Ending

Background color
Font
Font size
Line height

"သျှားရေ ဖယ်ကွာ ဒီမှာ ဟင်းချက်နေတယ်လေ "

"ချက်လေ ဘာလုပ်လို့လဲ ခါးကိုဖက် ပခုံးပေါ် မေးလေတင်ထားရုံကို "

" အပူလောင်ကုန်မှာဆိုးလို့လေ ပြီးတော့ ရှင် အဲ့လိုကြီး
ဖက်ထားတော့ လုပ်ရတာမလွယ်ဘူးလေ "

"ဪ ဒီကလဲလွယ်တာမှတ်လို့ ခင်ဗျားလေးက ပု နေတော့
ကျုပ်မှာ ခါးကြီးကုန်းထားရတာ လွယ်တယ်ထင်လို့လား"

"အွန်းလေ အဲ့ဒါကြောင့် ဖယ် "

"ဖယ်ဘူးဆို အဲ့တိုင်းပဲချက်"

ပြောမရ ဆိုမရသော တောက်တဲ့မလေးကြောင့်
ဟင်းချက်ရတာ ပိုကြာနေသည်... ဘေစင်ကိုသွားလဲ
အနောက်ကနေ ကပ်ပါလာသည် ဘာလေးပဲယူယူ လုပ်လုပ်
လူတစ်ယောက်ကို ကျောပိုးထားပြီး လုပ်နေရသလို
အလုပ်ကမတွင်ကျယ်တော့ပေ.....သူမရဲ့ အသက်ရှုသံ
ငွေ့ငွေ့လေး လည်တိုင်ကို လာထိတွေ့တိုင်း နှလုံးခုန်သံ
ကလဲ မူမမှန်ပေ....

"ဟိ... "

အိမ်ကကောင်မလေးနှစ်ယောက် ကျိတ်ရယ်နေကြ
သည့်အသံဖြစ်သည်.... ရယ်လဲရယ်ချင်စရာပင်.. သူ
လုပ်နေပုံက ကြင်စဇနီးမောင်နှံနှစ်ဦး မခွဲနိုင်မခွာနိုင်
ပွတ်သီးပွတ်သတ် လုပ်နေသလိုပင်....
ဒီနေ့ ညနေ အန်တီနဲ့အန်ကယ်ပြန်ရောက်လိမ့်မည်...
မေမေ နေမကောင်းသောကြောင့် သွန်း မီးဖိုချောင်ဝင်
ချက်ပြုတ် နေခြင်းဖြစ်သည်... ကြက်သွန်နွှာ အသီးအရွက်
နွှင် လောက်သာ ကောင်မလေးတွေကလုပ်တတ်လေသည်..

"ဟဲ့ မြေး သျှားလေး ဟိုမှာ ဟင်းချက်နေတယ်လေ
ပိုပင်ပန်းမှာပေါ့ အဲ့လိုကြီးလုပ်နေတော့ "

"ဘွားကလဲ သျှားလဲ ခါးညောင်းတာပဲလေ ပင်ပန်းတယ်"

"အဲ့ဒါဆို အဲ့လိုကြီး ဘာလိုနေ နေလဲ "

" ချစ်တာမိုလို့လေ... 😍 "

"တယ် ဒီကလေးတော့ ကြိုက်သလိုသာနေတော့
ပြောမိတဲ့ ငါ့အမှား "

"အဟဲ.... ဟုတ်တာပဲကို "

ဘွားက ပြောပြီး တပြုံးပြုံးဖြင့် မီးဖိုးချောင်ထဲက ပြန်
ထွက်သွားသည်....

************************************

ညနေဘက် မေမေတို့ ပြန်ရောက်ပြီး မကြာတွင်
သွန်းနဲ့အတူ စက်ဘီးစီးပြီး မုန့်ထွက်စားဖို့အပြင်တွင်...
မေမေခေါ်သံကြောင့် သျှား လှည့်ကြည့်လိုက်သည်...

" ဘယ်လဲ သမီး ညနေစောင်းနေပြီလေ "

" ဒီနားတင်ပါ မုန့်သွားစားဖို့ "

"အရမ်းနောက်မကျစေနဲ့နော် "

"ဟုတ်ကဲ့ "

မေမေ့ကိုနှုတ်ဆက်ပြီး စက်ဘီး နင်းကာ ထွက်ခဲ့သည်...... ချစ်ရတဲ့သူက ခါးကိုဖက် ကျောကိုမျက်နှာအပ်လို့ လိုက်ပါလာသည်.. ဖြစ်နိုင်လျှင် ဒီစက်ဘီးလေးဖြင့်သာ ကမ္ဘာပတ်သွားလိုက်ချင်သည်..

************************************
          ဒေါ်ထားထားစံတစ်ယောက် ကလေးတွေထွက်သွားတာကို
မျက်စိတဆုံး လိုက်ကြည့်ပြီး မီးဖိုခန်းထဲဘက် ဝင်လာခဲ့သည်.....

"အဟိ ဖြူမ ငါလေ မမသျှားနဲ့ မမသွန်းတို့နှစ်ယောက်ကို
သိပ်အားကျတာပဲ အရမ်းချစ်တာနော် တစ်ယောက်နဲ့ တစ်ယောက် "

"နင်က ဘာကိုအားကျတာလဲ သူငယ်ချင်း အချင်းချင်းပဲဟာ
ငါနဲ့နင်လဲ သူငယ်ချင်းပဲလေ "

"ဪ... တုံးလိုက်ပါဘိ ဖြူမရယ် သူငယ်ချင်းမဟုတ်ဘူးဟ  ချစ်သူတွေ "

"ဗုဒေါ္ဓ လျှောက်မပြောနဲ့ လုံးလုံးရ မဟုတ်ကဟုတ်က
မိန်းခလေးအချင်းချင်းကို "

"အယ် တကယ်ပါဆို နေ့ခင်းတုန်းက အိမ်ဘေး
ပန်းရုံအောက်က ထိုင်ခုံမှာ နှုတ်ခမ်းချင်းနမ်းနေတာလေ
ဘယ်သူငယ်ချင်း အချင်းချင်း နှုတ်ခမ်းနမ်းတာ
မြင်ဖူးလဲပြော "

"ဟုတ်လို့လားဟ"

"တကယ်ပါဆို မနက်ကတောင် မမသွန်းဟင်းချက်
နေတုန်းက အနောက်ကနေသိုင်းဖက်ထားတာလေ နင်လဲ
မြင်တာပဲ "

"အေး ဟုတ်တယ်လေ အဘွားအရှေ့မှာတောင်
ချစ်တာမိုလို့လေလို့ပြောတယ်လေ မမသျှားက "

"အွန်း အဘွားကလဲ သိတယ်ထင်တယ် ဟိ ဟိ
အားကျစရာကြီးပါဆို "

                ကောင်မလေးနှစ်ယောက်ပြောနေသော
စကားတွေကို ကြားနေရသော ဒေါ်ထားထားစံအသားတွေ
တဆတ်ဆတ်တုန်လာသည်.... အခန်းထဲက ယောက်ျားဖြစ်သူ ဦးမိုးထက်ဆီ အပြေးသွားမိသည်.....

"ကိုထက် ရှင့်သမီးကို ဘယ်လိုလုပ်ကြမလဲ "

"ဘာဖြစ်လာတာလဲ ထားရာ "

"ရှင့်သမီးလေ ဟို သွန်းသံသာသန်းထွဋ် ဆိုတဲ့ကောင်မလေးနဲ့ မိန်းခလေးချင်း ကြိုက်နေကြတယ်တဲ့"

"ပေါက်ကရတွေ ထားရာ မင်းဘယ်က ကြားလာတာတုန်း"

"ဖြူမနဲ့လုံးလုံး ပြောနေတာကြားခဲ့တာ ရှင့်အမေကလဲ
အလိုတူအလိုပါတဲ့ အခုလဲ သူတို့နှစ်ယောက် စက်ဘီးတစ်စီး
နဲ့အပြင်ထွက်သွားတယ် တွေ့မယ် တွေ့မယ် ဒါသက်သက်
အပိုင်ကြံတာ အံ့ဩပါ့ဟယ် ငါ့သမီးဆီကချူစားဖို့ကြံရဲတာ
ဒီပြသာနာရှင်းမယ် လာ ရှင်လဲလိုက်ခဲ့"

"နေစမ်းပါဦး ထားရ မင်းပြောတာတကယ်ဟုတ် မဟုတ်
စုံစမ်းကြည့်မယ် တကယ်ဆိုလဲ ဒီလိုပြသာနာက ဝုန်းဒိုင်း
ဖြေရှင်းလို့မရဘူး ငါကြည့်ရှင်းမယ် မင်းအသာနေ "

"ကျွန်မ အိပ်လို့တောင်မပျော်နိုင်လောက်ဘူး ကျွန်မသမီးလေး "

"စိတ်ကို အေးအေးထားစမ်းပါကွာ လာ သူတို့ပြန်အလာကို
ဝါရံတာ ကနေ စောင့်ကြည့်တာပေါ့ "

              တံခါးဖွင့်ဖွင့်ချင်းပဲ စက်ဘီးတွန်းကာ
တစ်ယောက်လက်တစ်ယောက်ကိုင်ပြီး ခြံထဲဝင်လာသည်ကို
တွေ့လိုက်လေသည်.....

"ဟင် ရှင့်ကြည့် အဲ့မှာ ရှင်ကြည့် ရှင့်သမီး လူမြင်မကောင်း
သူမြင်မကောင်း အိမ်ရှေ့ကြီးမှာ နမ်းနေကြတာ ငါလေ
တွေ့မယ် တွေ့မယ် "

"ထား  နေစမ်းပါဦး အဲ့လိုလုပ်လို့မရဘူးဆိုနေ ငါ ကြည့်လုပ်မယ်ပြောထားတယ်လေ မင်းအသာနေ"

"လာ ဧည့်ခန်းကိုသွားမယ် မင်း သမီးကိုခေါ်လိုက် "

************************************
" ဖေဖေ ခေါ်တယ်ဆို "

"ဟုတ်တယ် ဒီမှာလာထိုင် "

"ဟုတ်ကဲ့ "

"သဘက်ခါ နင့်အန်တီလေးရှိတဲ့ အင်္ဂလန်မှာ ကျောင်းသွား
တက်ရမယ် ပြင်ဆင်စရာရှိတာအကုန်ပြင်ဆင်ထား
သွားဖို့လာဖို့ ငါ အကုန်လုပ်ပေးမယ် "

"ဟင်... မသွားဘူး ဖေဖေ ဒီမှာပဲကျောင်းဆက်တက်ချင်တယ် "

"မသွားလို့မရဘူး သွားကို သွားရမယ်.. အေး မသွားချင်ဘူး
ဆိုရင်  ကိုမင်းနိုင်ရဲ့သား မောင်မင်းမင်းနိုင်နဲ့ ပေးစားဖို့စီစဉ်
လိုက်မယ် "

"ဟာာာာ ဖေဖေ လုံးဝပဲနော် လုံးဝမယူနိုင်ဘူး ဖေဖေတို့
လုပ်ချင်တဲ့အတိုင်းလုပ်ရအောင် သျှားကစက်ရုပ်လေး
တစ်ရုပ်မဟုတ်ဘူးဖေဖေ လူ လူပါ အသွေးနဲ့အသားနဲ့
နှလုံးသားရှိတဲ့ လူတစ်ယောက်ပါ "

"ဘာလဲ နင်က ဟိုကောင်မကို ယူမလို့လား ဟမ်
မိသျှား မျိုးရိုးဂုဏ်သိက္ခာကိုမှမထောက် တောက် ခွေးထက်
မိုက်တဲ့ ခွေးသမီး"

"ကိုမိုးထက် အဲ့ဒါ ရှင့်သမီးနော် ရှင်နဲ့ရတဲ့ ရှင့်သမီး"

"ဟုတ်တယ် ဖေဖေ သျှား သွန်းကိုပဲ ယူမှာ သွန်းနဲ့ပဲ
လက်ထက်မှာ "

"ပြောလေကဲလေ နင်.... "

"ဟဲ့...... ဟဲ့ မိုးထက် ငါ့မြေးလေးကို ထိရဲရင် ထိကြည့်စမ်း
အသံတွေကြားလို့ ပုတီးစိပ်နေရင်း ငါ ထွက်လာတာ...
လက်ပါစရာ မလိုဘူး မိုးထက်....ငါတောင် မင်းကိုဘယ်တုန်းက လက်ပါခဲ့ဘူးလို့လဲဟမ် ကလေးကိုနားဝင်အောင်ပြောပြလေ
အခု ဘာတွေဖြစ်နေကြတာလဲ "

"အမေ့မြေးက မ်ိန်းခလေးချင်း ကြိုက်နေတာလေ
ဟိုကောင်မလေး ချူစားတာကိုခံနေတာလေ အေးပေါ့
အမေကလဲ သူများအိမ်ကပ်နေတာကို "

"ဖေဖေ!  ! သွန်းတို့ကို အဲ့လိုမပြောနဲ့ "

           သွန်းနဲ့မေမေနဲ့ ဧည့်ခန်းထဲက အသံတွေကြားလို့
အပြေးထွက်ကြည့်မိကြသည်..... သျှား သျှား ကို အန်ကယ် ရိုက်ဖို့လက်ရွယ်လိုက်သည်... တော်သေး
အဘွားထွက်လာတာမြန်လို့သာ နို့မဟုတ်ရင် သွန်း သျှားဆီ
အပြေးသွားမို့ပါ မေမေ လှမ်းဆွဲထားလို့ပင်............
သွန်းကိုပြောတော့ တစ်ခွန်းမကျန် ပြန်ပြောနေသော သျှား
ကို ပိုပြီးအချစ်ပိုရပေမယ့် သွန်းကြောင့် ငရဲရမှာကိုမလိုလားပေ.... မေမေက လဲ မျက်လုံးတွေနီရဲ
နေသည်.... သွန်း ကို မေးခွန်းတွေထုတ်နေသည့် အကြည့်ဖြင့် ကြည့်နေလေသည်.....

" မိုးထက် မင်း ငါ့သားဖြစ်ရက်နဲ့ ဒီလိုစကားတွေ ပြောထွက်တာ အံ့ဩတယ် ဘာလဲ မင်းက သူတို့နှစ်ယောက်
ကို သဘောမတူဘူးလား ဟုတ်ပြီ မင်း သမီး ငါ့မြေးကို
အမွေပြတ်စွန့်လွှတ်လိုက်လေ ငါ အမွေစားအမွေခံနဲ့ မွေးစားလိုက်မယ် ပြီးတော့ ငါလဲ မင်းကို အမွေပြတ်
စွန့်လွှတ်မယ် ရှင်းလား "

"မေမေ!  "

"မမြင့်ရော မြေး သွန်းရော လာ ဒီကို ....မမြင့် "

"ဟုတ် ဒေါ်ဒေါ် "

"နင်ရော သူတို့နှစ်ယောက်ကို သဘောတူလား သဘောမတူ
ဘူးဆို နင်ပါ သွန်းကိုတစ်ခါထဲ အမွေပြတ်စွန့်လွှတ် "

"သဘော သဘောတူပါတယ် ဒေါ်ဒေါ်"

"ပြီးရော မင်းတို့နှစ်ယောက်ကတော့ သဘောမတူဘူးဆို
ငါ့အိမ်ကနေ အခုဆင်းသွား အမွေလဲတစ်ပြားတစ်ချက်မှ
မရဘူးနော် ရှင်းရှင်းပဲ "

"မေမေ မေမေ့ ဂုဏ်သိက္ခာတွေ ပတ်ဝန်းကျင်က မေမေမြေးမ
က မိန်းခေးချင်းယူထားပါတယ်ဆိုတဲ့ ကဲ့ရဲ့သံတွေ....
မေမေခံနိုင်မှာလား လူတိုင်းက မေးငေါ့လက်ညိုးထိုးကြမှာ"

"ဒီမှာ မိုးထက် အဲ့လိုသာ လက်ညိုးထိုးတာကို ကြောက်
စတမ်းဆို မင်းကိုတောင် ငါမမွေးခဲ့ဘူးသိရဲ့လား
မင်း လူဖြစ်လာရတာ သူများကဲ့ရဲ့တာကို မကြောက်ခဲ့
လို့ဆိုတာမမေ့နဲ့ ထားတော့ ငါ့မြေးမနှစ်ယောက်ကို
မင်းတို့သဘောတူတူ မတူတူ ငါလက်ထက်ပေးဖို့ အဆင်သင့်ပဲ ဘယ်သူမှ တားလို့မရဘူး ထားထားစံရော
ကြားလား "

"ဟုတ် ဟုတ်ကဲ့ မေမေ "

"ငါ ဘယ်တော့ သေမလဲမသိတဲ့အတွက် ငါမျက်စိမမှိတ်ခင်
ငါ့မြေးနှစ်ယောက်ကို လက်ထက်ပေးမယ် ရှေ့အပတ်ထဲ
ပွဲလုပ်နိုင်အောင် အားလုံးစီစဉ်လိုက် ကြားကြလား"

"ဟုတ် ဟုတ်ကဲ့ "

          ဘယ်သူမှ မတော်လှန်ရဲတဲ့ တစ်ချက်လွှတ် အမိန့်ဖြင့် မင်္ဂလာပွဲလေးတစ်ပွြဲဖစ်မြောက်ဖို့ ချက်ချင်းစီစဉ်ရတော့လေသည်.....

           မင်္ဂလာဆာင်က အထူးစည်ကားနေတော့သည်.....
ထိုင်မသိမ်းကိုယ်စီဖြင့် သတို့သမီးနှစ်ယောက်လုံးရဲ့အလှက
မြင်ရသူအားကျ ရှု့မညီးနိုင်ဖွယ် ပြောမဆုံးမောမဆုံး တပြုံးပြုံးဖြစ်နေကြတော့သည်....

"သျှား သွန်းစိတ်တွေ လှုပ်ရှားနေတယ် "

"ဘာမှမဖြစ်ပါဘူး ကိုယ့်သတို့သမီးလေး ဒီနေ့အရမ်းလှနေတယ် "

"သျှားလဲ အရမ်းလှနေတယ် အရမ်းချစ်တယ် "

"အဟွင်း..... ဟွင်း. ညကျရင် ချစ်ရပါစေမယ်"

"ဟယ် သျှားနော် ပေါက်ကရတွေ"

"ဟော... ခင်ဗျားလေးက မချစ်ဘူးပေါ့လေ "

"ရှင်နော် ပြောမိလို့လား ဘာဖြစ်နေမှန်းကိုမသိဘူး ဟွန့်
နှာဘူးကြီး "

"ဟုတ်ပါပြီ ညမှတွေ့မယ် ခင်ဗျားလေး"

"အဟွန်း ရမလား ပြိုင်မယ် ညကျရင် "

"ဘယ်လို ဘာကိုပြိုင်မှာလဲ "

"ဘာကိုပြိုင်ပြိုင်ပေါ့ မသိဘူး မသိဘူးကွာ ပြိုင်မယ် "

**********************************
  ပြီးပါပြီ 😁😁😁 ဇာတ်သိမ်းပြီလို့
အကြာကြီး စောင့်လိုက်ရတဲ့မဟုတ်လား
Author နေမကောင်းတာနဲ့ ခရီးသွားတာနဲ့ ဆက်သွားလို့
ကြာသွားတာပါ Sorry pr 😊

You are reading the story above: TeenFic.Net

#pyae