တီးတောင်
အိမ်ရှေ့တွင် ဘဲလ်နှိပ်လိုက်တာကြောင့် အထဲမှ အမျိုးသမီး တစ်ဦးထွက်လာသည်။ဒေါ်သက်လျာကျော်နှင့် မြတ်သည် အဆိုပါ ပတ်ဝန်းကျင်အသစ်သို့ အိတ်ငယ်လေးတွေ ကိုယ်စီ ဆွဲလျက် ရပ်နေကြသည် အချိန်ကလည်း ညနေအချိန်ဖြစ်နေတာကြောင့် ကျနေသည် ပို၍ပင် ပူအိုက်စေသည်။ သူတို့နှစ်ဦးသည် ထိုအိမ်လိပ်စာကို တွေ့ရန် အတော်ကြာ လိုက်ရှာခဲ့ရသည်။
"ဒါ ဟန်နွေရာရဲ့ အိမ် ဟုတ်ပါသလားရှင့် "
" ဟုတ်ပါတယ် ၊ ဘယ်သူတွေများပါလဲ?"
"ကျွန်မက ဟန်နွေရာရဲ့ အင်္ဂလိပ်ဆရာမပါ၊ သူက ဟန်နွေရာ သူငယ်ချင်းပါ၊ဟန်နွေရာက ဒီနေ့ အိမ်အသစ်တက်ပွဲရှိတယ်ဆိုလို့ ကူညီပေးဖို့ လာရောက်ခဲ့တာပါ "
"ဆရာမလေးတို့ကိုး၊ အထဲကိုဝင်ပါ၊ မြင်တဲ့အတိုင်း အလုပ်တွေ ရှုပ်နေတာဆိုတော့လေ ရုတ်တရက် မမှတ်မိဘူး ဖြစ်သွားတယ်။ ဆရာမလေးတို့က တကူးတက ကူညီဖို့ လာရောက်တာဆိုတော့ ကျွန်မလည်း အားနာမိပေမဲ့ တကယ်ကို အကူအညီရပါတယ်။ "
" ဟုတ်ကဲ့ပါရှင်" ဒေါ်သက်လျာကျော်သည် အဝတ်အိတ်သေးသေးလေးကို ဆွဲရင်း ထိုအမျိုးသမီးနောက်ကို လိုပ်ခဲ့လေသည်။
"မြတ်တောင် အတော်လေး အရွယ်ရောက်နေပြီပဲကိုး ၊ အန်တီလည်း သမီးတို့ အထက်တန်းရောက်ထဲက သူ့အဖေအလုပ်ကိစ္စတွေနဲ့ ရှုပ်နေတာဆိုတော့ မတွေ့ဖြစ်တာကြာလို့ မြတ်က လှလို့ပလို့ပါဖြစ်နေတာပဲ ၊ သမီးသူငယ်ချင်းကတော့ အခုထိ သူငယ်နှပ်ချေးတောင် မစင်သေးဘူး ၊ ဒီကလေးမနဲ့တော့ ခက်တယ်သမီးရယ်၊အခုလည်း ရှင်းလက်ျာကို ခေါ်ပြီး ပန်းသွားဝယ်ခိုင်းလိုက်တာ ဘယ်ချိန်ပြန်လာမလဲတော့ မသိပါဘူး "
" ဟန်နွေရာက အဲလိုပါပဲ၊ ငယ်ငယ်တုန်းက အတိုင်းပဲ "
" ဆရာမလေး ကိုယ့်အိမ်ကိုယ်ရာလို လွတ်လွတ်လပ်လပ်နေကြနော်။ အိမ်က အခုမှ ပြောင်းလာတာဆိုတော့ အိမ်က မသပ်မရပ်ဖြစ်နေတယ်ကွဲ့၊ အန်တီလည်း တခြားဟာတွေ လုပ်ရဦးမယ် "
"ဒေါ်ကြည်ရေ ဦးလေးက ဘုန်းကြီးထိုင်မယ့်နေရာကို ပြင်ထားတာ ကြည့်ပေးပါဦးတဲ့ " မြတ်တို့စကားပြောနေစဉ် အိမ်အပေါ်ထပ်က လူငယ်တစ်ဦးသည် လှမ်းပြောတာကြောင့် ဒေါ်ကြည်သည် အိမ်ပေါ်တက်သွားသေသည်။
"တီချယ် မြတ်တို့အထဲ ဝင်ကြတာပေါ့"
ဟန်နွေရာနဲ့ ရှင်းလက်ျာသည် အစိုးရဝန်ထမ်းသားသမီးဖြစ်တာကြောင့် သူတို့သည် ငယ်စဉ်ကပင် ဌာနဆိုင်ရာက ပေးထားသော အိမ်ခန်းသေးသေးလေးတွင် ကြီးပြင်းလာရသည်။အလယ်တန်းရောက်သောအခါ ရှင်းလက်ျာအဖေက ရာထူးတိုးကာ နယ်ပြောင်းသွားရပြီး ရှင်းလက်ျာက သူ့မိခင်နဲ့အတူ အပြင်တိုက်ခန်းသို့ ပြောင်း
ရွှေ့နေထိုင်ခဲ့သည်။ ဟန်နွေရာတို့မိသားစုကမူ အခုမှ အိမ်အသစ်ဝယ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ခြံက သိပ်မကျယ်ပေ။ ထိုအထဲတွင် နှစ်ထပ်အိမ်နှင့် ပန်းပင်စိုက်ရာ အတန်းလေးရှိသည်။ အိမ်လေးသည် မြတ်တို့အတွက် မကြီးကျယ်စေကာမူ သာမန်မိသားစုလေးအတွက်ကတော့ ကိုယ်ပိုင်ရိပ်မြုံလေးရရှိခြင်းသည် အမှန်တကယ်ကို ကြည်နူးပီတိဝေဆာစေမည် ဖြစ်သည်။
" တီချယ် မြတ်တို့လည်း တစ်နေ့ကျရင် အခုလို ကိုယ်ပိုင်အိမ်လေး ရလာခဲ့ရင် ခံစားချက်လေးက အရမ်းကို ကောင်းမှာပဲနော်"
ဒေါ်သက်လျာကျော်သည် ပြုံးယောင်လေး ပြုံးနေပြီး မည်သည်ကိုမှ ထပ်မဆိုချေ။
" ဘာတွေ ဖြစ်လာမယ်မှန်း မသိလို့ ဘယ်လိုကတိမျိုးကိုမှ မတောင်းရဲသေးဘူး၊မြတ် တစ်ခုတော့ တီချယ့်ကို ပြောချင်တယ်၊ မြတ် တီချယ့်ကို စိတ်ရင်းနဲ့ သဘောကျတယ် "
" အခုလောလောဆယ်တော့ ကျောင်းစာကိုပဲ အာရုံစိုက်ထားနော်၊ တီချယ်တို့ အထဲဝင်ကြရအောင်"
ပတ်ဝန်းကျင့်အသစ်ကို ပြောင်းလာသူများဖြစ်တာကြောင့် လူစိမ်းများဖြစ်နေစေကာမူ ရုပ်ကွက်ထဲက အဒေါ်ကြီး သုံးလေးယောက်က ထိုပွဲတွင် ကူညီနေလေသည်။ မနက်အာရုံဆွမ်းအတွက် ပြင်ဆင်နေကြသည် ဖြစ်ရာဒေါ်သက်လျာကျော်သည် ထိုသူများနဲ့ အတူထိုင်ကာ ကူညီပေးလေသည်။ မြတ်ကမူ ဘေးတွင် ထိုင်ကာ အခွံနွှာတာလောက်ပဲ ကူညီ ဖြစ်သည်။
"ဆရာမက အသားအရည်လေးဆို ဝင်းပနေတာပဲ၊ အသက်လေးဆယ်နီးပါးတောင် မထင်ရဘူး ၊ ဆရာမက အခုထိ အိမ်ထောင်တွေ ဘာတွေမပြုသေးဘူးလား? ဘယ်လိုပဲ ဖြစ်ဖြစ်လေ အိမ်ထောင်ရက်သားလေး ပြုကာမှ နောင်ရေးအတွက် စိတ်အေးရတာပေါ့၊ ကျွန်မဆို အခုဖြင့် အသက်က လေးဆယ့်ငါးရှိပြီ၊ သားအကြီးတောင် ဘွဲ့တွေကလို့ အိမ်ထောင်ရက်သားကျနေပြီ "
" ကျွန်မက အလုပ်တွေ ရှုပ်နေတာနဲ့ အချိန်တွေ ရွှေ့ရင်း နှောင်းသွားတယ် ထင်ပါ့၊ " ဒေါ်သက်လျာကျော်သည် ယခုကဲ့သို့သော စကားများကို နေသားကျနေပြီ ဖြစ်ရာ လိုက်လျောညီထွေအောင် ပြောဆိုလိုက်သည်။ ထိုကဲ့သို့သော ရပ်ကွက်အတွင်းက အဒေါ်ကြီးတို့သည် တခဏမျှသော အတင်းအဖျင်းတို့ကို ဆက်ကာဆက်ကာ ပြောနေလေသည်။
တစ်ဖက်က အဆင်ပြေနေသလောက် မြတ်က အဆင်မပြေချေ။ ငယ်ရွယ်သူမို့ မရင့်ကျက်လေသလောတော့ မသိချေ။ တစ်ပါးသူက တီချယ့်ကို ထိုကဲ့သို့ မေးလာသည်ကို မနှစ်သက်ပါ။ လူဟူ၍ သတ္တဝါတစ်မျိုးးသည် မွေးဖွားလာရသည့်အကြောင်းပြချက်က ရှင်သန်နေထိုင်ရန် ဖြစ်ပြီး မျိုးဆက်ပြန့်ပွားစေရန် မဟုတ်ချေ။ သို့သော်လည်း လူတိုင်းက ထိုကိစ္စကိုသာ အာရုံစိုက်နေသည်က ပို၍ပင် စိတ်ညစ်စရာကောင်းလှသည်။ ထိုကဲ့သို့သာ အတုအယောင် ပတ်ဝန်းကျင်တွင် တစ်ချိန်တွင် သူတို့သည်လည်း ရင်ဆိုင်ရမည်ကို တွေးမိသောအခါတွင် သူသည် စိတ်အားငယ်လာသည်။ သူသည် ခေါင်းငိုက်စိုက်ကာ ထိုစကားဝိုင်းကို တိတ်တိတ်လေး နားထောင်ပေးနေသည်။
" မြတ် အဆင်မပြေရင် အပြင်ကို ခဏလောက် လမ်းထွက်လျှောက်လိုက်ပါလား၊ တီချယ်တို့က ခဏနေရင် ကြော်လှော်ချက်ပြုတ်တော့မှာမို့လို့ အညှော်မိနေမယ် "
"ဟုတ် တီချယ် " မြတ်သည် သက်ပြင်းအသာချကာ ပတ်ဝန်းကျင်က သူ့ အပြင်ထွက်လာခဲ့သည်။
သူသည် တီချယ့်အား အစစ်အမှန်ပင် သဘောကျသည်ဖြစ်ပြီး ထိုအရာသည် ဆယ်ကျော်သက်အရွယ် စိတ်လှုပ်ရှားမှုဟု ထင်မှတ်ရမလား မသိချေ။အဘယ်ကြောင့် ဆိုသော် သူသည် ဆယ်ကျော်သက် အထက်တန်းကျောင်းသား ကလေးသာ ရှိပြီး ဤလောကထဲဝယ် အရာပင်မထင်သေးသော အမှုန်လေးတစ်ခုပင် ဖြစ်သည်။ မြင်နိုင်ရဖို့အတွက်ကို အရမ်းကို သေးငယ်နေသေးသည်။ သူနေထိုင်ရာ ပတ်ဝန်းကျင်သည် သူ့အား အမြဲတစေ ကာကွယ်ပေးကာ ထိုနေရာသည် သူ့အား တခြားသောကလေးများကဲ့သို့ ခက်ခဲသော ဘဝဆိုတာကို မသိနားလည်စေလျက် သူ၏ လှပသော အမွှေးတောင်များကိုပင် ဖုန်မပေစေခဲ့ပေ။
ထိုမျှအထိ နူးညံ့သော ပတ်ဝန်းကျင်မှာ ရှင်သန်လာရသော သူ့အား တီချယ့်သက်က မယုံကြည်သည်က သဘာဝကျသည်။သူသာဆိုလျှင်လည်း ယုံကြည်မိနိုင်မည် မဟုတ်ချေ။ လက်ခံပေးဖို့ အင်း အားနည်းလွန်းတယ်လို့ ထင်ရတယ် မလား။ အမှန်တကယ် မာယာများလှသော လောကကြီးကို ရင်ဆိုင်ရတဲ့အချိနတွင် သူသည် ထိုအရာတို့ကို မယုံကြည်နိုင်ဘဲ ထွက်ပြေးမိလိမ့်မည်ဟု ခံစားနေရသည်။ ငယ်ရွယ်စဉ်က အချစ်ပုံပြင်တွေက မနူးမနပ်အရွယ်မှ စတင်ကြသည်တဲ့၊ စနိုးဝှိုက်ပုံပြင်တောင်တောင်မှ ၁၄ နှစ်အရွယ်မှပဲ ဖြစ်ခဲ့တာ မလား။
ရှေ့လျှောက်ရမည့် ခရီးက ရှည်သေးသည်။ ယခုကတည်းက စိတ်လျှော့၍ မဖြစ်မှန်း သိသော်လည်း.....။
မတန်သည့်ပန်းကိုမှ တုံးခုလို့ လှမ်းမိပြီလား.....။
အသက်ဝင်လှုပ်ရှားနေသော ကမ္ဘာလောကကြီးရဲ့ တနေရာက နေဝင်ရီတရော အချိန်က သူ့အား ပို၍ပင် စိတ်အားငယ်စေသည်။ မြတ်သည် အိမ်အတွင်းဖက်သို့ လှမ်းကြည့်လိုက်သည်။ သူ၏ ကမ္ဘာကြီးကမူ တောက်ပသော အပြုံးလေးနှင့် တည်ရှိနေလေသည်။
ထိုတည်ရှိမှုလေးကပင် အဖိုးတန်နေလွန်းတာမျိုး..။
*****
မေမေက ပန်းဝယ်ခိုင်းလိုက်တာကြောင့် ဟန်နွေရာသည် ရှင်းလက်ျာ၏ စက်ဘီးနောက်ခုံတွင် ခွထိုင်လျက် ပန်းဆိုင်သို့ သွားနေသည်။ အိမ်နေရင်း JJဘောင်းဘီကို ဝတ်ထားပြီး တီရှပ်အပွကိုသာ ဝတ်ထားသော ရှင်းလက်ျာ၏ နောက်ကျောပြင်သည် သူ့အတွက်တော့ အခုလို စက်ဘီးလိုက်စီးသည့်အခါတိုင်း သူ့အား ကျေနပ်စေသည်။ ထိုနောက်ကျောကပင် သူ့အား ကျေနပ်ရောင့်ရဲစေတတ်ဖို့ အရာရာကို သင်ပြပေးခဲ့သည်။ တစ်ခါလောက် ထိုနောက်ကျောကိုသာ ဖက်တွယ်ရမယ်ဆိုရင် အဲသလိုအတွေးမျိုးတွေ ရှိနေခဲ့ပေမဲ့ အကယ်၍များ ပိုပြီး ဝေးကွာစေခဲ့လျှင် သူသည် အခုလို အခြေအနေနဲ့ ရှင်းလကျာ်နဲ့ မထိုက်တန်ပေ ။ ထို့ကြောင့်ပင် ငေးကြည့်နေရုံလေးနဲ့ ကျေနပ်နေခဲ့သည်။
ငယ်ငယ်ကတည်းက ဒီလိုအခြေအနေအတိုင်းပဲ ရှင်းလက်ျာရဲ့ စက်ဘီးနောက်မှာ ထိုင်နေရတဲ့သူက သူဖြစ်ခဲ့ပြီး နောက်အချိန်တွေ အကြာကြီးအထိ အတူ ထပ်ရှိနေခဲ့ပြီး သက်ဆိုင်သူမဖြစ်ရင်တောင် ပတ်သက်သူလေး ဖြစ်ခွင့်ရချင်သည်။ ဒီတိုင်းလေးပဲ လုံလောက်သည်။
"ဟန်ဟန် ပန်းဆိုင်ရောက်ပြီ "
"အော် အေးအေး ငါ့အမေ ဝယ်ခိုင်းလိုက်တာကို မေးလိုက်ဦးမယ် "
ရှင်းလက်ျာသည် စက်ဘီးပေါ် ခွလျက်ပင် ဟန်နွေရာကို စောင့်နေခဲ့သည်။ ထိုစဉ် သူသည် တစ်ဖက်လမ်းက အမျိုးသမီး ဆက်စပ်ပစ္စည်းတွေ ရောင်းသော ဆိုင်တွင် သူ့အား တစ်စုံတစ်ခုက ဆွဲဆောင်လိုက်သည်။လိပ်ပြာပုံစံလေး ရှိသော ဆံပင်ညှပ်သည့် ကလစ်ပုံစံဖြစ်သည်။ ဟန်နွေရာသည် သူ၏ ဆံပင်ရှည်များကို ခေါင်းလျှော်ထားသော နေ့မှ လွဲ၍ ကျန်သော နေ့များတွင် ချထားလေ့မရှိချေ။ ဆံထုံးထားသည် မဟုတ်လျှင် ကျစ်ဆံမြီးလေး ကျစ်ထားသည်။ရှင်းလက်ျာသည် တစ်ခါလောက် ဟန်နွေရာကို ဆံပင်ချထားသည့်ပုံစံကို မြင်ချင်ခဲ့သည်။
"ရှင်းလက်ျာ ငါ ဝယ်ပြီးပြီ အယ် နင်ဘာကြည့်နေတာလဲ "
ဟန်နွေရာသည် ရှင်းလက်ျာကြည့်နေသော စင်ဖက်ကို လျှောက်လာသည်။
"ဆံပင်ညှပ်တဲ့ကလစ်တွေပဲ၊ နင်က ဆံပင်တိုတိုလေးပဲ ရှိတာကို ဘာလုပ်ဖို့လဲ"
"နင့်ဆီမှာ ဆံပင်ရှည်တွေ ရှိတယ်လေ၊ ဟန်ဟန် နင် ဘာအရောင်လေး လိုချင်လဲ "
" ငါက အရောင်တော်တော်များများကို ကြိုက်တယ်"
"အစ်မ အဖြူလေးတစ်ခု၊ အကြည်လေးတစ်ခု၊ အပြာရောင်လေးတစ်ခုနဲ့ သက်တံ့ပုံလေး တစ်ခု အာ ပြီးတော့ ပန်းရောင်လေးရောပဲ ပေးပါ "
" တစ်ခုဆို ရပြီကို "
" အရင်ဆုံး တပ်ကြည့်ရအောင် "
"ညီမလေး မှန်က ဟိုဖက်မှာပါ ၊ခေါင်းဖီးတွေလည်း ရှိပါတယ် "
" လာ သွားစမ်းကြည့်ရအောင် " ရှင်းလက်ျာသည် ဟန်နွေရာ၏ လက်ကို ဆွဲကာ အထဲသို့ ဝင်သွားလေသည်။
ဟန်နွေရာသည် စိတ်အားထက်သန်နေသော ရှင်းလက်ျာကြောင့် သူ၏ ဆံပင်ထုံးကို ဖြေချလိုက်သည်။ခါးအထိရှည်သော ဆံပင်သည် သဘာဝအလျောက် လှိုင်းအတွန့်များ ဖြစ်နေလိမ့်မည်ဟု ရှင်းလက်ျာ မထင်ခဲ့ပေ။ နက်မှောင်နေသော ဆံပင်မျိုးမဟုတ်ဘဲ အညိုဖျော့ဖျော့အရောင်ဖြစ်လေသည်။ ဆံပင်အလုံးပတ်က သေးသေးမျှင်မျှင်လေးဖြစ်တာကြောင့် လက်ထဲတွင် ချောမွေ့နေသည်။ရှင်းလက်ျာသည် ဟန်နွေရာ၏ ဆံပင်လေးကို တယုတယကိုင်မိသည် ။အမျိုးသမီး ခေါင်းလိမ်းဆီတစ်မျိုး၏ သင်းပျံ့သော ရနံ့လေးကို ရမိသည်။ ထိုအနံ့သည် စူးရှသော အနံ့လေး မဟုတ်ဘဲ နှာဖျားဝကို လာရောက်ထိခတ်နေသည်။
" ခေါင်းဖီးပေးလေ၊ နင်ပဲ ကလစ်စမ်းမယ်ဆို "
ရှင်းလက်ျာသည် ဟန်နွေရာ၏ ဆံပင်လေးကို နူးညံ့စွာ ဖီးသင်ပေးနေသည်။ ရှည်လျားသော ဆံပင်များ ကပိုကရိုလေးကျနေပုံက သူ့၏ ရင်တွင်းက တည်ငြိမ်နေသော လှိုင်းများကို တရိပ်ရိပ်တိုးစေလေသည်။ ရှင်းလက်ျာသည် ဟန်နွေရာ၏ ဆံပင်ကို နောက်ဖက်တွင် တစ်ဝက်ခန့်ယူကာ ထိုလိပ်ပြာကလစ်လေးဖြင့် ညှပ်ပေးလိုက်သည်။ ရှေ့က ချထားသော ဆံမြိတ်များကို သေသသပ်သပ်လေး ပြင်ဆင်ပေးလိုက်ပြီးနောက် ရှင်းလက်ျာသည် ဟန်နွေရာ၏ မျက်မှန်ကို ဆွဲချွတ်လိုက်မိသည် ။
ရှင်းလက်ျာသည် တခဏမျှ မေးမောသွားမိသည်။ မျက်မှန်ဖြင့် အမြဲဖုံးကွယ်ထားသော မျက်ဝန်းလေးသည် သလင်းကျောက်အလား တောက်ပနေပြီး ကော့ညွှတ်နေသော မျက်တောင်လေးများက ထိုလှပသော မျက်လုံးကို ဝန်းရံထားသည်။ သူ့အရှေ့က ကောင်မလေးသည် ပကတိအပြစ်ကင်းစင်သော အလှရှိသူမဟုတ်ေချ။ လူသားတစ်ဦး ဖြစ်တာကြောင့် ဝက်ခြံများရှိကာ နှုတ်ခမ်းမွှေးရေးရေးလေးလည်း ရှိသေးသည်။ သို့သော်လည်း ထိုကဲ့သို့သော အလှမျိုးကို ပိုင်ဆိုင်ထားသော အမျိုးသမီးလေးသည် သူ့၏ ရှေ့တွင် ရှိနေလေသည်။ ရှင်းလက်ျာသည် မှန်ထဲက လှပသော ပုံရိပ်လေးကို ကြည့်ကာ ဆိုလိုက်သည်။
" ဟန်နွေရာက လှပတဲ့ ကောင်မလေးတစ်ယောက်ပါပဲ "
အဝေးမှုန်ဖြစ်သော ဟန်နွေရာသည် မှန်ထဲက သူ့ပုံစံကို မမြင်ရတာကြောင့် မျက်မှန်ကောက်တပ်လိုက်သည်။
" ဒီတစ်ခုအဆင်ပြေတယ်ဆိုရင် ငါ ဒါပဲ ယူလိုက်မယ်နော် ၊ အများကြီး မဝယ်ပါနဲ့ ဒါတွေက ဈေးကြီးတယ်"
ဟန်နွေရာသည် အပြင်တွင်ထားခဲ့သော စက်ဘီးကို လမ်းဘေးချရန် ပြောနေတာကြောင့် ရွှေ့ရန် ဆိုင်ထဲကနေ ထွက်သွားလေသည်။ ရှင်းလက်ျာသည် သူ့လက်တွင် စွဲကျန်နေသော ဟန်နွေရာဆံပင်အနံ့လေးကြောင့် သူပြုံးမိသည်။
" တစ်ခါလောက် နင့်ရဲ့ ဆံပင်လေးကို နမ်းချင်မိတယ် "
ရှင်းလက်ျာသည် ခုံပေါ်က ကလစ်တွေအကုန်လုံးကို သိမ်းကျုံးဝယ်လာခဲ့သည်။ ပြီးနောက် မှန်ဘောင်ထဲက တခြားပုံစံကလစ်နှစ်ခုခန့်ကိုပါ ဆွဲယူကာ ဝယ်လာခဲ့သည် ။
မြတ်သည် ခြံရှေ့က ပန်းပင်တွေကို သန့်ရှင်းရေး လုပ်ပေးနေစဉ်တွင် ဟန်နွေရာတို့ ပြန်လာသည်။
"ဟေး မြတ် နင်ရောက်နေတာ ကြာပြီလား?"
"နည်းနည်းကြာပါပြီ"
"ငါ့အမေရော"
"အပေါ်ထပ်မှာ "
" အေး ငါပန်းသွားပေးလိုက်ဉီးမယ် " ဟန်နွေရာသည် ပန်းအိတ်ကိုသယ်ကာ အိမ်ပေါ်ပြေးတက်သွားသည်။
"ဖမ်းလိုက် " ရှင်းလက်ျာသည် မြတ်ကို အထုပ်တစ်ထုပ်ပစ်ပေးသည်။ ပြီးနောက် ဟန်နွေရာနောက်ကို လိုက်သွားလေသည်။
" ရှင်းလက်ျာ ဒါက ဘာလဲ"
" မိန်းကလေးတွေကို ဘယ်လိုပိုးပန်းရမလဲဆိုတာ မသိဘူးမလား? အဲလိုပဲ စေတနာနည်းနည်းရှိလာလို့ ကူညီပေးတာ၊ ပိုက်ဆံပြန်ပေးဖို့ မမေ့နဲ့ "
မြတ်သည် အထုပ်ကို ဖွင့်ကြည့်လိုက်သောအခါတွင် လှပစွာ ထုပ်ပိုးထားသော ဖန်စီဆံညှပ်လေးတစ်ခု ဖြစ်နေသည်။ မြတ်သည် မျက်ခုံးပင့်လိုက်သည်။
" သူက အဲလိုတွေ လုပ်ရတာကိုလည်း သိတာပဲကိုး"
Thanks for reading
ရှင်းလက်ျာ ဝယ်ပေးတဲ့ ကလစ်လေးက ပုံထဲကလိုပါ။
Q - ရှင်လေးတို့မှာရော ရှင်းလက်ျာလို ဝယ်ပေးမယ့် ကောင်မလေး၊ ဝယ်ပေးရမယ့် ကောင်မလေး ရှိကြလား?
A - ကျွန်မမှာတော့ မရှိပါဘူး၊ ဟုတ် ကျေးဇူး။
တီးေတာင္
အိမ္ေရ႔ွတြင္ ဘဲလ္ႏိွပ္လိုက္တာေၾကာင့္ အထဲမွ အမ်ိဳးသမီး တစ္ဦးထြက္လာသည္။ေဒၚသက္လ်ာေက်ာ္ႏွင့္ ျမတ္သည္ အဆိုပါ ပတ္ဝန္းက်င္အသစ္သို႔ အိတ္ငယ္ေလးေတြ ကိုယ္စီ ဆြဲလ်က္ ရပ္ေနၾကသည္ အခ်ိန္ကလည္း ညေနအခ်ိန္ျဖစ္ေနတာေၾကာင့္ က်ေနသည္ ပို၍ပင္ ပူအိုက္ေစသည္။ သူတို႔ႏွစ္ဦးသည္ ထိုအိမ္လိပ္စာကို ေတြ့ရန္ အေတာ္ၾကာ လိုက္ရွာခဲ့ရသည္။
"ဒါ ဟန္ေနြရာရဲ့ အိမ္ ဟုတ္ပါသလားရွင့္ "
" ဟုတ္ပါတယ္ ၊ ဘယ္သူေတြမ်ားပါလဲ?"
"ကြၽန္မက ဟန္ေနြရာရဲ့ အဂၤလိပ္ဆရာမပါ၊ သူက ဟန္ေနြရာ သူငယ္ခ်င္းပါ၊ဟန္ေနြရာက ဒီေန့ အိမ္အသစ္တက္ပြဲရိွတယ္ဆိုလို႔ ကူညီေပးဖို႔ လာေရာက္ခဲ့တာပါ "
"ဆရာမေလးတို႔ကိုး၊ အထဲကိုဝင္ပါ၊ ျမင္တဲ့အတိုင္း အလုပ္ေတြ ရႈပ္ေနတာဆိုေတာ့ေလ ရုတ္တရက္ မမွတ္မိဘူး ျဖစ္သြားတယ္။ ဆရာမေလးတို႔က တကူးတက ကူညီဖို႔ လာေရာက္တာဆိုေတာ့ ကြၽန္မလည္း အားနာမိေပမဲ့ တကယ္ကို အကူအညီရပါတယ္။ "
" ဟုတ္ကဲ့ပါရွင္" ေဒၚသက္လ်ာေက်ာ္သည္ အဝတ္အိတ္ေသးေသးေလးကို ဆြဲရင္း ထိုအမ်ိဳးသမီးေနာက္ကို လိုပ္ခဲ့ေလသည္။
"ျမတ္ေတာင္ အေတာ္ေလး အရြယ္ေရာက္ေနၿပီပဲကိုး ၊ အန္တီလည္း သမီးတို႔ အထက္တန္းေရာက္ထဲက သူ႔အေဖအလုပ္ကိစၥေတြနဲ႔ ရႈပ္ေနတာဆိုေတာ့ မေတြ့ျဖစ္တာၾကာလို႔ ျမတ္က လွလို႔ပလို႔ပါျဖစ္ေနတာပဲ ၊ သမီးသူငယ္ခ်င္းကေတာ့ အခုထိ သူငယ္ႏွပ္ေခ်းေတာင္ မစင္ေသးဘူး ၊ ဒီကေလးမနဲ႔ေတာ့ ခက္တယ္သမီးရယ္၊အခုလည္း ရွင္းလက္်ာကို ေခၚၿပီး ပန္းသြားဝယ္ခိုင္းလိုက္တာ ဘယ္ခ်ိန္ျပန္လာမလဲေတာ့ မသိပါဘူး "
" ဟန္ေနြရာက အဲလိုပါပဲ၊ ငယ္ငယ္တုန္းက အတိုင္းပဲ "
" ဆရာမေလး ကိုယ့္အိမ္ကိုယ္ရာလို လြတ္လြတ္လပ္လပ္ေနၾကေနာ္။ အိမ္က အခုမွ ေျပာင္းလာတာဆိုေတာ့ အိမ္က မသပ္မရပ္ျဖစ္ေနတယ္ကြဲ႔၊ အန္တီလည္း တျခားဟာေတြ လုပ္ရဦးမယ္ "
"ေဒၚၾကည္ေရ ဦးေလးက ဘုန္းႀကီးထိုင္မယ့္ေနရာကို ျပင္ထားတာ ၾကၫ့္ေပးပါဦးတဲ့ " ျမတ္တို႔စကားေျပာေနစဉ္ အိမ္အေပၚထပ္က လူငယ္တစ္ၪီးသည္ လွမ္းေျပာတာေၾကာင့္ ေဒၚၾကည္သည္ အိမ္ေပၚတက္သြားေသသည္။
"တီခ်ယ္ ျမတ္တို႔အထဲ ဝင္ၾကတာေပါ့"
ဟန္ေနြရာနဲ႔ ရွင္းလက္်ာသည္ အစိုးရဝန္ထမ္းသားသမီးျဖစ္တာေၾကာင့္ သူတို႔သည္ ငယ္စဉ္ကပင္ ဌာနဆိုင္ရာက ေပးထားေသာ အိမ္ခန္းေသးေသးေလးတြင္ ႀကီးျပင္းလာရသည္။အလယ္တန္းေရာက္ေသာအခါ ရွင္းလက္်ာအေဖက ရာထူးတိုးကာ နယ္ေျပာင္းသြားရၿပီး ရွင္းလက္်ာက သူ႔မိခင္နဲ႔အတူ အျပင္တိုက္ခန္းသို႔ ေျပာင္း
ေရႊ့ေနထိုင္ခဲ့သည္။ ဟန္ေနြရာတို႔မိသားစုကမူ အခုမွ အိမ္အသစ္ဝယ္ႏိုင္ခဲ့ျခင္း ျဖစ္သည္။ ၿခံက သိပ္မက်ယ္ေပ။ ထိုအထဲတြင္ ႏွစ္ထပ္အိမ္ႏွင့္ ပန္းပင္စိုက္ရာ အတန္းေလးရိွသည္။ အိမ္ေလးသည္ ျမတ္တို႔အတြက္ မႀကီးက်ယ္ေစကာမူ သာမန္မိသားစုေလးအတြက္ကေတာ့ ကိုယ္ပိုင္ရိပ္ၿမံဳေလးရရိျွခင္းသည္ အမွန္တကယ္ကို ၾကည္ႏူးပီတိေဝဆာေစမည္ ျဖစ္သည္။
" တီခ်ယ္ ျမတ္တို႔လည္း တစ္ေန့က်ရင္ အခုလို ကိုယ္ပိုင္အိမ္ေလး ရလာခဲ့ရင္ ခံစားခ်က္ေလးက အရမ္းကို ေကာင္းမွာပဲေနာ္"
ေဒၚသက္လ်ာေက်ာ္သည္ ၿပံဳးေယာင္ေလး ၿပံဳးေနၿပီး မည္သည္ကိုမွ ထပ္မဆိုေခ်။
" ဘာေတြ ျဖစ္လာမယ္မွန္း မသိလို႔ ဘယ္လိုကတိမ်ိဳးကိုမွ မေတာင္းရဲေသးဘူး၊ျမတ္ တစ္ခုေတာ့ တီခ်ယ့္ကို ေျပာခ်င္တယ္၊ ျမတ္ တီခ်ယ့္ကို စိတ္ရင္းနဲ႔ သေဘာက်တယ္ "
" အခုေလာေလာဆယ္ေတာ့ ေက်ာင္းစာကိုပဲ အာရံုစိုက္ထားေနာ္၊ တီခ်ယ္တို႔ အထဲဝင္ၾကရေအာင္"
ပတ္ဝန္းက်င့္အသစ္ကို ေျပာင္းလာသူမ်ားျဖစ္တာေၾကာင့္ လူစိမ္းမ်ားျဖစ္ေနေစကာမူ ရုပ္ကြက္ထဲက အေဒၚႀကီး သံုးေလးေယာက္က ထိုပြဲတြင္ ကူညီေနေလသည္။ မနက္အာရံုဆြမ္းအတြက္ ျပင္ဆင္ေနၾကသည္ ျဖစ္ရာေဒၚသက္လ်ာေက်ာ္သည္ ထိုသူမ်ားနဲ႔ အတူထိုင္ကာ ကူညီေပးေလသည္။ ျမတ္ကမူ ေဘးတြင္ ထိုင္ကာ အခြံႏႊာတာေလာက္ပဲ ကူညီ ျဖစ္သည္။
"ဆရာမက အသားအရည္ေလးဆို ဝင္းပေနတာပဲ၊ အသက္ေလးဆယ္နီးပါးေတာင္ မထင္ရဘူး ၊ ဆရာမက အခုထိ အိမ္ေထာင္ေတြ ဘာေတြမျပဳေသးဘူးလား? ဘယ္လိုပဲ ျဖစ္ျဖစ္ေလ အိမ္ေထာင္ရက္သားေလး ျပဳကာမွ ေနာင္ေရးအတြက္ စိတ္ေအးရတာေပါ့၊ ကြၽန္မဆို အခုျဖင့္ အသက္က ေလးဆယ့္ငါးရိွၿပီ၊ သားအႀကီးေတာင္ ဘြဲ႔ေတြကလို႔ အိမ္ေထာင္ရက္သားက်ေနၿပီ "
" ကြၽန္မက အလုပ္ေတြ ရႈပ္ေနတာနဲ႔ အခ်ိန္ေတြ ေရႊ့ရင္း ေနွာင္းသြားတယ္ ထင္ပါ့၊ " ေဒၚသက္လ်ာေက်ာ္သည္ ယခုကဲ့သို႔ေသာ စကားမ်ားကို ေနသားက်ေနၿပီ ျဖစ္ရာ လိုက္ေလ်ာညီေထြေအာင္ ေျပာဆိုလိုက္သည္။ ထိုကဲ့သို႔ေသာ ရပ္ကြက္အတြင္းက အေဒၚႀကီးတို႔သည္ တခဏမ်ွေသာ အတင္းအဖ်င္းတို႔ကို ဆက္ကာဆက္ကာ ေျပာေနေလသည္။
တစ္ဖက္က အဆင္ေျပေနသေလာက္ ျမတ္က အဆင္မေျပေခ်။ ငယ္ရြယ္သူမို႔ မရင့္က်က္ေလသေလာေတာ့ မသိေခ်။ တစ္ပါးသူက တီခ်ယ့္ကို ထိုကဲ့သို႔ ေမးလာသည္ကို မႏွစ္သက္ပါ။ လူဟူ၍ သတၲဝါတစ္မ်ိဳးးသည္ ေမြးဖြားလာရသၫ့္အေၾကာင္းျပခ်က္က ရွင္သန္ေနထိုင္ရန္ ျဖစ္ၿပီး မ်ိဳးဆက္ျပန႔္ပြားေစရန္ မဟုတ္ေခ်။ သို႔ေသာ္လည္း လူတိုင္းက ထိုကိစၥကိုသာ အာရံုစိုက္ေနသည္က ပို၍ပင္ စိတ္ညစ္စရာေကာင္းလွသည္။ ထိုကဲ့သို႔သာ အတုအေယာင္ ပတ္ဝန္းက်င္တြင္ တစ္ခ်ိန္တြင္ သူတို႔သည္လည္း ရင္ဆိုင္ရမည္ကို ေတြးမိေသာအခါတြင္ သူသည္ စိတ္အားငယ္လာသည္။ သူသည္ ေခါင္းငိုက္စိုက္ကာ ထိုစကားဝိုင္းကို တိတ္တိတ္ေလး နားေထာင္ေပးေနသည္။
" ျမတ္ အဆင္မေျပရင္ အျပင္ကို ခဏေလာက္ လမ္းထြက္ေလ်ွာက္လိုက္ပါလား၊ တီခ်ယ္တို႔က ခဏေနရင္ ေၾကာ္ေလွာ္ခ်က္ျပဳတ္ေတာ့မွာမို႔လို႔ အေၫွာ္မိေနမယ္ "
"ဟုတ္ တီခ်ယ္ " ျမတ္သည္ သက္ျပင္းအသာခ်ကာ ပတ္ဝန္းက်င္က သူ႔ အျပင္ထြက္လာခဲ့သည္။
သူသည္ တီခ်ယ့္အား အစစ္အမွန္ပင္ သေဘာက်သည္ျဖစ္ၿပီး ထိုအရာသည္ ဆယ္ေက်ာ္သက္အရြယ္ စိတ္လႈပ္ရွားမႈဟု ထင္မွတ္ရမလား မသိေခ်။အဘယ္ေၾကာင့္ ဆိုေသာ္ သူသည္ ဆယ္ေက်ာ္သက္ အထက္တန္းေက်ာင္းသား ကေလးသာ ရိွၿပီး ဤေလာကထဲဝယ္ အရာပင္မထင္ေသးေသာ အမႈန္ေလးတစ္ခုပင္ ျဖစ္သည္။ ျမင္ႏိုင္ရဖို႔အတြက္ကို အရမ္းကို ေသးငယ္ေနေသးသည္။ သူေနထိုင္ရာ ပတ္ဝန္းက်င္သည္ သူ႔အား အၿမဲတေစ ကာကြယ္ေပးကာ ထိုေနရာသည္ သူ႔အား တျခားေသာကေလးမ်ားကဲ့သို႔ ခက္ခဲေသာ ဘဝဆိုတာကို မသိနားလည္ေစလ်က္ သူ၏ လွပေသာ အေမႊးေတာင္မ်ားကိုပင္ ဖုန္မေပေစခဲ့ေပ။
ထိုမ်ွအထိ ႏူးညံ့ေသာ ပတ္ဝန္းက်င္မွာ ရွင္သန္လာရေသာ သူ႔အား တီခ်ယ့္သက္က မယံုၾကည္သည္က သဘာဝက်သည္။သူသာဆိုလ်ွင္လည္း ယံုၾကည္မိႏိုင္မည္ မဟုတ္ေခ်။ လက္ခံေပးဖို႔ အင္း အားနည္းလြန္းတယ္လို႔ ထင္ရတယ္ မလား။ အမွန္တကယ္ မာယာမ်ားလွေသာ ေလာကႀကီးကို ရင္ဆိုင္ရတဲ့အခ်ိနတြင္ သူသည္ ထိုအရာတို႔ကို မယံုၾကည္ႏိုင္ဘဲ ထြက္ေျပးမိလိမ့္မည္ဟု ခံစားေနရသည္။ ငယ္ရြယ္စဉ္က အခ်စ္ပံုျပင္ေတြက မႏူးမနပ္အရြယ္မွ စတင္ၾကသည္တဲ့၊ စႏိုးဝိႈက္ပံုျပင္ေတာင္ေတာင္မွ ၁၄ ႏွစ္အရြယ္မွပဲ ျဖစ္ခဲ့တာ မလား။
ေရ႔ွေလ်ွာက္ရမည့္ ခရီးက ရွည္ေသးသည္။ ယခုကတည္းက စိတ္ေလ်ွာ့၍ မျဖစ္မွန္း သိေသာ္လည္း.....။
မတန္သၫ့္ပန္းကိုမွ တံုးခုလို႔ လွမ္းမိၿပီလား.....။
အသက္ဝင္လႈပ္ရွားေနေသာ ကမ႓ာေလာကႀကီးရဲ့ တေနရာက ေနဝင္ရီတေရာ အခ်ိန္က သူ႔အား ပို၍ပင္ စိတ္အားငယ္ေစသည္။ ျမတ္သည္ အိမ္အတြင္းဖက္သို႔ လွမ္းၾကၫ့္လိုက္သည္။ သူ၏ ကမ႓ာႀကီးကမူ ေတာက္ပေသာ အၿပံဳးေလးႏွင့္ တည္ရိွေနေလသည္။
ထိုတည္ရိွမႈေလးကပင္ အဖိုးတန္ေနလြန္းတာမ်ိဳး..။
*****
ေမေမက ပန္းဝယ္ခိုင္းလိုက္တာေၾကာင့္ ဟန္ေနြရာသည္ ရွင္းလက္်ာ၏ စက္ဘီးေနာက္ခံုတြင္ ခြထိုင္လ်က္ ပန္းဆိုင္သို႔ သြားေနသည္။ အိမ္ေနရင္း JJေဘာင္းဘီကို ဝတ္ထားၿပီး တီရွပ္အပြကိုသာ ဝတ္ထားေသာ ရွင္းလက္်ာ၏ ေနာက္ေက်ာျပင္သည္ သူ႔အတြက္ေတာ့ အခုလို စက္ဘီးလိုက္စီးသၫ့္အခါတိုင္း သူ႔အား ေက်နပ္ေစသည္။ ထိုေနာက္ေက်ာကပင္ သူ႔အား ေက်နပ္ေရာင့္ရဲေစတတ္ဖို႔ အရာရာကို သင္ျပေပးခဲ့သည္။ တစ္ခါေလာက္ ထိုေနာက္ေက်ာကိုသာ ဖက္တြယ္ရမယ္ဆိုရင္ အဲသလိုအေတြးမ်ိဳးေတြ ရိွေနခဲ့ေပမဲ့ အကယ္၍မ်ား ပိုၿပီး ေဝးကြာေစခဲ့လ်ွင္ သူသည္ အခုလို အေျခအေနနဲ႔ ရွင္းလက်ာ္နဲ႔ မထိုက္တန္ေပ ။ ထို႔ေၾကာင့္ပင္ ေငးၾကည့္ေနရံုေလးနဲ႔ ေက်နပ္ေနခဲ့သည္။
ငယ္ငယ္ကတည္းက ဒီလိုအေျခအေနအတိုင္းပဲ ရွင္းလက္်ာရဲ့ စက္ဘီးေနာက္မွာ ထိုင္ေနရတဲ့သူက သူျဖစ္ခဲ့ၿပီး ေနာက္အခ်ိန္ေတြ အၾကာႀကီးအထိ အတူ ထပ္ရိွေနခဲ့ၿပီး သက္ဆိုင္သူမျဖစ္ရင္ေတာင္ ပတ္သက္သူေလး ျဖစ္ခြင့္ရခ်င္သည္။ ဒီတိုင္းေလးပဲ လံုေလာက္သည္။
"ဟန္ဟန္ ပန္းဆိုင္ေရာက္ၿပီ "
"ေအာ္ ေအးေအး ငါ့အေမ ဝယ္ခိုင္းလိုက္တာကို ေမးလိုက္ဦးမယ္ "
ရွင္းလက္်ာသည္ စက္ဘီးေပၚ ခြလ်က္ပင္ ဟန္ေနြရာကို ေစာင့္ေနခဲ့သည္။ ထိုစဉ္ သူသည္ တစ္ဖက္လမ္းက အမ်ိဳးသမီး ဆက္စပ္ပစၥည္းေတြ ေရာင္းေသာ ဆိုင္တြင္ သူ႔အား တစ္စံုတစ္ခုက ဆြဲေဆာင္လိုက္သည္။လိပ္ျပာပံုစံေလး ရိွေသာ ဆံပင္ၫွပ္သၫ့္ ကလစ္ပံုစံျဖစ္သည္။ ဟန္ေနြရာသည္ သူ၏ ဆံပင္ရွည္မ်ားကို ေခါင္းေလ်ွာ္ထားေသာ ေန့မွ လြဲ၍ က်န္ေသာ ေန့မ်ားတြင္ ခ်ထားေလ့မရိွေခ်။ ဆံထံုးထားသည္ မဟုတ္လ်ွင္ က်စ္ဆံၿမီးေလး က်စ္ထားသည္။ရွင္းလက္်ာသည္ တစ္ခါေလာက္ ဟန္ေနြရာကို ဆံပင္ခ်ထားသၫ့္ပံုစံကို ျမင္ခ်င္ခဲ့သည္။
"ရွင္းလက္်ာ ငါ ဝယ္ၿပီးၿပီ အယ္ နင္ဘာၾကၫ့္ေနတာလဲ "
ဟန္ေနြရာသည္ ရွင္းလက္်ာၾကၫ့္ေနေသာ စင္ဖက္ကို ေလ်ွာက္လာသည္။
"ဆံပင္ၫွပ္တဲ့ကလစ္ေတြပဲ၊ နင္က ဆံပင္တိုတိုေလးပဲ ရိွတာကို ဘာလုပ္ဖို႔လဲ"
"နင့္ဆီမွာ ဆံပင္ရွည္ေတြ ရိွတယ္ေလ၊ ဟန္ဟန္ နင္ ဘာအေရာင္ေလး လိုခ်င္လဲ "
" ငါက အေရာင္ေတာ္ေတာ္မ်ားမ်ားကို ႀကိဳက္တယ္"
"အစ္မ အျဖဴေလးတစ္ခု၊ အၾကည္ေလးတစ္ခု၊ အျပာေရာင္ေလးတစ္ခုနဲ႔ သက္တံ့ပံုေလး တစ္ခု အာ ၿပီးေတာ့ ပန္းေရာင္ေလးေရာပဲ ေပးပါ "
" တစ္ခုဆို ရၿပီကို "
" အရင္ဆံုး တပ္ၾကၫ့္ရေအာင္ "
"ညီမေလး မွန္က ဟိုဖက္မွာပါ ၊ေခါင္းဖီးေတြလည္း ရိွပါတယ္ "
" လာ သြားစမ္းၾကည့္ရေအာင္ " ရွင္းလက္်ာသည္ ဟန္ေနြရာ၏ လက္ကို ဆြဲကာ အထဲသို႔ ဝင္သြားေလသည္။
ဟန္ေနြရာသည္ စိတ္အားထက္သန္ေနေသာ ရွင္းလက္်ာေၾကာင့္ သူ၏ ဆံပင္ထံုးကို ေျဖခ်လိုက္သည္။ခါးအထိရွည္ေသာ ဆံပင္သည္ သဘာဝအေလ်ာက္ လိႈင္းအတြန႔္မ်ား ျဖစ္ေနလိမ့္မည္ဟု ရွင္းလက္်ာ မထင္ခဲ့ေပ။ နက္ေမွာင္ေနေသာ ဆံပင္မ်ိဳးမဟုတ္ဘဲ အညိုေဖ်ာ့ေဖ်ာ့အေရာင္ျဖစ္ေလသည္။ ဆံပင္အလံုးပတ္က ေသးေသးမ်ွင္မ်ွင္ေလးျဖစ္တာေၾကာင့္ လက္ထဲတြင္ ေခ်ာေမြ့ေနသည္။ရွင္းလက္်ာသည္ ဟန္ေနြရာ၏ ဆံပင္ေလးကို တယုတယကိုင္မိသည္ ။အမ်ိဳးသမီး ေခါင္းလိမ္းဆီတစ္မ်ိဳး၏ သင္းပ်ံ့ေသာ ရနံ႔ေလးကို ရမိသည္။ ထိုအနံ႔သည္ စူးရွေသာ အနံ႔ေလး မဟုတ္ဘဲ ႏွာဖ်ားဝကို လာေရာက္ထိခတ္ေနသည္။
" ေခါင္းဖီးေပးေလ၊ နင္ပဲ ကလစ္စမ္းမယ္ဆို "
ရွင္းလက္်ာသည္ ဟန္ေနြရာ၏ ဆံပင္ေလးကို ႏူးညံ့စြာ ဖီးသင္ေပးေနသည္။ ရွည္လ်ားေသာ ဆံပင္မ်ား ကပိုကရိုေလးက်ေနပံုက သူ႔၏ ရင္တြင္းက တည္ၿငိမ္ေနေသာ လိႈင္းမ်ားကို တရိပ္ရိပ္တိုးေစေလသည္။ ရွင္းလက္်ာသည္ ဟန္ေနြရာ၏ ဆံပင္ကို ေနာက္ဖက္တြင္ တစ္ဝက္ခန႔္ယူကာ ထိုလိပ္ျပာကလစ္ေလးျဖင့္ ၫွပ္ေပးလိုက္သည္။ ေရ႔ွက ခ်ထားေသာ ဆံၿမိတ္မ်ားကို ေသသသပ္သပ္ေလး ျပင္ဆင္ေပးလိုက္ၿပီးေနာက္ ရွင္းလက္်ာသည္ ဟန္ေနြရာ၏
You are reading the story above: TeenFic.Net