သူနင်းခြေခဲ့တဲ့ အတိုင်း

Background color
Font
Font size
Line height

ဒီနေ့ သွန်းတို့ ဘောလုံးပွဲတွေစ ကန်ကြသည်...

"သျှား ရေသောက်ဦးမလား "

"မသောက်တော့ဘူး "

သျှားကိုအခုမှသေချာကြည့်မိသည်.... ဘောလုံးဝတ်စုံ အနီရဲရဲလေးနှင့် အလွန်ချစ်ဖို့ကောင်းသည်..
ရယ်ပြလိုက်သည့် ပါးမို့လေးတွေ တစ်ဖက်သာအထင်အရှား
တွေ့ရတတ်သောပါးချိုင့်လေး ဆေးမကူထားသည့်
နီထွေးထွေးနှုတ်ခမ်းလေးက ထူပြည့်ပြည့်လေး......
ဆီမထည့်ထားသည့် ဆံပင်ကနဖူးပေါ်ဝဲကျနေတဲ့ပုံက....
ပန်းချီဆေးရေးစရာမလိုသည့် ပန်းချီကားတစ်ချပ်ပင်.....

"သွန်း ခေါ်နေပြီ ဘာတွေဒီလောက်ကြည့် သျှားမျက်နှာမှာ
ဘာတွေပေနေလို့လဲ "

"ဟင့်အင်း ဘာမှမပေဘူး ချစ်ဖို့ကောင်းနေလို့ လာသွားမယ်"

သွန်း ရဲ့ ချစ်ဖို့ကောင်းနေလို့ ဆိုသည့် စကားသည်
သျှား ရင်ကို အက်ဆစ်နဲ့ပက်လိုက်သလို တုန်ခါသွားသည်..

သျှားနဲ့သွန်း ရန်မဖြစ်တော့သည့်နောက်ပိုင်းတွင်..
ခြေပိုကောင်းလာသည်.... ပွဲကလုံးဝတစ်ဖက်သတ်ဆန်နေ
သည်..... အပေးအယူလဲမျှကာ 4 : 0 ဖြင့် နိုင်လေသည်......

ဘောလုံးပွဲပြီးသွားတော့ ကွင်းထဲကနေ သွန်းနဲ့
အတူ စကားတပြောပြောဖြင့် လမ်းလျှောက်လာသည်တွင်..

"ဟို မမ.... မမသျှား ဒီ ပန်းလေး ပေးချင်လို့ "

ကောင်မလေးတစ်ယောက် ပန်းတစ်ပွင့်လာပေးသည်
မှာ နည်းနည်းတော့ကြောင်အအ နိုင်လေသည်...
သို့ပေမယ့် သျှားလဲပြုံးပြပြီး.... ယူခဲ့လိုက်သည်..

"ကျေးဇူးပဲနော် "

လမ်းတွင် သျှားကစကားတွေပြောနေသလောက်
အင်း အဲ ဖြင့်သာ စကားပြန်နေသော သွန်းကို မျက်မှောင်
ကုတ်ကြည့်လိုက်သည်...

"ဒီမှာအမိ ဘာဖြစ်နေတာလဲ စကားကို မပြောချင်ပြောချင်နဲ့"

"မဟုတ်ပါဘူး ပင်ပန်းနေလို့ "

" ဟုတ်လား နေမကောင်းဘူးလား ဘာဖြစ်လို့လဲ
ခေါင်းမူးနေတာလား အစာမကြေတာလား ရင်ထဲနေလို့
မကောင်းဘူးလား "

"ဟုတ်တယ် ရင်ထဲနေလို့မကောင်းဘူး သျှား......
ငါလဲ ဘာဖြစ်နေမှန်းမသိဘူး နင် နင့်ကိုဆုံးရှုံးလိုက်ရမှာ
ကြောက်နေတယ် "

"ဟမ် ဘယ်လိုကြီးလဲ "

"ငါလေ ငါလဲ ယောက်ျားလေးတွေကိုပဲ စိတ်ဝင်စားတဲ့သူပါ
ကောင်လေးချောချောလေးတွေဆို လိုက်ငေးတယ်.....
ငါ ချစ်သူထားရင် ဘယ်လိုကောင်လေး ဘယ်လို Type
ဘယ်လိုပုံစံဆိုပြီး စိတ်ကူးယဉ်ဖူးတဲ့သူပါ ကောင်မလေးတွေ
လဲ ငါစိတ်မဝင်စားဘူး လိင်တူချစ်သူတွေလဲ ငါသဘောမကျ
ခဲ့ဘူး.... ဒါ ဒါပေမယ့် အခု ငါ ငါနင့်ကိုချစ်နေမိပြီ.."

" အဟက် ဘာများလဲလို့ သွန်းရယ် ငါလဲနင့်ကိုချစ်ပါတယ်
အရင်ကမုန်းတော့မမုန်းခဲ့ပေမယ့် နင့်အပေါ်နိုင်ချင်တဲ့စိတ်
ပဲရှိတာ အခုသူငယ်ချင်းတွေ့ဖစ်သွားပြီပဲဟာ
ချစ်ပါတယ် သွန်းရဲ့ "

"မဟုတ်ဘူးလေသျှားရဲ့ ငါချစ်တာက သူငယ်ချင်းအချစ်
ထက်ပိုတဲ့အချစ်. .. နင့်ကိုဘယ်သူ့ကိုမှမပေးလိုက်နိုင်တဲ့
ငါတစ်ဦးတည်းပိုင်ဆိုင်ချင်တဲ့ အချစ်မျိုးနဲ့ချစ်တာ "

"ဟင်.... သွန်း ဘာ ဘာကြီးလဲဟ နင်က lesbian လား"

"မဟုတ်ဘူး ငါလုံး၀ lesbian မဟုတ်ဘူး ငါလဲမသိဘူး
နင်နဲ့မှ ဒီလိုတွေဖြစ်လာတာ ငါ ကိုယ်တိုင်လဲ အံ့ဩနေတယ်"

"လုံးဝမဖြစ်န်ိုင်ဘူး သွန်း ငါနဲ့အနေနီးသွားလို့
ဖြစ်မှာပေါ့ ပြီးတော့ ငါက straight ကောင်လေးတွေပဲ
စိတ်ဝင်စားတယ် နင့်ကို သူငယ်ချင်းတစ်ယောက်လိုပဲ
ချစ်ခင်တယ် နင်လဲ မရူးမိုက်စမ်းပါနဲ့ ...."

"မဟုတ်ဘူး သျှား ငါ တကယ်ရင်ခုန်ပြီး မြတ်မြတ်နိုးနိုး
ချစ်တာပါ "

"သွန်းရာ မဖြစ်နိုင်တာတွေမပြောစမ်းနဲ့ ဟုတ်ပြီ အနေနီး
နေလို့ပဲဖြစ်မယ် ဒီနေ့ကစပြီး ငါအခန်းပြောင်းနေမယ်
စုမြတ်ကိုအကူအညီတောင်းလိုက်မယ် ပြီးတော့ သွန်း
နင့်ဘက်က အမှန်ဖြစ်စေဦးတော့ ငါလက်မခံဘူး လုံးဝလက်မခံနိုင်ဘူး ငါက straight "

ပြောပြီးထွက်သွားပြီ... ပြီးသွားပြီ သွန်းရဲ့ နှလုံးသား ဒီနေရာမှာတင်ကျန်ခဲ့ပြီ.... လုံး၀ပြီးပြတ်သွားပြီ သူငြင်းတဲ့အပြင်.... တစ်ပတ်ပဲကျန်ရှိတော့တဲ့ အတူနေခွင့်လေးတောင် တစ်ခဏလေးနဲ့ ကုန်ဆုံးသွားပြီ.....ငါ ငါလဲ straight
တစ်ယောက်ပါသျှားရယ် နင့်ကိုမှချစ်မိနေတဲ့ ငါ့နှလုံးသားကို
ငါမှမတားနိုင်တာ... အချစ်ကရွေးယူပြီးချစ်လို့မှမရတာ
ငါရဲ့အသည်းတွေ တဆစ်ဆစ်နာကျင်နေတယ်... မရူးမိုက်
နဲ့တဲ့ ဟင့်အင်း ဆက်ရူးမိုက်ခွင့်ပေးပါဟာ.... ငါ့မှာ ဘာအပြစ်ရှိလို့လဲ ငါ့နှလုံးသားမှာဘာအပြစ်များ ရှိနေလို့လဲ
ငါလဲ သဘာဝကိုမလွန်ဆင်ချင်ပါဘူး သျှားရယ်.....

သွားမိသွားရာ ဦးတည်ရာကိုလျှောက်သွားရင်း...
ညနေစောင်းနေဝင်ခါနီးလေပြီ.... အဲ့ သျှား တစ်ယောက်
တည်းကြောက်နေဦးမယ်..... အတွေးဖြင့် ခက်သွက်သွက်
အမြန်လျှောက်လာပြီး အခန်းတံခါးကိုဖွင့်လိုက်သည်...

"ဪ သွန်း ပြန်လာပြီလား နောက်ကျနေပြီ ဘယ်တွေ
လျှောက်သွားနေတာလဲ "

"ဟုတ် ဒီလိုပါပဲ ဒါနဲ့ စုတ်မြတ်ကဒီကို ဘာကိစ္စရှိလိုလဲ
သျှားရောဟင် "

"ဟင် သျှားက အကူအညီလာတောင်းလို့လေ
သွန်းနဲ့သွားနေပေး သူဒီမှာနေချင်လို့ဆိုပြီး အတင်းကြီးပဲမို့
လာနေလိုက်တာ သူနဲ့ရန်ဖြစ်ထားကြလို့လား "

စကားတောင် ဆုံးအောင်နားမထောင်ပဲ သွန်း ပြေးထွက်လာပြီး သျှားကို ရှာမိသည်....

" သျှား ခဏ ခဏလေး အပြင်မှာ လိုက်တွေ့ပါလား
ခဏလေးပဲ "

အမောတကော ပြေးလာသော သွန်း.. ဘာဖြစ်လာတာလဲကွာ

"သျှား နင်တကယ် အဲ့လိုလုပ်မှ အဆင်ပြေမှာလား
ငါ့ကိုအဲ့လိုထားခဲ့မှ အဆင်ပြေမှာလား "

"ဟုတ်တယ်လေ အဲ့လိုမလုပ်လို့ ဘယ်လိုလုပ်ရမလဲ
ဒီထက်အနေနီးပြီး ငါကပါ နင့်ကိုကြိုက်လာသလို ထင်လာရင်
ဘယ်လိုလုပ်မလဲ ပတ်ဝန်းကျင်က ဘာတွေပြောကြမလဲ
ငါအဖြစ်မခံနိုင်ဘူး ငါတို့တစ်ယောက်နဲ့တစ်ယောက်
မတွေ့အောင်နေကြမယ် ပြီးတော့ လမ်းမှာတွေ့ရင် မသိချင်
ယောင်ဆောင်ပေးပါ plz.... "

"သျှားရယ် မလွန်ဘူးလားဟာ "

"တော်ပြီ ငါသွားတော့မယ် နင်လဲအခန်းပြန်တော့ ရေမချိုးရသေးဘူးလား မြန်မြန်ချိုး သွားတော့ "

ထွက်သွားပြန်လေပြီ ဒုတိယအကြိမ်......
နင်းမယ်ဆိုလဲ ငါ့နှလုံးသားကို နာနာကျင်ကျင်လေး နင်းခဲ့စမ်းပါလား.... ဘာလို့ ဂရုစိုက်နေသေးလဲ
ငါ့ကို ငါ့ကို အဟီးးးး ဟင့် ငါမှားသွားလို့လား.....
ဘာမှားလို့လဲလို့...... ဟီးးးး........ သွန်းနေရာမှာတင်
ချုံးပွဲချငိုပစ်လိုက်သည်...

တစ်ညလုံးအိပ်မရပဲ မျက်ရည်ကသာ နေရာယူနေလေသည်.... ဪ အလွမ်းဆိုတာ ဒီလိုခံစားမှု
မျိုးလား...... အချစ်ဆိုတာ ဒီလိုအရသာမျိုးလား....
နာကျင်မှုဆိုတာကရော ဒီလိုတုန့်ပြန်မှုလား.....
လားပေါင်းများစွာရဲ့ အလယ်မှာ မိုးစင်စင်လင်းခဲ့သည်...

"သွန်း မထသေးဘူးလား လေ့ကျင့်ကွင်းသွားရမယ်လေ."

သွန်း ကြားလိုက်သည်မှာ စုမြတ်အသံဖြစ်သည်...
သို့သော်မယုံချင်သောကြောင့်.. အားယူပြီး မျက်လုံး
ဖွင့်ကြည့်လိုက်သည်....

"ဪ စုမြတ် ငါ့ကိုလေ မနက်တပိုင်း ဆရာကိုခွင့် ယူပေးပါလား ခေါင်းတွေအရမ်းကိုက်နေလို့နော် "

"ဟုတ်လား အေး အေး နေမကောင်းဘူးလား မှန်း ပြကြည့်
ကိုယ်တော့မပူဘူး ဂရုစိုက်နော် ပြန်အိပ်လိုက် ငါသွားပြီ "

"အွန်း.... "

ပြန်အိပ်ဖို့ကြိုးစားသော်လည်း....အာရုံထဲမှာ
တဝဲလည်လည် ထွက်သွားခဲ့သော ကျောပြင်ကို လွမ်းနေမိ
သည်.... ပြေးဖက်ထားလိုက်ချင်သည်....ကျောပြင်ကိုပဲ
ပိုင်ဆိုင်ရမယ်ဆိုရင်တောင် ထိုကျောပြင်ကိုပဲ မက်မက်မောမောလိုချင်မိတာပါ.....က်ိုယ်ဟာ စွဲလန်းတမ်းတ
တတ်သူ မဟုတ်ပေမယ့် တမ်းတစွဲလန်းနေမိခဲ့ရပြီ....

နေ့ခင်းစာတော့ထစားမှဖြစ်မည်.... တော်သေး
သည် စုမြတ်က ထမင်းပန်းကန် ယူလာပေးပြီး အပြင်ထွက်သွားသည်.... ညနေ လေ့ကျင့်ကွင်းကို သွားမှ
ဖြစ်မည်... မနက်ဖြန် ဘောလုံးပွဲရှိသည်လေ..... ဆေးသောက်ပြီး လန်းသွားအောင် သီချင်းဖွင့်ပြီး
နားထောင်နေလိုက်သည်.....သီချင်းနားထောင်နေရင်း
မျက်ရည်များက အတားအဆီးမဲ့စွာ ကျလာပြန်သည်...
သီချင်းစာသားလေးကတောင် နာကျင်အောင် လုပ်နိုင်သည်တဲ့လား.......

************************************
သွန်း ဘောလုံးကွင်းကို စုမြတ်နဲ့အတူ ညနေပိုင်းတွင်အတူလိုက်လာခဲ့သည်....လေ့ကျင့်နေကြသည့် သူငယ်ချင်းအကုန်လုံးက သက်သာရဲ့လား သတင်း
မေးကြပေမယ့် ကိုယ့်ကိုကျောပေးပြီး ဘောလုံးလေ့ကျင့်
နေသော သျှားသည် လှည့်လို့ပင်ကြည့်မလာချေ.....
သွန်းရင်ထဲမှာ တိတ်တဆိတ်ပြောမိသည်......

💔 သွန်း နှလုံးသားလဲ ကြေမွနေပါပြီ အချစ်ရယ် 💔

မနက်ဖြန် ဘောလုံးပွဲရှိသည်... သွန်း အိပ်ယာထဲ
လဲနေ၍ မဖြစ်ပေ ။ သွန်းတို့ရှုံးသွားနိုင်သည်...အမုန်းပေါ်
အမုန်းထပ်ဆင့်လဲမခံနိုင်ပေ.... ထိုမျှမခံစားနိုင်....
ထို့ကြောင့်အိပ်ဆေးသောက်ပြီး အိပ်လိုက်သည်...

အကျည်းတန်လိုက်တဲ့ မနက်ခင်းလို့တွေးမိသည်
မှာ သူမ မရှိသည့် မနက်ခင်းရဲ့ ပထမဦးဆုံးအတွေး
ဖြစ်သည်....

ဘောလုံးကွင်းထဲမဝင်ခင် သျှားရဲ့ အပြုံးကိုမြင်ရမှ
ဖြစ်မည်ထင်သည်... သွန်းမှာ အင်အားမရှိပေ... ရှုံးသွား
မှာအရမ်းကြောက်နေမိသည်... ထို့ကြောင့်

"သျှား.... "

အိလှိုင်တို့ဖြင့် စကားပြောနေရင်း အသံတိုးလေးဖြင့်
လာခေါ်သော သွန်းကို မော့ကြည့်လိုက်ပြီး မေးဆတ်ပြလိုက်
သည်....

"ခဏ ပြောစရာလေးရှိလို့ "

"ခဏနော် အိလှိုင် "

"အွန်းပါ ရတယ် သွား "

လူနည်းနည်းရှင်းတဲ့ဘက်တွင် ရပ်လိုက်ပြီး...

"ကဲ ပြော ဘာလဲ "

"ငါ့ကို တစ်ခုလောက်တော့ကူညီပေးပါ တစ်ခါလောက်
ငါ့ကိုပြုံးပြပါလား "

"ဟမ်...... ရူးလိုက်တာ "

ထိုမျှသာ ပြောပြီး ပြုံးပြသွားကာထွက်သွားသော ကျောပြင်ကို တတိယံမ္ပိ ချစ်မိပြန်လေသည်....

* * * * * * * * * * * * * * * * * * * * * * * *

😁😁😁 နည်းနည်းတော့ drama ချိုးလိုက်တယ်တို့
ဘာတို့ 😁😁😁

You are reading the story above: TeenFic.Net

#pyae