"ကူညီပေးတဲ့ သူတွေအကုန်လုံးကို အန်တီက ကျေးဇူးတင်ပါတယ်။ မနက်ဖြန်ကျရင် အာရုံဆွမ်းအတွက် ခပ်စောစောလေး ထရမှာ ဖြစ်တဲ့အတွက် မြန်မြန်လေး ရေချိုးပြီး ညစာ စားကြရအောင် " ဟန်နွေရာ အမေသည် ချက်ပြုတ်ထားသော မုန့်ဟင်းခါးအိုးကို အဖုံးပိတ်ရင်း ပြောလိုက်သည် ။
ကူညီလုပ်ဆောင်နေသော သူများသည် လုပ်လက်စများကို လက်စသတ်ကာ ရေချိုးရန် ပြင်ကြသည်။
"ဆရာမလေး ရေချိုးခန်းက နှစ်ခန်းပဲ ရှိတာမို့လို့ နည်းနည်းတော့ စောင့်ပေးပါ၊ သမီးရေ ဆရာမလေးကို ရေချိုးဖို့ တဘတ်တွေ ယူပေးလိုက်ပါဦး " ဟန်နွေရာအမေက လှမ်းပြောသည်။
"ဟုတ် မေမေ ၊ တီချယ့် သမီးနောက်ကို လိုက်ပေးပါနော်၊ ရေချိုးဖို့ လိုက်ပြပေးပါ့မယ် "
"မြတ်လည်း တီချယ်နဲ့အတူ လာချိုးလိုက်လေ၊ တခြားသူတွေလည်း ချိုးရဦးမှာဆိုတော့ တီချယ်တို့ နှစ်ယောက်ရေချိုးခန်းကို အရင်သုံးကြတာပေါ့ "ဒေါ်သက်လျာကျော်သည် မနက်စာကိတ်မုန့်တစ်ချို့ကို လှီးသည်ကို လက်စသတ်ရင်း မြတ်ကို လှမ်းမေးလိုက်သည်။
"ကောင်းသားပဲ၊ မြတ်လည်း အတူတူချိုးလိုက်မယ်လေ ၊အခုတော့ ဒီဟာလေးကို လတ်စသတ်ဦးမယ် "
"အဲတာဆို အပေါ်ထပ်ကို လိုက်လာပေးနော် " ဟန်နွေရာသည် ဗီရိုထဲက တဘတ်များကို ယူကာ အပေါ်ထပ်ကို တက်လာခဲ့သည် ။
အိမ်က သိပ်မကျယ်တာမို့ လတ်တလောအိမ်ပြောင်းထားတာကြောင့်လည်း ပစ္စည်းတွေက နေရာတကျမဖြစ်သေးပေ။ အိမ်တွင် အခန်းက သုံးခန်းသာ ပါတာကြောင့် မိန်းကလေးတွေ အကုန်လုံးက ဟန်နွေရာအခန်းမှာ အိပ်ရမည် ဖြစ်သည်။ တီချယ်နဲ့ ဟန်နွေရာက အပေါ်ထပ်သို့ တက်သွားစဉ်တွင် မြတ်သည် သူလုပ်ပေးနေသော သစ်သီးလှီးခြင်းကို အလျင်အမြန်ပြီးဆုံးလိုက်စေသည်။
"အန်တီ သမီးကူပေးမယ်" ရှင်းလက်ျာသည် အကြော်တစ်မျိုးကို ပြုလုပ်နေသော ဟန်နွေရာ အမေအနားသို့ သွားကာ ကူညီပေးနေလေသည်။ ထို့ပြင်လည်း မြတ်သတိထားမိသလောက် ရှင်းလက်ျာသည် ဟန်နွေရာအမေအား အလွန်အမင်းကို ဖော်ရွေလေသည်။ ထို့ပြင်လည်း အတော်လေးကို ရင်းနှီးပုံရသည် ။
"အန်တီ မြည်းကြည့်ပါဦး၊ အရသာက ဘာလိုနေသေးလဲ မသိဘူး" ရှင်းလက်ျာသည် အကြော်ကို တစ်ဇွန်းခပ်ကာ ဟန်နွေရာအမေအား မြည်းစေသည်။
မြတ်ကမူ ထိုအဖြစ်အပျက်ကို တိတ်တိတ်လေး ရပ်ကြည့်ကာ ရှင်းလက်ျာပြောသော [ မိန်းကလေးတစ်ယောက်အား ပိုးပန်းခြင်း လမ်းစဉ် ] ကို သင်ယူနေလေသည်။
"အရသာကောင်းတယ်၊ ဒါက သိပ်မကျက်သေးပေမဲ့ ဒီလောက်ပဲ ချက်ထားရမယ်။မဟုတ်ရင် မနက်ကျရင် ပျော့သွားလိမ့်မယ် ၊ သမီးကတော့လေ စာမှာပဲ တော်တာ မဟုတ်ဘူးပဲ၊ အချက်အပြုတ်လည်း တော်သေးတာပဲ၊အစ်မ ကြည်ပြာတို့ကတော့ သမီးရတနာလေးကို ရထားတာပဲ "
"မဟုတ်ရပါဘူး အန်တီရယ်၊ အန်တီဟင်းချက်တဲ့ လက်ရာက အကောင်းဆုံးပဲ၊အိမ်တွေ ဝေးသွားလို့သာ အန်တီလက်ရာ မစားရတော့တာ၊ သမီးကတော့ အန်တီလက်ရာကို လွမ်းနေတာ"
" အဲတာများ သမီးရယ် ဟန်ဟန်နဲ့အတူ လိုက်လာခဲ့လည်း ရတာကို၊ အားလပ်ရက်တစ်နေ့ စာလုပ်ဖို့ အိမ်ကို လာလည်ဦး၊ အန်တီ ချက်ကျွေးမယ် "
"အဲတာဆို သမီး အားတဲ့တစ်နေ့ မေမေနဲ့ လာခဲ့ပါ့မယ် "
"အေးကွဲ့၊ သမီးမေမေတောင် မနက်ကလေးတင် လာကူသေးတယ်၊ ကဲ သမီးနဲ့ အန်တီတို့ စကားကောင်းနေတာနဲ့တင် သမီးရေချိုးဖို့ နောက်ကျပြီ၊ အဝတ်အပိုမပါလည်း ဟန်ဟန်လေး အဝတ်တွေသာ ယူဝတ်တော့ ဟုတ်ပြီလား?"
"ဟုတ် အန်တီ၊ အဲတာဆို အပေါ်တက်ဦးမယ်နော် " ရှင်းလက်ျာသည် လက်သုတ်ကာ ထွက်လာသည်။ မြတ်သည် ရှင်းလက်ျာနောက်ကနေ လိုက်လာခဲ့သည်။
"အကွက်လေးတွေ လှတယ်နော်၊ ရှင်းလက်ျာက ဒီလိုတွေ တော်တာဆိုတော့ ငါလည်း သင်ယူဦးမှပဲ "
"အသီးလိုတော့ အပင်ချိုင်ရတာလေ(သမီးကိုလို အမေပိုင်ရတယ်) ၊ အဲလောက်လေးတော့ မလုပ်တတ်ဘဲ နေမလား? "
"ဟေး ဆံညှပ်ဝယ်ပေးတာ ကျေးဇူးပဲ"
"ပိုက်ဆံသာ ပြန်ပေးဖို့ မမေ့နဲ့ "
"ဟန်နွေရာ အခန်းက ဒါလား? "
ရှင်းလက်ျာနဲ့ မြတ်သည် စကားပြောရင်း အခန်းတံခါးကို တွန်းဖွင့်လိုက်စဉ် မြင်လိုက်ရသော မြင်ကွင်းကြောင့် နှစ်ဦးစလုံးသည် မျက်လုံးများ ဘလင်းဘလင်း ဖြစ်ကာ နှာခေါင်းသွေးပင် လျှံကျလာသည် ။
ဒေါ်သက်လျာကျော်သည် ရေချိုးရန်အတွက် ထဘီရင်လျားထားသည်။ဟန်နွေရာက အရပ်အတော်လေးပုတာကြောင့် ဟန်နွေရာ၏ ထဘီသည် ဒေါ်သက်လျာကျော်၏ ဒူးအထက်သာ ရောက်လေသည်။ ရေချိုးရန်အတွက် ချထားသော ဆံပင်ရှည်များကို ထုံးဖွဲ့နေစဉ် မြတ်နဲ့ ရှင်းလက်ျာက ဝင်လာခဲ့ခြင်း ဖြစ်သည် ။ ဒေါ်သက်လျာကျော်သည် မှန်ထဲကနေ တစ်ဆင့်မြင်နေရသော မြတ်ကို ပြုံးပြလိုက်သည်။ မြတ်သည် ထိုအပြုံးလေးကြောင့် ကိုယ်ခန္ဓာထဲရှိ သွေးကြောများ ပြောင်းပြန်လှန်သွားကိုတော့ ဒေါ်သက်လျာကျော် မသိလိုက်ချေ။
"တီချယ်သက် ဆံပင်ညှပ်ဖို့ မြတ်ဆီမှာ ဆံညှပ်လေး ရှိတယ် " မြတ်သည် ရှင်းလက်ျာပေးထားသော ဆံညှပ်လေးကို ယူကာ ပေးလိုက်သည်။
"တီချယ် မြတ်လုပ်ပေးလို့ ရမလား "
ဒေါ်သက်လျာကျော်သည် ခေါင်းသာ ညိမ့်ပြလိုက်မိသည် ။ မြတ်သည် ဒေါ်သက်လျာကျော်၏ ဆံပင်ကို ထိလိုက်သည်နှင့် သူ၏ တစ်ကိုယ်လုံးသို့ ကြည်နူးပီတိအဟုန်သည် ပျံ့နှံ့သွားသည်။ တစ်စုံတစ်ယောက်ကို သဘောကျခြင်းသည် ထိုကဲ့သို့သော ခံစားချက်ကို ပေးနိုင်လေသည် ။ ထိုသူနဲ့ ပတ်သက်သော အရာရာတိုင်းကို တန်ဖိုးထားတတ်တာမျိုး၊အထူးတလည် မဟုတ်ပေမဲ့ သူနဲ့ပတ်သက်တဲ့ အရာသေးသေးဘေးက အစ အလေးထားတတ်နေမိပြန်သည် ။ မြတ်သည် ဒေါ်သက်လျာကျော်ကို သဘောကျစချိန်တွင် ယခုကဲ့သို့ ဒေါ်သက်လျာကျော်၏ ဆံပင်များကို ထိတွေ့ရလျှင် မည်သို့နေမည်ကို အမျိုးမျိုးတွေးခဲ့သည်။ ယခုကဲ့သို့ အမှန်တကယ်ထိတွေ့ရသည်အချိန်တွင်မူ သူသည် စကားဖြင့် ဖော်မပြနိုင်သော ခံစားချက်ကို ရနေသည်။
အမျိုးသမီးတစ်ဦးကို ချစ်မြတ်နိုးမိတဲ့ ခံစားချက်လေးက ထူးခြားလှပါဘိ။
မြတ်သည် ဆံပင်များကို သေသေချာချာသိမ်းစုကာ ဆံညှပ်ကလေးဖြင့် သိမ်းညှပ်လိုက်၏။ ဖြူဝင်းသော ဂုတ်သားလေးတွေက နီယွန်မီးသီးအလင်းရောင်အောက်မှာ စိုမြမြလေး ဖြစ်နေသည်။ချထားသော ဆံကောသာကို သိမ်းဆည်းလိုက်သည် ဖြစ်ရာ လည််တိုင်ကျော့ကျော့လေးက လှညှို့သွယ်နေလေသည်။အော် .. တယ်လည်း လှတဲ့ အမျိုးသမီးပေကိုး ။
" မြတ် စောင့်နေနှင့်ဦး၊ တီချယ် မြန်မြန်လေး ချိုးလိုက်မယ် "
"ဟုတ်ကဲ့ " မြတ်သည် ထိုင်ခုံတွင် အသာခို့ယိုထိုင်ကာ ပြုံးမိတော့သည်။ ရှင်းလက်ျာ၏ ကျေးဇူးကြောင့် မိမိသည် ဒေါ်သက်လျာကျော်၏ ဆံကေသာကို ထိခွင့်ရသည်မို့ ကျေးဇူးတင်ရန် ဟန်ပြင်လိုက်စဉ် တွေ့လိုက်ရသည့် မြင်ကွင်းကြောင့်မြတ်သည် မျက်နှာမည်းမှောင်ကာ တစ်ဖက်သို့ ပြန်လှည့်လာခဲ့သည်။
ခဏအကြာတွင် ဟန်နွေရာက တစ်ခြား ရေချိုးခန်းဖက်ကို ဝင်သွားလေသည်။
" ညစ်ညမ်းလိုက်တဲ့ မျက်နှာထားနဲ့ မကောင်းတဲ့လူပဲ၊ အခန်းထဲမှာ နင်တို့ ၂ ယောက်ထဲ မဟုတ်ဘူးဆိုတာကိုရော သတိရသေးရဲ့လား? ငါက ကျေးဇူးတင်စကားဆိုမို့ဟာကို တော်ပါပြီလေ"
"မနာလို ဖြစ်မနေနဲ့၊ ဒီလိုမျိုး အခွင့်အရေးတွေက ရွယ်တွေပဲ ခံစားလို့ရတာမျိုးမို့လို့ နင်က နားလည်နိုင်မှာ မဟုတ်ဘူး၊ ဟူးးး ဟန်ဟန်က အတော်လေးကို ကြီးပြင်းလာပြီပဲ "
"အားး မုန်းစရာကောင်းလိုက်တာ "မြတ်သည် စကားကို ကပ်ဖဲ့ကာ ပြောနေသော ရှင်းလက်ျာကို ခေါင်းအုံးနဲ့ လှမ်းရိုက်လိုက်သည်။
"အဲထက် မုန်းစရာကောင်းတာ ရှိသေးတာမို့လို့ တစ်ယောက်ထဲ ဆွေးမြေ့ပြီး ခံစားကြည့်ပါဦး " ရှင်းလက်ျာသည် အဝတ်များနဲ့ တဘတ်ကို ကောက်ယူလိုက်သည်။
"ဟန်ဟန် ရေချိုးခန်း တံခါးဖွင့်ပေးဦး"
"ဘာလုပ်မလို့လဲ "
" ငါရေချိုးမလို့ "
ဟန်နွေရာ၏ ရေချိုးခန်းသည် အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် တံခါးကို နည်းနည်းလေး ဟပေးသည် ။ရှင်းလက်ျာသည် မြတ်ကို လျှာထုတ်ပြောင်ပြပြီးနောက် ဟန်နွေရာ၏ ရေချိုးခန်းထဲကို ဝင်သွားလေသည်။
(အဟမ်း ರ_ರ)
"ဂါးးး ဒီအီကြာကွေးတွေကတော့လေ "
မနက်ခင်းစောစောထရန်အတွက် ညကို စောစောအိပ်ခဲ့ကြသည်။ တစ်ယောက်နေအခန်းလေးအတွင်း လေးယောက်အိပ်ရတာကြောင့် တီချယ်သက့်ကို တစ်ယောက်ထဲ သီးသန့်အိပ်ရာပေးချင်ခဲ့သော်လည်း သူ့ထံတွင် နှစ်ယောက်အိပ် မွေ့ရာသာ ရှိသည်။ အိမ်ကို ဧည့်သည့်လာလေ့လာထသိပ်မရှိတာကြောင့် ခေါင်းအုံးအပို၊စောင်အပိုက သိပ်မများပေ။ နောက်ဆုံးတွင် ဟန်နွေရာသည် မြတ်နဲ့တီချယ့်ကို အတူအိပ်ရန် တောင်းဆိုလိုက်ရပြီးစောင်နဲ့ ခေါင်းအုံးပါ ပေးလိုက်သည်။သူနဲ့ ရှင်းလက်ျာကတော့ ခေါင်းအုံးတစ်ခုထဲမှာ စောင်တစ်ထည်ထဲ ခြုံရန်ဖြစ်လာသည်။ ရှင်းလက်ျာ အနှောင့်အယှက်မဖြစ်စေဖို့သာ သူဆုတောင်းမိသည်။
{ ရှင်းလက်ျာ - အဖြေက သေချာပေါက် မဖြစ်ဘူး၊ လုံးဝကို အနှောင့်အယှက်မဖြစ်ဘူး၊ ဒီလိုမျိုး တစ်သက်လုံးလည်း အိပ်ဆိုရင်လည်း အိပ်လို့ ရတယ် ಡ ͜ ʖ ಡ}
မြတ်သည် မှောင်ရိပ်ထဲက တီချယ်၏ ခန္ဓာကိုယ်လေးကို ကြည့်နေမိသည်။ အခန်းမီးပိတ်ထားတာကြောင့် လုံးဝကို မှောင်မည်းနေတာမျိုးတော့ မဟုတ်ချေ။ တစ်ဖက်နံရံနားက ဟန်နွေတို့ဆီက ရုပ်ရှင်ကြည့်နေသည့် အသံတိုးတိုးနှင့် လက်တော့ပ်က ထွက်သော ပလင်းရောင်တို့ကြောင့် မြင်နိုင်နေသေးသည်။ မြတ် သူ့အား နောက်ကျောခိုင်းကာ အိပ်နေသော တီချယ့်ကို ကြည့်ကာ သူသည် အနားကို တိုးဖို့ မဝံ့မရဲ ဖြစ်နေသည် ။ နေရာအသစ်၊ အိပ်ရာအသစ်မို့ အိပ်ပျော်ရန် ခက်ခဲနေသည်ကို မြတ်သိပါသည်။ ထို့ကြောင့် အားတင်းကာ တီချယ့်၏ ပခုံးလေးကို ဖွဖွပုတ်လိုက်သည်
"တီချယ် အိပ်ရခက်နေလား "
" နေရာစိမ်းမို့ နည်းနည်းလေးအနေခက်နေတာပါ "
ပြီးနောက် လေထုသည် တဖန်ပြန်လည်တိတ်ဆိတ်သွားသည်။ ရုပ်ရှင် ကြည့်နေရာမှ ထွက်နေသော ဇာတ်ဝင်တေး ဆွေးဆွေးမြေ့မြေ့လေးကသာ ပျံ့လွင့်နေလေသည် ။
"တီချယ် မြတ် သီချင်းဆိုပြရမလား?"
" လူတွေ အိပ်နေတာကို "
" တီချယ့်အနားကို ကပ်ပြီး တိုတိုးလေး ဆိုပြမယ်လေ "
ဒေါ်သက်လျာကျော်သည် တခဏမျှ ကြာပြီးနောက် ကောင်းပြီဆိုသော အသံလေး ထွက်ပေါ်လာသည်။ မြတ်သည် သူ၏ ခေါင်းအုံးကို တီချယ်နားသို့ ရွှေ့လိုက်သည်။ဒေါ်သက်လျာကျော်ကလည်း မြတ်ဖက်ကို လှည့်လိုက်တာကြောင့် မျက်နှာနှစ်ခုသည် ထိလုမတတ် နီးကပ်နေလေသည်။ ယခုအချိန်သာ နေ့အချိန်ဖြစ်ပါက မြတ်သည် ဒေါ်သက်လျာကျော်၏ ရှက်သွေးဖြာနေသော မျက်နှာလေးကို တွေ့ရဦးမည် ဖြစ်သော်လည်း ယခုက ညအချိန်။
" မြတ် ဆိုပြမယ်နော် "
🎶အချစ်က အသိခက်တဲ့ ကဗျာလေးပဲ
ခွင့်လွတ်ချစ်တတ်အောင် တို့ကြိုးစားကြည့်တယ်
လျှို့ဝှက်ချက်များစွာထဲ အမြဲတမ်းတဝဲလည်လည်
မှားလည်းလေ မှားပါစေတော့ကွယ်
အပြစ်မမြင်ပါဘူး
ချစ်ချင်တာပဲ သိတဲ့နောက်
ဖြစ်သမျှဟာ အကောင်းပဲပေါ့
မင်း ရင်ခွင်ထဲ ခွဲခွာနေဖို့ မရဲပါဘူး
အနားနားမှာ အမြဲချစ်ပါရစေ🎶
အမှောင်ထဲက တိုးလျလျသံလေးသည် ဒေါ်သက်လျာကျော်၏ နားစည်လေးအတွင်းသို့ တသိမ့်သိမ့်တိုးဝင်ကာ ရင်တွင်းက လှိုင်းလေးတွေကလည်း တငြိမ်ငြိမ့်သာနေလေသည်။ ကလေးအသံနဲ့ လူငယ်အသံကြားထဲက အသံလေးက ခပ်တိုးတိုးဆိုသောအခါတွင် ရင်ထဲ ဖိုမိတော့သည်။
" တီချယ် မအိပ်သေးရင် မြတ်တို့ အကြောင်းအရာ တစ်ခုခုကို ပြောကြရင် ကောင်းမလား?
မြတ်သည် သူ၏ ကိုယ်ကို အနည်းငယ်ကွေးကာ တီချယ့်အနားကပ်ကာ အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
(ဒီလိုအသံကို သိကြလား မသိဘူး၊ စုံတွဲတွေလေ အိပ်ခါနီး ရိုမန့်တစ်ဆန်ဆန် စကားပြောကြရင်လေ ကောင်လေးက သူ့ကောင်မလေးကို နူးနူးညံ့ညံ့လေး ကြည့်ရင်းနဲ့ အသံနိမ့်နိမ့်လေးနဲ့ ပြောတာမျိုးကွာ ၊အဲလို အသံလေးနဲ့ ပြောတာ၊ အခု အတွဲမရှိသေးရင်လည်း ရှိတဲ့အခါ ပြောကြည့်၊ အရမ်းကို ရင်ခုန်စရာကောင်းတယ်။ BTW ကျွန်မလည်း မကြားဖူးသေးပါဘူး )
"ဘာအကြောင်းပြောကြမလဲ "
" မေးခွန်းတွေ မေးကြရင်ရော ၊ အခုက တစ်ယောက်နဲ့တစ်ယောက် အကြိုက်တွေ အကြောင်း သိပ်မသိကြသေးဘူးမလား? အဲလိုဆို စိတ်ဝင်စားစရာကောင်းမယ်။ "
" အင်း၊ မြတ် ကော်ဖီကြိုက်လား? လက်ဖက်ရည် ကြိုက်လား?"
"တီချယ်ကရော ဘာကို ကြိုက်လဲ?"
"ကော်ဖီ "
" မြတ်က တီချယ့်ကို ကြိုက်တယ်။ နောက်တစ်ခုက မြတ်မေးမယ့် အလှည့်ပဲ"
"လူလည်ကျတာတွေ မမေးနဲ့နော်"
" မမေးပါဘူး၊ မြတ် အခုချိန်က စပြီး တီချယ့် ဘယ်သွားသွား နောက်က လိုက်လို့လို့ ရနိုင်မလား?"
"အဲလို လိုက်လို့ မဖြစ်ပါဘူးနော်၊ မြတ်လည်း ကိုယ့်ဘာသာ လုပ်ရမယ့် အလုပ်တွေ ရှိသေးတာကို"
"အာ အဲလိုလား? အဲလိုအတိုင်းသာဆို မေမေတော့ ဝမ်းနည်းနေတော့မှာပဲ "
"ဟင် ဘာလို့ "
"မေမေက ပြောတယ် ကိုယ့်အိမ်မက်နောက်ကို လိုက်ရမယ်လို့ မှာထားတယ်လေ၊ ဟူးးး မေမေတော့ တကယ့်ကို စိတ်ထိခိုက်မှာပဲ "
ဒေါ်သက်လျာကျော်သည် သူ့အား ပရောပရည်ဆိုနေသော ကောင်မလေး၏ နားရွက်ဖျားလေးကို ဆိတ်လိုက်သည်။
" စကားအတော်တတ်တာပဲ "
"တီချယ် မြတ် အတည်ပြောမယ်နော်"
" အင်း ပြောလေ"
" တီချယ့်က အနာဂတ်ကနေ ခရီးသွားလာတာလား?"
"အယ် ပေါက်ပေါက်ရှာရှာပါတော် ဘယ်လိုလုပ်ဖြစ်မှာမို့တုန်း "
"မသိဘူးလေ မြတ်ရဲ့ အနာဂတ်ထဲမှ တီချယ့်ကို တွေ့လိုက်ရလို့လေ"
"ကဲ ဒီကလေးမကတော့ ပြောလေ ကဲလေပါလား "
"ဟီး ဟီး တီချယ်ကလည်း ချစ်လို့ စတာလေးကို "
"ကဲ တော်ပါတော့ အိပ်ကြမယ် "
မြတ်သည် အရဲစွန့်ကာ တီချယ့်၏ နဖူးလေးကို နမ်းလိုက်သည်။တီချယ့်က ငြင်းဆန်ခြင်းလည်း မပြုသကဲ့သို့ လက်ခံသည်ဟုလည်း မဆိုချေ။ အခန်းထဲ လေအေးပေးစက်သည် တဖြည်းဖြည်းအေးလာတာကြောင့် မြတ်သည် တီချယ့်အတွက် စောင်ကို ဆွဲတင်ပေးလိုက်သည်။ ပြီးနောက် အတူအိပ်စက်လိုက်သည်
ထိုစဉ် အခန်း၏ တခြားထောင့် တစ်နေရာက ရှင်းလက်ျာနဲ့ ဟန်နွေရာနဲ့ ရှင်းလက်ျာကမူ ရုပ်ရှင်ကြည့်နေရင်း အငြင်းပွားနေပုံရသည်။ တိုးတိုးတိတ်တိတ်ကနေ ဆိုးဆိုးရွားရွားပင် ဖြစ်လာတာကြောင့် မြတ်သည် သည်းမခံနိုင်တော့ချေ။ ထို့ကြောင့် သူတို့ နှစ်ယောက်ရှိရာ နေရာသို့ သွားကာ ခြင်ထောင်လှန်ပြီး ပြောလိုက်သည်။
"နင်တို့ နှစ်ယောက် Netflix and chill လုပ်ချင်တယ်ဆိုရင်လာ်း ၂ ယောက်ထဲရှိခါမှ လုပ်ကြပါလား? အခု တီချယ်အိပ်နေပြီ၊ ကျေးဇူးပြုပြီး တိုးတိုးနေကြပါ "
" နင်သာ သွားစမ်းပါ၊ အလိုက်အထိုက် မသိတဲ့ သတ္တဝါပဲ" ရှင်းလက်ျာသည် သူတို့ ခြင်ထောင်ထဲ ခေါင်းဝင်လာသော မြတ်ကို တွန်းထုတ်လိုက်သည်။ ပြီးနောက် သူသည် လက်တော့ပ်ကို ပိတ်ပြီး ဟန်နွေရာကိုပါ စောင်ထဲသို့ ဆွဲသွင်းလိုက်တော့သည်
"ရှင်းလက်ျာ Netflix and chillက ဘာလဲဟင် "
" နောက်ဆို ငါ နင့်ကို သင်ပေးမယ်၊ အခု အိပ်တော့!"
(A/N -Netflix and chill" သည် အချစ်ရေးတွင် လက်တွဲဖော်နှင့် ပေါ့ပေါ့ပါးပါး လိင်ဆက်ဆံခြင်း သို့မဟုတ် အုပ်စုလိုက် လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုအတွက် သုံးသော အင်တာနက်ဘန်းစကားတစ်ခုဖြစ်သည်။)
Thanks for reading
"ဟန်နွေရာ အခန်းက ဒါလား? "
ရှင်းလက်ျာနဲ့ မြတ်သည် စကားပြောရင်း အခန်းတံခါးကို တွန်းဖွင့်လိုက်စဉ် မြင်လိုက်ရသော မြင်ကွင်းကြောင့် နှစ်ဉီးစလုံးသည် မျက်လုံးများ ဘလင်းဘလင်း ဖြစ်ကာ နှာခေါင်းသွေးပင် လျှံကျလာသည် ။
"ဘာလုပ်မလို့လဲ "
" ငါရေချိုးမလို့ "
(အဟမ်း ರ_ರ)
"တီချယ် အိပ်ရခက်နေလား "
" လူတွေ အိပ်နေတာကို "
" မြတ် ဆိုပြမယ်နော် "
အပြစ်မမြင်ပါဘူး
You are reading the story above: TeenFic.Net