ချစ်ခြင်းအလင်္ကာ

Background color
Font
Font size
Line height

ဘောလုံးပွဲပြီးသွားတော့ ကိုယ့်အဆောင်ကို
ပြန်ကြရလေသည်....သျှားနဲ့အဆောင်တူပေမယ့်.. အရင်လို
ရန်တွေဖြစ် ပြသာနာတွေဖြစ် ဆူညံမနေတော့ပဲ အခြေအနေ
တွေ ရုတ်ချည်းဆိုသလိုပြောင်းလဲသွားသည်....

စာမေးပွဲနီးပြီမို့ စာကျက်သူကျက် အုပ်စုလိုက်
စကားပြောကြသူပြောဖြင့် သွန်းအတွက် အကျည်းတန်လွန်း
နေသည်...... စာထဲလဲစိတ်မပါ မကျက်လို့လဲမဖြစ်
စာမေးပွဲက တစ်ပတ်ပဲလိုတော့သည်... တော်သေးသည်က
ကျူတိုရီရယ်ကိုအမှတ်ပြည့်ရထားသည်....ဘောလုံးသမား
တွေအတွက် အခွင့်ထူးဖြစ်သည်.....သျှားကို တွေ့ချင်လျှင်
ကျောင်းခန်းထဲ ဒါမှမဟုတ် အဆောင်ပြန်လာတဲ့အချိန် အဲ့အချိန်တွေပဲဖမ်းလို့မိသည်... ကျန်တဲ့အချိန်တွေ အခန်းထဲကအခန်းပြင်လဲထွက်တာမတွေ့မိ....
သျှားသူငယ်ချင်းနှစ်ယောက်သာ ယောင်ပေ ယောင်ပေနဲ့
တွေ့တတ်သည်....

ဒီနေ့ ကျောင်းပိတ်ရက်မို့ သွန်း အဆောင်ဧည့်ခန်း
ကခုံမှာ စာအုပ်ကိုင်ပြီး သျှားအကြောင်းထိုင်တွေးနေချိန်တွင်
သျှား ပြင်ဆင်ပြီး အပြင်ကိုထွက်သွားလေသည်... မျက်စိ
တဆုံးလိုက်ကြည့်မိသည်.... အရင်လိုမျက်ရည်တွင်တွင်
မကျတော့ပဲ တိတ်တဆိတ်သာကျတတ်တော့သည်....

* * * * * * * * * * * * * * * * * * * * * * * *

"ဟော ဟိုမှာ လာပါပြီ မိသျှား... "

သျှား ငယ်သူငယ်ချင်းတွေနဲ့ လာတွေ့ခြင်းဖြစ်
သည်.. အရင်လက ကန့်ဝင်နေရသည့်အချိန်မို့ မလာဖြစ်ပေ..အခုလာတော့လဲ နောက်ကျနေသော
ကြောင့် ဝင်လာကတည်းက အရင်မျက်နှာချိုသွေးရသေးသည်....

"ဘာလို့နောက်ကျနေတာလဲ ကားတွေပိတ်လို့တော့ လာမပြောနဲ့ ငါလာရတာ နင့်ထက်ဝေးတယ် "

"အမယ်လေးဟယ် ဟုတ်ပါတယ် ငါနောက်ကျသွားတာ "

"အရူးမ နှစ်လလောက်မတွေ့လို့လားမသိဘူး
ခြောက်ကပ်ပိန်နာပဲ " ညောင်နာနာအသံဖြင့် ပြောနေသော
ဥမ္မာကို လေးယောက်သား ပိတ်ထုလိုက်လေသည်...

"အသံကိုက ရွံစရာအသံနဲ့ "

" သေပါပြီဟယ် နင်တို့ကလေ လက်အရမ်းပါတာပဲ "

"ဟဲ့ လက်မပါလို့ ဘာပါရမှာလဲ "

" ကဲ ကဲ တော်တော့ ငါပြောစရာရှိတယ် အဟိ "

သီရိရဲ့ ပြောစရာရှိတယ် အနောက်က အဟိဆိုတာ
ကြောင့် ထူးထူးဆန်းဆန်း စကားတွေ ကြားရတော့မည်
ဆိုတာကြိုသိသည်....

"ဘာ အဟိလဲ မိသီရိ ရုပ်ကိုက တီဆားပတ်ခံရလို့
ဖျတ်ဖျတ်လူးနေတဲ့ရုပ်နဲ့ "

"မသာမ ချိုဝင်း ပြောလိုက်ရင်တနင့်တပိုး ဝိုးဒယ် အဟဲ
ငါက ငါချစ်သူရနေပြီဆိုတာ ပြောမို့ "

"အမယ် နင်က နင်ပြောတော့ အပျိုကြီးပဲလုပ်မှာဆို
ယောက်ျားတွေကြည့်လို့ကိုမရဘူးဆို အိမ်ကပေးစားရင်တောင်... ခွေးအမြီးပဲဖြတ်ယူလိုက်မှာဆို
သောက်ပိုတွေ အရမ်းပြောတာပဲနော် "

"ဟုတ်တယ်လေ ငါပြောတယ်လေ ဒါပေမယ့် ငါပြောတာ
ယောက်ျားလေးလို့ပဲပြောတာလေ အဟိ အခုက
ကောင်မလေးတစ်ယောက်နဲ့ "

"ဟမ် ဘာ ! ! ! ?"

" ဟဲ့ လန့်လိုက်တာ သျှားရယ် ဖြည်းဖြည်းအော်ပါဟ ဘာဖြစ်လို့လဲ "

"သီရိ နင်က ကောင်မလေးတစ်ယောက်နဲ့ ချစ်သူ
တွေဟုတ်လား ဒါနဲ့ နင်က lesbian လား "

"အဲ့လိုတော့ငါ Les လို့ ခံယူထားတာမဟုတ်ဘူး ဒါပေမယ့်
သူ့ကိုချစ်တယ် သူကလဲ Les မဟုတ်ဘူး ငါ့ကို
ချစ်တယ် အဓိက ကတစ်ယောက်နဲ့တစ်ယောက် ချစ်နေဖို့ပဲလေ ပိုပြီးနွေးထွေးတယ်ဟ အရမ်းလဲ နားလည်ပေးတယ် ခံစားချက်တွေလဲ ထပ်တူကျတယ်
အစားအသောက် အကြိုက်ကလဲတူတယ် ငါအကြိုက်ဆုံးက
သူ့ရင်ငွေ့က ငါ့အတွက် နွေးထွေးလွန်းတယ် ငါကတော့
သူ့ကိုအရမ်းချစ်တယ် "

" ဖြစ်နိုင်လို့လား သီရိရယ် ပတ်ဝန်းကျင် နင့်မိဘဆွေမျိုး
သိုင်းဝိုင်း ပြီးတော့ လူတွေက ရှုတ်ချ ကဲ့ရဲ့ကျမှာ
ငါက ငါချစ်တဲ့သူကို အသံလေးမာမာပြောရင်တောင်ကြိုက်
တာမဟုတ်ဘူး အဲ့လို သူများကဲ့ရဲ့ခံရတဲ့သူမျိုးမဖြစ်
စေချင်ဘူး "

"ဪ သျှားရယ် ဒါကတော့ လူဆိုတာ ချီးမွှန်း ၇ ရက်
ကဲ့ရဲ့ ၇ ရက်ပါဟ မိဘတွေကိုလဲ လက်ခံလာအောင်
အမြဲကြိုးစားပိုင်ခွင့်ရှိတာပဲလေ တစ်နေတော့ ဖြစ်လာမှာပေါ့
အရေးကြီးတာ ချစ်နေဖို့ပဲ "

"ဒါနဲ့ သျှား ပြောပါဦး နင်ကျတော့ ၂လစာပေါ့ ဘာတွေဖြစ်
လဲ နင်ဘဲအသစ်ရပြီလား "

"မရပါဘူးဟာ.... "

"အမယ် ထူးထူးဆန်းဆန်း "

"အေးလေ အေးလေ ဘာလဲ နင်ကအခုထိ ရှနေတုန်းလား"

"တေမို့ ရှစရာလား မသာရဲ့ ငါ့စိတ်ထဲမှာတောင်မရှိတော့ဘူး
ငါ့မှာ တကယ်ဘာမှပြောစရာမရှိတာ "

"၂လတောင် မတွေ့ဖြစ်တာလေ ဘာမှမရှိဘူးပေါ့ "

"အေး မရှိဘူး "

သျှား ဗြောင်ပဲငြင်းလိုက်သည်... အမှန်တော့
ပြောစရာတွေမှ ပုံလို့ပင်... ဒါပေမယ့် မပြောချင်ဘူး...
ပြောပြလိုက်လို့ ရင်ထဲပေါ့သွားမှာဆိုးနေမိသည်..... ကိုယ့်
ရင်ထဲမှာပဲ အဆုံးမရှိတဲ့ဇာတ်ကို သိမ်းထားလိုက်ချင်သည်..
ဆက်တွေးလျှင် တမ်းတမိတော့မည်.. ပြောမိလိုက်
လျှင် ငိုခြင်းချမိတော့မည်.... မငိုချင်ပါဘူး.. ကြူကြူပါ
အောင်ငိုလိုက်လျှင် ရင်ထဲခံစားရသမျှ တစ်ချို့တစ်ဝက် ဖိတ်စင်ပါသွားမှာစိုးရိမ်သောကြောင့်ကျလုဆဲမျက်ရည်ကိုပင်..
ထိန်းချုပ်တတ်နေပြီဖြစ်သည်...

***********************************
စာမေးပွဲ ခြောက်ရက်ပြီးလျှင်ပြီးချင်းပဲ သျှား
အထုပ်တွေ အိမ်မှာထားခဲ့ပြီး ညကားဖြင့် တောင်ကြီးကို သွားဖို့ အဝေးပြေးကားဂိတ်ကိုထွက်လာခဲ့သည်... ကားကမဆိုးပေ အဲကွန်းလဲကောင်းသည်
ဘေးအစွန်ခုံရသဖြင့် ပျော်သွားသည်...သျှား ပါလာတဲ့အထုပ်
တွေ အပေါ်တင်စရာရှိတာတင်ပြီး နားမှားနားကြပ်လေးတပ်
သီချင်းနားထောင်ပြီး မျက်လုံးမှိတ်ထားလိုက်သည်...
ကားကခဏနေထွက်တော့မည် လူစုံနေပြီဖြစ်သော်လည်း
သျှားဘေးခုံကလွတ်နေသေးသည်....

သွန်း စာမေးပွဲခန်းထဲကထွက်တော့ သျှားကိုရှာသေး
သည်.... သူငယ်ချင်းတွေကအဆောင်ပြန်သွားပြီပြောလို့
အဆောင်ကိုပြေးသော်လည်း အခုပဲ အထုပ်တွေနဲ့ ပြန်သွား
တာဆိုသည့် ရင်နင့်စရာ စကားလုံးကဆီးကြိုနေခဲ့သည်...
ညနေပြန်ရတော့မည်ဖြစ်သည်... မပြန်ခင် မျက်နှာလေးပဲ
ဖြစ်ဖြစ် မြင်လိုက်ချင်သည်.. ကံတရားက အဲ့လောက်တောင်
ရက်စက်နိုင်လ်ိမ့်မည်ဟုမထင်ပေ....
အထုပ်တွေကြားမှာ ထိုင်ဆွေးနေတုန်း

"ဟဲ့ နင့်ကားလတ်မှတ်က ၅ခွဲဟုတ်ဘူးလား အခုပဲ ၄နာရီခွဲ
ပြီ ဘာထိုင်လုပ်နေတာပဲ မိသွန်း "

"အာာ ဟုသားပဲ လုပ်ပါဦး ငါ့ကိုကူညီကြပါဦး Taxi ငှား
ပေးကြ အထုပ်တွေသိမ်းထားပြီးလို့တော်သေးတယ်
ကယ်ကြပါ "

မြတ်နိုးရသော သျှားအကြောင်းတွေးလိုက်လျှင်
အဲ့လိုပဲ အရာရာမေ့သွားတတ်ခဲ့လေပြီ.... အခုလဲ ရုန်းရင်း
ဆန်ခတ် အသည်းအသန် အောင်မင်္ဂလာအဝေးပြေးကွင်း
ထဲမှာ ပြာယာခတ်နေမိသည်... ကားပေါ်တက်တော့
လူတွေတောင်စုံနေပြီဖြစ်သည်... ခုံနံပါတ်ကိုရှာရင်း..

"ဟင်.....သျှား "

ဟုတ်သည် သူမရဲ့ သျှားမှ သျှားအစစ် နားကြပ်လေး
တပ်ပြီး မျက်လုံးလေးများမှေးစင်းထားသည်... ငေးကြည့်
နေရင်း ရုတ်တရက် မျက်လုံးဖွင့်လာသောသျှားကြောင့်
လန့်သွားသည်....

"သွန်း... "

"အင်း... ဟို ထိုင်မယ်နော် "

"ထိုင်ပေါ့ ဘယ်သူကဘာပြောလို့လဲ "

ပြောပြီး တစ်ဖက်ကိုလှည့်သွားသော သျှားကို
အသည်းယားမိပြန်သည်....ကိုယ့်ကိုဆို ကျောခိုင်းရမယ်လို့
များ စိတ်ကြီးဝင်နေလားမသိပေ.. သို့ပေမယ့် သွန်းပျော်
သည်..... တမနက်လုံးလိုက်ရှာနေရသော ချစ်ရသူကို
တွေ့မယ့်တွေ့တော့လဲ ကိုယ်ဘေးနားမှာ ငြိမ်ငြိမ်လေးထိုင်
နေသည်....

ကားထွက်ပြီး ဘယ်လောက်မှတောင် မကြာသေး
ဘေးက အမတော် ခေါင်းကဘယ်ညာယိမ်းလိုက် အရှေ့ကို
ကျလိုက် မြင်မကောင်းအောင် ငိုက်နေသည်မှာ မကြည့်
နိုင်တော့ပဲ ခေါင်းကို သျှားပခုံးပေါ် တင်ပေးလိုက်သည်...
အမယ် တင်ပေးလိုက်ကာမှ လူကိုတောင် လာဖက်ထား
လိုက်သေးသည်.......

"ခရီးသည်များ အပေါ့အပါးသွားဖို့နဲ့ ညလယ်စာစားဖို့
ကားရပ်ပါမည် ပိုက်ဆံအိတ် အဖိုးတန်ပစ္စည်းများ မိမိနဲ့
တစ်ပါထဲ သယ်သွားပါ မည်သူတစ်ဦးတစ်ယောက်မှ နေခဲ့လို့
မရပါ.... အခု ၉ခွဲ 10 နာရီမှာ ပြန်ထွက်ပါမယ် "

ကားသမားအော်သံကြားမှ အိပ်ပျော်နေကြသော
ခရီးသည်တွေ လှုပ်လှုပ်ရှားရှားဖြင့် ဖြစ်လာကြသည်..

"အ.... "

လက်တစ်ဖက်ကျင်နေသည်...

"နာသွားလား sorry ဘာလုပ်ပေးရမလဲ ဆေးလိမ်းမလား
အကြာကြီးအိပ်မိလိုက်တယ် နောက်တစ်ခေါက်ကျတော့
သွန်း ပခုံးပေါ်ပြန်အိပ်လိုက်နော် "

"အမယ် အိပ်စရာလား ထ ဆင်းမယ် "

ဘယ်လိုပဲ ဘု ဆတ်ဆတ် ပြောပြော ထိုအခြေအနေ
လေးကိုတောင် သွန်း ကျေနပ်နေမိသည်...

စားချင်တာမှာထားခဲ့ပြီး အိမ်သာကိုအတူလာဖြစ်သည်... လူတွေတန်းစီနေသောကြောင့် စောင့်နေရသည်...

"သွန်းသာ မပါရင် သျှား ဘယ်လိုလုပ်မလဲ မကြောက်ဘူးလား
ညဘက်ကြီး "

"မကြောက်ပါဘူး ဒီလောက်လူတွေအများကြီးကို "

"ဒါတော့ ဒါပေါ့ ဒါပေမယ့် မတူဘူးလေ "

"ရှည်လိုက်တာ ဝင် အရင်ဝင် "

"ဟိ... "

သွန်း ဗိုက်ဆာနေတာဖြစ်သည်... ညနေကနောက်ကျလို့ ဘာမှမစားလာခဲ့ရပေ...

"ဟဲ့ ဖြည်းဖြည်းစားလေ ကျားမကိုက်ဘူး "

" စိတ်ပူတာလား...? "

"သေလိုက်... "

"ဟွန့်... သေရင် သရဲမအဖြစ်နဲ့ သျှားဘေးနားမှာပဲရှိနေမှာ
ပေါ့ မကြောက်ဘူးလား "

"သွန်းသံသာသန်းထွဋ် "

"အဟဲ စတာ စတာ အတည် "

"ဟာာာာ "

"ဟားး ဟားးး သိပ်မကြောက်ရှာဘူး "

"စား စား စားမှဖြင့်စား စကားကိုများတယ် သောကြာသမီးလို့
မပြောရဘူး "

"ဟော သူပဲအမျိုးမျိုး အစောကပဲ ဖြည်းဖြည်းစားတဲ့
အခုကျတော့ မြန်မြန်စားတဲ့ "

"မြန်မြန်တစ်လုံးမှ မပါဘူး စားလို့ပဲပြောတာ "

"အဟဲ.. "

"ဒါနဲ့ သွန်းသံသာသန်းထွဋ် နင်ကဘယ်ဆင်းမှာလဲ "

"တောင်ကြီးလေ ဒါနဲ့ ငါ့နာမည်ခေါ်ရတာမမောဘူးလား. သျှားရယ် အရင်လို သွန်းလို့ပဲခေါ်ပါလား "

"မခေါ်ချင်လို့ပေါ့ ရော့ ရေ "

"ဟုတ်... "

ဖြစ်နိုင်လျှင် ဒီခရီးလေးကို အဆုံးထိမရောက်
စေချင်ပေ... ဆုတောင်းလေးကမပြည့်နိုင်ရှာပဲ တောင်ကြီး
မြို့ထဲသို့ ဝင်လာသည်...

မနက် ၅ နာရီကျော်ကျော်ပဲ
ရှိသေးသည်... မြူတွေရစ်ပတ်ဆိုင်းနေတဲ့ တောင်ကြီးရဲ့
အအေးဒဏ်က ရန်ကုန်သူ ကိုယ့်အတွက်တော့
အစိမ်းသက်သက်ကြီး အေးလွန်းသည်......
ကားပေါ်ကဆင်းပြီး မကြာလိုက် ဖေဖေကားနဲ့လာကြိုသည်.
သွန်းကရော လာမကြိုသေးဘူးလား....ဖေဖေကလဲ ကားပေါ်တက်ဖို့ခေါ်နေသည်..." ခဏလေး ဖေဖေ "

"သွန်း နင့်အိမ်ကလာမကြိုဘူးလား "

"အေး ရောက်တော့မယ်တဲ့ ငါ့မောင်လေး လာနေပြီ နင်ကားလာပြီမဟုတ်လား သွားတော့လေ "

"နင် တစ်ယောက်တည်း ဖြစ်ရဲ့လား ငါ့ကားနဲ့လိုက်ပို့ပေး
ရမလား "

"ရပါတယ် ဟော ဟိုမှာ လာပြီ "

"ဪ အွန်း အဲ့လိုဆို ငါသွားပြီ"

"အွန်း ဘိုင့် သျှား "

ဆိုင်ကယ်ပေါ်ကိုအထုပ်အပိုးတွေတင်ပြီး ထွက်သွားလေပြီ..... သျှားလဲ ကားပေါ်တက်သည်.....
အိမ်ရောက်တော့ ဘွားဘွားကနိုးနေပြီဖြစ်သည်...

"ငါ့မြေးလေး အရပ်ကြီးရှည်လာပါလား တယ်လဲချောလာ
တာကို "

"ဟိ ဘွားတို့ကတော့ မြှောက်နေပြီ ကိုယ့်မြေးကို...
ဘွားရေ နောက်မှ ဘွားကိုအလွမ်းသယ်ပြီး ချွဲတော့မယ်
အခုအရမ်းအိပ်ချင်နေပြီ "

"အေး အေး မြေးလေးပင်ပန်းလာရောပေါ့ သွားနားလိုက်ဦး"

တောင်ကြီးရဲ့အအေးကစိမ့်နေအောင် အေးသည်
အခန်းထဲ heater ဖွင့်ပြီးတော့ အိပ်လိုက်သည်မှာ
နေ့လယ်ခင်းမှနိုးသည်.... ဒါတောင် မေမေ အခန်းထဲဝင်လာပြီး နှိုးသောကြောင့် ဖြစ်သည်....

" သျှား ထတော့လေ ၁၂ တောင်ရှိပြီ ထ ထ ထမင်းစားမယ်
အောက်မှာ ဘွားလဲစောင့်နေတယ် ထ "

"အင်းးးးး..... ထပြီ သျှားလဲ ဗိုက်ဆာနေပြီ မျက်နှာသစ်
ပြီးရင် ဆင်းခဲ့မယ် မေမေ"

မျက်နှာသစ် ဆွယ်တာပေါ်ကနေ ကုတ်ထပ်ဝတ်
ပြီး အောက်ကိုဆင်းလာခဲ့သည်.....

"အမြင့် နင့်သမီးလဲ ပြန်ရောက်နေတယ်ဆို "

"ဟုတ်တယ် ဒေါ်ဒေါ် ခေါ်ထားတယ် ခဏနေလာလိမ့်မယ်"

"အေး အေး ငါ့မြေးမလေးလဲရောက်နေတယ် အဖော်ရတာ
ပေါ့ သူစာကောလိုက်နိုင်လား "

"ဟုတ် စာမေးပွဲတော့ဖြေနိုင်တယ်ပြောတာပဲ "

" ဘွား..... စားတောင်စားနေပြီလား သျှားကိုတောင်မစောင့်
ဘူး.... "

"မဟုတ်ပါဘူး မြေးရဲ့ ဒါနဲ့ မြေးရော စာမေးပွဲဖြေနိုင်ရဲ့လား"

"ဘွားရဲ့မြေးပါ ဒီလောက်ကတော့ စပျော့ ဘွားသာ ကျန်းမာ
ရေး ဂရုစိုက် မြေးမှာ ချစ်စရာဒီဘွားတစ်ယောက်ပဲရှိတာ "

"ဟင်းး ဟင်းး ဟုတ်ပါပြီ "

"အမယ်လေး မေမေတို့ကတော့နော် သူ့မြေးနဲ့ကျတော့
တဟင်းး ဟင်းး နဲ့ ပြုံးလို့ရွှင်လို့ "

"ဟဲ ဟဲ မေမေ မနာလိုဖြစ်နေတာ ဘွားရ "

တဟားး ဟားး ဖြင့် အိမ်လေးလဲသာယာသွားသည်......

"ဟော သမီးလေးလာပြီ ဒေါ်ဒေါ် လာသမီး ဘွားကို
နှုတ်ဆက်လိုက်ဦး "

"ဟုတ် ဘွား နေကောင်းရဲ့လား ဘွားကို........ ဟင် သျှား"

သျှားလဲအသံကြားသည်နှင့် ခေါင်းမော့ကြည့်ကာ
အံ့ဩနေမိသည်..... သူလဲ ပါးစပ်အဟောင်းသားဖြင့်
ပြန်ကြည့်နေသည်....

"သမီးတို့က သိနေကြတာလား "

"ဟုတ် ဘွား သွန်းတို့ တစ်ကျောင်းထဲ မေဂျာတူပဲ အဆောင်လဲတူတယ် "

"ဪ တွေ့မှတွေ့တတ်ပါပေ့ "

ဟုတ်ပါ့ရဲ့ တွေ့မှတွေ့တတ်ပါပေ့..... သွန်း
ချစ်ခင်လေးစားရတဲ့ ဘွားရဲ့မြေးမတဲ့လား သျှားက
သူမရဲ့သျှားကလေ.... သွန်း အံ့ဩမိသည်.....
ဘွားက ဖေဖေဆုံးပြီးကတည်းက သွန်းတို့မိသားစုကို
ကြည့်ခဲ့သည် သွန်းရယ်မောင်လေးရယ်ကိုလဲ ကျောင်းဆက်
ထားပေးသည်... ခြံထဲမှာပဲ တိုက်ပုသေးလေးတစ်ခု
ဆောက်ပြီး အဲ့အိမ်ထဲမှာ သွန်းတို့နေရသည်.... ဖေဖေဆုံး
တော့ အိမ်လဲအကြွေးနဲ့ အသိမ်းခံရသည်.... နေစရာမရှိ
စားစရာမရှိ ဆင်းဆင်းရဲရဲ နေ နေရသည့်အချိန်တွင်...
ဘွားကမေတ္တာတွေပေးပြီး ကူညီစောင့်ရှောက်ခဲ့သည်...
မေမေကလဲ ဘွားဆီမှာပဲ ထမင်းချက် အဝတ်လျှော်ပေး
ဘွားကိုယ်ပြုစုပေးလေသည်.... သွန်းလဲ ဘွားကို
ကိုယ့်အဘွားအရင်းတစ်ယောက်လိုပဲ ချစ်သည် လေးစား
သည် ဘွားမှာ မြေးမရှိတယ်လို့ကြားဖူသည်... သို့သော်
သျှားဖြစ်နေလိမ့်မည်ဟု နည်းနည်းလေးမှ မထင်မိချေ....
ကံကြမ္မာကပဲ သွန်းကို သနားလွန်းလို့ ဖန်တီးပေးသည်လား
မပြောတတ်ပေ.....လောကကြီး ဤမျှ သဘောကောင်း
နေသည်တဲ့လားလေ.......

***********************************

😁😁 ဘယ်လိုတောင် အမယ်လေးကိုယ်လဲ အဲ့လို
ကံကောင်းချင်တာပေါ့ author လဲအားကျ အားကျ 😂😂😂

You are reading the story above: TeenFic.Net

#pyae