ္မလား..ကဲ သည္လို႔ဆို..ေ႐ြး..ဘယ္လိုပုံစံနဲ႕အပိုင္သိမ္းခံခ်င္လဲ..."
ဖြင့္ဟဝန္ခံရမည့္သူသည္ သခင္ႀကီးတစ္ေယာက္ပဲဟုတ္မေနပါေခ်...
သခင္ႀကီးက သူ႕ခံစားခ်က္ေတြ ထုတ္ေျပာထားသည္ကို ဖုံးပစ္ခ်င္တာနဲ႕ ၾကင္ေရာကိုပါ ေမးခြန္းထုတ္ေနခဲ့သည္...
သခင္ႀကီးကၾကင္ေရာကိုေမတၱာရွိတယ္..ၾကင္ေရာကေရာ...
ၾကင္ေရာ မယုံနိုင္စြာျဖင့္ သခင္ႀကီးကိုၾကည့္ေနသည္ကိုရပ္တန့္လိုက္ၿပီး အသက္ကိုျပင္းျပင္းရႈလိုက္သည္.တံေတြးမ်ိဳလိုက္သည္ေၾကာင့္ မထင္မရွား လာ္စလုတ္ေသးေသးေလးက အထက္ေအာက္ေ႐ြ႕လ်ားသြားၿပီး မ်က္လႊာေလးခ်လိဳက္သည္..
လက္ထဲကိုင္ထားေသာ ေတာင္ဇလပ္ပန္းတို႔သည္ ၾကင္ေရာ၏လက္ႏွစ္ဖက္ပြတ္သပ္မႈေၾကာင့္ တစ္စစီပင္...
နီရဲေသာ အေရာင္အေသြးေတြေပပြေနေသာ လက္ဖဝါးကိုၾကင္ေရာ အေၾကာင္းမဲ့စိုက္ၾကည့္ေနမိသည္...
ၾကင္ေရာက ထိုေနရာကိုစိုက္ၾကည့္ေနေပမယ့္ စိတ္ကေတာ့တျခားေနရာကိုပ်ံ့လြင့္ေနခဲ့သည္...
ထိုေနရာကေတာ့..သူ႕ရဲ႕စြဲလမ္းရသူဆီ....
"ေျဖေလ!
သခင္ႀကီးအသံသည္ စိတ္မရွည္ဟန္ေပါက္ေနၿပီး ေစာင့္စားေနသည္ကိုသိသာေစသည္မို႔ ၾကင္ေရာ သက္ျပင္းခ်လိဳက္သည္...သခင္ႀကီးမ်က္ႏွာကိုတည့္တည့္ၾကည့္ၿပီး အေတြးထဲရွိေသာ စကားကိုထုတ္ေျပာလိုက္သည္...
"ၾကင္ေရာအတြက္ အရွင္ေရွးဘဝဝဋ္ေႂကြးျဖစ္ၿပီး သခင္ႀကီးက ေနာင္ဘဝလည္ရမယ့္ ဝဋ္ေႂကြးျဖစ္ပါလိမ့္မယ္.... "
ၾကင္ေရာသည္ ေရွးဘဝက အရွင့္အေပၚ ေမတၱာမတုံ႕ျပန္နိုင္ခဲ့သည္ျဖစ္ျဖစ္..အရွင့္ထံ ေႂကြးက်န္သည္ ခဲ့သည္ျဖစ္ျဖစ္.. အရွင့္ကိုႏွိပ္စက္ညွင္းပန္းခဲ့သည္ျဖစ္ျဖစ္..အရွင့္အေပၚ အျပစ္တစ္ခုခုက်ဴးလြန္ခဲ့၍ သည္ဘဝတြင္ေယာက္်ားျဖစ္ပါလ်က္...အရွင့္ပစ္ပယ္ျခင္းေတြကိုခံရပါလ်က္ျဖင့္ပင္..အရွင့္ေဘးဝပ္တြားခဲ့သည္..အရွင့္အေပၚ ေမတၱာနယ္ကြၽံခဲ့ရသည္..ထို႔ေၾကာင့္ ၾကင္ေရာအရွင့္အေပၚ ဝဋ္ေႂကြးဆပ္ရျခင္းပင္...
သည္ဘဝတြင္ေတာ့ သခင္ႀကီး၏ခ်စ္ျခင္းေမတၱာကိုခံစားရပါလ်က္...သခင္ႀကီး၏ ေက်းဇူးေႂကြးမ်ားပါလ်က္..သခင္ႀကီး၏ ေမတၱာကိုမတုန့္ျပန္နိုင္သည့္အျပင္ ေက်းဇူးကန္းသည္..သခင္ႀကီးအေပၚ ေမတၱာရွိသည္မရွိသည္ ကိုယ့္စိတ္ကိုယ္ေသခ်ာမသိေသာ္ျငား ၾကင္ေရာ အရွင့္ေပၚလဲ သစၥာမေဖာက္ခ်င္ေပ...
ထို႔ေၾကာင့္ အရွင့္ကိုေ႐ြးခ်ယ္ထားရၿပီမို႔ ဝဋ္ေႂကြးတစ္ခုလို႔သေဘာမထားေသာ္ျငား ေနာင္ဘဝတြင္မွ သခင္ႀကီးအေပၚ ေသခ်ာေပါက္ ေႂကြးဆပ္ပါ့မယ္..သခင္ႀကီးကို ခ်စ္ျမတ္နိုးေပမယ့္ သခင္ႀကီးဆီကပစ္ပယ္ခံရသည့္ လူတစ္ေယာက္အျဖစ္ေမြးဖြားရမလား...သခင္ႀကီး၏အေစခံအျဖစ္လား...သခင္ႀကီးထံ ခစားရမယ့္ တိရစ္ဆာန္တစ္ေကာင္အျဖစ္လား...
"ဟက္...!
သခင္ႀကီးက ခနဲ႕သလိုရယ္ၿပီးေတာ့ ၾကင္ေရာပုခုံးစြန္းတို႔ကိုဆုပ္ကိုင္လိုက္သည္...
"ထင္မွတ္မထားဘဲ မင္းက မင္းလူကိုေမတၱာရွိတာေၾကာင့္မဟုတ္ဘဲ ဝဋ္ေႂကြးလို႔သေဘာထားေနတာပဲ..မင္းကဝဋ္ေႂကြးဆပ္မယ္ဆိုၿပီး စိတ္ကိုခ်ဳပ္ေလွာင္ထားတာ"
"မဟုတ္ပါဘူး..ၾကင္ေရာက ကိုယ့္စိတ္ကိုယ္ေတာင္မထိန္းခ်ဳပ္နိုင္ဘဲ အရွင့္ကိုေမတၱာရွိခဲ့တာပါ.."
"မင္းသိရမယ္...လူတစ္ေယာက္ကိုေမတၱာရွိဖူးတာနဲ႕သူ႕ကိုပဲတစ္သက္လုံးေ႐ြးခ်ယ္ရမွာမဟုတ္ဘူး..ၿပီးေတာ့ မင္းကဝဋ္ေႂကြးတစ္ခုလို႔သတ္မွတ္ထားခဲ့တယ္ဆိုရင္ေတာင္...မင္းသိပါတယ္..ဝဋ္ေႂကြးဆိုတာ ေက်တတ္တယ္...!
"........"
"ငယ္ေသးတယ္..ကေလးငယ္..အၾကာႀကီးရွင္သန္ရအုန္းမွာ...အခ်ိန္ေတြရွိပါေသးတယ္"
သခင္ႀကီး၏အသံသည္ အနည္းငယ္ႏူးညံ့ေနသေယာင္...
ၾကင္ေရာ၏စကားေၾကာင့္ သခင္ႀကီးေဒါသထြက္သြားမည္ဟုထင္မွတ္ခဲ့ေသာ္ျငား သခင္ႀကီးက ခနဲ႕သလိုသာရယ္ခဲ့သည္...ထို႔ျပင္ ထိုစကားအသြားအလာအရ သခင္ႀကီးက ၾကင္ေရာကိုေစာင့္မည္ဟူေသာ အဓိပၸါယ္မဟုတ္ပါလား...
"သြားၾကမယ္...ေနျမင့္လိမ့္မယ္"
အဆက္စပ္မရွိေသာစကားကိုဆိုလာသည့္သခင္ႀကီးကို ၾကင္ေရာေဆြးေျမ့စြာၾကည့္မိသည္...သခင္ႀကီးကေတာ့ ဘာမွေျပာင္းလဲမႈမရွိေသာ စူးရဲေသာအၾကည့္နဲ႕ခက္ထန္ေသာမ်က္ႏွာထားပင္...
သည္လိုနဲ႕ခရီးျပန္စခဲ့ၾကၿပီး လမ္းတစ္ေလွ်ာက္ႏွစ္ဦးလုံးတိတ္ဆိတ္ေနခဲ့ၾကသည္...
ျမင္းခြာသံသည္လဲ သူတို႔၏ပတ္ဝန္းက်င္ကို စိုးမိုးထားၿပီး တစ္ခါတေလတြင္ သက္ျပင္းခ်သံတစ္ခ်ိဳ႕ေတာ့ ေပၚလာတတ္ပါသည္....
.
.
.
သက္တိုးမင္းထင္ အေစာင့္အၾကပ္မ်ားအျပည့္ျဖင့္ ေယာနကတိုင္းဆီေျခဆန့္ခဲ့သည္...ဘယ္လိုပင္တားေနေသာ္ျငား သက္တိုးမင္းထင္၏ ၾကင္ေရာကိုေတြ႕ခ်င္စိတ္ကိုမတားနိုင္ေပ...
ၾကင္ေရာႏွင့္ဦးရီးေတာ္ သည္ကေန႕ေန႕လည္က ေယာနကတိုင္းသို႔ျပန္လည္ေရာက္ရွိလာၾကသည္ဟူေသာ သတင္းေၾကာင့္ သက္တိုးမင္းထင္ မေနနိုင္မထိုင္နိုင္ပင္..
ၾကင္ေရာႏွင့္သူ ဘယ္ေနရာကိုသြားခဲ့သလဲ..ဘာေတြလုပ္ခဲ့သလဲ သ္ိခ်င္လြန္းလွသည္...
အေစာင့္ၾကပ္ေတြက အိမ္ေတာ္အျပင္ႏွင့္အနားတစ္ဝိုက္ျပည့္ေနၿပီး ေဘးနားတြင္ စကၡဳကလဲ ေစာင့္ၾကပ္ေပးေနေသးသည္...
"ဦးရီးေတာ္!
"အိုး...တူေတာ္မင္းႀကီး"
"ၾကင္ေရာဘယ္မွာလဲ..."
တည့္တိုးဆန္ေသာေမးခြန္းေၾကာင့္ ျမတ္မင္းေခါင္စြာက ခနဲ႕သလိုရယ္သည္
"ခရီးေရာက္မဆိုက္ႀကီးကို ဦးရီးေတာ္ကိုေတာင္ႏႈတ္မဆက္ဘဲ ဘယ့္ႏွယ္ေၾကာင့္
You are reading the story above: TeenFic.Net