V-Day Special part

Background color
Font
Font size
Line height

" အို.... သျှား လွှတ်ကွာ ဘယ်လိုဖြစ်လို့ အတင်းလိုက်နမ်း
နေတာလဲလို့"

"ချစ်လို့ ချစ်လို့ပေါ့  Happy Valentine Day
လေ အချစ်ရဲ့ အချစ်အတွက် Surprise လုပ်ထားတယ်
သိလား "

"ဟင်... တကယ်လား ပြ ဘာတွေလုပ်ထားတာလဲ "

"အဟမ်း ဒီအတိုင်းရမလားလို့ ဒီကို အနမ်းပေးရင် ပြမယ်"

"ဟယ်.... လူလည်ကြီး"

         လက်ညိုးလေးထိုးပြထားရာ နှုတ်ခမ်းပိုင်ရှင်လေးနား
တဖြည်းဖြည်းကပ်လာခဲ့သည်.....

"ဒေါက်... ဒေါက်... သွန်းရေ သမီး ဒီအချိန်ထိအိပ်နေရလား
ထတော့လေ သွန်း"

"ဟင်..... ဟယ် အိပ်မက်လား အီးးးးးးး ရှက်စရာကြီး"

          ကိုယ့်အိပ်မက်ကို ပြန်တွေးရင်း မျက်နှာတွေ နီရဲ
လာသည်....

"သွန်း သမီး မထသေးဘူးလားလို့ "

"ထ ထပြီ မေမေ လာပြီ "

"အွန်း.... အရင်က အစောနိုးနေကြပါ  နေမကောင်းဘူးလား မျက်နှာတွေလဲနီလို့ "

             မေမေ နဖူးကိုလာစမ်းလေသည်....

"နေလဲ ကောင်းပါတယ် မျက်နှာတွေကနီရဲနေတာပဲ
ကဲ ကဲ မျက်နှာသစ် မေမေ ဈေးသွားမလို့ အဲ့ဒါ ဒေါ်ဒေါ်
နိုးရင် မနက်စာပြင်ပေးလိုက်နော် သမီး ဒေါ်ဒေါ်ညက
ညဉ့်နက်မှ အိပ်တယ်ထင်တယ် "

"ဟုတ်ကဲ့ မေမေ ဒါနဲ့ သျှား နိုးနေပြီလား မေမေ"

"သျှားလေးလား မနက်အစောကြီးထဲက ကားမောင်းပြီး
ထွက်သွားတာပဲ "

"ဟင်.... သမီးမပါပဲနဲ့လေ ဘယ်အချိန်ကထွက်သွားတာလဲ
မေမေ "

"၆ နာရီလောက်ထဲက မေမေ သွားပြီ "

"ဟုတ်... "

            သွန်း မျက်နှာစူပုတ်ပြီး ကျန်ခဲ့လေသည်.....
သျှား တစ်ယောက် မနက်အစောကတည်းက ထွက်သွား
သည်တဲ့ ကိုယ့်ကိုတောင်မခေါ်ပဲပေါ့ ဟွန့်.....
မျက်နှာသစ် သနပ်ခါးရေကျဲ လေးပွတ် အင်္ကျီအဝတ်အစားလဲ
ပြီး အိမ်ကြီးကိုထွက်ခဲ့လိုက်သည်....

         ဘွားအခန်းက အောက်ထပ်မှာပဲ ဖြစ်သည်...
အသက်ကြီးပြီမို့ အပေါ်ထပ်ကို ဘုရားရှီခိုးရန်သာ သွားတတ်
လေသည်... အခန်းတံခါး အသာလေးဖွင့်ပြီး ကြည့်လိုက်သည်.... ဘွား က နိုးနေပြီဖြစ်သည်...ခုတင်တွင်ထိုင်ကာ
ခေါင်းကို သေချာဖြီးပြီး ဘီးဆံပတ်ထုံးနေလေသည်..

"ဪ မြေး လာလေ "

"ဟုတ် ဘွားက နိုးတောင် နိုးနေပြီ "

"အွန်း မြေး အတော်ပဲ ဘွားကို သနပ်ခါးလေးသွေး ပေးထားစမ်းပါမျက်နှာသစ်လိုက်ဦးမယ် "

"ဟုတ်ကဲ့ ဘွား သေချာသွားနော် ချော်လဲမယ် "

"အေး အေး "

           သနပ်ခါးကို ပြစ်ပြစ်လေးသွေးမှ ဘွားကကြိုက်တတ်
လေသည်..... သနပ်ခါးသွေးနေရင်း စိတ်က သျှားဆီရောက်
သွားပြန်သည်.....တစ်ယောက်တည်း ထွက်သွားသောကြောင့် မကျေနပ်ပေ... ပြီးတော့ ဖုန်းလဲမဆက် message လေး တစ်စောင်တောင်
ရောက်မလာပေ...

"ဒါနဲ့.... မြေး သျှားလေးရော "

"ဘွား မြေးလား မသိပါဘူးဟွန့် မနက်အစောထဲက ကားနဲ့
အပြင်ထွက်သွားတယ်တဲ့ သွန်းကိုတောင်မခေါ်ပဲနဲ့ ထွက်သွားတယ် ဘွား မြေးက အကျင့်ပုတ် "

"အဟင်း... ဟင်း... ဟုတ်လား အေးလေကွယ် မြေးကို
ထားခဲ့စရာလားကွယ် "

"မသိဘူး ဘွား ဖုန်းလဲမဆက်ဘူး message တောင်မပို့
ဘူး ဘွားဆက်ချင်ဆက်ကြည့်ပေါ့ ဘယ်မှာ ဘာလုပ်နေလဲလို့"

"ဟော... ဘွားက ဆက်ချင်တယ်လို့ မပြောမိပါဘူး မြေး
ဆက်ချင်ဆက်ပေါ့ "

"ဟွင်း... ဘွားကလဲ မြေးလဲမဆက်ချင်ပါဘူး ဒီနေ့ဘာနေ့လဲ
သူမသိတာကြနေတာပဲ မြင်ကိုကပ်တယ် "

" ဒီနေ့က ဘာနေ့မို့လို့လဲ မြေးရဲ့ "

"အာာ ဘွားကလဲ Valentine Day လေ "

"ဘယ်လို Valentine Day "

"အယ်.... ဟို... ဟွာ ဪ ဘွား ဗိုက်ဆာနေရောပေါ့
မနက်စာပြင်ပြီးပြီ သွားစားကြမယ်လေ "

"ဟုတ်ပါပြီ စားပါမယ် ဘွားက ဘာပြောနေလို့လဲ မြေးရဲ့ "

         ဘွားကို တွဲခေါ်လာပြီး ထမင်းစားပွဲမှာ ထိုင်စေလိုက်
သည်.... ဘွားနဲ့အတူ မနက်စာစားရင်း ဖုန်းကိုလှမ်းကြည့်လိုက် ကားသံနားစွင့်လိုက်ဖြင့် မနက်စာ
ဘယ်လိုကုန်သွားလဲ မသိပေ..... ဘွားကလဲ တပြုံးပြုံးဖြင့်
သွန်း ကို ကြည့်နေလေသည်....

           မေမေတို့ဈေးကပြန်လာတော့ ဟင်းချက်ဖို့ ဝိုင်းကူ
လုပ်ပေးဖြစ်သည်.... အန်တီနဲ့အန်ကယ်က မန်းလေးကို
မနေ့ကတည်းက အလုပ်ကိစ္စဖြင့် ဆင်းသွားသည်.....
အိမ်မှာ ဘွားရယ် သွန်းတို့သားမိတွေရယ် နောက်ထပ်
ကောင်မလေးနှစ်ယောက်ရယ် သျှားရယ်သာ ရှိသည်...
သျှားဆိုမှ အိမ်မှာလူမရှိတာကို အိမ်မကပ်ပဲ ဘယ်တွေလျှောက်သွားနေသည် မသိပေ... အခုပဲ 10 နာရီ
ကျော်ပြီဖြစ်သည်.... ဟင်းတွေလဲကျက်နေပြီ..သွန်းတောင်
ရေချိုး ခေါင်းလျှော်မလို့ အိမ်ဘက်ကို ပြန်လာခဲပြီ...
မြန်မြန်လုပ်ရမည် ဘွားက ထမင်းအတူစားမယ် ပြောထားလေသည်.....

"ဘွား နေ့ခင်းစာစားတော့မလား "

"ဘွား မဆာသေးဘူး မြေးရဲ့  စကားလေးဘာလေး
ပြောကြတာပေါ့ ဒီမှာလာထိုင်ဦးမြေး "

"ဟုတ်ကဲ့ ဘွား "

" မြေးကိုကြည့်ရတာ ဒီနေ့ မပျော်သလိုပဲ စိတ်မရွှင်ဘူးလား"

"ဟုတ်တယ် ဘွား... ဘွားမြေးကြောင့်လေ အခုထိလဲ ပြန်မလာသေးဘူး နေ့ခင်းစာစားချိန်တောင်ရောက်နေပြီ "

"ဟုတ်တော့ဟုတ်ပါရဲ့ ဒါပေမယ့် မြေးက ဘွားထက်တောင်
စိတ်ပူနေသလိုပဲ "

"ဟို... သူ... သူငယ်ချင်း ဟုတ်တယ် သူငယ်ချင်း တွေကို
ဘွားရဲ့"

"သူငယ်ချင်း ဟုတ်လို့လား "

"ဟင်.... "

"ဘွားမြေးလေးက ကြင်နာတတ်ပါတယ် ပြီးတော့ သူက
အစွဲအလမ်းလဲကြီးတယ် အစွဲအလမ်းကြီးဆို သျှားလေး
ရှစ်တန်းနှစ်လောက်က ဘွားနဲ့ရန်ဖြစ်တယ်လေ ဘွားလဲ
စိတ်ဆိုးပြီး ဘွားအိမ်မလာနဲ့ဆိုပြီး ပြောမိတယ် မယ်တော်မ
လေးက အဲ့ဒါကို အတေးထားပြီး အခုမှပြန်လာတာသာကြည့်
တော့ ဒါတောင် ဘွား မနည်းပြန်ချော့ထားရတာ
ဒါပေမယ့် စိတ်ရင်းလေးကတော့ ကောင်းရှာပါတယ်
ပြီးတော့ မြေးကိုလဲ သိပ်ချစ်ရှာတယ်ထင်တယ် "

"ရှင်.... "

"အဟွန်း... အံ့ဩသွားလား ဘွားသိပြီးပြီ မြေးရဲ့ သျှားလေး
ဘွားကို ပြောပြတာ ဘယ်လိုဆုံခဲ့တာ ဘယ်လိုမတည့်ခဲ့
တာတွေ ဒါပေမယ့် ဘယ်လိုချစ်သွားတယ်ဆိုတဲ့အကြောင်း
သမီးကိုထိခိုက်မှာဆိုးလို့ သူ မချစ်ဟန်ဆောင်ခဲ့တဲ့အကြောင်း
အကုန်လုံးပဲ "

" ဘွားက ဘာမှမပြောဘူးပေါ့ အဲ့ဒီကိစ္စကို "

"ဘာပြောစရာရှိလဲ မြေးရယ် ဘွားက ပိုတောင်သဘောကျသေး မြေးမ ရှိတာမြေးချွေးမပါ တစ်ခါတည်း ရတယ် "

"အာာ ဘွားကလဲ "

"ဘွားမြေးလေးကို သေချာစောင့်ရှောက်ပါ ပျော်ပျော်ရွှင်ရွှင်လဲ
နေကြ...... သျှားလေးလဲ ကိစ္စတစ်ခုခုရှိလို့ သွားတာဖြစ်
ပါလိမ့်မယ် ဟုတ်ပြီလား ကဲ လာထမင်းသွားစားကြမယ်"

"ဟုတ်ကဲ့..... "

             ဘွားနဲ့ထမင်းစားပြီး ဘွားက တရားမှတ်လိုက်ဦး
မယ်ပြောကာ အခန်းထဲဝင်သွားသည်.... သွန်း တစ်ယောက်
သာ သျှားကို ဖုန်းဆက်ရင် ကောင်းမလား မဆက်ရင်ကောင်း
မလား စဉ်းစားရင်း ညနေ ၄ နာရီကျော်နေပြီဖြစ်သည်...
စိတ်မဆိုးချင်ပေမယ့် ကောက်နေမိသည်....

        ခြံထဲ ပန်းအိုးထဲက မြေကြီးတွေကိုဆွရင်း တစ်ယောက်တည်း ဒေါသထွက်နေလေသည်....

" ဒီနေ့ ဘာနေ့လဲဆိုတာတောင် မသိဘူးလား ဟမ် မိုးလင်း
တာနဲ့ သူ့ကိုရှာနေတတ်တာမသိဘူးလား.....ထမင်းအတူတူ
စားချင်တာမသိဘူးလား.....သူများအတွဲတွေများ ချောကလပ်
ပေးတာနဲ့ ပန်းစည်းတွေပေးတာနဲ့ အရုပ်တွေနဲ့
အတူတူလျှောက်လည်ကြတာနဲ့.... ဟွန့် သူများ တနေကုန်
တနေခမ်း အိမ်မှာလဲမရှိ မိုးလင်းထဲက လူကိုမေ့ပြီး လျှောက်
သွားနေလိုက်တာများ အခုထိတောင် ပြန်မလာသေးဘူး "

" ဟိတ် ဘာတွေတစ်ယောက်တည်း ရေရွတ်နေတာလဲ အရူးမလေး "

         ခြံထဲကားတစ်စင်းလုံး ဝင်လာတာတောင် မသိပဲ
မြေကြီးကိုဆွရင်း တစ်ယောက်တည်း ပွစိပွစိ ပြောနေသော
ကောင်မလေး နှုတ်ခမ်းကလဲ စူပုတ်ထားသေးသည်....

"ဟင်... ဘာလဲ အခုမှဘယ်ကပေါ်လာတာလဲ သူများကိုလဲ
အရူးမလေး ဘာလေးနဲ့ ခေါ်လို့လား "

"အဟက်.....ဘာလဲ စိတ်ကောက်နေတာလား အရူးမလေးက"

"ဘာလဲ ဘာလဲ မသိဘူး သွား "

"အွန်း... သွားမှာ သွားမှာပါ ဒါပေမယ့် ခင်ဗျားလေးပါမှ "

"အပိုတွေ ကျုပ်မပါပဲ တစ်မနက်လုံးလျှောက်သွားနေပြီးတော့"

"မယ်ကောက်လေးရာ မကောက်သေးပဲ ခဏလေးပဲ လိုက်ခဲ့
ဟုတ်ပြီလား "

"ဘယ်ကိုလဲ နေဦး လူကြီးတွေကို ပြောလိုက်ဦးမယ် "

"နေ နေ ဘွားသိတယ် လာ "

"ဟင်..... "

            သွန်းလက်ကိုဆွဲပြီး ကားပေါ်တက်ခိုင်းကာ.....
ခြံထဲကနေ မောင်းထွက်လာခဲ့သည်....

"ဘယ်လဲလို့ "

"ရောက်တော့ သိမှာပေါ့လို့ "

"ညနေစောင်းနေပြီကို အပြန်နောက်ကျနေမယ် အဝေးကြီး
မသွားနဲ့ "

"ဘယ်သူက ပြန်ပါမယ် ပြောလို့လဲ "

"ဟမ်... မပြန်လို့ ဘာလုပ်မို့လဲ "

"မသိဘူးလား ခင်ဗျားလေးကို ခိုးပြေးလာတာလေ "

"ဘာရယ် သျှား အဲ့လိုမလုပ်နဲ့ကွာ အန်တီတို့ အန်ကယ်တို့
ဘာပြောမလဲ ပြီးတော့ မေမေ.... မေမေ သဘောတူမှ
သျှားကို ယူမှာ "

"ဟားးး ဟားး ဟုတ်ပါပြီ အချစ်ရယ် စတာပါ ခိုးမပြေးပါဘူး ဒါပေမယ့် ဒီညတော့မပြန်ဘူး တကယ် "

"မေမေ့ကို မပြောလာရသေးဘူးလေ "

"ဘွား ပြောလိုက်လိမ့်မယ် အချစ်ရယ် "

"ဘယ်လို ဘယ်လိုခေါ်လိုက်တာ "

"အချစ်လေ... ဘာလို့လဲ မခေါ်ရဘူးလား "

"အဟွန်း... ခေါ်ပေါ့ ဘယ်သူကဘာပြောလို့လဲ အိပ်မက်ထဲမှာလဲ အဲ့လိုခေါ်တာပဲ "

"ဘယ်လို အိပ်မက် မက်တာလား သျှားကို တကယ် "

"ဟုတ်တယ်ဆို "

"အွန်း ဟုတ်ပါပြီ နောက်မှ အိပ်မက်ကြောင်းပြန်မေးမယ် ခုတော့ ရောက်ပြီဆင်းတော့ "

"ဟင်.... အေးသာယာဝိုင်ခြံ ဘာလာလုပ်တာလဲ စောစော
စီးစီးပြောပါတော့လား အင်္ကျီလေးဘာလေးတောင် မလဲလာရဘူး "

"ဒီအတိုင်းလဲ လှပါတယ် ဘယ်လိုနေနေ လှပြီးသား လာ "

           လက်ကိုဆွဲခေါ်သွားပြီး..... အေးသာယာဝိုင်ခြံ
လေးထဲ ဝင်လာခဲ့သည်.... " အို..... "
ခေါ်လာခဲ့သော နေရာအရောက်တွင် သွန်း ပါးစပ်အဟောင်း
သားဖြင့် မအံ့ဩပဲမနေနိုင်ပေ....ရေလယ်ခေါင်တွင်
ဆောက်ထားသော နားနေအခန်းလေးကို ပူဖောင်း
တွေဖြင့် အလှဆင်ထားပြီး တံတားလေးတစ်လျှောက်
နှင်းဆီပန်းလေးတွေဖြန့်ကျဲထားကာ... နှင်းဆီနီ ပန်းစည်း
အရပ်တစ်ရပ်စာလောက်အရုပ်... ချောကလက်ကိတ်
တွေက သွန်းကို အားကျသဖွယ် ကြိုဆိုနေကြသည်....

"ဒါ... ဒါတွေက "

"အချစ်အတွက် ပြင်ဆင်ထားတာပေါ့  ပန်းစည်းကလဲ
ကိုယ်တိုင် ပန်းခင်းထဲမှာ သွားရွေးဖြတ်ပြီး ဒီကညီမလေး
တွေအကူအညီနဲ့ ထုပ်ထားတာ ချောကလက်ကိတ်ကလဲ
ကိုယ်တိုင်လုပ်ထားတာ အရုပ်ကတော့ မလုပ်တတ်ဘူးရယ်"

"သျှားရယ်..... ကိုယ်တိုင် နှင်းဆီအပွင့် တစ်ရာ လောက်ကို
ဘယ်လိုများ ထုပ်ပိုးထားတာလဲ ပြပါဦး လက်တွေ စူးကုန်
သေးလား "

"အွန်း နည်းနည်းပါ မနာပါဘူး အချစ်အတွက်ပဲဟာ "

"ချစ်လိုက်တာ သျှားရယ် သွန်းက သျှား ပြစ်ထားတယ်ထင်ပြီး
ကောက်နေမိသေးတာ တောင်းပန်ပါတယ် "

"တောင်းပန်စရာလိုလား အချစ်ရယ် ကိတ်မြည်းကြည့်ပါဦး
အရသာ ဘယ်လိုနေလဲလို့ "

            Happy Valentine Day .......
သွန်းသံသာသန်းထွဋ် အချစ်လေး ဟု ကိတ်ပေါ်တွင် ရေးထား
လေသည်.....

"သျှားကလဲ သွန်းသံသာသန်းထွဋ်တဲ့ အရှည်ကြီး ပြီးတော့
မလှမပကြီးကို "

"ဟင့်အင်း....... အချစ်ရဲ့ နာမည်ကိုအပြည့်အစုံခေါ်ရတာ
သဘောကျတယ် အဲ့ဒါကြောင့် ခဏ ခဏ အပြည့်အစုံခေါ်
တယ် အရင်ကတည်းက "

"ချစ်တယ် အရမ်းချစ်တယ် အသဲရယ် အဟွင်း...အိပ်မက်ထဲမှာ မပြီးလို့ အခု အိပ်မက်ကိုဖြည့်ဆည်း
ပေးလိုက်မယ် "

          ပြောပြီး သွန်း သျှား နှုတ်ခမ်းလေးကို ကြင်ကြင်နာနာ
နမ်းလိုက်သည်....မွတ်သိပ် တမ်းတနေသော အနမ်းတွေနဲ့
အောက်နှုတ်ခမ်းလေးကို ဖွဖွလေး မနာအောင် ကိုက်လိုက်
သည်....

"အ.... အရူးမလေး ကိုက်တယ် "

"အဟွန်း.... ချစ်လို့ "

***********************************
Author လဲ နှင်းဆီပန်းအပွင့်တစ်ရာလောက်နဲ့
အရုပ်တွေ ချောကလက် တွေ ရချင်တာပေါ့ နော့်လေ
😁😁😁😁😁😁

             

You are reading the story above: TeenFic.Net

#pyae