အပိုင်း (၃၁)

Background color
Font
Font size
Line height

ချလပ် ချလပ်📸

" အဲလိုလေးနေပြီး  ရပြီ " ကင်မရာမန်းသည်  သူ့စိတ်ကြိုက်ပုံများ ရိုက်ပြီးသည်နှင့် ဟန်နွေရာနှင့် သန့်ဇင်မောင်သည် ထိုင်ခုံပေါ်တွင် မုန့်ဖတ်ကဲ့သို့ ပျော့ဖတ်စွာ လှဲချပစ်လိုက်သည်။

"ပင်ပန်းလွန်းလို့ သေတော့မှာပဲ "

"ရော့ ရေသောက်လိုက်ကြဦး "

ရှင်းလက်ျာက ရေဘူးကို ပိုက်တပ်ကာ ဟန်နွေရာကို တိုက်လေသည်။ ပြီးနောက် လေပန်ကာအသေးလေးဖြင့် ချွေးတိတ်အောင် သုတ်ပေးနေလေသည်။ လုပ်အားပေးရောက်နေသော ရှင်းလက်ျာက ရေဘူး၊ တဘတ်အားဖြည့်ပစ္စည်းအစုံအလင်ဖြင့် မနက်ကပင် စောင့်နေလေသည်။ ချွေးမထွက်သော ဟန်နွေရာ၏ မျက်နှာလေးကို တဖွဖွသုတ်ပေးနေလေသည်။

"........" ချွေးစီးဖြာကျနေသော သန့်ဇင်မောင် နဖူးက မျဉ်းကြောင်း သုံးကြောင်းပေါ်လာလေသည်။

" ငါ့ကို ရေတိုက်ကြပါဟ! ဒီမှာ ရေဆာလို့ သေတော့မှာ ‌"

"သေလေ " ရှင်းလက်ျာက နှလုံးသားမဲ့စွာ ငြင်းပယ်လိုက်သည်။

" ကျေးဇူးမသိတတ်မှုက အင်္သချေပါပဲ "
သန့်ဇင်မောင် စိတ်ထိခိုက်စွာ ထွက်လာခဲ့သည်။

သို့သော်လည်း မြတ်နှင့် ဟန်စစ်သွေးက ကင်မရာမန်းနဲ့ ရိုက်ထားသော ပုံများကို ကြည့်နေသည်ကို မြင်သောအခါတွင် သူသည် စိတ်ဓာတ် ချက်ချင်းတက်ကြွစွာ ပြေးသွားလေသည်။

" အစ်ကို ကျွန်တော် ချောတယ်မလား?"
သန့်ဇင်မောင်က အစ်ကိုသေးသေးလေး၏ လက်မောင်းကို ဆွဲရင်း မေးလေသည်။

"ချွေးနံ့တွေ နံနေတာပဲ၊အဝေးကို သွားစမ်းပါ "

" ကျွန်တော်အတွက် ရေဘူးလေးတောင် မရှိဘူး။ အဖွဲ့သားတွေက ကျွန်တော့်ကို အနိုင်ကျင့်ကြတယ်။အူး ဝါး အစ်ကိုကလည်း ကျွန်တော့်ကို နှင်ထုတ်တယ် "
သန့်ဇင်မောင် ကလေးငယ်လေးလို ဟန်စစ်သွေး ပေါင်ကို ဖက်ကာ အော်တော့သည်။

" သူ့ကို ခေါ်သွားကြစမ်းပါ၊ ကလေးလို လာလုပ်မနေနဲ့၊ ငါ မင်းအမေ မဟုတ်ဘူးကွ "

" အစ်ကိုဟန်စစ်သွေး မြတ်  မန်နေဂျာနဲ့ သွားဆွေးနွေးဦးမယ်၊ ပြီးရင် အစ်ကို့ကို လာပြောပေးမယ်"
မြတ်သည် လက်တော့ပ်ကို ကိုင်ကာ အစည်းအဝေးခန်းမအတွင်း ဝင်သွားလေသည်။အစည်းအ‌ဝေးအခန်းတွင် မှူးသာကျော်က တခြားကိစ္စတစ်ခုအတွက် ဖုန်းပြောနေသည်။

" အစ်ကို ကျွန်တော့်ကို ရေမတိုက်ချင်ဘူးလားဟင်? ရှင်းလက်ျာက ကျွန်တော့်ကို မတိုက်ဘူး "

" နားငြီးလိုက်တာကွာ " ဟန်စစ်သွေးက သူအိတ်ထဲက ဆောင်နေကြ ရေဘူးကို ထုတ်ပေးလိုက်သည်။
သန့်ဇင်မောင်၏ မျက်လုံးများ အရောင်တောက်သွားလေသည်။ အစ်ကိုက သူ့အား သူပိုင်ဆိုင်သော အရာအား ခွဲဝေပေးနေသည် မဟုတ်ပေလော။ သူသည် ကျေနပ်စွာနဲ့ တစိမ့်စိမ့်အရသာခံကာ သောက်ပစ်လိုက်သည်။

ဒေါက်

" ဒီခွေးကောင်ကတော့ "  သူ့ရေဘူးကို အကုန်သောက်ပစ်လိုက်တာကြောင့် ဟန်စစ်သွေးသည် သန့်ဇင်မောင်၏ ခေါင်းကို ခေါက်ပစ်လိုက်သည်။

" အစ်ကိုကလည်း ရေလေးပဲကို "

ဟန်စစ်သွေး ပြန်ပြောဖို့ ပြင်နေစဥ်တွင် ဖုန်းဝင်လာသည်။ ခေါ်ဆိုသူကို ကြည့်ကာ ဟန်စစ်သွေး စိတ်လှုပ်ရှားမှုကြောင့် မျက်နှာနီမြန်းလာခဲ့သည်။ သန့်ဇင်မောင်သည် အစ်ကိုအသေးလေး၏ ပြောင်းလဲမှုအား သတိထားမိလိုက်ကာ ဖုန်းကို ဖြတ်ခနဲ ကြည့်လိုက်သည်။

~ မိုးအမရာ ~

"အစ်ကို အဲတာ ဘယ်သူလဲ?"

" အဟမ်း ငါ့ အသံအဆင်‌ပြေတယ်မလား? ငါ့ကို မိုးအမရာ ခေါ်တာကွ။ သူက ငါကြိုက်နေတဲ့ ကောင်မလေး "
ဟန်စစ်သွေးက ခပ်လှမ်းလှမ်းသွားကာ ရွှင်မြူးစွာ ပြောနေသော အမူအရာကြောင့် သန့်ဇင်မောင်က အမူအရာ မည်းမှောင်သွားကာ မျက်လုံးမှေးစင်းသွားသည်။

" အဟက် မိန်းမတွေကို အရမ်းကြိုက်နေတယ်ပေါ့လေ"

ဖုန်းနံပါတ်တစ်ခုကို နှိပ်ကာ ပြောလိုက်ပြီးနောက် သန့်ဇင်မောင်က အိတ်ထဲ လက်နှိုက်ကာထွက်လာသည်။
ဖုန်းပြောပြီး ပြန်လာသော  ဟန်စစ်သွေးက သန့်ဇင်မောင် ထားခဲ့သော စာတိုလေးကြောင့် မျက်မှောင်ကျုံ့လိုက်သည်။

#အသည်းကွဲရင် ရင်ဖွင့်ဖို့ ကျွန်တော်ရှိတယ်ဆိုတာ မမေ့ပါနဲ့#

"ဘာလဲဟ ဒီကောင် တစ်ကန့်လွတ်နေတာလား ဘာလားပဲ "
ဟန်စစ်သွေး စာတိုလေးကို လွှင့်ပစ်လိုက်သည်။

   မြတ်သည် ရုံးခန်းတွင် ထိုင်ကာ ဟိုတယ် website တွင် တင်ရန် အကြောင်းအရာကို စာစီနေလေသည်။ မှူးသာကျော်က ဘေးတွင် ထိုင်ကာ ကူညီပေးနေလေသည်။

" မြတ် အန်ကယ်ဆီက ကျောင်းလျှောက်လွှာ ပို့ထားတယ်။ နောက်လကျရင်  ဟိုတယ်က တရားဝင်စလည်ပတ်တဲ့အခါ အန်ကယ်က တာဝန်ယူပေးထားမှာ ဖြစ်တာကြောင့် ငါတို့ ကျောင်းလျှောက်လွှာတင်ဖို့ သွားရမယ်။ "

" ဒီကိစ္စတွေကို ပစ်ထားခဲ့မလို့လား?"

"ရှင်းလက်ျာက ဆက်ကိုင်လိမ့်မယ် ၊ နင်နဲ့ ငါက ကျောင်းသွားတက်မှာ "

" ရှင်းလက်ျာက ဘာလို့ နေခဲ့ရမှာလဲ?"

" ဒီဟိုတယ်အသေးလေးအတွက် အချိန်ကုန်ခံနေရတာ တော်လောက်ပြီပဲ။ အရေးကြီးတာတွေ တက်ဖို့ ရှိသေးတယ်။ ဒီဟိုတယ်အသေးလေးကို ရှင်းလက်ျာကို ပေးပစ်လိုက်စမ်းပါ။ ပြီးတော့ ရှင်းလက်ျာက သူ့ကိုထောက်ခံပေးမယ့်လူက အန်ကယ်ပဲ ရှိတယ်။ အရည်အချင်းရှိပြီး နောက်ခံမကောင်းတဲ့ သူထက် နောက်ခံကောင်းတဲ့လူပဲ ရာထူးအကြီးအဆင့်ကို ရလိမ့်မယ်။အခု ရိုက်ချဖို့ကြိုးစားနေတာ အများကြီးပဲ ။ နင်လည်း မြင်သားပဲ ။ လုပ်ငန်းစုခွဲတွေထဲက မြေခွေးလို မိန်းမတွေက ဒီနေရာကို စုပြုံ မျက်စိကျနေကြတာ။ မကြာခင်မှာ  ဖွင့်ပွဲရောက်လာတော့မယ်။ သူတို့က တခြားနေရာတွေထက် ဒီနေရာကို အာရုံစိုက်နေတာဆိုရင် ငါးစာချပေးပြီး အာရုံလွှဲထားသင့်တယ် "

"မှူးသာကျော် နင်အခု ရှင်းလက်ျာကို ပုံချဖို့ လာပြောနေတာလား?အပြင်က အမှိုက်ထုပ်တွေက ဘယ်သူ့ကြောင့် ရောက်လာတာမို့လဲ? နင့်ကြောင့်လေ၊ ‌နင့်အဖေရဲ့ များမြောင်လှတဲ့ အရှုပ်အထုပ်က မြေခွေးမတွေ ရောက်နေတာကို အပြစ်ပြောနေသေးတယ်။ ရှင်းလက်ျာက ဘာဖြစ်နေလို့လဲ?"

"နင် ကောလဟာလတွေ  မကြားဘူးလား? ရှင်းလက်ျာက သူ့အဖေက စွန့်ပစ်ထားတာလေ။ စွန့်ပစ်ထားတဲ့ ကလေးကို ဘာဖြစ်လို့ ကူညီရမှာလဲ? သူ့အမေကလည်း နောက်အိမ်ထောင်နဲ့ ရှုပ်ပွေနေတာပဲ။ အကိုင်းမဲ့နေတဲ့ ပင်စည်က ချိုးချခံရဖို့  သင့်နေတာပဲ ! ငါတို့ အချိန်ဖြုန်းနေတာကို ရပ်နေသင့်ပြီ "

" အတင်းပြောတယ်ဆိုရင်လည်း ဒီထက်ပိုပြီး လုံခြုံတဲ့ နေရာကို ရွေးသင့်တာ မဟုတ်ဘူးလား? "
တံခါးဘောင်ကို  မှီနေသော ရှင်းလက်ျာက ပြောလိုက်သည်။

  ရုတ်တရက် ထွက်လာသော ရှင်းလကျာ်ကြောင့် နှစ်ဦးစလုံး လန့်သွားလေသည်။ သူတို့ နှစ်ယောက်က အငြင်းပွားနေတာကြောင့် ပတ်ဝန်းကျင်ကို သတိမထားမိလိုက်ချေ။ ရှင်းလက်ျာက ဘယ်ထဲက ရှိနေလဲတော့ မသိချေ။

" ငါတို့ပြောတ အဲလို မဟုတ်.... "

ဘုန်း!!! ရှင်းလက်ျာက ဘေးနားက စက္ကူထည့်သည့် အမှိုက်ပုံးကို ပိတ်ကန်ပစ်လိုက်သည်။

" ငါ့အဖေက ငါ့ကို စွန့်ပစ်သွားတယ်ဆိုရင်ရော အဲတာ နင်တို့ သောက်လုပ်လား? မှီခိုဖို့ မိဘမရှိတာနဲ့ နင်တို့ အနိုင်ကျင့်လို့ ရရောတဲ့လား? မွေးထဲက ၁၆ နှစ်လုံး အမှိုက်ထုပ်တွေလို ရှင်သန်လာကြတာပဲ ! စိတ်ပျက်စရာ ကောင်းလိုက်တာ "
ရှင်းလက်ျာက စားပွဲပေါ်က သူ့လက်တော့ပ်နဲ့ အိတ်ကို ယူကာ ထွက်သွားလေသည်။

" နင် နင်တို့ လုပ်ရက်လိုက်ကြတာ "
ဟန်နွေရာက မျက်လုံးလေးပြူးကာ သူကြားခဲ့သည်ကိုပင် မယုံကြည်နိုင်သေးပေ။ သူသည် ရှင်းလက်ျာအတွက် ဝမ်းနည်းလွန်း၍ မျက်ရည်များပင် ကျလာခဲ့သည်။

" မြတ် နင် ဘာလို့များ ရှင်းလက်ျာကို..."

"ဟန်ဟန် သူတို့နဲ့ ဆက်ပတ်သက်စရာ မရှိတော့ဘူး သွားကြစို့ "
ရှင်းလက်ျာက ဟန်နွေရာ လက့်ကို ဆွဲကာ ထွက်သွားလေသည်။

   မြတ်သည် စိတ်ပင်ပန်းစွာ ထိုင်ချလိုက်သည်။ သူ့ဘဝက ကျိန်စာများ သင့်နေသလား အောက်မေ့ရသည်။ ပထမဆုံး သူ့ မိဘတွေ။ သူ့ကို မချစ်တာတော့ မဟုတ်ပေမဲ့ နွေးထွေးသော မိသားစု မရှိခဲ့ပေ။ ငယ်စဉ်ထဲက တစ်ယောက်ထဲ ရပ်တည်တတ်စေရန် ပုံသွင်းခံရသည်။   နောက်တစ်ယောက်က တီချယ် ။ သူ့အား ချစ်လျက်နဲ့ ထားရစ်ခဲ့သည်။ အခုလည်း သူ အယုံကြည်ရဆုံး သူငယ်ချင်း နှစ်ယောက်လုံးက သူ့ကို မုန်းသွားကြလေပြီ။ မြတ်သည် ဝမ်းနည်းမှုတို့ လှိုက်တက်လာတာကြောင့် သူသည် ခုံပေါ် မှောက်အိပ်လိုက်သည်။

  သူနိုးလာချိန်တွင် ညနက်နေပြီ ဖြစ်သည်။ မျက်လုံးပွတ်ကာ notification များ တက်နေသော ကွန်ပျူတာကို ကြည့်လိုက်သည်။

ဒေါ်သက်လျာကျော်ဟူသော အကောင့်လေးက သူ့တို့ ဟိုတယ်ကို review ရေးထားသည်ကို တွေ့လိုက်ရသည်။

" ဈေးနှုန်းသင့်တင့်ပြီး ပတ်ဝန်းကျင်ကလည်း အရမ်းကို သက်တောင့်သက်သာ ဖြစ်တယ်။ စားစရာတွေကလည်း ကောင်းတယ်။ တို့အရွယ် ‌အဒေါ်ကြီးတွေ အကြိုက်တွေ စရာ နေရာကောင်းပဲ၊ တစ်ခါရောက်ဖူးတာနဲ့ ထပ်ခါထပ်ခါ သွားချင်စရာကောင်းတယ် "
( သူငယ်ချင်းများကို မန်းရှင်းခေါ်ထား၏)

   မြတ်သည် ထို review လေးကို အကြာကြီး ထိုင်ကြည့်နေမိသည်။ သူသည် တစ်နေကုန် စိတ်ဆင်းရဲခဲ့သမျှ အခု reviewလေး တစ်ခုနဲ့ စိတ်ရွှင်လန်းသွားသည်။ သူသည် အလိုအလျောက်ပင် ဖုန်းခေါ်လိုက်မိသည်။ ပြီးခါမှ သူ နောင်တရမိသည်။ သူ ဆယ်နာရီပင်  ရှိနေပြီကိုး။

"အ‌လေ့အကျင့်ဆိုတာ ဖျောက်ရခက်တာပဲ"

ထို၌ တစ်ဖက်က ဖုန်းကိုင်လာသည်။

" ဟဲလို "

မြတ်သည် ဖုန်းကို ကျစ်ကျစ်ပါအောင် ကိုင်လျက် သူသည် ဆွံ့အနေမိသည်။ အဘယ်ကြောင့် ဖုန်းခေါ်မိသည်တော့ သူ မသိပါချေ။ တစ်ဖက်ကလည်း အတော်ကြာသည်အထိ သူ့အား စောင့်နေပေးသည်။

"Review အတွက် ကျေးဇူးတင်ပါတယ် "

"ရပါတယ် "

  ပြီးနောက် တစ်ဖန်ငြိမ်သက်သွားကြပြန်သည်။ တစ်ချိန်က ယခုလို ခေါ်ဆိုမှုလေးသာ ဆိုရင် သူသည် ချစ်ရေး ကြိုက်ဖွယ်ကာ စကားများဆိုကာ တစ်ဖက်က ရှက်သွေးဖြာနေမယ့်အသံလေးကို ကြားရမည် ဖြစ်သည်။ ယခုကတော့ တိတ်ဆိတ်ခြင်းကသာ ပကတိစိုးမိုးနေလေသည်။

"ကောင်းသော ညပါ တီချယ် "

"ကောင်းသော ညပါ "

တီ တီ ဟူသော ဖုန်းသံလေးက ထွက်ပေါ်လာပြီး ဖုန်းမှန်က မည်းမှောင်သွားသည်။ မြတ်သည် ထိုဖုန်းကို အတန်ကြာ ငေးစိုက်နေမိပြန်သည်။

ထိုစဉ် သူသည် သူ့အဖေပေးပို့ထားသော emailမှ ကိုလံဘီယာ တက္ကသိုလ်လျှောက်လွှာကို မြင်လိုက်ရသည်။ ဖုန်းကို တစ်လှည့် ထိုmail ကို တစ်လှည့်ကြည့်နေခဲ့သည်။

" အချိန်တွေက  အမှတ်တရကောင်းတွေကို မဖျက်ဆီးပစ်လိုက်ဖို့ပဲ ဆု‌တောင်းပါတယ် "

မြတ်သည် complete the application ဟူသော အကွက်ကို နှိပ်လိုက်သည်။

Thanks for reading

ကိုလံဘီယာ တက္ကသိုလ်အကြောင်းကို သိချင်ဆိုရင် Google မှာ Columbia University, NYC လို့ ရှာကြည့်လိုက်ပါ ။

အနက်ရောင် စပိုင်စီယေး ကြိုက်ကြရဲ့လား ပေပီတို့ ?😝
စကားပုံတောင် ရှိသေးတယ်လေ ။ သကြားလုံး လိုချင်ရင် တန်းစီရမယ်တဲ့ ၊အလှည့်ကျရင် စားရမှာပေါ့။

ခ်လပ္ ခ်လပ္📸

" အဲလိုေလးေနၿပီး  ရၿပီ " ကင္မရာမန္းသည္  သူ႔စိတ္ႀကိဳက္ပုံမ်ား ႐ိုက္ၿပီးသည္ႏွင့္ ဟန္ေႏြရာႏွင့္ သန႔္ဇင္ေမာင္သည္ ထိုင္ခုံေပၚတြင္ မုန႔္ဖတ္ကဲ့သို႔ ေပ်ာ့ဖတ္စြာ လွဲခ်ပစ္လိုက္သည္။

"ပင္ပန္းလြန္းလို႔ ေသေတာ့မွာပဲ "

"ေရာ့ ေရေသာက္လိုက္ၾကဦး "

ရွင္းလက္်ာက ေရဘူးကို ပိုက္တပ္ကာ ဟန္ေႏြရာကို တိုက္ေလသည္။ ၿပီးေနာက္ ေလပန္ကာအေသးေလးျဖင့္ ေခြၽးတိတ္ေအာင္ သုတ္ေပးေနေလသည္။ လုပ္အားေပးေရာက္ေနေသာ ရွင္းလက္်ာက ေရဘူး၊ တဘတ္အားျဖည့္ပစၥည္းအစုံအလင္ျဖင့္ မနက္ကပင္ ေစာင့္ေနေလသည္။ ေခြၽးမထြက္ေသာ ဟန္ေႏြရာ၏ မ်က္ႏွာေလးကို တဖြဖြသုတ္ေပးေနေလသည္။

"........" ေခြၽးစီးျဖာက်ေနေသာ သန႔္ဇင္ေမာင္ နဖူးက မ်ဥ္းေၾကာင္း သုံးေၾကာင္းေပၚလာေလသည္။

" ငါ့ကို ေရတိုက္ၾကပါဟ! ဒီမွာ ေရဆာလို႔ ေသေတာ့မွာ ‌"

"ေသေလ " ရွင္းလက္်ာက ႏွလုံးသားမဲ့စြာ ျငင္းပယ္လိုက္သည္။

" ေက်းဇူးမသိတတ္မႈက အသၤေခ်ပါပဲ "
သန႔္ဇင္ေမာင္ စိတ္ထိခိုက္စြာ ထြက္လာခဲ့သည္။

သို႔ေသာ္လည္း ျမတ္ႏွင့္ ဟန္စစ္ေသြးက ကင္မရာမန္းနဲ႔ ႐ိုက္ထားေသာ ပုံမ်ားကို ၾကည့္ေနသည္ကို ျမင္ေသာအခါတြင္ သူသည္ စိတ္ဓာတ္ ခ်က္ခ်င္းတက္ႂကြစြာ ေျပးသြားေလသည္။

" အစ္ကို ကြၽန္ေတာ္ ေခ်ာတယ္မလား?"
သန႔္ဇင္ေမာင္က အစ္ကိုေသးေသးေလး၏ လက္ေမာင္းကို ဆြဲရင္း ေမးေလသည္။

"ေခြၽးနံ႔ေတြ နံေနတာပဲ၊အေဝးကို သြားစမ္းပါ "

" ကြၽန္ေတာ္အတြက္ ေရဘူးေလးေတာင္ မရွိဘူး။ အဖြဲ႕သားေတြက ကြၽန္ေတာ့္ကို အႏိုင္က်င့္ၾကတယ္။အူး ဝါး အစ္ကိုကလည္း ကြၽန္ေတာ့္ကို ႏွင္ထုတ္တယ္ "
သန႔္ဇင္ေမာင္ ကေလးငယ္ေလးလို ဟန္စစ္ေသြး ေပါင္ကို ဖက္ကာ ေအာ္ေတာ့သည္။

" သူ႔ကို ေခၚသြားၾကစမ္းပါ၊ ကေလးလို လာလုပ္မေနနဲ႔၊ ငါ မင္းအေမ မဟုတ္ဘူးကြ "

" အစ္ကိုဟန္စစ္ေသြး ျမတ္  မန္ေနဂ်ာနဲ႔ သြားေဆြးေႏြးဦးမယ္၊ ၿပီးရင္ အစ္ကို႔ကို လာေျပာေပးမယ္"
ျမတ္သည္ လက္ေတာ့ပ္ကို ကိုင္ကာ အစည္းအေဝးခန္းမအတြင္း ဝင္သြားေလသည္။အစည္းအ‌ေဝးအခန္းတြင္ မႉးသာေက်ာ္က တျခားကိစၥတစ္ခုအတြက္ ဖုန္းေျပာေနသည္။

" အစ္ကို ကြၽန္ေတာ့္ကို ေရမတိုက္ခ်င္ဘူးလားဟင္? ရွင္းလက္်ာက ကြၽန္ေတာ့္ကို မတိုက္ဘူး "

" နားၿငီးလိုက္တာကြာ " ဟန္စစ္ေသြးက သူအိတ္ထဲက ေဆာင္ေနၾက ေရဘူးကို ထုတ္ေပးလိုက္သည္။
သန္႔ဇင္ေမာင္၏ မ်က္လုံးမ်ား အေရာင္ေတာက္သြားေလသည္။ အစ္ကိုက သူ႔အား သူပိုင္ဆိုင္ေသာ အရာအား ခြဲေဝေပးေနသည္ မဟုတ္ေပေလာ။ သူသည္ ေက်နပ္စြာနဲ႔ တစိမ့္စိမ့္အရသာခံကာ ေသာက္ပစ္လိုက္သည္။

ေဒါက္

" ဒီေခြးေကာင္ကေတာ့ "  သူ႔ေရဘူးကို အကုန္ေသာက္ပစ္လိုက္တာေၾကာင့္ ဟန္စစ္ေသြးသည္ သန႔္ဇင္ေမာင္၏ ေခါင္းကို ေခါက္ပစ္လိုက္သည္။

" အစ္ကိုကလည္း ေရေလးပဲကို "

ဟန္စစ္ေသြး ျပန္ေျပာဖို႔ ျပင္ေနစဥ္တြင္ ဖုန္းဝင္လာသည္။ ေခၚဆိုသူကို ၾကည့္ကာ ဟန္စစ္ေသြး စိတ္လႈပ္ရွားမႈေၾကာင့္ မ်က္ႏွာနီျမန္းလာခဲ့သည္။ သန႔္ဇင္ေမာင္သည္ အစ္ကိုအေသးေလး၏ ေျပာင္းလဲမႈအား သတိထားမိလိုက္ကာ ဖုန္းကို ျဖတ္ခနဲ ၾကည့္လိုက္သည္။

~ မိုးအမရာ ~

"အစ္ကို အဲတာ ဘယ္သူလဲ?"

" အဟမ္း ငါ့ အသံအဆင္‌ေျပတယ္မလား? ငါ့ကို မိုးအမရာ ေခၚတာကြ။ သူက ငါႀကိဳက္ေနတဲ့ ေကာင္မေလး "
ဟန္စစ္ေသြးက ခပ္လွမ္းလွမ္းသြားကာ ႐ႊင္ျမဴးစြာ ေျပာေနေသာ အမူအရာေၾကာင့္ သန႔္ဇင္ေမာင္က အမူအရာ မည္းေမွာင္သြားကာ မ်က္လုံးေမွးစင္းသြားသည္။

" အဟက္ မိန္းမေတြကို အရမ္းႀကိဳက္ေနတယ္ေပါ့ေလ"

ဖုန္းနံပါတ္တစ္ခုကို ႏွိပ္ကာ ေျပာလိုက္ၿပီးေနာက္ သန႔္ဇင္ေမာင္က အိတ္ထဲ လက္ႏႈိက္ကာထြက္လာသည္။
ဖုန္းေျပာၿပီး ျပန္လာေသာ  ဟန္စစ္ေသြးက သန႔္ဇင္ေမာင္ ထားခဲ့ေသာ စာတိုေလးေၾကာင့္ မ်က္ေမွာင္က်ဳံ႕လိုက္သည္။

#အသည္းကြဲရင္ ရင္ဖြင့္ဖို႔ ကြၽန္ေတာ္ရွိတယ္ဆိုတာ မေမ့ပါနဲ႔#

"ဘာလဲဟ ဒီေကာင္ တစ္ကန႔္လြတ္ေနတာလား ဘာလားပဲ "
ဟန္စစ္ေသြး စာတိုေလးကို လႊင့္ပစ္လိုက္သည္။

   ျမတ္သည္ ႐ုံးခန္းတြင္ ထိုင္ကာ ဟိုတယ္ website တြင္ တင္ရန္ အေၾကာင္းအရာကို စာစီေနေလသည္။ မႉးသာေက်ာ္က ေဘးတြင္ ထိုင္ကာ ကူညီေပးေနေလသည္။

" ျမတ္ အန္ကယ္ဆီက ေက်ာင္းေလွ်ာက္လႊာ ပို႔ထားတယ္။ ေနာက္လက်ရင္  ဟိုတယ္က တရားဝင္စလည္ပတ္တဲ့အခါ အန္ကယ္က တာဝန္ယူေပးထားမွာ ျဖစ္တာေၾကာင့္ ငါတို႔ ေက်ာင္းေလွ်ာက္လႊာတင္ဖို႔ သြားရမယ္။ "

" ဒီကိစၥေတြကို ပစ္ထားခဲ့မလို႔လား?"

"ရွင္းလက္်ာက ဆက္ကိုင္လိမ့္မယ္ ၊ နင္နဲ႔ ငါက ေက်ာင္းသြားတက္မွာ "

" ရွင္းလက္်ာက ဘာလို႔ ေနခဲ့ရမွာလဲ?"

" ဒီဟိုတယ္အေသးေလးအတြက္ အခ်ိန္ကုန္ခံေနရတာ ေတာ္ေလာက္ၿပီပဲ။ အေရးႀကီးတာေတြ တက္ဖို႔ ရွိေသးတယ္။ ဒီဟိုတယ္အေသးေလးကို ရွင္းလက္်ာကို ေပးပစ္လိုက္စမ္းပါ။ ၿပီးေတာ့ ရွင္းလက္်ာက သူ႔ကိုေထာက္ခံေပးမယ့္လူက အန္ကယ္ပဲ ရွိတယ္။ အရည္အခ်င္းရွိၿပီး ေနာက္ခံမေကာင္းတဲ့ သူထက္ ေနာက္ခံေကာင္းတဲ့လူပဲ ရာထူးအႀကီးအဆင့္ကို ရလိမ့္မယ္။အခု ႐ိုက္ခ်ဖို႔ႀကိဳးစားေနတာ အမ်ားႀကီးပဲ ။ နင္လည္း ျမင္သားပဲ ။ လုပ္ငန္းစုခြဲေတြထဲက ေျမေခြးလို မိန္းမေတြက ဒီေနရာကို စုၿပဳံ မ်က္စိက်ေနၾကတာ။ မၾကာခင္မွာ  ဖြင့္ပြဲေရာက္လာေတာ့မယ္။ သူတို႔က တျခားေနရာေတြထက္ ဒီေနရာကို အာ႐ုံစိုက္ေနတာဆိုရင္ ငါးစာခ်ေပးၿပီး အာ႐ုံလႊဲထားသင့္တယ္ "

"မႉးသာေက်ာ္ နင္အခု ရွင္းလက္်ာကို ပုံခ်ဖို႔ လာေျပာေနတာလား?အျပင္က အမႈိက္ထုပ္ေတြက ဘယ္သူ႔ေၾကာင့္ ေရာက္လာတာမို႔လဲ? နင့္ေၾကာင့္ေလ၊ ‌နင့္အေဖရဲ႕ မ်ားေျမာင္လွတဲ့ အရႈပ္အထုပ္က ေျမေခြးမေတြ ေရာက္ေနတာကို အျပစ္ေျပာေနေသးတယ္။ ရွင္းလက္်ာက ဘာျဖစ္ေနလို႔လဲ?"

"နင္ ေကာလဟာလေတြ  မၾကားဘူးလား? ရွင္းလက္်ာက သူ႔အေဖက စြန႔္ပစ္ထားတာေလ။ စြန႔္ပစ္ထားတဲ့ ကေလးကို ဘာျဖစ္လို႔ ကူညီရမွာလဲ? သူ႔အေမကလည္း ေနာက္အိမ္ေထာင္နဲ႔ ရႈပ္ေပြေနတာပဲ။ အကိုင္းမဲ့ေနတဲ့ ပင္စည္က ခ်ိဳးခ်ခံရဖို႔  သင့္ေနတာပဲ ! ငါတို႔ အခ်ိန္ျဖဳန္းေနတာကို ရပ္ေနသင့္ၿပီ "

" အတင္းေျပာတယ္ဆိုရင္လည္း ဒီထက္ပိုၿပီး လုံၿခဳံတဲ့ ေနရာကို ေ႐ြးသင့္တာ မဟုတ္ဘူးလား? "
တံခါးေဘာင္ကို  မွီေနေသာ ရွင္းလက္်ာက ေျပာလိုက္သည္။

  ႐ုတ္တရက္ ထြက္လာေသာ ရွင္းလက်ာ္ေၾကာင့္ ႏွစ္ဦးစလုံး လန႔္သြားေလသည္။ သူတို႔ ႏွစ္ေယာက္က အျငင္းပြားေနတာေၾကာင့္ ပတ္ဝန္းက်င္ကို သတိမထားမိလိုက္ေခ်။ ရွင္းလက္်ာက ဘယ္ထဲက ရွိေနလဲေတာ့ မသိေခ်။

" ငါတို႔ေျပာတ အဲလို မဟုတ္.... "

ဘုန္း!!! ရွင္းလက္်ာက ေဘးနားက စကၠဴထည့္သည့္ အမႈိက္ပုံးကို ပိတ္ကန္ပစ္လိုက္သည္။

" ငါ့အေဖက ငါ့ကို စြန႔္ပစ္သြားတယ္ဆိုရင္ေရာ အဲတာ နင္တို႔ ေသာက္လုပ္လား? မွီခိုဖို႔ မိဘမရွိတာနဲ႔ နင္တို႔ အႏိုင္က်င့္လို႔ ရေရာတဲ့လား? ေမြးထဲက ၁၆ ႏွစ္လုံး အမႈိက္ထုပ္ေတြလို ရွင္သန္လာၾကတာပဲ ! စိတ္ပ်က္စရာ ေကာင္းလိုက္တာ "
ရွင္းလက္်ာက စားပြဲေပၚက သူ႔လက္ေတာ့ပ္နဲ႔ အိတ္ကို ယူကာ ထြက္သြားေလသည္။

" နင္ နင္တို႔ လုပ္ရက္လိုက္ၾကတာ "
ဟန္ေႏြရာက မ်က္လုံးေလးျပဴးကာ သူၾကားခဲ့သည္ကိုပင္ မယုံၾကည္ႏိုင္ေသးေပ။ သူသည္ ရွင္းလက္်ာအတြက္ ဝမ္းနည္းလြန္း၍ မ်က္ရည္မ်ားပင္ က်လာခဲ့သည္။

" ျမတ္ နင္ ဘာလို႔မ်ား ရွင္းလက္်ာကို..."

"ဟန္ဟန္ သူတို႔နဲ႔ ဆက္ပတ္သက္စရာ မရွိေတာ့ဘူး သြားၾကစို႔ "
ရွင္းလက္်ာက ဟန္ေႏြရာ လက့္ကို ဆြဲကာ ထြက္သြားေလသည္။

   ျမတ္သည္ စိတ္ပင္ပန္းစြာ ထိုင္ခ်လိုက္သည္။ သူ႔ဘဝက က်ိန္စာမ်ား သင့္ေနသလား ေအာက္ေမ့ရသည္။ ပထမဆုံး သူ႔ မိဘေတြ။ သူ႔ကို မခ်စ္တာေတာ့ မဟုတ္ေပမဲ့ ေႏြးေထြးေသာ မိသားစု မရွိခဲ့ေပ။ ငယ္စဥ္ထဲက တစ္ေယာက္ထဲ ရပ္တည္တတ္ေစရန္ ပုံသြင္းခံရသည္။   ေနာက္တစ္ေယာက္က တီခ်ယ္ ။ သူ႔အား ခ်စ္လ်က္နဲ႔ ထားရစ္ခဲ့သည္။ အခုလည္း သူ အယုံၾကည္ရဆုံး သူငယ္ခ်င္း ႏွစ္ေယာက္လုံးက သူ႔ကို မုန္းသြားၾကေလၿပီ။ ျမတ္သည္ ဝမ္းနည္းမႈတို႔ လႈိက္တက္လာတာေၾကာင့္ သူသည္ ခုံေပၚ ေမွာက္အိပ္လိုက္သည္။

  သူႏိုးလာခ်ိန္တြင္ ညနက္ေနၿပီ ျဖစ္သည္။ မ်က္လုံးပြတ္ကာ notification မ်ား တက္ေနေသာ ကြန္ပ်ဴတာကို ၾကည့္လိုက္သည္။

ေဒၚသက္လ်ာေက်ာ္ဟူေသာ အေကာင့္ေလးက သူ႔တို႔ ဟိုတယ္ကို review ေရးထားသည္ကို ေတြ႕လိုက္ရသည္။

" ေဈးႏႈန္းသင့္တင့္ၿပီး ပတ္ဝန္းက်င္ကလည္း အရမ္းကို သက္ေတာင့္သက္သာ ျဖစ္တယ္။ စားစရာေတြကလည္း ေကာင္းတယ္။ တို႔အ႐ြယ္ ‌အေဒၚႀကီးေတြ အႀကိဳက္ေတြ စရာ ေနရာေကာင္းပဲ၊ တစ္ခါေရာက္ဖူးတာနဲ႔ ထပ္ခါထပ္ခါ သြားခ်င္စရာေကာင္းတယ္ "
( သူငယ္ခ်င္းမ်ားကို မန္းရွင္းေခၚထား၏)

   ျမတ္သည္ ထို review ေလးကို အၾကာႀကီး ထိုင္ၾကည့္ေနမိသည္။ သူသည္ တစ္ေနကုန္ စိတ္ဆင္းရဲခဲ့သမွ် အခု reviewေလး တစ္ခုနဲ႔ စိတ္႐ႊင္လန္းသြားသည္။ သူသည္ အလိုအေလ်ာက္ပင္ ဖုန္းေခၚလိုက္မိသည္။ ၿပီးခါမွ သူ ေနာင္တရမိသည္။ သူ ဆယ္နာရီပင္  ရွိေနၿပီကိုး။

"အ‌ေလ့အက်င့္ဆိုတာ ေဖ်ာက္ရခက္တာပဲ"

ထို၌ တစ္ဖက္က ဖုန္းကိုင္လာသည္။

" ဟဲလို "

ျမတ္သည္ ဖုန္းကို က်စ္က်စ္ပါေအာင္ ကိုင္လ်က္ သူသည္ ဆြံ႕အေနမိသည္။ အဘယ္ေၾကာင့္ ဖုန္းေခၚမိသည္ေတာ့ သူ မသိပါေခ်။ တစ္ဖက္ကလည္း အေတာ္ၾကာသည္အထိ သူ႔အား ေစာင့္ေနေပးသည္။

"Review အတြက္ ေက်းဇူးတင္ပါတယ္ "

"ရပါတယ္ "

  ၿပီးေနာက္ တစ္ဖန္ၿငိမ္သက္သြားၾကျပန္သည္။ တစ္ခ်ိန္က ယခုလို ေခၚဆိုမႈေလးသာ ဆိုရင္ သူသည္ ခ်စ္ေရး ႀကိဳက္ဖြယ္ကာ စကားမ်ားဆိုကာ တစ္ဖက္က ရွက္ေသြးျဖာေနမယ့္အသံေလးကို ၾကားရမည္ ျဖစ္သည္။ ယခုကေတာ့ တိတ္ဆိတ္ျခင္းကသာ ပကတိစိုးမိုးေနေလသည္။

"ေကာင္းေသာ ညပါ တီခ်ယ္ "

"ေကာင္းေသာ ညပါ "

တီ တီ ဟူေသာ ဖုန္းသံေလးက ထြက္ေပၚလာၿပီး ဖုန္းမွန္က မည္းေမွာင္သြားသည္။ ျမတ္သည္ ထိုဖုန္းကို အတန္ၾကာ ေငးစိုက္ေနမိျပန္သည္။

ထိုစဥ္ သူသည္ သူ႔အေဖေပးပို႔ထားေသာ emailမွ ကိုလံဘီယာ တကၠသိုလ္ေလွ်ာက္လႊာကို ျမင္လိုက္ရသည္။ ဖုန္းကို တစ္လွည့္ ထိုmail ကို တစ္လွည့္ၾကည့္ေနခဲ့သည္။

" အခ်ိန္ေတြက  အမွတ္တရေကာင္းေတြကို မဖ်က္ဆီးပစ္လိုက္ဖို႔ပဲ ဆု‌ေတာင္းပါတယ္ "

ျမတ္သည္ complete the application ဟူေသာ အကြက္ကို ႏွိပ္လိုက္သည္။

Thanks for reading

ကိုလံဘီယာ တကၠသိုလ္အေၾကာင္းကို သိခ်င္ဆိုရင္ Google မွာ Columbia University, NYC လို႔ ရွာၾကည့္လိုက္ပါ ။

အနက္ေရာင္ စပိုင္စီေယး ႀကိဳက္ၾကရဲ႕လား ေပပီတို႔ ?😝










You are reading the story above: TeenFic.Net