အပိုင်း ( ၃၂ )

Background color
Font
Font size
Line height

     ကလစ်

    ရေတစိမ့်စိမ့်ကျနေသော ရေပန်းဆီက ရေတွေက အကုန်စင်သည့်တိုင် ပိတ်သွားသည်။ ရေပူကြောင့် ကျန်ရစ်ခဲ့သော ရေပြင်က ရေငွေ့များန်ှင့် အပူရှိန်ကို ခံစားမိနေသေးသည်။ တင်ထားသော တဘတ်ဖြူအား လှမ်းယူကာ ပတ်လိုက်ပြီးနောက် အပြင်ထွက်လာခဲ့သည်။ ကုတင်ပေါ်တွင် ထိုင်နေသော ‌ကောင်မလေးက သူ့ကို လှမ်းပြုံးပြသည်။

" မြတ် ကျောင်းမသွားခင် ငါတို့ မနက်စာစားကြဦးမလား?"

" ဘဲလ်(Belle) ငါ နောက်မှ လိုက်လာခဲ့မယ်။ အရင်သွားနှင့် "

" ကောင်းပြီလေ၊ ဘိုင့် "

  မြတ်သည် ဘဲလ် ထွက်သွားပြီးနောက် မြတ်သည် ပြတင်းပေါက်၏ လိုက်ကာကို အနည်းငယ် ဆွဲဖယ်လိုက်သည်။ အပြင်တွင် နှင်းများအဆက်အပြတ်ကျနေသည်။

နံနက် ခြောက်နာရီ၊ မန်ဟက်တန် ၊နယူးယောက် ။

    မြတ်သည် တီးတိုးရေရွတ်လိုက်သည်။ နှင်းများကျနေသော လမ်းမတွင် လူအနည်းငယ်သည် ရွေ့လျားလှုပ်ရှားသွားလာနေသည်။ ကမ္ဘာကြီး၏ အနောက်ဖက်မှာ သူနေထိုင်ခဲ့တာ လေးနှစ်ပြည့်ခဲ့ပြီ။

ကလင် လလင်

   ရှေးဟောင်း စတိုင် တယ်လီဖုန်းကနေ ဖုန်းသံကြားလိုက်ရသည်။ မြတ်သည် စုပ်တစ်ချက်သပ်လိုက်ပြီးနောက် ဖုန်းကိုင်လိုက်သည်။

"ဟဲလို မြတ် ပြောနေပါတယ်"

" စာသင်နှစ်အဆုံး စစ်ဆေးခြင်း ပြီးရင် ဂရေ့ဆီ သွားတွေ့ဖို့တောင်းဆိုချင်တယ်။ ပြီးရင် မြန်မာကို ပြန်ဖို့ စိတ်ဆန္ဒရှိရင် သွားနိုင်တယ် "

" သိပါပြီ " ပြီးနောက် တီ! ဟူသော အသံဖြင့် ‌ဖုန်း‌ခေါ်မှုအား အဆုံးသတ်လိုက်သည်။

   မြတ်သည် နှင်းကျနေသော မြင်ကွင်းကို မမြင်နိုင်စွာ လိုက်ကာကို ဆွဲပိတ်ပစ်လိုက်သည်။

အချိန်က အရာအားလုံးကို ကုစားနိုင်သည်။

‌"သောက်ကျိုးနည်း စကားကြီး!"

    မွေးရပ်မြေကနေ စွန့်ခွာခဲ့တာ လေးနှစ်တိတိကြာခဲ့ပြီ။နှလုံးသားထက် ဦးဏှောက်ကို ပိုချစ်တဲ့ အမျိုးသမီးတစ်ယောက်က သူထွက်ခွာလာပြီး ခြောက်လအကြာမှာ လက်ထပ်ခဲ့သည် ဆိုတာကြောင့် ဒီလူရင်ထဲမှာ အရူးတစ်ယောက်လို အစိမ်းသက်သက်ပတ်ဝန်းကျင်မှာ ရှင်သန်ခဲ့ရသ ည်။ အချိန်တွေသာ ကြာသွားသည်။ အချစ်သစ်လည်း မတွေ့ခဲ့သလို သူမကိုလည်း မမေ့ခဲ့ပါ။

နှင်းစက်တွေ ကျရာနေရာမှာ ရှင်သန်ရင်း နွေကန္တာဦးကို ရူး၍ မျှော်လင့်နေဆဲပါပဲ။

   နောက်ဆုံးနှစ်၏ စစ်ဆေးအကဲဖြတ်စာမေးပွဲကို ဖြေရန်အတွက် ကျောင်းဝတ်စုံလဲကာ အပြင်ထွက်လိုက်သည်။ မြေအောက်ရထားပေါ်တက်ကာ ထိုင်ခုံအလွတ်ရှာပြီး ထိုင်လိုက်သည်။ တခြားသော လူပေါ်ကြော့ သူဌေးကလေးတွေလို အကန့်အသတ်နဲ့ ထုတ်ထားတဲ့ ကားကို စီးဖို့အတွက် ပျင်းရိလွန်းသည်။ နာမည်ကြီး အဝတ်အစားတွေကတော့ ချွင်းချက်ပေါ့။ သူတို့တွေက သက်တောင့်သက်သာရှိပြီး ကောင်းမွန်တယ်လေ။

  မြတ်သည် မြေအောက်ရထားကနေဆင်းတော့ လမ်းပေါ်မှာတွေ့တဲ့ လူဖြူကောင်မလေး နှစ်ယောက်ကို ပရောပရည်လုပ်ခဲ့ပြီးနောက် သူသည် ကျောင်းသို့ ရောက်လာခဲ့သည်။ ကိုလံဘီယာတက္ကသိုလ်သည် အမှန်တကယ်ကို ကမ္တာ့အဆင့်မှီပုံစံရှိသည်။ မြက်ခင်းကျယ်နှင့် ကျောင်းမုခ်ဝကို တိုင်လုံးကြီးများနှင့် ဆောက်ထားသည်။ ကျောင်းလခကတော့ ဈေးကြီးပေမဲ့ မေ့ထားလိုက်ပါ။ တက်နေတာ ဘယ်သူမို့လို့လဲ။

  မြတ်လေ.Mega လုပ်ငန်းစု တစ်ဝက်လောက်က သူ့လက်ထဲ‌ ရောက်နေပြီပဲကို။ ကျန်တဲ့ တစ်ဝက်ကတော့ ...။

" အာာ ဒီခွေးသတ္တဝါကတော့လေ၊ ပါးစပ်ရဲ့ အသုံးပြုပုံကို အစကနေ ပြန်သင်ပေးရမလား? "

" ကျစ် ဟေး နင် ရန်ဖြစ်နေပြန်ပြီလား?"

မြတ်က ဒေသိယဘာသာစကားကို သုံးကာ အော်မေးလိုက်သည်။

   အဖြူကောင်လေးကို ဆံပင်ဆောင့်ဆွဲထားသော သူက ပြန်လှည့်ကြည့်လာသည်။ wolf cut ဆံပင်စတိုင်ကိုမှ အပြာရောင် highlight ဖောက်ထားကာ တစ်ဝက်ကို စည်းထားတာကြောင့် ဝဲကျနေသော ဆံပင်တို့က ‌လှည့်လိုက်စဉ်တွင် ခါယမ်းသွားသည်။

Mega လုပ်ငန်းစု တစ်ဝက်ရဲ့ ဆက်ခံသူ ဖြစ်လာတဲ့ ရှင်းလက်ျာ။

( Wolf cut hairstyles )

(ကျဲကျဲထာ့ရဲ့ ပုံလေးတွေကို Board လေးတစ်ခုနဲ့ စုထားတာ ရှိပါတယ်။ link ကနေ ဝင်ကြည့်လို့ရပါတယ်။
https://pin.it/1WKsHJa
Photo collected by ကျဲကျဲထာ့ကြောင့် ဂေးနေသော ကောင်မလေး 🌝)

" သွားစမ်းပါ ၊ နားငြီးတယ် "

" ရှင်းလက်ျာ ဒါမျိူး မလုပ်ကောင်းဘူးလေ၊ ရန်ပွဲဆိုတာ ဖိတ်ခေါ်သင့်တာကို "

   မြတ်နှင့် ရှင်းလက်ျာက သူတို့အား ရန်လာစသော အဖြူကောင် သုံးလေးကောင်ကို ဆော်ပလော်တီးပစ်လိုက်ပြီးနောက် နှင်းများအဆက်မပြတ်‌ကျနေသော လမ်းတစ်လျှောက်ပြေးလာခဲ့သည်။ ကျောင်းအပြင်ထက် အဆောက်အအုံပေါ်သို့ တက်ကာ ထိုင်ချလိုက်သည်။ အေးခဲလုမတတ် အပူချိန်ကျဆင်းနေချိန်တွင် သူတို့ကား ချွေးထွက်နေလေသည်။

"ဆေးလိပ်သောက်ဦးမလား?"

ရှင်းလက်ျာက သူသောက်နေကြဘူးကို ထုတ်ရင်း မေးလိုက်သည်။

"ကောင်းသားပဲ"

"စေတနာ မရှိပါဘူးဆို အလိုက်အထိုက်မသိပြန်ဘူး "

မီးညှိပေးလိုက်ရင်း ရှင်းလက်ျာက ဘောက်ဆတ်ဆတ်ဖြေသည်။

    သူနဲ့ ရှင်းလက်ျာက ဘယ်ထဲက ရင်းနှီးသွားတာလဲဆိုတော့ အခုလို နှင်းကျနေတဲ့ အချိန်ကပေါ့။။

    မန်ဟက်တန်ကို ရောက်စအချိန်က သူနဲ့ ရှင်းလက်ျာက တစ်ယောက်နဲ့ တစ်ယောက်မုန်းတီးနေခဲ့ကြသည်။သို့သော်လည်း အမြှောက်စာကောင် မှူးသာကျော်က သူတို့ကို ခဏခဏ လာရှုပ်နေတာကြောင့် အတူအလုပ်ပြန်လုပ်ရင်း ခင်မင်ကြပြန်သည်။သို့သော်လည်း တစ်ယောက်နဲ့ တစ်ယောက် သိပ်တော့ စိတ်မကြည်သေးပေ။

   ချစ်ရတဲ့ တစ်ယောက်သောသူက လက်ထပ်သွားလို့ စိတ်ပျက်လက်ပျက်နဲ့ ခေါင်မိုးပေါ် လာထိုင်နေတဲ့အချိန် ရှင်းလက်ျာကလည်း သူ့နည်းတူဖြစ်နေခဲ့သည်။ ကျဆင်းနေတဲ့ နှင်းစက်တွေကြားမှာ နှစ်ယောက်စလုံး ကိုယ့်ဘာသာ နှစ်သိမ့်ရင်း ခေါင်းမိုးပေါ်မှာ ညနက်တဲ့အထိ အရက်ထိုင်သောက်ခဲ့သည်။ သောက်ရင်း အရူးတွေလို ငိုခဲ့တာတော့ မေ့လိုက်ပါလေ။ အဲနေ့မနက်ကျတော့ နှစ်ယောက်လုံး အအေးမိတာကြောင့် ဆေးရုံကို လဝက်လောက်တက်လိုက်ရသည်။

   အခုတော့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ပါပဲ။

"ဟိုကောင်တွေနဲ့ ဘာဖြစ်တာလဲ?"

" Anti-asian တွေလေ၊ သောက်မြင်ကပ်လာလို့ "

"ဪ " မြတ်က ဆေးလိပ်မီးခိုးများကို မှူတ်ထုတ်ရင်း
ဖြေလိုက်သည်။

  ဒါက သူတို့အမြဲတမ်းလိုလို တွေ့နေကြ ပြသနာတစ်ခုပဲ ဖြစ်တယ်။ အားနည်းတဲ့ အဝါကောင်တွေဆို အဖြူကောင်တွေက အနိုင်ကျင့်လေ့ရှိတာကြောင့်ပဲ။အကြောင်းပြချက်က ထွေထွေထူးထူး မဟုတ်ပါဘူး။ အဖြောင့်ကောင်တွေက အခြောက်တွေကို မုန်းသလိုပဲ။ဘာမှန်း မသိဘူး။ရေရေရာရာကို နည်းမလည်နိုင်ဘူး။ ပြသနာပဲ။

" ငါ ဒီအပတ်ထဲ Eston ကို သွားဖို့ ရှိတယ်။ လေဒီဂရေ့နဲ့ သွားတွေ့မလို့ ဘဲလ်က တွေ့ချင်နေမယ် ထင်တယ်။ ငါ့အဖေက အမိန့်တွေ ပေးနေတာလေ "

"သွားလေ "

" ပြီးရင် ငါ မြန်မာပြန်မလို့ "

ရှင်းလက်ျာ သောက်လက်စ ဆေးလိပ်ကို ချလိုက်သည်။ မြတ်လည်း ရင်ထဲတော့ သိပ်မကောင်းချေ။။

" ပြန်ပေါ့ "

"နင် ပြန်မလိုက်ဘူးလား?"

" မလိုက်ချင်ဘူး "

" စနေနေ့ည ပြန်လာမှာ၊ မနက်အစောဆုံး လေယာဉ်နဲ့ လိုက်မှာ "

"ငါ မကြားဘူး "

" ဟန်ဆောင်နေတာ သိသာလိုက်တာ "

" နင်ကရော အဆင်ပြေနေလို့လား"

"ဟင်းးး ရှောင်လွှဲလို့မှ မရတာ။ သူတို့ လက်ထပ်ကတည်းက လေးနှစ်လုံးလုံး ရှောင်ပြေးခဲ့ပြီးပြီပဲ။ အခုက အချိန်ကျပြီလို့ သတ်မှတ်ကြတာပေါ့၊ ကဲ သွားကြစို့ စာမေးပွဲအချိန်ရောက်ပြီ"

   မြတ်သည် သူ့‌အမေ၏ နူးညံ့ပျော့ပျောင်းသော ဆံပင်များကို ဆံထုံးဖြစ်အောင်ထုံးပေးနေ‌လေသည်။ ရွှေအိုရောင်ဆံပင်များကတော့ အဖြူရောယှက်နေပေမဲ့ သူ့အမေက လှပနေဆဲ ဖြစ်သည်။ မှန်ထဲ‌တွင် ပေါ်နေသော အမျိုးသမီးက သူနဲ့ အတော်လေးဆင်တူပေမဲ့ ကွဲပြားသည်က မျက်ဝန်းနက်နဲ့ ဆံပင်အမည်းရောင်များသာ ရှိသည်။

" ဘာလိုလိုပဲ မြတ်တောင် အရွယ်ရောက်လာပြီပဲ၊ မာမီက နဂိုထဲက မြတ်နဲ့ ပတ်သက်ပြီး ဘာမှ ပြောဆိုခွင့် မရှိခဲ့တဲ့သူပါ။အဲတာကြောင့်လည်း အရွယ်ရောက်လာတဲ့ မြတ်ကိုလည်း ပြောဆိုခွင့်လည်း မရပါဘူးလေ။ ဒါပေမဲ့ မာမီတောင်းဆိုချင်တာလေးတော့ ရှိတယ်။ မြတ် လက်ထပ်တဲ့အခါကျရင် မာမီကို ခေါ်ပေးနိုင်မလားဟင်၊ မြတ် ဘယ်သူ့ကိုပဲ လက်ထပ်ပါစေ အဲတာက မြတ်ရဲ့ ရွေးချယ်မှုပါ ၊ မာမီ မတားပါဘူး၊  "..

" မြတ် မှတ်ထားပါ့မယ် "

" ပြီးတော့ မာမီပြောချင်တာက မာမီ ကလေးအပေါ် လစ်ဟင်းခဲ့တာတွေ အများကြီးပါ။ ကလေး လိုချင်တဲ့ မေတ္တာတွေရော၊ နွေးထွေးတဲ့ မိသားစုရော မပေးနိုင်ခဲ့တဲ့ လူတစ်ယောက်ဖြစ်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ဒါပေမဲ့ ကလေးကို တစ်ခုသိစေချင်တာက မာမီ ကလေးကို တကယ်ချစ်တယ်။ "

  မြတ် ဘာမှ မဆိုမိပေ။ သူ့မာမီကို ချစ်သလားဆိုတော့လည်း သူ သံယောဇဉ်တော့ ရှိပါသည်။ မုန်းသလားဆိုတော့လည်း မမုန်းပါဘူး။ ဒီတိုင်း အနေဝေးလို့ သွေးအေးနေယုံလေးပါပဲ။ ကျောက်တိုင်မှာ နှစ်စဉ် အမွှေးတိုင်ထွန်းပေးဖို့တော့ သူ ပျက်ကွက်မယ် မထင်ပါဘူး ။

   မြတ်သည် လှပသော ကျောက်ပုတီးများပါသော ဆံညှပ်ဖြင့် ဆံပင်များကို သိမ်းစုပေးလိုက်သည်။ ပန်းပုရုပ်ကလေးလို လှပသော အမျိုးသမီးသည် နှစ်လိုဖွယ် ပြုံးပြလေသည်။
  
" မာမီတို့ မြို့ထဲ လျှောက်လည်ကြရအောင် "

  မြတ်သည်  သူ့အမေနဲ့အတူ မြို့ထဲကို လာခဲ့သည်။ မြတ်အမေက မြတ်ကို သူတို့ ဒေသထွက် လက်ဆောင်အနည်းငယ်ကို ဝယ်ပေးပြီး မြတ်ကို သူ့တို့ဓလေ့နဲ့ အနည်းငယ် ရင်းနှီးစေရန် ပြောပြလေသည်။ စာအုပ်များကိုလည်း ပြသပေမဲ့ မြတ်က မဖတ်နိုင်ပေ။

"အန်ကယ် သီအိုဒေါ၊ စာအုပ်လာဝာယ်တာလား? ကျွန်တော်တို့နဲ့ ‌ကော်ဖီလာသောက်လှည့်ပါဦး "
ရည်မွန်သော အမျိူးသား တစ်ဦးက စာအုပ်ဝယ်နေသော သူတို့ဖက်ကို လှမ်းပြောလိုက်သည်။ လေဒီဂရေ့က မျက်နှာအနည်းငယ် ပျက်သွားပေမဲ့ သူက မြတ်ကို တခြားစာအုပ်များ ပြရန် ခေါ်သွားပေသည်။

"မာမီ ခုနက လူငယ်က မာမီနဲ့ သိတာလား?"

"မသိပါဘူးကွယ်၊ တခြားသူကို ခေါ်တာ ဖြစ်မှာပါ၊ ကိုင်း မာမီတို့  ကြည့်တာလည်း စုံလှပြီ၊ မြတ် တခြားအရာတွေ ကြည့်ချင်သေးတာ ရှိသေးလား? "

" အင်း မြတ် စာအုပ်နည်းနည်း ဝယ်လိုက်မယ် ၊ ပြီးရင် ပြန်ကြတာပေါ့ "
စာအုပ်ကို ကိုင်လိုက်ချလိုက်လုပ်နေသော သူ့မာမီကြောင့် မြတ်အနည်းငယ် မျက်မှောင်ကျုံ့လိုက်သော်လည်း သူသည် စာအုပ် နှစ်အုပ်ခန့်ယူကာ ငွေရှင်းလိုက်သည်။ ပဝါစလေးကို ခေါင်းမှာ ပတ်ထားသော သူ့မာမီနောက်ကို လိုက်ရင်း သူသည် တစ်စုံတစ်ခုကို သတိပေးရန် မေ့ပစ်လိုက်သည်။

ဆိုင်ထဲတွင် သူတို့နှစ်ယောက်အပြင် တခြားသော ဈေးဝယ်သူများ မရှိကြောင်းကိုပေါ့ ။

  အချိန်ကြာမြင့်စွာ ဝေးကွာနေသော မာမီက သူ့အား ကောင်းမွန်စွာ ဆက်ဆံပေးသည်။ ဟင်းလျာများကို ချက်ပြုတ်ကျွေးမွေးကာ ကောင်းမွန်သော မိခင်တစ်ဦးနှယ် နေထိုင်နေ၏။သူ့၏ ဒယ်ဒီကလည်း နေ့တိုင်း ဖုန်းဆက်ကာ မေး‌မြန်းလေ့ရှိတာကြောင့် ထူးခြားစွာပင် မိသားစုအငွေ့အသက်လေးကို ခံစားမိခဲ့သည်။  မြတ်သည် ရက်သတ္တပတ် နှစ်ပတ်ခန့် နေပြီးနောက် မြတ်သည် ၊ မန်ဟက်တန်သို့ ပြန်လာခဲ့သည်။

   တစ်ညနားပြီးနောက် ကြိုတင်ဘိုကင်ချိတ်ထားသော လေယာဉ်လက်မှတ်ကို ယူကာ လေယာဉ်ကွင်းသို့ ထွက်လာခဲ့သည် ။ နားကြပ်တပ်ကာ ပြတင်းပေါက်ဘေးက ခုံကို ရွှေ့ထိုင်ရန် တွေးလိုက်သည်။

"အဲတာ ငါ့ခုံ "
ကုတ်အင်္ကျီကွက်ကျားကို ဝတ်ကာ မနက်စောစောစီးစီး နေကာမျက်မှန်တပ်ထားသော အရပ်ရှည်ရှည်နှင့် လူတစ်ယောက်က သူ့ခြေထောက်အရှည်နဲ့ မြတ်ကို တားလိုက်သည်။

" ကိုရီးယား ဒရမ်မာ ရိုက်နေတာလား?"

" ဖယ်စမ်းပါ၊ ဒါ ဖက်ရှင်ဟ၊ ဝက်စတန်မှာ ကျောင်းတက်လာတာလေ ဒီလောက်တော့ ပြင်ဆင်သွားရမှာပေါ့"
ရှင်းလက်ျာက ခုံပေါ် ထိုင်ချရင်း ဖြေသည်။

"နေမထွက်သေးတဲ့ အချိန် မျက်မှန်တပ်နေတာ စတိုင်ကျလို့လား?"

" ဒီမျက်မှန်က Prada က ဒေါ်လာ ကိုးရာပေးဝယ်လာတာ။ အချိန်တိုင်း တပ်မှာပဲ၊ မ‌ကျေနပ်ရင် ငါ့ကို အသစ်ဝယ်ပေးလိုက်လေ"

" အားနာပါတယ်။စိတ်ပါဝင်စားမှု မရှိပါ "

မြတ်က Chanel တံဆိပ် မျက်မှန်ကို ယူထုတ်ကာ တပ်လိုက်သည်။

" စကားမစပ် ငါ့ဟာက ဒေါ်လာ တစ်ထောင်ကျော်နော် "

"ဒီကျက်သရေတုံး!!"

  ကမ္ဘာ့အ‌ရှေ့ခြမ်းကနေ အနောက်ခြမ်းကို သွားသော ခရီးစဉ်တွင်မူ နာကျင်စရာများ ပြည့်နှက်နေခဲ့သော အပြန်ခရီးက သူငယ်ချင်းဆိုသော အဖော်ရှိနေခြင်းကြောင့် သိပ်တော့ မပျင်းရပါလေ။

   ရန်ကုန်ရောက်သည်နှင့် ၂ ယောက်စလုံးသည် Mega လုပ်ငန်းစုပိုင် ဟိုတယ်တစ်ခုသို့ သွားကာ နှစ်ရက်နီးပါး အိပ်စက်လိုက်သည်။

   ဟိုတယ်အခန်း၏ ဆိုဖာတစ်ဖက်စီအသီးသီးထိုင်နေကြသော ရှင်းလက်ျာနဲ့ မြတ်။ ဖုန်းကိုယ်စီ ကြည့်နေကြလျက် တစ်ဦးနဲ့ တစ်ဦး အကဲခတ်နေကြသည်။

" မြတ် နင် ဟိုတယ်ကို မစစ်ဆေးဘူးလား? ဒီဟာကို review ဘာညာပေးရမယ် ထင်တယ် "

" နင်လည်း ဘဏ္ဍာပိုင်းကို စစ်ဆေးကြည့်ဦးလေ"

"အင်း "

"အင်း "

"ငါ ရေချိုးဦးမယ် "

  ၂ ဦးစလုံး၏ စိတ်ထဲတွင်

" အပြင်မြန်မြန်သွားစမ်းပါ၊ နှစ်ရှည်လများ စောင့်စားနေတဲ့ မဟာစီမံကိန်းကို လုပ်မလို့ "

   သိပ်ထင်ပေါ်မည့်ပုံမရသော အဝတ်အစားတို့ကို ဝတ်လျက် တစ်ဦးကို တစ်ဦး အကဲခတ်နေသည်က တစ်နာရီ နီးပါးရှိလာသော် စိတ်မရှည်ကြတော့ပေ။

" မြတ် နင်မသွားသေးဘူးလား?"

" နင်က ဘာလုပ်နေသေးတာလဲ "

"သောက်ကျိုးနည်း နင်ရော ငါ့လိုလား ?"

" Stalking !"  " Stalking !"

" ဒီအနားက ဈေးဝယ်စင်တာမှာ !"
" ဒီအနားက ဈေးဝယ်စင်တာမှာ !"

" သောက်ချီးပဲဟေ့ အဲလိုနဲ့ နောက်ကျတော့မယ် "
မြတ်က ဓာတ်လှေကားဆီ ပြေးသွားရင် ပြောလိုက်သည်။

" နင်ကမှ တကယ့် သောက်ကျိုးနည်း "
ရှင်းလက်ျာက ဓာတ်လှေကားထဲ ပြေးဝင်ရင်း ပြောလိုက်သည်။

နှစ်ဦးစလုံး ပြိုင်တူ ရရှိထားသော သတင်းက " ဒေါ်သက်လျာကျော်နဲ့ ဟန်နွေရာက xxx ဈေးဝယ်စင်တာထဲမှာ "

   စပိုင်များလို mask နဲ့ နေကာမျက်မှန်တပ်ထားကာ ချောင်းနေကြသော မြတ်နဲ့ ရှင်းလက်ျာက ဈေးဝယ်နေကြသော သူမတို့ကို ချောင်းကြည့်နေလေသည်။

" တီချယ်က အခုထိ လှတုန်းပဲ၊ မြန်မာဝမ်းဆက်လေးနဲ့ အို ကြည့်စမ်းပါဦး မျက်မှန်လေးတောင် တပ်ထားသေးတယ်"

" ငါ့ဟန်ဟန်လေး အခုထိ ချစ်ဖို့ ကောင်းနေတုန်းပဲ၊ ပါးဖောင်းဖောင်းလေးတွေက ရဲနေတုန်းပဲ "

ဒေါ်သက်လျာကျော်က ဂေါ်ဖီထုပ်ကို ကိုင်လိုက်သောအခါ

" အဲဂေါ်ဖီထုပ်နဲ့သာ နေရာချင်းလဲလိုက်ချင်တာပဲ"

ဟန်နွေရာက ရေခဲမုန့်ကို လျှာနဲ့ လျက်လိုက်သောအခါ

" ငါလည်း အဲလို အလျက်ခံချင်တာပဲ"

"ညစ်ညမ်းလိုက်တာ "

"နင်ကမှ ညစ်ညမ်းနေတာ ငါက ရေခဲမုန့်ကို ပြောနေတာ"

" နင့် အကြောင်း မသိရင် ခက်မယ် "

မြတ်နဲ့ ရှင်းလက်ျာတို့ ငြင်းခုန်နေစဉ် ထွက်လာသော အသံပုစိလေးကြောင့် ၂ ယောက်လုံးငြိမ်သွားသည်။

"မာမား "

"?????" မြတ်နဲ့ ရှင်းလက်ျာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်သည်။

  သုံးနှစ်အရွယ်ကလေးလေးက လုံးတုံးတုံးလေးနဲ့ ဟန်နွေရာနဲ့ ဒေါ်သက်လျာကျော်ဆီ ပြေးသွားသည်။

" သား ဖြေးဖြေးသွား ချော်လဲမယ် "

အသက် လေးဆယ်အရွယ် ခန့်ညားလှသော အမျိုးသား တစ်ဦးက ကလေးနောက်ကနေ လိုက်သွားသည်။ ဟန်နွေရာက ကလေးကို ကောက်ချီလိုက်စဉ် ဒေါ်သက်လျာကျော်က အစားအသောက်ဘူးတစ်ခုကို ထိုလူကြီးအား ပြနေသည်။ ရယ်မောပျော်ရွှင်နေသော အငွေ့အသက်က ပန်းရောင် ပူစီဖောင်းများ ပလုံစီနေသည်။

   မြတ်နဲ့ ရှင်းလက်ျာက ဈေးဝယ်စင်တာကြမ်းပြင်ပေါ် အားလျော့စွာ ထိုင်ချလိုက်သည်။

နောက်တစ်နာရီအကြာ...

   ဟိုတယ်အခန်းထဲတွင် လူ နှစ်ဦးသည် အယ်လ်ကိုဟော ပုလင်းများကို တည်ငြိမ်စွာ ထိုင်သောက်နေသည်။

နောက်သုံးနာရီအကြာ...

" နင်ပဲ တွေးကြည့်လေ၊ ငါက သူ့ကို သောက်ရမ်းတွေ ချစ်လိုက်ရတာ။ သူ မရှိရင် မဖြစ်ဘူးဆိုပြီး သောက်ရူးတွေ ဖြစ်လို့ သူကျတော့ အဲအိုစာနေတဲ့ အဖိုးကြီးနဲ့ "

"အားးး ဘယ်ခွေးကောင်ကများ ငါ့ဟန်ဟန်က ကလေးမွေးခိုင်းတာလဲ? ငါ တွေ့ရင် အပိုင်းပိုင်း ဖြတ်ပစ်မှာ "

" အူး ဝါး တီချယ်ရေ မြတ် ပြန်လာပြီလေ၊ မြတ် သောက်ရမ်းတွေလည်း ချမ်းသာနေပါပြီ ၊ တီချယ့်ကို ယူဖို့ အိမ်တောင် ဝယ်ပြီးပြီ အခုတော့ တီချယ် မြတ်ကို မချစ်တော့ဘူးလား?"

" ဂါးးးး စိတ်တိုလိုက်တာ။ ဟဲလို မန်နေဂျာထွန်းလား? ဟန်နွေရာ ယောကျာ်းကို စုံစမ်းပေးခဲ့၊ အဲကောင်ကို ငါကိုယ်တိုင်သတ်ပစ်မယ် "

နောက်ဆယ်နာရီအကြာ...

     ဒေါ်သက်လျာကျော်နှင့် ဟန်‌နွေရာ အိမ်ရှေ့တွင်

" ဒီအမူးသမားက ဘယ်ကလဲ?"

" ဒီအမူးသမားက ဘယ်ကလဲ?"

Thanks for reading ❤️






     ကလစ္

    ေရတစိမ့္စိမ့္က်ေနေသာ ေရပန္းဆီက ေရေတြက အကုန္စင္သည့္တိုင္ ပိတ္သြားသည္။ ေရပူေၾကာင့္ က်န္ရစ္ခဲ့ေသာ ေရျပင္က ေရေငြ႕မ်ားႏ္ွင့္ အပူရွိန္ကို ခံစားမိေနေသးသည္။ တင္ထားေသာ တဘတ္ျဖဴအား လွမ္းယူကာ ပတ္လိုက္ၿပီးေနာက္ အျပင္ထြက္လာခဲ့သည္။ ကုတင္ေပၚတြင္ ထိုင္ေနေသာ ‌ေကာင္မေလးက သူ႔ကို လွမ္းၿပဳံးျပသည္။

" ျမတ္ ေက်ာင္းမသြားခင္ ငါတို႔ မနက္စာစားၾကဦးမလား?"

" ဘဲလ္(Belle) ငါ ေနာက္မွ လိုက္လာခဲ့မယ္။ အရင္သြားႏွင့္ "

" ေကာင္းၿပီေလ၊ ဘိုင့္ "

  ျမတ္သည္ ဘဲလ္ ထြက္သြားၿပီးေနာက္ ျမတ္သည္ ျပတင္းေပါက္၏ လိုက္ကာကို အနည္းငယ္ ဆြဲဖယ္လိုက္သည္။ အျပင္တြင္ ႏွင္းမ်ားအဆက္အျပတ္က်ေနသည္။

နံနက္ ေျခာက္နာရီ၊ မန္ဟက္တန္ ၊နယူးေယာက္ ။

    ျမတ္သည္ တီးတိုးေရ႐ြတ္လိုက္သည္။ ႏွင္းမ်ားက်ေနေသာ လမ္းမတြင္ လူအနည္းငယ္သည္ ေ႐ြ႕လ်ားလႈပ္ရွားသြားလာေနသည္။ ကမာၻႀကီး၏ အေနာက္ဖက္မွာ သူေနထိုင္ခဲ့တာ ေလးႏွစ္ျပည့္ခဲ့ၿပီ။

ကလင္ လလင္

   ေရွးေဟာင္း စတိုင္ တယ္လီဖုန္းကေန ဖုန္းသံၾကားလိုက္ရသည္။ ျမတ္သည္ စုပ္တစ္ခ်က္သပ္လိုက္ၿပီးေနာက္ ဖုန္းကိုင္လိုက္သည္။

"ဟဲလို ျမတ္ ေျပာေနပါတယ္"

" စာသင္ႏွစ္အဆုံး စစ္ေဆးျခင္း ၿပီးရင္ ဂေရ႕ဆီ သြားေတြ႕ဖို႔ေတာင္းဆိုခ်င္တယ္။ ၿပီးရင္ ျမန္မာကို ျပန္ဖို႔ စိတ္ဆႏၵရွိရင္ သြားႏိုင္တယ္ "

" သိပါၿပီ " ၿပီးေနာက္ တီ! ဟူေသာ အသံျဖင့္ ‌ဖုန္း‌ေခၚမႈအား အဆုံးသတ္လိုက္သည္။

   ျမတ္သည္ ႏွင္းက်ေနေသာ ျမင္ကြင္းကို မျမင္ႏိုင္စြာ လိုက္ကာကို ဆြဲပိတ္ပစ္လိုက္သည္။

အခ်ိန္က အရာအားလုံးကို ကုစားႏိုင္သည္။

‌"ေသာက္က်ိဳးနည္း စကားႀကီး!"

    ေမြးရပ္ေျမကေန စြန႔္ခြာခဲ့တာ ေလးႏွစ္တိတိၾကာခဲ့ၿပီ။ႏွလုံးသားထက္ ဦးေဏွာက္ကို ပိုခ်စ္တဲ့ အမ်ိဳးသမီးတစ္ေယာက္က သူထြက္ခြာလာၿပီး ေျခာက္လအၾကာမွာ လက္ထပ္ခဲ့သည္ ဆိုတာေၾကာင့္ ဒီလူရင္ထဲမွာ အ႐ူးတစ္ေယာက္လို အစိမ္းသက္သက္ပတ္ဝန္းက်င္မွာ ရွင္သန္ခဲ့ရသ ည္။ အခ်ိန္ေတြသာ ၾကာသြားသည္။ အခ်စ္သစ္လည္း မေတြ႕ခဲ့သလို သူမကိုလည္း မေမ့ခဲ့ပါ။

ႏွင္းစက္ေတြ က်ရာေနရာမွာ ရွင္သန္ရင္း ေႏြကႏၲာဦးကို ႐ူး၍ ေမွ်ာ္လင့္ေနဆဲပါပဲ။

   ေနာက္ဆုံးႏွစ္၏ စစ္ေဆးအကဲျဖတ္စာေမးပြဲကို ေျဖရန္အတြက္ ေက်ာင္းဝတ္စုံလဲကာ အျပင္ထြက္လိုက္သည္။ ေျမေအာက္ရထားေပၚတက္ကာ ထိုင္ခုံအလြတ္ရွာၿပီး ထိုင္လိုက္သည္။ တျခားေသာ လူေပၚေၾကာ့ သူေဌးကေလးေတြလို အကန႔္အသတ္နဲ႔ ထုတ္ထားတဲ့ ကားကို စီးဖို႔အတြက္ ပ်င္းရိလြန္းသည္။ နာမည္ႀကီး အဝတ္အစားေတြကေတာ့ ခြၽင္းခ်က္ေပါ့။ သူတို႔ေတြက သက္ေတာင့္သက္သာရွိၿပီး ေကာင္းမြန္တယ္ေလ။

  ျမတ္သည္ ေျမေအာက္ရထားကေနဆင္းေတာ့ လမ္းေပၚမွာေတြ႕တဲ့ လူျဖဴေကာင္မေလး ႏွစ္ေယာက္ကို ပေရာပရည္လုပ္ခဲ့ၿပီးေနာက္ သူသည္ ေက်ာင္းသို႔ ေရာက္လာခဲ့သည္။ ကိုလံဘီယာတကၠသိုလ္သည္ အမွန္တကယ္ကို ကမၱာ့အဆင့္မွီပုံစံရွိသည္။ ျမက္ခင္းက်ယ္ႏွင့္ ေက်ာင္းမုခ္ဝကို တိုင္လုံးႀကီးမ်ားႏွင့္ ေဆာက္ထားသည္။ ေက်ာင္းလခကေတာ့ ေဈးႀကီးေပမဲ့ ေမ့ထားလိုက္ပါ။ တက္ေနတာ ဘယ္သူမို႔လို႔လဲ။

  ျမတ္ေလ.Mega လုပ္ငန္းစု တစ္ဝက္ေလာက္က သူ႔လက္ထဲ‌ ေရာက္ေနၿပီပဲကို။ က်န္တဲ့ တစ္ဝက္ကေတာ့ ...။

" အာာ ဒီေခြးသတၱဝါကေတာ့ေလ၊ ပါးစပ္ရဲ႕ အသုံးျပဳပုံကို အစကေန ျပန္သင္ေပးရမလား? "

" က်စ္ ေဟး နင္ ရန္ျဖစ္ေနျပန္ၿပီလား?"

ျမတ္က ေဒသိယဘာသာစကားကို သုံးကာ ေအာ္ေမးလိုက္သည္။

   အျဖဴေကာင္ေလးကို ဆံပင္ေဆာင့္ဆြဲထားေသာ သူက ျပန္လွည့္ၾကည့္လာသည္။ wolf cut ဆံပင္စတိုင္ကိုမွ အျပာေရာင္ highlight ေဖာက္ထားကာ တစ္ဝက္ကို စည္းထားတာေၾကာင့္ ဝဲက်ေနေသာ ဆံပင္တို႔က ‌လွည့္လိုက္စဥ္တြင္ ခါယမ္းသြားသည္။

Mega လုပ္ငန္းစု တစ္ဝက္ရဲ႕ ဆက္ခံသူ ျဖစ္လာတဲ့ ရွင္းလက္်ာ။

( Wolf cut hairstyles )

(က်ဲက်ဲထာ့ရဲ႕ ပုံေလးေတြကို Board ေလးတစ္ခုနဲ႔ စုထားတာ ရွိပါတယ္။ link ကေန ဝင္ၾကည့္လို႔ရပါတယ္။
https://pin.it/1WKsHJa
Photo collected by က်ဲက်ဲထာ့ေၾကာင့္ ေဂးေနေသာ ေကာင္မေလး 🌝)

" သြားစမ္းပါ ၊ နားၿငီးတယ္ "

" ရွင္းလက္်ာ ဒါမ်ိဴး မလုပ္ေကာင္းဘူးေလ၊ ရန္ပြဲဆိုတာ ဖိတ္ေခၚသင့္တာကို "

   ျမတ္ႏွင့္ ရွင္းလက္်ာက သူတို႔အား ရန္လာစေသာ အျဖဴေကာင္ သုံးေလးေကာင္ကို ေဆာ္ပေလာ္တီးပစ္လိုက္ၿပီးေနာက္ ႏွင္းမ်ားအဆက္မျပတ္‌က်ေနေသာ လမ္းတစ္ေလွ်ာက္ေျပးလာခဲ့သည္။ ေက်ာင္းအျပင္ထက္ အေဆာက္အအုံေပၚသို႔ တက္ကာ ထိုင္ခ်လိုက္သည္။ ေအးခဲလုမတတ္ အပူခ်ိန္က်ဆင္းေနခ်ိန္တြင္ သူတို႔ကား ေခြၽးထြက္ေနေလသည္။

"ေဆးလိပ္ေသာက္ဦးမလား?"

ရွင္းလက္်ာက သူေသာက္ေနၾကဘူးကို ထုတ္ရင္း ေမးလိုက္သည္။

"ေကာင္းသားပဲ"

"ေစတနာ မရွိပါဘူးဆို အလိုက္အထိုက္မသိျပန္ဘူး "

မီးညႇိေပးလိုက္ရင္း ရွင္းလက္်ာက ေဘာက္ဆတ္ဆတ္ေျဖသည္။

    သူနဲ႔ ရွင္းလက္်ာက ဘယ္ထဲက ရင္းႏွီးသြားတာလဲဆိုေတာ့ အခုလို ႏွင္းက်ေနတဲ့ အခ်ိန္ကေပါ့။။

    မန္ဟက္တန္ကို ေရာက္စအခ်ိန္က သူနဲ႔ ရွင္းလက္်ာက တစ္ေယာက္နဲ႔ တစ္ေယာက္မုန္းတီးေနခဲ့ၾကသည္။သို႔ေသာ္လည္း အေျမႇာက္စာေကာင္ မႉးသာေက်ာ္က သူတို႔ကို ခဏခဏ လာရႈပ္ေနတာေၾကာင့္ အတူအလုပ္ျပန္လုပ္ရင္း ခင္မင္ၾကျပန္သည္။သို႔ေသာ္လည္း တစ္ေယာက္နဲ႔ တစ္ေယာက္ သိပ္ေတာ့ စိတ္မၾကည္ေသးေပ။

   ခ်စ္ရတဲ့ တစ္ေယာက္ေသာသူက လက္ထပ္သြားလို႔ စိတ္ပ်က္လက္ပ်က္နဲ႔ ေခါင္မိုးေပၚ လာထိုင္ေနတဲ့အခ်ိန္ ရွင္းလက္်ာကလည္း သူ႔နည္းတူျဖစ္ေနခဲ့သည္။ က်ဆင္းေနတဲ့ ႏွင္းစက္ေတြၾကားမွာ ႏွစ္ေယာက္စလုံး ကိုယ့္ဘာသာ ႏွစ္သိမ့္ရင္း ေခါင္းမိုးေပၚမွာ ညနက္တဲ့အထိ အရက္ထိုင္ေသာက္ခဲ့သည္။ ေသာက္ရင္း အ႐ူးေတြလို ငိုခဲ့တာေတာ့ ေမ့လိုက္ပါေလ။ အဲေန႔မနက္က်ေတာ့ ႏွစ္ေယာက္လုံး အေအးမိတာေၾကာင့္ ေဆး႐ုံကို လဝက္ေလာက္တက္လိုက္ရသည္။

   အခုေတာ့လည္း ေကာင္းမြန္တဲ့ ဆက္ဆံေရးနဲ႔ပါပဲ။

"ဟိုေကာင္ေတြနဲ႔ ဘာျဖစ္တာလဲ?"

" Anti-asian ေတြေလ၊ ေသာက္ျမင္ကပ္လာလို႔ "

"ဪ " ျမတ္က ေဆးလိပ္မီးခိုးမ်ားကို မႉတ္ထုတ္ရင္း
ေျဖလိုက္သည္။

  ဒါက သူတို႔အၿမဲတမ္းလိုလို ေတြ႕ေနၾက ျပသနာတစ္ခုပဲ ျဖစ္တယ္။ အားနည္းတဲ့ အဝါေကာင္ေတြဆို အျဖဴေကာင္ေတြက အႏိုင္က်င့္ေလ့ရွိတာေၾကာင့္ပဲ။အေၾကာင္းျပခ်က္က ေထြေထြထူးထူး မဟုတ္ပါဘူး။ အေျဖာင့္ေကာင္ေတြက အေျခာက္ေတြကို မုန္းသလိုပဲ။ဘာမွန္း မသိဘူး။ေရေရရာရာကို နည္းမလည္ႏိုင္ဘူး။ ျပသနာပဲ။

" ငါ ဒီအပတ္ထဲ Eston ကို သြားဖို႔ ရွိတယ္။ ေလဒီဂေရ႕နဲ႔ သြားေတြ႕မလို႔ ဘဲလ္က ေတြ႕ခ်င္ေနမယ္ ထင္တယ္။ ငါ့အေဖက အမိန႔္ေတြ ေပးေနတာေလ "

"သြားေလ "

" ၿပီးရင္ ငါ ျမန္မာျပန္မလို႔ "

ရွင္းလက္်ာ ေသာက္လက္စ ေဆးလိပ္ကို ခ်လိုက္သည္။ ျမတ္လည္း ရင္ထဲေတာ့ သိပ္မေကာင္းေခ်။။

" ျပန္ေပါ့ "

"နင္ ျပန္မလိုက္ဘူးလား?"

" မလိုက္ခ်င္ဘူး "

" စေနေန႔ည ျပန္လာမွာ၊ မနက္အေစာဆုံး ေလယာဥ္နဲ႔ လိုက္မွာ "

"ငါ မၾကားဘူး "

" ဟန္ေဆာင္ေနတာ သိသာလိုက္တာ "

" နင္ကေရာ အဆင္ေျပေနလို႔လား"

"ဟင္းးး ေရွာင္လႊဲလို႔မွ မရတာ။ သူတို႔ လက္ထပ္ကတည္းက ေလးႏွစ္လုံးလုံး ေရွာင္ေျပးခဲ့ၿပီးၿပီပဲ။ အခုက အခ်ိန္က်ၿပီလို႔ သတ္မွတ္ၾကတာေပါ့၊ ကဲ သြားၾကစို႔ စာေမးပြဲအခ်ိန္ေရာက္ၿပီ"

   ျမတ္သည္ သူ႔‌အေမ၏ ႏူးညံ့ေပ်ာ့ေပ်ာင္းေသာ ဆံပင္မ်ားကို ဆံထုံးျဖစ္ေအာင္ထုံးေပးေန‌ေလသည္။ ေ႐ႊအိုေရာင္ဆံပင္မ်ားကေတာ့ အျဖဴေရာယွက္ေနေပမဲ့ သူ႔အေမက လွပေနဆဲ ျဖစ္သည္။ မွန္ထဲ‌တြင္ ေပၚေနေသာ အမ်ိဳးသမီးက သူနဲ႔

You are reading the story above: TeenFic.Net