" တီချယ် ကျေးဇူးပြုပြီး မြတ်ရဲ့ တစ်ဦးထဲသော အမျိုးသမီးလေး ဖြစ်ပေးနိုင်မလား?"
ဒေါ်သက်လျာကျော်သည် "အို" ဟူသော အာမေဋိတ်ကလေး ထွက်သွားမိသည်။
" မြတ်လေ တီချယ်ကို စတွေ့ထဲက သဘောကျခဲ့တာပါ။ မြင်မြင်ချင်းအချစ်ဆိုတာ သိပ်တော့ ယုံချင်စရာ မရှိပေမဲ့ မြတ်ကတော့ အမှန်တကယ်ကို သဘောကျခဲ့သွားလို့ပါ၊အစတုန်းက တီချယ့်ကို မြင်နေရတာလေးနဲ့ ကျေနပ်နိုင်ခဲ့မယ် ထင်ပေမဲ့ တကယ်တော့ မြတ်က အဲလိုမဟုတ်ဘူး ထင်ပါရဲ့ ၊ တီချယ့်အနေနဲ့ မြတ်ကို ပြန်သဘောမကျမှာကို စိုးရိမ်ခဲ့ပြီး အချိန်တိုင်းလည်း သံသယတွေ ဝင်ခဲ့ရတာမို့ အခုလို ဖွင့်ပြောမိတာပါ"
" ဒါပေမဲ့ တီချယ့်က အသက်ကြီးနေပြီလေ၊ အဲအတွက် ယုံကြည်ချက်မရှိဘူး ဖြစ်နေလို့ပါ"
"တီချယ် ခံစားနေရတာကို မြတ်နားလည်ပါတယ်၊ မြတ်ကိုယ်တိုင်လည်း ငယ်သေးတယ်လို့ ခံစားခဲ့ရတာမို့ပါ။ တီချယ် အနေနဲ့ အခုချက်ချင်း အဖြေပြန်ပေးဖို့ မြတ်မတောင်းဆိုပါဘူး။ ဒါပေမဲ့ တစ်ဦးနဲ့ တစ်ဦး ခံစားချက်တွေပိုပြီးတော့ သေချာလာဖို့ အရင်ဆုံးတွဲကြည့်ပေးပါ။"
" တွဲတယ်ဆိုတာက တစ်ဦးနဲ့ တစ်ဦးဘသဘောကျမှ တွဲကြတာ မဟုတ်ဘူးလား?"
"တီချယ့်အနေနဲ့ မြတ်ကို သေချာပေါက်သဘောကျလာမှာမို့ အရင်ဆုံး တွဲကြည့်ပေးဖို့ လက်ခံပေးပါ "
ဒေါ်သက်လျာကျော်သည် စကားကို တမင်တကာပင် ပိုင်စိုးပိုင်နက်ပြောနေသော မြတ်ကို မျက်စောင်းလှလှလေး တစ်ချက် ထိုးလိုက်သည်။
"စောင့်ကြည့်နေမှာမို့ သေချာလေး ကြိုးစားပါနော် "
ဒေါ်သက်လျာကျော်သည် မြတ်၏ နားရွက်နားသို့ ကပ်ကာ ပြောလိုက်သည်။
" တီချယ့်! တီချယ် လက်ခံလိုက်တာလား?"
" အင်း၊ အလေးအနက်ကြီးပြောနေတော့ တစ်ခါလောက် သေချာလေးတွေးပေးမှာမို့ စာကြိုးစားဖို့လည်း မမေ့နဲ့နော် ၊ ညနက်နေပြီ အိမ်ပြန်တော့ "
"ရေးး တီချယ့်က အခု မြတ်တစ်ယောက်ထဲ ပိုင်တဲ့ အမျိုးသမီးလေး ဖြစ်သွားပြီ "
" ဘယ်သူက သူ့အပိုင်လို့ ပြောနေလို့လဲ၊ အိမ်ပြန်တော့ နောက်ကျနေပြီ "
" ကောင်းသော ညပါ တီချယ်။ ညကျရင် အိပ်မက်တွေမှာ မြတ်ကို ထည့်မက်နော် "
ဒေါ်သက်လျာကျော် flirt နေသော မြတ်ကြောင့် သူသည် မပြုံးဘဲ မနေနိုင်တော့ချေ။ အိမ်ပြန်လာသည့် လမ်းတစ်လျှောက်တွင် နှစ်ဦးစလုံးသည် အပြုံးကိုယ်စီဖြင့် ပြန်လာကြသည်။
ယနေ့ညမှ တဖြူးဖြူးတိုက်နေသော လေပြေကလေးသည် တိုးဝှေ့ကျီစယ်နေသကဲ့သို့ ခံစားနေရပြီး ပြန်နေကြလမ်းမှ ပန်းကလေးများသည် ပို၍ မွှေးပျံ့နေသည်ဟု ခံစားနေရသည်။ အချစ်နဲ့တွေ့သူတိုင်း ယခုကဲ့သို့ပင်လော သူလည်း မပြောတတ်ချေ။ အိပ်ရာပေါ်သို့ အသီးသီးလှဲချရင်း မနက်ဖြန် နေထွက်မယ့်အချိန်လေးကို စောင့်မျှော်နေမိသည်။
"ဒီနေ့ကျမှ ညတာက ရှည်လွန်းလှတယ် "
မြတ်သည် ကျောင်းရောက်သည်နှင့် တီချယ့်နားနေခန်းသို့ သွားကာ စားပွဲကို သန့်ရှင်းရေးလုပ်ပေးနေလေသည်။ မကြာခင်၌ပင် တီချယ့်သက်သည် ကိုင်ဆောင်နေကြအိတ်လေးကို ဆွဲကာ နားနေခန်းထဲသို့ ဝင်လာသည်။ မြတ်သည် အိတ်ကို ကူဆွဲဟန်နဲ့ တီချယ့်လက်လေးကို ကိုင်လိုက်သည်။ တီချယ့်သည် လန့်သွားဟန် ရသော်လည်း ပြီးနောက် သူ့အား ဖွဖွလေး ထုလာသည်။
"ကျောင်းမှာ တခြားသူတွေ မြင်ကုန်မယ်"
" ဒီမှာ မြတ်နဲ့ တီချယ် ၂ယောက်ပဲ ရှိတာ သေချာတယ် ၊ တီချယ် ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား ?"
"အင်း အတော်လေး အိပ်ကောင်းပါတယ်။ မြတ်ရော"
"မြတ်ဝော့ာ အတော်လေး အိပ်မရခဲ့ဘူး'
"ဘာဖြစ်လို့လဲ? စာမရသေးလို့လား?"
"ဟင့်အင်း၊ အင်္ဂလိပ်ဆရာမလေး တစ်ယောက်အကြောင်းတွေးနေလို့ အိပ်မရခဲ့ဘူး "
" အို အကောင်းမှတ်လို့ နားထောင်နေတာ၊ ကျောင်းတက်သွားတော့မယ် အတန်းပြန်တော့မယ် "
"မြတ်၊ တီချယ့်အတွက် အဖြူရောင် camellia ပန်းလေး ယူလာတယ်"
မြတ်သည် တီချယ့်ကို ခုံတွင် ထိုင်စေလျက် သေသပ်စွာ ထုံးဖွဲ့ထားသော ဆံထုံးပေါ်တွင် ပန်ဆင်ပေးလိုက်သည်။
" တီချယ် camellia ပန်းကို သဘောကျလား?"
" အင်း၊ လှတယ်လေ ၊ ရနံ့လေးကလည်း သင်းသင်းလေးနဲ့ တီချယ့်ကြိုက်တဲ့ ပန်းတွေထဲက တစ်ခုပဲ "
" မြတ် အရင်တုန်းက ပန်းတွေကို မကြိုက်ဘူး။ အထူးသဖြင့် ပန်းရနံ့တွေကိုပဲ ၊ ဒါပေမဲ့ ဒီနေ့တော့ မတူဘူး။ တီချယ် ပန်ထားလို့ Camellia ပန်းရနံ့လေးက မြတ်အတွက် မွှေးနေတယ်။ "
"အဲလိုတွေ မပြောပါနဲ့ တီချယ် ရှက်တယ်"
" မြတ် ဒီလိုတွေ နူးနူးညံ့ညံ့ပြောလေ့ပြောထမရှိပေမဲ့ တီချယ့်ကိုတော့ မြတ် ပြောချင်တယ်။ တီချယ် Camelliaပန်းလေးရဲ့ အဓိပ္ပါယ်ကို သိလား?"
" ပြောကြည့်လေ"
" အဖြူရောင် Camelliaပန်းလေးရဲ့အဓိပ္ပါယ်က အရမ်းကို ချစ်ဖို့ကောင်းတဲ့ အမျိုးသမီးလေးတဲ့၊ ဥပမာ မြတ်ရဲ့ တီချယ်လေးလိုပေါ့ "
ပြီးနောက် သူသည် ထိုပန်းကလေးကို မြတ်နိုးစွာ နမ်းရှိုက်လိုက်သည်။
( Camellia / အဖြူ,မတွေ့လို့ ပန်းရောင်လေး ထည့်ပေးလိုက်တယ်)
ဒေါ်သက်လျာကျော်သည် မျက်လွှာလေးချကာ ပြုံးမိသည်။ ငယ်သူမို့ သွက်လက်လွန်းသည်လားတော့ မသိချေ။ သူသည် ခေါင်းတွင် ပန်ဆင်ထားသော ဖယောင်းပန်းလေးကို လက်ဖြင့် အသာတို့ထိလိုက်သည်။
" မြတ် အတန်းထဲကို သွားတော့မယ်နော် တီချယ် "
" စာထဲကို အာရုံစိုက်နော် "
ဝတ္တရားအရ ပြောလိုက်သည်ဟုပင် ဆိုပါစေ တီချယ့်၏ ထိုစကားလေးသည် သူ့အား လုံလောက်သော တွန်းအားပေးခဲ့သည် ။ မြတ်သည် ခေါင်းကို အသာအယာညိမ့်ကာ အတန်းထဲသို့ ပြန်လာခဲ့သည်။
ဟန်နွေရာသည် သူ ထုံးစံအတိုင်း ရှင်းလက်ျာ၏ ဘေးတွင် ထိုင်ကာ တတွတ်တွတ်ပြောနေရင်း မြတ်လာသောအခါတွင် သူ့၏ မူရင်း ထိုင်ခုံသို့ ပြန်လာထိုင်သည်။ဟန်နွေရာသည် လက်ထဲတွင် မေးခွန်းစာရွက်တစ်ရွက်ကိုင်ထားကာ ထိုမေးခွန်းကို မဖြေဘဲ တွတ်ထိုးနေလေသည်။ ထိုအရာသည် English Grammarမေးခွန်းတစ်ခုဖြစ်ပုံရသည်။ဒီဇင်ဘာလတွင် ကျောင်းမပိတ်ခင်စာမေးပွဲ ရှိတာကြောင့် ဟန်နွေရာသည် စာလုပ်နေပုံရသည်။
"ဟေးး ဒါက ဘာကြီးလဲ! ဘယ်လိုဖြေရမှာလဲဟ ၊ သူပေးထားတွေက အကုန်အတူတူပဲ မဟုတ်ဘူးလား?"
"ငါ့ကို ခဏပြပါလား?" မြတ်သည် စာရွက်ကို တောင်းကြည့်လိုက်သည်။ ထင်သည့်အတိုင်း တိုက်တန်နဲ့ တိုက်ပွဲ တစ်ရာဆင်နွှဲထားဟန်ရသော အမှားခြစ်ရာပေါင်း ထောင်ချီပါသော စာရွက်ကို တွေ့လိုက်ရသည်။
"ညကျောင်းက အိမ်စာပေးလိုက်တာလား?"
"မဟုတ်ပါဘူး ရှင်းလက်ျာက
ဖြေခိုင်းတာ"
"အော် ဒါက Grammarပုံစံတွေထဲက ရောတတ်တဲ့ noun in apposition နဲ့ relative clause ကို မေးထားတာပဲ,
Noun in apposition ကျတော့ သူက တူတဲ့ noun တွေကို စုလိုက်ပြီး ကော်မာထည့်ပေးရုံပဲ "
"နင်ပြောတာဟာတွေကို ငါ မသင်ဖူးသလိုပဲ"
" တီချယ် ရှေ့အပတ် သောကြာနေ့က သင်သွားတာလေ "
" ဟေး ငါ နင်ပြောတာတွေကို တကယ်မသိဘူး"
"ဟန်ဟန် Grammar pattern ပုံစံကို ကြည့်ပြီး ရသလောက် ရေးထားနှင့် ၊ တစ်ပုဒ်မှ မရလည်း ငါ ပြန်ရှင်းပြမှာမို့ သူများကို မမေးဘဲ ကြိုးစားကြည့်၊ တစ်ပုဒ်မှ မမှန်လည်း ဟန်ဟန်က တော်ပြီးသား ပြီးတော့ အဲပုံစံ နည်းနည်းခက်တယ်လေ၊ အဲတာကြောင့် ကိုယ့်ကိုယ်ကို ယုံလိုက်နော် "
ရှင်းလက်ျာသည် သူ၏ မှတ်စုစာအုပ်ကို ချပေးရင်း ပြောလိုက်သည်။
မြတ်သည် ပခုံးတွန့်ကာ စာအုပ်ကို ထုတ်လိုက်သည်။
ဘယ်သူကမှ တခြားစုံတွဲကြားက အမြောက်စာ မဖြစ်ချင်နေပါဘူးနော်!
နေ့လယ်စာ စားချိန်ရောက်သောအခါတွင် ဟန်နွေရာသည် ရှင်းလက်ျာ၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရပြီးနောက် မြတ်သည် တီချယ့်သက်၏ နားနေခန်းကို ရောက်လာခဲ့သည်။ မြတ်သည် အိမ်က ယူလာသော ထမင်းဘူးလေးကို ယူထုတ်လိုက်စဉ်တွင် သန့်ဇင်မောင်သည် နေ့လယ်စာ စားရန် ရောက်လာခဲ့သည်။
" မြတ် နင်က ဘာလို့ ဒီမှာ ရှိနေတာလဲ? ဟိုနှစ်ယောက်ကရော?"
" သူတို့ ၂ ယောက်က စာလုပ်စရာ ရှိသေးတယ် ပြောလို့ ငါ တီချယ့်ဆီ လာခဲ့ဝာာ "
"ဪ "
" တူလေး နေ့လယ်စာ စားလေ ၊ ဒီနေ့ တီလေး ကိုယ်တိုင် နေ့လယ်စာ ချက်လာတယ် "ဒေါ်သက်လျာကျော်သည် အိမ်ကနေ သူကိုယ်တိုင်ပြုလုပ်လာခဲ့သော နေ့လယ်စာကို နှစ်ယောက်ခွဲဝေပေးရန် ပြင်လိုက်သည်။
" သန့်ဇင်မောင် နင် ငါ့ထမင်းဘူးကို စားလိုက်ပါလား? ဒီအချိန်ပြီးရင် ဒုတိယမြောက်အချိန်က ကာယအချိန်၊ အဲတော့ နေ့လယ်စာကို ဒီလိုဟာ စားသင့်တယ် "
မြတ်သည် သန့်ဇင်မောင်လက်ထဲက ထမင်းဘူးကို ပြန်ယူလိုက်သည်။ ထိုအခြင်းအရာကို တီချယ်သက်က မြင်သော်လည်း မည်သည့်ကိုမျှ မဆိုဘဲ ပန်းကန်နဲ့ပင် လှလှပပထည့်ပေးလိုက်သည်။ စကားပြောရင်း နေ့လယ်စာစားနေသော မြတ်နဲ့ အန်တီလေးကို ကြည့်ကာ သန့်ဇင်မောင်သည် ခါးသက်သော အရသာကို ခံစားလာရသည်။ မြတ်က ကြက်ဥလိပ်လေးကို ခက်ရင်းဖြင့် ထိုးကာ တီချယ့်ကို ကျွေးလိုက်သောအခါတွင် သန့်ဇင်မောင်၏ နှလုံးသားလေးသည် မြေပြင်ပေါ်သို့ ခလွမ်း ဟူသော အသံဖြင့် ကျကွဲသွားသည်။
ငါက ဘယ်သူလဲ?
ဘာလို့ ဒီနေရာကို ရောက်နေတာလဲ?
ဒီလို မြင်ကွင်းမျိုးကို ကြည့်နေရဖို့ အမေက မွေးပေးလိုက်တာလား?
အိတ်စကျုမီ ငါလေးကို တစ်ယောက်ယောက်ရှင်းပြကြပါ။
"အန်တီလေးတို့ ကျွန်တော်ဗိုက်ဝပြီ ၊အဲတာကြောင့် အတန်းပြန်တော့မယ် "
သန့်ဇင်မောင်သည် ခွေးစာမမည်သော အစာတို့ကို နင်းကန်မြိုချပြီးနောက် အတန်းသို့ ပြန်ခဲ့သည်။
မြတ်သည် တီချယ်ကိုယ်တိုင်ပြင်ဆင်ထားသော နေ့လယ်စာတို့ကို နှစ်သက်စွာ စားနေရင်း တမြုံ့မြုံ့ဝါးနေသော တီချယ်၏ ပါးဖောင်းဖောင်းလေးကြောင့် အသည်းယားလာသည်။
"တီချယ် မြတ် သိချင်ဝာာ ရှိတယ်"
" အင်း မေးလေ"
" တီချယ် ဒီနေ့ ထည့်လာတဲ့ ဘူးထဲမှာ ထမင်းစေ့ဘယ်နှစေ့လောက် ရှိမယ် ထင်လဲ?"
"အင်းးး တစ်သောင်းကျော်လောက် ရှိမယ် ထင်တာပဲ"
" အဲပမာဏက များလား"
"ဒါပေါ့ အရမ်းကို များတာပေါ့ ၊ တစ်,ထက်များတယ်ဆိုရင် ဒီပမာဏက အရမ်းများတာပေါ့ "
" မြတ်လည်း တီချယ့်ကို အဲလောက်ထိ သဘောကျတယ် "
"အဲလိုတွေ ပြောရင် မနေတတ်ပါဘူးဆို "
ဒေါ်သက်လျာကျော်သည် မြတ်၏ လက်မောင်းကို ဖွဖွထုရင်း ပြောလိုက်သည်။
" မိသားစုဝင်တွေထဲမှာ အမေချက်တဲ့ နေ့လယ်စာကို စားဖူးပြီး ဒုတိယအကြိမ် တီချယ်ချက်ကျွေးတာကို စားရတာပဲ၊ မြတ် ကြိုက်တယ်"
"ဒီကလေး လူကြီးကို ပိုင်စိုးပိုင်နက်နဲ့နော် "
" ကျောင်းတက်တော့မှာမို့ အတန်းထဲ ပြန်သွားပါတော့မယ် "
မြတ်သည် တီချယ့်ကို fly kissလေး ပေးလိုက်ပြီးနောက် အတန်းထဲ ပြန်လာခဲ့သည်။ ဟန်နွေရာသည် စာလုပ်ပြီးသွားတာကြောင့် ခုံပေါ် မှောက်အိပ်နေသည်။ မြတ်သည် ခုံးတွေ ဝင်ထိုင်လိုက်သောအခါတွင် ဟန်နွေရာသည် မြတ်လက်မောင်းကို မှီလိုက်သည်။
" မြတ် နင် ငါတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ တစ်ခုခုလိုက်မကျွေးဘူးလား?"
"ဘာကိုလဲ? ဘာလို့ကျွေးရမှာလဲ?"
" ဒီလောက် ရာသီဥတုသာယာနေတာ နင် အဆင်ပြေသွားတာ မဟုတ်ဘူးလား? "
" နင်လည်း သတ္တိမွေးပြီး ဖွင့်ပြောကြည့်လေ ! ဖိုက်တင်း"
" မြတ် နင်သိလား? Relationshipတွေက ပုံစံအမျိုးမျိုး ရှိတယ်၊ တချို့စုံတွဲတွေကျ နှစ်ယောက်စလုံးက အရမ်းချစ်ကြတယ်။ အချို့စုံတွဲကျ တစ်ယောက်ကပဲ သည်းသည်းလှုပ်ချစ်ရပြီး ကျန်တစ်ယောက်က singleအတိုင်းပဲ ဟင်းးးး"
" နင်က ဘယ်တမျိုးလဲ ?"
"ငါနဲ့ ရှင်းလက်ျာက စုံတွဲတော့ စုံတွဲပဲ။ တစ်ဦးနဲ့ တစ်ဦး ချစ်လည်း မချစ်ကြဘူး။ ၂ ယောက်လုံးက single၊ ဘာလို့ဆို ငါတို့က silence တွဲကြတာလေ၊ အရမ်း မသိသာဘူး မလား? ငါက ရှင်းလက်ျာ မသိအောင် သူနဲ့ တိတ်တိတ်လေး တွဲနေခဲ့တာ ဟီး ဟီး ဒါက ငါးနှစ်မြောက်အနေနဲ့ မုန့်ကျွေးတာ"
ဟန်နွေရာ ပူတင်းပေါင်မုန့်ကို ပါးစပ်နားတေ့ပေးသောအခါတွင် မြတ်သည် ယောင်နနနဲ့ ကိုက်စားလိုက်ပြီး ဟန်နွေရာ၏ စကားကို နားလည်စေရန် အချိန်အတော်ကြာ ယူလိုက်ရသည်။ ပြီးနောက် သူသည် နဖူးတွင် အရစ်သုံးခုပေါ်လာသည်အထိ မျက်မှောင်ကျုံ့လိုက်သည်။
"ဟန်နွေရာ နင့်စကားကို နားလည်နိုင်တာ ဒီလောကမှာ ရှင်းလက်ျာတစ်ယောက်ပဲ ရှိတယ် ထင်တယ် "
English အချိန်သို့ရောက်သောအခါတွင် မြတ်သည် စာသင်နေသော တီချယ်လေးကို အာရုံစိုက်ရင်း စာလိုက်လုပ်နေခဲ့သည်။ သူတို့ ၂ဦးသည် မည်သို့သော ဆက်ဆံရေးပင် ရှိပါစေ မြတ်သည် တီချယ့်အား တာဝန်အချိန်တွင် နှောင့်ယှက်မည် မဟုတ်သကဲ့သို့ တီချယ်ကလည်း သူ့အား ခွင့်ပြုမည် မဟုတ်ချေ ။
ပျော်ရွှင်စရာ အခိုက်အတန့်တွေ ပိုင်ဆိုင်နိုင်ဖို့ စောင့်ထိန်းရမယ့် ကျင့်ဝတ်လေးတွေကို လိုက်နာရမည် ။
စုပေါင်းကာယအချိန်တွင် တန်းခွဲAနှင့် တန်းခွဲ B သည် ပဟေဠိဆက်တမ်းဆော့ရန် သဘောတူညီမှု ရခဲ့သည် ။ နှစ်ယောက်တစ်တွဲ ဆော့ရမည့်မို့ မြတ်ကမူ အတန်းခေါင်းဆောင်နဲ့ တစ်တွဲဆော့ရန် သဘောတူလိုက်သည်။
Toiletကို သွားသော ဟန်နွေရာသည် သူပြန်လာချိန်၌ ရှင်းလက်ျာကို တန်းခွဲ B က မျောက်တစ်ကောင် တွယ်ကပ်နေသည်ကို တွေ့လိုက်ရသည် ။
"ရှင်းလက်ျာ ဒါက ပဟေဠိပြိုင်ပွဲဖြစ်တာကြောင့် ဉာဏ်ကောင်းပြီး ဖြတ်ထိုးဉာဏ်ရှိတဲ့ လူက အနိုင်ရမှာပဲ၊နင်က ဉာဏ်ကောင်းပြီး ငါကလည်း မြန်မြန်ဆန်ဆန်တွေးနိုင်တာကြောင့် ငါတို့ နှစ်ယောက်အတူဆော့ရင် သေချာပေါက်နိုင်မှာပဲ ငါတို့က လူရည်ချွန်အတူပြိုင်ဖူးသော ရဲဘော်ရဲဖက်တွေပဲ "
"ဟေး ဟေး ဟေး တန်းခွဲ B က ကောင်လေး၊ ရှင်းလက်ျာကို အတူတွဲဆော့ဖို့ ခေါ်နေတာဆိုရင် လစ်လိုက်တော့။ နင်ပြောသလို နင်က ဖြတ်ထိုးဉာဏ်ရှိပြီး ရှင်းလက်ျာက ဉာဏ်ကောင်းတော့ နင်တို့ ၂ ယောက်သာ တွဲရင် သေချာပေါက် အနိုင်ရမှာ ဆိုပေမဲ့ ဘယ်လိုလုပ်ပြီး ပျော်စရာကောင်းမှာလဲ? ကစားပွဲရဲ့ ရည်ရွယ်ချက် ပျော်ဖို့လေ နင်နဲ့လိုက်မယ့် တခြားကောင်ကို ရှာဖို့ ဂိုးလိုက်တော့"
" ဟန်နွေရာ နင်နဲ့အတူ ဆော့ရင် ရှင်းလက်ျာက သေချာပေါက်ပျော်ရွှင်မယ်ဆိုတာ သေချာလို့လား?"
" အရမ်းကို သေချာတာပေါ့ ဘာလို့ဆို ရှင်းလကျ်ာဘေးမှာ ရှိနေမယ့်သူက နင် မဟုတ်ဘဲ ငါဆိုတဲ့ ဟန်နွေရာ ဖြစ်နေလို့ပဲ "
နှစ်ဦးနှစ်ဖက်အခြေအတင် ဖြစ်နေစဉ် တန်းခွဲအတန်းခေါင်းဆောင်အသီးသီး ဖြေရှင်းလိုက်ပြီး ဟန်နွေရာသည် ရှင်းလက်ျာနဲ့အတူ သတ်မှတ်ထားသော နေရာတွင် ရပ်လိုက်သည် ။ ဟန်နွေရာ တခြားသော အတန်းသားများနဲ့ စနောက်နေလေသည်
" ဟန်ဟန် "
"အင်း ဘာလဲ "
" နင်ပြောတဲ့ ငါ့ဘေးမှာ ရှိတဲ့လူက နင်သာဆို ငါက သေချာပေါက်ပျော်မယ်ဆိုတာ ဘာကို ပြောတာလဲ"
ဟန်နွေရာသည် တခစ်ခစ်ရယ်မောလိုက်ပြီး ခြေဖျားအနည်းငယ်ထောက်ကာ ရှင်းလက်ျာကို ပြောလိုက်သည်
" မိုးရေထဲမှာ ထီးမပါဘဲ လျှောက်သွားရင် မိုးရေရွှဲပြီး အအေးမိမှာပေါ့။ ဒီလိုပဲ ရှင်းလက်ျာက ဟန်ဟန် မပါဘဲ ဘဝမှာ ရှေ့ဆက်သွားရင် ပျော်ရွှင်မှု မရှိဘဲ သေချာပေါက် အထီးကျန်နေရမှာ အဲတာကြောင့် ဟန်ဟန်သာ ရှိရင် ရှင်းလကျ်ာက သေချာပေါက် ပျော်ရမှာ ! "
Thanks for reading ❤️
တီချယ်သက်လို မမတွေကို ချစ်တတ်တယ်ဆိုရင် မြတ်လို အပြောလေးနဲ့ ချုပ်နိုင်အောင် ကြိုးစားပါ ပျိုတို့ရေ....။
" တီခ်ယ္ ေက်းဇူးျပဳၿပီး ျမတ္ရဲ႕ တစ္ဦးထဲေသာ အမ်ိဳးသမီးေလး ျဖစ္ေပးႏိုင္မလား?"
ေဒၚသက္လ်ာေက်ာ္သည္ "အို" ဟူေသာ အာေမဋိတ္ကေလး ထြက္သြားမိသည္။
" ျမတ္ေလ တီခ်ယ္ကို စေတြ႕ထဲက သေဘာက်ခဲ့တာပါ။ ျမင္ျမင္ခ်င္းအခ်စ္ဆိုတာ သိပ္ေတာ့ ယုံခ်င္စရာ မရွိေပမဲ့ ျမတ္ကေတာ့ အမွန္တကယ္ကို သေဘာက်ခဲ့သြားလို႔ပါ၊အစတုန္းက တီခ်ယ့္ကို ျမင္ေနရတာေလးနဲ႔ ေက်နပ္ႏိုင္ခဲ့မယ္ ထင္ေပမဲ့ တကယ္ေတာ့ ျမတ္က အဲလိုမဟုတ္ဘူး ထင္ပါရဲ႕ ၊ တီခ်ယ့္အေနနဲ႔ ျမတ္ကို ျပန္သေဘာမက်မွာကို စိုးရိမ္ခဲ့ၿပီး အခ်ိန္တိုင္းလည္း သံသယေတြ ဝင္ခဲ့ရတာမို႔ အခုလို ဖြင့္ေျပာမိတာပါ"
" ဒါေပမဲ့ တီခ်ယ့္က အသက္ႀကီးေနၿပီေလ၊ အဲအတြက္ ယုံၾကည္ခ်က္မရွိဘူး ျဖစ္ေနလို႔ပါ"
"တီခ်ယ္ ခံစားေနရတာကို ျမတ္နားလည္ပါတယ္၊ ျမတ္ကိုယ္တိုင္လည္း ငယ္ေသးတယ္လို႔ ခံစားခဲ့ရတာမို႔ပါ။ တီခ်ယ္ အေနနဲ႔ အခုခ်က္ခ်င္း အေျဖျပန္ေပးဖို႔ ျမတ္မေတာင္းဆိုပါဘူး။ ဒါေပမဲ့ တစ္ဦးနဲ႔ တစ္ဦး ခံစားခ်က္ေတြပိုၿပီးေတာ့ ေသခ်ာလာဖို႔ အရင္ဆုံးတြဲၾကည့္ေပးပါ။"
" တြဲတယ္ဆိုတာက တစ္ဦးနဲ႔ တစ္ဦးဘသေဘာက်မွ တြဲၾကတာ မဟုတ္ဘူးလား?"
"တီခ်ယ့္အေနနဲ႔ ျမတ္ကို ေသခ်ာေပါက္သေဘာက်လာမွာမို႔ အရင္ဆုံး တြဲၾကည့္ေပးဖို႔ လက္ခံေပးပါ "
ေဒၚသက္လ်ာေက်ာ္သည္ စကားကို တမင္တကာပင္ ပိုင္စိုးပိုင္နက္ေျပာေနေသာ ျမတ္ကို မ်က္ေစာင္းလွလွေလး တစ္ခ်က္ ထိုးလိုက္သည္။
"ေစာင့္ၾကည့္ေနမွာမို႔ ေသခ်ာေလး ႀကိဳးစားပါေနာ္ "
ေဒၚသက္လ်ာေက်ာ္သည္ ျမတ္၏ နား႐ြက္နားသို႔ ကပ္ကာ ေျပာလိုက္သည္။
" တီခ်ယ့္! တီခ်ယ္ လက္ခံလိုက္တာလား?"
" အင္း၊ အေလးအနက္ႀကီးေျပာေနေတာ့ တစ္ခါေလာက္ ေသခ်ာေလးေတြးေပးမွာမို႔ စာႀကိဳးစားဖို႔လည္း မေမ့နဲ႔ေနာ္ ၊ ညနက္ေနၿပီ အိမ္ျပန္ေတာ့ "
"ေရးး တီခ်ယ့္က အခု ျမတ္တစ္ေယာက္ထဲ ပိုင္တဲ့ အမ်ိဳးသမီးေလး ျဖစ္သြားၿပီ "
" ဘယ္သူက သူ႔အပိုင္လို႔ ေျပာေနလို႔လဲ၊ အိမ္ျပန္ေတာ့ ေနာက္က်ေနၿပီ "
" ေကာင္းေသာ ညပါ တီခ်ယ္။ ညက်ရင္ အိပ္မက္ေတြမွာ ျမတ္ကို ထည့္မက္ေနာ္ "
ေဒၚသက္လ်ာေက်ာ္ flirt ေနေသာ ျမတ္ေၾကာင့္ သူသည္ မၿပဳံးဘဲ မေနႏိုင္ေတာ့ေခ်။ အိမ္ျပန္လာသည့္ လမ္းတစ္ေလွ်ာက္တြင္ ႏွစ္ဦးစလုံးသည္ အၿပဳံးကိုယ္စီျဖင့္ ျပန္လာၾကသည္။
ယေန႔ညမွ တျဖဴးျဖဴးတိုက္ေနေသာ ေလေျပကေလးသည္ တိုးေဝွ႔က်ီစယ္ေနသကဲ့သို႔ ခံစားေနရၿပီး ျပန္ေနၾကလမ္းမွ ပန္းကေလးမ်ားသည္ ပို၍ ေမႊးပ်ံ႕ေနသည္ဟု ခံစားေနရသည္။ အခ်စ္နဲ႔ေတြ႕သူတိုင္း ယခုကဲ့သို႔ပင္ေလာ သူလည္း မေျပာတတ္ေခ်။ အိပ္ရာေပၚသို႔ အသီးသီးလွဲခ်ရင္း မနက္ျဖန္ ေနထြက္မယ့္အခ်ိန္ေလးကို ေစာင့္ေမွ်ာ္ေနမိသည္။
"ဒီေန႔က်မွ ညတာက ရွည္လြန္းလွတယ္ "
ျမတ္သည္ ေက်ာင္းေရာက္သည္ႏွင့္ တီခ်ယ့္နားေနခန္းသို႔ သြားကာ စားပြဲကို သန႔္ရွင္းေရးလုပ္ေပးေနေလသည္။ မၾကာခင္၌ပင္ တီခ်ယ့္သက္သည္ ကိုင္ေဆာင္ေနၾကအိတ္ေလးကို ဆြဲကာ နားေနခန္းထဲသို႔ ဝင္လာသည္။ ျမတ္သည္ အိတ္ကို ကူဆြဲဟန္နဲ႔ တီခ်ယ့္လက္ေလးကို ကိုင္လိုက္သည္။ တီခ်ယ့္သည္ လန႔္သြားဟန္ ရေသာ္လည္း ၿပီးေနာက္ သူ႔အား ဖြဖြေလး ထုလာသည္။
"ေက်ာင္းမွာ တျခားသူေတြ ျမင္ကုန္မယ္"
" ဒီမွာ ျမတ္နဲ႔ တီခ်ယ္ ၂ေယာက္ပဲ ရွိတာ ေသခ်ာတယ္ ၊ တီခ်ယ္ ညက ေကာင္းေကာင္းအိပ္ေပ်ာ္ရဲ႕လား ?"
"အင္း အေတာ္ေလး အိပ္ေကာင္းပါတယ္။ ျမတ္ေရာ"
"ျမတ္ေဝာ့ာ အေတာ္ေလး အိပ္မရခဲ့ဘူး'
"ဘာျဖစ္လို႔လဲ? စာမရေသးလို႔လား?"
"ဟင့္အင္း၊ အဂၤလိပ္ဆရာမေလး တစ္ေယာက္အေၾကာင္းေတြးေနလို႔ အိပ္မရခဲ့ဘူး "
" အို အေကာင္းမွတ္လို႔ နားေထာင္ေနတာ၊ ေက်ာင္းတက္သြားေတာ့မယ္ အတန္းျပန္ေတာ့မယ္ "
"ျမတ္၊ တီခ်ယ့္အတြက္ အျဖဴေရာင္ camellia ပန္းေလး ယူလာတယ္"
ျမတ္သည္ တီခ်ယ့္ကို ခုံတြင္ ထိုင္ေစလ်က္ ေသသပ္စြာ ထုံးဖြဲ႕ထားေသာ ဆံထုံးေပၚတြင္ ပန္ဆင္ေပးလိုက္သည္။
" တီခ်ယ္ camellia ပန္းကို သေဘာက်လား?"
" အင္း၊ လွတယ္ေလ ၊ ရနံ႔ေလးကလည္း သင္းသင္းေလးနဲ႔ တီခ်ယ့္ႀကိဳက္တဲ့ ပန္းေတြထဲက တစ္ခုပဲ "
" ျမတ္ အရင္တုန္းက ပန္းေတြကို မႀကိဳက္ဘူး။ အထူးသျဖင့္ ပန္းရနံ႔ေတြကိုပဲ ၊ ဒါေပမဲ့ ဒီေန႔ေတာ့ မတူဘူး။ တီခ်ယ္ ပန္ထားလို႔ Camellia ပန္းရနံ႔ေလးက ျမတ္အတြက္ ေမႊးေနတယ္။ "
"အဲလိုေတြ မေျပာပါနဲ႔ တီခ်ယ္ ရွက္တယ္"
" ျမတ္ ဒီလိုေတြ ႏူးႏူးညံ့ညံ့ေျပာေလ့ေျပာထမရွိေပမဲ့ တီခ်ယ့္ကိုေတာ့ ျမတ္ ေျပာခ်င္တယ္။ တီခ်ယ္ Camelliaပန္းေလးရဲ႕ အဓိပၸါယ္ကို သိလား?"
" ေျပာၾကည့္ေလ"
" အျဖဴေရာင္ Camelliaပန္းေလးရဲ႕အဓိပၸါယ္က အရမ္းကို ခ်စ္ဖို႔ေကာင္းတဲ့ အမ်ိဳးသမီးေလးတဲ့၊ ဥပမာ ျမတ္ရဲ႕ တီခ်ယ္ေလးလိုေပါ့ "
ၿပီးေနာက္ သူသည္ ထိုပန္းကေလးကို ျမတ္ႏိုးစြာ နမ္းရႈိက္လိုက္သည္။
( Camellia / အျဖဴ,မေတြ႕လို႔ ပန္းေရာင္ေလး ထည့္ေပးလိုက္တယ္)
ေဒၚသက္လ်ာေက်ာ္သည္ မ်က္လႊာေလးခ်ကာ ၿပဳံးမိသည္။ ငယ္သူမို႔ သြက္လက္လြန္းသည္လားေတာ့ မသိေခ်။ သူသည္ ေခါင္းတြင္ ပန္ဆင္ထားေသာ ဖေယာင္းပန္းေလးကို လက္ျဖင့္ အသာတို႔ထိလိုက္သည္။
" ျမတ္ အတန္းထဲကို သြားေတာ့မယ္ေနာ္ တီခ်ယ္ "
" စာထဲကို အာ႐ုံစိုက္ေနာ္ "
ဝတၱရားအရ ေျပာလိုက္သည္ဟုပင္ ဆိုပါေစ တီခ်ယ့္၏ ထိုစကားေလးသည္ သူ႔အား လုံေလာက္ေသာ တြန္းအားေပးခဲ့သည္ ။ ျမတ္သည္ ေခါင္းကို အသာအယာညိမ့္ကာ အတန္းထဲသို႔ ျပန္လာခဲ့သည္။
ဟန္ေႏြရာသည္ သူ ထုံးစံအတိုင္း ရွင္းလက္်ာ၏ ေဘးတြင္ ထိုင္ကာ တတြတ္တြတ္ေျပာေနရင္း ျမတ္လာေသာအခါတြင္ သူ႔၏ မူရင္း ထိုင္ခုံသို႔ ျပန္လာထိုင္သည္။ဟန္ေႏြရာသည္ လက္ထဲတြင္ ေမးခြန္းစာ႐ြက္တစ္႐ြက္ကိုင္ထားကာ ထိုေမးခြန္းကို မေျဖဘဲ တြတ္ထိုးေနေလသည္။ ထိုအရာသည္ English Grammarေမးခြန္းတစ္ခုျဖစ္ပုံရသည္။ဒီဇင္ဘာလတြင္ ေက်ာင္းမပိတ္ခင္စာေမးပြဲ ရွိတာေၾကာင့္ ဟန္ေႏြရာသည္ စာလုပ္ေနပုံရသည္။
"ေဟးး ဒါက ဘာႀကီးလဲ! ဘယ္လိုေျဖရမွာလဲဟ ၊ သူေပးထားေတြက အကုန္အတူတူပဲ မဟုတ္ဘူးလား?"
"ငါ့ကို ခဏျပပါလား?" ျမတ္သည္ စာ႐ြက္ကို ေတာင္းၾကည့္လိုက္သည္။ ထင္သည့္အတိုင္း တိုက္တန္နဲ႔ တိုက္ပြဲ တစ္ရာဆင္ႏႊဲထားဟန္ရေသာ အမွားျခစ္ရာေပါင္း ေထာင္ခ်ီပါေသာ စာ႐ြက္ကို ေတြ႕လိုက္ရသည္။
"ညေက်ာင္းက အိမ္စာေပးလိုက္တာလား?"
"မဟုတ္ပါဘူး ရွင္းလက္်ာက
ေျဖခိုင္းတာ"
"ေအာ္ ဒါက Grammarပုံစံေတြထဲက ေရာတတ္တဲ့ noun in apposition နဲ႔ relative clause ကို ေမးထားတာပဲ,
Noun in apposition က်ေတာ့ သူက တူတဲ့ noun ေတြကို စုလိုက္ၿပီး ေကာ္မာထည့္ေပး႐ုံပဲ "
"နင္ေျပာတာဟာေတြကို ငါ မသင္ဖူးသလိုပဲ"
" တီခ်ယ္ ေရွ႕အပတ္ ေသာၾကာေန႔က သင္သြားတာေလ "
" ေဟး ငါ နင္ေျပာတာေတြကို တကယ္မသိဘူး"
"ဟန္ဟန္ Grammar pattern ပုံစံကို ၾကည့္ၿပီး ရသေလာက္ ေရးထားႏွင့္ ၊ တစ္ပုဒ္မွ မရလည္း ငါ ျပန္ရွင္းျပမွာမို႔ သူမ်ားကို မေမးဘဲ ႀကိဳးစားၾကည့္၊ တစ္ပုဒ္မွ မမွန္လည္း ဟန္ဟန္က ေတာ္ၿပီးသား ၿပီးေတာ့ အဲပုံစံ နည္းနည္းခက္တယ္ေလ၊ အဲတာေၾကာင့္ ကိုယ့္ကိုယ္ကို ယုံလိုက္ေနာ္ "
ရွင္းလက္်ာသည္ သူ၏ မွတ္စုစာအုပ္ကို ခ်ေပးရင္း ေျပာလိုက္သည္။
ျမတ္သည္ ပခုံးတြန႔္ကာ စာအုပ္ကို ထုတ္လိုက္သည္။
ဘယ္သူကမွ တျခားစုံတြဲၾကားက အေျမာက္စာ မျဖစ္ခ်င္ေနပါဘူးေနာ္!
ေန႔လယ္စာ စားခ်ိန္ေရာက္ေသာအခါတြင္ ဟန္ေႏြရာသည္ ရွင္းလက္်ာ၏ ဆြဲေခၚျခင္းကို ခံလိုက္ရၿပီးေနာက္ ျမတ္သည္ တီခ်ယ့္သက္၏ နားေနခန္းကို ေရာက္လာခဲ့သည္။ ျမတ္သည္ အိမ္က ယူလာေသာ ထမင္းဘူးေလးကို ယူထုတ္လိုက္စဥ္တြင္ သန႔္ဇင္ေမာင္သည္ ေန႔လယ္စာ စားရန္ ေရာက္လာခဲ့သည္။
" ျမတ္ နင္က ဘာလို႔ ဒီမွာ ရွိေနတာလဲ? ဟိုႏွစ္ေယာက္ကေရာ?"
" သူတို႔ ၂ ေယာက္က စာလုပ္စရာ ရွိေသးတယ္ ေျပာလို႔ ငါ တီခ်ယ့္ဆီ လာခဲ့ဝာာ "
"ဪ "
" တူေလး ေန႔လယ္စာ စားေလ ၊ ဒီေန႔ တီေလး ကိုယ္တိုင္ ေန႔လယ္စာ ခ်က္လာတယ္ "ေဒၚသက္လ်ာေက်ာ္သည္ အိမ္ကေန သူကိုယ္တိုင္ျပဳလုပ္လာခဲ့ေသာ ေန႔လယ္စာကို ႏွစ္ေယာက္ခြဲေဝေပးရန္ ျပင္လိုက္သည္။
" သန႔္ဇင္ေမာင္ နင္ ငါ့ထမင္းဘူးကို စားလိုက္ပါလား? ဒီအခ်ိန္ၿပီးရင္ ဒုတိယေျမာက္အခ်ိန္က ကာယအခ်ိန္၊ အဲေတာ့ ေန႔လယ္စာကို ဒီလိုဟာ စားသင့္တယ္ "
ျမတ္သည္ သန႔္ဇင္ေမာင္လက္ထဲက ထမင္းဘူးကို ျပန္ယူလိုက္သည္။ ထိုအျခင္းအရာကို တီခ်ယ္သက္က ျမင္ေသာ္လည္း မည္သည့္ကိုမွ် မဆိုဘဲ ပန္းကန္နဲ႔ပင္ လွလွပပထည့္ေပးလိုက္သည္။ စကားေျပာရင္း ေန႔လယ္စာစားေနေသာ ျမတ္နဲ႔ အန္တီေလးကို ၾကည့္ကာ သန႔္ဇင္ေမာင္သည္ ခါးသက္ေသာ အရသာကို ခံစားလာရသည္။ ျမတ္က ၾကက္ဥလိပ္ေလးကို ခက္ရင္းျဖင့္ ထိုးကာ တီခ်ယ့္ကို ေကြၽးလိုက္ေသာအခါတြင္ သန႔္ဇင္ေမာင္၏ ႏွလုံးသားေလးသည္ ေျမျပင္ေပၚသို႔ ခလြမ္း ဟူေသာ အသံျဖင့္ က်ကြဲသြားသည္။
ငါက ဘယ္သူလဲ?
ဘာလို႔ ဒီေနရာကို ေရာက္ေနတာလဲ?
ဒီလို ျမင္ကြင္းမ်ိဳးကို ၾကည့္ေနရဖို႔ အေမက ေမြးေပးလိုက္တာလား?
အိတ္စက်ဳမီ ငါေလးကို တစ္ေယာက္ေယာက္ရွင္းျပၾကပါ။
"အန္တီေလးတို႔ ကြၽန္ေတာ္ဗိုက္ဝၿပီ ၊အဲတာေၾကာင့္ အတန္းျပန္ေတာ့မယ္ "
သန႔္ဇင္ေမာင္သည္ ေခြးစာမမည္ေသာ အစာတို႔ကို နင္းကန္ၿမိဳခ်ၿပီးေနာက္ အတန္းသို႔ ျပန္ခဲ့သည္။
You are reading the story above: TeenFic.Net